← Chapters

ပိုင်ကျီဟန်၏ လက်ထပ်မှု

Vol. 1 Ch. 14

ပိုင်ကျီဟန်၏ လက်ထပ်မှု

Vol. 1 Ch. 14

ပိုင်ထျန်းဟမ်၏ ကြေငြာချက်က  ပိုင်မျိုးနွယ်၏ အစည်းအဝေးခန်းမကို ထိတ်လန့်

တုန်လှုပ်သွားစေခဲ့သည်။

အစပိုင်းတွင် တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေခဲ့သော မဟာအကြီးအကဲများပင်လျှင် ယခုအခါ အချင်းချင်း လေးလေးနက်နက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

ဤအိမ်ထောင်ရေး မဟာမိတ်၏ သက်ရောက်မှုများမှာ ကြီးမားလှသည်။

ပိုင်မျိုးနွယ်စုသည်  ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာတွင် အပြင်းထန်ဆုံး မျိုးနွယ်စု သုံးခုအနက်မှ တစ်ခုဖြစ်သော်လည်း ၎င်း၏ နေရာကို အခြား နှစ်ခုက အဆက်မပြတ် စိန်ခေါ်ခဲ့သည်။

နှစ်ပေါင်းများစွာ ဤပြိုင်ဘက်မျိုးနွယ်စုများသည်  ပိုင်မျိုးနွယ်ကို မသိမသာ တိုက်ခိုက်နေပြီး  လျှို့ဝှက်မဟာမိတ်များ ဖွဲ့ကာ ၎င်း၏သြဇာလွှမ်းမိုးမှုကို အားနည်းအောင် လုပ်နေတာမျိုးတောင် ဖြစ်နိုင်သည်။

ပိုင်မျိုးနွယ်အနေနဲ့ တစ်ယောက်တည်း ရပ်တည်နေမယ်ဆိုရင် ဒီအင်အားစုတွေက သူတို့ကို မျိုချဖို့ မကြိုးစားခင် အချိန်တစ်ခုပဲ လိုမည်ပင်။

ထို့ကြောင့် ခိုင်မာသောမဟာမိတ်များကို ရယူခြင်းသည် ဇိမ်ခံပစ္စည်းမဟုတ်ပေ။ ၎င်းသည် မရှိမဖြစ်လိုအပ်တာပင်

ချူမျိုးနွယ်သည် ထိပ်တန်း (၃)ခု၏ အပြင်ဘက်တွင် အင်အားအကောင်းဆုံးဖြစ်ပြီး ၎င်းတို့အောက်တွင် ရှိနေတာပင်

ပိုင်မျိုးနွယ်က တောင်ကြီးတစ်ခုဆိုရင် ချူမျိုးနွယ်က အထွတ်အထိပ်သို့ မရောက်သေးပေမယ့် နီးကပ်နေသော မြှင့်တက်နေသည့် ကြယ်တစ်ပွင့်လိုပင်။

၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းများနှင့် ကျွမ်းကျင်ပညာရှင် အများအပြားသည် တော်တော်လေး ကျယ်ပြန့်သောကြောင့် ၎င်းတို့အား အင်ပါယာရှိ သြဇာအရှိဆုံးအဖွဲ့ခွဲများထဲမှ တစ်ခုဖြစ်လာစေနိုင်သည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ မျိုးနွယ်စုခေါင်းဆောင်နှစ်ဦး၏ သမီးများဖြစ်သည့်  ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့သည် အမြဲတမ်းရင်းနှီးနေခဲ့သည်။ သွေးသားမတူတာကလွဲရင် ညီအစ်မတွေလိုတောင် ပြောလို့ရသည်။

ပိုင်မျိုးနွယ်သည် ချူမျိုးနွယ်နှင့် နှစ်ပေါင်းများစွာ နီးကပ်သော ဆက်ဆံရေး ရှိခဲ့သော်လည်း နိုင်ငံရေး ကွဲပြားမှုများကြောင့် မဟာမိတ်ဖွဲ့ရန် ခက်ခဲစေခဲ့သည်။

