နတ်ဘုရား အရသာ
Vol. 2 Ch. 16
“ အဟွတ် ဘာလဲဟ”
ပေါ့ပေါ့ပါးပါးစားနေသည့် ပိုင်ကျီဟန်အဖို့ အစာနင်လုနီးပါးပင်
ပိုင်မျိုးနွယ်စု၏ စားဖိုမှူးခေါင်းဆောင် ချန်ကွမ်းလိုပဲ အခန်းတစ်ခုလုံးအေးစက်သွားပြီး ရုတ်တရက် သူက ဒူးထောက်ကာ နဖူးနဲ့ကြမ်းပြင် ထိလုနီးပါး ဖြစ်သွားသည်။
သူ့အသံက တုန်တုန်ယင်ယင်ဖြစ်နေမဲ့ ထမင်းစားခန်းထဲမှာ ပဲ့တင်ထပ်လောက်အောင် ကျယ်လောင်နေ၏
"သခင်လေး၊ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးပါ”
"ကျွန်တော် ဒါကို ပြင်နိုင်ပါတယ်။ အချိန်နည်းနည်းလောက်ပဲ ပေးပါ”
အစေခံတွေ၏ မျက်နှာတွေသည် ဖြူဖျော့ကုန်လေ၏
ပိုင်ကျီဟန်သည် မျက်တောတစ်ချက်ခတ်လိုက်ပြီး သူ့တူတွေက လေထဲမှာ ရပ်သွားချေသည်။
(အခု ဘာတွေ ဖြစ်နေတာလဲ။)
ချန်ကွမ်းအနေနဲ့ သူ့အသက်က ထိုအပေါ်ကို မှီခိုနေရသလို တုန်လှုပ်သွားသည်။
အခြားမီးဖိုချောင်ဝန်ထမ်းတွေသည်လည်း လေးလေးနက်နက် ဦးညွှတ်နေကြပြီး တုန်ယင်နေကြကာ မျက်နှာမှာ ကြောက်ရွံ့ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေချေသည်။
ပိုင်ကျီဟန်သည် တူတွေကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူ့နားထင်ကို ဖြည်လျော့လိုက်သည်။
"ဘာလို့ မင်းအသက်အတွက် အသနားခံနေတာလဲ"
ချန်ကွမ်း မျက်နှာသည် စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် ပြည့်နေသည်။
"ဘာလို့လဲဆိုတော့ သခင်လေးကို မကျေမနပ်ဖြစ်စေလို့ပါ”
ပိုင်ကျီဟန်သည် သူ့ကို စိုက်ကြည့်နေလေသည်။
(သူ ရူးသွားတာလား)
ဒါက ရယ်စရာဆိုသော်ငြားလည်း သူတို့ဘာကြောင့် ထိုသို့ပြုမူနေကြသည်ကို သူနားလည်နိုင်သည်။
ယခင်က ဆားအနည်းငယ်မပါသည့် သေးငယ်သော ကိစ္စအတွက် စားဖိုမှူးခေါင်းဆောင်ဟောင်းကို အလုပ်ထုတ်ခဲ့ဖူးသော်လည်း အမှန်တော့ သူသည် ပျင်းရိနေခဲ့ပြီး ပြဿနာရှာ ချင်နေခဲ့တာကြောင့်ပင်
ချန်ကွမ်းသည် ပြင်းထန်သော ဒဏ်ရာကို ခံစားလိုက်ရသကဲ့သို့ သူ့ရင်ဘတ်ကို လက်နဲ့ ဖိထားသည်။
"သခင်လေး ကျေးဇူးပြုပြီး ကျွန်တော်ကိုယ် ကျွန်တော် သက်သေပြနိုင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါ”
