အခန်း ၄၃၃-၄၃၅
Vol. 29 Ch. 433-435
အခန်း (၄၃၃ )
လုချန်း ပျက်စီးသွားပြီလား (၂)
ထိုမြင်ကွင်းကို မြင်သောအခါ လုချန်း ခဏမျှ မှင်တက်သွားပြီး ညက သူတို့နှစ်ဦးစလုံး မအိပ်ရခဲ့သည်ကို သတိရသွားသည်။
ထိုအချိန်တွင် အစေခံမလေးက ရုတ်တရက် နိုးလာပြီး အခန်းထဲ၌ လုချန်း ရောက်နေသည်ကို မြင်သောအခါ ကြောက်လန့်သွားသည်။
သူမသည် လုချန်းနှင့် ချူးချင်လီတို့၏ အိမ်ထောင်ရေးကိစ္စများအတွက် တာဝန်ယူရန် ခေါ်ဆောင်လာသော မင်္ဂလာလက်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါလာသည့် အစေခံမလေးဖြစ်၏။ သို့သော် သူမ၏ သခင် မင်္ဂလာခန်းသို့ မဝင်ရောက်မီ သူမကိုယ်တိုင် ကုတင်ဘေးတွင် အိပ်ပျော်သွားခဲ့သည်။
အစေခံမလေးလည်း ချက်ချင်း အလွန်တုန်လှုပ်သွားပြီး လုချန်းအား တောင်းပန်ရန် အလျင်အမြန် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
သို့သော် သူမ ဒူးထောက်ရန် ပြင်လိုက်စဉ်တွင် သူမ၏ ခန္ဓာကိုယ်အား နားမလည်နိုင်သော အင်အားတစ်ခုဖြင့် ဆွဲတင်ခံလိုက်ရပြီး မမြင်နိုင်သော လက်များက သူမ၏ ပါးစပ်ကို ပိတ်ထားသကဲ့သို့ အသံပင် မထွက်နိုင်တော့ကြောင်း တွေ့ရှိလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသား ဒေါသထွက်နေပြီး သူမကို ထိုနေရာတွင်ပင် စီရင်တော့မည်ဟု တွေးကာ အလွန်အမင်း စိုးရိမ်သွားသည်။
သို့သော် ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားက သူ၏ လက်ညှိုးကို နှုတ်ခမ်းပေါ်သို့ တင်ကာ “ရှူး” ဟု အမူအရာပြသည်ကို သူမ မြင်လိုက်ရသည်။
ထိုအခါမှ အစေခံမလေးလည်း မြောက်ပိုင်းနယ်စားမင်းသားက သူမကို သတ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ပဲ အိပ်မောကျနေသော ချူးချင်လီ နိုးသွားမည်ကို စိုးရိမ်၍ အသံမထွက်စေလိုခြင်းသာ ဖြစ်ကြောင်း နားလည်သွားသည်။
အစေခံမလေးလည်း ထိုအခါမှ စိတ်တည်ငြိမ်မှု ရသွားသည်။ ထို့နောက် လုချန်းက အစေခံမလေးအား ခပ်တိုးတိုး ပြောလိုက်သည်
“အရင် သွားနားတော့။”
အစေခံမလေးလည်း စကားမပြောပဲ လုချန်းကို ဦးညွှတ်ကာ တိတ်တဆိတ် ခြေဖျားထောက်၍ အခန်းထဲမှ ထွက်သွား တော့သည်။
အစေခံမလေး ထွက်သွားပြီးနောက် ခုတင်ပေါ်ရှိ ချူးချင်လီကို လုချန်း ကြည့်လိုက်သည်။ သူမသည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကို လုံးဝ သတိမထားမိပဲ လဲလျောင်းနေသည်။
ပုံမှန်အားဖြင့် အဆင့်မြင့် စစ်သည်တစ်ဦးသည် အိပ်ပျော်နေစဉ်ပင် ချဉ်းကပ်လာသော အန္တရာယ်ကို ခံစားနိုင်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားရန် မျက်လုံးများကို အလျင်အမြန် ဖွင့်လိမ့်မည်။
လုချန်းသာ အခြားသူတစ်ဦးဖြစ်ပါက ချူးချင်လီ ယခုအချိန်တွင် နိုးနေလောက်ပြီဖြစ်သည်။
ချူးချင်လီ မနိုးပဲ ထိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရခြင်း၏ အဓိက အကြောင်းရင်းမှာ သူမ၏ မသိစိတ်တွင် လုချန်းကို အန္တရာယ်တစ်ခုအဖြစ် မသတ်မှတ်တော့သောကြောင့်ဖြစ်၏။ ထို့ကြောင့် လုချန်း ချဉ်းကပ်လာသော်လည်း ချူးချင်လီ မည်သည့်အန္တရာယ်ကိုမှ မခံစားမိခဲ့ပေ။
ထိုအချိန်တွင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည်။ သူသည် ချူးချင်လီနှင့် အကြိမ်ရာနှင့်ချီ ကစားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်နှင့် စိတ်သည် သူ့အတွက် ဖြစ်နေပြီဖြစ်သည်။ သူမ အိပ်ပျော်နေစဉ် အန္တရာယ်ကို မခံစားရခြင်းက ပုံမှန်ပင် ဖြစ်သည်။
သူမ မည်သည့်အန္တရာယ်ကိုမှ မခံစားရသောကြောင့် သူ သူမကို အခွင့်ကောင်းယူတော့မည်ဖြစ်သည်။
