ပိုင်ကျီဟန်၏ မာနကြီးမှု
Vol. 1 Ch. 8
အခြားအစေခံများသည် အဝေးကနေ ပြသနာကို စောင့်ကြည့်နေကြသည်။
"သခင်လေးပိုင်က ဒုက္ခပေးနေပြန်ပြီ’’
"ဒီတစ်ကြိမ်မှာတော့ကောင်းကင်ဓားဂိုဏ်း ဧည့်သည်တွေနဲ့"
"ငါတို့ သခင်မ ပိုင်ရွှယ်ချင်းကို အကြောင်းကြားသင့်သလား။ ဒီလိုမှမဟုတ်ရင် ဒီမှာ ကြီးမားတဲ့ပြသနာဖြစ်နိုင်တယ်”
‘’နင့်အသက်ကို နင်မချစ်ဘူးလား။ သခင်လေးပိုင်သိရင် အသက်နှုတ်ခံနေရမယ်’’ပိုင်ကျီဟန် လှုပ်ရှားမှုကို ကြည့်ရှုသူများသည် မည်သည့်အရာကို မဆိုလုပ်ပိုင်ခွင့်မရှိခဲ့ပေ။
ပိုင်ကျီဟန်ကို ဆန့်ကျင့်လျှင် ဖြစ်လာမည်ကို သိထားတာကြောင့် ကူညီဖို့ ဒါမှမဟုတ် ပြသနာကို ရပ်တန့်ဖို့ မည်သူမျှသတ္တိမရှိကြပေ။
ယွင်ချင်းမိန်နဲ့ ချင်းဖေးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။
သူတို့ကို ပုဂ္ဂိုလ်ရေးစော်ကားမှုသာဆို လျှောချသွားလို့ရပေမဲ့ အခုက သူတို့ဂိုဏ်းကို ထိပါးနေ၏
နောက်ဆုံးတော့ ဖေးလင်းက အေးစက်တဲ့လေသံနဲ့ပြောလေသည်။
" စီနီယာအကိုရှန် ဒါက ပိုင်ရွှယ်ချင်းရဲ့ မောင် ပိုင်ကျီဟန်လေ။ သူက ညီမတို့ကိုရော ကောင်းကင်ဓားဂိုဏ်းနှစ်ခုလုံးကိုရော စော်ကားခဲ့ပါတယ်”
ရှန်လျန့် ပုံစံသည် အမျက်ဒေါသထွက်ရာမှ နားလည်သလိုပုံစံအနည်းငယ် ပြောင်းလဲသွားသည်။
အရည်အချင်းမရှိသော်လည်း မာနထောင်လွှားမှုကြောင့် လူသိများသော ပိုင်မျိုးနွယ်စုမှ ပိုင်ကျီဟန်အကြောင်းကို ကြားဖူးခဲ့သည်။သူရှေ့က လူက ဘယ်သူဆိုတာသိပြီး သက်ပြင်းချရင်း ဒေါသကို ထိန်းသိမ်းလိုက်သည်။
သူသည်စကားမပြောမီ ပိုင်ကျီဟန်ကို အပေါ်အောက်ကြည့်လိုက်သည်။
"ဒါဆိုမင်းက ရွှယ်ချင်း မောင်လား။ "
သူက ဆက်ပြောသေးသည်။
"ဂျူနီယာညီမ ရွှယ်ချင်းနဲ့ ငါ့ရဲ့ဆက်ဆံရေးကိုထည့်သွင်းစဉ်းစားပြီး ဒီတစ်ခါတော့မင်းကိုခွင့်လွှတ်လိုက်မယ်။ ငါ့ဂိုဏ်းက ညီမတွေကို မနှောက်ယှက်ပါနဲ့”
သူ၏လေသံသည် ကလေးငယ်တစ်ဦးအားသနားကြင်နာမှုပြနေသလိုထက် ပိုတဲ့
လေထုကို သယ်ဆောင်ခဲ့သည်။
ထို့အပြင်သူ၏စကားများတွင် သွယ်ဝိုက်သောခြိမ်းခြောက်မှုတစ်ခုရှိခဲ့သည်။
ပိုင်ကျီဟန်သည် ကျင့်ကြံမှုတွင်အရည်အချင်းမပြည့်မီနိုင်သော်လည်း သူသည် အရူး မဟုတ်တာကြောင့် အဓိပ္ပာယ်ကိုနားလည်ခဲ့သည်။
ထို့အပြင်သူ၏ ကိုယ်ပိုင်နယ်မြေတွင်ခြိမ်းခြောက်ခံရတာလား။ ဒါကို ပိုင်ကျီဟန် အနေနဲ့ ဘယ်လို လျော့ချခွင့်ပြုနိုင်မလဲ။
"အိုး? ဒီတော့မင်းကဒီတပည့်တွေထဲကတစ်ယောက်ပေါ့”
ပိုင်ကျီဟန်က ရယ်မောရင်း သူ့လေသံက လှောင်ပြောင်နေသလိုပင်
"ဘာကိုဆိုလိုတာလဲ?"