"ကျွန်တော် အရသာတွေကို ပိုကောင်းအောင် လုပ်ပါမယ်လို့ ကတိပြုပါတယ်။ ဒီကမ္ဘာမှာ သိဖူးသမျှ အကောင်းဆုံး အရသာတွေကို ပြန်ဖန်တီးပေးပါ့မယ်”
"လူသားတွေအတွက် ရနိုင်တဲ့ ပါဝင်ပစ္စည်းအားလုံးကို သုံးပါမယ်”
"ကျင့်ကြံသူအတွက် ဟင်းလျာကို ပြန်တီထွင်ပေးပါ့မယ်”
"ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
မီးဖိုချောင်ဝန်ထမ်းတွေလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
ပိုင်ကျီဟန်သည် အကြီးအကျယ် ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရသည်။
အခြေအနေက ရယ်စရာကောင်းလွန်းပေသည်။
"ငါ မင်းကို အပြစ်မပေးပါဘူး"
တစ်ခန်းလုံး တိတ်ဆိတ်သွားချေသည်။
မီးဖိုချောင်ဝန်ထမ်းတွေလည်း တိတ်ဆိတ်ကုန်၏
လောင်ချင်းပင်လျှင် ပိုင်ကျီဟန်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကောင်းဆုံးအရာကို ပြောနေသကဲ့သို့ ကြည့်နေမိသည်။
ချန်ကွမ်းသည် အံ့ဩတကြီးနဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။
"မကြိုက်တာ မဟုတ်ဘူးလား?"
ပိုင်ကျီဟန်သည် သက်ပြင်းချလိုက်လေသည်။
"မဟုတ်ပါဘူး၊ အစားအသောက်က ကောင်းပါတယ်။"
ချန်ကွမ်း၏ မေးရိုး ပြုတ်ကျသွားသည်။
"...အဲဒါက”
"အဆင်ပြေတယ်”
မီးဖိုချောင်ဝန်ထမ်းတွေသည် နားမလည်သလို အကြည့်တွေကို ဖလှယ်ခဲ့ကြသည်။
ခဏလောက်တော့ ဘာလုပ်ရမှန်းမသိကြချေ။
ဤသည်မှာ သခင်လေး ပိုင်ကျီဟန်ဖြစ်သည်။ နာမည်ကျော် ပြသနာရှာတတ်သူ။
ဆားအနည်းငယ်ပေါ့နေတာကြောင့် ယခင် စားဖိုမှူးခေါင်းဆောင်ကို အလုပ်ထုတ်ခဲ့သည်။
အစားစားချင်စိတ်မရှိတာကြောင့် အစားအသောက်တွေကို ကြမ်းပြင်ပေါ် လွှတ်ပစ်ခဲ့ဖူးသေးသည်။
ချန်ကွမ်း လက်များ တုန်ရီလာသည်။
"ဒါဆို သခင်လေး... ဘာလို့ ဒီလောက်တောင် မကျေမနပ် ဖြစ်နေရတာလဲ"
ပိုင်ကျီဟန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ပန်းကန်ပြားကို ကြည့်လိုက်သည်။
" ဒါက နည်းနည်း ရိုးရှင်းလွန်းနေတယ်။ဒီလောက်ပါပဲ”
ပိုင်ကျီဟန်သည် ကမ္ဘာမြေမှ အရသာတွေကို ပြန်တွေးမိနေသည်။
"ရိုးရှင်းလွန်းနေတာလား?"