ထိုအတွေးနှင့်အတူ လုချန်းလည်း ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ညင်သာစွာ ဖိချလိုက်သည်။
ဤအဆင့်တွင်ပင် ချူးချင်လီ မျက်လုံးမဖွင့်သေးပဲ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။
သို့သော် သူမသည် တစ်စုံတစ်ခုကို အနည်းငယ် သတိထားမိဟန်ဖြင့် အိပ်မက်ထဲတွင် ယောင်ယမ်းနေသည်။
“လုချန်း။ ရှင်လူယုတ်မာ။ အစ်မကို လွှတ် ပေးလိုက်။ သတ္တိရှိရင်... ကျွန်မဆီလာခဲ့...” ဟု ရေရွတ်နေသည်။
ထို့နောက် ချူးချင်လီ၏ ဦးခေါင်းကို ဘေးသို့ လှည့်သွားကာ ဆက်လက် အိပ်ပျော်သွားသည်။
ချူးချင်လီ၏ ယေင်ယမ်းသံကို ကြားသောအခါ လုချန်း ရယ်မောလိုက်ပြီး
“ဒါဆို မင်းက ကိုယ့်ကို မင်းဆီလာခဲ့လို့ စိန်ခေါ်နေတာပေါ့ ဟုတ်လား”
ဟု တွေးလိုက်သည်။
ထို့နောက် လုချန်း ချူးချင်လီ၏ မင်္ဂလာဝတ်စုံကို ဂရုတစိုက် စချွတ်လိုက်သည်။
ဤအဆင့်တွင်တော့ လုချန်း၏ လှုပ်ရှားမှုများ မည်မျှပင် ညင်သာစေကာမူ ချူးချင်လီကို တစ်ခုခု ဖြစ်နေကြောင်း သတိပြုမိစေခဲ့သည်။
သို့သော် ချူးချင်လီ နိုးလုနီးတိုင်း လုချန်းက ရပ်တန့်လိုက်ကာ လုံးဝ ငြိမ်သက်နေပြီး သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်အထိ စောင့်ဆိုင်းပြီးမှ ဆက်လုပ်သည်။
လုချန်းက ချူးချင်လီ၏ ခန္ဓာကိုယ်ကို ထိတွေ့နေသောကြောင့် သူမ၏ အတွင်းအား ပိတ်ဆို့ခံထားရပြီးဖြစ်သည်။ သိုင်းပညာရှင်တစ်ဦး အတွင်းအား ကင်းမဲ့သောအခါ အာရုံခံနိုင်စွမ်းလည်း အလွန် လျော့နည်းသွားသည်။ ထို့ပြင် ချူးချင်လီက လုချန်းကို အန္တရာယ်တစ်ခုအဖြစ် မမြင်တော့သောကြောင့် သူမ၏ အဝတ်အစားများကို ချွတ်လိုက်သည့်တိုင် နိုးမလာခဲ့ပေ။
အချိန်များ ကုန်လွန်သွား၏။ ခဏအကြာတွင် လုချန်း ချူးချင်လီ၏ တစ်ကိုယ်လုံးကို ကြည့်လိုက်ပြီး သူမ သူလာရန်အတွက် ပြင်ဆင်ထားကြောင်း သဘောပေါက်သွားကာ သူ့ဘာသာသူ ပြုံးလိုက်သည်။
ထိုသို့ဆိုပါက သူအချိန်ပို အလုပ်လုပ်ရတော့မည်ဖြစ်သည်။ ယနေ့ည သူ့အတွက် အိပ်ချိန်မရှိတော့ပေ။
ထို့နောက် လုချန်းလည်း ချူးချင်လီ၏ နီရဲသော နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
တဖြည်းဖြည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ချူးချင်လီ ခံစားလာရသည်။ သူမ ရုတ်တရက် မျက်လုံးဖွင့်လိုက်သောအခါ လူဆိုးလေး လုချန်းက သူမအပေါ်တွင် မကောင်းမှုများ လုပ်နေသည်ကို တွေ့လိုက်ရသည်။ ချူးချင်လီ ချက်ချင်း ရုန်းကန်သော်လည်း လုချန်းသည် သူမကို ဂရုမစိုက်ပဲ သူလုပ်နေသည့်အရာကို ဆက်လုပ် နေသည်။
ခဏကြာ ရုန်းကန်ပြီးနောက် ချူးချင်လီ လုံးဝ လက်လျှော့လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမသည် ဤယောက်ျား၏ မိန်းမဖြစ်နေပြီဖြစ်ပြီး မနေ့ကပင် ထိုလူဆိုးလေးနှင့် တရားဝင် လက်ထပ်ခဲ့ပြီးဖြစ်သည်။ ယခု သူ သူမကို ဘာလုပ်ချင်သည်ဖြစ်စေ သူ၏ အခွင့်အရေးဖြစ်သည်။
…
ထိုအတောအတွင်း။
ဘေးအခန်း၌။
ချူးယုချင် ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် အစေခံမလေး အချို့အခန်းထဲသို့ ဝင်လာပြီး အိပ်ရာကို သန့်ရှင်းရေး လုပ်နေကြသည်။
အိပ်ရာခင်းများမှာ စိုရွှဲနေပြီဖြစ်သောကြောင့် လဲလှယ်ရန် လိုအပ်သည်များကို လဲလှယ်ကြသည်။
ထိုအချိန်တွင် ဘေးခန်းမှ ဆူညံသံများကို ချူးယုချင် ကြားလိုက်ရ၏။ ချူးချင်လီ၏ အသံကို ကြားသောအခါ သူမ ခဏမျှ မှင်တက်သွားသည်။
