← Chapters

အရိပ်ကိုးခု အလင်းစီးဆင်းနေတဲ့ဓား

Vol. 1 Ch. 11

အရိပ်ကိုးခု အလင်းစီးဆင်းနေတဲ့ဓား

Vol. 1 Ch. 11

အစေခံများနှင့် အစောင့်များသည် အံ့အားသင့်သွားသည်။ ဤသည်မှာ ပိုင်ကျီဟန်အနေနဲ့  သူ့ညီမကို ပထမဆုံး အကြိမ် ဆန့်ကျင်ပြီး အနိုင်ရခဲ့တာဖြစ်သည်။

ဒါတင်မကသေးဘဲ အမဲကို အဖြူဖြစ်အောင် လွယ်လွယ်ကူကူနဲ့ ပြောင်းနိုင်သလို အမှန်တရားကို လှည့်စားနိုင်တဲ့ သူ့ရဲ့စွမ်းရည်က တုန်လှုပ်ချောက်ချားသွားစေတဲ့အထိ

ကြောက်စရာကောင်းသည်။

တစ်ဖန်  ပိုင်ကျီဟန်ကို ဆန့်ကျင်ခြင်းသည်  သေတာနဲ့ အတူတူပဲဆိုတာ သူတို့ သဘောပေါက်လိုက်သည် ။

မင်းက သားကောင်ဖြစ်ခဲ့ရင်  ဒါမှမဟုတ် မတရားသတ်ပစ်တာခံရရင်တောင်မှ ပိုင်ကျီဟန် က ဇာတ်ကြောင်းကို လှည့်စားပြီး မင်းကို ဗီလိန်ဖြစ်အောင် လုပ်နိုင်သည်။

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန် မျက်စိဆုံးပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေခဲ့သည်။

သူ့မောင် ပြောင်းလဲသွားတာကို သူမတွေ့လိုက်ရသည်။

တူညီသော မာန၊ တူညီသော စိတ်ထား။ ဒါပေမယ့် အခြေအနေကို သူကိုင်တွယ်ပုံကတော့ အရင်နဲ့ မတူပေ။

သို့တိုင် သူမသည် သိပ်ကြာကြာ တွေးမနေချေ။

အခုချိန် သူမမှာ ပိုပြီး အရေးကြီးတဲ့ကိစ္စရပ်တွေ ရှိနေ၏  သူမသည် ကောင်းကင်ဓားဂိုဏ်းသို့ ထွက်ခွာရန် ပြင်ဆင်ဖို့ လိုအပ်သည်။

အစပိုင်းတွင် သူမသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များ နေထိုင်စဉ်အတွင်း သက်တောင့်သက်သာရှိစေဖို့ သူမ၏အချိန်ကို ဖဲ့ကာ တတ်နိုင်သမျှ ကြိုးစားခဲ့သည်။

ဒါပေမယ့် ကိစ္စတွေဖြစ်ပျက်ပြီးတဲ့နောက်မှာတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာချင်ကြမှာ သေချာသည်။

ထိုအချိန်တွင် ပိုင်ကျီဟန်ကတော့ ဘာတွေဖြစ်ပျက်နေတာကို မသိခဲ့ပေ။

သူ့အတွက်  ဒါက အတိတ်က လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုသာပင်။ တခြားအဖွဲ့က ဘယ်သူနဲ့ ရောယှက်နေလဲ မသိတာကလွဲရင်ပေါ့။

[ဒင် စနစ်သတိပေးချက်။]

[ဂုဏ်ယူပါတယ်။ ရှန်လျန့် ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီ။]

[သင်သည် အမှတ် တစ်ထောင် ရရှိထားပါသည်။]

[ဂုဏ်ယူပါတယ်။ ယွင်ချင်းမိန်ကို အောင်မြင်စွာ အနိုင်ယူလိုက်ပါပြီ။]

[သင်သည် အမှတ် တစ်ထောင် ရရှိထားသည်။]