ချန်ကွမ်းသည် ပိုင်ကျီဟန်ဆိုလိုသည်ကို နားမလည်နိုင်ပေ။ ထိုအစားအသောက်တွေသည် သပ်သပ်ရပ်ရပ်ဖြစ်ပြီး တော်ဝင်ပွဲတွေနဲ့တောင် ယှဉ်နိုင်ပေသည်။
ထိုကဲ့သို့အရသာက ရိုးရိုးရှင်းရှင်းဆိုလျှင် ဒီကမ္ဘာပေါ်ရှိ ဟင်းပွဲတိုင်းသည် ရိုးရှင်းနေမည်သာ။
ပိုင်ကျီသည် အပြစ်ပေးမှာမဟုတ်ဟု အာမခံထားပေမဲ့ ခေါင်းဆောင်နဲ့ တခြားမီးဖိုချောင်ဝန်ထမ်းတွေသည်လည်း ထိုမှတ်ချက်အပြီးမှာ စိတ်ရှုပ်သွားကြသည်။
ပိုင်ကျီဟန်သည် သူတို့၏ စိုးရိမ်သောကရောက်နေသာ အမူအရာများကို စိုက်ကြည့်ကာ သက်ပြင်းချရင်း သူ့မေးစေ့ကို သူ့လက်ပေါ်တင်ထားပြန်သည်။
ဒါတွေကသာ ဤကမ္ဘာရှိ အကောင်းဆုံး အစားအစာတွေ ဖြစ်ခဲ့မည်ဆိုလျှင်
သူ၏ အစားအသောက်နဲ့ပတ်သက်သည့် ပျော်ရွှင်မှုကို ထပ်မရနိုင်တော့မှာလား
(ဒါက တကယ်ပဲ အကောင်းဆုံးလား)
ပိုင်ကျီဟန်သည် တွေးတောနေသည်။ ယခင်က သူမှတ်မိသည့် အစားအသောက်တွေသည် ကောင်းလွန်းသော်လည်း ယခုကတော့ လစ်ဟာနေတာတွေ ရှိနေသည်။
ဒါကလည်း ပိုကောင်းသော အရာတစ်ခု၏ အရသာကို မှတ်မိနေတာကြောင့်ပင်…စပျစ်ရည်ကောင်းကိုတွေ့ကြုံခံစားခဲ့ရသလို ။ ထိုအရာကိုသောက်ပြီးတာနဲ့ ရိုးရိုးရေကို သောက်ဖို့က ခက်ချေသည်။
(ငါ ဘာလုပ်သင့်လဲ?)
အကယ်၍ ဒီကမ္ဘာကြီးမှာ ထိုကဲ့သို့အစားအသောက်ကိုပဲ ရမည်ဆိုလျှင် သူ့အနေနဲ့ အစားအစာကို မေ့ထားပြီး ကျင့်ကြံမှုအပေါ်သာ အာရုံစိုက်ရတော့မည်
ပြီးတော့
ဘုန်း!
သူ့စိတ်ထဲတွင် အသိဥာဏ်အလင်းတစ်ခု ပေါ်လာသည်။
"ဘာလဲဆိုတာ သိပြီ”
ပိုင်ကျီဟန်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ပြောလိုက်လေသည်။
"ငါ ကိုယ်တိုင်ချက်မယ်"
"..."
အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။
အစေခံများသည် တောင့်တင်းသွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထိတ်လန့်မှုမှ ပြန်လည်သက်သာရာ ရလာခဲ့သည့် မီးဖိုချောင်ဝန်ထမ်းတွေအဖို့ ကောင်းကင်ကြီး ပြိုကျလာသလိုပင်။
