အခန်း ၄၃၀-၄၃၂
Vol. 29 Ch. 430-432
အခန်း (၄၃၀ )
ချူးယုချင် ကိုယ်ဝန်ရခြင်း (၂)
သူမ အိပ်မက် မက်နေသလို ခံစားရပြီး အတော်လေး မယုံနိုင်လောက်အောင် ဖြစ်နေသည်။
လုချန်းသည် သူမမျက်စိ အောက်တွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ယခု သူမက သူ့အတွက်ပင် ကလေးပင် မွေးပေးရတော့မည်ဖြစ်သောကြောင့် သူမ၏ စိတ်အတွင်း၌ ရှက်ရွံ့နေမိသည်။
လူဆိုးလေး လုချန်းက သူမ အသက်ကြီးသည်ကို ဂရုမစိုက်ပေ။ လုချန်းတွင် အသက်ကြီးသော အမျိုးသမီးများ ရှိလင့်ကစား လုချန်းနှင့် လက်ထပ်ခြင်းက ချူးယုချင်အတွက် ထူးဆန်းနေသည်။
သူမသည် လုချန်းကို အမြဲတစေ သူမ၏ မောင်ငယ်တစ်ဦးကဲ့သို့ ဆက်ဆံခဲ့ပြီး ယခု ရုတ်တရက် ထိုလူဆိုးလေးကို ချစ်သူဟု ပြောင်းလဲခေါ်ဝေါ်ရမည်ဖြစ်သည်။ ထိုသို့သော ပြောင်းလဲမှုကို ချက်ချင်း လိုက်လျောညီထွေဖြစ်အောင် နေရန်မှာ သူမအတွက် မလွယ်ကူလှပေ။
ချူးယုချင်၏ အတွေးများသည် ရှုပ်ထွေးနေစဉ်တွင် တံခါးဝမှ အစေခံမလေး၏ အသံ ထွက်ပေါ်လာသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
ထိုအသံကို ကြားသည်နှင့် ချူးယုချင်၏ နှလုံးခုန်နှုန်း ရုတ်တရက် မြန်ဆန်ပြင်းထန်လာပြီး မျက်နှာများနီရဲလာကာ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ မျှော်လင့်ချက်ကြောင့်လား သို့မဟုတ် အလွန်အမင်း စိုးရိမ်ထိတ်လန့်ခြင်းကြောင့်လား သူမ မသိပေ။
မကြာမီ တံခါးဖွင့်သံ ကြားလိုက်ရသည်။ ချူးယုချင်သည် မင်္ဂလာပဝါအောက်တွင် ရှိနေသော်လည်း လုချန်း တဖြည်းဖြည်း အိပ်ရာဆီသို့ ချဉ်းကပ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသောကြောင့် သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံး မထိန်းနိုင်အောင် တုန်ယင်နေသည်။
ထိုအချိန်၌ လုချန်း သူမဘေးတွင် ထိုင်လိုက်သောကြောင့် အိပ်ရာ အနည်းငယ် လှုပ်သွားသည်ကို ခံစားလိုက်ရပြီးနောက် သူက သူမ၏ မင်္ဂလာပဝါကို ကျောက်စိမ်းတုတ်ဖြင့် ဖယ်လိုက်သည်။
မင်္ဂလာပဝါကို ဖယ်ရှားလိုက်သည်နှင့် လုချန်း၏ မျက်လုံးထဲသို့ ရောက်လာသည်မှာ ချူးယုချင်၏ ရှက်ရွံ့စွာ နီမြန်းနေသော ပါးပြင်များဖြစ်၏။ သူမ၏ မျက်နှာ အလွန်နီရဲနေသည်။
ချူးယုချင်သည် တုန်တုန်ယင်ယင်ဖြင့်
“ချန်း... ချန်းလေး။ ဘာလို့ ဒီလောက်စောစော ရောက်လာတာလဲ”
ဟု မေးလိုက်သည်။
လုချန်းသည် သတို့သားဖြစ်သောကြောင့် ဧည့်သည်များကို ဧည့်ခံကာ သောက်စားရဦးမည်ဖြစ်သည်။ သူ သတို့သမီးခန်းသို့ ညအချိန်မှသာ လာသင့်သည်။ သူမတို့၏ မင်္ဂလာ အိပ်ခန်းကို လုချန်းဤမျှ မြန်မြန်ဆန်ဆန် လာရောက်သည့်အတွက် ချူးယုချင် အနည်းငယ် အံ့အားသင့်သွားသည်။
