စေ့စပ်ကြောင်းလမ်းမှုကို ဆုံးဖြတ်ပြီးပြီလား
Vol. 1 Ch. 15
“ ချူမျိုးနွယ်က ပိုင်ကျီဟန်ကို အထူးတလည်တောင်းဆိုခဲ့တယ်?"
ပိုင်ဖန်းက ထိတ်လန့်စွာ မေးလိုက်သည်။
ပိုင်ကျီဟန်သည် ပါရမီရှင် သို့မဟုတ် ပိုင်မျိုးနွယ်၏ သေချာပေါက် အမွေဆက်ခံသူဆို ထားတော့ ..အခုက အဲ့လိုလည်း မဟုတ်ပေ။
ကောင်းကင်အင်ပါယာတစ်လျှောက် နာမည်ဆိုးနဲ့ ကျော်ကြားသည့် သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကို မပြောပါနဲ့။
"မျိုးနွယ်စု ခေါင်းဆောင် " ပိုင်ဖန်းက လေစားသမှုနဲ့ဆိုပေမဲ့ ဆက်ပြီး "ဒါက သေချာလား? ချူမျိုးနွယ်က ပိုင်မျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတာမဟုတ်ဘဲ ပိုင်ကျီဟန်နဲ့ သီးသန့် လက်ထပ်ချင်တာလား?"
အကြီးအကဲတချို့က ခေါင်းညိတ် သဘောတူကြသည်။
"စကားတွေက ချူရှင်းဆီက တိုက်ရိုက်လာတာ" ပိုင်ထျန်းဟမ်က ချောမွေ့စွာ ပြန်ဖြေသည်။
"ချူကျီယန်က ပိုင်ကျီဟန်ကိုလိုချင်တာတဲ့”
ပိုင်ထျန်းဟမ်အနေနဲ့က ချူရှင်းဆီက မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း အတည်ပြုထားပြီး ချူကျီယန်ကိုယ်တိုင်က ပိုင်ကျီဟန်ကို သဘောကျကြောင်း ထည့်ပြောလေ၏
"ဒါက ဘယ်လိုဖြစ်နိုင်မလဲ?"
"ချူကျီယန်လို ပြိုင်ဘက်ကင်း အလှတရားနဲ့ ပါရမီရှင်တစ်ယောက်က ပိုင်ကျီဟန်ကို ဘာကြောင့် စိတ်ဝင်စားရတာလဲ။"
"မဖြစ်နိုင်ဘူး”
ချူကျီယန်လို တစ်ယောက်ယောက်က ပိုင်ကျီဟန်ကို စိတ်ဝင်စားမယ်ဆိုတာ ယုံရန်ခက်ပေသည်။
သူ့တွင်ကောင်းမွန်သည့် တစ်ခုတည်းသော အရာက သွေးသားနဲ့ အသွင်အပြင်ပင်။ ဒါပေမယ့် ချူကျီယန်အရည်အချင်းတွေကြောင့် သူမမှာ အဲဒီနှစ်ခုစလုံးကို လွယ်လွယ်ကူကူနဲ့ နောက်ထပ် အများကြီး ရနိုင်သည်။
"ဟာဟား... ငါ့သားက ငါ့အစွမ်းအစကို အမွေဆက်ခံခဲ့တယ်၊ မင်းတို့ရော အဲ့လို မထင်ဘူးလား"
ပိုင်ကျီဟန်က သူ့နဖူးကို သပ်လိုက်သည်။