ထိုလူဆိုးလေးသည် တစ်နေကုန် တစ်ညလုံး အလုပ်များပြီးနောက် ချူးချင်းလီ၏အခန်းသို့သွားကာ နောက်ဆုံးတွင် အိပ်ပျော်သွားမည်ဟု သူမထင်ထားခဲ့သည်။
သို့သော် မျှော်လင့်မထားသည်မှာ သူသည် ချူးချင်းလီ၏အခန်းသို့ရောက်သွားပြီးနောက်တွင်ပင် အနားယူခြင်းမရှိပဲ ချူးချင်းလီကို ဆက်လက်နှိပ်စက်နေဆဲဖြစ်သည်။
ချူးယုချင် သက်ပြင်းချလိုက်ကာ ရေရွတ်လိုက်သည်။
“ဒီကောင်စုတ်လေးက... တကယ်ပဲ ကိုယ့်ကိုယ်ကို ဂရုမစိုက်တော့ဘူး။”
ချူးယုချင်၏အမြင်တွင် လုချန်းသည် အဆင့်လွန်ပညာရှင်ဖြစ်လာပြီဖြစ်သော်လည်း အနားယူရန်လိုအပ်နေဆဲဖြစ်သည်။ ယခုရက်ပိုင်းတွင် လုချန်း သူ့ကိုယ်သူ အလွန်အမင်း ပင်ပန်းအောင် လုပ်နေသည်။
သူမကိုယ်တိုင်လည်း လုချန်း၏ အမျိုးသမီးဖြစ်လာပြီဖြစ်ပြီး မကြာမီ မင်းသားစံအိမ်တွင် လုချန်းအတွက် အုပ်ထိန်းသူ လူကြီးများ မရှိတော့သောကြောင့် သူပို၍ပင် လွတ်လပ်သွားနိုင်သည်ဟု ချူးယုချင် တွေးနေမိသည်။
..........
အခန်း (၄၃၄)
လုချန်း ပျက်စီးသွားပြီလား (၃)
ဒါက ကောင်းသောအရာမဟုတ်ပါ။ သူမသည် သူ့ကို “ချန်းလေး” ဟု ဆက်လက်ခေါ်ဝေါ်ရန် လိုအပ်နေသေးသည်ဟု ထင်ရသည်။ သူမက သူ့ကို မထိန်းချုပ်နိုင်ရင်တောင် ထိုခေါ်ဝေါ်ပုံကို ကြားလိုက်ရသည့်အခါတိုင်း သူ့တွင် အုပ်ထိန်းသူ ရှိနေသေးသည်ဟု ခံစားရပြီး အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေနိုင်ဖွယ်ရှိသည်။
ထိုနည်းလမ်း အကျိုးရှိမရှိ ဆိုသည်ကမူ အချိန်က သက်သေပြပေးမည်ဖြစ်သည်။
...
“သာယာသော ဇာတိမြေသည် သူရဲကောင်းတို့၏ သင်္ချိုင်းဖြစ်သည်” ဟူသော ဆိုရိုးစကားရှိ၏။ ချူးယုချင်နှင့် ချူးချင်လီတို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လက်ထပ်ပြီးနောက် ပထမနှစ်ပတ်အတွင်း လုချန်းသည် တောင်ဘက်ဆောင်တွင် နေ့စဉ်နေထိုင်ခဲ့ပြီး အလုပ်တာဝန်များကို လစ်ဟင်းခဲ့သည်။ အစိုးရအလုပ်များကိုပင် ပစ်ပယ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤအချက်က ချူးယုချင်ကို အလွန်စိုးရိမ်စေခဲ့သည်။ လုချန်းအား ထိန်းသိမ်းပေးမည့် လူကြီးတစ်ဦးရှိရန် လိုအပ်ကြောင်း သူမပို၍ယုံကြည်လာခဲ့သည်။ မဟုတ်ပါက သူ မည်မျှကြာအောင် ပေါ့လျော့နေမည်မှန်း မည်သူမျှ မသိနိုင်ပေ။
နောက်ဆုံးတွင် တစ်မနက်၌ လုချန်း ချူးယုချင်၏ နူးညံ့သော ပွေ့ဖက်မှုမှ နိုးထလာပြီးနောက် သူမက တိုက်ရိုက် စကားစပြောလိုက်သည်။
“ချန်းလေး။ မင်းအဒေါ်က မင်းကို ဆုံးမစရာ ကိစ္စတစ်ခု ရှိတယ်။”
ချူးယုချင်၏ လူကြီးတစ်ဦးကဲ့သို့ လေသံကို တစ်ဖန်ကြားသောအခါ လုချန်း ချက်ချင်းပင် ပြုံးသွားသည်။
လူငယ်အများစုက လူကြီးများ၏ ဆုံးမစကားကို မနှစ်သက်တတ်ကြသော်လည်း ချူးယုချင်မှာ သာမန်လူကြီးတစ်ဦးမဟုတ်ပေ။ သူမ၏ အဆင့်အတန်းသည် အနည်းငယ် ထူးခြားပြီး ဒါကို အခန်းကဏ္ဍယူသည့် ကစားနည်းတစ်မျိုးအဖြစ် နားလည်နိုင်သည်။ လုချန်းလည်း ထိုကဲ့သို့ ချဉ်းကပ်ပုံကို အမှန်တကယ် နှစ်သက်သည်။
ထို့နောက် လုချန်းက
“ဒေါ်လေးချူး၊ ကျွန်တော့်ကို ဘာပြောချင်တာလဲ။”
ချူးယုချင်က သူမကိုယ်သူမ ‘အဒေါ်’ ဟုပင် ဆက်လက်ခေါ်ဝေါ်နေဆဲဖြစ်၏။ သူမက တိုက်ရိုက်ပင်
“မင်းအခုနောက်ပိုင်း အလုပ်ကိစ္စအားလုံးကို ကျူးကဲ့ကျုံကောင်းဆီ လွှဲအပ်ပြီး မင်းကိုယ်တိုင် ဘာမှ မလုပ်တော့ဘူးလို့ ဒေါ်လေးကြားတယ်။ အခု အပြင်မှာ မင်းဟာ လုံးဝ ပျက်စီးသွားပြီဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်။”
ထိုအရာကို ကြားသောအခါ လုချန်းက ပြုံးလျက်
“ဒါဆို ဒေါ်လေးချူးကောကျွန်တော် ပျက်စီးသွားပြီလို့ ထင်လို့လား”
ဒါက...
