← Chapters

ပါးရိုက်ပြီး တောင်းပန်ခိုင်းမှု

Vol. 1 Ch. 10

ပါးရိုက်ပြီး တောင်းပန်ခိုင်းမှု

Vol. 1 Ch. 10

အခြေအနေက ဆန့်ကျင်ဘက် ဖြစ်သွားမှန်း သိလိုက်သဖြင့် ရှန်းလျန့် ၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

ပိုင်မျိုးနွယ်စု အစေခံများနှင့် အစောင့်များ အားလုံးသည်  ပိုင်ကျီဟန်ဘက်က ရပ်တည်နေသည်။

ပိုင်ကျီဟန်၏ လွှမ်းမိုးမှုက အဲ့လောင်ထိ ရှိနေမည် ဒါမှမဟုတ် ပိုင်ရွှယ်ချင်းနဲ့ယှဉ်တာတောင် သူတို့ အနေနဲ့ ပိုင်ကျီဟန်ကိုပိုကြောက်နေမည်ဟု မထင်ခဲ့ပေ။

ပိုင်ရွှယ်ချင်း၏ ပါရမီရှင် အဆင့်အတန်းနှင့် ပိုင်ကျီဟန်၏ အမှိုက်ဟူသည့် ဂုဏ်သတင်းကြောင့် အစောင့်များသည် ပိုင်ရွှယ်ချင်းပြောတာကို  နာခံကြလိမ့်မည်ဟု သူနှင့် အခြားတပည့်များက အမြဲတမ်း ယူဆခဲ့ကြသည်။

ဒါပေမယ့် ဘယ်သူက ထင်မှာလဲ။ ကြင်နာတတ်တဲ့သူနဲ့ နှိုင်းယှဥ်လိုက်ရင် လူတွေက အာဏာရှင်ကို အမြဲကြောက်ရွံ့ပြီး နာခံကြသည်ပင်။

ရှန်းလျန့်သည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားတာကြောင့် လက်ဆစ်များ ကျိုးကုန်သည်။

"ဒါ...ဒါက ရယ်စရာပဲ”

သူ့အသံမှာ ဒေါသစိတ်ဖြင့် တုန်လှုပ်သွားသည်။

ပိုင်ကျီဟန်အတွက်  လိမ်ညာပေးမှုတွင် အစေခံတွေနဲ့ အစောင့်တွေအားလုံး ပါဝင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အဲ့တော့ သူ ဘာလုပ်နိုင်မလဲ။

ကောင်းကင်ဓားဂိုဏ်းမှ တပည့်များအားလုံး ဆန္ဒပြကြတောင် ရလဒ်က ပြောင်းလဲမည်မဟုတ်ပေ။ မတူညီသော အဖွဲ့များမှ အထောက်အထားများ ကင်းမဲ့နေသောကြောင့် ပိုင်ကျီဟန်မှာ အပြစ်မရှိဟုသာ ကောက်ချက်ချနိုင်သည်။

ထို့အပြင် ယခုကဲ့သို့ပင် ပိုင်ကျီဟန်က သူ့အားပါးရိုက်သည့်ကိစ္စကို 

ရှန်းလျန့်က  ပထမဦးစွာ အနိုင်ကျင့်တာကြောင့်ဟုတရားမျှတအောင် ပြုလုပ်နိုင်သည်။

"ချီးပဲ”

ပိုင်ရွှယ်ချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမသည် မျက်မမြင်ဖြစ်သည်။ အစေခံများက ပိုင်ကျီဟန်သဘောကျ လုပ်သည်ဟု သူမပြောနိုင်သည် ။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ…

ခိုင်လုံတဲ့ အထောက်အထား မရှိခဲ့ပေ။

ပိုင်ကျီဟန်က လက်တုံ့ပြန်တာကလည်း ရှန်က ပထမဆုံး စော်ကားခဲ့တာကြောင့်ပင်။

သူ့တုံ့ပြန်မှုက အလွန်အကျွံဖြစ်နိုင်ပေမယ့်  ပိုင်မျိုးနွယ်စုရဲ့ နယ်မြေအတွင်းမှာ ဖြစ်သွားတာပင်

ရှန်းလျန့်သည် ပိုင်မျိုးနွယ်စု၏ အမွေဆက်ခံသူအား ၎င်းတို့၏ကိုယ်ပိုင်နယ်မြေတွင် စော်ကားခဲ့သည်။ အဲဒါ အမှားတစ်ခု ဖြစ်နေချေပြီ။

အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတော့  ပိုင်ရွှယ်ချင်းက ပြောလိုက်သည်။

"ကိစ္စပြီးသွားပြီ”

ယွင်လျင်းမိန်နဲ့ဖေးလင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဂျူနီယာ ညီမပိုင်”

သူမ လက်ကို မြှောက်ကာ စကားလိုက်သည်။

"ကျွန်မနှစ်ဖက်စလုံးကြားပြီးပြီ။ အစ်မတို့၊ပိုင်ရဲ့လုပ်ရပ်တွေက လွန်ကဲနေခဲ့ပေမဲ့  စီနီယာအစ်ကိုရှန်က သူ့ကို ပထမဆုံး စော်ကားလိုက်တာ။"

ရှန်းလျန့်၏ မျက်နှာ ပျက်ယွင်းသွားသည်။

"ဂျူနီယာညီမပိုင်၊ မင်း-"

"တော်ပြီ”

ပိုင်ရွှယ်ချင်း၏ လေသံသည် ပြတ်သားသွားကာ ငြင်းခုံရန် ဆန္ဒမရှိပေ။

ယွင်းချင်းမိန်နဲ့ ဖေးလင်း၏ နှုတ်ခမ်းများသည် စိတ်ပျက်လက်ပျက်ဖြင့် တုန်ခါသွားသော်လည်း ခေါင်းငုံ့ကာ မာနကို ချိုးနှိမ်ခဲ့သည်။

သူတို့ အဆင့်အတန်းအရ အနည်းငယ်မျှ မကျေနပ်ချက်ဖြင့် ဆယ်ဆလောက် လက်တုံ့ပြန်တတ်ကြသည်။

ဒါပေမယ့်  ပိုင်ကျီဟန်သူ့နယ်မြေမှာ သူတို့ဟာ အားနည်းတဲ့အဖွဲ့ ဖြစ်နေသည်။ တစ်ဖက်မှာ အမှားရှိတာတောင် သူတို့ ဘာမှ မလုပ်နိုင်ပေ။

ကောင်းကင်ဓားဂိုဏ်း၏ ပါရမီရှင်များအဖြစ် ၎င်းတို့၏ အဆင့်အတန်းသည် ပိုင်ကျီဟန် အတွက် အသုံးမဝင်ပေ။

တစ်ဖက်တွင် ရှန်းလျန့်သည် သူပေါက်ကွဲတော့မည့်ပုံပေါ်သည်။

ယွင်ချင်းမိန်နဲ့ဖေးလင်းတို့နဲ့မတူတာက  သူတို့က စော်ကားခံရရုံသာပင်။ သူသည် လူတိုင်းရှေ့တွင် ပါးရိုက်ခံရပြီး တရားမျှတမှု မရရှိခဲ့ပေ။

ပိုင်ရွှယ်ချင်းသည်  ပိုင်ကျီဟန်ကို လှည့်ကြည့်လိုက်သည်။

"ပြီးတော့ နင်။"

ပိုင်ကျီဟန်က သူအနိုင်ရမှန်းသိ၍ ပြုံးလိုက်သည်။

"ဟုတ်ကဲ့?"

သူမက မျက်မှောင်ကျုံ့လိုကိသည်။

"ငါ နင့်ကို စောင့်ကြည့်နေမယ်။ ထပ်ပြီး ဒုက္ခပေးတာမိရင် ငါသည်းခံနေမှာ မဟုတ်ဘူးနော်"

ပိုင်ကျီဟန်က ရိုးရှင်းစွာ ပခုံးတွန့်လိုက်သည်။

"ဟုတ်ပါပြီ”

ရှန်းလျန့်သည် သူ့သွားများကိုသာ အံကြိတ်ခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြင့် လက်သီးများကို ဆုပ်ထားသည်။

"ဒါပေမယ့်”

ပိုင်ကျီဟန်က ရုတ်​တရက်​ပြန်​​ပြောလိုက်​သည်​။

"ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်က ငါ့ကို လိမ်လည်စွပ်စွဲတာကို ဘာလို့ မတောင်းပန်တာလဲ။"

