← Chapters

ကောင်းကင် စိန်ခေါ်ခြင်းစနစ်

Vol. 1 Ch. 2

ကောင်းကင် စိန်ခေါ်ခြင်းစနစ်

Vol. 1 Ch. 2

 'အမှိုက်' ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက  ငါ့အမြင်အာရုံကို ပိတ်ဆို့နေတဲ့ ဒီမိုက်မဲတဲ့ စနစ်ကြောင့်မလား။

တကယ်တော့ ငါ့ရဲ့ ကျင့်ကြံမှုစွမ်းရည် ချို့တဲ့နေတာက ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ ငါ့ကျရှုံးမှုတွေက ချီကျင့်ကြံခြင်းမှာ ညံ့ဖျင်းနေတဲ့ စွမ်းရည်ထက်တော့ ပိုကျယ်ပြန့်ပါတယ်။

ငါ့ တိုက်ခိုက်ရေးစွမ်းရည်၊ တုံ့ပြန်မှုတွေနဲ့သိုင်းပညာ သင်ယူနိုင်မှုတွေကို မွေးစကတည်းက ငါ့အမြင်အာရုံမှာ တွယ်ကပ်နေတဲ့  ဒီအရာကြီးက ပြင်းထန်စွာ ဟန့်တားနေတာ

အစပိုင်းမှာတော့ လူတိုင်းက ငါ့ကို  ပျင်းရိသူ ဒါမှမဟုတ် အရည်အချင်းမရှိသူလို့ ထင်ခဲ့ကြပေမယ့် ဒါဟာ အမှန်တရားတစ်ခုတော့ မဟုတ်ပါဘူး။

ကလေးဘဝတုန်း မိဘတွေကို ဒီစနစ် မျက်နှာပြင်အကြောင်းပြောပြတော့ အမြင်အာရုံပြဿနာရှိမှာကြောက်လို့ မိဘတွေက ငါ့ကို အကောင်းဆုံးဆရာဝန်တွေဆီ ခေါ်သွားကြတယ်။

ဒါပေမဲ့ ရလဒ်တွေကတော့ ငါမျက်လုံးတွေ လုံးဝကျန်းမာနေတယ်ဆိုတာချည်းပဲ

တစ်ချို့က ဒါကို လှောင်ပြောင်ပြီး ငါ့ဘာသာ ထင်ယောင်ထင်မှား ဖြစ်နေတာလို့ ပြောကြပေမဲ့  ဒါကို ငါပဲ မြင်ရတော့ သက်သေမပြနိုင်ဘူးလေ။

ဒါပေမယ့် အဲဒါက ငါ့မျက်လုံးက ပြဿနာမဟုတ်ဖူးဆိုတာ သူတို့ဘယ်လိုနားလည်နိုင်မှာလဲ—ဒါက ငါ့အမြင်ကို အဆက်မပြတ် ဟန့်တားနေတဲ့ စနစ်ဆိုးကြီးပဲ။

အမြင်အာရုံနယ်ပယ်ကို ပိတ်ဆို့နေတဲ့ ထူထဲတဲ့ အလင်းဝင် အကန့်တစ်ခုနဲ့ တိုက်ခိုက်နေတာလို့ မြင်ကြည့်လိုက်ပါ…ဒါက ပွတ်ဆွဲလို့လည်းမရ ၊ ပိတ်ထားလို့မရတဲ့အရာတစ်ခု

ငါ့ရှေ့မှာ ထာဝရ တည်ရှိနေတဲ့ ငါ့မျက်စိကို ကွယ်စေတဲ့ နေရာ။

စနစ်သတိပေးချက်တွေက တိုက်ပွဲအတွင်း အမြင်အာရုံရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေကို ဖုံးအုပ်ထားပြီး ဘယ်လောက်ရွေ့လျားနေပါစေ၊ မျက်နှာပြင်က နောက်ကလိုက်ပြီး ငါ့အမြင်လမ်းကြောင်းမှာ အမြဲပျံဝဲနေတယ်။

ကိုယ်ခံပညာကို သင်ယူဖို့ ကြိုးစားတာတောင် ပြဿနာက ဆက်ရှိနေတယ်။ ပုံစံတွေက မှုန်ဝါးနေပြီး ဆရာ့လှုပ်ရှားမှုတွေက တစ်စိတ်တစ်ပိုင်း တိမ်မြုပ်သွားတယ်။

ဒါက အလယ်ပိုင်း စာမျက်နှာ ဆုတ်ဖြဲခံရတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရတာနဲ့ တူပါတယ်—အရေးကြီးတဲ့ အရာတိုင်းက အမြဲတမ်း လက်လှမ်းမမီတော့ဘူး။