လုချန်းက သူမအား ပြန်မေးသည်ကို မြင်သောအခါ ချူးယုချင်သည် ဘာပြောရမည်ကို မသိတော့ပေ။
ထိုလူဆိုးလေး၏ ပျက်စီးနေတာက အတော်ပင် ထင်ရှားသည် မဟုတ်ပါလား။ သူသည် နေ့စဉ် သူမ၏ နေရာသို့ ရောက်လာပြီး ညဉ့်နက်သည်အထိ မအိပ်ပဲ နေလေ့ရှိကာ နေ့ခင်းဘက်မှ အိပ်စက်လေ့ရှိသည်။
ချူးယုချင် စကားမပြောသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ကျွန်တော် မပျက်စီးသေးပါဘူး။ ကျွန်တော် မစီမံပဲနဲ့ ကျွန်တော့်ရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒတွေ ပြဿနာမရှိပဲ ဆက်လက်လုပ်ဆောင်နိုင်မလားဆိုတာ စမ်းသပ်ကြည့်ချင်လို့ပါ။ ဒါကြောင့် အစိုးရအလုပ်အားလုံးကို ပညာရှိကြီးဆီ လွှဲပြောင်းပေးလိုက်တာပါ။”
လုချန်း၏စကားကို ကြားလိုက်ရသော ချူးယုချင်က သံသယဖြင့် သူ့ကိုကြည့်လိုက်ပြီးနောက်
“မင်း ထျန်းချီဘုရင်ရဲ့ တပ်တွေကို ခုခံတိုက်ခိုက်ဖို့ နင်းပေမြို့ကို သွားတုန်းက တစ်လ၊ နှစ်လလောက် အစိုးရအလုပ်အားလုံးကို ကျူးကဲ့ကျုံကောင်းဆီ လွှဲပြောင်းပေးခဲ့တယ်မဟုတ်လား။ မင်းစမ်းသပ်ချင်တဲ့အရာကို အတည်ပြုဖို့ အဲဒါက မလုံလောက်ဘူးလား။”
ချူးယုချင်၏စကားကို ကြားလိုက်ရသော လုချန်းက ဟန်ဆောင်မှုများ ရပ်တန့်လိုက်ပြီး
“ကောင်းပြီ။ ကျွန်တော် အမှန်အတိုင်းပြောမယ်။ ကျွန်တော်က ဒေါ်လေးနဲ့ နေ့တိုင်း မကောင်းမှုတွေလုပ်ချင်နေလို့ အစိုးရအလုပ်တွေကို ကျူးကဲ့ကျုံကောင်းဆီ လွှဲပြောင်းပစ်လိုက်တာပါ။”
လုချန်း တိုက်ရိုက်ဝန်ခံလိုက်သည်ကို မြင်လိုက်ရသော ချူးယုချင် ထပ်မံအံ့အားသင့်သွားခဲ့သည်။
“မင်း... “
ချူးယုချင် ညင်သာစွာ သက်ပြင်းချလိုက်ပြီး
“ချန်းလေး။ မင်းက နယ်စားမင်းသားတစ်ပါး လေ။ နိုင်ငံတော်ကိစ္စတွေကို ဦးစားပေးသင့်တယ်။ မင်းရဲ့စွမ်းအားတွေကို ဒေါ်လေးနဲ့ပဲ နေ့တိုင်းဖြုန်းတီးနေရမှာလား။ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် ဒေါ်လေးကို ဖျက်စီးတတ်တဲ့ မိန်းမလို့ လူတွေဝေဖန် လာကြတော့မှာပဲ။”
လုချန်းက ပြုံးလျက်
“ကျွန်တော့်ရဲ့ အားအင်တွေကို ဒေါ်လေးဆီမှာ မစိုက်ထုတ်ရင် ကျွန်တော့်ကလေးကို ဘယ်လို မွေးဖွားနိုင်မှာလဲ။”
ထိုအချိန်တွင် သူမ ကိုယ်ဝန်ရှိနေကြောင်း ချူးယုချင် မသိရှိသေးပေ။ သူမက ဆက်လက်၍
“ကလေးဆိုတာ အတင်းအကျပ် ယူလို့မရဘူး။ သိုင်းပညာရှင်တွေ ကိုယ်ဝန်ရဖို့ မလွယ်ဘူးဆိုတာ မင်းလည်း သိပါတယ်။ အရင်က မင်း ရဲလိနန်ရန်ဆီ နေ့တိုင်း သွားတာကို ပဲကြည့်ဦး။ သူလည်း ကိုယ်ဝန်မရသေးဘူးလေ။”
သူမ၏ စကားများကို ကြားသောအခါ လုချန်းက ချူးယုချင်၏ နားနားကပ်၍
“မင်းအတွက် သတင်းကောင်းတစ်ခုရှိတယ်။ မင်း တကယ်ကိုယ်ဝန်ရှိနေပြီ။”
ထိုစကားများကြောင့် ချူးယုချင် တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားတော့သည်။
ကိုယ်ဝန်.....
