← Chapters

ကောင်းကင်ဓားဂိုဏ်းတပည့်

Vol. 1 Ch. 7

ကောင်းကင်ဓားဂိုဏ်းတပည့်

Vol. 1 Ch. 7

ပိုင်ရွှယ်ချင်းက ပါးစပ်မဟခင် ပိုင်ကျီဟန်ကို ခဏလောက် စောင့်ကြည့်နေ၏

သူမအား ထိုကဲ့သို့ ပြောဆိုဝံ့သည်မှာ အမှန်ပင် အံ့အားသင့်စရာဖြစ်သော်လည်း ၎င်းသည် သူမအား အာရုံပြောင်းစေသည့် လှည့်စားမှုတစ်ခုသာဖြစ်သည်ဟု သူမထင်ခဲ့မိသည်။

"ပိုင်ကျီဟန် မင်းဘာလုပ်ခဲ့လဲ သိလား"

ပိုင်ရွှယ်ချင်းက မေးသည်။

"ဘာလုပ်ခဲ့တာလဲ?"

ပိုင်ရွှယ်ချင်းက ဘာကြောင့် ဒီလိုမေးရတာလဲ၊ ဘာကြောင့် သူမက နည်းနည်း ဒေါသထွက်နေပုံရသလဲဆိုတာကို စူးစမ်းဖို့ ကြိုးစားရင်း  ပိုင်ကျီဟန်က ထပ်ခါထပ်ခါ ပြောလိုက်သည်။

(ငါတစ်ခုခုလုပ်ခဲ့မိလို့လား)

သူမကို စိတ်ဆိုးစေနိုင်တဲ့ သူလုပ်ခဲ့တဲ့အရာတွေအားလုံးကို တွေးကြည့်ရင်တော့ စာရင်းက အဆုံးမရှိပင်။

ကံအကြောင်းမလှစွာနဲ့ အသက်ကြီးသူတချို့ကို ရိုက်နှက်တာမျိုး၊  ကျင့်ကြံနေစဉ်အတွင်း အခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး စသဖြင့်  စာရင်းက အကန့်အသတ်မရှိဖြစ်နေသည်။

တစ်ခုတည်းသော ကောင်းမွန်သည့်မှာ ပိုင်ကျီဟန်သည် မည်သူ့ကိုမျှမသတ်ခဲ့ပေ။

မဟုတ်ပါက ကျင့်ကြံသူဖြစ်မည့်အစား သူသည် နတ်ဆိုးကျင့်ကြံသူဖြစ်လာနိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန်၏ အမေးအဖြေကြောင့် ပိုင်ရွှယ်ချင်းက စိတ်တိုသွားပြီး သူမ မအော်ဘဲ မနေနိုင်ပေ

"ပိုင်ကျီဟန်၊ နင့် တော်တော်သတ္တိရှိတယ်ပေါ့ ငါ့ဂိုဏ်းထဲက စီနီယာ ညီအစ်မတွေကို ဘာလို့ကျီစားပြီး ငါ့ရဲ့အကြီးအကဲတွေကိုတောင် တိုက်ခိုက်ဝံ့တာလဲ။ နင် အဲ့ဒါကို ရှောင်နိုင်မယ်ထင်လား"

ပိုင်ရွှယ်ချင်းက ဒေါသတကြီး ပြောလေ၏

(အော်..အဲဒီ အကြောင်းကိုပြောတာလား)

ပိုင်ကျီဟန်က ပိုင်ရွှယ်ချင်း ရည်ညွှန်းတာကို ချက်ချင်း သဘောပေါက်သွားသည်။

သူမ၏ စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ပြီးနောက် သူမသည် ပိုင်မျိုးနွယ်စုနှင့် ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲများ၊ တပည့်များနှင့်အတူ  ပိုင်မျိုးနွယ်စုသို့ ပြန်လာခဲ့သည်။

ကောင်းကင်ဓားဂိုဏ်း၏  အကြီးအကဲများ ထွက်ခွာသွားကြသော်လည်း တပည့်များသည် ပိုင်ရွှယ်ချင်းနှင့်အတူ ဂိုဏ်းသို့ပြန်ဖို့ ကြံရွယ်နေကြဆဲဖြစ်သည်။

