← Chapters

နေရာတိုင်းမှ သေမင်းအလံများ

Vol. 1 Ch. 1

နေရာတိုင်းမှ သေမင်းအလံများ

Vol. 1 Ch. 1

“ နေရာတိုင်းမှ  သေမင်းအလံများ”

"ချီးပဲ ငါသေပြီ”

လည်ချောင်းမှ ထွက်လာသော အမှတ်ရစရာ များသည် ကျွန်တော့်စိတ်ကို ကြေမွသွားစေသည်။

လွန်ခဲ့သည့်တစ်နာရီလောက်က ဉာဏ်အလင်းရသလိုမျိုး  ယခင်က သိထားသည့်အရာတွေထက် ကျော်လွန်ပြီး သိလာရတဲ့အချိန်မှာ ကျွန်တော်က  အခန်းထဲမှာ  ထုံးစံအတိုင်း ကျင့်ကြံနေခဲ့တာပင်။

မကြာခင်မှာပဲ  အဲ့တာက ကျွန်တော် ထင်သလို သိုင်းပညာကနေ ရလာတဲ့ ဉာဏ်အလင်းမဟုတ်မှန်း သိလာသည်။  အဲဒီအစား အရင်ဘဝက အမှတ်တရတွေကို ပြန်ရခဲ့တာ ဖြစ်နိုင်ပေသည်။

ကမ္ဘာမြေ!

ကျွန်တော်ဘဝဟောင်း— ကိုးနာရီကနေ မှငါးနာရီအထိတကုပ်ကုပ်လုပ်ရတဲ့အလုပ် ၊ ညနက်ပိုင်း ဂိမ်းပြိုင်ပွဲ နဲ့ ကျင့်ကြံရေး တ္ထုတိုတွေ

အခုလည်း?

ပိုးထည်ခင်းထားတဲ့ အိပ်ရာပေါ်မှာ

 အိပ်စက်ရင်း နှလုံးက တဒုတ်ဒုတ်ခုန်နေမိသည် ။ ကျောက်စိမ်းကြမ်းပြင်တွေက  ကျွန်တော် ခြေထောက်ပြောင်းနဲ့ ဆန့်ကျင်ဘက် အေးမြနေတဲ့အပြင် လေထုက အမွှေးနံ့သာရနံ့တွေနဲ့ပါ ပြည့်နေ၏

ရွှေရောင် ဖန်သားပြင်များ၊ ဝိညာဉ်မီးအိမ်တွေနဲ့ အခန်းအပြည့် ရတနာတွေ—သခင်ငယ်တစ်ဦးအတွက်တော့ ဒါက ဇိမ်ကျစရာပင်

ငါ့အခန်း!

ငါ့နာမည်...ပိုင်ကျီဟန်။

မာနကြီးတယ်! ရက်စက်တယ်! ဖြုန်းတီးတယ်!  ပြီးတော့ တတိယအဆင့် ဗီလိန်။

အားနည်းသူတွေကို အနိုင်ကျင့်ရတာကို နှစ်သက်သူတစ်ယောက်ဖြစ်သလို နေ့တိုင်းကို တခြားမျိုးနွယ်စုဝင်တွေကို ပြသနာရှာရင်း ဖြတ်သန်းရတာကို ကြိုက်တယ်လို့ ပြောလို့ရတယ်။

ဒါတွေက ငါလုပ်နိုင်လို့ လုပ်ခဲ့တာ.. တခြားအကြောင်းပြချက်ရယ်လို့တော့ မရှိပါဘူး။

ငါ့မိဘတွေက  မြို့တော်ရဲ့ ဩဇာအရှိဆုံး မျိုးနွယ်စုတွေထဲက မျိုးနွယ်စုသခင်နဲ့ ဆွေတော်မျိုးတော်တွေမလို့ ငါ့ကို ဆန့်ကျင်ဝံတဲ့သူ အများအပြား မရှိဘူး

ပိုင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူလို့ မခေါ်ထိုက်တဲ့ အမှိုက်တစ်ယောက်ဆိုတာကို သိနေတာကလည်း ငါ့ရဲ့ စိတ်ဖိစီးမှုနဲ့ ဒေါသတွေကို ပြေလျော့စေမယ့် နည်းလမ်းတွေထဲက တစ်ခုပါပဲလေ။