[ဂုဏ်ယူပါတယ်။ မင်းဖေးလင်း ကို အောင်မြင်စွာ အနိုင်ယူလိုက်ပလပြီ။]

[သင်သည် အမှတ် တစ်ထောင် ရရှိထားသည်။]

(မျှော်လင့်ထားသည့်အတိုင်း)

ပုံစံတစ်မျိုးမျိုးဖြင့် တစ်စုံတစ်ဦးကို အနိုင်ယူနေသရွေ့ စနစ်သည် ၎င်းအား အောင်ပွဲတစ်ခုအဖြစ် အသိအမှတ်ပြုမည်ဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်း၏ တပည့်တိုင်းနီးပါးသည် သူ့ထက် ကျင့်ကြံမှု မြင့်မားတာကြောင့် သူသည် အမှတ်များစွာ ဆုချခံရသည်မှာ အံ့သြစရာမဟုတ်ပေ။

ပိုင်ကျီဟန်က ခပ်တိုးတိုးရယ်လိုက်သည် ။

"မဆိုးပါဘူး၊ လုံးဝမဆိုးပါဘူး”

ရှန်လျန့်သည် အခြားသူများ မြှင့်တင်ရန် ရှိနေသည့် အသေးအဖွဲ ဗီလိန် ထက်မပိုပေ။

ဒီတစ်ကြိမ်ကလွဲရင် အကျိုးအမြတ်ရခဲ့တာက ဇာတ်ဆောင်မဟုတ်ဘဲ သူပင်

"ဘာပဲဖြစ်ဖြစ် အလုပ်ပြန်လုပ်ရအောင်"

ပိုင်ကျီဟန်သည်  ရှန်လျန့်နဲ့ပတ်သက်သည့်  နောက်ထပ် အတွေးတစ်ခု သို့မဟုတ် သူဘာဆက်လုပ်ရဦးမည်ကို မစဉ်းစားပေ။

ရှန်လျန့်  သူ့ထက် သာတဲ့အရာက အားအရည်အချင်းနဲ့ မြင့်မားတဲ့ ကျင့်ကြံမှု အဆင့်ပင်

ထိုမှလွဲ၍ လက်တုံ့ပြန်ရန် သူဘာမှ မလုပ်နိုင်ခဲ့ပေ

သူ့ရဲ့ တစ်ခုတည်းသောကျောထောက်နောက်ခံက ကောင်းကင်ဓားဂိုဏ်းဖြစ်ပြီး ပိုင်ရွှယ်ချင်းမောင်ဖြစ်တာကြောင့် မဟုတ်ရင် သူတို့က  ဘာမဆိုလုပ်မှာပင်။

ရှန်လျန့်နှင့်  ပိုင်ရွှယ်ချင်း အကြားတွင် ကောင်းကင်ဘုံဓားဂိုဏ်းသည် သူမဘက်တွက် ရှိနေမှာ သေချာပါသည်။

ပိုင်မျိုးနွယ်စုဟာ သူတို့ အလွယ်တကူ စော်ကားဖို့ တတ်နိုင်တဲ့ တည်ရှိမှုတစ်ခု မဟုတ်တာကိုတော့ ပြောစရာမလိုပေ။

ထို့အပြင် လာမည့်ရက်များတွင် ကျင့်ကြံမှုအရ ပိုင်ကျီဟန်သည် ရှန်လျန့်ကို လွယ်ကူစွာ ကျော်ဖြတ်နိုင်မှာ သေချာပါသည်။

ဒီလိုစိတ်နဲ့ ပိုင်ကျီဟန်ဟာ သီးသန့်

လေ့ကျင့်ရေးခန်းမကို သွားခဲ့သည်။

သီးသန့်လေ့ကျင့်ရေးခန်းမကို ပိုင်မျိုးနွယ်စု၏တိုက်ရိုက်အဖွဲ့ဝင်များအတွက်သာ သီးသန့်ထားခဲ့သည်။

