← Chapters

အခန်း ၄၂၄-၄၂၆

Vol. 29 Ch. 424-426

အခန်း ၄၂၄-၄၂၆

Vol. 29 Ch. 424-426

အခန်း (၄၂၄)

စောစောသွားပြီး စောစောပြန်လာ (၂)

သူတို့သည် ရန်ခရိုင်ရှိ စားသောက်မှုဓလေ့များကိုပင် သေသေချာချာ သိရှိထားကြသည်။

လုချန်းက မိုးစက်ရဲတိုက်အား ကျူးနိုင်ငံတော်မှ ဂျုံများကို အမြောက်အမြား ဝယ်ယူစေပြီး ပေါက်စီများ ပြုလုပ်ရန် အား‌ ပေးခဲ့သည်။ မြောက်ပိုင်းပြည်နယ်၏ ရိုးရာအစားအစာမှာ ဆန်ဖြစ်သော်လည်း ရန်ခရိုင်ရှိ ဆိုင်များတွင် ပေါက်စိီများ ရောင်းချနေပြီး ပြည်သူများလည်း စားသုံးရန် အလေ့အကျင့် ရရှိနေပြီဖြစ်သည်။

မိုးစက်ရဲတိုက် မြောက်ပိုင်းနယ်စားမင်းသား၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်ကြောင်း ကျူးနိုင်ငံတော်အား သတိမထားမိစေရန် ကျူးနိုင်ငံတော်မှ ဂျုံဝယ်ယူရာတွင် အလွန်ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများကို အသုံးပြုခဲ့သည်။ ထို့ပြင် ကျူးနိုင်ငံတော်မှ ဂျုံများကို သယ်ထုတ်သည့်အခါတွင် အခွန်အခများစွာ ကောက်ခံခဲ့သည်။

ကျူးနိုင်ငံတော်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုနိုင်ပါက မြောက်ပိုင်းပြည်နယ်သည် ဂျုံများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အမည်ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်ပြီး အခွန်အခများကို အတော်အတန် လျှော့ချနိုင်မည်။ သို့မဟုတ် လုံးဝကင်းလွတ်ခွင့်ရနိုင်မည်။ ဤသို့ဖြင့် မြောက်ပိုင်းပြည်နယ်၏ အစားအစာရှားပါးမှုပြဿနာကို အတော်အတန် သက်သာစေမည် ဖြစ်သည်။

ပြောရမည်ဆိုလျှင် မုယုံရွှီ၏ ချဉ်းကပ်ပုံသည် အလွန်ကောင်းမွန်ပြီး လုချန်းကိုစိတ်ဝင်စားခဲ့သည်။

ပြောင်း၊ အာလူး၊ ကန်စွန်းဥစသည့် အခြေခံစားနပ်ရိက္ခာများကို မြောက်ပိုင်းပြည်နယ်တွင် ဆက်လက်စိုက်ပျိုးနေသော်လည်း လုံလောက်စွာ ပျံ့နှံ့ပြီး စားနပ်ရိက္ခာပြဿနာကို အပြီးအပိုင် ဖြေရှင်းနိုင်ရန် နှစ်ပေါင်းများစွာ ကြာမည်ဖြစ်သည်။

စားနပ်ရိက္ခာပြဿနာသည် မြောက်ပိုင်းပြည်နယ်အတွက် နောက်နှစ်များစွာ ရင်ဆိုင်ရမည့် အဓိကပြဿနာတစ်ခု ဖြစ်နေဦးမည်။

ဤမုယုံရွှီသည် “နန်းတွင်းဝန်ကြီး” ဟု အမည်တွင်သည့်အတိုင်း မြောက်ပိုင်းပြည်နယ်၏ အသက်သွေးကြောကို ကောင်းစွာနားလည်ထားသူပင် ဖြစ်သည်ဟု လုချန်းစဉ်းစားမိသည်။

ထိုအချိန်တွင် လုချန်းက ပြုံးရယ်ကာ

“မြောက်ပိုင်းပြည်နယ်ရဲ့ ကုန်သွယ်ရေးကိစ္စကို ကျွန်တော် အလေးထားပါတယ် မုယုံမိန်းကလေး။ ခင်ဗျားရဲ့ အဆိုပြုချက်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကိုယ်စားလှယ်အဖွဲ့ဟာ ယွဲ့ဧကရာဇ်ကို ကိုယ်စားပြုနိုင်ခြင်း ရှိမရှိ ကျွန်တော် မသေချာနိုင်သေးပါဘူး။”

ထိုအခါ ဝမ်မော်ရွီက ဝင်ပြောလိုက်သည်။

“မင်းသား စိတ်ချပါ။ မုယုံမိန်းကလေးဟာ ယွဲ့ဧကရာဇ် ကိုယ်စား ဒီနေရာကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ မုယုံမိန်းကလေး ပြောသမျှစကားတိုင်းဟာ သူ့ရဲ့ဆန္ဒအတိုင်းဖြစ်တယ်လို့ ဧကရာဇ်မက မိန့်ကြားထားပါတယ်။”

လုချန်းက ပြုံးရယ်ကာ

“ယွဲ့ဧကရာဇ်က မုယုံမိန်းကလေးကို အလွန် အလေးထား ပုံရတယ်။”

“ကုန်သွယ်ရေးသဘောတူညီချက်ကို ရေးဆွဲနိုင်ပါတယ်။ ဒါပေမဲ့ စည်းကမ်းချက်တွေကို ထပ်မံဆွေးနွေးဖို့ လိုပါတယ်။ ဒီနေ့နေ့လယ်စာစားပွဲဟာ ဧည့်သည်တွေကို ဧည့်ခံတဲ့နေ့ဖြစ်လို့ အလုပ်ကိစ္စ ဆွေးနွေးဖို့ မသင့်တော်ပါဘူး။ မနက်ဖြန်မှာ ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အသေးစိတ်အချက် တွေကို ဆွေးနွေးကြပါစို့။”

