အခန်း ၄၂၁-၄၂၃
Vol. 29 Ch. 421-423
အခန်း( ၄၂၁)
မုယုံရွှီ (၂)
သို့သော် ချူးယုချင် စဉ်းစားလေလေ သူမ၏နှလုံးခုန်နှုန်းမှာ ပိုမိုမြန်ဆန်လာလေဖြစ်သည်။
လုချန်းက မင်းသားစံအိမ်အတွင်းသို့ ဝင်ရောက်လာပြီးနောက်
“နှစ်မတော် ဒီကြားထဲ မင်းသားစံအိမ်မှာ တစ်ခုခုဖြစ်သေးလာ”
ဟု မေးမြန်းလိုက်သည်။
မုကျိရွှမ်းက
“မင်းသားစံအိမ်မှာ အရာအားလုံး အေးချမ်းပါတယ်။ ကြီးကြီးမားမား အဖြစ်အပျက်တွေ မရှိပါဘူး။”
မုကျိရွှမ်း၏ အဖြေကို ကြားလိုက်ရသော လုချန်းက
“သတင်းကောင်းပဲ။ ကိုယ်ရန်ခရိုင်ကနေ ထွက်ခွာသွားတဲ့အချိန်မှာ အချို့လူတွေက မင်းသားစံအိမ်ကို အန္တရာယ်ပြုမလားလို့ စိုးရိမ်နေခဲ့တာ။”
ထိုအချိန်တွင် လုချန်းက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီးနောက်
“ဒါနဲ့ကိုယ် နှမတော်နဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ်။”
မုကျိရွှမ်းက
“ဘာများလဲ။”
ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
လုချန်းက ပြုံးရယ်လျက်
“ကိုယ် ဇနီးနှစ်ယောက် ထပ်ယူဖို့ စဉ်းစားနေတယ်။”
ကိုယ်လုပ်တော် မောင်းမများသည် တရားဝင် မယားများနှင့် မတူညီပေ။ ရှေးခေတ်တွင် မောင်းမငယ်များသည် အဆင့်အတန်း နိမ့်ပါးသော်လည်း တရားဝင် မယားများကတော့ မနိမ့်ပေ။
ဟုတ်ပါသည်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ထိုကဲ့သို့ တင်းကျပ်သော အဆင့်အလိုက် ခွဲခြားမှု မရှိပေ။ သူ၏ အမျိုးသမီးများသည် မင်းသား စံအိမ်တွင် အခြေခံအားဖြင့် တူညီသော အဆင့်အတန်းကို ပိုင်ဆိုင်ကြပြီး အချင်းချင်း ညီအစ်မများသဖွယ် ဆက်ဆံကြသည်။
အစေခံ အမျိုးသမီး ဝမ်ချင်းစီပင် မင်းသားစံအိမ်တွင် အဆင့်အတန်းနိမ့်ကျသူမဟုတ်ပေ။
သို့သော် ဒါတွေ အားလုံးက လုချန်း၏ အစီအမံများသာဖြစ်ပြီး မယားများ ယူရန် စဉ်းစားခြင်းသည် တစ်နည်းအားဖြင့်
မုကျိရွှမ်း၏ မိဖုရား ရာထူးကို လှုပ်ခတ်နေသည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူမကို မေးမြန်းရမည်။ သို့မဟုတ် မုကျိရွှမ်းကိုသာ ထိုကိစ္စကို ကိုင်တွယ်ရန် လွှဲအပ်ရမည်ဖြစ်သည်။
လုချန်း၏ စကားကို ကြားပြီးနောက် မုကျိရွှမ်းက အနည်းငယ် ပြုံးလိုက်ပြီး ချက်ချင်းပင်
“မင်းသား လက်ထပ်ချင်တဲ့သူ မည်သူ့ကိုမဆို ကျွန်မနဲ့ မတိုင်ပင်ပဲ လက်ထပ်နိုင်ပါတယ်။”
လုချန်း မည်သူနှင့် လက်ထပ်သည်ဖြစ်စေ
မုကျိရွှမ်း လုံးဝ ဂရုမစိုက်ပေ။ မြောက်ပိုင်းမင်းသား စံအိမ်သည် အခြားနေရာများနှင့် မတူပါ။ အတွင်းဆောင်၌ အမျိုးသမီးအချင်းချင်း လှည့်ကွက်များ၊ အကွက်ဆင်မှုများအတွက် နေရာမရှိကြောင်း သူမအလွန်ရှင်းလင်းစွာ သိထားသည်။ လုချန်းသည် သူ၏ အတွင်းဆောင်ကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ဧကရာဇ်တစ်ပါးပင် ထိုသို့ မတတ်နိုင်ပေ။
ထို့ပြင် မုကျိရွှမ်း၏ လက်ရှိရာထူးကို လုချန်း၏ ကြောင့်သာ ရရှိခဲ့ခြင်းဖြစ်ပြီး မုမိသားစု ရှင်သန်နေခြင်းကလည်း သူ့ကျေးဇူးကြောင့်ဖြစ်သည်။ လုချန်း၏ ကိစ္စများတွင် သူမမည်သို့ ဝင်ရောက်စွက်ဖက်နိုင်မည်နည်း။ ယခု သူမ လုချန်းအတွက် ဇနီးမယား ကောင်းတစ်ဦးသာ ဖြစ်လိုသည်။ အခြားအရာအားလုံးက သူမအတွက် အရေးမပါပေ။
လုချန်း မည်သူနှင့် လက်ထပ်လိုသည်ဖြစ်စေ သူမကျေနပ်၏။ လုချန်းက အခြားအမျိုးသမီးနှင့်ရသော ကလေးအား အနာဂတ်၌ သူ၏ ရာထူးကို ဆက်ခံစေရန် ရည်ရွယ်ပါကလည်း သူမ ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။
မုကျိရွှမ်း သဘောတူသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“နှမတော် သဘောတူတဲ့အတွက် ကိုယ် စိတ်အေးသွားပြီ။”
