← Chapters

ဆက်ခံသူ ကံကြမ္မာကို ဆုံးဖြတ်ပြီးတာလား

Vol. 1 Ch. 13

ဆက်ခံသူ ကံကြမ္မာကို ဆုံးဖြတ်ပြီးတာလား

Vol. 1 Ch. 13

“ မျိုးနွယ်စုခေါင်းဆောင် အတည်ပြောနေတာလား”

ပိုင်မျိူးနွယ်စုမှ အကြီးအကဲများသည် ကြားရသည့်အရာကို မယုံနိုင်အောင်ဖြစ်နေ၏

"ငါက ​နောက်​​နေတဲ့ပုံ​ပေါ်လို့လား?"

ပိုင်ထျန်းဟမ်က မောက်မာစွာ တုံ့ပြန်လိုက်ပြီး သူ့ရဲ့ စူးစူးရှရှ အကြည့်တွေက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်

"..."

ဘိုးဘေး ပိုင်ထျန်းဟမ်သည် ထိုသို့သောကိစ္စရပ်နှင့်ပတ်သက်၍ နောက်နေမည်ကို မည်သည့်အကြီးအကဲများ မယုံကြည်ခဲ့ကြသော်လည်း သူပြောခဲ့သည့်စကားကို လက်ခံရန် ခက်ခဲသည်။

"မျိုးနွယ်စုခေါင်းဆောင် ၊ ချူမျိုးနွယ်စုခေါင်းဆောင်က လက်ထပ်တာကို တကယ်သဘောတူခဲ့တာလား။"

အကြီးအကဲတစ်​​ယောက်​က မယုံသလိုနဲ့ ထပ်​​မေးသည်​။

 ပိုင်ထျန်းဟမ်က သက်ပြင်းချလိုက်ပြီး စိတ်မရှည်တော့ပေ။

"မင်းနားလည်ဖို့ ငါဘယ်နှစ်ခါလောက် ထပ်ပြော ပြရမလဲ၊ ဟုတ်တယ်၊ ချူရှင်းက အဆိုပြုချက်ကို လက်ခံလိုက်ပြီ။"

"မယုံနိုင်စရာကြီး”

"ချူရှင်းက တစ်ခုခုမှားနေသလား။ ပိုင်ကျီဟန်လိုမျိုး အမှိုက်နဲ့ သူ့သမီးကို လက်ထပ်ဖို့ ဘာကြောင့် သဘောတူရမှာလဲ"

"ဒါက သတင်းကောင်းကြီးပဲ၊ ဒီအိမ်ထောင်ရေးအရ ချူရှင်း နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်ဖွဲ့ဆက်ဆံရေးက ချုပ်မိထားသလိုပဲ။"

အကြီးအကဲများကြားတွင် စကားသံများ ပျံ့နှံ့လာသည်။ အချို့က ထိုသတင်းကို မယုံချင်ကြသေးသော်လည်း အချို့က ထိုသတင်းကြောင့် ဝမ်းသာကြသည်။

ဤရုတ်တရက်ကြေငြာချက်သည် အစည်းအဝေး၏ မူလရည်ရွယ်ချက်ကို လုံးဝပျက်ပြားသွားစေခဲ့သည်။

လွန်ခဲ့သော မိနစ်အနည်းငယ်က အကြီးအကဲများသည် ပိုင်ကျီဟန်ကို အမွေဆက်ခံသူနေရာမှ နှုတ်ထွက်စေပြီး ပိုမိုသင့်လျော်သော ကိုယ်စားလှယ်လောင်းထံ လွှဲပြောင်းပေးရန်  ပိုင်ထျန်းဟမ်အား စည်းရုံးသိမ်းသွင်းဖို့ ရည်ရွယ်ချက်ဖြင့် စုစည်းခဲ့ကြသည်။

ပိုင်ထျန်းဟမ်က လွယ်လွယ်နဲ့ သဘောမတူဘူးဆိုတာ သူတို့သိသည်။

ထို့ကြောင့် သူတို့သည် မဟာ အကြီးအကဲများကို ခေါ်ဆောင်လာခဲ့သည်။

မဟာ အကြီးအကဲများသည် ယခင်မျိုးဆက်များမှ ဖြစ်ကြသည်။

၎င်းတို့သည် မျိုးနွယ်စုရေးရာများတွင် ဝင်ရောက်စွက်ဖက်မည့်အစား ၎င်းတို့၏ ကျင့်ကြံမှုအပေါ် အာရုံစိုက်ကြသော်လည်း လိုအပ်သည့်အခါတွင် ဝင်ရောက်စွက်ဖက်ကြသည်။