သူမဒီ လူဆိုးလေးရဲ ကလေးကို လွယ်ထားရပြီလား။
ဒါက တကယ် ဖြစ်နိုင်ပါ့မလား။
ဘာလို့ သူမ ဘာမှ မခံစားရတာလဲ။
မယုံကြည်နိုင်စွာဖြင့် ချူးယုချင်က
“မင်း... မင်း ဒေါ်လေးကို လိမ်နေတာ မဟုတ်ပါဘူးနော်”
ဟု မေးလိုက်သည်။
လုချန်းက ချူးယုချင်၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ကျွန်တော့်ရဲ့ ဒေါ်လေးချူးကို ကျွန်တော် ဘယ်လို လိမ်ညာရဲမှာလဲ”
ဟု စနောက်သလို ပြောလိုက်သည်။
ချူးယုချင်၏ မျက်နှာ ချက်ချင်းပင် နီရဲသွားပြီး ညင်သာသော အသံဖြင့်
“မင်း... မင်း တို့ကို ဒေါ်လေးချူးလို့ မခေါ်သင့်တော့ဘူး။”
ချူးယုချင်သည် သူမ၏ လူကြီးနေရာကို အသုံးပြု၍ လုချန်းအား မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရှိဖို့ တိုက်တွန်းရန် ရည်ရွယ်ထားသော်လည်း သူမ လုချန်း၏ ကလေးကို ဤမျှ လျင်မြန်စွာ ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လုချန်းက သူမအား ‘ဒေါ်လေး’ ဟု ဆက်လက်ခေါ်ဝေါ်နေပါက ကလေးမွေးဖွားပြီးနောက် သူတို့ တစ်ဦးကိုတစ်ဦး မည်သို့ ခေါ်ဝေါ်ကြမည်နည်း။ အရာအားလုံး ရှုပ်ထွေးကုန်မည် မဟုတ်ပါလား။
ချူးယုချင်သည် ဇဝေဇဝါ ဖြစ်နေသည်။ သူမဘာကြောင့် ဤမျှမြန်မြန်ဆန်ဆန် ကိုယ်ဝန်ရရှိသွားရတာလဲ။ လုချန်းသည် အရင်က ရဲလိနန်ရန်ဆီ နေ့တိုင်း သွားခဲ့သော်လည်း ကိုယ်ဝန်မရခဲ့ပေ။
မျက်နှာနီရဲနေသော ချူးယုချင်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“အရင်က ‘ချန်းလေး၊ ချန်းလေး’ လို့ အော် ခေါ်နေတာက သဘာဝကျတယ်လို့ မင်းထင်ခဲ့တယ် မဟုတ်လား။ အခု ရုတ်တရက် မင်းက ကိုယ့်ကို ‘ ဒေါ်လေး’ လို့ မခေါ်နဲ့လို့ ပြောနေပါလား။”
ရှက်ရွံ့စွာဖြင့် ချူးယုချင်က
“ဘယ်လိုပဲဖြစ်ဖြစ် နောက်ကစပြီး မင်း တို့ကို အဲဒီလို မခေါ်သင့်တော့ဘူး။”
ထို့နောက် လုချန်းက သူမအား ပွေ့ဖက်ကာ “ကောင်းပြီလေ။ ကိုယ် နားလည်ပြီ။ နောက်ကစပြီး မင်းကို ကိုယ့်ရဲ့ ဇနီးလို့ပဲ ခေါ်တော့မယ်။”
ထိုသို့ပြောပြီး လုချန်းက ဆက်လက်၍
“တကယ်တော့ ကိုယ်တို့ လက်ထပ်တဲ့ ပထမညမှာတင် မင်း ကိုယ်ဝန်ရခဲ့တာ။ ဒါပေမဲ့ မင်းကို တစ်ခါပဲ ထိတွေ့ပြီး နောက်ထပ် ဘယ်တော့မှ မထိတွေ့တော့ရင် ကိုယ် မင်းကို ရွံရှာလာပြီလို့ မင်း ထင်သွားမှာကို စိုးရိမ်လို့ ဒီရက်ပိုင်းတွေမှာ ကိုယ် မင်းသားစံအိမ်မှာပဲ နေ့တိုင်းနေပြီး မင်း ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အရာအားလုံးကို လုပ်ဖို့ ရည်ရွယ်ထားတယ်။”
ထိုအရာကို ကြားသောအခါ ချူးယုချင်သည် ပို၍ပင် ပူလောင်လာ၏။ ထိုကိစ္စကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့စဉ်ကပင် ကိုယ်ဝန်ရလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။ ထိပ်သီးအဆင့် တစ်ဝက်ရှိသော သူမအတွက် ကိုယ်ဝန်ရရှိရန် အလွန်လွယ်ကူနေသည်ဟု ခံစားရသည်။
ဤအရာသည် သူမအား ထူးဆန်းသောခံစားမှုတစ်ခုကို ဖြစ်စေခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် လုချန်း၏ကလေးကို လွယ်ရန် အသင့်ဖြစ်နေသကဲ့သို့ ဖြစ်နေပြီး ချူးယုချင် အလွန် ရှက်ရွံ့သွားသည်။
လုချန်းက