မုကျိရွှမ်းသည် သူမနောက်တွင် ရပ်နေသော ချူးယုချင်နှင့် ချူးချင်လီတို့ကို မသိမသာ တစ်ချက် ကြည့်လိုက်ပြီး
“မင်းသားက ဒီတစ်ခါ ဘယ်မိသားစုရဲ့ သမီးကို လက်ထပ်ဖို့ ရည်ရွယ်ထားလဲ မသိဘူး” ဟု မေးလိုက်သည်။
လုချန်းက ပြုံးရယ်လျက်
“ချူးမိသားစုရဲ့ သမီးတွေ ဖြစ်မှာပေါ့”
ဟု ပြန်ဖြေလိုက်သည်။
“ချူးမိသားစုရဲ့ သမီးတွေ” ဟူသော စကားကို ကြားသောအခါ ချူးချင်လီနှင့် ချူးယုချင်တို့ နှစ်ဦးစလုံး၏ မျက်နှာများ ပို၍ပင် နီရဲသွားသည်။
မုကျိရွှမ်းက လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီးနောက်
“မင်းသား။ မင်္ဂလာပွဲ ပြင်ဆင်တာကို ကျွန်မကို စီစဉ်ခွင့်ပြုပါ။”
လုချန်းက
“ဒါဆို ဒီကိစ္စနဲ့ပတ်သက်ပြီး နှမတော်ကိုပဲ အားကိုးရတော့မယ်။”
မုကျိရွှမ်းက
“ဒါ ကျွန်မရဲ့ တာဝန်ပါ”
ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့လည်း ပင်မခန်းမသို့ ပြန်လာပြီး မုကျိရွှမ်းတို့နှင့် နင်းပေမြို့ရှိ အဖြစ်အပျက်များအကြောင်း ပြောဆိုပြီးနောက် သူ၏ စာကြည့်ခန်းသို့ တိုက်ရိုက်သွားခဲ့သည်။
သူ ချက်ချင်း အပျော်မရှာသေးပေ။ ယနေ့သူ့အတွက် လုပ်စရာ နောက်ထပ်အရာတစ်ခု ကျန်ရှိနေသေး၏။ ကျူးနိုင်ငံတော်မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန်ဖြစ်သည်။
သူ၏ စာကြည့်ခန်းသို့ ရောက်သောအခါ စားပွဲပေါ်တွင် ထောက်လှမ်းရေး အချက်အလက်များစွာ စုပုံနေသည်ကို လုချန်း တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့ကို တစ်ခုချင်းစီ လှန်လှောကြည့်ရှုခြင်း မပြုခဲ့ပေ။
ထို့နောက် အနီရောင်ဝတ်စုံနှင့် သွယ်လျလှပသော အမျိုးသမီးတစ်ဦးသည် စာကြည့်ခန်း၏ တံခါးဝတွင် ပေါ်လာသည်။
လုချန်းက ထိုဖျားယောင်းသွေးဆောင်တတ်သည့်မိန်းမကိုမြင်သောအခါ
“ဝမ်မိန်းကလေး။ ခင်ဗျား ကျွန်တော့်ကို အချိန်အတော်ကြာ မတွေ့ရလို့ ဒီလောက်တောင် သတိရနေတာလား။ ကျွန်တော် မင်းသားစံအိမ်ကို အခုမှ ရောက်တာ။ ခင်ဗျားက ကျွန်တော့်ကို လာတွေ့နေပြီ”
ဟု မေးလိုက်သည်။
ဝမ်ချင်းစီက ချိုသာစွာ ပြုံးရယ်လျက်
“မင်းသားက ကျွန်မရဲ့ သခင်ပဲ။ ကျွန်မဟာ မင်းသားရဲ့ အစေခံမလေး ဖြစ်တဲ့အတွက် မင်း သားပြန်လာတဲ့အခါ မင်းသားကို လာတွေ့ရမှာပေါ့။”
ထို့နောက် လုချန်းက စားပွဲ ဘေး၌ ထိုင်ကာ ဝမ်ချင်းစီကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဝမ်ချင်းစီ၏ လက်ထဲတွင် စာအိတ်တစ်အိတ်ကို ကိုင်ထား၏။ ထောက်လှမ်းရေး သတင်း တင်ပြရန် ရောက်လာသည်မှာ ထင်ရှားသည်။
လုချန်းက တိုက်ရိုက်မေးလိုက်သည်။
“ဝမ်မိန်းကလေးမှာ တင်ပြစရာ ထောက်လှမ်းရေး သတင်းရှိလို့လား။ ပြောပါ။ ကျွန်တော် အလုပ်ရှိသေးတယ်။”
ဝမ်ချင်းစီက သိလိုစိတ်ဖြင့် မေးလိုက်သည်မှာ
“မင်းသားက ရန်ခရိုင်ကိုအခုမှပြန်ရောက်တာပဲ ဘာအရေးတကြီးလုပ်စရာရှိလို့လဲ” ဟု မေးလိုက်သည်။
သူမ စကားပြောနေစဉ် စားပွဲသို့ ချဉ်းကပ်ကာ စာအိတ်ကို စားပွဲပေါ်တင်ပြီး
“ဒါက ကျူးနိုင်ငံတော် သံတမန်အဖွဲ့ဝင် တစ်ဦးစီရဲ့ အကြောင်းအရာတွေပါ။ မင်းသားအတွက် လိုအပ်မလားလို့။ ကုန်သည်တွေ စုဆောင်းထားတာတွေကို ကျွန်မကတစ်စုတစ်စည်းတည်းလုပ်ပြီးယူလာတာပါ။”
ထိုစကားကို ကြားသောအခါ လုချန်းက ချက်ချင်းပင် ဝမ်ချင်းစီ၏လက်မှ စာအိတ်ကိုယူကာ ကျူးနိုင်ငံတော် သံတမန်အဖွဲ့ဝင်များ၏အချက်အလက်များကို ကြည့်ရှုလိုက်သည်။
လုချန်း၏ မျက်လုံးများ မုယုံရွှီ၏ အကြောင်းအရာများပေါ်သို့ ကျရောက်သောအခါ ခဏတာမျှ တုံ့ဆိုင်းသွားသည်။
