← Chapters

ပိုင်ရွှယ်ချင်း

Vol. 1 Ch. 6

ပိုင်ရွှယ်ချင်း

Vol. 1 Ch. 6

ပိုင်ကျီဟန်သည် အ၀တ်အစားကို ချွတ်လိုက်ပြီး  ရေဇလုံထဲသို့ ဝင်လာကာ အညစ်အကြေးများကို သန့်စင်လေသည်။

"ဟူး…"

သူက ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး ရေကန်ထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားလိုက်သည်။

သူကြွက်သားတင်းမာမှုများ ပြေပျောက်သွားပြီး ရေထဲမှ ဝိညာဉ်စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်က စုပ်ယူကာ သူ၏ စွမ်းအင်လမ်းကြောင်းကို ပိုမိုသန့်စင်စေသည်။

အချိန်အတော်ကြာအောင် ပထမဆုံးအကြိမ်အဖြစ်  ပိုင်ကျီဟန်က သူ့ဘာသာ အနားယူခွင့်ပြုလိုက်သည် ။

မိနစ်သုံးဆယ်လောက်ကြာတော့ ရေချိုးပြီးအပြင်ထွက်ဖို့ပြင်လေသည်။

ပိုင်ကျီဟန်သည် ရေစက်လက်နဲ့ မတ်တပ်ထရပ်လိုက်ပြီး အနီးနားက မျက်နှာသုတ်ပုဝါကို လှမ်းယူလိုက်သည်။

လောင်ချင်းက သူ့အတွက် ထားခဲ့သော ၀တ်စုံကို မဝတ်မှီ သူ့ဘာသာခြောက်အောင် လုပ်လိုက်သည်။

အထည်သည် ချောမွေ့ပြီး သက်တောင့်သက်သာရှိကာ ငွေရောင်ဖျော့ဖျော့တွင် အနက်ရောင် အရိပ်တစ်ခုရှိနေသည်။

အဝတ်အစားဝတ်ပြီးသည်နှင့် ရေချိုးခန်း၏နံဘေးတွင် တပ်ဆင်ထားသော ကြေးမှန်တစ်ခုဆီသို့ လျှောက်သွားသည်။

သူ့ကိုယ်သူ ပထမဆုံးမြင်ဖူးတာပင်။

သူသည် ရှေ့မှရပ်ရင်း အေးခဲသွားသည်။

မျက်နှာတစ်ခု၊ အပြစ်ကင်းစင်သော အသားအရည်၊ စူးရှသော မျက်လုံးများနှင့် မောက်မာသော အမူအရာများ

ရည်ရွယ်ချက်တစ်ခုအတွက် ဒီဇိုင်းထုတ်ထားသော မျက်နှာတစ်ခု- ဇာတ်လမ်းမစမီ ဇာတ်ကောင် ချေမှုန်းတာခံရန်။

ချောပါတယ် ။ဒါပေမဲ့  ရက်စက်ကြမ်းကြုတ်သော  'သခင်လေး’

'တစ်ဆင့်တက် အသုံးချခံ ကျောက်တုံး’လို့ ထက်မြက်ပြီး ဆိုးသွမ်းတဲ့ ရုပ်ရည်နဲ့ အသွင်အပြင်ရှိသည်။

သူ၏ အနက်ရောင်ဆံပင်များသည် အနည်းငယ်စိုစွတ်နေပြီး နဖူးတွင် ကြိုးများလို ကျနေကာ သူ၏အသွင်အပြင်မှာ နီရဲနေသော မျက်လုံးများဖြင့် ပို၍ပင် ထင်ရှားနေသည်။

သူအနီးကပ်ကြည့်လိုက်သည်နှင့်အမျှ  သူ့မျက်လုံးများ ကျဉ်းမြောင်းလာသည်။

(တကယ်လား ၊ ကမ္ဘာကြီးက ငါ့ကို ဒီမျက်နှာပေးခဲ့တာလား)

ဇာတ်ကောင်အနိုင်ယူရမည့် ပြီးပြည့်စုံသော သခင်လေးကို ကမ္ဘာက အထူးဂရုတစိုက် ပုံဖော်နေသကဲ့သို့ပင်။