“ကိုယ် လက်နက်တိုက်ကို သွားရဦးမယ်။ အခု ထသင့်ပြီ။ မင်း နည်းနည်း ထပ်အိပ်လိုက်ဦး။”
ထိုသို့ပြောပြီး လုချန်းလည်းထ၍ အဝတ်အစားများ ဝတ်ဆင်လေသည်။ ချူးယုချင်က သူ့အား အဝတ်အစား ကူဝတ်ပေးရန် ပြင်လိုက်သော်လည်း သူမ၌ လုံးဝ အားအင်မရှိသည်ကို သတိပြုမိသွားသည်။
ရွေးချယ်စရာမရှိသဖြင့် အစေခံမလေးအား အဝတ်အစား ကူဝတ်ခိုင်းရလေတော့သည်။
ချူးယုချင်၏ အခန်းမှ ထွက်လာပြီး ပင်မဆောင်တွင် နံနက်စာကို ပေါ့ပေါ့ပါးပါး စားပြီးနောက် မိုးညီနောင်များကို ရှာရန် လက်နက်တိုက်သို့ ဦးတည်သွားလေသည်။
ရေနွေးငွေ့အင်ဂျင် ပုံစံနှင့် ရထား ပုံစံတို့သည် ရရှိထားပြီဖြစ်သည်။ ထိုအရာနှစ်ခုကို တည်ဆောက်နိုင်ခဲ့ပါက မြောက်ပိုင်းပြည်နယ်အတွက် ခေတ်အပြောင်းအလဲ တစ်ခုကို မုချ ယူဆောင်လာနိုင်ပေလိမ့်မည်။
..........
အခန်း (၄၃၅)
ကျူးကဲ့ကျုံကောင်း၏ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်း (၁)
လက်နက်တိုက်သို့ရောက်သောအခါ လုချန်းက မိုးညီအစ်ကိုနှစ်ဦးကို ခေါ်ကာ ရေနွေးငွေ့အင်ဂျင်နှင့် မီးရထားဒီဇိုင်းများကို ပြသခဲ့ပြီး ထိုတီထွင်မှုနှစ်ခု၏ အလုပ်လုပ်ပုံ အခြေခံ နိယာမများကို ရှင်းပြခဲ့သည်။
လုချန်း၏ရှင်းပြချက်ကိုကြားသောအခါ ကမ္ဘာသစ်တစ်ခု၏တံခါးများ ရုတ်တရက်ပွင့်သွားသည်ဟု ညီအစ်ကိုနှစ်ဦး ခံစားလိုက်ရသည်။
လက်မှုပညာရှင်များဖြစ်သည့်အားလျော်စွာ လုချန်း ရှင်းပြပြီးသည်နှင့် ရေနွေးငွေ့အင်ဂျင်နှင့် ရထားတို့၏ ကမ္ဘာကြီးအပေါ်သက်ရောက်မှု မည်မျှကြီးမားမည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။အထူးသဖြင့် ရေနွေးငွေ့အင်ဂျင်၏ အရေးပါမှုကို ပို၍ပင် သိမြင်သွားကြသည်။
ထိုအချိန်တွင် လုချန်းက
“မိုးဖေးကတော့ လက်နက်တိုက်မှာပဲ ဆက်နေပြီး ယမ်းလက်နက်သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လုပ်ရမယ်။ ဒါကြောင့် ရေနွေးငွေ့အင်ဂျင်နဲ့ မီးရထားထုတ်လုပ်ရေးတာဝန်ကို ခင်ဗျားရဲ့ညီလက်ထဲ လွှဲထားမယ်။”
လုချန်း၏စကားကိုကြားသောအခါ စိတ်လှုပ်ရှားနေသော မိုးရှင်းက
“မင်းသားရဲ့ ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”
မိုးရှင်းသည် ရေနွေးငွေ့အင်ဂျင်နှင့် မီးရထားတို့အပေါ် အလွန်စိတ်ဝင်စားနေသည်။ ထိုတီထွင်မှုနှစ်ခုက ကမ္ဘာကြီးအား မည်သို့ပြောင်းလဲစေမည်ကို မြင်တွေ့ရန် စိတ်အားထက်သန်နေသည်။
ထို့ပြင် ဤတီထွင်မှုနှစ်ခုက ခေတ်၏ တိုးတက်မှုကို မုချအရှိန်မြှင့်နိုင်မည်ဟု မိုးရှင်း ခိုင်မာစွာယုံကြည်သည်။ ရေနွေးငွေ့အင်ဂျင်နှင့် မီးရထားထုတ်လုပ်ရေးတာဝန်ကို ရရှိခြင်းဖြင့် သူသည် သမိုင်းတွင်မည့် တီထွင်သူတစ်ဦးဖြစ်လာလိမ့်မည်။
လုချန်းက ဆက်၍
“နောက်ပြီး ရေနွေးငွေ့အင်ဂျင်နဲ့ မီးရထားကို ယူမြို့တော်မှာ ထုတ်လုပ်ကြမယ်။ ရန်ခရိုင်မှာက လက်မှုပညာရှင်တွေ လုံလောက်မှုမရှိသေးဘူး။”
မြောက်ပိုင်းပြည်နယ်သို့ ဒုက္ခသည်များရောက်ရှိလာပြီး လူဦးရေသိသိသာသာတိုးတက်လာသော်လည်း ကျွမ်းကျင်လက်မှုပညာရှင်များမှာ အလွန်ရှားပါးနေဆဲဖြစ်သည်။