ကျယ်ပြောလှသော အခန်းသည် လေ့ကျင့်ရေးမတော်တဆမှုများကြောင့် ပျက်စီးခြင်းမှကာကွယ်ရန် ရှုပ်ထွေးသောပုံစံများဖြင့် ရေးထွင်းထားသော အားဖြည့်ကျောက်နံရံများဖြင့် စီတန်းထားသည်။

၎င်း၏ အလယ်ဗဟိုတွင် ကြီးမားသော ကျောက်စိမ်းချပ်တစ်ခုစီမှ  ပျော့ပျောင်းသော တောက်ပမှုတစ်ခု ဖြာထွက်နေ၏ ၎င်းသည် အသုံးပြုသူ၏ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်လာစေရန်အတွက် ဒီဇိုင်းထုတ်ထားသည့် ဆွဲငင်အား လေ့ကျင့်ရေးအခင်းဖြစ်သည်။

တစ်ဖက်စီတွင်ဖိနှိပ်မှု အရောင်အဝါ ဖြာထွက်နေသည့် အဆင့်နိမ့်ဓားများမှ အရည်အသွေးမြင့် ဝိညာဉ်လက်နက်များအထိ နံရံကျောက်တုံးများတွင် စီတန်းထားသည်။

လေ့ကျင့်အဆောင်များနဲ့ အားဖြည့်ထားသော ရုပ်တုများသည် အသံတိတ် ကင်းစောင့်များကဲ့သို့ တိုက်ခိုက်ခံရန် ရပ်နေသည်။

ခန်းမ၏အဝေးဆုံးတွင် ဓားကိုင်ထားသော ပိုင်မျိုးနွယ်စု ဘိုးဘေးတစ်ဦး၏ ပန်းချီကားချပ်ကြီးကို နံရံတွင် ထွင်းထုထားလေသည်။ပိုင်မျိုးနွယ်စုအတွင်းရှိ သိုင်းပညာမျိုးဆက်များအတွက် ပြုပြင်မွမ်းမံမှုဆိုင်ရာ သက်သေခံချက်တစ်ခု ဖြစ်သည်။

ယနေ့တွင် ပိုင်ကျီဟန်သည် ထိုနည်းစနစ်များထဲမှ တစ်ခုကို ကျွမ်းကျင်စေရန်အတွက် ၎င်း၏ ပထမဆုံးခြေလှမ်းကို စတင်မည်ဖြစ်သည်။

သူအချိန်မဖြုန်းပေ။

အခန်း၏အလယ်ဗဟိုရှိ ကျောက်စိမ်းတရားထိုင်စင်မြင့်ပေါ်၌  ထိုင်ကာ သူ၏သိုလှောင်ကွင်းကို ဖွင့်ခဲ့သည်။

[သိုင်းပညာဉာဏ်အလင်းကတ်]

မဆိုင်းမတွဘဲ သူက အသက်သွင်းလိုက်သည်။

[သိုင်းပညာဉာဏ်အလင်းကတ် (အသက်ဝင်သည်) – ၁ နာရီကျန်။]

ထူးဆန်းသော ခံစားမှုတစ်ခုက သူ့အပေါ် လွှမ်းခြုံသွားသည်။

မြူခိုးတွေ လွင့်သွားသလိုမျိုး သူ့စိတ်တွေ ကြည်လင်လာ၏

ရုတ်တရက် သူသည်  သိုင်းပညာ၏ အနှစ်သာရကို ယခင်ကထက်ပို၍ ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။

"အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓား... စလိုက်ကြရအောင်”

ယနေ့ သူလေ့ကျင့်လိုသော အရာမှာ ပိုင်မျိုးနွယ်စု ၏ အပြင်းထန်ဆုံး ကိုယ်ခံပညာဖြစ်သော  အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓားဖြစ်သည်။

ပိုင်မျိုးနွယ်စု၏  ကောင်းကင်အဆင့် နည်းစနစ်သုံးမျိုးအနက်မှ တစ်ခုဖြစ်ပြီး ၎င်းကို  ကောင်းကင် ဆိတ်ငြိမ်ရာ မြို့တော်တွင် အစွမ်းထက်ဆုံးတစ်ခုဟု သတ်မှတ်ခံရပါသည်။