သူတို့သည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်များဖြစ်ကြပြီး  ပိုင်ရွှယ်ချင်းကို ကူညီပေးခဲ့ကြသောကြောင့် ၎င်းတို့သည် ကောင်းစွာဆက်ဆံခံရသည်။  သူတို့ကို မည်သူမျှ မနှိပ်စက်ဝံ့ပေ။

ဘယ်သူမှ ဘာမှ မလုပ်ရဲပေ

ပိုင်ကျီဟန်နဲ့ မတွေ့ဆုံဖို့ သူတို့ကို ဘယ်သူကပြောရဲမလဲ

ကောင်းကင်ဓားဂိုဏ်း၏ တပည့်အချို့သည် ပိုင်မျိုးနွယ်တွင် တည်းခိုနေကြောင်း ပိုင်ကျီဟန် ကောင်းကောင်းသိသည်။

သူသည် ကောင်းကင်ဓားဂိုဏ်းမှ သူတွေကို အမှန်တကယ် မုန်းတီးသည်။

ကောင်းကင်ဓားဂိုဏ်းမှ ပါရမီရှင်များကိုသာ အရေးပေးထားသောကြောင့် ခွဲခြားဆက်ဆံခံရသလို အမြဲခံစားခဲ့ရသည်။

အဲဒါအတွက် သူမုန်းတာပင်။

ပိုင်မျိုးနွယ်စုအစေခံတွေက သူတို့ ဘယ်လောက် လိမ္မာပါးနပ်တယ်ဟု ချီးမွမ်းတာကို ကြားတော့ သူ့ကို ပိုစိတ်ဆိုးသွားစေသည်။

ဒါကြောင့် သူအမြဲ လုပ်နေကျအတိုင်း လုပ်ခဲ့တာပင်။

ဘော့စ်အစစ်က ဘယ်သူလဲဆိုတာ သူတို့ကို ပြရမည်။

ပိုင်ကျီဟန်က ပြုံးပြီး ဟိုးအရင်က အဖြစ်အပျက်တွေကို ပြန်သတိရလာသည်။

ကောင်းကင်ဓားဂိုဏ်းမှ တပည့်များသည် ပိုင်မျိုးနွယ်စု ခြံဝင်းအတွင်း အဆင့်မြင့်မြင့်နဲ့ တန်ခိုးကြီးသလို လျှောက်သွားနေသည်ကို သူမြင်ရသည်။

အမျိုးသားတပည့်တွေက ဒေါင်းတွေလို ဂုဏ်ယူမှုနဲ့ လမ်းလျှောက်ကြပြီး

အမျိုးသမီးတပည့်တွေကတော့ အလွန်ခန့်ညားတဲ့ အဆင့်မြင့်ပုံစံနဲ့ လှုပ်ရှားကြသည်။

အထူးသဖြင့်  ပိုင်မျိုးနွယ်စု အစေခံတွေက သူတို့အပေါ် ဖားနေတာကြောင့် သူတို့တွေရဲ့မြင်ကွင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

"သခင်ရှန်က အရမ်းကြော့ရှင်းတယ်။ တကယ့်ကို ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ဆိုတဲ့အတိုင်းပဲ”

"သခင်မလေးယွမ်က အရမ်းတော်တာပဲ၊ သူမရဲ့ ဓားပညာက ပြိုင်ဘက်ကင်းပဲ”

"ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေက တကယ့်ကို ထူးထူးခြားခြားပါပဲ။"

ပိုင်ကျီဟန်က သူ့သွားတွေကို ကိုက်လိုက်သည်။

(ထူးထူးခြားခြားက ငါ့ဖင်လား)

သူတို တစ်ဦးချင်းအပေါ် အထူးတည်း အငြိုးအတေးမရှိသော်လည်း 'ဂုဏ်သိက္ခာရှိသောဂိုဏ်း'မှ ဖြစ်သောကြောင့် လူအများက သူတို့ကို ချီးကျူးတာမျိုးတော့ လက်မခံနိုင်ပေ။

သူသည် မိုက်မဲသူမဟုတ်ပေ၊ သူသည် ပါရမီရှင်တစ်ဦးဖြစ်ရန် ဝေးကွာနေမှန်း သိသည်။  သို့သော် မာနကြီးသော ဤတပည့်များသည် အာရုံအားလုံးကို ခံယူထိုက်သည်ဟု မဆိုလိုပေ။

