← Chapters

အမှန်နဲ့အမှားကိုရောစပ်ခြင်း

Vol. 1 Ch. 9

အမှန်နဲ့အမှားကိုရောစပ်ခြင်း

Vol. 1 Ch. 9

(အိုး..အဲ့ဒီကောင်းကင်ဓားဂိုဏ်းမှ တပည့်တွေက ပိုင်ရွှယ်ချင်းကို  တိုင်တန်းခဲ့ကြ လိမ့်မည်)

ပိုင်ကျီဟန်က ချက်ချင်း ကောက်ချက်ချလိုက်သည်။

အမှန်တကယ်တော့ ဤကျယ်ပြန့်သော ပိုင်မျိုးနွယ်စု  နယ်မြေတွင် ၎င်းတို့ရင်ဆိုင်

ကြုံတွေ့နေရသော မတရားမှုအတွက် ဖြေရှင်းပေးနိုင်သူမှာ ပိုင်ရွှယ်ချင်းမှလွဲ၍ မည်သူမျှမရှိပေ။

"ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေကို တစ်ခုခုလုပ်ခဲ့တယ် လို့ ပြောချင်တာလား"

ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါး မေးသည်။

"ဟုတ်တယ်၊ သူတို့ကိုတောင်းပန်စေချင်

တယ်”

ပိုင်ရွှယ်ချင်းအသံက ဒေါသထွက်နေတာ သိသာသည် ။

"အမ တွေ့လို့လား?"

ပိုင်ကျီဟန် အမေးက လောင်ချင်းနဲ့ ပိုင်ရွှယ်ချင်းနှစ်ယောက်လုံးကို အံ့ဩသွားစေသည်။

အခြားအချိန်များတွင် သူသည် ပိုင်ရွှယ်ချင်းကို မေးခွန်းမထုတ်ဘဲ ဘယ်လိုအခြေအနေမဆို နာခံခဲ့သည်။

ပိုင်ရွှယ်ချင်းသည် သူ့အား စိုက်ကြည့်နေရင်း ရုတ်တရက် သူ့အမူအရာ ပြောင်းလဲသွားတဲ့အပေါ်  ထိတ်လန့်သွားသည် ။

သာမာန်အားဖြင့် သူသည် မောက်မာစွာ ပြုမူတတ်သည်၊ ရယ်မောတတ်သည်၊ ဒါမှမဟုတ် တာဝန်ဝတ္တရားမှ လွတ်ကင်းရန် ကြိုးစားတတ်သည်။ ယခုမူ သူမကို တိုက်ရိုက်မေးမြန်းနေသည်။

တစ်ခုခုတော့ ထူးခြားနေ၏

သူမ၏ မျက်ခုံးများ အနည်းငယ် ကော့သွားသည်။

"ဘာကိုဆိုလိုတာလဲ၊ ငါမြင်လို့လားလို့ မေးတာပေါ့”

ပိုင်ကျီဟန်က နောက်သို့ ကိုင်းလိုက်ပြီး သူ့အမူအရာ လုံးလုံးလျားလျား အေးဆေးဖြစ်နေသည်။

"ဒါက ရှင်းပါတယ်။ အစ်မရဲ့  စီနီယာညီအစ်မတွေကို နှောင့်ယှက်တာ ဒါမှမဟုတ် တိုက်ခိုက်ခဲ့တာကို ကိုယ်တိုင်မတွေ့ခဲ့ရင် အပြစ်ရှိတယ်လို့ ဘယ်လိုတောင် သေချာပြောနိုင်နေတာလဲ”

ပိုင်ကျီဟန်က သူ့တကယ်အမှားလုပ်မှန်း သိပေမယ့် ဝန်ခံဖို့ ရည်ရွယ်ချက်မရှိပေ။

ပိုင်ရွှယ်ချင်းသာ လုံးဝသက်သေပြစရာမရှိရင် သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဟု  ယုံကြည်သည်။

တောင်းပန်ဖို့လည်း ရည်ရွယ်ချက်မရှိပေ။

သူ၏ မောက်မာမှုသည် သူ့စိတ်ထဲတွင်  အမြစ်တွယ်နေပြီး ပြစ်ဒဏ်ပေးမည့် ခြိမ်းခြောက်မှုပင်လျှင် ယင်းကို မပြောင်းလဲနိုင်ပေ။