လယ်ယာလုပ်ငန်းတွင် ဒုက္ခသည်အများစုကို အသုံးပြုနိုင်သော်လည်း စက်မှုလုပ်ငန်းတွင် ပါဝင်ရန်က နှစ်ရှည်သင်ကြားမှုများ လိုအပ်ဦးမည်။
ယူမြို့တော်မှာမူ အိမ်တိုင်းလိုလိုတွင် လက်မှုပညာရှင်များရှိသည်။ ရေနွေးငွေ့အင်ဂျင်နှင့် မီးရထားထုတ်လုပ်ရေးကို ယူမြို့တော်တွင် လုပ်ဆောင်ပါက လက်မှုပညာရှင်များကို အလွယ်တကူ စုဆောင်းနိုင်မည်ဖြစ်သည်။
ထို့ပြင် လုချန်း၏ အဓိကရည်ရွယ်ချက်မှာ မီးရထားကို တီထွင်နိုင်ပါက ယူမြို့တော်နှင့် ရန်ခရိုင်ကို တိုက်ရိုက်ဆက်သွယ်မည့် မီးရထားလမ်းတစ်ခု တည်ဆောက်ရန်ဖြစ်သည်။
ယူမြို့တော်တွင် လူဦးရေသိန်းနှင့်ချီရှိပြီး ထိုလူများသည် လုချန်း၏ စက်မှုဖွံ့ဖြိုးရေးအစီအစဉ်အတွက် အရေးပါသောကြောင့် သူတို့ကို ယူမြို့တော်တွင်သာ အမြဲထားရန် လုချန်း မရည်ရွယ်ပေ။
ယူမြို့တော်နှင့် ဆက်သွယ်မည့် မီးရထားလမ်း တည်ဆောက်ပြီးစီးပါက ယူမြို့သားများအတွက် ရန်ခရိုင်သို့ သွားရောက်ရန် သို့မဟုတ် ယူမြို့တော်သို့ ပြန်လာရန် ပိုမိုလွယ်ကူလာမည်။ ထို့ကြောင့် ယူမြို့သားများအတွက် ရန်ခရိုင်ကို လာခြင်းက သူတို့၏အိမ်များမှ အလှမ်းဝေးလွန်းသည်ဟု စိုးရိမ်ပူပန်စရာ မလိုတော့ပေ။
မိုးရှင်းက လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွားပြီး
“ကောင်းပါပြီ မင်းသား။ ကျွန်တော် အမြန်ဆုံးပြင်ဆင်ပြီး ယူမြို့တော်ကို ပြန်သွားပါမယ်။”
လုချန်းက
“မလောပါနဲ့။ ကျွန်တော်ကိုယ်တိုင် ရက်အနည်းငယ်အတွင်း ယူမြို့တော်ကို သွားရောက်စစ်ဆေးဖို့ အစီအစဉ်ရှိတယ်။ အဲဒီအခါ ခင်ဗျား ကျွန်တော်နဲ့အတူ ပြန်လို့ရတယ်။”
ယူမြို့သားများသည်လည်း သူ၏လက်အောက်ခံများဖြစ်သည်။ စနစ်က ယူမြို့တော်ကို ပေးအပ်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ယခုချိန်အထိ ယူမြို့တော်သို့ လုချန်း မရောက်ဖူးသေးပေ။ ယူမြို့တော်အား သူအနည်းငယ်လျစ်လျူရှုထားမိသည်ဟု ခံစားရသည်။
မြောက်ပိုင်းပြည်နယ်တွင် အရေးကြီးကိစ္စများ မရှိသလောက်ဖြစ်နေပြီး ရန်ခရိုင်ရှိ အစိုးရအဖွဲ့သည်လည်း သူမရှိပဲ လုပ်ဆောင်နိုင်သည်။ သူထူထောင်ခဲ့သော အုပ်ချုပ်ရေး ယန္တရားက အခြေကျနေပြီဖြစ်ရာ သူ ရန်ခရိုင်မှ ခဏခွဲခွာနေခြင်းက ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်စေမည်မဟုတ်ပေ။
လုချန်း၏စကားကိုကြားသောအခါ စိတ်လှုပ်ရှားနေသော မိုးရှငက
“မင်းသား ယူမြို့တော်ကို လာမယ်ဆိုတဲ့သတင်းကိုကြားရင် ယူမြို့သားတွေ အလွန်ဝမ်းသာကြမှာပါ။”
လုချန်းကို ယူမြို့တော်သားများက ကံကြမ္မာ၏သားတော်အဖြစ် မြင်ကြပြီး သူတို့နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ကြသော လူသားဧကရာဇ်ဟု ယုံကြည်ကြသည်။ လုချန်း ကိုယ်တိုင်သွားရောက်မည်ဆိုပါက မြို့သူမြို့သားများ အလွန်ဝမ်းမြောက်ကြမည်မှာ သေချာသည်။
မိုးရှင်း၏စကားကိုကြားပြီးနောက် လုချန်းသည် ပြုံးလိုက်ကာ
“ဒီနေ့အတွက် ဒီလောက်ပဲထားလိုက်ကြရအောင်။ ကျွန်တော့်မှာ တခြားကိစ္စရှိသေးတယ်။ အခုပြန်တော့မယ်။ လက်နက်တိုက်က အလုပ်တွေကိုလည်း တစ်ယောက်ယောက်ဆီ လွှဲအပ်ထားဖို့ စီစဉ်ပါ။ ပြီးရင် ပစ္စည်းတွေထုပ်ပိုး ပြင်ဆင်ထား။ နောက်နှစ်ရက်လောက်ဆို ကျွန်တော်လူလွှတ်ပြီး ခင်ဗျားကိုလာခေါ်မယ်။”