လုချန်း၏ သဘောတူညီမှုကို ရရှိသည်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။ သံတမန်ဆက်ဆံရေး မထူထောင်နိုင်သော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုနိုင်ပါက သံတမန်ဆက်ဆံရေး ထူထောင်သည်နှင့် အတူတူပင်ဖြစ်သည်။

သူတို့၏ မြောက်ပိုင်းပြည်နယ်သို့ ခရီးစဉ်လည်း အချည်းနှီး မဖြစ်ခဲ့ပေ။

ထို့နောက် လူအားလုံး စားသောက်ဖွယ်ရာများကို ဆက်လက်စားသုံးကြပြီး ဂီတနှင့် အက အစီအစဉ်များကို ခံစားကြည့်ရှုကြသည်။ ထိုအတောအတွင်း လုချန်းက ကိုယ်စားလှယ်အဖွဲ့ဝင်များထံမှ ကျူးနိုင်ငံတော်နှင့် ပတ်သက်သော အချို့ကိစ္စရပ်များကို ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုရင်း မေးမြန်းခဲ့သည်။

နေ့လယ်စာစားပွဲပြီးဆုံးသွားသောအခါ ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း သူတို့ တည်းခိုရာသို့ ပြန်သွားကြပြီး မြောက်ပိုင်းပြည်နယ်မှ အရာရှိများမှာမူ နိုင်ငံရေးရာခန်းမတွင် ကျူးနိုင်ငံတော်နှင့် ကုန်သွယ်ရေးသဘောတူညီချက်အကြောင်း ဆွေးနွေးကြသည်။

ကုန်သွယ်မှုကို အလွန် အလေးထားသော လုချန်း အတွက် ကျူးနိုင်ငံတော်၏ ဈေးကွက်ကို ဖွင့်လှစ်နိုင်ပြီး မြောက်ပိုင်းပြည်နယ်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ထိုနေရာတွင် ရောင်းချနိုင်ကာ အခွန်များစွာကို လျှော့ချနိုင်ပါက ဝမ်းမြောက်စရာပင် လိမ့်မည်ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်အရာရှိအများစုကလည်း ကျူးနိုင်ငံတော်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုရန် သဘောတူညီခဲ့ကြသည်။

ရှနိုင်ငံတော်မှ အစားအစာဝယ်ယူရာတွင် ပြဿနာများစွာ ကြုံတွေ့နေရပြီး ယခင်က ရှနိုင်ငံတော်အတွင်းရှိ နယ်စားများနှင့် သဘောတူညီချက်အချို့ ချုပ်ဆိုထားသော်လည်း အချိန်ကုန်ကြာလာသည်နှင့်အမျှ အချို့သော နယ်စားများက သူတို့၏ဆုံးဖြတ်ချက်များကို နောင်တရလာကြသည်။

ထိုအထဲတွင် မြောက်ပိုင်းပြည်နယ်နှင့် အနီးဆုံးဖြစ်သော ချီပြည်နယ်လည်း ပါဝင်သည်။ ချီမင်းသားသည် မြောက်ပိုင်းပြည်နယ်သို့ သံတမန်များ စေလွှတ်ကာ သူ၏နယ်နိမိတ်အတွင်းရှိ အာဏာရှိမိသားစုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း ညည်းညူခဲ့၏။ ထို့နောက် စားနပ်ရိက္ခာများကို ဈေးနည်းနည်းဖြင့် ရောင်းချရန် သဘောတူညီချက်ကို ဖျက်သိမ်းခဲသည်။ ယခင်က ငွေစအနည်းငယ်သာ ရှိခဲ့သော စာနပ်ရိက္ခာဈေးနှုန်းမှာ ငွေစများစွာ မြင့်တက်သွားခဲ့သည်။

ဒါတောင် ယခုအချိန်သည် မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော် နန်းတွင်းတို့ ဆက်ဆံရေး မပြတ်တောက်သေးသော ကာလဖြစ်သည်။ ရှနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့ကြား ပဋိပက္ခဖြစ်ပွားပါလာပါက မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်နယ်နိမိတ်အတွင်းမှ အစားအစာဝယ်ယူနိုင်မည် မဟုတ်တော့ပေ။

ရှနိုင်ငံတော်မှလွဲ၍ မြောက်ပိုင်းပြည်နယ်သည် ကျူးနိုင်ငံတော်နှင့်သာ နယ်နိမိတ်ချင်းထိစပ်နေသည်။ အခြားနိုင်ငံများမှ အစားအစာဝယ်ယူသည့်တိုင် ကျူးနိုင်ငံတော်မှတစ်ဆင့် ဖြတ်သန်းရမည်ဖြစ်သည်။ ကျူးနိုင်ငံတော်နှင့် ဆက်ဆံရေးတိုးတက်လာပါက မြောက်ပိုင်းပြည်နယ်အတွက် အကျိုးကျေးဇူးသာရှိပြီး အရှုံး မရှိပေ။

လုချန်းသည် နေ့လည်ပိုင်းတစ်ခုလုံးကို နိုင်ငံရေးရာခန်းမ၌ ကုန်ဆုံးခဲ့ပြီး မြောက်ပိုင်းပြည်နယ်အရာရှိများနှင့် ကုန်သွယ်ရေးသဘောတူညီချက်များကို ဆွေးနွေးခဲ့သည်။ ညနေ‌ရောက်မှသာ ဆွေးနွေးမှုများ ပြီးဆုံးခဲ့သည်။