ထို့အပြင် သူကလည်း ရှင်းလျန်နဲ့ သူ့အဖော်တွေက တစ်နေ့မှာ မတရားမှုရလဒ်ကို ခံရမယ်လို့ သေချာစွာ ယုံကြည်နေသည်။ အထူးသဖြင့် ရှင်းလျန်ကတော့ ပိုင်ရွှယ်ချင်း၏ ယခင် စေ့စပ်သူကို မျက်နှာမနာဘဲ လိုက်နေသူဖြစ်တာ သေချာနေလို့ပင်။

သူကမှ ဗီလိန်အသေးစားလေးဆိုတာ ထင်ရှားသည်။

အမှန်အားဖြင့်  ရှန်လျန့်နှင့် ပဋိပက္ခကို ရှောင်ရှားရန် မလိုအပ်ပေ။ ဆိုလိုသည်မှာ သူကိုယ်တိုင် လူဆိုးလေးတစ်ဦး ဖြစ်နေလို့ပင်။

အမှန်တော့ ရှန်လျန့်ကို အနိုင်ကျင့်ရင် ဇာတ်ဆောင်ရဲ့ မျက်နှာသာပေးတာ ခံရနိုင်သည်။

အဲဒီလိုမဟုတ်ရင်တောင်မှ ရှန်းလျန့်ကို သူ့ လုံးဝ တောင်းပန်မှာ မဟုတ်ပေ။

"ငါ့စီနီယာတွေက လိမ်နေတယ်လို့ ပြောနေတာလား။"

ပိုင်ရွှယ်ချင်းသည် မျက်မှောင်ကျုံ့ထားသည်

ပိုင်ကျီဟန်က ရယ်မောလိုက်သည်။

"ဖြစ်ကောင်းဖြစ်နိုင်တယ်လေ.. ဘယ်သူသိမလဲ။"

"ဟမ်၊ သူတို့က ဘာလို့ လိမ်မလဲ။ ဒါက  နင်က ဒုက္ခပေးနေတာ သိသာနေပေမယ့် ငါ့ကို လိမ်ဝံ့တယ်"

ပိုင်ရွှယ်ချင်းက ဒေါသ ထွက်သွားသည်။

ပိုင်ကျီဟန်စရိုက်ကို သူမ ကောင်းကောင်းသိပြီး သူနဲ့ ဂိုဏ်းတပည့်တွေကြားမှာဆိုရင်တောင် သူမက တစ်ဖက်ကို အမြဲယုံကြည်နေမှာပင်။

ပိုင်ကျီဟန်က ပြုံးလိုက်သည်။

"အထောက်အထားမရှိဘဲဘယ်လိုယုံကြည်နိုင်မလဲ။ စကားလုံးတွေက စျေးပေါတယ်။ ဒါပေမယ့် ငါတို့တကယ်ဖြစ်ခဲ့တာကို သိချင်ရင် အဲဒီမှာရှိတဲ့သူတွေအားလုံးကို ဘာလို့မမေးတာလဲ။"

ပိုင်ရွှယ်ချင်း၏ အမူအရာ အနည်းငယ် မဲမှောင်သွားသည် ။

ပိုင်ကျီဟန်မှာ အပြစ်ရှိတယ်လို့ သေချာပေါက် သိထားပေမယ့် ခိုင်လုံတဲ့ သက်သေမရှိဘဲ သူ့ကို ပြတ်ပြတ်သားသား စွပ်စွဲလို့မရပေ။

သူ့လက်နှစ်ဖက်ကို ပိုက်ပြီး "ကောင်းပြီ၊ မင်း အရမ်းယုံကြည်မှုရှိနေတော့ ဒါကို မှန်ကန်စွာ ဖြေရှင်းလိုက်ကြရအောင်"ဟု ပြောလိုက်သည်။။

ပိုင်ရွှယ်ချင်းသည့် အချိန်မဖြုန်းဘဲ အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့သည့် ပိုင်မျိုးနွယ်စု အစေခံများနှင့် အစောင့်များအားလုံးကို ချက်ချင်းလာရန် အမိန့်ပေးခဲ့သည်။

များပြားလှသော လူများရောက်လာသည်နှင့်အမျှ တိုးတိုးတိတ်တိတ် အသံများက ခြံဝင်းအတွင်း ဖြစ်ပေါ်နေသည်။

ထို့နောက်  ပိုင်ရွှယ်ချင်းသည် ထိုနေ့တွင်ရှိနေသော ကောင်းကင်ဓားဂိုဏ်းမှ တပည့်များကို ခေါ်သည်။