ချူးယုချင်၏ စကားများကို ကြားပြီးနောက် လုချန်းက သူမ၏ အချိုးအစားကျနသော ကိုယ်ခန္ဓာကို ဖက်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြုံး၍
“ကိုယ့်ကို ချန်းလေးလို့ ခေါ်နေတုန်းပဲလား။ အခု ချစ်သူလို့ မခေါ်သင့်ဘူးလား။”
ချူးယုချင် အကာအကွယ်မဲ့ ဖြစ်သွားပြီး လုချန်း၏ မျက်လုံးများကို မရဲတရဲ ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက အသံတိုးတိုးဖြင့်
“ချစ်... ချစ်သူ။”
ထိုသို့ ခေါ်လိုက်သောအခါ ချူးယုချင် သေချင်စိတ်ပင် ပေါက်လောက်အောင် ရှက်ရွံ့မိသည်။ သူမ၏ အခန်းကဏ္ဍအသစ်တွင် အသားမကျနိုင်သေးပေ။
ထို့နောက် ချူးယုချင်က
“ဒါ... ဒါက နေ့ခင်းကြီးပဲ။ တို့ ညအထိ စောင့်ရအောင်လေ။”
ထို့နောက် ချူးယုချင် တုံ့ဆိုင်းသွားပြီး ဆက်မပြော တော့ပေ။
သူ့ရှေ့မှ လှပသော အမျိုးသမီး၏ ရှက်ရွံ့နေသော အမူအရာကို မြင်သောအခါ လုချန်းလည်း တက်ကြွလာသော စိတ်များကို အနည်းငယ်မျှသာ ထိန်းချုပ်နိုင်တော့သည်။ သူက ပြုံး၍
“ညကျရင် ဘာလုပ်ကြမလဲ။ “
“မင်းပြောချင်တာကို ရဲရဲပြောလိုက်ပါ ချစ်သူ။”
ထိုအချိန်တွင် အနည်းငယ် ထူးဆန်းသော ခံစားချက်တစ်ခုကို ချူးယုချင် ခံစားနေရသည်။ လုချန်းက သူမကို စတင် မထိတွေ့ရသေးသော်လည်း သူမ၏ ခန္ဓာကိုယ်က တုန်နေပြီဖြစ်သည်။ သူမ ခေါင်းကို ငုံ့ကာ ဘာမှ ထပ်မပြောတော့ပေ။
ချူးယုချင် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းလည်း သူမကို နောက်ပြောင်လိုစိတ် မရှိတော့ပဲ ချက်ချင်းပင် သူမကို အိပ်ရာပေါ်တွင် လှဲချလိုက်သည်။
ဆယ်စုနှစ်ကျော်ကြာ သူတောင့်တခဲ့ရသော အမျိုးသမီးကို ငုံ့ကြည့်ပြီးနောက် လုချန်း တုံ့ဆိုင်းမနေတော့ပဲ သူမ၏ နီရဲသော နှုတ်ခမ်းများကို နမ်းလိုက်ကာ ချူးယုချင် အမည်ရှိ ထိုလှပသော အမျိုးသမီးကို သိမ်းပိုက်လိုက် တော့သည်။
…
ချူးချင်လီသည် သူမ၏ အိပ်ရာပေါ်တွင် ထိုင်ကာ ဘေးခန်းမှ ထွက်ပေါ်လာသော အသံများကို နားထောင်နေ၏။ သူမ၏ စိတ်နှလုံးလည်း အလွန်လေးလံနေသည်။
သူမ၏ အစ်မကို ထိုလူဆိုးကြောင့် ဘဝတစ်လျှောက်လုံး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ပိတ်မိသွားမည်ကို ချူးချင်လီ အမြဲစိုးရိမ်ခဲ့သည်။ သူမ သူမ၏ အစ်မကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် ထိုလူဆိုးသာ အောင်မြင်သွားခဲ့သည်။
ထိုလူဆိုး အောင်မြင်ရုံ သာမက သူမကိုယ်တိုင်ပင် ပါဝင်ပတ်သက်ခဲ့ရသည်။
သူမ၏ အစ်မ၏ အသံများကို ကြားသောအခါ သူမ၏ အစ်မ ထိုလူဆိုးကို အမှန်တကယ် နှစ်သက်နေနိုင်သည်ဟု ချူးချင်လီ မတွေးပဲ မနေနိုင်တော့ပေ။ မဟုတ်ပါက ထိုသို့သော အသံများ ထွက်ပေါ်လာမည် မဟုတ်ပေ။
သို့သော်လည်း လုချန်းနှင့် ထိတွေ့ဆက်ဆံခဲ့သော မည်သည့် အမျိုးသမီးမဆို ထိုသို့ ဖြစ်သွားပုံရသည်။ သူမကိုယ်တိုင်ပင် တစ်ချိန်က...