နေဝင်ဆည်းဆာချိန်မှ လုချန်း သူ၏သီးသန့်အခန်းသို့ ပြန်လာခဲ့ပြီး ပင်မဆောင်၌ ညစာစားသုံးကာ ဝမ်ရွန်ဆောင်သို့ တိုက်ရိုက်သွားခဲ့သည်။

ချန်ဝမ်ရွန်သည် မကြာမီ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမထွက်ခွာမီ သူမနှင့် နောက်ထပ်အကြိမ်အနည်းငယ် ပျော်ရွှင်စွာ နေထိုင်ရန် လုချန်း ရည်ရွယ်ခဲ့သည်။

ဝမ်ရွန်ဆောင်သို့ ရောက်ရှိသောအခါ စောင်းကြိုးများကို ညင်သာစွာ တီးခတ်နေသော ချန်ဝမ်ရွန်ကို လုချန်း တွေ့မြင်လိုက်ရသည်။ လင်ဝမ်ရွန်လည်း ချန်ဝမ်ရွန်၏ ဘေးတွင် ထိုင်နေသည်။

လုချန်း ဝမ်ရွန်ဆောင်သို့ ဝင်ရောက်လာသောအခါ ချန်ဝမ်ရွန်၏ လက်ချောင်းများ ရပ်တန့်သွားကာ တီးလုံးသံ ပြတ်တောက်သွားခဲ့သည်။

လုချန်းက ပြုံးရယ်ကာ

“ဘာလို့ ရပ်လိုက်တာလဲ။ ဆက်တီးပါ။ ကိုယ် သဘောကျတယ်။”

လုချန်း၏စကားကို ကြားသောအခါ ချန်ဝမ်ရွန်၏ နုနယ်သောလက်ချောင်းများက စောင်းကြိုးများကို ဆက်လက်တီးခတ်လိုက်ပြီး တီးလုံးသံများ အဆောင်အတွင်း ပြန်လည် ပျံ့လွင့်လာခဲ့သည်။

လုချန်းက ချန်ဝမ်ရွန်၏ အနောက်တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး သူမ၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည်။

ထိုအခြေအနေကို မြင်သောအခါ လင်ဝမ်ရွန်၏မျက်နှာ အနည်းငယ်နီရဲလာခဲ့သည်။ ဒီလူဆိုးလေး ဘာလုပ်နေတာလဲ။ ရွန်ရွန် စောင်းတီးနေတာကို မမြင်ဘူးလား။ သူ နောက်ကနေ ထိုင်ပြီး လက်နဲ့ ထိနေရင် ဘယ်လိုဆက်တီးနိုင်မှာလဲ။

...........

အခန်း( ၄၂၅ )

စောစောသွားပြီး စောစောပြန်လာ (၃)

ထိုအချိန်တွင် ချန်ဝမ်ရွန်က အနည်းငယ်မျှ မထိခိုက်ပဲ စောင်းကို ဆက်လက်တီးခတ်နေဆဲဖြစ်သည်။ သို့သော် မကြာမီတွင် လုချန်း၏ လက်များ မငြိမ်မသက်ဖြစ်လာပြီး ချန်ဝမ်ရွန်၏ ပုံမှန်အေးစက်နေသော မျက်နှာတွင် အနီရောင်အရိပ်များ ဝင်လာခဲ့သည်။

မကြာမီ ချန်ဝမ်ရွန် ဆက်လက်ခံနိုင်ရည်မရှိတော့ပေ။ သူမ၏လက်ချောင်းများ ရုတ်တရက် လွဲချော်သွားပြီး နားထောင်ရခက်သော အသံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဦးခေါင်းကိုလှည့်ကာ လုချန်းကို ကြည့်ရှုလျက် ချန်ဝမ်ရွန်က အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့်

“ဘာလုပ်နေတာလဲ”

ဟု အေးစက်သောအသံဖြင့် မေးမြန်းလိုက်သည်။

လုချန်းက ပြုံးရယ်ကာ

“တောင်းပန်ပါတယ်။ မင်းရဲ့စောင်းသံက အရမ်းကောင်းလွန်းလို့ ကိုယ့်ကိုယ်ကို ထိန်းမရခဲ့ဘူး။”

ထိုစကားကို ကြားသောအခါ ဘေးမှ လင်ဝမ်ရွန်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်သည်။ စောင်းသံကောင်းလို့ဆိုပါလား။ ဒီလူဆိုးလေး မဟုတ်တာ ပြုမူချင်နေတာ ထင်ရှား၏။

လင်ဝမ်ရွန်က

“ချန်းလေး။ ဒီနေ့ လျှို့ဝှက်လဝန်းနန်းတော်က လူတွေ ရောက်လာတယ်။ နန်းတော်သခင် ဘယ်တော့ ပြန်လာမလဲဆိုတာ အကြီးအကဲတွေက မေးနေကြပြီ။”

စကားပြောနေစဉ် လင်ဝမ်ရွန်က လုချန်း၏ ချောမောလှပသော မျက်နှာကို စူးစမ်းသလို ကြည့်ရှုနေသည်။ လုချန်းက ချန်ဝမ်ရွန်ကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ ထွက်ခွာခွင့်ပြုမည်လားဆိုတာ မသေချာပေ။

ထိုစကားကို ကြားသောအခါ လုချန်း ခဏရပ်တန့်သွားကာ

“ဒီလောက်မြန်မြန် သွားရမှာလား။”

ထို့နောက် သူက ချန်ဝမ်ရွန်၏ ပခုံးပေါ်တွင် ခေါင်းမှီလျက်

“မင်းပြန်ချင်ရင် မနက်ဖြန်မနက် လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားနိုင်ပါပြီ။ စောစောသွားပြီးရင် စောစောပြန်လာရမယ်။ ကိုယ့်အတွက် ကလေးမွေးပေးဖို့ မင်းပြန်လာတာကို စောင့်နေမယ်။”

လုချန်းက သဘောတူသည်ကို မြင်သောအခါ လင်ဝမ်ရွန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လုချန်း ဒီလောက်လွယ်လွယ်နဲ့ ခွင့်ပြုမည်ဟု သူမ မထင်ခဲ့ပေ။ သူက အခု လွယ်ကူစွာ သဘောတူလိုက်သည်။

ချန်ဝမ်ရွန်က ကျေးဇူးတင်စကားပြောမည့်အချိန်တွင် လုချန်းက သူမ၏ခါးကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး အခြားလက်ဖြင့် သူမ၏ဦးခေါင်းကို ထိန်းလိုက်ကာ နမ်းလိုက်သည်။

“အမ်...”