 ပိုင်ကျီဟန်က ခါးသီးစွာ ရယ်မောလိုက်သည်။

တကယ်တော့

သူဒီလိုပုံပေါက်နေ၏

ဒါတွေအားလုံးက အဓိပ္ပာယ်ရှိပေသည်။

သူ့တွင် လွှမ်းမိုးနိုင်သော နာမည်သာ မရှိသော်ငြားလည်း ခန့်ညားသော ရုပ်ရည်ရှိ၏

ဆက်လက်လေ့လာရင်း သူ့လက်ချောင်းတွေက သူ့မေးရိုးကို ပွတ်လိုက်သည် ။

သက်ပြင်းချလိုက်ပြီး မှန်ရှေ့မှ ပြန်ထွက်လာသည်။

(အနည်းဆုံးတော့ ငါက ရုပ်ချောတယ်)

သို့တိုင် အခြားသူများဆီမှာ သူဘယ်လိုထင်ရှားလာပုံကို သိလိုက်ရတော့ အရာများစွာကို ရှုမြင်သုံးသပ်ရန် ကူညီပေးခဲ့သည်။

အကယ်၍ ဤကမ္ဘာသည်  ကျင့်ကြံရေးဝတ္ထု၏ ဇာတ်ညွှန်းကို အမှန်တကယ် လိုက်နာခဲ့မည်ဆိုလျှင်…

သူ၏ အခန်းကဏ္ဍကို အမြန်ပြောင်းလဲရန် လိုအပ်သည်။

ချက်ချင်းပဲ သူထွက်သွားပြီး လောင်ချင်းကို ခေါ်လိုက်သည်။

"လောင်ချင်း မင်းအဲဒီမှာလား။"

သူ နောက်ဆုံးစားခဲ့တာ ရက်အတော်ကြာနေတော့ လောင်ချင်းကို သူ့အတွက် နေ့လည်စာ ပြင်ဆင်ပေးဖို့ တောင်းဆိုချင်သည်။

သာမာန်အားဖြင့် သူသည် ဗိုက်ဖြည့်ခြင်းနှင့်ပတ်သက်၍ သိပ်ဂရုမစိုက်ပေမဲ့  ကျင့်ကြံသူတစ်ဦးသည် အစာမစားဘဲ ရက်သတ္တပတ်များစွာနေနိုင်ကာ ဆေးပြားများနဲ့ဆို လုံးဝစားရန်ပင် မလိုအပ်ပေ။

သို့သော် ကမ္ဘာမြေကြီး၏ အလေ့အထများကို သူမည်သို့ အလွယ်တကူ မေ့နိုင်မည်နည်း။

ဘဝမှာ သူတကယ်ခံစားခဲ့ရတဲ့ အရာအနည်းငယ်ထဲမှ တစ်ခုသည် အစားအသောက်ပင်

အသက်ရှင်ဖို့ သက်သက်စားတာထက် စားဖို့ပဲ အသက်ရှင်သည်။

သူ့အရင်ဘဝတွင် အထူးတလည်ချမ်းသာတာမျိုးမရှိတာကြောင့် သာမန်အစားအစာများကိုသာ စားဖူးသော်လည်း ဤနေရာတွင် မတူညီသော  ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်။  အထူးသဖြင့် အစားအစာနှင့်ပတ်သက်လာသောအခါတွင် သူလိုချင်သမျှကို ရနိုင်သည်။

"လောင်ချင်း”

ပိုင်ကျီဟန်က ထပ်ခေါ်လေသည်။

သူမ ချက်ချင်းပေါ်မလာတာက ထူးဆန်းသည်။ သူမှတ်မိသလောက် လောင်ချင်းက ဒီလိုအမှားမျိုး လုပ်ခဲသည်။

ဘာဖြစ်သွားတာလဲဟု တွေးနေရင်းနဲ့ နောက်ဆုံးမှာ လောင်ချင်းပေါ်လာသည်။

ဒါပေမယ့် သူ့ကို အံ့အားသင့်စေခဲ့တာကတော့ သူမရဲ့ အသွင်အပြင်မဟုတ်ပဲ၊ သူမနဲ့ အတူပါလာတဲ့သူပင်။