အခုဆိုရင်တော့

ဤလက်ထပ်ခြင်း အဆိုပြုချက်ကြောင့် ပိုင်မျိုးနွယ်တို့သည်အင်အားသုံးစုတွင် အသန်မာဆုံးအဖြစ်နဲ့   ဘေးချင်းယှဉ်ရပ်ရန် ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့သည်။

ဤကဲ့သို့ မဟာမိတ်ဖွဲ့ခြင်းသည်  ကောင်းကင်အင်ပါယာ၏ အခြားသော အပြင်းထန်ဆုံး မျိုးနွယ်စုနှစ်ခုကိုပင် ပြိုင်ဆိုင်နိုင်ချေရှိသည်။

ပိုင်မျိုးနွယ်၏ ဘယ်သူမှ လျစ်လျူရှုဖို့ မတတ်နိုင်တဲ့ အခွင့်အရေးတစ်ခုပင်။

ပိုင်ကျီဟန်ကို မကြိုက်တဲ့သူတွေတောင် ဝန်ခံရမည်။ ထိုအိမ်ထောင်ရေးက အဆင်ပြေသွားရင်တော့ ဒါဟာ ပြိုင်ဆိုင်လို့မရတဲ့ ဗျူဟာမြောက်အောင်ပွဲဖြစ်မှာပင်။

သူတို့၏ ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများကြားမှ  အကြီးအကဲများသည် အပြည့်အဝတော့  စိတ်သက်သက်သာသာ မဖြစ်ကြပေ။

ဤသို့ စေ့စပ်ကြောင်းလမ်းမည့်တိုင် ပင်ကိုယ်စွမ်းရည် သို့မဟုတ် ရည်မှန်းချက်ထက် မာနထောင်လွှားခြင်းနှင့် ပြဿနာရှာခြင်းတွင်သာ ပို၍လူသိများသော  ပိုင်ကျီဟန် ဖြစ်နေတာကြောင့်ပင်

အကြီးအကဲတစ်ဦးဖြစ်တဲ့ ပိုင်မူက သတိကြီးကြီးနဲ့ စကားပြောလေသည်။

"မျိုးနွယ်စုခေါင်းဆောင်... ဒါက တကယ့်အခွင့်အရေးကောင်းတစ်ခုဆိုပေမယ့် ပြဿနာတစ်ခုရှိနေတုန်းပဲ။"

ပိုင်ထျန်းဟမ်က မျက်ခုံးပင့်လိုက်သည်။

"အိုး?"

ပိုင်မူက တုံ့ဆိုင်းသွားပြီး ရှင်းလင်းစွာပြောလိုက်သည်။

"ဒီအဆိုပြုချက်နဲ့တောင်  ပိုင်ကျီဟန်က သူ့တန်ဖိုးကို သက်သေမပြနိုင်သေးပါဘူး။ ချူမျိုးနွယ်က သူ့မှာ ချို့တဲ့နေတာကို တွေ့ရင် နောင်မှာ သူတို့ရဲ့ သဘောတူညီချက်ကို ပြန်

ရုပ်သိမ်းဖို့ ဘယ်အရာက တားနိုင်မှာလဲ။"

အကြီးအကဲအချို့က ခေါင်းညိတ်သဘောတူကြပြီး အချင်းချင်း ညည်းညူကြသည်။

ညိုးဘေးချူရှင်းသည် အဆိုပါ အဆိုပြုချက်ကို လက်ခံခဲ့သော်လည်း တစ်စုံတစ်ရာ အပြီးသတ်နိုင်ခြင်းမရှိသေးပေ။