ချန်ဝမ်ရွန် ချက်ချင်း ခုခံလိုက်သည်။ သူတို့နှစ်ဦးတည်းသာဆိုလျှင် သူမအတွက် ပြဿနာမရှိသော်လည်း လင်ဝမ်ရွန် ကြည့်နေတာတောင် သူက ဒီလိုလုပ်ရဲ‌‌နေ၏။

လုချန်းရုတ်တရက် ချန်ဝမ်ရွန်ကို နမ်းလိုက်သည်ကို မြင်သောအခါ လင်ဝမ်ရွန်လည်း အံ့အားသင့်သွားခဲ့သည်။

ဒီလူဆိုးလေးက ချန်ဝမ်ရွန်ကို သူ့ရှေ့မှာ တောင် ဒီလိုလုပ်ရဲပါလား။

ဤအခြေအနေက လင်ဝမ်ရွန်ကို ဘာလုပ်ရမှန်း မသိဖြစ်စေခဲ့သည်။ ဒီလူဆိုးလုချန်းကို ဆွဲထုတ်သွားရမလား ဒါမှမဟုတ် တိတ်ဆိတ်စွာ အဆောင်ထဲမှ ထွက်သွားပြီး သူတို့နှစ်ဦးကို ခွင့်ပြုရမလားဆိုတာ သူမမဆုံးဖြတ်နိုင်ခဲ့ပေ။

လုချန်းက လင်ဝမ်ရွမ် ရှိနေသည်ကို လုံးဝ ဂရုမစိုက်ပဲ သူ့သဘောအတိုင်း ဆက်လုပ်နေသည်။ ချန်ဝမ်ရွန်ကို ခဏကြာ နမ်းရှိုက်ပြီးနောက် ရုန်းကန်ခြင်းကို သူမ ရပ်လိုက်ကာ လုချန်းကို ပြန်လည် တုံ့ပြန်လာခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်နေသော လင်ဝမ်ရွမ်၏ မျက်နှာလည်း ရဲရဲနီလာပြီး နားရွက်များပင် ထူပူလာသည်။ သူမသည် ဆက်၍ သည်းမခံနိုင်တော့ပဲ အလျင်အမြန် ထရပ်ကာ တစ်ကိုယ်တည်း အဆောင်ထဲမှ ထွက်သွားတော့သည်။

လင်ဝမ်ရွမ် ထွက်သွားပြီးနောက် လုချန်းက ချန်ဝမ်ရွန်၏ နှုတ်ခမ်းမှ ဖြည်းညင်းစွာ ခွာလိုက်ပြီး သူမ၏ လှပသော ပါးပြင်ကို ပွတ်သပ်ကာ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများကို ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။

“ကိုယ့်ရဲ့ ဇနီးက မနက်ဖြန် မင်းသားစံအိမ်ကနေ ထွက်သွားတော့မယ်။ ဘယ်တော့ ပြန်လာနိုင်မလဲဆိုတာလည်း မသိဘူး။ ဒါကြောင့် ဒီညတော့ မင်းရဲ့ ခင်ပွန်းကို ကောင်းကောင်း ပြုစုရမယ်။”

ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန်က ညင်သာစွာဖြင့် ‘အင်း’ဟု တုံ့ပြန်လိုက်သည်။ သူမ၏ ရှက်ရွံ့သော အလှတွင် နစ်မြောနေသော လုချန်းလည်း ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ပဲ သူမကို ပွေ့ချီလိုက်ပြီး ချန်ဝမ်ရွန်၏ အိပ်ခန်းတံခါးဆီသို့ ခုန်ကာ တံခါးကို တွန်းဖွင့်၍ သူမကို အိပ်ရာပေါ်တွင် ချထားလိုက်သည်။

ဤတစ်ကြိမ်တွင် ချန်ဝမ်ရွန် မည်သို့မှ ခုခံခြင်း မပြုတော့ပဲ ထိုလူဆိုး၏ အလိုဆန္ဒအတိုင်း ခံယူလိုက်တော့သည်။

ခဏအကြာ။

ဘေးခန်းတွင်။

ကပ်လျက်အခန်းမှ ကြားနေရသော အသံများကို နားထောင်ရင်း လင်ဝမ်ရွမ် ညင်သာစွာ သက်ပြင်းချကာ တီးတိုး ရေရွတ်လိုက်သည်။

“နောင် ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။”

သို့သော် ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်၏ တပည့်လည်း ဖြစ်သည်။ သူမ လုချန်းနှင့် ကလေးယူတာကို ထိုပုဂ္ဂိုလ် သိသွားပါက သူတို့နှစ်ဦးစလုံး အပြစ်ပေးခံရနိုင်ဖွယ်ရှိသည်။

လုချန်း၏ နောက်ကွယ်တွင် အင်အားကြီးမားသော အင်အားစုတစ်ခု သို့မဟုတ် ဆရာတစ်ဦး ရှိနေနိုင်သော်လည်း ထိုသူသည် လျှို့ဝှက်လဝန်းနန်းတော်မှ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်နှင့် ယှဉ်နိုင်မည်လား ဆိုသည်က မသေချာပေ။