ဟုတ်တယ်  ငါက အလကားပါပဲ။ ဒါပေမယ့် ငါ့ရဲ့ အရည်အချင်း ချို့တဲ့မှုကြောင့်ချည်းပဲတော့ မဟုတ်ဘူး။

လက်နှစ်ဖက်စလုံးနဲ့ တိုက်ခိုက်နေပေမဲ့ မျက်လုံးတွေကိုတော့ နောက်ကျောမှာ ချည်ထားခံရတာကြောင့်ပဲ

"စနစ်၊ ပိတ်”

ကမ္ဘာမြေပေါ်က နှစ်ပေါင်းများစွာ စနစ်အခြေခံ ကျင့်ကြံရေးဝတ္ထုတွေ ဖတ်ရင်း  သိလာတဲ့ အသိနဲ့ မသိစိတ်ကနေ စကားလုံးတွေ အလိုလို ထွက်လာသည်။

စကားပြောပြီးတဲ့အချိန်...

မျက်ကွယ်ပြုလိုက်တော့  မျက်နှာစာ ပျောက်ကွယ်သွားသည်။

"ဒါပဲ လုပ်ရုံလား?"

ဆယ့်ခြောက်နှစ်

ဘဝမှာ မျက်မမြင်တစ်ယောက်လို ဆယ့်ခြောက်နှစ်လောက်ထိ နေခဲ့ရပြီ

ဆယ့်ခြောက်နှစ်တာ  အလကားကောင်ဟု တံဆိပ်ကပ်ခံရခြင်း၊ မထီမဲ့မြင်ပြုခံရခြင်းနဲ့အတူ 

ဆယ့်ခြောက်နှစ်တာလုံးကျရှုံးခဲ့ရတာက..တကယ်တော့ အင်္ဂလိပ်စာလုံးနှစ်လုံးကို မသိတာကြောင့်ပဲ

“ဟားဟား ဟားဟားဟား” 

အဲဒီအခြေအနေကို သုံးသပ်ကြည့်ရင်း  ငါ့ဘာသာ စက္ကန့်အနည်းငယ်လောက်  ဆက်ရယ်နေခဲ့တယ်

“ဟူး”

မှတ်ဉာဏ်သာ ပြန်မရရင် ဒီနာကျင်မှုက ဘဝတစ်လျှောက်လုံး ဆက်လက်ရှိနေမယ်လို့ ထင်ရတာပဲ။  ဒါပေမဲ့ အခု အခြေအနေကို ကြည့်မယ်ဆိုရင်လည်း အဲဒီဘဝက 

တိုတောင်းတာတော့ မဟုတ်ဘူးထင်တယ်။

တကယ်တော့ ဒါက ဆယ့်ခြောက်နှစ်လုံး ဖျက်စီးခဲ့တဲ့ စနစ်ကို အပြစ်တင်နေဖို့ အချိန်မဟုတ်ဘူး။

အကြမ်းဖျဉ်းကတော့ ဆယ့်ခြောက်နှစ်လုံးကို နာကျင်စေခဲ့တဲ့ဒီစနစ်ကပဲ ငါ့ကို ထွက်ပေါက်ရစေမဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေတယ်။

“စနစ်”

ခေါ်လိုက်တာနဲ့ စနစ်မျက်နှာပြင်က ချက်ချင်း ပြန်လည်ပေါ်လာသည်။

မကျေမနပ်ဖြစ်တာကိုမေ့ပြီး  စနစ်မှာ ဘာတွေပါလဲ… ဒီအခြေအနေထဲက ငါ့ကို ဘယ်လိုကူညီနိုင်မလဲဆိုတာ ရှာဖွေရမယ်

“ဒီစနစ်က ဘာလုပ်ပေးနိုင်မလဲ ကြည့်ကြရအောင်”

ပိုင်ကျီဟန်ရဲ့ မျက်လုံးတွေ  ကျဉ်းမြောင်းလာပြီး စနစ်မျက်နှာပြင်ကို စူးစမ်းကြည့်နေ၏။

ဒါက သူ့ရဲ့ အခြေအနေအသေးစိတ်ကို ပြထားတဲ့ (၁၆)နှစ်လုံး ကြည့်နေကျ မျက်နှာပြင်ပဲဖြစ်သည်။

[အိမ်ရှင် အချက်အလက် ]

အိမ်ရှင် : ပိုင်ကျီဟန်

အသက် – ၁၆

ကျင့်ကြံရေး အဆင့် – အခြေခံအုတ်မြစ်အဆင့် ( အစောပိုင်းအဆင့်)