ဒါကြောင့် သဘာဝအတိုင်း တစ်ခုခုတော့ လုပ်ရမည်။

ထို့ကြောင့် ဥယျာဉ်အနီးတွင် ကောင်းကင်ဓားဂိုဏ်း၏  စီနီယာညီအစ်မနှစ်ယောက် အချင်းချင်း စကားစမြည်ပြောနေသည်ကို ပိုင်ကျီဟန် တွေ့လိုက်သောအခါတွင် သူ့အခွင့်အရေးရောက်လာပြီဟု သိလိုက်ရသည်။

သူသည် ကောင်းကင်ဓားဂိုဏ်း၏ လူသိများသော အလှတရားများဖြစ်သည့် ယန်နဲ့ဖေး ညီအစ်မတို့ကို သိသည်။

ရိုင်းစိုင်းသော အပြုံးဖြင့်  ပိုင်ကျီဟန်သည် သူတို့ရှေ့မှ လှမ်းလာပြီး သူတို့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"အင်း အလှလေးနှစ်ယောက် အံ့သြစရာကောင်းလိုက်တာ။ မင်းတို့ လမ်းပျောက်သွားလို့လား"

ပိုင်ကျီဟန်က ပြောသာပြောလိုက်ပေမဲ့ အမှန်တော့ သူသည် သူတို့၏ မျက်နှာများကို အမှန်တကယ် မမြင်နိုင်သောကြောင့် လှလား မလှလား သူသတိမပြုမိပေ။

သူ့ရုတ်တရက် အသွင်အပြင်က ညီအစ်မနှစ်ယောက်ကို ထိတ်လန့်စေသည်။

"စိတ်မပူပါနဲ့ ငါ မင်းတို့ကို လိုက်ပို့ရတာ ပိုပျော်ပါတယ်"

သူ့အသံသည် လှောင်ပြောင်မှုဖြင့် ပြည့်နေသည်။

အမျိုးသမီး နှစ်ယောက်က မျက်မှောင်ကြုတ်လိုက်တာ အသိအသာပင် 

ပိုဆိုးတာက သူဘယ်သူလဲဆိုတာ အတိအကျသိတာကြောင့် သူတို့အမူအရာတွေက အထင်အမြင်သေးနေ၏

ပိုင်ရွှယ်ချင်း၏

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မောက်မာမှုအကြောင်း သူတို့မသိဘဲမနေပေ။

"ငါတို့ မင်းရဲ့အကူအညီကို မလိုအပ်ဘူး" ယွင်ချင်းမိန်က အေးစက်စွာပြောသည်။

"ကျေးဇူးပြုပြီး ဖယ်ပေးပါ”

ဒါပေမယ့် ပိုင်ကျီဟန်က သူတို့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ပေ။

"အိုး? ဒါပေမယ့် တစ်ယောက်တည်း လျှောက်လည်တာက အန္တရာယ် မများဘူးလား။ ဘယ်လို လူယုတ်မာတွေ ကြုံရနိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။"

သူ့လေသံ တမင်တကာ  ရယ်မောသလိုပင်။

ဖေးလင်းသည် မျက်မှောင်ကြုတ်လိုက်သည်

"တစ်ခုခုကို ပြောချင်နေတာလား သခင်လေးပိုင်”

"မဟုတ်ပါဘူး၊  ကျွန်တော်က ဧည့်သည်တွေအတွက် စိတ်ပူလို့ပါ”

ပိုင်ကျီဟန်က ပြုံးလိုက်သည်။

"ကောင်းကင်ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ တပည့်တွေက ငါတို့ ပိုင်မျိုးနွယ်စုကို ဒီလိုမျိုးလာလည်တာ မြင်ရတာ ရှားပါတယ်... မသိရင်၊ဂိုဏ်းက ငါတို့ ပိုင်မျိုးနွယ်ကို ဖြားယောင်းသွေးဆောင်ဖို့ သူတို့ရဲ့ အလှလေးတွေကို စေလွှတ်လိုက်တယ်လို့ ထင်မိသွားတယ်”

ယွင်ချင်းမိန်၏ အမူအရာ မဲမှောင်သွားသည်။

"နင်- နင့်ပါးစပ်ကိုပိတ်ထား။"

ဖေးလင်း၏ မျက်နှာမှာလည်း အေးစက်သွားသည်။

"ငါတို့ ဒီမှာ ပျင်းစရာကောင်းတဲ့ စကားတွေ ပြောနေတာ မဟုတ်ဘူး။ မိုက်ရိုင်းတဲ့ စကားတွေ ဆက်ပြောနေလို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိရင် ငါတို့ကို အပြစ်မတင်နဲ့။"