ဒါပေမဲ့ ဒါကလည်း ငါ လူထူးဆန်းဖြစ်နေတဲ့ အကြောင်းတော့ မဟုတ်ပါဘူး

ကမ္ဘာမြေကနေ အမှတ်တရတွေကို ပြန်လည်ရရှိပြီးတဲ့နောက်မှာတော့ မတူညီတဲ့ကျင့်ကြံရေးဝတ္တုတွေနဲ့ပတ်သက်တဲ့ အသိပညာတွေကလည်း ငါ့ဆီရောက်လာတယ်။

ငါ့ထူးခြားနေရတဲ့ အကြောင်းရင်းကို သိလိုက်ရတာကတော့ ကမ္ဘာမြေပေါ်မှာ ဖတ်ဖူးတဲ့ ကျင့်ကြံရေးဝတ္ထုတွေနဲ့ ငါရဲ့ အခြေအနေကို နှိုင်းယှဉ်မိလိုက် လို့ပါပဲ..အဲ့တာကတော့

ငါ့မိသားစုက သေရမဲ့ လူဆိုးမိသားစုဆိုတာကိုပဲ

လွန်ခဲ့တဲ့တစ်ပတ်—တစ်ပတ်လောက်က အစ်မဖြစ်သူက ကြီးကျယ်ခမ်းနားတဲ့ လမ်းကြောင်းအပေါ်လျှောက်ရဖို့  ကိုယ်အင်္ဂါချို့တဲ့နေတဲ့စေ့စပ်ထားသူနဲ့ စေ့စပ်ကြောင်းလမ်း ဖြတ်တောက်ခဲ့တယ်။

သူ့ရည်းစားဟောင်းကို ဖြတ်ပြီး သူ့မျိုးရိုးကိုတောင် ဖျက်ဆီးပစ်မယ့် ဇာတ်ကြောင်းအသေးစိတ်ကိုတော့ ရှင်းပြဖို့ မလိုတော့ပါဘူး။

ငါ့အမရဲ့ ရည်းစားဟောင်းက အဲဒီ ဇာတ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး ငါ့ကိုပါ သူ့က သတ်သွားမှာ။

"အခုက ဘယ်လိုလုပ်မလဲ?"

တစ်ပတ်လောက်စောပြီးသာ အမှတ်ရစရာတွေ ပြန်ရခဲ့မယ်ဆိုရင် ဒီကမ္ဘာကြီးရဲ့ ရှောင်လွှဲလို့မရတဲ့ ဇာတ်ဆောင်ကို ရန်စမိတဲ့ အမကို တားနိုင်ခဲ့မှာပဲ

ဒါမှမဟုတ်ရင်

စောစောက အမှတ်တရတွေကို ပြန်ရခဲ့ပြီး အမှန်တရားကို သိခဲ့မယ်ဆိုရင်တောင် သူ့ကို တားနိုင်မှာမဟုတ်ပါဘူး။

ငါက အမှိုက်ကလွဲရင်  ဘာမှမဟုတ်ခဲ့ပါဘူး။ငါက အမကို  နာမည်ဖျက်တဲ့ ပိုင်မျိုးနွယ်က စိတ်ပျက်စရာတစ်ခု 

ငါအရည်အချင်းက အားလုံးကို သိက္ခာကျစေပြီး ငါ့ဂုဏ်သတင်းက ပိုဆိုးလာတယ်။ ငါက အခြားအားနည်းတဲ့ မျိုးနွယ်စုဝင်တွေနဲ့ ဌာနခွဲမိသားစုတွေကို ခြိမ်းခြောက်အနိုင်ကျင့်သူ။

ဒီလို ထပ်ခါတလဲလဲ အပြုအမူတွေကြောင့် ငါတို့ရဲ့ ဆက်ဆံရေးဟာ ပြုပြင်မွမ်းမံနိုင်ဖို့ရာထက် တင်းမာနေခဲ့တာပေါ့

ပိုဆိုးတာက ကိုယ်ခန္ဓာမသန်စွမ်းသူနဲ့  စေ့စပ်ကြောင်းလမ်းမှုကို 

ဖျက်တာက ပိုင်မျိုးနွယ်နဲ့ ကောင်းကင်ဘုံဓားဂိုဏ်းကြောင့် — ဒါက ငါ့ညီမဂိုဏ်းက လိုချင်နေတဲ့အရာလေ