တိတ်ဆိတ်ကုန်၏

ခြံဝင်းတစ်ခုလုံး အေးစက်သွားသည်။

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်၏ ရဲစွမ်းသတ္တိကြောင့် ခဏတာ အံ့အားသင့်သွားသည်။

ရှန်းလျန့်၏ မျက်နှာသည် ဒေါသအမျက်ထွက်နေသည်။

တောင်းပန်ရဖို့လား ဒါတွေအားလုံးအတွက်လေ

အရှက်ခွဲခံရမှုအတွက်တောင် တောင်းပန်မှု မရရှိခဲ့သေးတာကို  ပိုင်ကျီဟန်က သူ့ထံမှ တစ်စုံတစ်ခုကို တောင်းဆိုဝံ့သလား။

မင်းဆီက ပစ္စည်းခိုးယူသွားတဲ့ သူခိုးတစ်ယောက်လိုပါပဲ၊ ပြီးတော့ သူဘယ်တော့မှ မဆုံးရှုံးခဲ့တဲ့ ပိုက်ဆံအတွက် သူ့ကို ပြန်ပေးခိုင်းနေ၏

ယွင်ချင်းမိန်နဲ့ ဖေးလင်းအပါအဝင် အခြားသော ကောင်းကင်ဓားဂိုဏ်း၏ တပည့်များက ဒေါသထွက်နေပုံရသည်။

"မင်း-"

ရှန်းလျန့်က အံကို ကြိတ်လိုက်သည်။

"ပိုင်ကျီဟန် မင်း ကံစမ်းမနေနဲ့”

ပိုင်ကျီဟန်သည် ရွှင်မြူးစွာ ခေါင်းညိတ်ကာ သူ့မျက်နှာပေါ်တွင် အေးအေးဆေးဆေး အပြုံးတစ်ခုပေါ်လာသည်။

"ငါ့ကံကို စမ်းတာလား?"

သူက တခစ်ခစ်ရယ်၏

"အမှန်တရားကို ငါထောက်ပြလိုက်တာပဲလေ”

လူအုပ်ကြီးတစ်ခုလုံးကို မိန့်ခွန်းပြောသလိုမျိုး သူ့လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

"ငါက နှောင့်ယှက်တယ်လို့ စွပ်စွဲတယ်။ ဒါပေမဲ့ အဲ့တာက မှားတယ်”

"လူတွေကို မသွားအောင် တားတယ်လို့ ငါ့ကိုစွပ်စွဲတယ်။ ဒါပေမဲ့ အဲ့တာက မှားတယ်”

"ငါရန်စတယ်လို့ စွပ်စွဲခံရတယ်။ဒါပေမဲ့ အဲ့တာက မှားတယ်”

သူသည်  ရှန်လျန့်ကို တည့်တည့်ကြည့်ကာ ပြုံးလိုက်သည်။

"မင်းငါ့ကိုစွပ်စွဲတုန်းက မင်းက တောင်းပန်ခံချင်ပေမယ့် မင်းမှားနေတဲ့အခါ မင်းဒီလိုမလုပ်ချင်ဘူးပေါ့လေ”

သူ့က ခေါင်းကို ခါယမ်းလိုက်သည်။

"မင်းတို့လူတွေက ကြောင်သူတော်တွေပဲ။ သူများအမှားလုပ်မိတဲ့အခါ တောင်းပန်ဖို့ တောင်းဆိုပေမယ့် ဒါပေမဲ့ အခြေအနေပြောင်းသွားတဲ့အခါ... ရုတ်တရက် ဇာတ်လမ်းက မတူတော့ပြန်ဘူး။ဟားဟား “

ရှန်လျန့်သည် ဒေါသကြောင့် တုန်လှုပ်သွားသည်။

ပါးရိုက်ခံရခြင်းကြောင့် အရှက်ကွဲခြင်းနဲ့  တောင်းပန်ခိုင်းခြင်းသည် သည်းမခံနိုင်စရာပင်။

တစ်လှမ်းချင်း နီးကပ်လာပြီး ပိုင်ကျီဟန်၏ အပြုံးသည် ကျယ်လာသည်။

ဒါမှမဟုတ်... မင်းတို့က ပိုင်မျိုးနွယ်စုကို အလွယ်တကးနှိမ့်ချနိုင်မယ် ထင်နေတာလား

"

ရှန်လျန့်သည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသဖြင့် သူုလက်သည်းများ လက်ဖဝါးထဲသို့ ထိုးကျသွားသည်။