ပိုင်ကျီဟန်က နာကျင်ဟန်ဆောင်လေ၏

"ဟင်းး၊ မင်းတို့ ငါ့ကို ဒဏ်ရာပေးတယ်။ မင်းတို့ရဲ့တည်ရှိမှုကို ငါတန်ဖိုးထားပါတယ်၊ ဒါတောင် မင်းတို့ ငါ့ကို အရမ်းအေးစက်စွာ ဆက်ဆံတာလား၊ အမှန်တော့ ကောင်းကင်ဓားဂိုဏ်းရဲ့ မောက်မာတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါတယ်”

အမျိုးသမီးနှစ်ဦး၏ စိတ်ရှည်သည်းခံမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့ကို လှောင်ပြောင်ခြင်းနှင့် အခြားသူတို့၏ ဂိုဏ်းကို စော်ကားခြင်းမှာလည်း တစ်ချက်ဖြစ်သည်။

ဒါပေမယ့် ပိုင်ကျီဟန်နဲ့ ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ဖို့ သူတို့ဟာ တကယ်ကို စွမ်းအားမရှိခဲ့ပေ။

သူတို့က သူ့ကို ဒုက္ခမပေးနိုင်ပေ။ မဟုတ်ရင် ပိုင်မျိုးနွယ်စုက ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာ မပြောနိုင်ပေ။

ဖေးနဲ့ယွင်တို့သည် ဤပြဿနာအတွက် အဖြေမရှိဟု ထင်ရသောအခါတွင် အသံတစ်ခုက ဖြတ်ဝင်လာသည်။

"ဒီမှာ ဘာဖြစ်နေတာလဲ?"

ပိုင်ကျီဟန် လှည့်ကြည့်လိုက်တော့ ကောင်းကင်ဓားဂိုဏ်းမှ တပည့်ယောက်ျားလေးတစ်စု ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှာတော့  သန်မာသည့် အမာခံတပည့်  ရှန်လျန့်မှလွဲ၍ အခြားမဟုတ်ပေ။

ရှန်လျန့်၏ မျက်လုံးများတွင် သဘောမကျမှုကို ဖုံးကွယ်မထားပေ။

"မင်း ငါ့ညီမတွေကို နှောင့်ယှက်ရမ်းကားနေတာလား။"

ရှန်လျန့်က မေးခွန်းထုတ်ချေသည်။

"ရမ်းကားတာလား?"

ပိုင်ကျီဟန်က မျက်ခုံးပင့်လိုက်သည်။

"ကြမ်းတမ်းလိုက်တဲ့စကားပဲ! ငါက ဖော်ရွေတဲ့ စကားတွေပြောနေတာပါ။ တန်ခိုးကြီးတဲ့ ကောင်းကင်ဓားဂိုဏ်းက သူတို့ရဲ့ တပည့်တွေနဲ့ လူတွေကို စကားပြောဖို့ တားမြစ်ထားတာလား"

"အဓိပ္ပါယ်မရှိတာတွေ ပြောတာ တော်တော့”

ရှန်လျန့်၏ အမူအရာက မဲမှောင်သွားသည်။

"ညီအမတွေ သူက ဘယ်သူလဲ၊ သူက မင်းတို့ကို နှောင့်ယှက်တာလား"

လေထုသည် တခဏအတွင်း တင်းမာလာသည်။

ရှန်လျန့်၏ နောက်ကွယ်မှ တပည့်များသည် ဓားများကို ကိုင်ထားပြီး အနီးနားရှိ ပိုင်မျိုးနွယ်စုအစောင့်များကလည်း စိတ်မသက်မသာ ဖြစ်နေကြသည်။

အကယ်၍ ဤနေရာ၌ တိုက်ပွဲတစ်ခုဖြစ်ပွါးပါက ၎င်းသည် ပုဂ္ဂိုလ်ရေးအရငြိုးထားရုံမျှမကဘဲ  ပိုင်မျိုးနွယ်စုနဲ့ ကောင်းကင်ဓားသိုင်းအကြား ပဋိပက္ခအဖြစ်သို့ ကြီးထွားသွားနိုင်သည်။

All Chapters