ဘယ်သူမှ ငါ့စကားကို နားထောင်ကြမှာ မဟုတ်ပါဘူး။ မျိုးနွယ်စုအတွက် ပိုဒုက္ခရောက်အောင် နှိုးဆော်တဲ့ အရူးတစ်ယောက်လို့ မြင်ကြမှာပဲ

"ဟူး”

အဲဒါက ငါ့အမဆီမှာ လွှင့်တင်ထားတဲ့ သေခြင်းအလံတစ်ခုပဲ။

တကယ်လို့ အဲ့တာက ငါ့ကိုသတ်ဖို့ မလုံလောက်ဘူးဆိုရင်တောင် ငါ့အမေက သေချာတဲ့အရာကို လုပ်ခဲ့သေးတယ်

သူမက  ငါ့ဝမ်းကွဲဆီက တာအိုအရိုးကို ဖြတ်ယူပြီး ငါ့အရည်အချင်းကို ပြန်လည်ဆယ်တင်နိုင်အောင် ကြိုးပမ်းမှုတစ်ခုလုပ်ခဲ့တယ်

ဒါက နည်းနည်းတော့ အကူအညီရပေမဲ့ မလုံလောက်ပါဘူး။

အခုတော့ ငါ့ဝမ်းကွဲက ခိုးယူခံရမှုအတွက် လက်စားချေဖို့  ရှာဖွေနေတာဆိုတော့  နောက်ကျ ငါ့ကို ဖမ်းမိမှာပဲ

သူမက ပိုသန်မာလာဖို့ အခွင့်အလမ်းမြင့်မားလို့  မကြာခင် ဒါမှမဟုတ်  နောက်ပိုင်းမှာ  သူမ တာအိုအရိုးကို တောင်းဆိုဖို့ ရောက်ရှိလာနိုင်တယ်။

အဲ့ဒီတော့ အစ်မရည်းစားဟောင်းရဲ့ မလွှဲမရှောင်သာ လက်စားချေမှုကနေ လွတ်မြောက်ခဲ့ရင်တောင်... ငါ့ဝမ်းကွဲက ငါ့ကိုသတ်မှာပဲ။

ဒီသေမင်းအလံနှစ်ခုကလည်း  အစပဲရှိသေးတယ်။  ငါ့မိသားစုနဲ့ မျိုးနွယ်စုက ပိုလို့တောင် လုပ်ခဲ့တာတွေ ရှိသေးတယ်—သေချာတာကတော့ လူဆိုးတွေမှာပဲ ရှိတဲ့ အရာတွေ

သွားလေရာရာတိုင်းကို ဒုက္ခရောက်အောင်လုပ်ပြီး ရန်သူတွေဖန်တီးနေတဲ့ ငါလည်း ရှိတယ်။

ငါ့အစ်မနဲ့ အမေက အခန်းတစ်ရာအထိ  ရှင်သန်ခဲ့တဲ့ အဓိက လူဆိုးတွေ ။

ဒါပေမယ့် ငါက

ငါ့အပြုအမူအရ ငါက ဇာတ်ဆောင်နဲ့တွေ့ပြီးပြီးချင်း အခန်းသုံးခန်းမှာ သေမယ့် တတိယအဆင့် လူဆိုးတစ်ယောက်ပဲ

"ဟူး..."

လက်သီးတွေကို ဆုပ်ထားလိုက်တော့ လက်သည်းတွေက လက်ဖဝါးထဲကို ထိုးဖောက်သွားသည်။

ငါ့မိသားစုရဲ့ လုပ်ရပ်နဲ့ ငါ့ ထင်မြင်ယူဆချက်ကို ဆန်းစစ်ကြည့်တော့ သိတာတစ်ခုရှိလိုက်တယ်-

"အဲ့တာက ငါအရမ်းရူးနေပြီဆိုတာပဲ”

ဘယ်လိုပဲကြည့်ကြည့် သေမင်းအလံတွေက ပေါင်းပင်တွေလို ပတ်ဝန်းကျင်မှာ ပေါက်နေတာပဲ။

ငါ့မိသားစုရဲ့ အပြစ်တွေကနေ ငါ့ရဲ့မိုက်မဲမှုအထိ၊ ဒါဟာ ပြီးပြည့်စုံတဲ့ မုန်တိုင်းတစ်ခုလိုပဲ။ 

