← Chapters

အချက်အပြုတ် နတ်ဘုရား

Vol. 2 Ch. 17

အချက်အပြုတ် နတ်ဘုရား

Vol. 2 Ch. 17

မီးဖိုချောင်ဝန်ထမ်းတွေ ရုတ်ရုတ်သဲသဲဖြစ်သွားချိန်မှာတော့ ပိုင်ကျီဟန်သည် ပြုံးစိစိနဲ့ကြည့်နေခဲ့သည်။

ထို့နောက် သူသည် ပန်းကန်ပြားနှစ်ချပ်ယူကာ တစ်ချပ်သည် သူ့အတွက်ဖြစ်ပြီး တစ်ချပ်သည် လောင်ချင်းအတွက်ပင်။

သူလှည့်လိုက်တော့  လောင်ချင်းသည် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် ပိုင်ကျီဟန်ကို တခြားသူတွေထက် ပိုသိပြီး မီးဖိုချောင်ထဲကို တစ်ခါမှ မဝင်ဖူးဘူးဆိုတာ သေချာပေသည်။

ပါဝင်ပစ္စည်းတွေ သို့မဟုတ် ဘာအတွက်ဆိုတာကို သူမကိုယ်တိုင်ပင် မသိတာ သေချာပါသည်။

ရိုးရိုးရှင်းရှင်း အသားတစ်ခြမ်းကို ကင်တာတောင် သခင်လေးအဖို့ မဖြစ်နိုင်ပေ။

ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်သည်။

"အို “

လောင်ချင်း၏ အကြည့်များသည် သူနဲ့ ဆုံသွားလေ၏

သူက ပြုံးပြပြီး ပန်းကန်ပြားကို သူမဆီသို့ ပေးလိုက်သည်။

"ဒီမှာ မြည်းကြည့်”

လောင်ချင်းသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ရှေ့သို့လှမ်းကာ ပန်းကန်ပြားကို ယူလိုက်သည်။

သူမသည် သတိကြီးကြီးနဲ့  အသားတစ်ပိုင်းကို တူနဲ့ကိုင်ကာ ကိုက်စားလိုက်သည် ။

သူမလျှာနဲ့ ထိတွေ့မိသည့်အခိုက်

သူမ မျက်လုံး အနည်းငယ် ပြူးကျယ်သွားသည်။

အရသာ အတော်လေး ရှိပြီး ယခင်က စားဖူးသမျှအရာရာနဲ့ မတူချေ

"...ကောင်းလိုက်တာ” လောင်ချင်းအဖို့ ဒါက  မယုံနိုင်စရာဟု ခံစားလိုက်ရသည်။

သခင်လေးသည် ချက်ပြုတ်နိုင်ရုံသာမက သူ၏ ဟင်းလျာသည်  ပိုင်မိသားစု စားဖိုမှူးများ ချက်ဖူးသမျှထက်ပင် ပိုကောင်းနေသေးသည်။

"ဟားဟား အဲ့တာပဲလေ”

ပိုင်ကျီဟန်သည်  ဂုဏ်ယူစွာ ပြောလေသည်။

အရသာကို မြည်းဖို့ သူ့အသားတစ်ပိုင်းကို  ကိုက်လိုက်သည်။

(ဟုတ်တယ်၊ ငါပြောနေတဲ့အရသာက ဒါပဲ)

ထိုဟင်းကို သူ့၏အကောင်းဆုံးဟင်းဟု မခေါ်နိုင်သော်လည်း ကမ္ဘာပေါ်မှာရှိတဲ့ အရာနဲ့တူအောင်ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေ အများကြီးမရှိလို့သာပင်။

ပါဝင်ပစ္စည်းအချို့မရှိသော်လည်းအသုံးပြုထားသောပါဝင်ပစ္စည်းများသည် အဆင့်မြင့်အရည်အသွေးဖြစ်သောကြောင့် အလွန်ကောင်းမွန်သည်။