အကြီးအကဲများသည်  အမွေဆက်ခံသူအသစ်ကို  လွှဲပေးရန် အတင်းအကျပ် ဖိအားပေးဖို့  မဟာအကြီးအကဲများကို တောင်းဆိုခဲ့သည်။

လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်းမှာ ပိုင်ဖေး၏သား ပိုင်ကျန့်ဖြစ်သည်။

အကြီးအကဲ၏ ညီဖြစ်သူ ပိုင်ဖေးသည် သူ့ကိုယ်သူ  မျိုးနွယ်စုခေါင်းဆောင် မဖြစ်ခြင်းကြောင့် အမြဲတမ်း နာကြည်းနေခဲ့သည်။

ပိုင်ထျန်းဟမ်၏ သာလွန်ကောင်းမွန်သော အရည်အချင်းနှင့် ခေါင်းဆောင်မှုတို့ကြောင့် နောက်ဆုံးတွင် ၎င်းကို လက်ခံခဲ့ရသော်လည်း  ပိုင်ကျီဟန်ကို အမွေဆက်ခံမည့်သူအဖြစ် ဘယ်သောအခါမှ အတည်ပြုခဲ့ခြင်း မရှိခဲ့ပေ။

ယင်းအစား ပိုထက်မြက်ပြီး စည်းကမ်းပိုရှိသော သူ၏သား ပိုင်ကျန့် သည် ရာထူးကို အမွေဆက်ခံသင့်သည်ဟု သူ အခိုင်အမာ ယုံကြည်ခဲ့သည်။

မဟာ အကြီးအကဲများအပါအဝင် အကြီးအကဲများစွာသည် ဤအယူအဆကို ထောက်ခံခဲ့ကြသည်။

ထို့ကြောင့်  ပိုင်ထျန်းဟမ်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အစည်းအဝေးခန်းမထဲသို့ ဝင်လာသောအခါ လူကြီးများ စိတ်ရှုပ်ထွေးသွားကြသည်။

ပိုင်ထျန်းဟမ်သည် ယနေ့ ဆွေးနွေးမှု အကြောင်းကို ကောင်းစွာ သိရှိပြီး  စိတ်အဆင်ပြေမနေလောက်ဘူးဟု သူတို့ မျှော်လင့်ထားခဲ့သည်။

သို့တိုင် အုံ့မှိုင်းနေမည့်အစား သူက ကျေနပ်စွာ ပေါ်လာသည်။

သူ၏ ပြုံးနေသော မျက်နှာကြောင့် လူအများက ပဟေဋိဖြစ်ခဲ့ကြပြီး ယနေ့အစည်းအဝေး၏ ရလဒ်ကို သူ မပြောင်းလဲနိုင်ကြောင်း သိထားတာကြောင့် အေးဆေးလွှဲပြောင်းပေးမည်ဟု  ထင်ခဲ့ကြသည်။

ပိုင်ထျန်းဟမ်ရှေ့သို့ လျှောက်သွားကာ ခန်းမ၏ ခေါင်းရင်းတွင် ထိုင်လိုက်ပြီး သူ့လက်များကို လင်တင်သည့်နေရာပေါ်၌ ပေါ့ပေါ့ပါးပါး ချထားလိုက်သည်။

"မဟာ အကြီးအကဲတွေ၊ အကြီးအကဲတွေ"  ပိုင်ထျန်းဟမ်က တည်ငြိမ်ပြီး နက်နဲတဲ့အသံနဲ့ နှုတ်ဆက်လိုက်သည်။

“ မနက်ခင်းကိုပျော်စေဖို့ အားလုံးက ကျွန်တော်ကို ဒီကိုခေါ်တာတော့ မဟုတ်ဘူးထင်တယ်"

အကြီးအကဲများသည် တိတ်ဆိတ်နေပြီး စူးစူးဝါးဝါးမျက်လုံးများဖြင့် ကြည့်ကာ လက်ရှိ အကြီးအကဲများ ကို ဦးစွာပြောဆိုခွင့်ပြုသည်။