ထိုအလံတွေထဲက တစ်ခုက ကျင့်ကြံဝတ္ထုတစ်ပုဒ်လို တီးခတ်နေမည်ဆိုရင်

ငါသေနေပြီ။

"ဘာလုပ်ရမှာလဲ...ဘာလုပ်ရမလဲ”

ငါအပြန်ပြန်အလှန်လှန် စဉ်းစားရင်း အခြေအနေကို ကယ်တင်ဖို့ နည်းလမ်းကို တွေးနေမိတယ်။

ဆိုးရွားလှတဲ့ အခြေအနေကို ကြည့်လိုက်တော့ ပိုင်မျိုးနွယ်နဲ့ အဆက်အသွယ်ဖြတ်တာက အဲ့ဒီဇာတ်ကောင်လက်ကနေ ငါ့ဘေးကင်းမှုကို အာမခံနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။

ကိစ္စတွေ ဖြစ်ပျက်ပြီးရင် အဲဒီဇာတ်ဆောင်လို လူတွေနဲ့ ဆက်ဆံရေးကို အဖက်ဆယ်ဖို့ နည်းလမ်း မရှိတော့ဘူး။

အမက  သူ့ရည်းစားဟောင်းမျိုးနွယ်ဖြစ်တဲ့ လင်းမျိုးနွယ်ကို အရှက်ကွဲစေခဲ့ပြီး အခြားမျိုးနွယ်စုတွေရှေ့ရမှာ စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ခဲ့တယ်။

အမေက တာအိုအရိုးခိုးခဲ့ပြီး ငါ့ကိုပေးခဲ့တဲ့ ဝမ်းကွဲအကြောင်းဆို ပြောမနေပါနဲ့တော့

ငါ့အမေက ဒီလိုဆိုးရွားတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ရုံသာမကဘဲ ငါ့ဝမ်းကွဲကိုလည်း သူ့မိဘတွေ ဘယ်မှာရှိမှန်း မသိတဲ့အတွက် မျိုးနွယ်စုထဲက နှင်ထုတ်ခဲ့သေးတယ်

သူနဲ့တွေ့ရင် စကားစမြည်မပြောခင်မှာ ငါ့ ခေါင်းကို ယူမယ်ဆိုတာ ၁၀၀% သေချာပါတယ်။

ပြီတော့ သူမ မျိုးနွယ်စုမှာ ရှိနေကတည်းက သူမအပေါ် ကောင်းကောင်း ဆက်ဆံမိတယ်လို့တော့ မထင်ဘူး။ သူမက  ဒီလိုကိစ္စအတွက် အံအားသင့်နေမှာ သေချာပါတယ်

"ဒါပေမယ့်၊ ဂိုဏ်းကနေ ထွက်သွားတာက ပိုတောင် အန္တရာယ်ရှိနိုင်တယ်။"

ပြောသလိုပဲ ငါက  ကြင်နာတတ်တဲ့လူမဟုတ်ဘူး။   ငါ့မိသားစုရဲ့ အကာအကွယ်ရှိတာသိတော့ လူတော်တော်များများကို ရန်စခဲ့တယ်လို့ပြောနိုင်တယ်။

အဲဒီလူတွေက ဇာတ်ဆောင်ထက် ငါ့ကိုသတ်ဖို့ ပိုစိတ်အားထက်သန်တယ်လို့တောင် ပြောလို့ရတယ် ။

ငါ  ပိုင်မျိုးနွယ်စုက ထွက်သွားပြီဆိုတာ သူတို့သိလိုက်တဲ့ အချိန်မှာ  ပိုင်နယ်မြေကထွက်တာနဲ့ ငါသတ်ခံရဖို့ အခွင့်အလမ်းများနေပြီ။

အဲဒီလိုမဟုတ်ရင်တောင်မှ ဒီကမ္ဘာကြီးက  ကမ္ဘာမြေလို မလုံခြုံပါဘူး၊ သတိလက်လွတ်အမှားတစ်ခုက အထူးသဖြင့် ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆို သေစေနိုင်တယ်။