ပိုင်ကျီဟန်သည် ဆုံးဖြတ်ချက်မှန်ကန်မှုအပေါ် ကျေနပ်စွာနဲ့ ပြုံးလိုက်သည်။

သူစားနေတုန်း မီးဖိုချောင်ဝန်ထမ်းတွေကို ပြန်ကြည့်လိုက်သည်။

မီးဖိုချောင်ဝန်ထမ်းအများစုသည် ပိုင်ကျီဟန် မည်သို့ ကွဲပြားစွာလုပ်ဆောင်ခဲ့သည်ကို သိရှိနိုင်ဖို့ရာ မှတ်စုများကို အရူးအမူး ရေးမှတ်နေကြသည်။

ထိုထဲမှာ စားဖိုမှူးခေါင်းဆောင် ချန်ကွမ်းလည်း အပါအဝင်ပင်။

ဟင်းချက်ရတာကို ဝါသနာပါသူတိုင်းသည် သင်ယူဖို့ အမြဲစိတ်အားထက်သန်ကြသည်။ တစ်ယောက်ယောက်က ပိုကောင်းနေလျှင် သူတို့ဆီက သင်ယူဖို့ ကြိုးစားကြချေသည်။

သို့သော်လည်း ပိုင်ကျီဟန်အဆင့်အတန်းကြောင့်  သင်ကြားပေးရန် မတောင်းဆိုရဲပေ။ သူ့အချိန်တွေက အလွန်တန်ဖိုးရှိ၏

ဒါပေမယ့် သခင်လေး ချက်ပြုတ်သည့် ဟင်းလျာကို လေ့လာလို့မရဟု မဆိုလိုပေ။

(ပါဝင်ပစ္စည်းတွေ… အများစုကို အရသာမရှိဘူးလို့ တွေးကြတယ် ။ဒါပေမဲ့ ဒါတေွကို ရောမွှေလိုက်ရင် ထူးခြားတဲ့အရသာကို ရလာစေမှာပါ)

ချန်ကွမ်းသည်  ပိုင်ကျီဟန်သုံးသော ပါဝင်ပစ္စည်းများ အားလုံးကို တွေးရင်း မှတ်သားနေသည်။

ပိုင်ကျီဟန်သည် နောက်ကိုကိုင်းကာ ကျေနပ်စွာနဲ့ သူ့တူတွေကို ပန်းကန်လွတ်ထဲ ချလိုက်သည် ။

လောင်ချင်းသည် သူ့ဝေစုကို စားပြီးသွားသည်နှင့် ကျေနပ်သွားသည် ။

ဒါပေမယ့်  ပိုင်ကျီဟန်သည် တစ်ခုခုကို သတိထားမိနေ၏

သူမ စားပြီးသွားသော်လည်း  သူမ၏လက်ချောင်းတွေက တူကို ညင်သာစွာ ဆုပ်ကိုင်ထားဆဲပင်။

(ဟင် ထပ်လိုချင်လို့လား)

သူ့အစာအိမ်သည်လည်း အပြည့်အဝ မကျေနပ်ပေ။

ထို့အပြင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ဖြင့် အစားအစာ ပေါင်နှစ်ဆယ် စားခြင်းသည်ပင် ပြဿနာ မဟုတ်ပေ။

ထို့နောက် မျက်နှာတွင် ကြောက်ရွံ့မှုနှင့် တွေးစရာများ ရောထွေးနေသည့် ဒူးထောက်ထိုင်ဆဲဖြစ်သော စားဖိုမှူး ခေါင်းဆောင် ချန်ကွမ်းထံသို့ အာရုံပြောင်းသွားသည်။

"ကောင်းပြီ စားဖိုမှူး”

ပိုင်ကျီဟန်သည် သူ့ပန်းကန်ကို ပေါ့ပေါ့ပါးပါး ချထားလိုက်သည်။

"ငါ့ အချက်အပြုတ်စွမ်းရည်ကို မင်းဘယ်လိုထင်လဲ"