ပိုင်ကျီဟန်သည် ယခုကဲ့သို့သာ ဆက်ရှိနေပါက ချူမျိုးနွယ်သည် ၎င်းတို့၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ရန် နည်းလမ်းရှာနိုင်သေးသည်။

ဒီလိုဖြစ်ခဲ့ရင် ပိုင်မျိုးနွယ်သည်  ဆိုးရွားတဲ့အနေအထားမှာ ရှိနေနိုင်သည်။

ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ပိုင်ဖန်းသည် ရုတ်တရက် ပြုံးလိုက်သည်။

"အကြီးအကဲပိုင်မူပြောတာက  အရမ်းကောင်းတဲ့အချက်ပဲ" သူ့အသံမှာ တည်ငြိမ်သော်လည်း လျှို့ဝှက်ထားသော ရည်ရွယ်ချက်ဖြင့် ပိုင်ဖန်းကပြောလိုက်သည်။

"ပိုင်ကျီဟန်ရဲ့ အပြုအမူကို သိရင် ချူမျိုးနွယ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကောင်းကောင်း ဖျက်ဆီးနိုင်တယ်"

သူသည်  ပိုင်ထျန်းဟမ်ကို ယဉ်ကျေးဟန်ဆောင်ကာ ကြည့်လိုက်သည်။

"သေချာတာပေါ့၊ ချူမျိုးနွယ်ခေါင်းဆောင်က ဒါကိုလည်း နားလည်မှာပဲ”

ပိုင်ကျီဟန် အကြည့်က အနည်းငယ် မဲမှောင်သွားသည် ။

ဒါဟာ ပိုင်ဖန်း၏  တန်ပြန်တိုက်စစ်ပင်။

ယခင်က ထောင့်တစ်နေရာမှာ ရောက်နေပေမဲ့ ယခုမှာတော့ အချက်နှင့် အမြင်ကို အားထားကာ ပြန်လှန်တိုက်ခိုက်နေသည်။

ဒါက အမှန်ပင်။

ချူမျိုးနွယ်က သဘောတူခဲ့ပေမယ့် ပိုင်ကျီဟန်က ဒုက္ခပေးရင် မဟာမိတ်က အလွယ်တကူ ပြိုလဲသွားနိုင်သည်။

ပိုဆိုးတာက ပိုင်ကျီဟန်သာ လူသိရှင်ကြား အရှက်ခွဲရင် ချူမျိုးနွယ်က သူတို့ရဲ့ ထောက်ခံမှုကို လုံးဝရုပ်သိမ်းဖို့ အကြောင်းပြချက်ပေးနိုင်သည်။

ပိုင်မျိုးနွယ်စုသည် ထိပ်တန်း မျိုးနွယ်စု သုံးခုထဲမှ တစ်ခု ဖြစ်သော်ငြားလည်း  ချူမျိုးနွယ်အား ၎င်းတို့ မလိုလားသော မဟာမိတ်အဖြစ် အတင်းအကျပ် တွန်းအားပေး နိုင်သည်ဟု မဆိုလိုပေ။

အကြီးအကဲများသည် နားလည်သော အကြည့်များနဲ့ အချင်းချင်းဖလှယ်ကြသည်။

ဒါက လက်တလောမှာ တကယ့်ပြဿနာပင်

"ဒါဆိုရင်ရော ဘယ်လိုလဲ၊မျိုးနွယ်စုခေါင်းဆောင်”

ပိုင်ဖန်းက ဆက်ပြောသည် ။

"ချူကျီယန်ကိုလက်ထပ်မယ့်လူကို မပြောင်းသင့်ဘူးလား။ တကယ်စွမ်းဆောင်နိုင်တဲ့သူ တစ်ယောက်ကသာ ဒီအိမ်ထောင်ရေးကို အကောင်အထည်ဖော်နိုင်မှာပါ”

သူ၏ အဓိပ္ပါယ်မှာ ရှင်းနေသည်- ယခု သူသည် သူ့သားအတွက် ချူကျီယန်ကို  အကွက်ချဖို့ ကြိုးစားနေသည်။