ကျင့်ကြံနည်း– မရှိ

သိုင်းပညာ– မရှိ

သူ့ရဲ့ အာရုံက “ စျေးဆိုင်” လို့ရေးထားတဲ့ ခလုတ်ဆီ ရောက်သွားပြီး ဘေးမှာ “ဆုလာဘ်”လို့ရေးထားတဲ့ အကွက်တစ်ခုလည်း ရှိနေသည်။

တွေဝေမနေဘဲ စျေးဆိုင်အကွက်ကို နှိပ်လိုက်တာနဲ့ စနစ်မျက်နှာပြင်က ချက်ချင်း တောက်ပလင်းလက်နေတဲ့ ရတနာပစ္စည်းတွေပေါ်လာသည်။

ပိုင်ကျီဟန် မျက်လုံးတွေ လင်းလက်သွားပြီး စျေးဆိုင်ကို ဆက်လက်ဖတ်နေချိန်မှာ သူ့နှုတ်က စကားလုံးတွေ ထွက်လာနေ၏

“မသေမျိုးနဂါးဓား… ကောင်းကင်အဆင့်ရတနာ အာကာသကိုပင် ခွဲပစ်နိုင်စွမ်းရှိသည်။”

“ကောင်းကင်ပြန်လည်မွေးဖွားခြင်းဆေး…အဆင့် (၇)ဆေး..သေခြင်းကိုတောင် အနိုင်ရနိုင်ပြီး  နဂိုအခြေအနေကို ပြန်လည်ရယူနိုင်တယ်လို့ ကောလဟာလသတင်းတွေ တောင် ပြောကြတယ်”

“နက္ခတ္တ သုံးဆ တရားကျမ်း… တာအိုအရိုး… မိုးကြိုးနဂါးမင်းရဲ့သွေးမျိုး… တောင်တစ်ခုလုံးလောက်ရှိတဲ့ အင်အားကိုပါ သယ်ယူနိုင်တာလား…?”

ပိုင်ကျီဟန်အနေနဲ့ မကြားဖူးသော အလွန်တန်ဖိုးကြီးပြီး စွမ်းအားထက်သည့် ရတနာပစ္စည်းများကို အစွမ်းကုန် စုံစမ်းကြည့်နေသည်။

သူနေ့စဉ် သောက်နေကျ ဆေးပြုတ်လုံးကနေ သူတောင် မကြားဖူးသေးတဲ့  စွမ်းအားရှင် သွေးပစ္စည်းတွေထိဝယ်ယူနိုင်သည်။

ဒီလောက်ထိ အစွမ်းထက် ရတနာများကို ဝယ်နိုင်မယ်ဆိုရင် သူ့ အနာဂတ်အတွက် ယုံကြည်မှုပြန်ရလာမှာဖြစ်တာကြောင့် စိတ်သက်သာရာရသွားသည်။

ဒါပေမဲ့ အနည်းငယ် ကြီးမားတဲ့ပြဿနာတစ်ခုကတော့ ထိုရတနာများကို ဝယ်ဖို့ အမှတ် လိုအပ်တာပင်

ကျီဟန်က သူ့လက်သီးများကို တင်းတင်းဆုပ်ထားပြီး အသံမာမာနဲ့ ပြောလိုက်သည်။

“အမိုက်စားရတနာတွေ… ဒါပေမဲ့ အမှတ်မရှိရင်တော့ အိပ်မက်တစ်ခုလိုပဲ…”

သူ့မျက်လုံးထဲမှာ အလင်းတစ်စက် တောက်ပလာပြီး အကြောင်းအရာကို ခိုင်မာစွာ ပြောလိုက်သည်။

“စနစ်၊ အမှတ်ဆိုတာဘာလဲ? ဘယ်လိုလုပ် ရမလဲ?”

စနစ်က တုံ့ပြန်မလား စမ်းမေးခဲ့ပေမဲ့ မျှော်လင့်သလို တုံ့ပြန်မှု မရခဲ့ပေ။

“ဒါဆို အင်္ဂလိပ်လို စမ်းကြည့်ရအောင်”

“အဟမ်း..စနစ် အမှတ်ကဘာလဲ။ ဘယ်လိုလုပ်ရင်ရမလဲ”

အင်္ဂလိပ်လို မေးလိုက်တဲ့အခါ စနစ်က စကားမပြောပဲ မျက်နှာပြင်ပေါ်တွင် စာသားများ ပေါ်လာခဲ့သည်။

[ကောင်းကင်စိန်ခေါ်ခြင်းစနစ်]