တပည့်များရောက်လာသည်နှင့် ခြံဝင်းသည် လျင်မြန်စွာ ပြည့်လာကာ သူတို့၏ အမူအရာများသည် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

အဲဒီအထဲမှာ ရှန်လျန့်၊ ယွင်ချင်းမိန်နဲ့ ဖေးလင်း တို့ ပါ ပါဝင်သည်။

သူတို့သည် ရှေ့တွင်ရပ်နေပြီး ကိုယ်ဟန်အနေအထား တောင့်တင်းသော်လည်း ရှန်လျန့်၏ မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်များ ရှိနေသည် ။ သူက ဤကိစ္စအား ပိုင်ရွှယ်ချင်းကိုင်တွယ်မှာကို စောင့်ဆိုင်းနေခဲ့သည်။

ထိုနေ့တွင် သူ အရှက်ရခဲ့သော်လည်း ယခုတော့ လက်စားချေနိုင်တော့မည်ဖြစ်သည်။

ပိုင်ကျီဟန် မတောင်းပန်မချင်း သူ ခွင့်လွှတ်မှာ မဟုတ်ပေ။

ရှန်လျန့်သည်  ပိုင်ရွှယ်ချင်းကို ရိုသေစွာ ဦးညွှတ်ကာ ရှေ့ကို တိုးလာသည်။

"ဂျူနီယာညီမငယ်၊ ဒါကို မင်းအလေးအနက်ထားပေးလို့ ကျေးဇူးတင်ပါတယ်။"

သူ့လေသံက တိကျသော်ငြားလည်း ဖုံးကွယ်ထားသည့် အောင်မြင်မှု အရိပ်အယောင်များ ရှိနေသည်။

ပိုင်ရွှယ်ချင်းသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များထံသို့ လှည့်မသွားမီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဘာဖြစ်တာလဲ အတိအကျပြောပါ။"

ယွင်ချင်းမိန်က မကျေနပ်ချက်ဖြင့် ပြတ်သားစွာပြောလိုက်သည်။

" ပိုင်ကျီဟန်က ကျွန်မတို့ရှေ့မှာ ပေါ်လာပြီး ကျွန်မတို့လမ်းကြောင်းကို ပိတ်ဆို့လိုက်တာက စခဲ့တာဘဲ။ သူက မသင့်လျော်တဲ့ စကားတွေပြောပြီး  ကျွန်မတို့က ပိုင်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တွေကို ဖြားယောင်းနေတယ်လို့ ပြောခဲ့ပါသေးတယ်။ ကျွန်မတို့ထွက်သွားဖို့ ကြိုးစားတော့ သူက ကျွန်မတို့ဂိုဏ်းကို ထပ်ပြီး စော်ကားခဲ့တယ်"

ဖေးလင်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်! အဲဒီအခါမှာ စီနီယာအစ်ကိုရှန်က အခြေအနေကို ရှင်းဖို့ရောက်လာတယ်၊ ဒါပေမယ့် ပိုင်ကျီဟန်က သူ့ကို ပုတ်ခတ်ပြီး ပါးတောင်ရိုက်လိုက်သေးတယ်။"

ရှန်လျန့်က မျက်မှောင်ကြုတ်ကာ သူ့အမူအရာ ငြိမ်သက်နေသော်လည်း သူ့လေသံက ဖုံးကွယ်ထားသော ဒေါသကို သယ်ဆောင်လာသည်။

"ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ဒေါသတွေကို သည်းခံခဲ့ပေမယ့် သူက ဂျူနီယာ ညီမတွေနဲ့ ကောင်းကင်ဓားဂိုဏ်းကို ဆက်ပြီး စော်ကားခဲ့တယ်။"

ဆက်မပြောခင် သူက အသက်ပြင်းပြင်းရှူလိုက်သည်။

"ဂျူနီယာ ညီမပိုင်၊ သူက မင်းရဲ့မောင်လေးမှန်း ငါသိတယ်၊ ဒါပေမယ့် သူက ကောင်းကင်ဓားဂိုဏ်းကို ဒီလောက်ထိ မရိုမသေဆက်ဆံလို့တော့ မရဘူးလေ”

ရှန်လျန့်သည် ကောင်းကင်ဓားဂိုဏ်း၏ အမည်ကို ခေါင်းစဉ်တပ်ရင်း အခြေအနေ၏ ပြင်းထန်မှုကို ရှင်းရှင်းလင်းလင်း အလေးပေးလိုခဲ့သည်။