ယခုအချိန်အထိ လင်ဝမ်ရွမ် သိရှိထားသမျှ ဤကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်မှာ လျှို့ဝှက်လဝန်းနန်းတော်မှ ထိုပုဂ္ဂိုလ်ပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ် အမျက်ထွက်ပါက နောက်ဆက်တွဲအကျိုးဆက်များက မတွေးဝံ့စရာပင် ဖြစ်လိမ့်မည်။

လုချန်းသည် အလွန်အမင်း စိတ်မြန်လက်မြန် ရှိပြီး သူ၏ ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ချန်ဝမ်ရွန်သည် လှပကောင်းလှပေမည်။ သို့သော် သူမသည် သူ လက်ဖျားနှင့်ပင် မထိသင့်သော မိန်းမဖြစ်သည်။

လင်ဝမ်ရွန် တွေးမိသည်။ လုချန်းသူမကို မည်မျှပင် ကို ထိန်းချုပ်ထားပါစေ သူမသည် လျှို့ဝှက်လဝန်းနန်းတော်တွင် အများဆုံး အစောင့်အရှောက်တစ်ဦးသာ ဖြစ်ပြီး သူမ လုချန်း၏ ကလေးကို လွယ်ထားရပင်လျှင် သူမ ရင်ဆိုင်ရမည့် အရာမှာ လျှို့ဝှက်လဝန်းနန်းတော်မှ နှင်ထုတ်ခံရခြင်းသာ ဖြစ်လိမ့်မည်။

ချန်ဝမ်ရွန်ကား ကွဲပြားခြားနား၏။ သူမ၏ အဆင့်အတန်းက အလွန် မြင့်မားလွန်းလှသည်။

ချန်ဝမ်ရွန် ကိုယ်ဝန်ဆောင်သွားခဲ့လျှင် သူတို့ ဘာလုပ်ကြမည်နည်း။

“အိုး... ရွန်ရွန်ရဲ့ ဆရာမ သူရဲ့ ကျင့်စဉ်ကျင့်နေတာ မြန်မြန် မပြီးပါစေနဲ့လို့ မျှော်လင့်ပါတယ်။”

ဟု တွေးတောရင်းသူမ သက်ပြင်းချလိုက်သည်။

ယခု လင်ဝမ်ရွမ် လုပ်နိုင်သည်မှာ ချန်ဝမ်ရွန်၏ ဆရာမ ကျင့်စဉ် ချောမွေ့စွာ ပြီးဆုံးရန်နှင့် သူမ၏ ကျင့်စဉ်တွင် မည်သည့် အမှားအယွင်းမှ မဖြစ်ပါစေနဲ့ဟု မျှော်လင့်ခြင်းသာ ဖြစ်သည်။ အကယ်၍ သူမ ကျင့်ကြံရင်း အခက်အခဲများ ဖြစ်ပေါ်ကာ စောစီးစွာ ကျင့်စဉ်မှ ထွက်လာပါက ချန်ဝမ်ရွန်၏ အပျိုစင်ဘဝ ပျက်စီးခြင်းကိစ္စကို သူမ တွေ့ရှိသွားမည်ဖြစ်၏။ ထိုအခါ အရာအားလုံး ခက်ကုန်လိမ့်မည်ဖြစ်သည်။

လုချန်းသည် ချန်ဝမ်ရွန်၏ အခန်းတွင် တစ်ညလုံး နေခဲ့ပြီး တစ်မှေးပင် မအိပ်ခဲ့ပေ။ ထိုကဲ့သို့သော နတ်သမီးတစ်ပါး၏ ဘေးတွင် ရှိနေပါက သူ မည်သို့ အိပ်ပျော်နိုင်မည်နည်း။

ချန်ဝမ်ရွန် ယနေ့ ထွက်ခွာတော့မည်ဖြစ်၏။ ထို့ကြောင့် မထွက်ခွာမီ သူ၏ ဇနီးအား တတ်နိုင်သမျှ အားရပါးရ ပျော်ရွှင်စေလိုသည်မှာ သဘာဝကျသည်။

အရုဏ်ဦး၏ နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် အိပ်ရာပေါ်သို့ ထိုးကျလာ၏။

ချန်ဝမ်ရွန်၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေပေါ် ကျရောက်လာသော တောက်ပသော နေရောင်ခြည်ကို မြင်သောအခါ လုချန်း သက်ပြင်းချလိုက်သည်။ သူကသူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွေ့သော သူမ၏ အသားအရေကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဤနတ်သမီး ခဏတာမျှ သူ့ကို ခွဲခွာတော့မည်ဖြစ်သော်လည်း သူသူမကို ကိုယ်ဝန်ဆောင်စေရန် မစွမ်းဆောင်နိုင်သေးပေ။

သူမ ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းရမည်ဖြစ်သည်။

သူမနှင့် ခွဲခွာရန် သူ အမှန်တကယ် မလိုလားပေ။

ထိုအချိန်တွင် ချန်ဝမ်ရွန် ဖြည်းညင်းစွာ ထထိုင်ကာ လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း

“ကျွန်မ သွားသင့်ပြီ။”

လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ မျက်နှာမှ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားကာ

“စောစော ပြန်လာခဲ့ပါ။”

နောက်ထပ် စကားတစ်ခွန်းမျှ မဆိုပဲ ချန်ဝမ်ရွန်က ‘အင်း’ဟုသာ တုံ့ပြန်လိုက်၏။ ထို့နောက် အဝတ်အစားများ ဝတ်ဆင်တော့သည်။