ထိုအတွေးများနှင့်အတူ ချူးချင်လီ၏ စိတ်ထဲတွင် လုချန်းနှင့် သူမ “ အပေးအယူ” အကြိမ်တစ်ရာကျော် ပြုလုပ်ခဲ့သည့် မှတ်ဉာဏ်များ ဝင်ရောက်လာသည်။
ထိုပုံရိပ်များသည် သူမ၏ ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်လာသည်။
ချူးချင်လီ ပို၍ တွေးလေ သူမ၏ မျက်နှာသည် ပို၍ ပူလာလေဖြစ်ပြီး သူမ၏ တစ်ကိုယ်လုံးလည်း မခံမရပ်နိုင်လောက်အောင် ပူနွေးလာသည်။ သူမ နောက်ထပ် သည်းမခံနိုင်တော့ပဲ သူမ၏ ခေါင်းမှ မင်္ဂလာပဝါကို တိုက်ရိုက် ဖယ်ရှားလိုက်သည်။
ထိုအခြင်းအရာကို မြင်သောအခါ သူမဘေးမှ အစေခံမလေးလည်း ကြောက်လန့်သွားသည်။ ဓလေ့ထုံးစံအရ သတို့သားသာ မင်္ဂလာပဝါကို ချွတ်ရမည်ဖြစ်၏။ ချူးချင်လီက ဘာလို့ သူ့ဘာသာသူ ချွတ်ရတာလဲ။
အစေခံမလေးက အလျင်အမြန်ပင်
“ မင်္ဂလာပဝါကို မချွတ်သင့်ပါဘူး ချူးသခင်မ။ မင်းသား ရောက်လာပြီး မြင်သွားရင် ဒေါသထွက်မှာ သေချာပါတယ်။”
အစေခံမလေး၏ စကားများကို ကြားသောအခါ ချူးချင်လီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“သူ့ကိုစောင့်ရမယ်တဲ့လား။ ဒီည သူ ငါ့အခန်းကို လာမယ်လို့ မထင်ဘူး”
ဟု ပြောလိုက်သည်။
လုချန်း မည်မျှ အားကောင်းသည်ကို သူမ ကောင်းစွာ သိထားသောကြောင့် သူမ၏ အခန်းသို့ ဤမျှ မြန်မြန် လာရောက်မည်ဟု ချူးချင်လီ မယုံကြည်ပေ။ လုချန်း တစ်ညလုံး မလာပဲ နေပါက သူမသည် ယနေ့နေ့လည်ခင်းမှစ၍ တစ်ညလုံး မင်္ဂလာပဝါကို ဝတ်ဆင်ထားရမှာလား။ သူမ အသက်ရှူကြပ်လိမ့်မည်။
ဘေးခန်းမှ မရပ်မနား ထွက်ပေါ်နေသော အသံများကြောင့် သူမ မခံမရပ်နိုင်အောင် ပူပြင်းနေပြီဖြစ်ရာ ပဝါဖြင့် ဆက်လက်ဖုံးထားပါက သူမ၏ မင်္ဂလာဆောင်ဝတ်စုံ ချက်ချင်းပင် ချွေးများ စိုရွှဲသွားမည်မှာ သေချာသည်။
အစေခံမလေးက ဆက်၍ တောင်းပန်သည်။ “မင်းသား မလာရင်တောင် ဒီလိုမျိုး ချွတ်လို့ မရပါဘူး ချူးသခင်မ။တစ်ယောက်ယောက် သိသွားရင် ဘယ်လိုလုပ်မလဲ။”
ချူးချင်လီသည် ဂရုမစိုက်ဟန်ဖြင့်
“နင် မပြောဘူး၊ ငါလည်း မပြောဘူးဆိုရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး”
ဟု ပြောလိုက်သည်။
“ကျွန်မ...”
...........
အခန်း( ၄၃၁ )
ချူးယုချင် ကိုယ်ဝန်ရခြင်း (၃)
အစေခံမိန်းကလေးလည်း ချူးချင်လီ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို နားမလည်နိုင် ဖြစ်သွားသည်။ သူမ စိတ်ပိုင်းဖြတ်ထားပုံ ရသည်ကို မြင်တွေ့ရသောအခါဆက်တိုက်တွန်းရန် မတတ်နိုင်တော့ပေ။ ယခု သူမမျှော်လင့်နိုင်သည်မှာ ဒီကိစ္စ မင်းသားထံ မရောက်ရှိစေရန်သာ ဖြစ်သည်။ သိမဟုတ်ပါက သူမပါ အပြစ်ဒဏ်ခံရ နိုင်သည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။
နေ့လည်အချိန်တွင် မုကျိရွှမ်းတို့ တောင်ဘက်အဆောင်သို့ ဖြတ်သန်းသွားစဉ် အဆောင်အတွင်းမှ မပီမသအသံများ ထွက်ပေါ်နေသဖြင့် သူတို့၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားကြသည်။
အတွင်းဆောင်ရှိ မိန်းမအားလုံး လုချန်း၏ ချူးယုချင်အပေါ် စွဲလန်းမှုကို သိရှိထားကြသည်။ နောက်ဆုံးတွင် သူ၏ဆန္ဒပြည့်ဝသွားသည်ကို မြင်ရသဖြင့် သူ၏ဇနီးများလည်း ဝမ်းမြောက်နေကြသည်။
ထိုပြင် ချူးညီအစ်မ နှစ်ဦး အတွင်းဆောင်သို့ ဝင်ရောက်လာခြင်းက သူတို့အတွက်လည်း ဝမ်းသာစရာ သတင်းကောင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တာဝန်များကို မျှဝေထမ်းဆောင်ရန် လူနှစ်ဦး ပိုမိုရရှိလာသောကြောင့်ဖြစ်သည်။
...
ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များသည် အမြဲတစေ လျင်မြန်စွာ ကုန်လွန်သွားတတ်၏။ နေ့လည်ပိုင်း ကုန်လွန်သွားသော်လည်း လုချန်း၏ ပျော်ရွှင်မှုကတော့ လုံးဝကုန်ဆုံးသွားခြင်း မရှိသေးပေ။
မုကျိရွှမ်းတို့ ပင်မဆောင်တွင် လက်ဖက်ရည်သောက်နေရင်း ကောင်းကင်ယံ၌ နီရဲလာသော နေဝင်ဆည်းဆာရောင်ကို မြင်တွေ့လာကြသည်။
မုကျိရွှမ်းက ပြုံး၍
“အခုဆို ပြီးသွားပြီလောက်ပြီနဲ့တူတယ်”
ဟု ဆိုလိုက်သည်။
“ဒီညတော့ မင်းသားကို ကောင်းကောင်း အားဖြည့်ပေးဖို့ လိုမယ်။”
မုကျိရွှမ်း၏စကားကို ကြားလိုက်ရသောအခါ အခြားမိန်းမများလည်း သူမ၏ဆိုလိုရင်းကို ကောင်းစွာနားလည်ကြသည်။
ရဲလိနန်ရန်က
“မင်းသားအကြောင်း အစ်မသိသလောက်ဆိုရင်တော့ ဒီညညစာကို သူ ယုချင်ရဲ့အခန်းမှာပဲ စားလိမ့်မယ်ထင်တယ်”
ဟု ရယ်မောကာ ပြောလိုက်သည်။
ရဲလိနန်ရန်သည် လုချန်း၏ စွမ်းရည်များကို အကောင်းဆုံး နားလည်ထားသူဖြစ်သည်။ မုကျိရွှမ်းသည် လုချန်းနှင့် ပထမဆုံး လက်ထပ်ခဲ့ပြီး သူ့နှင့် အတူ အကြာဆုံး အချိန်ကုန်ဆုံးခဲ့သော်လည်း သူမနှင့် ကျောင်းညီအစ်မတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ထိုသုံးဦးနှင့် ဆက်ဆံရာတွင် လုချန်းသည် သူ့၏ အစွမ်းအစ အပြည့်အဝကို ဘယ်သောအခါကမှ ထုတ်မသုံးခဲ့ပေ။
သို့သော် ရဲလိနန်ရန်နှင့်မူ ကွဲပြားသည်။
သူမသည် ထိပ်သီတစ်ဝက် အဆင့်ဖြစ်ပြီး သူမ၏ ဝါဂွမ်းကဲ့သို့ နူးညံ့နွေးထွေးသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါ လုချန်း သူမထံ သွားရောက်လည်ပတ်သည့်အခါ သူ၏ စွမ်းအားအစစ်အမှန် အမြဲတစေ ဖုံးကွယ်လေ့မရှိပေ။
ထို့ကြောင့် လုချန်း ချူးယုချင်၏ အခန်းထဲတွင် ရှိနေနိုင်ခြေ အလွန်များသည်ဟု ရဲလိနန်ရန်ယုံကြည်သည်။ ရဲလိနန်ရန်၏ မှတ်ချက်ကို ကြားပြီးနောက် မုကျိရွှမ်းက ခဏခန့် စဉ်းစားပြီး
“မင်းသား ထွက်လာသည်ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ ကြိုတင် ပြင်ဆင်ထားကြရအောင်။”
ဆက်လက်၍ မုကျိရွှမ်းက အစေခံမလေးတစ်ဦးကို ညွှန်ကြားလိုက်သည်။
“ရှောင်ရိုး။ မီးဖိုချောင်ကိုသွားပြီး မင်းသားအတွက် အားတိုးစေမယ့် ဟင်းလျာတွေ ပြင်ခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့။”
ရှောင်ရိုး ထွက်သွားပြီးနောက် မုကျိရွှမ်းက အခြား အစေခံမလေးတစ်ဦးကို အမိန့်ပေးလိုက်သည်။
“ချင်းအာ။ တောင်ဘက်ဆောင်ကိုသွားပြီး မင်းသား ပြီးသွားပြီလား သွားကြည့်လိုက်ပါ။”
“ဟုတ်ကဲ့ သခင်မလေး။”
အစေခံမလေးများကို ညွှန်ကြားပြီးနောက် ထိုအမျိုးသမီးများလည်း လက်ဖက်ရည် ဆက်လက် သောက်သုံးနေကြသည်။
ခဏအကြာတွင် ချင်းအာ ပြန်လာပြီး
“ မင်းသားက အလုပ်များနေတုန်းပါပဲ သခင်မ။”
ထိုအခါ မုကျိရွှမ်း တီးတိုးရေရွတ်လိုက်သည်။
“ဒီည မင်းသား တောင်ဘက်ဆောင်ကနေ ထွက်လာမှာ မဟုတ်ဘူးနဲ့ တူတယ်။”
…
မုကျိရွှမ်း ထင်ခဲ့တာ မမှားပေ။ လုချန်းသည် တစ်ညလုံး တောင်ဘက်ဆောင်မှ မထွက်ခဲ့ရုံသာမက ချူးယုချင်၏ အခန်းထဲမှပင် ခြေတစ်လှမ်းမျှ မခွာခဲ့ပေ။
ဘေးခန်းမှ ချူးချင်လီလည်း အလွန်တုန်လှုပ်ချောက်ချားနေပြီး ဓားတစ်လက်ဆွဲကာ လုချန်းကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်လိုစိတ်များပင် ပေါ်ပေါက်နေသည်။
သူမ၏ အခန်းထဲတွင် တစ်ညလုံး နားထောင် နေရပြီး အလွန်အမင်း စိတ်ဆင်းရဲခဲ့ရသော်လည်း လုချန်းက သူမထံ မလာခဲ့ပဲ သူမ၏ အစ်မကိုသာ ဒုက္ခပေးရန် ရွေးချယ်ခဲ့သည်။
အရုဏ်ဦးတွင်။
မုကျိရွှမ်း ထလာပြီးနောက် မီးဖိုချောင်သွား၍ နံနက်စာ ပြင်ဆင်ခိုင်းကာ လုချန်း နိုးလာသည်နှင့် တပြိုင်နက် အစေခံမလေးများအား တောင်ဘက်ဆောင်သို့ သွားပို့ခိုင်းရန် စီစဉ်ခဲ့သည်။
မုကျိရွှမ်းသည် သူမ၏ ကလေးကို ချီလျက် အဆောင်ငယ် တစ်ခုထဲတွင် မနက်လေညင်းကို ခံစားရင်း ရပ်နေသည်။ ထိုအခိုက် အစေခံမလေးတစ်ဦး သူမထံ ချဉ်းကပ်လာပြီး
“မင်းသားက အလုပ်များနေတုန်းပါပဲ သခင်မ။”
ဒါက...