သူ ငယ်ငယ်တုန်းကလည်း မိန်းကလေးတော်တော်များများကို စွဲဆောင်နိုင်ခဲ့တာပင်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ပိုင်ထိန်းဟမ် စကားကို ဘယ်လိုတုံ့ပြန်ရမလဲ မသိကြပေ။
"အဟမ်း၊ ဘာပဲဖြစ်ဖြစ် မင်းငါ့ကို မယုံရင် ချူမျိုးနွယ်စုခေါင်းဆောင်ကို မင်းတို့ကိုယ်တိုင် မေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ပိုင်မျိုးနွယ်စုအတွက် သတင်းကောင်းပဲ၊ အားလုံးပဲ ကြိုတင်ပြင်ဆင်ထားဖို့ မျှော်လင့်ပါတယ်။ မကြာခင်မှာ သူတို့ စေ့စပ်ကြောင်းလမ်းတာကို ကြေငြာပါ့မယ်”
ပိုင်ထျန်းဟမ်က သူပြောခဲ့တဲ့ ရှက်စရာကောင်းတဲ့ မှတ်ချက်အဖြစ်သဘောပေါက်ပြီး စကားလမ်းကြောင်းလွှဲကာကြေငြာလိုက်သည်။
"နားလည်ပါပြီ”
အကြီးအကဲတွေက ချက်ချင်းပြန်ဖြေကြလေသည်။
အစည်းအဝေးသည် ၎င်း၏မူလရည်ရွယ်ချက်မှ မထင်မှတ်ဘဲ အလှည့်အပြောင်းဖြစ်ခဲ့သော်လည်း အမြင်ကြည်ကြည်နဲ့ ကြည့်မယ်ဆို ၎င်းသည် မျိုးနွယ်စုအတွက် အမှန်တကယ်ပင် အကျိုးရှိခဲ့သည်။
ပိုင်ဖန်းသည် သူမူလက လာခဲ့သည့်အရာကို တွန်းအားပေးရန် မလုပ်သင့်တော့ဟု နားလည်ကာ သဘောတူညီချက်ဖြင့် ဦးညွှတ်ခဲ့သည်။
တစ်ယောက်တည်း ဆန့်ကျင်မှုကိုပြသနေသော သူမှာ ပိုင်ကျန့်ဖြစ်ပြီး သူ့လက်ကို ဒေါသဖြင့် ဆုပ်ထားသည်။
"ပိုင်ကျီဟန်... မင်းက အမြဲငါရမှာတွေကို ယူနေတယ်”
သူ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ပိုင်ထျန်းဟမ်သည် အကြီးအကဲနှင့် ဆွေးနွေးပြီးနောက် ယခုအခါတွင် ကြီးမားသော စိုးရိမ်မှုတစ်ခု ရှိနေသည်။
(ကဲ၊ ဒီသတင်းကို ကျန်းအာကို ဘယ်လို ရှင်းပြရမလဲ။)
သူ့သားရဲ့ ပင်ကိုယ်စရိုက်အရ ဒါကို သိရင် သဘောတူဖို့ အခွင့်မရှိသလောက်ပင်
(ဟမ်! ငါဒါကို သူ့အကျိုးအတွက် လုပ်နေတာ။ သူသဘောမတူရင် ငါဘက်က သူ့ကိုဆုံးမရလိမ့်မယ်။)
ပိုင်ကျီဟန်သည် လေ့ကျင့်မှု ပြီးသွားခဲ့ပြီး ယခုအခါတွင် သူ၏ အစားအသောက်ကို စောင့်နေသည်။
"လောင်ချင်း၊ အစားအသောက် အဆင်သင့်မဖြစ်သေးလို့လား?"