ပိုင်မျိုးနွယ်စုအတွင်းမှာတောင် မျိုးဆက်သစ်တွေဆီ လက်ကမ်းဖို့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။

ကြီးကျယ်သော ကိစ္စများတွင် ပါဝင်သူများ သို့မဟုတ် ပါရမီရှင်များအဖြစ် အသိအမှတ်ပြုခံရသူများသာ ၎င်းကို သင်ယူနိုင်မည်ဖြစ်သည်။

နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်အနေဖြင့် ပိုင်ကျီဟန်သည် ၎င်းကို လေ့လာရန် လိုအပ်သည်။

ချီသန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးသည့်အချိန်တွင် ၎င်းကို အသုံးပြုခွင့် ရရှိခဲ့သည်။

ဒါပေမယ့် အရင်တုန်းကတော့  ပိုင်ကျီဟန်အနေနဲ့ အဲဒါကို လေ့ကျင့်ဖို့ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။

သူ့အဖေပြသပေးသည့် သရုပ်ပြမှုများကို စနစ်မျက်နှာပြင်  ပိတ်ဆို့ထားမှုကြောင့် သူလုပ်နိုင်သမျှမှာ လေ့ကျင့်မှုတွင် တစ်ဝက်တစ်ပျက်နဲ့  ရုန်းကန်နေရခြင်းသာဖြစ်သည်။

အကယ်၍ သူသာ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့လျှင် သိုင်းပညာကိုဖတ်ရုံဖြင့် တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်ပေမည်။

ဒါပေမယ့် တတိယအဆင့် ဗီလိန်တစ်ယောက်အနေနဲ့လား။ သူ့မှာ အဲလိုကံမရှိပေ။

သူသည် ကိုယ်ခံပညာကို လုံး၀ စွန့်လွှတ်ခဲ့ရသည်။

ဒါပေမယ့် ဒီတစ်ခါတော့ မတူချေ။

အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓား၏ နားလည်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

လက်နက်စင်မှ ပေါ့ပါးသော ဓားရှည်တစ်ချောင်းကို လှမ်းယူလိုက်ပြီး

ဝိညာဉ်မီးအိမ်၏ မီးမှိန်မှိန်အောက်တွင် ဓားသည် တောက်ပနေသည်။

အခန်း၏အလယ်ဗဟိုသို့ လျှောက်လှမ်းကာ စတင်ရန် ပြင်ဆင်လိုက်သည်။

ပထမပုံစံ-  လင်းလက်နေသည့် အရိပ် အဆင့်။

ပိုင်ကျီဟန်၏ ခြေလှမ်းများသည် ပေါ့ပါးသွက်လှက်သော်လည်း တစ်ခါတစ်ရံ မမျှော်မှန်းသော လှုပ်ရှားမှုများဖြင့် ရပ်သွားလိုက် ထပ်တလဲလဲ ဆက်သွားလိုက်နဲ့ပင်

ဤနည်းစနစ်၏ အနှစ်သာရမှာ လမ်းလွှဲခြင်းဖြစ်သည်။ နောက်ဆက်တွဲပုံရိပ်များဖန်တီးရင်း လျင်မြန်စွာ ရွေ့လျားခြင်းဖြစ်ပေါ်ကာ ၎င်း၏အမှန်တကယ် အနေအထားအပေါ် ပြိုင်ဘက်၏သဘောထားကို ရှုပ်ထွေးစေသည်။

အစပိုင်းမှာတော့ သူ့ရဲ့ လှုပ်ရှားမှုတွေက မသေချာပေ။

သို့သော် သိုင်းပညာဉာဏ်အလင်းကတ်၏အကျိုးသက်ရောက်မှုနှင့်အတူ သူသည် လျင်မြန်စွာ ပြုပြင်ပြောင်းလဲခဲ့သည်။

