← Chapters

အဆင်ပြေသည့် စေ့စပ်ကြောင်းလမ်းမှု

Vol. 2 Ch. 22

အဆင်ပြေသည့် စေ့စပ်ကြောင်းလမ်းမှု

Vol. 2 Ch. 22

ပိုင်ကျီဟန်သည် လေးလေးနက်နက် မေးလိုက်သည်။

 နှစ်ယောက်စလုံး ကံဆိုးသော အနေအထားမှ သူ့ကိုပါ ထိုကိစ္စထဲ ဆွဲသွင်းသည့် ချူကျီယန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချူကျီယန်သည် အပြင်ကို လှမ်းကြည့်ပြီး တိတ်ဆိတ်နေရာမှ ပိုင်ကျီဟန်ကို ပြန်ကြည့်လိုက်သည်။

"ငါ့ရဲ့ အရည်အချင်းနဲ့ လှပမှုအတွက် လူတိုင်းက ငါ့ကို ချီးကျူးကြပါတယ်။ မရေမတွက်နိုင်တဲ့ အိမ်ထောင်ရေး ကမ်းလှမ်းမှုတွေက ချူမျိုးနွယ်ဆီ နှစ်တိုင်း ပို့နေကြတယ်" သူမ၏ အသံသည်  တည်ငြိမ်ပြီး လေးပင်မှုကိုသယ်ဆောင်ထားလေ၏

"ဒါပေမယ့် နောက်ဆုံးတော့ ငါက မိန်းကလေးပဲလေ”

ပိုင်ကျီဟန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

ချူကျီယန်သည် နောက်သို့ မှီကာ သူမ၏ မေးစေ့ကို လက်ပေါ်တွင် တင်ထားသည်။

"ငါဘယ်လောက်ပဲ သန်မာမာ၊ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ ဘယ်လောက်ပဲ တော်နေပါစေ... ငါ့မျိုးနွယ်က ငါ့ကို အင်အားကြီးတဲ့ မိသားစုနဲ့ လက်ထပ်စေချင်တုန်းပဲ။ဒါက ဒါတွေဖြစ်လာရတဲ့ အကြောင်းအရင်းပဲ”

သူမသည် သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။

"မျိုးနွယ်စုက အကျိုးအမြတ်အတွက် ငါကံကြမ္မာကို  ငါမသိတဲ့လူတစ်ယောက် လက်ထဲကိုမထည့်ချင်ဘူး ။အဲ့တော့  သူစိမ်းနဲ့လက်ထပ်ရမှာကို စောင့်ဆိုင်းနေမဲ့အစား ငါကိုယ်တိုင်ပဲ ရွေးချယ်လိုက်တယ်”

သူမသည်  ပိုင်ကျီဟန်ကိုကြည့်ကာ ပြုံးလိုက်သည်။

"ငါ နင့်ကို ရွေးခဲ့တာ။"

ပိုင်ကျီဟန်သည် ကျောရိုးအောက်ထိ အေးစက်သွားသလို ခံစားလိုက်ရသည်။

"ဒါ  ဒါပေမယ့်...ဘာလို့လဲ"

သူနားမလည်နိုင်ခဲ့ပေ။ လူအားလုံးထဲမှ သူ့အား ဘာကြောင့် တလိုတလား ရွေးချယ်ခဲ့ရသနည်း။

ချူကျီယန်သည် ရယ်မောလိုက်သည်။

"ဟုတ်တယ် နင့်ကိုလက်ထပ်ဖို့ အကြံပေးတုန်းက ငါ့မျိုးနွယ်က သဘောမတူဘူး။  ပိုင်ကျီဟန် ..ပိုင်မျိုးနွယ်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘာမှ မဟုတ်တဲ့ သခင်လေး ?"