ပိုင်ကျီဟန်က လှမ်းအော်လိုက်သည်။
" သခင် သခင်လေး၊ ထမင်းချက်က ဆယ်မိနစ်လောက်လိုသေးတယ်ပြောတယ်”
လောင်ချင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြန်ပြောသည် ။
ပိုင်ကျီဟန်မည်မျှ စိတ်မရှည်နိုင်သည်ကို သူမသိသည်—သူ၏ဒေါသသည် သူ့၏နာမည်းဆိုးနဲ့ကျော်ကြားသောအရာပင်။
သူမလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။
ကျင့်ကြံသူသည် ပုံမှန်အားဖြင့် အဓိကအခြေခံအုတ်မြစ်အဆင့်သို့ရောက်ပြီးနောက် ပုံမှန်အစားအစာကိုမစားတော့ပေ။
ထိုအဆင့်ရှိ ကျင့်ကြံသူများသည် ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေနိုင်သည့် နတ်ဆိုးသားရဲအသားများကို အဓိကစားကြသည်။ ဒါပေမယ့် ပိုင်ကျီဟန်ကတော့ ဒီလိုအစားအစာတွေကို ငြင်းဆန်ခဲ့သည်။
အကြောင်းပြချက်ကတော့
ဝတ္ထုများတွင် သူဖတ်ဖူးသည့်အရာများနှင့် မတူတာက နတ်ဆိုးအသားသည် မည်သည့်သားရဲအမျိုးအစားမှ ထွက်လာသည်ဖြစ်စေ အရသာ လုံးဝနီးပါး ချိုမြိန်သည်။
သို့သော်လည်း ကျင့်ကြံသူအများစုသည် အရသာကို ဂရုမစိုက်ကြပေ။ ကျင့်ကြံရေးကိုသာ အာရုံစိုက်ကြသည်။
သားရဲအသားသည် ရှားပါးပြီး အထူးသဖြင့် အရည်အသွေးမြင့် အသားများဖြစ်သောကြောင့် အရသာမရှိသည်ဖြစ်စေ စားသုံးကြသည်။
ဒါပေမယ့် ပိုင်ကျီဟန်အဖို့တော့
အရသာကောင်းမယ့် အစားအစာကို သူလိုချင်သည်။
လောင်ချင်းသည် ပိုင်ကျီဟန်၏တောင်းဆိုမှုကို မီးဖိုချောင်သို့ ချက်ချင်းအကြောင်းကြားခဲ့ပြီး စာဖိုမှူးများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။
မီးဖိုချောင်သည် ပိုင်မျိုးနွယ်စုများ သို့မဟုတ် အခြေခံအုစ်မြစ်တည်ဆောက်ခြင်း အဆင့်အောက်ရှိ ဧည့်သည်များကို ရံဖန်ရံခါ လက်ဖက်ရည်ပြင်ဆင်ပေးသည်။
ပိုင်ကျီဟန်သည် အဓိကအခြေခံအုတ်မြစ်သို့ရောက်ရှိသွားသောအခါ ညှဉ်းပန်းနှိပ်စက်မှုမှလွတ်မြောက်လုနီးပါးဖြစ်ခဲ့သော်လည်း ယခုအခါ နတ်ဆိုးက ပြန်ရောက်လာခဲ့သည်။
ပိုင်မျိုးနွယ်၏ စားဖိုမှူးခေါင်းဆောင် ချန်ကွမ်းဟာ သင့်တော်တဲ့ အစားအစာ ပြင်ဆင်ဖို့ အပြေးအလွှား သွားနေစဉ် ချွေးများ တဒီးဒီးကျနေသည်။
ပိုင်ကျီဟန်စောင့်ဆိုင်းနေရခြင်းက သူ့ကို စိတ်ဆိုးသွားနိုင်သည်။ သို့သော် သူ့အား အစားအသောက်ဆိုးများ ကျွေးခြင်းက ပိုဆိုးမည်ကို သူသိသည်။
ပိုင်ကျီဟန်ပန်းကန်ထဲမှာ ဆားအနည်းငယ် များနေတာကို တွေ့တာကြောင့် ယခင် စာဖိုမှူးအကြီးအကဲသည် အလုပ်ထုတ်ခံခဲ့ရသည်။