ချန်ကွမ်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။

ထို့နောက်

အသက်ပြင်းပြင်းရှူရင်း ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာ သူ့မျက်လုံးများက လေးစားမှုနှင့် နှိမ့်ချမှုအပြည့်ရှိသည်။

"သခင်လေး ဘယ်လိုတောင်လဲ"

သူ့အသံသည် စိတ်ညစ်မှု သို့မဟုတ် ထိတ်လန့်မှုတို့ မရှိတော့ပေ။ ယင်းအစား  စစ်မှန်သော အံ့သြမှုနှင့် မယုံကြည်မှုတို့ကို သယ်ဆောင်လာသည်။

"သခင်လေးက ဘယ်လိုတောင်လဲ၊ ဒီလိုဟင်းချက်နည်းကို ဘယ်မှာသင်ခဲ့တာလဲ"

သူ့မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်း သွားပြီး နားမလည်နိုင်လောက်အောင် လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားသလိုမျိုး ပိုင်ကျီဟန်ကိုကြည့်နေ၏

"ဒီနည်းစနစ်… ဒါက ထူးခြားပေမယ့် လိုက်ဖက်ညီတဲ့ အရသာတွေပါ ။အဲဒါက ကျွန်တော်ကြုံတွေ့ဖူးသမျှနဲ့ မတူပါဘူး။"

ချန်ကွမ်းသည် ခေါင်းကို လေးလေးနက်နက် ငုံ့ထားသည်။

"ဒီဟင်းကနေ ကျွန်တော် တစ်ခါမှ မထင်မှတ်ထားတဲ့ အရသာတွေ ရတယ်”

"ကျွန်တော် လက်ရာကို တစ်သက်လုံး  ကောင်းမွန်အောင် လုပ်ခဲ့ပေမယ့်... တကယ့်အစားအစာဆိုတာ ဘာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။"

သူ့မျက်လုံးတွေက စူးစူးရဲရဲ တောက်လောင်နေသည်။

"သခင်လေးပိုင် ၊ ကျေးဇူးပြုပြီး ကျွန်တော် လေးစားမှုကို လက်ခံပေးပါ။"

ပိုင်ကျီဟန်သည် ရယ်မောလိုက်သည်။

"ဟားဟား။ တကယ်ပဲ..တကယ်ကိုပဲ။ ဒီသခင်လေးက အရာရာမှာ အံ့သဩစရာကောင်းနေတယ်။"

သူက ဂုဏ်ယူလွန်းနေသဖြင့် အစေခံများက မျက်လုံးဝေ့ကာ ကြည့်နေကြသည်။ 

ဒါပေမယ့် သူတို့တောင် မငြင်းနိုင်ပေ။ပိုင်ကျီဟန် ချက်ထားသော ဟင်းသည် ဒီလောကအတွက် ထူးထူးခြားခြားဖြစ်နေ၏

မတ်တပ်ထရပ်ပြီး ပန်းကန်ပြားကို အောက်သို့ချလိုက်သည်။

"ဒါကအစပဲ ရှိသေးတာ”

သူက မီးဖိုချောင်ဝန်ထမ်းကို လက်ညိုးထိုးပြသည်။

"ဒီဟင်းကို ငါ ဘယ်လိုဖန်တီးခဲ့တာလဲဆိုတာ တွေးပြီး အဲဒါကို ပြန်လုပ်ကြည့်ပါ။"

စာဖိုမှုးချန်၏ကျွမ်းကျင်မှုနဲ့ဆို ပိုင်ကျီဟန်၏ ချက်ပြုတ်နည်းများကို စမ်းတဝါးဝါးဖြင့် တုပနိုင်တာ သေချာသည်။

အထူးတလည် ကျွမ်းကျင်မှု လိုအပ်သော ရှုပ်ထွေးသည့် ဟင်းလျာကို ပြုလုပ်ထားတာမဟုတ်ပေ။ သူကိုယ်တိုင်လည်း ထိုသို့ မလုပ်တတ်ပေ။

