← Chapters

ပိုင်မျိုးနွယ်စု ခေါင်းဆောင်

Vol. 1 Ch. 12

ပိုင်မျိုးနွယ်စု ခေါင်းဆောင်

Vol. 1 Ch. 12

"စနစ်”

[အိမ်ရှင်အချက်အလက်]

အိမ်ရှင်- ပိုင်ကျီဟန်

အသက်: ၁၆

ကျင့်ကြံမှုနယ်ပယ်- အခြေခံအုတ်မြစ် (အလယ်အလတ်အဆင့်)

ကျင့်ကြံနည်း- မရှိပါ။

သိုင်းပညာ- အရိပ်ကိုးခု စီးဆင်းနေသော အလင်းဓား (အသေးစားအဆင့်)

သူသည် သူ၏အဆင့်အတန်းကို ကြည့်ပြီး မကြာသေးမီက မရှိခဲ့သော်ငြားလည်း ယခုအခါ ပြောင်းလဲသွားသည့် ကိုယ်ခံပညာ ကဏ္ဍသို့ အာရုံပြောင်းသွားသည်။

ထို့နောက်—

သူက တခစ်ခစ်ရယ်လေ၏

တစ်နာရီအတွင်းတွင် သူသည် ပိုင်မျိုးနွယ်

စု၏အဆင့်မြင့်ဆုံးဓားနည်းစနစ်တစ်ခုကို မသေးစား အဆင်ြသို့ရောက်ရှိခဲ့သည်။

ပိုင်မျိုးနွယ်စုအဖွဲ့ဝင်တွေ ဒါမှမဟုတ် ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေတောင် ဒါကိုမြင်ရင် သူတို့ သွေးတွေအန်ထွက်ကုန်ပေမည်။

သို့သော် ဤအရာသည် သူ့အတွက် ကြီးကျယ်သော အောင်မြင်မှုတစ်ခုဖြစ်သော်လည်းအစီအစဉ်အရ  မလုံလောက်သေးကြောင်းကိုလည်း သူသိသည်။

အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓားကိုလည်း သင်ယူခွင့်ရခဲ့သည့်  ပိုင်ရွှယ်ချင်းသည် ထိုထက် သာလွန်ကျွမ်းကျင်နေပြီဖြစ်သည်။

သူမသည် အသက်(၂၀) နှစ်မပြည့်မီ အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓားတွင် ပြီးပြည့်စုံမှုအဆင့်ကိုပင် ရောက်ရှိခဲ့သည်။

အဲဒါက အရည်အချင်းတစ်ခုပင်

ဒါက သူ့အနေနဲ့ ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့အရာတစ်ခုလည်း ဖြစ်သည်။

သူ့အစ်မမှာတောင် ဒီလောက် အရည်အချင်းရှိလျှင် သူ့ရည်းစားဟောင်းက ပိုထက်မြက်လာမှာ သေချာ၏  လာမယ့်နှစ်မှာ  အစွမ်းထက်တဲ့နည်းစနစ်တွေကို ပြီးပြည့်စုံတဲ့အဆင့် ရောက်ဖို့လိုသည်။

ပြင်ပမှ နတ်ဆိုများနှင့် နှိုင်းယှဉ်ပါက သူ၏ အောင်မြင်မှုသည် မပြောပလောက်ပေ။

ထို့အပြင် ဤအောင်မြင်မှုသည် ဉာဏ်အလင်းကတ်၏ကျေးဇူးကြောင့်ပင်။ မဟုတ်ရင် ရက်မည်မျှကြာမည်၊ လမည်မျှကြာမည်ကို မည်သူသိနိုင်မည်နည်း။

ဒါမှန်တယ်ဆိုပေမဲ့ သူက စစ်မှန်တဲ့ လေ့ကျင့်မှုကို မစတင်ရသေးတာကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပေ။

တောင်ထိပ်ကိုမရောက်ခင် အောက်ခြေကနေစရပေမည်။

တစ်ချိန်တည်းမှာ သူသည် အခြားသူတွေထက်နှေးပြီး နောက်ကျနေသော်လည်း တောင်ထိပ်နားအထိ ရောက်ရှိထားတာကလည်း ချီးကျူးစရာကောင်းနေချေပြီ။

"နောက်ထပ်လေ့ကျင့်ရအောင်”

သိုင်းပညာဉာဏ်အလင်းကတ်ကို အသုံးပြုပြီးသော်လည်း  ထပ်ပြီး ကြာကြာမလေ့ကျင့်နိုင်ဟု မဆိုလိုပေ။

သူရရှိထားသည့် အတွေးအမြင်အသစ်များကြောင့် လန်းဆန်းနေသေးပြီး နည်းစနစ်ကို ထပ်မံတိကျစွာ ပြင်ဆင်ရန် အကောင်းဆုံး အခြေအနေ ဖြစ်ခဲ့သည်။

ပိုင်ကျီဟန်လေ့ကျင့်နေစဉ်မှာ သူ့အဖေ  ပိုင်ထျန်းဟမ်က သူ့လက်ထဲက အစီရင်ခံစာကို ကြည့်ရင်း ခေါင်းကိုက်နေ၏