နောက်ဆုံးတော့ သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်သည် ရလဒ်ကို ဆုံးဖြတ်ဖို့ဖြစ်ပြီး ပိုင်ထျန်းဟမ်ကို ဆင်ခြေမပေးဘဲ ဟန့်တားနိုင်ဖို့ပင်။

ပိုင်ထျန်းဟမ်အနေနဲ့ ပိုင်ကျီဟန်ကိုအမွေဆက်ခံသူအဖြစ် ဆက်ရှိနေသင့်သော အကြောင်းပြချက်ကို ခိုင်လုံစွာပြောနိုင်ပါက ပိုင်ထျန်းဟမ်ကိုလည်း ထောက်ခံနိုင်သည်။

ညီဖြစ်သူ ပိုင်ဖေးသည် ချက်ချင်းပင် ရှေ့သို့ တိုးလာသည်။

သူ့အပြာရောင် ၀တ်ရုံက ယိမ်းနွဲ့နေပြီး သူက အရိူအသေပေးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်၊ ခေါင်းဆောင်အချိန်တွေကို ကျွန်တော်တို့တန်ဖိုးထားပါတယ်။ ဒါပေမယ့် ဒီကိစ္စက အရေးတကြီးမလို့ပါ  ။ ပိုင်မျိုးနွယ်ရဲ့အနာဂတ်—အတိအကျပြောရရင် အမွေဆက်ခံမယ့်ရာထူးကို ဆွေးနွေးရပါမယ်။"

ပိုင်ထျန်းဟမ်က အနည်းငယ် ပြုံးပြလိုက်သည်။

(ဒီဟာပေါ့)

 ပိုင်ထျန်းဟမ်က တစ်ခုခု မှားနေတယ်လို့ ခံစားမိပေမယ့် ပိုင်ဖေးကဆက်ပြောခဲ့သည်။

အကယ်၍ အခြားအချိန်များတွင် ဆိုလျှင် ထိုအကြောင်းအရာသည်  ပိုင်ထျန်းဟမ်၏ တည်ငြိမ်မှုကို ဆုံးရှုံးစေပြီး ဒါကို ကာကွယ်ဖို့ ကြိုးစားလာမည်ဖြစ်သည်။

"နှစ်ပေါင်းများစွာကြာအောင် သိခဲ့ရတာတွေကို အသိအမှတ်ပြုဖို့ အချိန်တန်ပါပြီ။ ပိုင်ကျီဟန်က ပိုင်မျိုးနွယ် ရဲ့ အမွေဆက်ခံသူဖြစ်ဖို့ မသင့်တော်ပါဘူး"

အကြီးအကဲအချို့က ခေါင်းညိတ်သဘောတူကြပြီး သူတို့၏မျက်နှာသည် လေးနက်သည်။

ပိုင်ကျီဟန်က တိတ်ဆိတ်နေပြီး ပိုင်ဖေးကို ဆက်ပြောဖို့ ခွင့်ပြုလိုက်သည်။

" အကြိမ်ကြိမ်အခါခါပဲ ..ပိုင်ကျီဟန်က  ပျင်းရိတယ်။ မာနလည်းကြီးပြီး ကျင့်ကြံမှုမှာလည်း  လုံးဝစိတ်မ၀င်စားခဲ့ဘူး”

ပိုင်းဖေး၏ အသံသည် စူးရှပြီး နှိုးဆွနေတာ သိသာသည်။

"ဒီနေရာမှာရှိတဲ့ အကြီးအကဲတွေပါ သူရဲ့မဆင်မခြင်အပြုအမူတွေဖြစ်တဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးတာ၊  အဓိပ္ပါယ်မဲ့ ပဋိပက္ခဖြစ်ပွားတာနဲ့  တန်ဖိုးရှိတဲ့ မဟာမိတ်တွေကို ရန်ရှာတာကို  ကိုယ်တိုင်မြင်တွေ့ခဲ့ကြပါတယ်”