တကယ်လိုအပ်တာက ပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်နည်းကို နားလည်ဖို့သာပင်

စားဖိုမှူးများသည် ခေါင်းညိတ်ကြပြီး အချို့က ကျမ်းဂန်ကို ရရှိထားသလိုမျိုး ၎င်းတို့၏မှတ်စုစာအုပ်များကို ဆုပ်ကိုင်ထားကြသည်။

ပိုင်ကျီဟန်သည် ပြုံးလိုက်ပြီး သူ့အမူအရာက လေးနက်သွားသည်။

မီးဖိုချောင်ရှိ အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။

ဂျုံမှုန့်မရှိ၊ သင့်လျော်သော ဟင်းခတ် အမွှေးအကြိုင်မရှိသော်လည်း ၎င်းနှင့်လုပ်ဆောင်နိုင်သည်။

(ကောင်းပြီ၊ ငါသူတို့ကို အစားအသောက် ကမ္ဘာသစ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။)

"နားထောင်ကြ”

ပိုင်ကျီဟန်သည် လက်ခုပ်တီးပြီး လူတိုင်းအာရုံကို ဖမ်းစားလိုက်သည်။

"အခုထိ မပြီးသေးဘူး။"

ပိုင်ကျီဟန်သည် လက်ဆစ်တွေကို ချိုးလိုက်သည်။

"ငါ မင်းတို့ကို ဟင်းမျိုးစုံ ချက်ပြမယ်။ ငါ ဟင်းချက်နည်းကို မှတ်ထားကြ”

(ဒီလူတွေ ဟင်းလျာတွေကို ပြန်ဖန်တီးဖို့ သင်ယူနိုင်ရင် နောင်မှာ ကိုယ်လိုချင်တဲ့အချိန်တိုင်း စားလို့ရပြီ။)

ပြုံးစိစိဖြင့် မီးဖိုခန်းဘက်သို့ ပြန်လှည့်သွားသည်။

"ကောင်းပြီ ကြက်ကြော်လုပ်ချိန်ရောက်ပြီ”

ပိုင်ကျီဟန် ချက်ပြုတ်ပြီးချိန်မှာတော့ မတူညီသည့် ဟင်းဆယ်မျိုးနီးပါးကို ချက်ပြုတ်ခဲ့ပြီး တစ်ခုချင်းစီကို အေးဆေး စားသုံးခဲ့သည်။

သူကိုယ်တိုင် အစားအသောက် ဆယ်ပေါင်လောက် စားသုံးခဲ့ပေမယ့် သူ့ခန္ဓာကိုယ်က အဆင်မပြေတာမျိုး မဖြစ်ပေ။

အမှန်တော့ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ရှိခြင်းသည် ကောင်းလှပေသည်။

အကြီးအကဲစားဖိုမှူးနှင့် မီးဖိုချောင်ဝန်ထမ်းများသည် လုံးဝအံ့ဩသွားကာ အချို့က  ပိုင်ကျီဟန်ကို အချက်အပြုတ် နတ်ဘုရားအဖြစ်ပင် မြင်လာကြသည်။

ထမင်းစားပြီးသည်နှင့် အစေခံတစ်ဦးသည် သူ့ထံသို့  စကားပါးရန် ရောက်လာသည်။

ပိုင်ကျီဟန်အဖို့ ထိုစကားကြားဖို့တောင် မလိုပေ။ အစေခံကြည့်လိုက်ရုံနဲ့  ဘယ်သူလွှတ်လိုက်လဲဆိုတာ သူသိသည်။

ဤသည်မှာ ပိုင်မျိုးနွယ်စုခေါင်းဆောင် သူ့အဖေကို  သီးသန့်တာဝန်ထမ်းဆောင်သော အစေခံဖြစ်သည်။

"မျိုးနွယ်စုခေါင်းဆောင်က လိုက်ရှာနေပါတယ် သခင်လေး”

All Chapters