ပိုင်ရွှယ်ချင်းက ခေါင်းညိတ်ပြီး ပြန်ပြောလေသည်။ "ဟုတ်ပြီ။ ငါ့မောင်က ဒီလိုလုပ်ခဲ့မယ်ဆိုရင် သူ့ကို တောင်းပန်ခိုင်ပြီး ကိုယ်တိုင် အပြစ်ပေးပါ့မယ်"

ထို့နောက် သူမသည်  ပိုင်ကျီဟန်ကို လှည့်ကြည့်လိုက်သည်။

"ကျီဟန် မင်းဘာပြောစရာရှိလဲ"

ဖြောင်း ဖြောင်း

ပိုင်ကျီဟန်က လှောင်ပြောင်သလို လက်ခုပ်တီးသည်။

"ဟားဟား... မင်းသူတို့ပြောတာကို နားထောင်ရင် ငါက ဒီဇာတ်လမ်းထဲက ဗီလိန်ပဲဖြစ်မှာပေါ့”

သူသည် သက်ပြင်းချကာ စုရုံးနေသော ပိုင်မျိုးနွယ်စုအစေခံများနှင့် အစောင့်များကို ကြည့်လိုက်သည်။

"ဒါပေမယ့် သေချာပါတယ်၊ အဲဒီနေ့ကို တခြားလူတွေက စောင့်ကြည့်နေမှာပါ။ ကောင်းကင်ဓားဂိုဏ်းနဲ့ မသက်ဆိုင်တဲ့ ကြားနေသက်သေတချို့လည်း ရှိနိုင်တယ်။"

ပိုင်ကျီဟန်က အဲဒီလို ပြုမူတဲ့အခါ အစေခံတွေနဲ့ အစောင့်တွေက အေးတိအေးစက် ခံစားခဲ့ရတယ်။

ထိုစကားများက သူဘာကိုဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း သိကြသည်။

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်လုပ်ရပ်တွေကြောင့် စိတ်တိုနေသော်လည်း သူ့တွင် အချက်တစ်ခုရှိသည်ကို သိသည်။

အဲဒီ​နေ့​မှာအစေခံတွေ​နဲ့ အစောင့်​တွေ​ရှိ​သည်။ ဒါကို တရားမျှတစေချင်ရင် သူတို့ဘက်ကလည်း စကား တစ်ခုခု ကြားဖို့ လိုသည်။

ထို့ကြောင့် သူမသည် ပိုင်မျိုးနွယ်စု အစေခံများနှင့် အစောင့်များဆီသို့ လှည့်ကြည့်လိုက်သည်။

"မင်တို့အားလုံး ဒီအဖြစ်အပျက်ကို မြင်တယ်ဆိုတော့ အမှန်အတိုင်းပြောပါ။"

အစေခံများနှင့် အစောင့်များသည် တုံ့ဆိုင်းနေကြသည်။

တစ်ဖက်တွင်  ဒေါသထွက်ပြီး ရက်စက်တတ်သူဟု သိထားသည့်  ပိုင်ကျီဟန်ကို မဆန့်ကျင်ချင်ကြပေ။

တစ်ဖက်တွင်  ပိုင်ရွှယ်ချင်းက ၎င်းတို့အား အမှန်အတိုင်းပြောရန် ပုဂ္ဂိုလ်ရေးအရ အမိန့်ပေးခဲ့သည်။

ဘယ်သူကမှ ရှေ့မတိုးချင်ကြပေ။

အချိန်အတော်ကြာအောင် စောင့်ပြီးသည့်တိုင် ဘယ်သူကမှ စကားမပြောပေ။ ပိုင်ရွှယ်ချင်းက အစောင့်တယောက်ကို အမှတ်တမဲ့ လက်ပြပြီး ရှေ့ကို  လာခိုင်းသည်။

"မင်း။ မင်းမြင်ခဲ့တာကို ပြောပြပါ။"

အစောင့်သည် သူ့ကံဆိုးမှုကို ကျိန်ဆဲရန်မှတပါး ရွေးချယ်စရာမရှိဟု တွေးကာ ဖြေရန် ခြေလှမ်းပြင်လိုက်သည်။

"သခင်မလေးပိုင်... သခင်လေးပိုင်က ကောင်းကင်ဓားဂိုဏ်း တပည့်တွေဆီ အရင်ချဉ်းကပ်ခဲ့တာ အမှန်ပါပဲ”