ပိုင်မျိုးနွယ်စုအစေခံများနှင့် အစောင့်များသည် အချင်းချင်း တီးတိုးပြောကြပြီး သူတို့၏ အကြည့်များသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များအပေါ် သနားခြင်းအပြည့်နှင့်ပင်။

ပိုင်ကျီဟန်ဟာ ဒုက္ခပေးသူဖြစ်ကြောင်း သူတို့သိခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့သားကောင်တွေကို တောင်းပန်စေချင်နေ၏

ကောင်းကင်ဓားဂိုဏ်း၏ ပါရမီရှင်များသည် ထိုတရားမမျှတမှုမျိုးကို လက်ခံမည်လား။

သူတို့လို အစေခံတွေအဖို့ ပိုင်ကျီဟန်နဲ့ဆက်ဆံတဲ့အခါ မတရားမှုဆိုတာ အားလုံးရင်းနှီးပြီးသားပင်။

အခွင့်အရေးရရင် လွှတ်ထားသင့်တယ်လို့ တချို့က ထင်ကြသည်။

ယခုတော့ သူတို့သည် လက်တုံ့ပြန်ရန် ကြိုးစားခြင်းဖြင့် ပိုခံစားခဲ့ရသည်။

ရှန်လျန့်က အသက်ပြင်းပြင်းရှူပြီး လှည့်ထွက်သွားသည်။

"ဂျူနီယာ ညီမပိုင် ၊ ငါ အနားယူတော့မယ်။"

ဖေးလင်းနဲ့ ယွင်ချင်းမိန်သည် နောက်မှ အလျင်အမြန်လိုက်ကာ ရှက်စိတ်ဖြင့် မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

အခြားတပည့်များသည် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူတို့၏ စီနီယာနောက်သို့ လိုက်သွားကာ ဒေါသများဖြင့် ကျောများ တောင့်တင်းသွားကြသည်။

ပိုင်ကျီဟန်က သူတို့ထွက်သွားတာကိုကြည့်ပြီး ခေါင်းခါပြလိုက်သည်။

“ရှက်စရာကြီး”ဟု သက်ပြင်းချသေး၏

"သူတို့ အမှားတွေကို ဝန်ခံလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒီလိုသဘောထား သေးသိမ်တဲ့လူတွေ”

အစေခံတွေနဲ့ အစောင့်တွေက မျက်လုံးပြူးကုန်၏

ကမ္ဘာပေါ်က တစ်ယောက်ယောက်က သဘောထားသေးသိမ်သူဆို အဲ့တာက သေချာပေါက် ပိုင်ကျီဟန်ပင် ဖြစ်လိမ့်မည်။

ပိုင်ကျီဟန်က ပျင်းရိစွာ အကြောဆန့်လိုက်သည်။

(အပြစ်ကင်းစင်သော အောင်ပွဲ)

သူ လှည့်ထွက်ဖို့ လုပ်သော်လည်း မလှည့်ထွက်မီ ပိုင်ရွှယ်ချင်းအသံက သူ့ကို ရပ်တန့်လိုက်သည်။

"ပိုင်ကျီဟန်”

သူ လှည့်ကြည့်ရင်း ပြုံးလိုက်သည်။

"ဟုတ်ကဲ့ အစ်မ ပြောစရာရှိသေးလား"

သူမအကြည့်က အေးစက်သွားသည်။

"မင်းရဲ့လှည့်ကွက်တွေကို ဘယ်သူကမှ မမြင်ဘူးလို့ မထင်လိုက်နဲ့။ မင်း ဒီအခြေအနေကို ကျော်ဖြတ်သွားနိုင်တယ်ဆိုပေမယ့် နောက်တစ်ကြိမ် ထပ်လုပ်နိုင်မယ်လို့ မထင်နဲ့”

ပိုင်ကျီဟန်က အပြစ်ကင်းစွာ ပြုံးလိုက်သည်။

"ဘာကိုဆိုလိုတာလဲ ချစ်အမ”

"ငါဘာပြောနေတာလဲဆိုတာကို နင်သိပါတယ်”

ပိုင်ကျီဟန်က သူ့စကားကြောင့် ပြုံးရုံသာ။

"ဘာမှမဟုတ်​ရင်​ ငါသွား​တော့မယ်​“

All Chapters