ပိုင်ကျန့်သည် သူ့အဖေ၏စကားကိုကြားသောအခါ စိတ်လှုပ်ရှားနေသည်။

ချူကျီယန်... အကြည့်တစ်ချက်တည်းနဲ့ ယောက်ျားတွေကို စွဲဆောင်နိုင်တဲ့ ဒီနတ်သမီးကို အင်ပါယာက ဘယ်သူက မသိပါ့မလဲ

ချူမျိုးနွယ်၏ ပံ့ပိုးမှုဖြင့် သူ့ရပ်တည်မှု သိသိသာသာ မြင့်တက်လာမည်ကို ထည့်မတွေးပါနဲ့ 

သူမ၏ နောက်ခံမပါသည့်တိုင် သူမ၏ လှပမှုနှင့် အရည်အချင်းများက သူမကို ထိုက်တန်သည်ဟု ထင်မိစေခဲ့သည်။

အခြားသော အကြီးအကဲများသည်လည်း ထိုသဘောထားကို ဝေမျှကြသည်။

ချူမျိုးနွယ်သည် ပိုင်ကျီဟန်ဆိုတာထက်  ပိုင်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းဖွယ်ရှိသည်ဟု ၎င်းတို့က ယူဆခဲ့သည်။

ပိုင်ကျီဟန်နေရာကို ပိုထူးခြားတဲ့  ပိုင်မျိုးနွယ်စုအဖွဲ့ဝင်တစ်ဦးနဲ့ အစားထိုးနိုင်မယ်ဆိုရင် သတို့သားဟာ သတို့သမီးနဲ့ မထိုက်တန်တာမျိုး ဖြစ်စရာ မလိုပေ။

ထို့အပြင် ၎င်းတို့၏ မူလပန်းတိုင်ဖြစ်သော  ပိုင်ကျီဟန်ကို အမွေဆက်ခံသူအဖြစ် ဖယ်ရှားခြင်းလည်း ပြီးမြောက်မည်ဖြစ်သည်။

"ဟုတ်တယ်၊ ချူကျီယန်အတွက် ထိုက်တန်တဲ့ သတို့သားကို ရွေးရမယ်”

"ပိုင်ကျီဟန်က ငါတို့ကို အရှက်ရစေပြီး ချူမျိုးနွယ်နဲ့ ငါတို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်"

" ပိုင်ကျီဟန်က ချူကျီယန်အတွက် သတို့သား မဖြစ်သင့်ဘူးလို့ အဆိုပြုပါတယ်”

အကြီးအကဲများသည် အခွင့်အရေးကို ချက်ချင်းလက်ငင်း ဆုပ်ကိုင်ကြသည်။

မဟာအကြီးအကဲများပင်လျှင် တူညီသောအရာကို ထည့်သွင်းစဉ်းစားဖွယ်ရှိပုံရသည်။

မဟာအကြီးအကဲရမ်က အကြံပြုချက်တစ်ခုလုပ်ဖို့ ရှေ့ကိုတိုးလာခဲ့သည်။

"မျိုးနွယ်စုခေါင်းဆောင် ဒါဆိုရင်ရော ဘယ်လိုလဲ။  ပိုင်ကျီဟန်ကို သူ့နေရာကို အမွေဆက်ခံခိုင်းပေမယ့် ချူကျီယန်အတွက် သတို့သားကို ငါတို့ပြောင်းရမှာပေါ့။"

ပိုင်ထျန်းဟမ်သည် သူ၏သားကို သတို့သားအဖြစ် အလွယ်တကူ ဖယ်ရှားရန် သဘောတူမည်မဟုတ်ကြောင်း  အကြီးအကဲရမ်က သိထားသော်လည်း အမွေဆက်ခံသူအဖြစ် ဆက်ခံနိုင်သည်ဟု အာမခံပါက သူသည် အလျှော့ပေးနိုင်သည်။