လုချန်းက‌တော့အိပ်ရာပေါ်တွင် ထိုင်ကာ သူမ အဝတ်အစား ဝတ်နေသည်ကိုသာ ကြည့်နေခဲ့သည်။

အဝတ်အစားများ ဝတ်ဆင်ပြီး သူမ၏ ရှုပ်ပွနေသော ဆံပင်များကို စုစည်းကာ ဆံထုံးထုံးလိုက်ပြီးနောက် သူမ၏ ဦးခေါင်းကို လှည့်ကာ လုချန်း၏ မျက်လုံးများကို ပြန်လည် စိုက်ကြည့်လိုက်သည်။

မည်သည့်အကြောင်းကြောင့်မသိ လုချန်း၏ ခန္ဓာကိုယ်မှ သူမ၏ အကြည့်ကို ခွာ၍ မရဖြစ်‌နေသည်။ သူမ ခဏခန့် လှုပ်ရှား၍ မရ‌ တော့ပေ။ သူမ၏ ရှေ့မှ ယောက်ျားကို ခွဲခွာရန် အလွန် ဝန်လေးနေသည်။

ချန်ဝမ်ရွန်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်ပြီး

“ဘာဖြစ်လို့လဲ။ မင်းရဲ့ ခင်ပွန်းကို မခွဲချင်ဘူးလား။”

ဟု မေးလိုက်သည်။

ချန်ဝမ်ရွန်၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်ပြီး တိတ်ဆိတ်နေခဲ့သည်။

လုချန်းလည်း တစ်စုံတစ်ခုကို နားလည်သွားပြီး အိပ်ရာမှ ထကာ ချန်ဝမ်ရွန်ဆီသို့ လျှောက်သွားပြီး သူမ၏ ခါးကို ဖက်ကာ သူမ၏ နီရဲသော နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။

ဆယ့်ငါးမိနစ်ခန့် နမ်းရှိုက်ပြီးနောက် သူတို့၏ နှုတ်ခမ်းများ ကွာသွားပြီး ချန်ဝမ်ရွန်က

“ကျွန်မ စောစော ပြန်လာခဲ့ပါ့မယ်။”

လုချန်းက ညင်သာစွာ ပြုံးကာ သူမ၏ နားနားနားကပ်၍

“ကိုယ်မင်းကို စောင့်နေမယ်။”

သူ၏ စကားသံများ ပျောက်ကွယ်သွားသည်နှင့်အမျှ ချန်ဝမ်ရွန်လည်း တစ်ဖက်လှည့်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

.........

အခန်း (၄၂၆ )

ဒါဆို မြောက်ပိုင်းမင်းသားက မင်းအလှကို သဘောကျသွားပြီလား (၁)

ချန်ဝမ်ရွန် ထွက်ခွာသွားပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူ့စိတ်ထဲ အလွန်မလိုလားသော်လည်း လုချန်းသူမကို လွှတ်ပေးခဲ့သည်။

လုချန်းသည် လူဆိုးတစ်ဦးဖြစ်သည်။ သူ၏အတွင်းဆောင်တွင် ရှိသော မိန်းမအားလုံးကို သဘောကျသော်လည်း သူသည် အချစ်ကို ဦးစားပေးတတ်သူလည်း ဖြစ်သည်။ နတ်သမီးကဲ့သို့ လှပသော ချန်ဝမ်ရွန်အား သူအလွန် ချစ်မြတ်နိုးပြီး သူမ မရှိသော မင်းသားစံအိမ်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ခံစားရကာ သူ့အားအတော်လေး စိတ်မသက်မသာ ဖြစ်နေစေခဲ့ သည်။

ချန်ဝမ်ရွန် ထွက်ခွာသွားပြီး အတော်ကြာသည့်တိုင် သူမ ရှိစဉ်က အချိန်များကို ပြန်လည် အောက်မေ့ပြီး ဝမ်ရွန်ဆောင်သို့ လုချန်း မကြာခဏ သွားရောက်ခဲ့သည်။ ထိုနေရာတွင် လင်ဝမ်ရွမ်နှင့် တွေ့ဆုံမိပါက သူမကို ဖမ်းချုပ်ကာ သူ၏ အလိုဆန္ဒကို ဖြည့်ဆည်းခဲ့သည်။

နှစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအချိန်အတွင်း လုချန်းသည် တစ်ဖက်တွင် ကျူးနိုင်ငံတော်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ကုန်သွယ်ရေး သဘောတူညီချက် စည်းကမ်းများကို ညှိနှိုင်းနေပြီး အခြားတစ်ဖက်တွင် ချူးယုချင်၊ချူးချင်လီတို့နှင့် သူ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်နေသည်။

တရားဝင် မယားအဖြစ် လက်ထပ်ခြင်းဖြစ်သောကြောင့် သာမန်မယားငယ်များ ယူသကဲ့သို့ တိုးတိုးတိတ်တိတ် ပြုလုပ်၍ မရပဲ အများပြည်သူရှေ့တွင် ခမ်းနားစွာ ကျင်းပရမည်ဖြစ်သည်။

နှစ်ပတ်ကြာ ဆွေးနွေးပြီးနောက် မြောက်ပိုင်းပြည်နယ်နှင့် ကျူးနိုင်ငံတော်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက် စည်းကမ်းများကို အခြေခံအားဖြင့် အပြီးသတ်နိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးရန်ဖြစ်သည်။

.......