အမှတ်များကို အကြောင်းအရာ၏ အခြေခံအရည်အသွေးပေါ်မူတည်ပြီး ရနိုင်သည်။

အမှတ် ရနိုင်မည့် နည်းလမ်းများ 

ကံကြမ္မာကို ဆန့်ကျင်ခြင်း – စကားပုံကိုဖျောက်ဖျက်ပြီး  နိယာမကို ပြန်ပြောင်းခြင်း။   အောင်မြင်မှု – လေ့ကျင့်မှု အဆင့်မှီပြီး ရှားပါးသော လုပ်ဆောင်ချက်များ၊ အင်အားကြီးသူများကို စိန်ခေါ်ခြင်း – အင်အားကွာခြားမှု များလေလေ ဆုလာဘ်များလေလေ၊ ကံကြမ္မာခိုးယူခြင်း – ကောင်းကင်က ရွေးချယ်သူများအတွက် သတ်မှတ်ထားသော အခွင့်အလမ်းများကို ဆုပ်ယူခြင်း

ပိုင်ကျီဟန်ရဲ့ နှုတ်ခမ်းနားမှာ အားမာန်အပြည့်နဲ့ပင်

“ဒီရတနာတွေကို ရဖို့ဆိုရင်  ကံကြမ္မာကို ဆန့်ကျင်ပြီး အနိုင်ရဖို့ပဲလိုတာ…”

အမှန်တော့ ငါ့နောက်ခံကို ကြည့်မယ်ဆိုရင် စကားတစ်ခွန်းပြောရုံနဲ့ သေစေနိုင်တဲ့ အဆင့်သုံး လူဆိုး

အဲဒီလို  ကောင်းကင်ကို ဆန့်ကျင်ဖို့ “ကောင်းကင်ကိုစိန်ခေါ်ခြင်း စနစ်” ရှိနေတာက တကယ်ကို လိုက်ဖက်ပေသည်။

နောက်ပြီး သူ့မျက်လုံးတွေက ဆုလာဘ်ဆိုတဲ့ အပိုင်းဆီကို ရွှေ့သွားပြီး ခလုတ်ကို အမြန်ဆုံး ဆုလာဘ်သို့ ပြောင်းလိုက်သည်။

(ဒါက အသစ်အတွက်လက်ဆောင်တစ်ခု၊ ဒါမှမဟုတ် အသုံးဝင်မဲ့ အရာတခုခု ရှိနေလိမ့်မယ်လို့ မျှော်လင့်ရတာပဲ)

အဲဒီအချိန်မှာပဲ မျက်နှာပြင်က တစိုက်မတ်မတ် ပွင့်လာပြီး သူ့ ကျင့်ကြံရေးအောင်မြင်မှုတွေကြောင့် မရယူသေးရသည့် ဆုကြီးများပေါ်လာသည်။

[မရယူရသေးသော ဆုလာဘ်များ]

ချီသန့်စင်ခြင်းအဆင့်အောင်မြင်မှု(ကျင့်ကြံရေးအရှိန် ဆယ်ဆကတ်) ၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အောင်မြင်မှု ( တစ်နာရီ သိုင်းပညာအသိကတ်) ၊ အဓိကအခြေခံအုတ်မြစ်အဆင့် အောင်မြင်မှု ( ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်- ပထမအပိုင်း) ၊ ပိုင်လိန်ကိုအနိုင်ရမှု - အမှတ် ၁၀၀၀

ပိုင်ကျီဟန် နှလုံးကခုန်လာပြီး မရယူရသေးသော ဆုလာဘ်များကိုကြည့်လိုက်သည်။ သူ့နှုတ်ခမ်းက စိတ်လှုပ်ရှားမှုနဲ့ လှုပ်ခါသွားပြီး သူ့မျက်လုံးကတောက်ပနေ၏

သူ့အသံက စိတ်လှုပ်ရှားမှုနဲ့

“ကျင့်ကြံရေးအရှိန် ဆယ်ဆကတ်.. အဲဒါဆိုရင် ငါ ၃ ရက်တာ အတွင်း လေ့ကျင့်မှုကို ဆယ်ဆမြန်အောင် ပြုလုပ်နိုင်မယ်လို့ ဆိုလိုတာပဲ! ဒီတစ်ခါ အဓိက အခြေခံအုတ်မြစ်

အစောပိုင်းကနေ အလယ်အလတ်အထိ တက်နိုင်မယ်ထင်တယ်”