ယွင်ချင်းမိန်နှင့် ဖေးလင်းက အနည်းငယ် ပြုံးလိုက်သည်။

ဒါပေမယ့် အစောင့်က "သူက ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက် မနှောင့်ယှက်ခဲ့ဖူးသလို သူတို့ကိုလည်း မတားခဲ့ပါဘူး၊ သူတို့ လမ်းပျောက်သွားလို့  ကူညီပေးနေတာပါ”

ပိုင်ရွှယ်ချင်းနဲ့ ပိုင်ကျီဟန်တို့ကြားမှာ ဘယ်သူက ပိုအန္တရာယ်ကြီးလဲဆိုတာ အစောင့်က သိသည်။

ပိုင်ရွှယ်ချင်းက ပိုအစွမ်းထက်လေသည်။ ဒါပေမယ့်လည်း သူမက စာနာတတ်ပြီး နားလည်မှုရှိသည်။

သူလိမ်နေတာကို သိခဲ့ရင်တောင် သူမလုပ်မည့် အဆိုးဆုံးအရာမှာ သူ့ကို ပြစ်ဒဏ်ပေးပြီး သူ့လစာကို လျှော့ချတာလောက်ပင်။

ဒါပေမယ့် ပိုင်ကျီဟန်၏ မကောင်းတဲ့ဘက်ကို ရောက်သွားခဲ့ရင် သူ့အလုပ်နှင့် ဘေးကင်းမှုကို နှုတ်ဆက်ရနိုင်ပါသည်။

သူ့မိသားစုတောင် ဒုက္ခရောက်နိုင်သည်။။

ထို့ကြောင့် သူသည် လုံးလုံးလိမ်ညာမှုများကို ရှောင်ရှားရင်း  ကောင်းမွန်သောအဖြေတစ်ခုပေးခဲ့သည်။

ပိုင်ကျီဟန်က ပြုံးပြီး ခေါင်းညိတ်တဲ့အတွက် အစောင့်က သက်သာရာရသွားသည်။

ယွင်ချင်းမိန် အမူအရာက အနည်းငယ် တင်းမာသွားသည်။

"သခင်လေးပိုင်က  သခင်ရှန်ကို ပါးရိုက်ခဲ့တာကလည်း ပိုင်မျိုးနွယ်ကို အရှက်တကွဲဖြစ်စေတဲ့သူလို့ သူ့ဘက်က  ပထမဆုံးခေါ်ခဲ့လို့ပါ”

ရှန်းလျန့်၏ အမူအရာက မဲမှောင်သွားသည်။

ပိုင်ကျီဟန်က လက်ခုပ်တီးလိုက်သည်။

"တွေ့လား။ ငါ့ကို ဝိုင်းစွပ်စွဲဖို့ ကြိုးစားနေတာ သူတို့ပဲ၊ ငါက သူတို့ကို လွှတ်ပေးပေမဲ့ သူတို့က ငါ့ကို ပြန်စွပ်စွဲတယ်"

"လိမ်နေတာ”

ရှန်လျန့်သည် အဖြစ်အပျက်များ၏ ကွဲလွဲမှုကို သည်းမခံနိုင်တော့ဘဲ အော်လိုက်သည်။

"ညီမ၊ သူတို့ပြောတာ နားမထောင်နဲ့။ ဒီကောင်က လိမ်နေတာ သိသာပါတယ်”

ပိုငိရွှယ်ချင်းက ဇဝေဇဝါ ဖြစ်သွား၏

ထွက်ဆိုချက်များအရ ပိုင်ကျီဟန်သည် ပြသနာစတင်သူဟု မထင်ရပေ။

သေချာတာကတော့ သူမဟာ အစောင့်တစ်ယောက်ထဲကိုတော့ ယုံမှာမဟုတ်ပေ။

သူမသည် အခြားအစောင့်များနှင့် အစေခံများဘက်သို့ လှည့်သွားသည်။

"သူပြောတာ အမှန်လား?"

ညီညီညွတ်ညွတ် မဖြေမီ အကြည့်ချင်းဖလှယ်ကြသည်။

"ဟုတ်ပါတယ်”

အမှန်တော့ ကောင်းကင်ဓားဂိုဏ်းနှင့် တစ်ဖက်ထဲနေရင်သာ  ၎င်းတို့ကို ဒုက္ခပေးလိမ့်မည်။

အနည်းဆုံး ပိုင်မျိုးနွယ် နယ်မြေမှာ ပိုင်ကျီဟန်ဘက်က  ရပ်တည်တာက ပိုပညာရှိသည်။

All Chapters