နံနက်ခင်းအချိန်။

အိပ်ရာမှ ထလာပြီး လင်ဝမ်ရွန်၏ အကူအညီဖြင့် လုချန်း အဝတ်အစားများ ဝတ်ဆင်လိုက်သည်။

လင်ဝမ်ရွန်၏လက်များက လုချန်းအား အဝတ်အစားများ ဝတ်ဆင်ပေးနေသော်လည်း သူမ၏မျက်လုံးများတွင်မူ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

ထိုလူဆိုးလေးသည် လွန်ခဲ့သော နှစ်ပတ်အတွင်း ဝမ်ရွန်ဆောင်သို့ အကြိမ်များစွာလာရောက်ခဲ့သည်။ ယခုအခါ သူမတစ်ဦးတည်းသာ ဝမ်ရွန်ဆောင်တွင် နေထိုင်သော်လည်း လုချန်း သူမအတွက် လာသည်ဟု သူမ မယုံကြည်ပေ။

ထိုလူဆိုးသည် ဝမ်ရွန်ဆောင်သို့ လာရောက်ပြီး သူမကို ချန်ဝမ်ရွန်ကဲ့သို့ ဆက်ဆံသည်ဟု သူမ အမြဲ ခံစားနေခဲ့ရသည်။

ထိုအချိန်တွင် လင်ဝမ်ရွန်က

“မင်းက ဒေါ်လေးကို ရွန်ရွန်လို့ မြင်နေတာလား”

ဟု မေးလိုက်သည်။

လင်ဝမ်ရွန်၏မေးခွန်းကို ကြားသောအခါ လုချန်း မှင်တက်သွားခဲ့သည်။ သူက လင်ဝမ်ရွန်ကို လှည်ကြည့်လိုက်ပြီး

“ဒေါ်လေးလင်က ဘာကြောင့် ဒီလိုထင်ရတာလဲ”

ဟု ပြုံး၍ ပြန်မေးလိုက်သည်။

“ကျွန်တော်က လူကောင်းတစ်‌ယောက် မဟုတ်ပေမဲ့ ဒီလိုမျိုးတော့ မလုပ်ပါဘူး။ ဒေါ်လေးကို ရွန်ရွန်လို့ ဘယ်လိုလုပ် မြင်နိုင်မလဲ။ သူက သူ၊ ဒေါ်လေးက ဒေါ်လေးပါ။”

ထိုအချိန်တွင် လင်ဝမ်ရွန်က လုချန်း၏ ခါးပတ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ပေးလိုက်ပြီး

“မင်းစိတ်ထဲက ဘာတွေရှိနေမှန်း ဒေါ်လေးမသိဘူးလို့ မထင်နဲ့။”

လုချန်းက ပြုံး၍

“ဒေါ်လေးလင် မနာလိုဖြစ်နေတာများလား” ဟု မေးလိုက်သည်။

လင်ဝမ်ရွန်က အေးစက်စွာဖြင့်

“မင်းကိုယ်မင်း အထင်ကြီးနေတာ။”

ထို့နောက် လင်ဝမ်ရွန် တိတ်ဆိတ်သွားပြီး လုချန်းအား အဝတ်ဆက်ဝတ်ပေးခဲ့သည်။

လုချန်းက တစ်စုံတစ်ခုကို သတိရသလိုဖြင့်

“ကျွန်တော် မကြာခင်မှာ လက်ထပ်တော့မယ်။ ဒေါ်လေးလည်း မင်းသားစံအိမ်နဲ့ တရားဝင် လက်ထပ်လိုက်ပါလား။”

လုချန်း၏စကားများ မဆုံးမီ လင်ဝမ်ရွန်က “မလိုပါဘူး။ ဒေါ်လေးက လျှို့ဝှက်လဝန်းနန်းတော်က ဖြစ်တဲ့အတွက် လက်ထပ်ဖို့ မသင့်တော်ပါဘူး။ ပြီးတော့ လူသိရှင်ကြား မဟုတ်ရင်လည်း မင်းရဲ့ ကလေးကို မွေး ပေးမှာပါ။”

“ နောက်ပြီး လင်မိသားစုက နေပြည်တော်မှာ ရှိနေဆဲပဲ။ ဒေါ်လေးက မင်းကိုလက်ထပ်ပြီး ဒေါ်လေးဟာ ဝန်ကြီးချုပ်လင်ရဲ့ မွေးစားသမီးဖြစ်တယ်ဆိုတာ လူတွေသိသွားရင် လင်မိသားစုတစ်ခုလုံး အန္တရာယ်ရှိနိုင်တယ်။”

ယခုအခါ မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်အတွင်းရှိ အင်အားအကြီးဆုံး နယ်စားပြည်နယ်ဖြစ်ပြီး လုချန်းသည် နယ်စားများအနက် အစွမ်းထက်ဆုံးဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းပြည်နယ်နှင့် နန်းတွင်းတို့အကြား ပဋိပက္ခများက ပိုမိုပြင်းထန်လာနေပြီး စစ်ဖြစ်ရန် အချိန်ကာလတစ်ခုသာ လိုတော့သည်။

လင်ကောင်းယွမ်၏ မွေးစားသမီး မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် နေထိုင်နေသည်ကို လူတွေသိသွားပါက လင်မိသားစု မြောက်ပိုင်းနယ်စားမင်းသားဘက်သို့ ပါသွားသည်ဟု ဆွမ်ဧကရာဇ် သံသယရှိသွားနိုင်သည်။ ထိုအခါ လင်မိသားစုလည်း ဆိုးရွားသော အကျိုးဆက်များ ခံစားရနိုင်သည့်အတွက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အနိမ့်ကျဆုံး ‌အ‌နေအအထားဖြင့် နေထိုင်ပြီး လူရှေ့မထွက်တာ အကောင်းဆုံးဟု လင်ဝမ်ရွန် ယူဆသည်။

လုချန်းက ပြုံး၍

“ဟုတ်ပါတယ်။ ဒေါ်လေးကို ခဏ ဒုက္ခခံခိုင်းရ‌တော့မယ်။ အရာရာ အေးချမ်းသွားရင် ဒေါ်လေးကို သင့်တော်တဲ့ အဆင့်အတန်းတစ်ခု ပေးမယ်။”