ရှန်လျန့်သည်မျက်မှောင်ကြုတ်လိုက်ပြီး စွန့်ပစ်ခံခွေးက သူ့ကိုလှောင်ဝံ့တာကြောင့် မကျေမနပ် ဖြစ်သွားသည်။
"ငါ့အစ်မ နောက်ကို ခွေးတစ်ကောင်လိုလိုက်နေတာမလား ဟားဟား ... "
ပိုင်ကျီဟန်သည် စော်ကားမှုကနေ ရယ်မောခြင်းသို့ရောက်သွားသည်။
ရှန်လျန့် မျက်နှာက ချက်ချင်း မှောင်မိုက်သွားသည်။
ပိုင်ကျီဟန်က တစ်ခုခုကိုသဘောပေါက်နေသလိုပြုမူခဲ့သည်။
“တကယ်တော့ အခု ငါစဉ်းစားလိုက်တာ ... ဒါက မင်းအတွက် အကောင်းဆုံးအခွင့်အရေးပဲ။ ငါ့အစ်မကလည်း သူ့ရဲ့စေ့စပ်တာကို ဖျက်လိုက်ပြီဆိုတော့လေ။ မင်းလိုတပည့်တစ်ယောက်အနေနဲ့ ဒီအခွင့်အရေးကို အရယူရုံပေါ့”
ရှန်လျန့် ၏မေးရိုးက တင်းမာသွားသည်။
"မင်းစကားတွေကို သေချာပြောစမ်း ပိုင်ကျီဟန်”
အနီရောင်လက်ကနေ ဖမ်းမိတဲ့ကလေးတစ်ယောက်လိုပဲ သူ၏အသံသည် ဒေါသသံပါနေသည်။
"ဘာလို့လဲ”
ပိုင်ကျီဟန်က သူ့လက်တွေကိုဆန့်ပြီး အပြစ်ကင်းသလို လုပ်နေသည်။
"ငါက သိသာထင်ရှားတဲ့အချက်ကို ပြောပြနေတာပါ ။ ဒီတစ်ခါလည်း ... ငါ့အစ်မကို ဘိုးဘေးတွေရဲ့ကတိကို ချိုးဖောက်ဖို့ ဆွဲဆောင်ခဲ့တာလား။ ဒါက အများကြီးရှင်းပြရလိမ့်မယ်မလား?"
သူပြောတာက မှားနေနိုင်ပေမဲ့ ရှန်လျန့်ကို နောက်ထပ်နှိုးဆွပေးဖို့ ဘာပဲဖြစ်ဖြစ်ပြောခဲ့သည်။
"ဟားဟား ... ဒါပေမယ့်မင်းမှာအခွင့်အရေးရှိတယ်လို့ ထင်နေလား။ ငါ့အစ်မနဲ့ အတူရှိဖို့ အိမ်မက်မက်နေရအောင် မင်းကိုမင်း ဘာထင်နေလဲ”
ပိုင်ကျီဟန်က ရှန်လျန့်ကိုထပ်မံ အရှက်ခွဲလိုက်သည်။
အခြားနေရာများတွင် ရှန်လျန့်ကို မည်သူက မထီမဲ့မြင်ပြုခြင်းနှင့်လျှော့တွက်ခြင်း လုပ်ရဲမည်နည်း။
သူသည် ပိုင်ရွှယ်ချင်းကဲ့သို့အရည်အချင်းမရှိသော်လည်း ထိပ်တန်းအရည်အချင်းရှိသူဖြစ်ကာ တပည့်များ လေးစားတာခံရသူပင်။
ကောင်းကင်ဓားဂိုဏ်းရှိ ယောကျာ်းလေးတပည့်များထဲမှ ပိုင်ရွှယ်ချင်းနဲ့ ထိုက်တန်
သူကို ထည့်သွင်းစဉ်းစားရမည်ဆိုလျှင် ရှန်လျန့်သည် သူတို့ထဲမှတစ်ယောက်ဖြစ်သည်။
ဤတွင်သူ့ကို စွန့်ပစ်ခံလူက လှောင်ပြောင်နေခဲ့သည်။
ရှန်လျန့် ၏ အမူအရာမှာ ဒေါသစိတ်ဖြင့် တွန့်လိမ်သွားသည်။
သူ၏ အရောင်အဝါသည် ပြင်းထန်စွာ တိုးလာသော်လည်း သူ့ကိုယ်သူ ထိန်းထားရန် လုံလောက်သော ဆင်ခြင်တုံတရား ရှိနေသေးသည်။
ပိုင်မျိုးနွယ်၏နယ်မြေမှာ ပိုင်ကျီဟန်ကို တိုက်ခိုက်လျှင် အကျိုးဆက်တွေက ပြင်းထန်
မယ်ဆိုတာ သူသိသည်။