မုယုံရွှီသည် ကျူးဧကရာဇ်မနှင့် နီးစပ်သော အမျိုးသမီးအရာရှိတစ်ဦးဖြစ်သည်။ ထောက်လှမ်းရေး သတင်းများအရ ကျူးဧကရာဇ်မသည် မုယုံရွှီကို အလွန်တန်ဖိုးထားပြီး “နန်းတွင်းဝန်ကြီးချုပ်” ဘွဲ့ကို ပေးထားသည်။ သူမသည် အဓိက စစ်ရေးနှင့် နိုင်ငံရေး ကိစ္စများတွင် ပါဝင်ပြောဆိုခွင့်ရှိပြီး တစ်ခါတစ်ရံ ဧကရာဇ်မ၏ ဆုံးဖြတ်ချက်များကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသည်။
ဟုတ်ပါသည်။ မုယုံရွှီတွင် အရေးပါသော တရားဝင် ရာထူးကြီးမရှိပါ။ သို့သော် ဧကရာဇ်မ၏ သူမအပေါ် တန်ဖိုးထားမှုကြောင့် ကျူးနိုင်ငံတော်အတွင်း ထိုမျှ မြင့်မားသော အဆင့်အတန်းကို ရရှိထားခြင်းဖြစ်သည်။ အဆင့်အမြင့်ဆုံး အရာရှိများပင်သူမကို “မုယုံသခင်မ” ဟုခေါ်ဝေါ်ရ၏။
မှတ်တမ်းပါ အကြောင်းအရာများကို ဖတ်ရှုရင်း အမျိုးသမီး ဧကရာဇ်နှင့် အမျိုးသမီး ဝန်ကြီးချုပ်တို့ ထိုမျှ တူညီသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု လုချန်းတွေးတောမိသည်။
အတော်လေး စိတ်ဝင်စားစရာကောင်းသည်။
လုချန်း မုယုံရွှီ၏ အကြောင်းအရာများကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဝမ်ချင်းစီက ပြုံးရယ်လျက်
“မုယုံရွှီကို မင်းသား အတော်စိတ်ဝင်စားနေပုံရတယ် ။ ဒီအစေခံမလေးက မင်းသားကို သတင်းပေးပါရစေ။ မုယုံရွှီဟာ အေးစက်တဲ့ အလှပိုင်ရှင်ပါ။ မင်းသား သူ့ကို သေချာပေါက် ကြိုက်နှစ်သက်မှာပါ။”
............
အခန်း (၄၂၂ )
မုယုံရွှီ (၃)
ထိုစကားကိုကြားသောအခါ လုချန်းက သူ၏လက်ကို ဆန့်ကာ ဝမ်ချင်းစီ၏ တင်ပါးကို ရိုက်နှက်လိုက်ပြီး
“မင်းက ကိုယ့်ကို စော်ကားနေတာလား။ မင်းသားစံအိမ်မှာ ကိုယ်မရှိတာကြာတော့ မင်းအတင့်ရဲ့လာပြီ။”
ဝမ်ချင်းစီလည်း ရိုက်နှက်ခံရပြီးနောက် “အင်း” ဟူသောအသံထွက်လာကာ
“ ကျွန်မ မင်းသားကို ဘယ်လိုစော်ကားရဲမှာလဲ။ ကျွန်မက မင်းသားကို သတင်းပေးရုံသက်သက်ပါ”
ဟု အလျင်အမြန်ပြောလိုက်သည်။
ယနေ့တွင် လုချန်းက ဝမ်ချင်းစီကို ချက်ချင်းစားပွဲပေါ်တွင် ဖိချလိုက်ခြင်း မလုပ်ပေ။ ထိုအစား သူ၏လက်ထဲရှိ မုယုံရွှီအကြောင်း ထောက်လှမ်းရေး အစီရင်ခံစာကို တစ်ဖန် ကြည့်လိုက်ပြီး
“မင်းက သူလှတယ်လို့ပြောတော့ သူတကယ်လှတာပဲ နေမှာပေါ့။ အခု သူ့ကို တွေ့ရတော့မယ်။”
ထို့နောက် လုချန်းက စာကြည့်ခန်းအပြင်ဘက်ရှိ အစေခံမိန်းကလေးအား
“မင်းသားက ကျူးနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံဖို့ နိုင်ငံရေးရာခန်းမမှာ နေ့လယ်စာစားပွဲ ကျင်းပလိုကြောင်း ပညာရှိကြီးကို သွားပြောလိုက်ပါ”
ဟု ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ မင်းသား”
အစေခံမိန်းကလေး ကျူးကဲ့ကျုံကောင်းထံ သတင်းပို့ရန် ထွက်သွားပြီးနောက် ဝမ်ချင်းစီက
“မင်းသား ခုကန ပြောတဲ့ကိစ္စက အဲ့ဒါနဲ့ ပတ်သက်တာ မဟုတ်လား”
ဟု မေးလိုက်သည်။
လုချန်းက ဝမ်ချင်းစီကို သူ့ရင်ခွင်ထဲဆွဲခေါ်ကာ သူ၏ပေါင်ပေါ်တွင် ထိုင်စေပြီး သူမ၏သွယ်လျသောခါးကို ပွေ့ဖက်ကာ
“ဘာကိစ္စလို့ မင်းထင်နေလို့လဲ။ ကိုယ့်မိဖုရားတွေနဲ့ ဆက်ဆံရေး သွားလေ့ကျင့်မယ် ထင်နေတာလား။”
ဝမ်ချင်းစီက
“ကျွန်မဒီလိုမထင်ပါဘူး”
ဟု ပြောလိုက်သည်။
“ဒါပေမဲ့ မင်းသားက နင်းပေမြို့မှာ အလုပ်တွေအရမ်းကြိုးစားခဲ့တော့ ပြန်ရောက်တဲ့အခါ တကယ် အနားယူသင့်ပါတယ်။”
ထိုအချိန်တွင် ဝမ်ချင်းစီ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သောလက်က လုချန်း၏ခန္ဓာကိုယ်ပေါ်တွင် စတင်လှည့်ပတ်သွားလာမှုများ ပြုလာသည်။
လုချန်း၏စိတ်ထဲတွင် ကျိတ်ရယ်လိုက်မိသညမ။ ဒီမြေခွေးလေးက.....