ခန်းမကို တစ်ချက်ကြည့်လိုက်ပြီး သူ့အသံက ပိုကျယ်လောင်လာသည်။

"မကြာသေးမီကပဲ သူက ကောင်းကင်ဓားဂိုဏ်း တပည့်တွေကို အရှက်ရစေခဲ့ပြီး အင်ပါယာက တန်ခိုးအရှိဆုံး ဂိုဏ်းတစ်ခုနှင့် မလိုအပ်ဘဲ ပွတ်တိုက်မှု ဖြစ်ခဲ့ပါသေးတယ်။ သူတို့ဘက်က ပြန်ပြသနာရှာရင် ဘယ်လိုလုပ်ပါ့မလဲ”

အကြီးအကဲများက ခေါင်းညိတ် သဘောတူကြသည်။

ကလေးတွေကြား ပဋိပက္ခသည် မပြောပလောက်ကြောင်း အများစုက သိခဲ့ကြသော်လည်း  ပိုင်ကျီဟန်သည် မလိုအပ်ဘဲ ပြဿနာဖြစ်စေသည်ကို သဘောတူကြသည်။

"ပြီးတော့” ပိုင်ဖန်းက ဆက်ပြောသည်  "သူ့ရဲ့ အရည်အချင်းက နိမ့်ကျလွန်းတယ်။  မျိုးနွယ်ရဲ့ အကောင်းဆုံး အရင်းအမြစ်တွေ နဲ့တောင် သူက  အခြေခံအုတ်မြစ်နယ်ပယ်မှာပဲ ရှိနေသေးတယ်၊ သူ့ရဲ့ အသက်အရွယ်မှာ ပါရမီရှင်တွေဆို ရွှေဗဟိုနယ်ပယ်ထဲရောက်နေပြီ”

အကြီးအကဲအချို့က အချင်းချင်း တိုးတိုးပြောကြသည်။

"တကယ်တော့ ပိုင်ကျန့်နဲ့ ယှဉ်ရင် ပိုင်ကျီဟန် က အရမ်းနောက်ကျနေပြီ..."

“သူက အလုပ်ကြိုးစားဖို့လည်း စိတ်မဝင်စားပါဘူး။ သူက အတန်းအများစုကို မတက်တဲ့အပြင် ဆရာတွေနဲ့ ငြင်းခုံဖို့တောင် သတ္တိရှိတယ်”

"အရည်အချင်းမရှိသူတစ်ယောက်ကို မျိုးနွယ်စု အမွေကို ဆက်ခံခိုင်းလို့ မဖြစ်တော့ဘူး”

ပိုင်ဖန်းသည် ခေတ္တရပ်လိုက်ပြီး  ခန်းမအတွင်းမှ အသံများငြိမ်သွားမှ သူ့ရဲ့နောက်ဆုံးအကြောင်းပြချက်ကို တင်ပြလေ၏

"ပိုင်မျိုးနွယ်ရဲ့ ကောင်းကျိုးအတွက်၊  ပိုင်ကျီဟန်ကို သူ့ရဲ့ အမွေဆက်ခံသူနေရာက ထုတ်ပယ်ပြီး စစ်မှန်တဲ့ အရည်အချင်းနဲ့ စည်းကမ်းရှိတဲ့  ပိုသင့်တော်တဲ့ ကိုယ်စားလှယ်လောင်းကို သူ့နေရာမှာ ရွေးချယ်ဖို့ အဆိုပြုပါတယ်။"

ထို့နောက် သူ့နောက်ကျောနားတွင်ရပ်နေသော သူ၏သားဖြစ်သူ  ပိုင်ကျန့်ဆီသို့ လှည့်ကြည့်လိုက်သည်။

ပိုင်ကျန့်က ရှေ့ကို တိုးလာသည်။  သူ့ရဲ့ နှိမ့်ချတဲ့ အမူအရာက ယုံကြည်မှု အပြည့်နဲ့ပင်။

ပိုင်ကျီဟန်နဲ့မတူတာက ပိုင်ကျန့်သည် သူ့၏လုံ့လဝီရိယနဲ့ အရည်အချင်းတွေကြောင့် နာမည်ကြီးသည်။ သူ့ကျင့်ကြံမှုသည် ပိုင်ကျီဟန် လက်လှမ်းမမှီသော ရွှေဗဟိုနယ်ပယ်တွင်ရှိနေချေပြီ။