လင်ဝမ်ရွန်က နှုတ်ခမ်းရွဲ့လိုက်ပြီး

“မလိုပါဘူး။ ဒေါ်လေး အသက်အရွယ်မှာ အဆင့်အတန်းဆိုတာ ဘာအကျိုးရှိမှာလဲ။ ရွန်ရွန့်ကို ကောင်းကောင်းဆက်ဆံတာပဲ ဒေါ်လေးလိုချင်တာ။”

လင်ဝမ်ရွန်က သူမဘာသာ တွေးမိသည်။ ရှနိုင်ငံတော် အေးချမ်းသွားပြီး လုချန်း နန်းတက်သည့်အချိန်တွင် သူမသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်ပင် ဖြစ်နေလိမ့်မည်။ ထိုအချိန်တွင် သူမ အသက်ကြီးနေပြီဖြစ်ပြီး လုချန်းက သူမကို ဆက်လက်နှစ်သက်နေမည်ဆိုလျှင် အံ့အားသင့်စရာပင် ဖြစ်လိမ့်မည်။

လုချန်းက ချန်ဝမ်ရွန်ကို ကောင်းမွန်စွာ ဆက်ဆံပြီး သူတို့၏ကလေးများကို ဂရုစိုက်ပေးလျှင်ပင် သူမအတွက် အလွန် ကျေနပ်စရာဖြစ်လိမ့်မည်။ သူမ အတွက်ကတော့ လုချန်းဘေးမှာနေပြီး ချန်ဝမ်ရွန်၏ ကလေးများကို ကူညီစောင့်‌ရှောက်မည်ဟု စဉ်းစားထားသည်။

လုချန်းက

“ဒေါ်လေးကို အဆင့်အတန်းတစ်ခု ပေးရမယ်။ ပြီးတော့ ဒေါ်လေးရဲ့ အသက်က လုံးဝပြဿနာ မဟုတ်ပါဘူး။ နန်ရန်က အသက်သုံးဆယ်ကျော်နေပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တရားဝင် ဇနီးဖြစ်နေတုန်းပဲ။”

လင်ဝမ်ရွန် နောက်ထပ်မပြောတော့ပဲ လုချန်း၏ဆံပင်ကို ဆက်စည်းပေးလိုက်သည်။

သို့သော် သူမစိတ်ထဲတွင် ဤလူဆိုးလေးက နည်းနည်းတော့ စိတ် ရင်းကောင်းသည်ဟု တွေးမိသည်။ လုချန်းက သူမ၏ ခန္ဓာကိုယ်ကိုသာ စိတ်ဝင်စားပြီး အချိန်အနည်းငယ်ကြာပါက စိတ်ဝင်စားမှုပျောက်ကာ တာဝန်ယူမည်မဟုတ်ဟု သူမယူဆခဲ့သည်။

ထိုအတွေးနှင့်အတူ လင်ဝမ်ရွန်၏ နှလုံးခုန်နှုန်း အနည်းငယ်မြန်လာခဲ့သည်။ သူမသည် လုချန်းဘေးတွင် အမှန်တကယ်ပင် အမြဲနေလိုပြီး သူမ၏ အစ်မယွဲ့အတွက် သူ့ကိုဂရုစိုက်ပေးလိုသည်။

...

အဝတ်အစားများ ဝတ်ဆင်ပြီးနောက် မနက်စာကို မြန်မြန်စားပြီး နိုင်ငံရေးဆိုင်ရာခန်းမသို့ လုချန်း သွားရောက်ခဲ့သည်။

လုချန်း နိုင်ငံရေးဆိုင်ရာခန်းမသို့ ရောက်ရှိချိန်တွင် ကျူးနိုင်ငံတော်မှ သံတမန်များနှင့် မြောက်ပိုင်းပြည်နယ်အရာရှိအများစု ရောက်ရှိနေပြီးဖြစ်သည်။

လုချန်းက သူ၏ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး အောက်တွင်ရှိနေသော ကျူးနိုင်ငံတော်ကိုယ်စားလှယ်အဖွဲ့အား

“ကုန်သွယ်ရေးသဘောတူညီချက်မှာ ထပ်မံဖြည့်စွက်လိုတာများရှိပါသေးလား မုယုံမိန်းကလေး။ မရှိရင် ညှိနှိုင်းပြီးတဲ့ အကြောင်းအရာတွေအတိုင်း လက်မှတ်ရေးထိုးကြပါစို့။”

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် မြောက်ပိုင်းပြည်နယ်မှ ကုန်ပစ္စည်းများသည် ကျူးနိုင်ငံတော်သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်မည်ဖြစ်ပြီး ထိုနည်းတူပင် ကျူးနိုင်ငံတော်မှ ကောက်ပဲသီးနှံများသည်လည်း မြောက်ပိုင်းပြည်နယ်သို့ အခွန်အခ ကင်းလွတ်စွာ ရောက်ရှိလာနိုင်မည်ဖြစ်သည်။

လုချန်းအတွက် အကြီးမားဆုံး အကျိုးကျေးဇူးမှာ ယခုအချိန်မှစ၍ မြောက်ပိုင်းပြည်နယ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ အမည်ဖြင့် ကောက်ပဲသီးနှံများကို တိုက်ရိုက် အမြောက်အမြား ဝယ်ယူနိုင်တော့မည်ဖြစ်ပြီး မိုးစက်ရဲတိုက်မှတစ်ဆင့် လျှို့ဝှက်စွာ ဝယ်ယူရန် မလိုတော့ခြင်းပင်ဖြစ်သည်။

...........

All Chapters