လုချန်းက
“ခင်ဗျားကိုလွှတ်ဖို့စဉ်းစားထားတာ။ ဝမ်မိန်းက လေးက စိန်ခေါ်နေတယ်ဆိုတော့ ကျွန်တော့်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။”
စကားပြောနေရင်းပင် လုချန်းက ဝမ်ချင်းစီကို ပွေ့ချီကာ ထရပ်လိုက်ပြီး သူမကို စားပွဲပေါ်သို့ တိုက်ရိုက် တွန်းတင်လိုက်သည်။
ထို့နောက် လုချန်း၏ လက်ဝါးကို ဖြန့်လိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းအား တစ်စုံထွက်လာပြီး စာကြည့်ခန်း၏ တံခါးနှင့် ပြတင်းပေါက်အားလုံးကို အလိုအလျောက် ပိတ်သွားစေခဲ့သည်။ ယခုအချိန်သည် လုချန်းအတွက် အနားယူရန် အချိန်ဖြစ်သည်။
...
နေ့လယ်ချိန်။
ရေချိုးပြီးနောက် လုချန်း နိုင်ငံရေးရာ အဆောက်အဦးသို့ ထွက်ခွာလာခဲ့သည်။
နေ့လယ်စာစားပွဲသို့ မြောက်ပိုင်းပြည်နယ်မှ အရေးပါသော အရာရှိအချို့လည်း တက်ရောက်ကြမည်ဖြစ်သည်။
လုချန်း နိုင်ငံရေးရာခန်းမသို့ ရောက်ရှိလာသောအခါ ကျူးနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း နေရာယူထားပြီးဖြစ်သည်။
လုချန်းကို မြင်သောအခါ မုယုံရွှီနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အားလုံး ထရပ်လိုက်ကြသည်။
“မြောက်ပိုင်းနယ်စားမင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက ပြုံး၍
“ကျေးဇူးတင်ပါတယ်။ အားလုံးထိုင်ကြပါ။”
ထိုအချိန်တွင် လုချန်း၏ မျက်လုံးများသည် မုယုံရွှီ အပေါ်သို့ အာရုံစိုက်သွားခဲ့သည်။
[အမည် - မုယုံရွှီ ]
[အဆင့်အတန်း - ယွဲ့ဧကရာဇ်၏ လူယုံ၊ မုယုံ မိသားစု၏ တစ်ဦးတည်းသော သမီး၊ ထိပ်သီးပညာရှင် အထွတ်အထိပ်အဆင့် ၊ အသက်(၂၄နှစ်)]
[အချက်အလက် - ယွဲ့ဧကရာဇ် နန်းတက်သည့်နှစ်တွင် ယွဲ့ဧကရာဇ်ကို ဆန့်ကျင်သည့်အတွက် မုယုံ မိသားစု ကွပ်မျက်ခံခဲ့ရပြီး မုယုံရွှီ တစ်ဦးတည်း အသက်ရှင်ကျန်ခဲ့သည်။ ယွဲ့ဧကရာဇ်က သူမအား နန်းတွင်းသို့ခေါ်ယူကာ လူယုံအဖြစ် မွေးမြူခဲ့သည်။ယခုတစ်ကြိမ်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို သိရှိရန် ယွဲ့ဧကရာဇ်၏ အမိန့်ဖြင့် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။]
[အဆင့်သတ်မှတ်ချက် - ၉၅]
[သဘောကျမှု - ၅၀]
မုယုံရွှီ၏ အချက်အလက်များကို မြင်လိုက်ရသော လုချန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမနှင့် ပတ်သက်သော အရာများတွင် အဘယ်ကြောင့် ဤမျှ ရင်းနှီးကျွမ်းဖူးသလို ခံစားနေရသနည်း။
ကျူးဧကရာဇ်မ၏ လက်ချက်ဖြင့် မိသားစုအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသော မုယုံရွှီ သည် အဘယ်ကြောင့် ဧကရာဇ်မ၏ လူယုံဖြစ်လာရသနည်း။
အံ့အားသင့်သွားသော်လည်း လုချန်း ချက်ချင်းပင် စိတ်တည်ငြိမ်သွားသည်။ တကယ်တော့ ဒါကအထူးအဆန်း မဟုတ်ပေ။ မုယုံရွှီ နန်းတော်သို့ ခေါ်ဆောင်ခံရသောအခါ ကလေးအရွယ်သာ ရှိသေးသောကြောင့် ဧကရာဇ်မ အပေါ် မုန်းတီးမှု မရှိနိုင်ပေ။
ထို့ပြင် မုယုံရွှီ အသက်နှစ်ဆယ့်လေးတွင် အဆင့်မြင့် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့ခြင်းက သူမသည် ဧကရာဇ်မထံမှ အလွန်ကောင်းမွန်သော စောင့်ရှောက်မှုကို ခံယူခဲ့ ကြောင်း ပြသနေသည်။ သိုင်းပညာ လေ့ကျင့်ရန်အတွက် များပြားသော အရင်းအမြစ်များ ရရှိခဲ့သောကြောင့် အသက်နှစ်ဆယ့်လေးနှစ်တွင် အဆင့်မြင့် ထိပ်သီးအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။
မုယုံရွှီ၏ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် လုချန်း၏ မျက်လုံးများက သူမအား ထပ်မံစိုက်ကြည့်မိလိုက်သည်။