အစေခံမလေး၏ စကားများကို ကြားပြီးနောက် မုကျိရွှမ်း အံ့အားသင့်သွားသည်။ နေ့ခင်းတစ်ခုလုံးနှင့် တစ်ညလုံး ကုန်ဆုံးသွားတာတောင် လုချန်းက အလုပ်မပြီးသေးဘူးလား။
ထို့နောက် မုကျိရွှမ်းက
“ပြင်ဆင်ထားတဲ့ အစားအစာတွေကို တခြားဆောင်တွေကို ပို့လိုက်ပါ။ ပြီးတော့ မင်းသားအတွက် နောက်တစ်ခု လုပ်ပေးလိုက်ပါ။”
လုချန်းသည် အလုပ်မပြီးသေးသောကြောင့် အခု ပြင်ဆင်ထားသော အစားအစာများကို သူ့အတွက် ချန်ထားရန် မဖြစ်နိုင်တော့ပေ။ မင်းသားတစ်ပါးအနေနှင့် လတ်ဆတ်သော အစားအစာများကိုသာ စားသုံးသင့်သည်။
...
နေ့လယ်ခင်း။
မုကျိရွှမ်း နေ့လယ်စာ စားပြီးနောက် လုချန်းကို သတိရလာကာ အစေခံမလေးအား
“ရှောင်ရိုး။ မင်းသား နိုးပြီလား သွားကြည့်လိုက်ပါဦး။”
ထိုစကားကို ကြားသည်နှင့် အစေခံမလေးလည်း အလျင်အမြန် တောင်ဘက်ဆောင်သို့ သွားလိုက်သည်။ ခဏအကြာတွင် အစေခံမလေး ရှောင်ရိုး ပြန်လာသည်။
ရှောင်ရိုးက မျက်နှာရဲရဲဖြင့်
“ မင်းသားက အလုပ်များနေတုန်းပါပဲသခင်မ။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်းဘေးတွင် ထိုင်နေသော ကျောင်းညီအစ်မတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
အလုပ်များနေတုန်းလား။
တစ်နေကုန်သွားပြီ မဟုတ်ဘူးလား။
ကျောင်းယိုယိုက
“ ပြဿနာ တစ်ခုခုများ ဖြစ်နေတာလား အစ်မကျိရွှမ်း”
ဟု မေးလိုက်သည်။
မုကျိရွှမ်းက ခဏခန့် စဉ်းစားပြီး အနည်းငယ် မသေချာသော လေသံဖြင့်
“မင်းသားက သူ့ရဲ့ အတိုင်းအတာကို သိမှာပါ။ ဘာပြဿနာမှ မရှိလောက်ပါဘူး။”
ဤသို့ဖြင့် အမျိုးသမီးများလည်း ထိုကိစ္စကို စိတ်ထဲတွင် မထားကြတော့ပေ။
ညနေခင်း။
ညစာစားချိန်တွင် အမျိုးသမီးများသည် တောင်ပိုင်းဆောင်တွင် ရှိနေသေးသော လုချန်းကို ပြန်သတိရမိကြသည်။
ပုံမှန်အားဖြင့် သူတို့အားလုံးသည် လုချန်း ပြန်လာမှ ညစာကို အတူတကွ စားလေ့ရှိသည်။ စားပွဲပေါ်ရှိ အာဟာရပြည့်ဝသော အစားအစာများကို ကြည့်ရင်း မုကျိရွှမ်းက အစေခံမလေးအား
“မင်းသား နိုးပြီလား သွားကြည့်လိုက်ပါဦးချင်းအာ။”
မုကျိရွှမ်း စကားဆုံးသည်နှင့် ရဲလိနန်ရန်
ခန်းမထဲ့သို့ ဝင်လာသည်။
သူမကပြုံး၍
“ချင်းအာ သွားစရာ မလိုတော့ဘူး။ ခုနက တောင်ဘက်ဆောင်ကို ဖြတ်လာခဲ့တုန်းက မင်းသားက အလုပ်များနေတုန်းပဲ။”
“မင်းသား ...သူ...”