သူ့မျက်လုံးတွေ တောက်ပလာပြီး ဆက်ပြောသွားသည်။

“ဒါတင်မကသေးဘူး သိုင်းပညာအသိကတ်… နည်းစနစ်နဲ့ ပတ်သတ်တာဖြစ်

မယ်ထင်တယ်။ ဒီကို သုံးပြီးရင်  သာမန် နည်းစနစ်တစ်ခုတော့ ရနိုင်မယ်ထင်တယ်…”

ဘယ်လောက်ထိ အကျိုးရှိမလဲ မသေချာပေမဲ့ စနစ်က ဆုအနေနဲ့ပေးတာကြောင့် အကျိုးသက်ရောက်မှုက အတော်ကြီးမှာ သေချာသည်။

ထို့အပြင် မိမိ အနိုင်ရသည့် လူပေါင်းများစွာဆီမှ  မရယူသေးသည့် ဆုများလည်း ရှိနေပြီး အများစုကတော့  အမှတ်များသာပေးထားသည်။

“ငါက သူတို့ကို ဘယ်လိုအနိုင်ရတာလဲ? တရားဝင် တိုက်ပွဲတစ်ခုတောင် မဝင်ဖူးဘူး”

အမှန်တကယ်တော့ ပိုင်ကျီဟန်က ကြောက်တတ်တဲ့လူဖြစ်ပြီး ဒဏ်ရာရနိုင်မယ့် တိုက်ပွဲတွေဆို မတက်ကြွသူပင်။

“ဒါဆို ငါရဲ့ အဆင့်နဲ့ အာဏာကို အသုံးချပြီး အနိုင်ကျင့်ခဲ့တာကို အနိုင်ရတယ် ပြောတာလား? စနစ်ကလည်း အဲဒါကို အနိုင်ရတာလို့ သတ်မှတ်လိုက်တာလား?”

စာရင်းထဲက သူ့ကို  အမှတ်ပေးထားသည့် လူတွေကို စုံစမ်းကြည့်ရာ အများစုက အာဏာကို အသုံးပြုပြီး ပိတ်ဆို့၊ ညှဉ်းဆဲခဲ့သူများ ဖြစ်နေသည်ကို တွေ့ရသည်။

သူတို့အင်အားက သူ့ထက်သာလွန်ပေမဲ့ အမွေဆက်ခံသူနဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့သားဖြစ်တာကြောင့် မယှဉ်ရဲကြတာပင်

“ဒီလိုလုပ်တာနဲ့လည်း အကျိုးတစ်ခုကတော့ ရခဲ့တာပဲ”

ပိုင်ကျီဟန်က အဆင့်သုံးလူဆိုးအမူအရာ ဆိုပေမဲ့ မမျှော်လင့်ထားဘဲ အကျိုးတစ်စုံရစေခဲ့တာကို သတိပေးသလိုဖြစ်နေသည်။

သူက အဲဒီလူတွေကို ညှဉ်းဆဲခဲ့သလောက် စနစ်က ပေးထားတဲ့  အမှတ်အရေအတွက်

လည်း အတော်များမယ် ထင်သည်။

ထို့အပြင် အဓိက အခြေခံအုတ်မြစ်အဆင့်ကို  တက်ရောက်မှုအနေနဲ့ ဆုလည်း ရှိနေသည်။

“ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်…?”

သူ့မျက်ခုံးကို တင်းတင်းကျုံ့ထားသည်။

“ဒီလို လေ့ကျင့်နည်းတစ်ခုကို မကြားဖူးဘူး။ ကမ္ဘာဦးဖရိုဖရဲဆိုတာ… အရာအားလုံးရဲ့ မူလအခြေခံမလား?”

နည်းစနစ်အကြောင်း မကြားဖူးပေမဲ့ အမည်ကို ကြည့်ရင် တော်တော်အဆင့်မြင့်ပြီး အာဏာကြီးမယ်လို့ ခန့်မှန်းရသည်။

အရေးကြီးဆုံးကတော့  ကမ္ဘာဦး သို့မဟုတ် အစပြုအချိန်နဲ့ ပတ်သတ်တာဆိုရင် အလွန်စွမ်းအားကောင်းနိုင်သည်။  အကြောင်းကတော့ စကြဝဠာမတည်ရှိမီက အရာတွေဖြစ်တာကြောင့်ပင်။

ဒါပေမဲ့  စိတ်ကူးယဉ်နာမည်လေးပေးထားတဲ့ နည်းစနစ်တစ်ခုသာ ဖြစ်နေနိုင်သလို စွမ်းအားမရှိတာလည်း ဖြစ်နိုင်သည်။

“စနစ်! ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ဆိုတာ ဘာလဲ?”

All Chapters