ပိုင်မျိုးနွယ်ဆီမှာ အလုပ်လုပ်ရတာ ခက်ခဲပေမယ့် အင်ပါယာမိသားစုကပေးသည့် လစာ၏ သုံးဆလောက်ရှိသည့် ဆုလာဘ်တွေလည်းရသေးသည်။
ဒါကြောင့် ပိုင်ကျီဟန်ကို ဒေါသထွက်စေပြီး အလုပ်ထုတ်ခံရဖို့ ဘယ်အစေခံမှ မလိုလားပေ။
ဆယ်မိနစ်လောက်ကြာတော့ အစားအသောက်က အဆင်သင့်ဖြစ်နေသည်။
ပိုင်ကျီဟန်က တစ်ယောက်တည်း စားမှာဆိုပေမယ့် အစားအစာ ပမာဏက လူနှစ်ဆယ်ကို အလွယ်တကူ ကျွေးနိုင်သည်။
ဘုရင်ကြီးအတွက် သင့်လျော်သော ပွဲလိုပင်
(နောက်ဆုံးတော့)
ဆေးပြားနှင့် နတ်ဆိုးအသားမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မစားရသည်မှာ နှစ်
အတော်ကြာခဲ့ချေပြီ။
ပိုင်ကျီဟန်သည် သူ့ရှေ့ရှိ အလွန်ကြီးကျယ်သော အစားအသောက်ကို ကြည့်နေသည် ။
ဟင်းမျိုးစုံ ဒါဇင်ပေါင်းများစွာကို စေ့စေ့စပ်စပ် ပြင်ဆင်ထားပြီး ဘဲကင်၊ စံပယ်ဆန်မွှေး၊ ပျားရည်စိမ်ဟင်းရွက်များ၊ မြစ်ငါးနဲ့ သာမန်လူတွေ မြည်းစမ်းဖို့ စိတ်ကူးယဉ်ရုံသာ တတ်နိုင်သည့် ရှားပါးသော ဟင်းလျာများပင်။
လက်တွေ့အားဖြင့် တော်ဝင်ပွဲဖြစ်သည်။
လောင်ချင်းနှင့် အခြားသော အစေခံများသည် ပိုင်ကျီဟန် တုံ့ပြန်မှုကို စောင့်မျှော်နေပြီး သူတို့၏ အမူအရာက တင်းကြပ်နေသည်။
စားဖိုမှူး ခေါင်းဆောင် ချန်ကွမ်းသည် သူ့နဖူးမှ ချွေးများကို သုတ်ရင်း ဘေးနားတွင် ရပ်လိုက်သည်။
ပိုင်မျိုးနွယ်မှာ နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့ပေမယ့် သခင်လေးပိုင်ကျီဟန်ကို အမှုဆောင်တာထက် စိတ်ညစ်ရတဲ့အရာမရှိပေ။
နောက်ဆုံးတော့…
ပိုင်ကျီဟန်သည် ၎င်း၏ အစားအသောက်များတွင် ဟင်းခတ်အမွှေးအကြိုင်များ အဆင်မပြေကြောင်း တွေ့ရှိသဖြင့် ယခင် စာဖိုးမှုး ခေါင်းဆောင်ကို အလုပ်ထုတ်ခဲ့သည်။
ချန်ကွမ်းသည် ထိုအချိန်မှစပြီး ပိုင်ကျီဟန်အတွက် ချက်ပြုတ်ရန် ညွှန်ကြားခံခြင်း မရှိသေးပေ။
အခုလည်း သူ့အစားအစာတွေကို ကျေနပ်နိုင်ပါစေလို့သာ ဆုတောင်းနေရသည်။
ပိုင်ကျီဟန်က သူ့ရှေ့က အစားအသောက်ကို စစ်ဆေးဖို့ သူ့တူကို ကောက်ယူလိုက်သည်။
ပထမတစ်လုတ်တွင်ပင် အစေခံများသည် အသက်ရှုကြပ်လာသည်။
အစားအစာက သူ့လျှာကို ထိလိုက်တာနဲ့
သူ့အမူအရာ အနည်းငယ် တင်းမာသွားသည်။
(ရှင်းရှင်းလေးပါပဲ)
အစားအသောက်က မဆိုးချေ။
စုံလင်စွာချက်ပြုတ်ထားပြီး အရသာကောင်းမွန်တဲ့အပြင် အရည်အသွေးအမြင့်ဆုံး ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။
ဒါပေမယ့်…
တစ်ခုခုတော့ လွဲနေ၏
(ကမ္ဘာမြေနဲ့ နှိုင်းယှဥ်လိုက်ရင် ရိုးရှင်းလွန်းတယ်။)