စိတ်ခံစားချက်ကို ပြခဲသော လောင်ချင်းပင်လျှင် ရှားပါးသော အခိုက်အတန့်တစ်ခုရှိခဲ့သည်။
“ သခင်လေး” ဟု မရဲတရဲ ခေါ်လိုက်သည်။
"သခင်လေး ပြောနေတာက ကိုယ့်ဘာသာ ဟင်းချက်ဖို့လား “
ပိုင်ကျီဟန်သည် ပျင်းရိစွာ ဆန့်တန်းရင်း အပြုံးနဲ့ပြန်ပြောသည်။
"ဟုတ်တယ်လေ”
ယခုမှ ပုံမှန်အတိုင်း ပြန်လည်အသက်ရှုလာနိုင်သော ချန်ကွမ်းသည် သူ့ခန္ဓာကိုယ်မှ ဝိညာဉ် ထွက်လုနီးပါး ခံစားခဲ့ရသည်။
"ဟင် သခင်လေး ကိုယ့်ကိုကိုယ် ဒုက္ခပေးစရာ မလိုပါဘူး”
ပိုင်မျိုးနွယ်၏ လေးစားရသော အမွေဆက်ခံသူကို ဟင်းချက်တာမျိုးလုပ်ဖို့ ဘယ်လိုခွင့်ပြုရဲမည်နည်း
တခြားမီးဖိုချောင်ဝန်ထမ်းတွေသည်လည်း အမြန်ခေါင်းညိတ်ပြပြီး သူ့ကိုတားဖို့ စိတ်အားထက်သန်နေကြသည်။
“ဟုတ်ပါတယ် သခင်လေး ။ ချက်တာပြုတ်ကာ ကျွန်မတို့အလုပ်ပါ.. အရသာတွေကို ပိုကောင်းအောင် လုပ်ပေးပါမယ်။ လိုချင်တဲ့ပုံစံကို ပြောပြပါ။”
ပိုင်ကျီဟန်သည် သူတို့ကို လက်ပြလိုက်သည်။
"ဟူး ငါရှင်းပြရင်း အချိန်မဖြုန်းချင်ဘူး။ ငါ့အချိန်တွေကို မဖြုန်းနဲ့။"
ချန်ကွမ်းအဖို့တော့ ရင်ဘတ်ကို ဖိထားပြီး နှလုံးဖောက်လုနီးပါး ဖြစ်နေပုံရသည်။
သခင်လေး ပိုင်ကျီဟန်က ဟင်းချက်ဖို့လား
ဤသည်မှာ ဖြစ်ပေါ်လာတော့မည့် ဘေးဆိုးတစ်ခုဖြစ်သည်။
ဒါက ရူးသွပ်မှုပဲ
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ ခမ်းနားသော မီးဖိုချောင်ဆီသို့ လျှောက်သွားကာ ဝန်ထမ်းများက သူ့နောက်သို့ လိုက်လာ ကြသည်။
ဤထူးဆန်းသော အဖြစ်အပျက်၏ စကားသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မီးဖိုချောင်ထဲရောက်တဲ့အခါ အဝေးမှ ချောင်းကြည့်နေသည့် အစေခံတွေနဲ့ အစောင့်တွေသည် အချင်းချင်း တီးတိုးပြောနေကြသည်။
"သခင်လေးပိုင်က တကယ်ချက်ပြုတ်တော့မှာလား။"
"ဒါက စားဖိုမှူးတွေအတွက် ပြစ်ဒဏ်ပဲလား"
"ခဏလေး သူတကယ်လုပ်နေတာလား"
"ဒီလိုနေ့ကို ကြုံမယ်လို့ မထင်ထားဘူး..."