"ပိုင်ကျီဟန် နင်ကဒီမှာပေါ့”

အမိန့်ပေးပြီး မာနကြီးတဲ့လေသံ။

ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာကြီးတစ်ခုလုံးတွင် ပိုင်ကျီဟန်ကို ထိုကဲ့သို့ပြောနိုင်သူမှာ ၎င်း၏တစ်ဦးတည်းသောအစ်မ ပိုင်ရွှယ်ချင်းသာ ရှိသည်။

ပိုင်မျိုးနွယ်စု၏ ပထမဆုံးသော ပါရမီရှင်၊ မျိုးဆက်သစ်လူငယ်များ၏ ဂုဏ်ယူစရာနှင့် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာကြီးတစ်ခုလုံးတွင် အတောက်ပဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

ပိုင်ကျီဟန်အဖို့ သူမမျက်နှာကို ကောင်းကောင်းမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။

ရှည်လျားပြီး စီးဆင်းနေသော ငွေရောင်ဆံပင်များသည် လရောင်အလင်းရဲ့ချည်မျှင်လိုပင် နှင်းခဲပုံစံများနဲ့ နက်မှောင်နေပြီး ကြော့ရှင်းသော သူမ၀တ်ရုံများပေါ် ကျနေသည်။

သူမ၏အေးစက်နေသော အပြာရောင်မျက်လုံးများသည် ဆောင်းရာသီမှ အေးခဲနေသောရေကန်တစ်ခုကဲ့သို့  ငြိမ်သက်နေသော်လည်း အရာအားလုံးကို မြင်နေရသည့် စူးရှမှုကို သယ်ဆောင်ထားသည်။

သူမ၏ ခန္ဓာကိုယ်သည် အားကောင်းပြီး သူမ၏ ပြင်းထန်သော ကျင့်ကြံမှုကို သက်သေပြခဲ့သည်။

လောင်ချင်း၏ နူးညံ့သိမ်မွေ့သောအလှနှင့်မတူတာက  ပိုင်ရွှယ်ချင်းသည် သိုင်းနတ်ဘုရားမ၏ သန့်စင်သောကျေးဇူးတော်ကို သယ်ဆောင်လာပြီး မတုန်လှုပ်သည့်အပြင် ယုံကြည်ချက်ပါ ရှိသည်။

သူမသည် အင်ပါယာရှိ မရေမတွက်နိုင်သော လူများ၏ အထင်ကြီးလေးစားမှု အထွတ်အထိပ်တွင် ရှိနေသူတစ်ဦးဖြစ်သည်။

ယခုဆိုလျှင် သူမသည် စိတ်မရှည်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း တို့နဲ့အတူ  ပိုင်ကျီဟန်ကို တိုက်ရိုက်ကြည့်နေသည်။

ဒါက သဘာဝပင်

အဘယ်ကြောင့်ဆိုသော် ပိုင်မျိုးနွယ်စု၏အမြင်တွင်  ပိုင်ရွှယ်ချင်းသည် ကြီးမြတ်မှုအတွက် ရည်မှန်းထားသော နဂါးဖြစ်သည်။

ပြီးတော့ ပိုင်ကျီဟန်

သူသည် သူမ၏  အရိပ်ထဲတွင်သာ ပုန်းအောင်းနိုင်သည့် အမြဲတမ်း ရှက်စရာကောင်းသည့်  မောင်လေး ဖြစ်ခဲ့သည်။

သူမ လက်နှစ်ဖက်ကို ခေါက်လိုက်သည်နှင့် ပိုင်ကျီဟန်၏ မျက်ခုံးများ အနည်းငယ် မှုန်ကုပ်သွားသည်။

သူမပေးသမျှသင်ခန်းစာကြောင့် ရုန်းမထွက်နိုင်ဖြစ်နေမည် ၊ တုန်လှုပ်နေမည် ဒါမှမဟုတ်သူ့လမ်းကြောင်းရှာဖို့ လိမ်ညာရန် ကြိုးစားနေမည်ဟု သူမ မျှော်လင့်ထားသည်။