ကမ္ဘာမြေမှာတော့ စပ်သော၊ ချိုမြိန်သော၊ အရသာရှိသော၊ စူးရှသော အရသာမျိုးစုံကို မြည်းစမ်းခဲ့ဖူးသည်။
ဒါပေမယ့် ဒီမှာတော့
အစားအသောက်ကို အရသာအတွက်
မဟုတ်ဘဲ အာဟာရအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။
စားဖိုမှူးတွေက အရည်အချင်းမရှိလို့ မဟုတ်ပေ။ ဒါက တစ်ကမ္ဘာလုံးဆိုင်ရာ အစားအသောက် ပြင်ဆင်မှု ဓလေ့တွေ မရှိလို့သာပင်။
ကျင့်ကြံသူများသည် အရသာကို ဂရုမစိုက်ပေ။
(ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ)
ကမ္ဘာမြေကို ရောက်တဲ့အခါ အစားအသောက်က သူ့ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုတွေထဲက တစ်ခုလိုပင်။
အကောင်းမွန်ဆုံးသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဤခမ်းနားထည်ဝါသော ဟင်းလျာများသည် ရိုးရှင်းသော လမ်းဘေးအစားအစာများနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် တော်တော်လေး စိတ်ပျက်ဖွယ်ကောင်းသည်ဟု ထင်မြင်မိသည်။
ပိုင်ကျီဟန်က ရင်တွင်းမှာ သက်ပြင်းချလိုက်ပေမယ့် ကြီးကြီးမားမားတော့
မထုတ်ပြပေ။
သူသည် ပြုံးခြင်း ၊ ရယ်ခြင်းလည်းမရှိဘဲ သာမာန် အရှိန်အဟုန်ဖြင့် ဆက်လက် စားသောက်နေသည်။
ဒါပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေအတွက်
သူ၏ ပျော်ရွှင်မှု ကင်းမဲ့ခြင်းသည် ကြောက်မက်ဖွယ် နိမိတ်ဖြစ်သည်။
စိတ်လှုပ်ရှားစွာကြည့်နေသော ချန်ကွမ်းသည် သူ့ဗိုက် ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
ပိုင်ကျီဟန်က မပြုံးပေ။
သူက ခေါင်းညိတ်မပြဘဲ ထောက်ခံသည်။
သူ ဘာမှ မပြောပေ။
သူ...စားနေတာပင်
မဟုတ်ဘူး!
စားဖိုမှူးတစ်ယောက်အတွက် ဒါက အိပ်မက်ဆိုးတစ်ခုပင်
အစားအသောက်မကောင်းရင် ပိုင်ကျီဟန်က ဝုန်းဒိုင်းကြဲအော်လိမ့်မည်။။
အရမ်းကောင်းရင် အနည်းဆုံးတော့ သူ ကျေနပ်တဲ့ မှတ်ချက်တစ်ခု ပေးမည်ပင်
ဒါပေမယ့် ဒါက
ဤတိတ်ဆိတ်နေသော စိတ်ပျက်မှုသည် မည်သည့်အရာထက်မဆို ဆိုးရွားခဲ့သည်။
ဖြစ်နိုင်ချေ အဆိုးဆုံးရလဒ်ကို တွေးဆရင်း ချန်ကွမ်း၏ ခြေထောက်များ တုန်လှုပ်သွားသည်။
သူ အလုပ်ထုတ်ခံရတော့မှာလား။
အရိုက်ခံရမှာလား
ပိုင်မျိုးနွယ်မှ နှင်ထုတ်ပြီး လမ်းများပေါ်တွင် တောင်းရမ်းစားသောက်ရတော့မှာလား။
သူဒီလို ဖြစ်မလာနိုင်ပေ
ချန်ကွမ်းသည် ချက်ချင်းပင် ဒူးထောက်ကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။
"သခင်လေးပိုင်၊ ကျေးဇူးပြုပြီးချမ်းသာပေးပါ”