သူ့နောက်ဆက်တွဲ ပုံရိပ်တွေက ပိုရှင်းလင်းလာသည်။  သူ့ခြေလှမ်းတွေက ပိုမြန်လာသည်။

ဆယ့်ငါးမိနစ်အတွင်း သူသည် ထူးခြားသော နောက်ဆက်တွဲ သုံးခုကို ချန်ထားခဲ့နိုင်သည်။

ပိုင်ကျီဟန်က ပြုံးလိုက်သည်။

"မဆိုးဘူး”

ဒါပေမယ့် သူ မပြီးသေးပေ

ဒုတိယပုံစံသို့ ပြောင်းသွားသည်။

ဒုတိယပုံစံ- အာရုံပြောင်း အလင်းရိုက်ခတ်ချက်။

ဤပုံစံသည် အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓား၏ နှလုံးသားအစစ်ဖြစ်သည်။

၎င်းသည် ခြေရာခံ၍မရသော ထောင့်မှ 

မခန့်မှန်းနိုင်သော လုပ်ကြံမှုတစ်ခုပင်။

ပိုင်ကျီဟန် ရွေ့သွားသည့်အခိုက်တွင် သူ၏အရိပ်သည် သုံးပိုင်းကွဲသွားပြီး သူ၏ဓားအစစ်အမှန်သည် မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မပြောနိုင်ပေ။

သူသည် လေ့ကျင့်ရေးအရုပ်ကို  ခုတ်လိုက်သည်။

ရှင်း!

အရုပ်၏ ခန္ဓာကိုယ်အနှံ့ နက်နဲသော အငွေ့အသက်များ ပေါ်လာသည်။

တကယ်​လို့ ပြိုင်​ဘက်​​သာဆို သူတို့ကို​ ဘယ်​က ထိနေမှန်းမသိကြပေ။

သူ၏ စစ်မှန်သောရိုက်ချက်နဲ့ ပုံရိပ်ယောင်ရိုက်ချက်ပေါင်းစပ်ကာ စွမ်းအားကို ပိုမိုပြည့်စုံစေသည်။

နှစ်ဆယ့်ငါးမိနစ်အတွင်း  အာရုံပြောင်း အလင်းရိုက်ချက်ကို ကောင်းစွာအသုံးချနိုင်သည်ဟု သူခံစားခဲ့ရသည်။

ယခုမူကား တတိယပုံစံအတွက် အချိန်တန်ပြီ။

တတိယပုံစံ- အရိပ်ကိုးခု စီးဆင်းနေသော အလင်းရောင်။

ဤသည်မှာ နည်းစနစ်မှန်သော သတ်ဖြတ်မှုဖြစ်သည်။

ပိုင်ကျီဟန်သည် လင်းလက်နေသည့် အရိပ် အဆင့်နှင့် အာရုံပြောင်း အလင်းရိုက်ချက်တို့ကို ပေါင်းစပ်ထားသောကြောင့် မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်မှုများစွာကို ထုတ်လွှတ်

နိုင်သည်။

သူက အသက်ပြင်းပြင်းရှူရင်း ဓားသွားတစ်ဝိုက်ကို လက်ချောင်းများက တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ထို့နောက်—

ဘုန်း!

ပိုင်ကျီဟန်သည် ရှေ့သို့ ပေါက်ကွဲထွက်ကာ သူ့ခန္ဓာကိုယ်သည် တံလျှပ်ကဲ့သို့ တုန်ယင်နေသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ လေးကြိမ်လောက် မှုန်ဝါးသွားသည်။ သူရပ်တန့်သွားသောအခါတွင် လေ့ကျင့်ရေးရုပ်ထုသည် ထောင့်ပေါင်းစုံမှ ကွဲထွက်သွား အပိုင်းပိုင်းပြိုကျသွားသည်။

ပိုင်ကျီဟန်သည် ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ပြီး ဓားကို လျှော့ချလိုက်သည်။

တစ်နာရီကျော်နေချေပြီ။

All Chapters