မီးဖိုချောင်ဝန်ထမ်းတွေသည် ကြောက်လန့်တကြားနဲ့ ပိုင်ကျီဟန်အတွက် အဆင့်ဆင့် အမြန်ပြင်ဆင် ပေးကြသည်။
ပိုင်ကျီဟန်အင်္ကျီတွေ ခေါက်နေတာကို ကြည့်ရင်း ချန်ကွမ်းသည် ထိတ်လန့်တုန်လှုပ်စွာ လက်ကို ဆန့်လိုက်သည်။
"သခင်လေး...အရင်က ချက်ဖူးလို့လား"
ပိုင်ကျီဟန်သည် ပြုံးပြုံးနဲ့ ပြောလိုက်သည်။
"ချက်ဖူးတာပေါ့”
(ဒါက လိမ်တာမဟုတ်ဘူး)
ကမ္ဘာမြေမှာ တစ်ယောက်တည်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရသည်။
သူကိုယ်တိုင် မချက်ပြုတ်လျှင် ငတ်လိမ့်မည်ပင်။
သူ၏ ဟင်းချက်အရည်အချင်းသည် ဆရာကြီးအဆင့် မဟုတ်သော်ငြား ဒီကထက်တော့သာသည်။
ဤကမ္ဘာ၏အစားအစာနှင့်နှိုင်းယှဉ်ရရင်တော့
(ဟဲဟဲ ဒီလူတွေ ခဏတော့ တုန်လှုပ်သွားပြီ)
မီးဖိုချောင်ကို လှည့်ပတ်ကြည့်ရင်း ရနိုင်သော ပါဝင်ပစ္စည်းများကို လှည့်ပတ်ရှာလေ၏
အသား၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် နှင့် ဝိညာဉ်ဆေးဖက်ဝင်အပင် အမျိုးအစား အမျိုးမျိုးရှိနေခဲ့သည်။
သို့သော်…
ပိုင်ကျီဟန်သည် မီးဖိုချောင်ကိုကြည့်ရင်း မျက်ခုံးပင့်သွားသည်။
(သင့်လျော်တဲ့ ဟင်းခတ်အမွှေးအကြိုင်မရှိဘူး၊ အားလုံးက အရသာမရှိတာက မထူးဆန်းပါဘူး)
သူ၏မျက်လုံးများသည် အခြေခံပါဝင်ပစ္စည်းများဖြစ်သည့် ဝိညာဉ်သားရဲအသား၊ အစေ့အဆန်အချို့၊ ဝိညာဉ်ဆေးအပင် အနည်းငယ်နှင့် အရေးအကြီးဆုံးဖြစ်သည့် ဆီကိုကြည့်လိုက်သည် ။ အပြုံးတစ်ခုက သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
(ကောင်းပြီ၊ ဒီကမ္ဘာကြီးမှာ တကယ့် ဟင်းခတ်အမွှေးအကြိုင်တွေကို တစ်ခါမှ မသုံးဖူးဘူးဆိုတော့ သူတို့ကို အံ့ဩအောင်လုပ်ရတော့မယ်)
သူသည် ဝိညာဉ်သားရဲအသားပြားတစ်ချပ်ကို ယူပြီး အပိုင်းပိုင်း ဖြစ်အောင် အလျင်အမြန် လှီးဖြတ်လိုက်သည်။
ထို့နောက် ဓား၏နောက်ကျောကိုအသုံးပြုကာ ပြားချလိုက်ပြီး တိကျသောလှုပ်ရှားမှုများနဲ့အတူ မီးဖိုချောင်ဝန်ထမ်းများထံမှ ထူးဆန်းသောအကြည့်များကို ဆွဲဆောင်လိုက်သည်။
"သခင်လေးဘာလုပ်နေတာလဲ..."
သူတို့ထဲမှ တယောက်သည် တိုးတိုးပြောနေသည်။
တခြားသူတွေသည် ပိုင်ကျီဟန် ဘယ်လို ဟင်းချက်နေမှန်းမသိသည့်အတွက် ခေါင်းခါပြလေသည်။
ပိုင်ကျီဟန်သည် ရနိုင်သော ဟင်းသီးဟင်းရွက်အချို့ကို ယူပြီး သူ့လက်ဖဝါးမှာ ကြိတ်လိုက်သည်။
၎င်းတို့ကို ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုကြသော်လည်း မှန်မှန်ကန်ကန် အသုံးပြုပါက အရသာကို ပေါ်လွင်စေသည်
(ဆား၊ ဆီအနည်းငယ်နဲ့ ရောလိုက်ရင်တော့)
ကြေမွနေသော ဟင်းသီးဟင်းရွက်များကို အသားပေါ်သို့ ပွတ်တိုက်ကာ အပိုင်းအစတိုင်းကို သေချာစွာ ဖုံးအုပ်ထားသည်။
ထို့နောက် သူသည် ဆန်နှင့်တူသော်လည်း အမွှေးနံ့နည်းသော အစေ့အဆံများကို ကြည့်နေခဲ့သည်။
သူသည် ၎င်းကို ချက်ပြုတ်ရန် အိုးထဲသို့ မထည့်မီ အမြန်ဆေးကြောပြီး အရသာကို မျှတစေရန် ရေအလုံအလောက်ထည့်လိုက်သည်။
ထို့နောက် ဆီကို ထည့်လိုက်သည်။ အိုးထဲသို့ ပမာဏများစွာ လောင်းထည့်ပြီး ကျက်လာသည်အထိ အပူပေးလိုက်သည်။
ထို့နောက် အရသာနှပ်ထားသော အသားများကို ထည့်လိုက်သည်
ရှဲ!