ဒါပေမယ့် အဲ့ဒီအစား သူက အဲဒီနေရာမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့  ရပ်နေသည်။

သူမ မျက်လုံးများ ကျဉ်းသွားသည် ။

"ပိုင်ကျီဟန် မင်း ဘာလုပ်နေတာလဲ"

ထုံးစံအတိုင်း အခွင့်အာဏာကို ကိုင်ဆောင်ထားသော သူမ၏ အသံဖြင့် မေးသည်။

ပိုင်ကျီဟန်က မျက်တောင်ခတ်လိုက်သည်။

(ဒါက ဘယ်လိုလူမိုက်မေးခွန်းလဲ။)

သူက လက်နှစ်ဖက်ကို ဆန့်တန်းပြီး "ရေချိုးနေတာလေ။ ဒါက  ဘယ်လိုပုံစံမလို့လဲ"ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလေသည်။

တိတ်ဆိတ်နေ၏

လောင်ချင်း၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။

ပိုင်ရွှယ်ချင်း၏အမူအရာသည် ခဏတာတောင့်တင်းသွားပြီး ထိုကဲ့သို့ တိုက်ရိုက်

တုံ့ပြန်မှုကို သူမ မမျှော်လင့်ထားသလိုပင်။

သာမာန်အားဖြင့် ပိုင်ကျီဟန်သည် အခုလို ဘာမှမဟုတ်သလို စကားပြောဖို့နေနေသာသာ၊ သူမကို  ရဲရဲပင် မကြည့်ဝံ့ပေ။

သူမက သူ့ရှေ့မှာ ညံ့ဖျင်းပြီး ကြောက်ရွံ့နေတတ်သည့် ပိုင်ကျီဟန်ကို အမြဲတမ်းမြင်နေကျဖြစ်လို့ ဒီသဘောထားအသစ်ကိုမြင်တော့ ကြောက်ရွံ့သွားသည်။

တုန်လှုပ်ချောက်ချားလုနီးပါးဖြစ်ခဲ့သည်။

ပိုင်ရွှယ်ချင်းနောက်ကွယ်မှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတဲ့  လောင်ချင်းသည် မောင်နှမနှစ်ယောက်ကြားကို အံ့အားသင့်နေတဲ့ အမူအရာနဲ့ ကြည့်နေ၏

(ဒါ... ပုံမှန်တော့ မဟုတ်ဘူး။  သခင်လေး ပိုင်ကျီဟန်က သခင်မလေး ပိုင်ရွှယ်ချင်းကို ဒီလိုမျိုး ဘယ်တော့မှ ပြန်မပြောဘူး။)

အရင်တုန်းကတော့ ပိုင်ကျီဟန်သည် သူ့အောက်က သူတွေအပေါ် အမြဲတမ်း ရိုင်းစိုင်းပေမယ့် သူ့အစ်မရောက်လာရင် လုံးဝပြောင်းလဲသွားသည်။

သူသည် သူမအား တစ်ကြိမ်မျှ ပြန်မပြောပေ။

ယခု သူသည် တုံ့ဆိုင်းခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုခဲ့သည်။

ပိုင်ရွှယ်ချက်း၏စူးစူးရှရှ အကြည့်တွေက သူ့ကို သေသေချာချာ လေ့လာနေသည်။

သူ့က  တစ်ခုခုတော့ ပြောင်းလဲနေသည်၊

ပိုင်ကျီဟန်ကို သူမ သိနေသမျှ ကာလပတ်လုံး သူ့မျက်လုံးတွေမှာ စိတ်ပျက်အားငယ်မှု၊ ကိုယ့်ကိုယ်ကိုယ် ရွံရှာမှု ဒါမှမဟုတ် အတုအယောင် ရဲရင့်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။

ယခုမူကား အခြားအရာတစ်ခုရှိခဲ့သည်။

အသစ်အဆန်းတစ်ခုခု။

သူက သူမကို တည့်တည့်ကြည့်နေသည်။

ရှောင်ရှားမှုမရှိ။ ယိမ်းယိုင်မှုမရှိ

All Chapters