"ဒီကောင်၊ ဒီတခေါက် ဘာဒုက္ခပေးပြန်တာလဲ"

ပိုင်ထျန်းဟမ်က  ပိုင်ကျီဟန်ကိုရည်ညွှန်းပြီး ပြောလိုက်တာပင်။

ပိုင်ထျန်းဟမ်သည် တစ်ချိန်တည်းတွင် ကောင်းခြင်းနှင့် ဆိုးခြင်း နှစ်ခုစလုံးကို ခံရသည်ဟု ဆိုနိုင်သည်။

သူ့တွင် ကလေးနှစ်ယောက် ရှိသည်။ သူတို့ထဲမှ တစ်ယောက်သည် ကောင်းကင်ဘုံ အင်ပါယာတွင် နံပါတ်တစ် အဆင့်ရှိသည့် အရည်အချင်းရှိသူနှင့် အနှစ်တစ်ထောင်

အတွင်း ပိုင်မျိုးနွယ်စု၏ အကြီးမြတ်ဆုံး ပါရမီရှင်ဖြစ်သည်။

သို့သော် အခြားတစ်ဖက်မှာတော့ သူ၏တစ်ဦးတည်းသောသားဖြစ်သည့် ပိုင်မျိုးနွယ်စု၏ အမွေဆက်ခံသူနှင့် အနာဂတ်မျိုးနွယ်စုခေါင်းဆောင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

သူ့ထံ မရေမတွက်နိုင်သော အရင်းအမြစ်များ ဖြည်းဆည်းပေးနေသော်လည်း ပိုင်ကျီဟန် ၏ တိုးတက်မှုသည် စိတ်ပျက်စရာပင်။

ပိုဆိုးတာက သူသည် အရည်အချင်းမရှိရုံသာမက ပျင်းရိပြီး နေရာတိုင်းတွင် အဆက်မပြတ် ပြသနာရှာနေတတ်သည်။

ထို့အတွက်ကြောင့် အကြီးအကဲများစွာသည်ပိုင်ကျီဟန်ကို သူကျူးလွန်ခဲ့သော ပြဿနာများအတွက် အပြစ်ပေးရန် အကြိမ်ကြိမ် တိုင်ကြားလာခဲ့သည်။

ပိုကြီးတဲ့ ပြဿနာတစ်ခုကတော့ အကြီးအကဲအချို့သည် ပိုင်မျိုးနွယ်စု အမွေဆက်ခံသူ ပြောင်းလဲခြင်းဆိုတဲ့ ခေါင်းစဉ်ကို ထုတ်ပြောနေပြီး အခြားတစ်ယောက်ယောက်က ပိုင်ကျီဟန်ရဲ့နေရာကို ယူသင့်တယ်လို့ အကြံပြုခဲ့တာပင်

ဟူး!

ပိုင်ထျန်းဟမ် စဉ်းစားမိတာက ပိုင်ချင်းရွှယ်သာ ယောကျာ်းလေးအဖြစ် မွေးခဲ့ရင် ဒါက ပြဿနာဖြစ်မှာမဟုတ်ပေ

သူသည် သူ့သမီးကို မချစ်လို့မဟုတ်ပေ။  သူမကို လေးလေးနက်နက် ချစ်မြတ်နိုးခဲ့​သော်ငြား သူမသည် မိန်းမတစ်ယောက်ဖြစ်သောကြောင့် ပိုင်မျိုးနွယ်စု၏ အကြီးအကဲဖြစ်လာရန် နည်းလမ်းမရှိပေ။

ပိုင်ရွှယ်ချင်းသည် မည်မျှပင် အရည်အချင်းရှိသူဖြစ်ပါစေ ။ နောင်တွင် လက်ထပ်ပြီး ခင်ပွန်းသည်၏ မိသားစုဆီ မလွှဲမရှောင်သာ ရောက်ရမည်ဖြစ်သည်။

ပိုင်ထျန်းဟမ်သည်  သူ၏အရိပ်အစောင့်ထံမှ ပေးပို့သော ပိုင်မျိုးနွယ်စုအတွင်း ခေတ္တနေထိုင်သည့်  ကောင်းကင်ဓားဂိုဏ်းနဲ့ ပိုင်ကျီဟန်အကြား ပဋိပက္ခ အသေးစိပ် အစီရင်ခံစာကို ကြည့်ရှုခဲ့သည်။

သူက ကောင်းကင်ဓားဂိုဏ်းနဲ့ ပတ်သက်ပြီး သိပ်တော့ မစိုးရိမ်ခဲ့ပေ။ ဒါက ကလေးတွေကြားမှာ ဖြစ်ခဲ့တဲ့ ပြဿနာလေးတစ်ခုပင်။

အရေးကြီးတာဆိုလျှင် သူသည် ကိုင်တွယ်ရန် ရှေ့တိုးလာမည်ဖြစ်သော်လည်း ပိုင်ရွှယ်ချင်းက  ကိုင်တွယ်ပြီးသားဖြစ်သောကြောင့် ထိုသို့လုပ်ဖို့ ရည်ရွယ်ချက်မရှိပေ။