မုကျိရွှမ်း တစ်ခုခု ပြောချင်သွားသော်လည်း သူမ၏ ပါးစပ်မှ မထွက်လာမီ စကားလုံးများကို မြိုချလိုက်သည်။ ခဏအကြာတွင် သူမက
“မင်းသား ဒီည ပြန်မလာတော့ဘူးဆိုတော့ အရင် စားကြရအောင်။ နောက်မှ မင်းသားအတွက် အသစ်ထပ်လုပ်ခိုင်းလိုက်မယ်။”
ထိုအတောအတွင်း။
တောင်ဘက်ဆောင်။
တောင်ဘက်ဆောင် တိတ်ဆိတ်သွားခဲ့သည်။ တစ်ညနှင့် တစ်နေ့တာလုံး ဆူညံပြီးနောက် ယခု အထူး ငြိမ်းချမ်းနေပုံရသည်။ လုချန်းသည် ချူးယုချင်၏ကျောပေါ်တွင် လှဲလျောင်းနေရင်း စနစ်၏အသိပေးချက်များကို စစ်ဆေးနေသည်။
[ဇနီးတစ်ဦး ရရှိသောကြောင့် ဂုဏ်ယူပါသည်။ သံရည်ကြိုနည်းပညာ ၂.၀ မျိုးဆက်ကို ဆုချီးမြှင့်ပါသည်။]
[သခင်နှင့် ဇနီးကြား ချစ်ခင်ရင်းနှီးမှု လေ့ကျင့်ခဲ့ပြီး အတွင်းအားမန္တာန်ကျင့်စဉ်အတွက် အတွေ့အကြုံအမှတ် ၁၀၀၀၊ ပြန်လည်သန်စွမ်းစေသောစွမ်းအား ၁၀၀၀၊ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ၁၀၀၀၊ စုပ်ယူခြင်းနည်း ၁၀၀၀၊ အလင်းအရိပ်ကျင့်စဉ် ၁၀၀၀ ရရှိခဲ့သည်။ သခင်နှင့် ဇနီးကြား ချစ်ခင်မှု တိုးပွားလာခြင်းကြောင့် အတွေ့အကြုံအားလုံး ဆယ်ဆ တိုးမြင့်လာပြီး စုပ်ယူခြင်းနည်းပညာသည် ဒုတိယအဆင့်သို့ တိုးတက်သွားကာ သခင်၏ စွမ်းအားကို အဆင့်လွန် ပညာရှင်အထွတ်အထိပ် အဆင့်သို့ မြှင့်တင်ပေးပါသည်။]
[သခင်သည် ချူးယုချင်ကို ကိုယ်ဝန်ဆောင်စေ နိုင်သောကြောင့် ဂုဏ်ယူပါသည်။ ရေနွေးငွေ့စက် ထုတ်လုပ်ရေးပုံစံဖြင့် ဆုချီးမြှင့်ပါသည်။]
[သခင်နှင့် ဇနီးကြား စိတ်နှလုံး တစ်သားတည်းဖြစ်ခြင်း အကြိမ် ၂၀ ရရှိခဲ့သောကြောင့် မီးရထားထုတ်လုပ်မှုပုံစံ၊ မြေသြဇာထုတ်လုပ်ရေးနည်းပညာနှင့် စွမ်းအားတိုးဆေးလုံး ၂၀ တို့ဖြင့် ဆုချီးမြှင့်ပါသည်။]
စာသားများစွာကို မြင်သောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။
သူသည် မနေ့က တစ်နေ့လုံး အရေးကြီးသော ကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့ပြီး စနစ်၏ အကြောင်းကြားချက်အသံကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ အရေးကြီး ကိစ္စများ ပြီးဆုံးပြီးနောက် ဤမျှ များပြားသော အရာများကို ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
............
အခန်း (၄၃၂)
လုချန်း ပျက်စီးသွားပြီလား (၁)
စနစ်မျက်နှာပြင်ပေါ်ရှိ စွမ်းအားတိုး ဆေးလုံးကို မြင်လိုက်သည်နှင့် ထိုဆေးလုံး၏ အသုံးပြုပုံကို စိတ်ဝင်စားသွားသောကြောင့် ချက်ချင်း နှိပ်၍ အချက်အလက်များကို ကြည့်ရှုလိုက်သည်။
[စွမ်းအားဆေးလုံး: သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရှိ အဓိကသွေးကြောများကို သန်မာစေပြီး သိုင်းပညာရှင်များ၏ စွမ်းအားတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်သည်။]
စွမ်းအားတိုးဆေးလုံး အကြောင်းကို ဖတ်ပြီးနောက် လုချန်း ခဏမျှ မှင်တက်သွားသည်။ တကယ်ပဲ ဒီလောက် လွယ်ကူလား။
သိုင်းပညာရှင်၏ စွမ်းအားတိုးတက်မှုကို အရှိန်မြှင့်ပေးသည်ဟုသာ ဖော်ပြထားပြီး မည်မျှထိရောက်မှုရှိသည်ကို အတိအကျမဖော်ပြထားပေ။ ဤဆေး မည်မျှတန်ဖိုးရှိသည်ကို သူမည်သို့သိရမည်နည်း။
ပြဿနာ မရှိပါ။ တစ်စုံတစ်ယောက် အသုံးပြုပြီးပါက ဤဆေးလုံးသည် မည်မျှ တန်ဖိုးရှိသည်ကို သိလာလိမ့်မည်။ သူတို့ အသုံးပြုခဲ့သော အလှထိန်းဆေးလုံး၏ အာနိသင် အလွန်ကောင်းမွန်သောကြောင့် ဤအတွင်းအားဆေးလုံး၏ အာနိသင်သည်လည်း များစွာ မကွာခြားသင့်ပေ။
ထိုအချိန်တွင် လုချန်းက ချူးယုချင်၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