ပိုင်မျိုးနွယ်ရဲ့ ပံ့ပိုးမှုမပါပဲ အပြင်မှာ ဒီဇာတ်ဆောင်လက်နဲ့ ငါသေဖို့ အခွင့်အလမ်း ပိုများတယ်။

ပိုင်မျိုးနွယ်နဲ့ အဆက်အသွယ်ဖြတ်ပြီးတာတောင် ကောင်းကင်ဘုံက ဇာတ်ဆောင်တွေထဲက တစ်ယောက်နဲ့ တွေ့ရရင် ငါအသတ်ခံရမှာပဲ

ပိုင်မျိုးနွယ်စုအကာအကွယ်မရှိရင် ငါ့ကို သတ်ရတာ ပိုလွယ်လိမ့်မယ်

"မဟုတ်ဘူး..ငါ့မှာ ဒါရှိသေးတယ်”

ငါ့သေမှာကနေ အမှန်တကယ်ကယ်တင်နိုင်မဲ့ အရာတစ်ခု ရှိကောင်းရှိမှာပါ”

"တကယ်တော့ ဒါက စနစ်မျက်နှာပြင်တစ်ခုပဲ”

ငါ့မျက်စိရှေ့မှာ ထားဖို့ ငြင်းဆန်တဲ့အရာတစ်ခု—ငါ့ရွှေလက်ချောင်း။

ငါမွေးကတည်းက အဲဒါက ဘာလဲဆိုတာ ဘယ်တုန်းကမှ မသိခဲ့သလို ပျောက်ကွယ်သွားအောင်လည်း မလုပ်နိုင်ခဲ့ဘူး

[အိမ်ရှင်အချက်အလက်]

အိမ်ရှင်- ပိုင်ကျီဟန်

အသက်: ၁၆

ကျင့်ကြံမှုအဆင့် - အခြေခံအုတ်မြစ်အဆင့် (အစောပိုင်း)

ကျင့်ကြံရေးနည်းလမ်း- မရှိပါ။

သိုင်းပညာ - မရှိပါ။

ခေါင်းကုတ်ရင်း အတိတ်က အရာတွေကို သတိရတော့ စိတ်လှုပ်ရှားတာထက် ပိုစိတ်ညစ်သွားသည်။

"ဘာလို့ အင်္ဂလိပ်လိုလဲ"

အခုချိန်ထိ ဘာဖြစ်နေတာလဲ၊ ဘယ်လို ရုန်းထွက်ရမလဲဆိုတာ မသိရသေးဘူးဆိုတော့...

ဤစနစ်သည် တစ်ချိန်လုံး အင်္ဂလိပ်ဘာသာဖြင့် ဖြစ်နေ၏

ကမ္ဘာမြေက  အမှတ်ရစရာတွေ သတိမရမချင်း မရင်းနှီးသော ဘာသာစကားတစ်ခု။

"ငါမွေးကတည်းက ရှိခဲ့တဲ့ စနစ်က ဒီကမ္ဘာက မဟုတ်တဲ့ ဘာသာစကားနဲ့ ဘာလို့ ဖြစ်နေရတာလဲ"

တကယ်လို့ ငါသာ  အမှတ်တရတွေကို ပြန်လည်ရရှိတာမျိုး မရှိရင် ဒါက ဘာဆိုတာကို ဘယ်တော့မှ ရှာဖွေတွေ့ရှိမှာ မဟုတ်သလို စနစ်ဆိုလိုချက်ကြောင့် (၁၆)နှစ်ကြာအောင် နားမလည်နိုင် ဖြစ်နေအုံးမှာပဲ။

ဒီလိုမှမဟုတ်ရင် ဒီလိုလိမ်လည်လှည့်ဖြားမှုနဲ့အတူ ငါက 'အမှိုက်' အဖြစ် ဆက်ဆံခံရအုံးမှာ

ဒါပေမယ့်  စနစ်နဲ့ အင်္ဂလိပ်ဘာသာအကြောင်းမသိဘဲ လွန်ခဲ့တဲ့(၁၆) နှစ်ကတော့

ဤစနစ်သည် ကျွန်တော်အမြင်အာရုံကို ပိတ်ဆို့ပြီး ကျွန်တော်ဘဝကို ပျက်စီးစေသော အနှောင့်အယှက်တစ်ခုမှလွဲ၍ ဘာမှမဟုတ်ပေ။

All Chapters