"အနည်းဆုံးတော့ သူလေ့ကျင့်နေတာပဲ”

ပိုင်ထျန်းဟမ်က ရေရွတ်လိုက်သည်။

ပိုင်ကျီဟန်၏အစီရင်ခံစာအများစုမှာ မျှော်လင့်ထားသည့်အတိုင်း—သူပြသနာရှာနေတာပင် ။ အံ့သြစရာအသေးစိတ်အချက်တစ်ချက်က သူ ကိုယ်ခံပညာကိုလေ့ကျင့်ရန် သွားနေခဲ့တာပင်။

အထူးသဖြင့် သူ့ဘာသာသူ လုပ်တာ ရှားသည်။

ပိုင်ထျန်းဟမ်သည် ယခင်ကပိုင်ကျီဟန်ကို အကြိမ်ကြိမ် အတင်းအကြပ် ခိုင်းစေခဲ့ပြီး လေ့ကျင့်ရန် ငြင်းဆိုသောအခါတွင်ပင် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ရသည်။

ဒါဟာ ပထမဆုံး အကြိမ် သူ့ဘာသာ လေ့ကျင့်မှု စတင်ခဲ့တာ ဖြစ်သည်။

ဤသည်မှာ ကာလအတန်ကြာ သူကြားသိရသမျှတွင် သတင်းကောင်းတစ်ခုပင်။

နောက်ဆုံးတွင် သူသည် ရီမိသားစု.. ပိုင်ရွှယ်ချင်း၏ ယခင် စေ့စပ်ထားသူ၏ မျိုးနွယ်စုနဲ့ဆိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ်ရလေသည်။

မျိုးနွယ်စုနှစ်ခု၏ အဆင့်အတန်းသည် အလွန်ကွာခြားသော်လည်း ၎င်းတို့သည် တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့ကြပြီး ဆက်ဆံရေးကောင်းမွန်ခဲ့ကြသည်။

မည်မျှယုတ္တိရှိစေကာမူ ၎င်းတို့၏ ဘိုးဘေးများ စီစဉ်ပေးခဲ့သော စေ့စပ်ပွဲအား ဖျက်သိမ်းခြင်းသည် အခြားမဟာမိတ်များနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

ဌာနခွဲမိသားစု အကြီးအကဲများအနေနဲ့ ၎င်းတို့လုပ်ခဲ့သောအရာသည် မျိုးနွယ်၏ ကောင်းကျိုးအတွက်ဖြစ်ကြောင်း သိနေသော်လည်း သူနှင့် ပိုင်ရွှယ်ချင်းကို ဝေဖန်ရန် ဤအခွင့်အရေးကို လက်လွတ်မခံကြပေ။

ထို့အပြင် ဌာနခွဲမိသားစု၏ ပါရမီရှင်ဆီမှ တာအိုအရိုးကို ၎င်း၏ဇနီးက ယူဆောင်သွားခြင်းကြောင့် ဌာနခွဲမိသားစုအများစုသည် ပင်မမိသားစုအပေါ် အမြင်မကြည်ကြသဖြင့် ၎င်းတို့၏ဆက်ဆံရေးကို ပျက်ပြားသွားစေခဲ့သည်။

ပိုင်မျိုးနွယ်စုအတွင်းမှာ ပြတ်ပြတ်သားသား တိုက်ခိုက်ပြီး ပရမ်းပတာ မဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ပိုင်ထျန်းဟမ်သည် သူ့မျိုးဆက်၏ အသန်မာဆုံးဖြစ်ပြီး မျိုးနွယ်စုကို ပိုအားကောင်းအောင် ကောင်းကောင်းလုပ်ထားလို့ပင်။

သို့သော်လည်း ပိုင်ကျီဟန်အနေနဲ့ မဖြစ်နိုင်ဟုထင်ရသောပြောင်းလဲမှုများ မလုပ်ပါက နောက်မျိုးဆက်များမှစတင်၍မိသားစု၏အကြီးအကဲသည်  အခွဲမိသားစုမှ ဖြစ်လာနိုင်သည်။

ဒေါက် ဒေါက်

"မျိုးနွယ်စုခေါင်းဆောင်”

ရုတ်​တရက်​ အစေခံတစ်​​ယောက်​က ​အော်​လိုက်​သည်​။

"အစည်းအဝေးစတော့မယ်”

ဟူး

"ငါသိတယ်”

အစည်းဝေးတွင် ထိုရှေးဟောင်း မိတ်ဟောင်း ဆွေဟောင်းများက မည်ကဲ့သို့ တင်ပြမည်ကို သူ ကောင်းစွာ သိပါသည်။

ဒါပေမယ့် -

သူက ပြုံးလိုက်၏

"ငါ့ရဲ့ဝှက်ဖဲကို ထုတ်ပြဖို့ အချိန်ရောက်ပြီ”

All Chapters