နောက်ဆုံးတွင် ပိုင်ကျီဟန်၏ အမွေဆက်ခံသူရာထူးကို ခိုင်မာစေရန် လက်ထပ်

ပေါင်းစည်းဖို့ စီစဉ်ခဲ့သည်မှာ ထင်ရှားပါသည်။

အမွေဆက်ခံသူ ပြောင်းလဲမည်မဟုတ်ကြောင်း ကတိပြုထားသရွေ့  ပိုင်ထျန်းဟမ်သည် ဤတောင်းဆိုချက်ကို လက်ခံနိုင်မည်ဖြစ်သည်။

"ကျွန်တော်လည်း ဒါကို ထောက်ခံပါတယ်”

ပိုင်ဖန်းက ယုံကြည်မှုအပြည့်နဲ့ ပြောသည်။

ပိုင်ဖန်းစိတ်ထဲမှာတော့ သူ့သားက ချူကျီယန်ကို လက်ထပ်နိုင်ရင် အမွေဆက်ခံသူရာထူးကို အာမခံတာထက် ပိုတန်ဖိုးရှိသည်။

နောက်ဆုံးတွင် အမွေဆက်ခံသူသည် ယာယီဘွဲ့တစ်ခုသာဖြစ်သည်— ပိုင်ထျန်းဟမ် ရာထူးမှ မဆင်းမချင်း ဘာအာမခံချက်မှ မရှိပေ။

ပိုင်ကျီဟန်၏ အရည်အချင်း ကင်းမဲ့မှုကြောင့် ရေရှည်မှာ မျိုးနွယ်စုခေါင်းဆောင်နေရာကို အမွေဆက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ထို့အပြင်  ပိုင်ကျန့်သည် ချူကျီယန်နှင့် လက်ထပ်ပြီးနောက် ချူမျိုးနွယ်ကို လွှမ်းမိုးနိုင်ပြီး နောက်ဆုံးတွင်  ပိုင်ထျန်းဟမ်အား အမွေဆက်ခံသူ လုံးဝပြောင်းလဲရန် ဖိအားပေးနိုင်မည်ပင်။

ထိုအချိန်တွင် မဟာအကြီးအကဲများနှင့် အခြားအကြီးအကဲများသည် ဆုံးဖြတ်ချက်ကို ထောက်ခံနိုင်ပေလိမ့်မည်။

"ငါတို့လည်း ဒါကို ထောက်ခံတယ်”

ပိုင်ဖန်းက ဦးဆောင်ပြီး သဘောတူတော့ အခြားသူများကလည်း  ပိုင်ကျီဟန်ကို အမွေဆက်ခံသူအဖြစ် ဆက်ခံခွင့်ပြုရန် ဆန္ဒရှိကြောင်း သဘောတူခဲ့ကြသည်။

ပိုင်ထျန်းဟမ်က သူတို့ရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်ရင်း ပြုံးပြလိုက်သည်။

သူတို့ဘာတွေတွေးနေလဲဆိုတာ သူသေချာသိသည်

ချူမျိုးနွယ် နှင့် လက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ကို ဆုံးရှုံးခဲ့လျှင် ပိုင်ကျီဟန်သည် ၎င်း၏ အမွေဆက်ခံသူ ရာထူးကို မလွဲမသွေ ဆုံးရှုံးရလိမ့်မည်ကိုလည်း သူသိသည်။

ဒါပေမယ့်  ပိုင်ထျန်းဟမ်ကတော့ စိတ်မပူပေ။

"အားလုံးကို စိတ်ပျက်မိစေလို့ တောင်းပန်ပါတယ် ချူမျိုးနွယ်က ငါ့သား ပိုင်ကျီဟန်ကို အထူးတောင်းဆိုထားတာပါ”

All Chapters