ဝိညာဉ်အခြေတည်စအဆင့်မှာရှိပြီးသား ပိုင်ထျန်းဟမ်နဲ့ ယှဉ်နိုင်သည့်  ဆိတ်ငြိမ်ရာ ကောင်းကင်ဘုံ အင်ပါယာမှာ အရည်အချင်းအရှိဆုံးတွေထဲက တစ်ယောက်ပင်။

အကြီးအကဲများစွာက သူ့ကို ကြင်နာစွာ ရှုမြင်ကြသည်။

"ကျွန်တော် ဒီအဆိုကို ဒုတိယမြောက် လကခံသူပါ”

"သဘောတူပါတယ်။ပိုင်ကျီဟန်က အဆင်မပြေဘူး”

"ပိုင်ကျန့်က ပိုကောင်းတဲ့ အမွေဆက်ခံသူ ဖြစ်ပါလိမ့်မယ်။"

အဆိုပြုချက်ကို အကြီးအကဲများစွာက ထောက်ခံသဖြင့် ဆွေးနွေးမှုသည်  ပိုင်ဖန်းဘက် လျင်မြန်စွာ ပြောင်းလဲသွားသည်။

ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်  ပိုင်ကျီဟန်ဟာ သူ့ရဲ့ အမွေဆက်ခံသူ ရာထူးကို ဒီနေ့ ဆုံးရှုံးသွားမှာပင်။

ဒါပေမယ့်  ပိုင်ဖန်းက အခြေအနေကို ဆုပ်ကိုင်ထားနိုင်ချိန်မှာ ပိုင်ကျီဟန်က လက်ကို မြှောက်လိုက်သည်။

"လုံလောက်ပြီ”

သူ့အသံက အကျယ်ကြီးမဟုတ်ပေမယ့် အကြွင်းမဲ့အာဏာသံကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ပိုင်ထျန်းဟမ်သည် ရှေ့သို့ အနည်းငယ် စောင်း၍ တံတောင်ဆစ်များကို စားပွဲပေါ်တင်လိုက်သည်။ သူ့အကြည့်တွေက ပြတ်သားသွားကာ တစ်ချိန်က ရယ်မောနေသော အမူအရာ ပျောက်ကွယ်သွားသည်။

"မင်းတို့အားလုံး ငါ့သားရဲ့အမှားတွေကို ဆွေးနွေးဖို့ ဒီကိုလာနေကြတာကိုး” ပိုင်ထျန်းဟမ်က ဖြည်းညှင်းစွာပြောသည်။ “ဒါပေမယ့် ဒီဆွေးနွေးပွဲကို ဆက်မလုပ်ခင်မှာ သတင်းကောင်းတစ်ခု မျှဝေဖို့ရှိပါတယ်။”

သူသည် စကားများကို လေထဲတွင် အချိန်အတော်ကြာ ချန်ထားကာ သူ၏ တည်ရှိမှုသည်  အခန်းအတွင်း ဖိအားများစွာကို ပေးခဲ့သည်။

"သတင်းလား”

ပိုင်ဖန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ့အနေနဲ့ အသာစီးရနေပြီး ပန်းတိုင်ကို ရောက်အောင်သွားမယ့်အချိန်မှာ  ပိုင်ထျန်းဟမ် ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားတဲ့အပေါ် သူ မပျော်တော့ပေ။

သို့သော် သူသည် ငြိမ်သက်နေဆဲပင်

(ဘယ်လောက်ပဲ နှောင့်နှေးနေပါစေ အမွေဆက်ခံသူဟာ ဒီနေ့မှာ ပြောင်းလဲသွားမှာ သေချာပါတယ်။)

ပိုင်ထျန်းဟမ် ခေါင်းစဉ်ပြောင်းပြီး  အမွေဆက်ခံသူကိစ္စအား နှောင့်နှေးစေသည်ကို သူ့အနေနဲ့ တိတ်တဆိတ်ကြည့်နေခဲ့သည်။

ပိုင်ထျန်းဟမ်က ပြုံးလိုက်သည်။

"တကယ်တော့ ကျွန်တော် ကြေညာစရာရှိတာ ပိုင်မျိုးနွယ်နဲ့ချူမျိုးနွယ်တို့ဟာ  ပိုင်ကျီဟန်နဲ့ ချူကျီယန်တို့ရဲ့ လက်ထပ်ထိမ်းမြားမှုကို သဘောတူလိုက်တာကိုပါ”

All Chapters