မုယုံရွှီ၏ အသွင်အပြင်မှာ ဝမ်ချင်းစီပြောခဲ့သည့်အတိုင်း အေးစက်သော သဘောရှိသည်။ ရိုးရှင်းသော အနက်ရောင်နှင့် အဖြူရောင် အဝတ်အစားများနှင့် လိုက်ဖက်စွာ ဆံပင်ကို ထုံးထားသော ပုံစံက မှင်ပန်းချီကားထဲမှ အလှမယ်တစ်ဦးနှင့် တူနေသည့်အပြင်အရည်အချင်းရှိသော အမျိုးသမီးတစ်ဦးဟု ထင်ရစေသည်။
လုချန်း၏ ဆက်တိုက်ကြည့်ရှုမှုကို သတိထားမိသော ကျူးကဲ့ကျုံကောင်းက အခြေအနေကို ထိန်းသိမ်းရန် ချက်ချင်း ချောင်းဟန့်ကာ
“မင်းသား။ အားလုံး ရောက်နေပြီဆိုတော့ စားသောက်ပွဲကို စတင်လိုက်ရအောင်”
ဟု ပြောလိုက်သည်။
လုချန်းလည်း သတိရဝင်လာကာ
“အိုး။ ဟုတ်သားပဲ။ အားလုံး ကျေးဇူးပြုပြီးထိုင်ကြပါ။ စားသောက်ရင်း စကားပြောကြတာပေါ့။”
မုယုံရွှီသည်လည်း လုချန်း သူမ၏ မျက်နှာကို စိုက်ကြည့်နေသည်ကို သတိပြုမိပြီး အပြင်က ကောလာဟလများ မှန်ကန်ကြောင်း၊ မြောက်ပိုင်းနယ်စားမင်းသားသည် တကယ်ပင် လှပသော အမျိုးသမီးများကို နှစ်သက်ကြောင်း တွေးတောမိသည်။
သို့သော် မိန်းမလှများကို ဤမျှနှစ်သက်နေသူတစ်ဦးက အဆင့်လွန်ပညာရှင်အဆင့်သို့ မည်သို့ရောက်ရှိသွားနိုင်သနည်း။ သိုင်းပညာရှင်များသည် များသောအားဖြင့် ကာမရာဂကို ရှောင်ကြဉ်ရပြီး ကျုးနိုင်ငံတော်၏ ဧကရာဇ်မပင် ချွင်းချက်မဟုတ်ပေ။ သူတို့၏ တိုးတက်မှု မြန်ဆန်ရခြင်းမှာ သိုင်းပညာလေ့ကျင့်ရန် အရင်းအမြစ်များ ကြွယ်ဝမှုနှင့်အတူ ကာမရာဂကို ရှောင်ကြဉ်ခြင်းကြောင့်လည်း ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ဇနီးမယားများစွာနှင့် သားသမီး ၆ ယောက်ထိ ရှိနေပါလျက် အဆင့်လွန်ပညာရှင်အဆင့်သို့ ဤမျှမြန်မြန်ရောက်ရှိလာနိုင်သည်မှာ အမှန်ပင်အံ့သြစရာကောင်းလှသည်။
လုချန်း၏ သိုင်းပညာအဆင့်တက်မှု အကြောင်းရင်းကို မုယုံရွှီ စဉ်းစားနေစဉ် လုချန်းက စကားစပြောလိုက်သည်။
“ကျုးနိုင်ငံတော်ရဲ့ သံတမန်တွေ မြောက်ပိုင်းပြည်နယ်ကို အလည်အပတ်လာရောက်ခြင်းအတွက် ကျွန်တော်အလွန်ဝမ်းမြောက်မိပါတယ်။ ရောက်ရောက်ချင်း မတွေ့ဆုံနိုင်ခဲ့တာ ကျွန်တော့်ရဲ့ပျက်ကွက်မှုဖြစ်ပါတယ်။ ယနေ့တွင် ခင်ဗျားတို့ အားလုံးကို အပြည့်အဝ ဧည့်ဝတ်ကြေနိုင်ပါစေမယ်လို့ ဆန္ဒပြုပါတယ်။”
“ ဖျော်ဖြေရေးအဖွဲ့တွေ စပါတော့။”
လုချန်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ခန်းမကြီးအတွင်း အကသမားများ ပေါ်ထွက်လာပြီး ကြိုးတပ်တူရိယာများ၏ သာယာသောအသံများ ပျံ့နှံ့လာခဲ့သည်။
ထိုအချိန်တွင် ဝမ်မော်ရွှီက စကားစပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက အရမ်းနှိမ့်ချ ပြောနေပါပြီ။ ခင်ဗျား နင်းပေမြို့မှာ ထျန်းချီဘုရင်ရဲ့ တပ်တွေနဲ့ ရင်ဆိုင်နေခဲ့ရလို့ ကျွန် တော်တို့ကို လက်ခံ မတွေ့ဆုံနိုင်တာပါ။ ကျွန်တော်တို့ရဲ့ အပြစ်သာဖြစ်ပါတယ်။ မင်းသားနှင့် မသက်ဆိုင်ပါဘူး။”
“ဒါပေမဲ့ မင်းသား ရန်ခရိုင်ကို ပြန်ရောက်ပြီးချက်ချင်း ကျွန်ုတော်တို့ကို လက်ခံတွေ့ဆုံပေးတာ ကျွန်တော်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။”
ထိုအခါ လုချန်းက ပြုံး၍ တိုက်ရိုက်မေးလိုက်သည်။
“ကျုးဧကရာဇ်မက ခင်ဗျားတို့ကို မြောက်ပိုင်းပြည်နယ် ဘာလို့စေလွှတ်ခဲ့ရတယ် ဆိုတာကို သိပါရစေ။”
ဝမ်မော်ရွှီက
“မြောက်ပိုင်းနယ်စားမင်းသားကို အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကနေ မြောက်ပိုင်းပြည်နယ်ကို ကာကွယ်ပေးဖို့ လာခဲ့တာပါ။ ဒါပေမဲ့ မမျှော်လင့်ပဲ မြောက်ပိုင်းပြည်နယ်က ကျွန်တော်တို့ရဲ့ အကူအညီ မလိုလောက်အောင် အင်အားကြီးပြီး လွင်ပြင်ဒေသသားတွေနဲ့ ဖြစ်တဲ့ ပြဿနာကို အားစိုက်စရာမလိုပဲ ကိုင်တွယ်နိုင်ခဲ့တယ်။”
............