သိုင်းပညာရှင်များသည် ကိုယ်ဝန်ရရန် ခက်ခဲသည်ဟု ဆိုကြပြီး သူ၏ အခြားသော စွမ်းအားမြင့်မားသည့် ဇနီးများသည် ယခုအချိန်အထိ သူ့သားသမီးကို မဖွားမြင်နိုင်သေးပေ။ သို့သော် ချူးယုချင်ကတော့ သူတို့နှင့် လုံးဝ ကွဲပြားခြားနားသည်။
ထိပ်သီးပညာရှင် တစ်ဝက်အဆင့်ရှိသော ချူးယုချင်သည် သူတို့ ပထမဆုံး အတူနေပြီးချိန်တွင်ပင် သူ့ကလေးကို လွယ်ထားရပြီဖြစ်သည်။
သိုင်းပညာရှင်များအကြား ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကွာခြားမှု ကြီးကြီးမားမား ရှိပုံရပြီး အချို့သောမိန်းမများသည် သဘာဝအားဖြင့် ကိုယ်ဝန်ဆောင်ရန် လွယ်ကူသည်ဟု ထင်ရသည်။
အိပ်ရာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ လဲလျောင်းနေသော ချူးယုချင်လည်း သူမ၏ဆံပင်များ ထိတွေ့ခံနေရသည်ကို သတိပြုမိပြီး အားနည်းသောအသံဖြင့် ပြောလိုက်သည်။
“ချန်း... ချန်းလေး... တော်တော့။”
လုချန်းက ပြန်လည်သန်စွမ်းစေသော စွမ်းအားဖြင့် ကုသပေးခဲ့သောကြောင့် နာကျင်မှုကို မခံစားခဲ့ရသော်လည်း သူမ၏ အားအင်ကုန်ခမ်းမှုကတော့ အမှန်တကယ်ပင် ဖြစ်သည်။ သူမသည် ထိပ်သီးအဆင့်တစ်ဝက်သာ ဖြစ်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးကို သူမ မည်သို့ ယှဉ်နိုင်မည်နည်း။
ထိုအချိန်တွင် ချူးယုချင်၏ အာရုံများ လုံးဝ ဝေဝါးနေပြီး မည်သည့်အရာကိုမှ စဉ်းစားနိုင်စွမ်း မရှိတော့ကြောင်း ခံစားလိုက်ရသည်။
မင်းသားစံအိမ်၏ အတွင်းဆောင်ကို သူမ လှည့်လည်စစ်ဆေးစဉ်က အချို့သော အသံများကို အမြဲကြားနေရသည့် အကြောင်းရင်းကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဒါကြောင့် ဒီလို ဖြစ်ရတာပဲ။
ဒီအတိုင်း ဆက်သွားပါက သူမသည် လုံးဝ သတိလစ်သွားနိုင်သည်ဟု ချူးယုချင် ခံစားလိုက်ရသည်။
ချူးယုချင်၏ စကားကို ကြားပြီးနောက် လုချန်းက ရယ်လိုက်ပြီး သူမ၏ နားနားသို့ကပ်၍
“ခုနက ဘယ်လိုခေါ်လိုက်တာလဲ ယုချင်”
ဟု မေးလိုက်သည်။
“နာမည်မှားခေါ်ရင် အပြစ်ပေးခံရမယ်ဆိုတာ သိတယ်မဟုတ်လား။”
သူမ၏ နားထဲမှ အသံကို ကြားလိုက်သောအခါ ချူးယုချင်၏ နူးညံ့သော ခန္ဓာကိုယ် မထိန်းနိုင်ပဲ တုန်ယင်သွားသည်။
အပြစ်ပေးမယ်။ ဘယ်လို အပြစ်ပေးမှာလဲ။
ဒါကိုပြောတာလား...
ကြောက်လန့်သွားသော ချူးယုချင်က
“ကျွန်မ မှားသွားပါတယ် ချစ်သူ...”
ဟု အလျင်အမြန် ပြောလိုက်သည်။
ချူးယုချင် ချက်ချင်း ရှက်သွေးဖြာသွားသည်ကို မြင်သောအခါ လုချန်းက သူမ၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး ဆက်လက်၍ မစနောက်တော့ပဲ
“မင်း တကယ်ပဲ အကျင့်မပြောင်းနိုင်ဘူးဆိုရင် နောင်လည်း ကိုယ့်ကို ချန်းလေးလို့ ဆက်ခေါ်လို့ရတယ်။ ကိုယ် အဲ့ဒီနာမည်ကို ကြိုက်တယ်။ နားထောင်လို့လည်း ကောင်းတယ်။”
ထိုစကားကို ကြားလိုက်သောအခါ ချူးယုချင်၏ မျက်နှာ ချက်ချင်းပင် ပူနွေးလာပြီး လုချန်း၏ စနောက်လိုသော ရည်ရွယ်ချက်ကို သိသွားသည်။ ဒီလူဆိုးလေးက သူမကို အရှက်ခွဲလိုရုံသာ ဖြစ်သည်။
သူမက လုချန်းကို ‘ချန်းလေး’ ဟု ဆက်လက်ခေါ်နေပါက သူမသည် လုချန်းကို အစ်မတစ်ဦး၏ ရှုထောင့်မှ ကြည့်နေသေးသည်ဟု ဆိုလိုသည်။ အစ်မတစ်ဦးက လုချန်းရှေ့တွင် ထိုကဲ့သို့ပြုမူခြင်းက သင့်တော်မှုမရှိဟု ဆိုလိုတာမဟုတ်လား။
ထိုအချိန်တွင် ချူးယုချင်က နှာခေါင်းရှုံ့လိုက်ပြီး
“မင်း စိတ်ထဲမှာ ဘယ်လို ဆိုးညစ်တဲ့ အတွေးတွေ ရှိနေလဲဆိုတာ မသိဘူးလို့ မထင်နဲ့။”
လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး
“ကိုယ့်မှာ ဘယ်လို အတွေးတွေ ရှိ နေလို့လဲ” ဟု ပြန်ပြောလိုက်သည်။
ထိုအခါ ချူးယုချင်က
“ထတော့၊ ထတော့။ ချင်လီက ဟိုဘက်အခန်းမှာ မင်းကို စောင့်နေတယ်။”
လုချန်းက
“ညကမှောင်ရုံရှိသေးတယ်။ အလျင်စလို လုပ်စရာ မလိုပါဘူး။”
ထိုစကားကို ကြားသောအခါ ချူးယုချင် စိတ်အနည်းငယ် အနှောင့်အယှက်ဖြစ်သွားပြီး
“ညကမှောင်ရုံရှိသေးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်း တို့ကို အရူးလို့ ထင်နေတာလား။ ဒါ နောက်တစ်နေ့ ညပဲ”
ဟု ချက်ချင်း ပြောလိုက်သည်။
မနေ့က နေ့လည်မှစ၍ လုချန်း၏ ဆိုးသွမ်းမှု မပြီးဆုံးမီအထိ သူမ၏အာရုံးများ အများအားဖြင့် ဝေဝါးနေသော်လည်း အကြိမ်အနည်းငယ်တော့ သတိပြန်ဝင်ခဲ့သည်။ ယခု နောက်တစ်နေ့ ရောက်နေပြီ ဖြစ်ကြောင်း သူမသိခဲ့သည်။
ယခုအချိန်အထိ သူမမည်သို့ ခံနိုင်ရည်ရှိခဲ့သည်ကိုလည်း ချူးယုချင် ခန့်မှန်းနိုင်သည်။ ထိုလူဆိုးလေးက ထာဝရ တန်ခိုးရှင်၏ နည်းလမ်းဖြင့် သူမကို အနည်းငယ်မှပင် မအီမသာဖြစ်စေပဲ ဒဏ်ရာများကို ကုသပေးနိုင်သည်။ ထို့ကြောင့် ယခုအချိန်အထိ ခံနိုင်ရည်ရှိနေခြင်းက မထူးဆန်းပေ။
ချူးယုချင်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး သူမ၏ နားနားကပ်၍
“ကိုယ့်မိန်းမ ရူးသွားပြီထင်ပြီး နောက်တစ်နေ့ ရောက်နေပြီဆိုတာ မသိလောက်တော့ဘူးလို့ ထင်ခဲ့တာ။ မင်း သိသွားလိမ့်မယ်လို့ မထင်ထားဘူး။”
ထိုအချိန်တွင် ချူးယုချင်က
“ချင်လီလည်း မင်းကို လက်ထပ်ပြီးသားပဲ။ သူ့ကို့အခန်းထဲမှာ တစ်ရက်တစ်ညလုံး တစ်ယောက်တည်း စောင့်ခိုင်းထားတာ။ အဲ့ဒီသတင်း ပျံ့နှံ့သွားရင် သူ့ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ မင်း သူ့အခန်းကို အမြန်သွားတာ ကောင်းမယ်။”
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးလက်ထပ်ပြီး သတို့သားက မင်္ဂလာအခန်းသို့ တစ်ရက်တစ်ညလုံး မဝင်ရောက်ဘူးဆိုသောသတင်း ပျံ့နှံ့သွားပါက လူအများက ထိုအမျိုးသမီးတွင် တစ်ခုခု မှားယွင်းနေသည်ဟု ထင်ကောင်းထင်နိုင်ကြသည်။
လုချန်းက
“ကောင်းပြီလေ။ မင်း ကောင်းကောင်း အနားယူတော့။ ကိုယ် အခု သူ့အခန်းကို သွားမယ်။”
ထိုသို့ပြောပြီးနောက် လုချန်းလည်း ချူးယုချင်၏ အခန်းမှ ထွက်သွားရန် သဘောတူလိုက်သည်။
သူ ချူးယုချင်ထံမှ ထလာပြီးနောက် အဝတ်အစား ဝတ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ချူးယုချင်လည်း တဖြည်းဖြည်း လှည့်လာပြီး ထ၍ လုချန်းအား ကူညီရန် ကြိုးစားသော်လည်း သူမ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်တွင် အားအင်မရှိကြောင်း သိလိုက်ရသည်။
ချူးယုချင် ထထိုင်ရန် ကြိုးစားသော်လည်း ပြန်လဲကျသွားသည်ကို မြင်သောအခါ လုချန်းက ရယ်မောလျက်
“မင်း ကောင်းကောင်း အနားယူတာ ကောင်းမယ်။ ကိုယ့်ကိုယ်ကို အလွန်အကျွံ မပင်ပန်းစေနဲ့။”
ထိုစကားကို ကြားသောအခါ ချူးယုချင်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး လုချန်းကို အပြစ်တင်သော မျက်နှာဖြင့် ကြည့်ကာ
“ဒါ မင်းကြောင့်ပဲ။ တို့မှာ ဘာအားအင်မှ မကျန်တော့ဘူး။”
လုချန်းက ရယ်မောလိုက်ပြီး ချူးယုချင်ကို ထပ်၍ မစနောက်တော့ဘဲ အဝတ်ကို အလျင်အမြန် ဝတ်ဆင်ပြီးနောက် ချူးချင်လီ၏ အခန်းသို့ တိုက်ရိုက် သွားလိုက်သည်။
လုချန်း ချူးချင်လီ၏ အခန်းသို့ ရောက်သောအခါ သူမသည် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ချူးချင်လီ၏ အစေခံမလေးလည်း ဘေးတွင် ကုတင်ကို မှီ၍ အိပ်ပျော်နေကြသည်။
...........