ထို့အပြင် ပိုင်ရွှယ်ချင်းနှင့်သူ၏ဆက်ဆံရေးသည် အထူးတလည် နီးစပ်တာမျိုးမရှိတာကြောင့် သူမ၏မောင်ကို တိုက်ခိုက်ခြင်းသည် သူ့အပေါ် ဆိုးရွားသော အမြင်ကို ဖြစ်စေမည်မှာ သေချာပါသည်။
အဲဒီအစား သူက အသက်ပြင်းပြင်းရှူပြီး ရယ်မောလိုက်သည်။
“ သူ့မိသားစုရဲ့ လုံခြုံမှုနောက်ကနေ ဟောင်ဝံ့တဲ့ ခွေးတစ်ကောင်။ အဲ့တာကြောင့် ပိုင်ရွှယ်ချင်းက မင်းအကြောင်း ဘယ်တုန်းကမှ မပြောခဲ့တာပဲ။ မင်းက ပိုင်မျိုးနွယ်အတွက် အရှက်ရစရာမလို့လေ”
ရှန်လျန့်ပါးစပ်မှ ထိုစကားများ ထွက်သွားသည့်အခိုက်တွင် ပိုင်ကျီဟန်၏ အမူအရာ အနည်းငယ်ပြောင်းသွားသည်။
ထို့နောက်
ဖြန်း!
ပါးရိုက်မှုက အရမ်းမြန်ပြီး ရုတ်တရက် ရှန်လျန့်က သူ့မျက်နှာကို ဘေးဘက်သို့ မကျမီအထိ သတိမပြုမိပေ။
ချက်ချင်းပင် သူ့ပါးပြင်ပေါ်တွင် နီရဲသော အမှတ်အသားတစ်ခု ပေါ်လာသည်။
တိတ်ဆိတ်ကုန်၏
ခြံတွင်းရှိ လူအားလုံး…ပိုင်မျိုးနွယ်စု အစေခံများ၊ ကောင်းကင်ဓားဂိုဏ်း၏ တပည့်များနှင့် အခြားကြည့်ရှုသူများက တုန်လှုပ်ချောက်ချားသွားကြသည်။
ပိုင်ကျီဟန်က ပြုံးလိုက်သည်။
"မင်း အဲ့တာကို ပြောတာလား”
ရှန်းလျန့် တစ်ကိုယ်လုံးတင်းမာလာပြီး ဒေါသအထွတ်အထိပ်သို့ ရောက်လာသည်။
"မင်း”
တွေးမနေဘဲ သူ့လက်က ဓားကို လွှဲရန် အသင့်ဖြစ်နေသည်။
ဓားကို လွှဲခါနီးတွင်မူကား
ဘုန်း!
အားကြီးသော စွမ်းအားတစ်ခုသည် ၎င်းတို့ကြားမှ မြေပြင်ပေါ်သို့ ကျလာကာ မြေကြီးကို တုန်လှုပ်စေခဲ့သည်။
ကြီးမားသော အသွင်အပြင်တစ်ခုဖြစ်သည့် ပိုင်ကျီဟန်၏ ကိုယ်ရံတော်တစ်ဦး ရှေ့သို့ တိုးလာသည်။
သူ၏ တည်ရှိနေခြင်းသည် မရွေ့မပြောင်းနိုင်သော တောင်ကဲ့သို့ပင်။
သူ၏ စူးရှသော အကြည့်များက ရှန်လျန့်ဆီသို့ ရောက်သွားပြီး သူ့အသံသည် ငြိမ်သက်နေသော်လည်း အေးစိမ့်သော အလေးချိန်ကို သယ်ဆောင်လာသည်။
"ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ထိန်းပါ။ မဟုတ်ရင် ငါ တိုက်ရလိမ့်မယ်။"
ရှန်လျန့်၏ လက်ချောင်းများသည် ဓားသွားပေါ်မှ လှုပ်ယမ်းသွားသည်။
သူစိတ်ဆိုးနေ၏
သူ့၏သွေးကြောမျှင်တစ်ခုချင်းစီက ပိုင်ကျီဟန်၏ မျက်နှာပေါ်မှ ညစ်ညမ်းတဲ့ အပြုံးတွေကို ဖယ်ပစ်ချင်နေသည်။
ဒါပေမယ့် သူ့စိတ်ထဲက ဆင်ခြင်တုံတရားရှိတဲ့ အစိတ်အပိုင်းက ပိုင်မျိုးနွယ်မှာရှိနေသည်ဟု သတိပေးနေ၏
သူသာ အခု လှုပ်ရှားခဲ့မယ်ဆိုရင် ပိုင်ကျီဟန်နဲ့တင်မဟုတ်ဘဲ ပိုင်မျိုးနွယ်တစ်ခုလုံးကိုတိုက်ခိုက်ရမှာပင်။
သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
သူသည် ချုပ်တည်းမှုအင်အား အလုံးစုံနဲ့ အတူ ပြင်းပြင်းထန်ထန် အသက်ရှူထုတ်လိုက်ပြီး ဓားကို ဆုပ်ကိုင်ထားလိုက်သည်။
ပိုင်ကျီဟန်က ရယ်ပြီး ခေါင်းယမ်းလိုက်သည်။
"တွေ့လား။ ဒါ မင်းတို့ ကောင်းကင်ဘုံဓားဂိုဏ်းက သူတွေရဲ့ ပြဿနာပဲ။ အမြဲတမ်း ကိုက်
တယ်၊ အမြဲတမ်း သာလွန်သလို လုပ်တယ်... ဒါပေမယ့် အဆုံးမှာတော့ ဘာမှ မလုပ်နိုင်ဘူး။"
သူက ပြုံးလိုက်၏
"မင်းက လိုက်ယက်နေတဲ့ ခွေးထက် ဘာမှ မပိုဘူး။ အထူးသဖြင့် မင်း ငါ့နယ်မြေမှာ ရှိနေတုန်း အဲဒါကို မင်းသိလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဟား..."
ပိုင်မျိုးနွယ် အစေခံတွေက စိတ်မကောင်းဖြစ်ပြီး ခေါင်းခါနေကြသည်။
ကောင်းကင်ဓားဂိုဏ်း၏ အထင်ကြီးလောက်သော ပါရမီရှင်များပင်လျှင် သူတို့၏သခင်လေးနှင့် ဆက်ဆံရာတွင် ဒုက္ခရောက်ခဲ့ရသည်။
ရှန်လျန့် နှင့် အခြားတပည့်များသည် ဒေါသတကြီးဖြစ်နေသော်လည်း ခိုကိုးရာမဲ့ ဖြစ်နေကြသည်။
၎င်းတို့သည် ရွှေဗဟိုနယ်ပယ်တွင်သာရှိကြပြီးပိုင်ကျီဟန်၏ကိုယ်ရံတော်သည် အနည်းဆုံး ဝိညာဉ်အခြေတည်စအဆင့်တွင် ရှိနေသည်။
ပိုင်ကျီဟန်၏ ကိုယ်ရံတော်ကို တစ်နည်းနည်းနဲ့ အနိုင်ယူနိုင်ခဲ့ရင်တောင် ပိုင်ကျီဟန်ကို လက်ညိုးနဲ့ မထိုးနိုင်ခင် ကြားဝင်ဖြေရှင်းပေးမည့် တခြားအစောင့်တွေ အများကြီးရှိပါသေးသည်။
သူ့မှာ အခွင့်အရေးမရှိချေ။
ဒါဟာ ရှန်လျန့်နဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေအတွက် လုံးဝ အရှက်ရစရာပင်။
ပိုင်ကျီဟန်က ပျင်းရိစွာ အကြော ဆန့်လိုက်သည်။
"အင်း ရယ်စရာပဲ၊ ရှန်လျန့် အဲ့ဒီပါးကို ရေခဲကပ်အုံး ၊ ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေက ခြင်တစ်ကောင်နဲ့ တိုက်မိသွားသလိုမျိုး လူတွေကို အထင်မမှားစေချင်ဘူး “
အခြေအနေတစ်ခုလုံးဟာ ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခုလိုပဲ သူ့ခေါင်းပေါ်ကို လက်နှစ်ဖက်တင်ပြီး လှည့်ထွက်သွားခဲ့သည်။
လူအုပ်ကြီးက သူ့အတွက် လမ်းဖယ်ပေးကြသည်။
သူ့နောက်မဗာတော့ ရှန်လျန့်သည် နေရာတွင် အေးစက်စက် ရပ်နေပြီး သူ၏ လက်သီးများက ဒေါသကြောင့် တုန်လှုပ်နေသည်။
"ဒါက မပြီးသေးပါဘူး" ရှန်လျန့်က ရေရွတ်လိုက်သည်။
"တကယ် မပြီးသေးပါဘူး”