အခန်း (၄၂၃)
စောစောထွက်သွားပြီး စောစောပြန်လာ (၁)
ဝမ်မော်ရွှီ၏ စကားကို ကြားသော် လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး စပျစ်ဝိုင် တစ်ငုံ သောက်ကာ
“မြောက်ပိုင်းပြည်နယ်က တကယ် အင်အားကြီးတာ မဟုတ်ပါဘူး။ ထျန်းချီဘုရင်က သူ့ရန်သူကို လျှော့တွက်ခဲ့တာကြောင့်သာ ကျွန်တော်တို့ မြောက်ပိုင်းပြည်နယ်ရဲ့ တပ်မတော်က ကံကောင်းလို့ အနိုင်ရခဲ့တာပါ။”
ဝမ်မော်ရွှီက
“မြောက်ပိုင်းနယ်စားမင်းသားက နှိမ့်ချပြောနေတာပါ။ ထျန်းချီဘုရင်ရဲ့ မျိုးနွယ်စုဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ဧကရာဇ် မျိုးနွယ်ကနေ ခွဲထွက်လာတဲ့ အဓိက မျိုးနွယ်စုဖြစ်ပြီး သူတို့ရဲ့ စစ်သည်တွေအားလုံး တိုက်ခိုက်ရေးမှာ အင်မတန် ကောင်းကြပါတယ်။ ပြီးတော့ ထျန်းချီဘုရင်ကိုယ်တိုင်လည်း အဆင့်လွန် ပညာရှင် ဖြစ်နေတာ ကြာပါပြီ။ ထျန်းချီဘုရင်နဲ့ သူ့ရဲ့ အင်အားလေးသိန်းရှိတဲ့ တပ်မတော်ကို ကံကောင်းရုံနဲ့တော့ အနိုင်မရနိုင်ပါဘူး။”
လုချန်းက ရယ်မောလိုက်ပြီး
“ယွဲ့ဧကရာဇ်က ခင်ဗျားတို့ကို မြောက်ပိုင်းပြည်နယ် စေလွှတ်လိုက်တာဟာ မြောက်ပိုင်းပြည်နယ်ကို ကူညီဖို့သက်သက် မဟုတ်လောက်ဘူး။ တခြား ရည်ရွယ်ချက်တွေ ရှိရမယ် မဟုတ်လား။”
ဝမ်မော်ရွှီက
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ခန့်မှန်းချက် မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ မိဖုရားက ကျူးနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်တို့အကြား ဆက်ဆံရေး တည်ထောင်လိုပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသား သဘောတူမလားဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။”
လုချန်းက
“ဆက်ဆံရေး တည်ထောင်မယ် ဟုတ်လား။ မြောက်ပိုင်းပြည်နယ်က ရှနိုင်ငံတော်ရဲ့ လက်အောက်ခံ နယ်မြေငယ်လေးတစ်ခုပါ။ ကျွန်တော်တို့မှာ နိုင်ငံတစ်ခုနဲ့ သံတမန် ဆက်ဆံရေး ထားရှိဖို့ အဆင့်အတန်း မရှိပါဘူး။”
ဝမ်မော်ရွှီက
“မြောက်ပိုင်းပြည်နယ်မှာ အနည်းဆုံး အဆင့်လွန် ပညာရှင် နှစ်ဦးပါတယ်။ နောက်ပြီးအင်အားကြီးမားတဲ့ စစ်အင်အားနဲ့ဆိုရင် အခုချိန်မှာ လက်အောက်ခံ နယ်မြေတစ်ခုလို့ မသတ်မှတ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဧကရာဇ်မ အမြင်မှာတော့ မြောက်ပိုင်းပြည်နယ်ဟာ လွတ်လပ်တဲ့ ပြည်နယ်တစ်ခု ဖြစ်နေပါပြီ။”
ထိုစကားကို ကြားသော် လုချန်းက ပြုံးလျက်
“ယွဲ့ဧကရာဇ်က မြောက်ပိုင်းပြည်နယ်ကို ဒီလောက်အထိ အထင်ကြီးလိမ့်မယ်လို့ မထင်ထားဘူး။”
ကျူးနိုင်ငံတော်၏ ရည်ရွယ်ချက်ကို လုချန်းက ကောင်းစွာ သိမြင်သည်။ ကျူးနိုင်ငံတော်နှင့် ဆက်ဆံရေး တည်ထောင်ခြင်းသည် မြောက်ပိုင်းပြည်နယ် လွတ်လပ်ရေး ကြေညာခြင်းဟု ဆိုလိုသည်။ ကျူးနိုင်ငံတော်က သူတို့၏ အကျိုးအမြတ်အတွက် ရှနန်းတွင်းနှင့် မြောက်ပိုင်းပြည်နယ်ကြားပြည်တွင်းစစ် ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်းသာ ဖြစ်သည်။
ဒါက လုံးဝ လက်ခံနိုင်စရာ မရှိပေ။
ထို့နောက် လုချန်းက
“ယွဲ့ဧကရာဇ်က မြောက်ပိုင်းပြည်နယ်ကို ဒီလောက်အထိ အထင်ကြီးတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်ဟာ ရှနိုင်ငံတော်ရဲ့ လက်အောက်ခံ နယ်စားနယ်မြေတစ်ခုသာဖြစ်ပြီး ကျူးနိုင်ငံတော်နဲ့ သံတမန် ဆက်ဆံရေး မပြုလုပ်နိုင်ပါဘူး။”