သင်းပျံ့သောရနံ့တစ်ခုသည် ချက်ချင်းပင် လေထဲသို့ ပြည့်သွားသည်။
မီးဖိုချောင်ဝန်ထမ်းတွေသည် အံ့ဩသွားပြီး သူတို့နားတစ်ဝိုက် ရစ်ပန်နေသည့် မွှေးရနံ့တွေကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည် ။ သူတို့ချက်ပြုတ်နေကျ ရိုးရိုးကင်ထားသည့် အသားတွေနဲ့ မတူချေ။
"ဒီအနံ့...အဲဒါကဘာလဲ?"
"သခင်လေးက ဆေးပြားကို သန့်စင်နေတာလား။"
ပိုင်ကျီဟန်သည် ပြုံးလိုက်သည်။
(ဘာတွေဖြစ်လာမလဲဆိုတာ မသိကြဘူး။)
အသားများ ကျက်သောအခါတွင် အနံ့ပြင်းသော ဆေးဖက်ဝင်အပင် အချို့ကို ယူပြီး ကျောက်ငရုတ်ဆုံထဲ ထည့်ထောင်းထားသည်။
ဆီနှင့် ဆား အနည်းငယ် ရောစပ်ပြီး မွှေးကြိုင်သော ငံပြာရည်ကို ဖန်တီးလိုက်သည် ။
အသားများကို ကောင်းစွာ နှပ်ထားတာကြောင့် ဘေးသားများကကြွပ်ရွပြီး အတွင်းဘက်၌ အိဖတ်နေ၏ အချဉ်ရည်ကို လောင်းချပြီး အပိုင်းတိုင်းကို ဖုံးအုပ်ထားလိုက်သည်။
အရသာများ ပေါင်းစပ်လိုက်သည့်အခိုက်တွင် မွှေးရနံ့က ပြင်းထန်လာကာ စင်္ကြံရှိ ဧည့်သည်များကိုပင် ရှူရှိုက်မိစေခဲ့သည်။
"ဒီအနံ့ကြောင့် ငါဗိုက်တောင်ဆာလာပြီ”
"ငါ့တစ်သက်မှာ ဒီအနံ့လောက်မွှေးတာကို တစ်ခါမှ မရဖူးဘူး”
လောင်ချင်းသည် ပူပြင်းသော ဒယ်အိုးပေါ်တွင် သူမ၏ အကြည့်ကို မခွါနိုင်ဘဲ သူမ၏ ပါးစပ်မှ သွားရည်များ စီးကျလုနီးပါးပင်။
စားဖိုမှုးခေါင်းဆောင်ချန်သည် ကောင်တာကို လက်နဲ့ ဆုပ်ကိုင်ထားရသည်။ သူ့မျက်နှသည် ဖြူဖျော့နေပြီး တစ်ကိုယ်လုံး တုန်နေသည်။
"ဒါက အစစ်အမှန်မဟုတ်ဘူး... အသားနဲ့ ဆေးဖက်ဝင်အပင်တွေပဲ၊ ဒါပေမယ့် အနံ့က”
နောက်ဆုံးတွင် ပိုင်ကျီဟန်သည် ပန်းကန်ပြားပေါ်တွင် အလှဆင်ပြီး နူးညံ့သော အသားများနဲ့ ပေါင်းထားသော အစေ့အဆန်များကို တွဲထားသည်။
ထို့နောက် သူ့လက်နှစ်ဖက်ကို နောက်ပစ်ရင်း နောက်ပြန်ဆုတ်သွားသည်။
"ကောင်းပြီ။ မြည်းကြည့်ကြ”
ပထမတော့ မည်သူမျှ မလှုပ်ရဲပေ။
ထို့နောက် ချန်ကွမ်းသည် တံတွေး မျိုချကာ အပိုင်းတစ်ပိုင်းကို ကောက်ယူလိုက်သည်။
"ကျွန်တော် အရင်မြည်းကြည့်လိုက်ပါမယ်”
သူ့ပါးစပ်ထဲ ဝင်သွားသည့်အခိုက်
ဘုန်း!