“ဟုတ်ကဲ့ မင်းသား။”
လုချန်းသည် လက်နက်တိုက်တွင် အချိန်ကြာမြင့်စွာ မနေပဲ ခဏအကြာတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်လာခဲ့ပြီး ကျူးကဲ့ကျုံကောင်းအား စာကြည့်ခန်းသို့ ခေါ်ခဲ့သည်။
သူယူမြို့တော်သို့ ခဏသွားရောက်မည်ဖြစ်ပြီး ကျူးကဲ့ကျုံကောင်းနှင့် တိုင်ပင်ရန် အရေးကြီးသော ကိစ္စများ ရှိနေသည်။
မြောက်ပိုင်းပြည်နယ်ရှိ လုပ်ဆောင်ရမည့်တာဝန်များကို ခွဲဝေပေးအပ်ပြီးနောက် ဆွမ်ဧကရာဇ်၏ လက်ရှိလုပ်ရပ်များကို သတိရကာ ကျူးကဲ့ကျုံကောင်းအား
“ပညာရှိကြီး။ မကြာသေးခင်က သတင်းတစ်ခုရခဲ့တယ်။ ကျွန်တော့်ဖခင်က အဆင့်လွန်ပညာရှင်တချို့နဲ့ ပူးပေါင်းပြီး ပညာရှိကြီးကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိနေတယ်။”
ထိုစကားကိုကြားသောအခါ ကျူးကဲ့ကျုံကောင်းက ပြုံးရယ်ကာ သူ၏ မီးခိုးရောင်မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရင်း
“အဲ့ဒီနေ့ရောက်လာမှာကို မျှော်လင့်ထားခဲ့တာ ကြာပါပြီ။”
“ဒီကမ္ဘာမှာ ကောင်းကင်လူသားအဆင့် တစ်ယောက် နောက်ဆုံးပေါ်လာတုန်းက အဆင့်လွန်ပညာရှင် အများအပြား သေဆုံးခဲ့တယ်။ အခု ကျွန်တော်က ကောင်းကင်လူသားအဆင့်ကို တက်လှမ်းဖို့ နီးကပ်နေပြီဆိုတော့ အရင်က ဖြစ်ရပ်တွေ ထပ်ဖြစ်လာမှာကို စိုးရိမ်သူတချို့ ရှိမှာက သဘာဝကျပါတယ်။”
ကျူးကဲ့ကျုံကောင်း လုံးဝ စိုးရိမ်ပူပန်နေပုံ မပေါ်သည်ကို မြင်သောအခါ လုချန်းက တိုက်ရိုက်မေးလိုက်သည်။
“ပညာရှိကြီး ကောင်းကင်လူသားအဆင့် တက်လှမ်းဖို့ တက်လှမ်းဖို့ ဘယ်လောက်ကြာဦးမလဲ သိချင်ပါတယ်။”
“တောင်ပိုင်းက အရေးအခင်းက ပြီးဆုံးတော့မှာပါ။ နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ဖခင်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ အလားအလာ အများဆုံးရှိတယ်။ အဆင့်လွန်ပညာရှင် အတော်များများကိုလည်း သိမ်းသွင်းပြီးလောက်ပြီညထင်ပါတယ်။ ပညာရှိကြီး အမြန်ဆုံး အဆင့်မတက်နိုင်ရင် အနာဂါတ်မှာ ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခု ရှိနိုင်ပါတယ်။”
လုချန်း၏စကားကို တွေးတောရင်း ကျူးကဲ့ကျုံကောင်းက
“အဆင့်လွန်ပညာရှင်ဘဝက ကောင်းကင်လူသားအဆင့်ကို ချိုးဖောက် တက်လှမ်းဖို့က မလွယ်ကူပါဘူး။ ကျွန်တော်က တက်လှမ်းနိုင်ဖို့ အလွန်နီးကပ်နေပါပြီ။ ကောင်းကင်လူသားအဆင့်ရဲ့ အတိုင်းအတာကိုတောင် ထိတွေ့မိပြီလို့ ခံစားနေရပါပြီ။ ဒါပေမဲ့လည်း တစ်စုံတစ်ခု လိုအပ်နေသေးတယ်လို့ ခံစားနေရတုန်းပါပဲ။”
“ကောင်းကင်လူသားအဆင့်ဟာ သိုင်းပညာရဲ့ နယ်ပယ်ကို ကျော်လွန်သွားပါတယ်။ စွမ်းအားကို မြှင့်တင်ရုံနဲ့ ကောင်းကင်လူသားအဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။”
“ ဒီကမ္ဘာမှာ ထူးခြားတဲ့ စည်းမျဉ်းတစ်ခု ရှိရမယ်။ အဲဒီစည်းမျဉ်းကို ကျော်လွန်မှ ဒါမှမဟုတ် ဒီကမ္ဘာရဲ့ အတည်ပြုချက်ကို ရရှိမှသာ အဆင့်လွန်ပညာရှင်တစ်ယောက်ဟာ ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်မှာပါ။”
..........