ထိုစကားကို ကြားသော် ဝမ်မော်ရွှီ အနည်းငယ် အံ့အားသင့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားက သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် မြောက်ပိုင်းနယ်စားမင်းသားသည် ဤမျှတိုတောင်းသော အချိန်အတွင်း မြောက်ပိုင်းပြည်နယ်ကို ယခုလို အခြေအနေသို့ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ကို ထောက်ရှုပါက သူ၏ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးမည် မဟုတ်ပေ။ သူရိပ်မိသွားခြင်းက မထူးဆန်းပါ။
သို့သော် ဝမ်မော်ရွှီက လွယ်လွယ်နှင့် လက်လျှော့ရန် ရည်ရွယ်ထားခြင်း မရှိသေးပဲ ဆက်လက်၍
“ကျွန်တော့်ရဲ့ မနှစ်မြို့ဖွယ် စကားကို ခွင့်လွှတ်ပါ မြောက်ပိုင်းနယ်စားမင်းသား။ မင်းသားဟာ ရှနိုင်ငံတော် ဧကရာဇ်နှင့် နန်းတွင်းကို သစ္စာရှိနေမယ်ဆိုရင်လည်း ရှနန်းတွင်းနဲ့ မင်းသားရဲ့ ဖခင် ဆွမ်ဧကရာဇ်တို့က မင်းသားကို တကယ် ယုံကြည်ကတော့မှာ မဟုတ်ပါဘူး။”
“မင်းသားဟာ အခု စွမ်းရည်မြင့် စစ်သည်အင်အား နှစ်သိန်းကို ပိုင်ဆိုင်ထားပါပြီ။ မြောက်ပိုင်းက လွင်ပြင်ဒေသသား တွေကိုလည်း အနိုင်ယူပြီး မြောက်ပိုင်းနယ်မြေကို မြောက်ပိုင်းပြည်နယ်ရဲ့ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ အင်အားလေးသိန်းရှိတဲ့ ထျန်းချီဘုရင့်ရဲ့တပ်ကိုတောင် အနိုင်ယူပြီး အဆင့်လွန် ပညာရှင် ထျန်းချီဘုရင်ကိုလည်း သုတ်သင်နိုင်ခဲ့ပါတယ်။ အခုလို အခြေအနေမှာ မင်းသားမှာ အခြားရည်ရွယ်ချက် မရှိဘူးဆိုတာ လူအများ ယုံကြည်ဖို့ ခက်ခဲပါတယ်။”
“မင်းသားသာ ကျူးနိုင်ငံတော်နှင့် ကြိုတင်ပြီး ဆက်ဆံရေး တည်ထောင်ထားမယ်ဆိုရင် ရှနန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို တပ်တွေစေလွှတ်တဲ့အထိ ရဲတင်းလာတဲ့အချိန်ကျရင် ကျွန်တော်တို့ ကျူးနိုင်ငံတော်က မင်းသားကို တက်တက်ကြွကြွ ကူညီမှာ သေချာပါတယ်။ ဒါဟာမင်းသား အတွက် ကောင်းတဲ့အရာ မဟုတ်ပါလား။”
ဝမ်မော်ရွှီ၏ စကားကို ကြားပြီးနောက် လုချန်းက ခပ်ရေးရေး ပြုံးလိုက်သည်။ အခြား နယ်စားတစ်ယောက်ဆိုလျှင် ဝမ်မော်ရွှီ၏ စကားကြောင့် နားယောင်သွားနိုင်သော်လည်းလည်း သူကတော့ မတူပေ။ သူ့တွင် ကိုယ်ပိုင် အယူအဆများနှင့် အနာဂတ်အတွက် ကိုယ်ပိုင် အစီအစဉ်များ ရှိသည်။
ဆွမ်ဧကရာဇ်၏ သားတော်ဖြစ်သည်နှင့်အညီ ဆွမ်ဧကရာဇ်က သူ့ကို တွန်းအားမပေးပါက သူကိုယ်တိုင် ဦးဆောင်၍ ပုန်ကန်မည် မဟုတ်ပေ။ ယခုသည် ပုန်ကန်ရန် အချိန် မဟုတ်သေးပေ။ မြောက်ပိုင်းပြည်နယ် တိုးတက်ရန် အချိန် လိုအပ်သေးသည်။ လက်ရှိတွင် မြောက်ပိုင်းပြည်နယ်သည် ကောက်ပဲသီးနှံအတွက် အပြင်မှ တင်သွင်းမှုအပေါ် မှီခိုနေရပြီး လူဦးရေလည်း မများသေးပေ။ မြောက်ပိုင်းပြည်နယ် ထင်သလောက် အားမကြီးသေးပါ။ ထိုသို့သော အရှုပ်အထွေးများ ကို ခံနိုင်ရည် မရှိသေးပေ။
ထို့နောက် လုချန်းက
“ခင်ဗျားပြောတာ မှန်ပါတယ်။ ကျွန်တော့်ဖခင် ဧကရာဇ်က ကျွန်တော့်ကို လုံးဝ မယုံကြည်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ ကျွန်တော့်ကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အရေးမကြီးပါဘူး။ ကျွန်တော် လုပ်ရမှာက ကိုယ့်စိတ်ကိုယ် ရှင်းရှင်းလင်းလင်း ထားဖို့ပါပဲ။”
“နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်မလားဆိုတာကတော့ အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စပါ။ လက်ရှိမှာ ရှနိုင်ငံတော်ရဲ့ အာဏာရှိ မိသားစုတွေနဲ့ ပဋိပက္ခတွေက မပြေလည်သေးတော့ နန်းတွင်းအတွက် မြောက်ပိုင်းပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကို ဂရုစိုက်ဖို့ အနေအထား မရှိသေးပါဘူး။”
“မြောက်ပိုင်းနယ်စားမင်းသားဟာ ယွဲ့ဧကရာဇ်၏ ကျေးဇူးပြုမှုကို စွဲမြဲစွာ မှတ်သားထားပါတယ်။”
လုချန်းက ကမ်းလှမ်းချက်ကို ထပ်မံ ငြင်းပယ်သည်ကို မြင်သောအခါ ဝမ်မော်ရွှီလည်း မြောက်ပိုင်းနယ်စားမင်းသား သဘောတူနိုင်ခြေ အလွန်နည်းကြောင်း သိလိုက်သည်။ ဤမြောက်ပိုင်းနယ်စားမင်းသားသည် လူမိုက် မဟုတ်ပေ။ သူသည် ဆက်လက်၍ အင်အားစုဆောင်းရန် ရည်ရွယ်ထားပုံရသည်။
မြောက်ပိုင်းပြည်နယ်မှ သူတို့ အောင်မြင်မှုမရပဲ ပြန်သွားရနိုင်ရသည်ဟု ဝမ်မော်ရွှီ တွေးနေစဉ် မုယုံရွှီက
“မြောက်ပိုင်းနယ်စားမင်းသားဟာ တကယ်တော့ သစ္စာရှိပြီး တရားမျှတတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်”
ဟု ပြောလိုက်သည်။
မုယုံရွှီ စကားစပြောသည်ကို မြင်သောအခါ ဝမ်မော်ရွှီက အလျင်အမြန်ပင်
“မြောက်ပိုင်းနယ်စားမင်းသားကို မိတ်ဆက်ပေးဖို့မေ့သွားပါတယ်။ ကျွန်တော့်ဘေးက အမျိုးသမီးက ကျွန်တော်တို့ ဧကရာဇ်မရဲ့ လူယုံတော် မုယုံရွှီ ဖြစ်ပါတယ်။”
ထိုစကားကို ကြားသော် လုချန်း၏ အကြည့်က မုယုံရွှီထံသို့ တစ်ဖန် ရောက်သွားပြီး ခပ်ရေးရေး ပြုံးကာ
“ဧကရာဇ်မရဲ့ လူယုံလို့ ဆိုရလောက် အောင်ပဲ မြို့ရွာတွေကိုတောင် လှုပ်ခတ်နိုင်တဲ့ အလှတရားကို ပိုင်ဆိုင်ရုံသာမကပဲ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးလည်း ရှိပုံပေါ်ပါတယ်။”
မုယုံရွှီက အနည်းငယ် ပြုံးလိုက်ပြီး
“ချီးမွမ်းသည့်အတွက် ကျေးဇူးတင်ပါတယ် မြောက်ပိုင်းနယ်စားမင်းသား။”
ထိုအချိန်တွင် မုယုံရွှီက
“ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး တည်ထောင်ခြင်းက မြောက်ပိုင်းပြည်နယ်အတွက် အခက်အခဲ ဖြစ်စေနိုင်ပုံ ရပါတယ်။အဲ့ဒီလိုဆို နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေး ဆက်သွယ်မှုတွေ တိုးမြှင့်ဖို့ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လုပ်ကြရင် မကောင်းဘူးလား”
ဟု အကြံပြုလိုက်သည်။
“မြောက်ပိုင်းပြည်နယ်မှာ ကုန်သွယ်ရေးက အလွန် ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့ရှိရပါတယ်။ ဒါက မင်းသားဟာ ကုန်သွယ်ရေး ကို အလေးထားကြောင်း ပြသ နေတာပါပဲ။”
“ကံကောင်းချင်တော့ ကျွန်မတို့ ဧကရာဇ်မကလည်း ကုန်သွယ်ရေးကို အလွန်အလေးထားပါတယ်။ ရန်ခရိုင်လမ်းမတွေပေါ်မှာ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေအများကြီးတွေ့ရတာက မြောက်ပိုင်းပြည်နယ်နဲ့ ကျုးနိုင်ငံတော်ရဲ့ အစားအသောက်အလေ့အထတွေ ဆင်တူတယ်ဆိုတာ ပြနေပါတယ်။ ကျူးနိုင်ငံတော်ဟာ ဂျုံ အဓိက စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့လူမျိုးတွေကလည်း မြောက်ပိုင်းပြည်နယ်က ကုန်ပစ္စည်းတော်တော်များများကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုဆိုရင် ကုန်သွယ်မှု ဆက်ဆံရေးကို ဘာလို့ အားကောင်းအောင် မလုပ်ပဲ နေကြမှာလဲ။”
“ဒါက မြောက်ပိုင်းပြည်နယ်အတွက်ရော ကျုးနိုင်ငံတော်အတွက်ပါ အကျိုးရှိမှာပါ။”
မုယုံရွှီ၏ စကားကို ကြားတော့လုချန်း ခဏတာမျှ အံ့အားသင့်သွားသည်။ ဤမိန်းကလေး၏ လေ့လာမှုများသည် အလွန် အသေးစိတ်ဆန်ပြီး စနစ်ကျနေသည်။
...........