သူ့လျှာမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲသလိုပင်..အပြင်အလွှာက အနည်းငယ်ကြွပ်ဆတ်ပြီး အတွင်းဘက်က နူးညံ့ပြီး အရသာရှိလှ၏
ငံပြာရည်သည် ရိုးရှင်းသော်လည်း အရသာအလွှာများပါရှိသည်.. အငန်၊ အဆိမ့်နဲ့အတူ သူဘယ်တုန်းကမှ မတွေးထားဖူးသော စွဲလမ်းစရာတွေပါ ပါနေ၏
ချန်ကွမ်း ခြေထောက်များ တုန်လှုပ်သွားသည်။
သူ့ပါးစပ်ကို အုပ်ထားရင်း မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။
“သခင်လေး…” သူ့အသံ တုန်လှုပ်သွားသည်။
"ဘာလဲ...ဒါကဘာလဲ.”
ဘေးမှကြည့်နေသော အစေခံများသည် ထိတ်လန့်တကြား အကြည့်ချင်းဖလှယ်ကြသည်။
"စားဖိုမှူးရဲ့မျက်နှာကို ကြည့်လိုက်.. ဒါက တကယ်ကောင်းတာလား"
"သူ ဒါမျိုး တုံ့ပြန်တာကို တစ်ခါမှ မတွေ့ဖူးဘူး။ သခင်လေးပိုင်ရဲ့ ဟင်းချက်နည်းက တခြားအဆင့်မှာ ရှိနေတာလား"
"စားဖိုမှူးတောင် ပြောစရာမရှိရင်”
"ငါ သည်းမခံနိုင်တော့ဘူး! ငါကိုယ်တိုင် မြည်းစမ်းကြည့်ရမယ်”
အသံများ ကျယ်လောင်လာသည်နှင့်အမျှ မီးဖိုချောင် ဝန်ထမ်းများသည် ၎င်းတို့၏ သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ အသားအပိုင်းအစများကို ယူရန် ရုန်းကန်နေကြသည်။
သူတို့ မြည်းစမ်းကြည့်ပြီးသည်နှင့် သူတို့တုံ့ပြန်မှုတွေဟာ ထပ်တူနီးပါးပင်။
"ကောင်းကင်က နတ်ဘုရားအစာပဲ”
"ဘယ်လိုအရသာမျိုးလဲဟ”
"တကယ်တော့ သခင်လေးချက်တာနဲ့ ယှဉ်ရင် ငါတို့ အစားအစာက အတော်ဆိုးဆိုး”
ပိုင်ကျီဟန်သည် သူတို့ကမ္ဘာကို လုံးဝစားစရာ နည်းအသစ်ကို မိတ်ဆက်ပေးလိုက်သလိုပင်။
ပိုင်ကျီဟန်သည် သူတို့၏တုံ့ပြန်မှုကို ပြုံးစိစိနဲ့ ကြည့်နေမိသည်။