သူမက သူ့ကို  စနောက်သလို ကြည့်နေသည် ။

"သူတို့က ငါနောက်နေတာလို့ ထင်နေကြတာ။"

ပိုင်ကျီဟန်သည် သူ့လက်သီးတွေကို ဆုပ်ထားလိုက်သည်။

(ဟား၊ သူတို့က ငါ့ကို နှိမ့်ချတာက  မမှားပါဘူး)

သူ့ကိုယ်သူ စော်ကားရုံတင်မကဘဲ တခြားသူဆီကပါ ကြားရချေပြီ

"ဒါပေမယ့်  ပိုင်မျိုးနွယ်က  ငါ့မျိုးနွယ် မိတ်ဖွဲ့ချင်နေတဲ့ အင်အားကြီးတဲ့ မိသားစုတစ်ခု ဖြစ်နေတုန်းပဲ၊ ပြီးတော့ ငါက မရကပြောတော့ နောက်ဆုံးမှာ သူတို့ သဘောတူလိုက်တယ်လေ”

ပိုင်ကျီဟန်၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။

(ဘုရားရေ၊ အကြီးအကဲတွေ ကျေးဇူးပြုပြီး ပိုကြိုးစားကြပါလား။ မင်းတို့ရဲ့မင်းသမီးလေးကို ငါလို  လူဆိုးတစ်ယောက်ဆီ တကယ် ပေးဖို့လား။)

ပိုင်ကျီဟန်သည် တွေးလိုက်သည်။

ချူကျီယန်သည် ရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။

"ကဲ  နင့်ကို လက်ထပ်ချင်ရတာလဲဆိုးင်”

သူမ အနည်းငယ် ငုံ့ကြည့်လိုက်ပြီး မျက်လုံးများက နီရဲတောက်ပနေသည်။

"ပထမအကြောင်းပြချက်ကတော့ ရိုးရိုးရှင်းရှင်းပဲ၊ ငါ ပိုင်ရွှယ်ချင်းရဲ့ အစ်မဖြစ်ချင်လို့"

ပိုင်ကျီဟန်သည် အသက်ရှုမဝဖြစ်နေသည်

(အဲဒါက ဘယ်လိုအကြောင်းကြောင့်လဲ။)

"သူက ငါ့ရဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လေ။ သူက ငါ့ ညီမလိုရောပဲ။"

ချူကျီယန်သည် ရယ်မောလိုက်သည်။

"သူ့မိသားစုရဲ့ တကယ့်အစိတ်အပိုင်းတစ်ခုဖြစ်ရတာ အဲ့လောက်တောင် ပျော်စရာကောင်းတာလား။ ဒီလိုချိတ်ဆက်မှုရှိနေတာလား။"

ပိုင်ကျီယန်သည် သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏

"ဒုတိယအကြောင်းရင်းက”  သူ၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို လျစ်လျူရှုကာ ချူကျီယန်သည် ဆက်လက်ပြီး "နင်က  ထိန်းချုပ်ဖို့ လွယ်တယ်.. ငါဆိုလိုတာက နင်က တော်တော်နာခံမှုရှိတာ”

ပိုင်ကျီယန်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။

"ငါပြောချင်တာက နင့်ကိုကြည့်ရတာ” သူမက သူ့ကို စသလိုလို ကြည့်နေသည် ။

"နင်က ငါ့ခွင့်မပြုရင် ဘာမှ မလုပ်ရဲဘူး မလား"

သူမ၏ အပြုံးသည် နက်ရှိုင်းလာသည်။

"ငါအမြဲတမ်းတောင့်တတဲ့ လွတ်လပ်မှုကို လိုချင်ရင် စွန့်လွှတ်အနစ်နာခံမှုလေးတွေတော့ ရှိမှာပဲ ။ ငါ နင်နဲ့ အိမ်ထောင်ပြုရင် အဲဒါတွေအကုန်လုံးနီးပါးရမှာ။ အဲ့တော့  ဒါကိုဘာလို့ မလုပ်ရမှာလဲ။"

သူမသည် သားကောင်နဲ့ ကစားနေသည့် ကြောင်တစ်ကောင်လို  ပြုံးပြသည်။

အမှန်တော့ အဓိကအကြောင်းရင်းမှာ ပိုင်ကျီဟန်သည် သန်မာသူများကို ကြောက်ရွံ့ပြီး အားနည်းသူများကို ဖိနှိပ်တတ်သောကြောင့်ဖြစ်သည်။

သူသည် ပျင်းရိပြီး ရည်မှန်းချက်လည်း ကင်းမဲ့ခဲ့သည်။

ထိုကဲ့သို့သော အကျင့်စရိုက်များကို အများက  နှိမ့်ချကြသော်လည်း ၎င်းသည် ချူကျီယန် လိုချင်သည့်အတိုင်း ဖြစ်သည်။

  ပိုင်ကျီဟန်သည် ပိုသန်မာသည့် လူတစ်

ယောက်ဖြစ်သည့် သူမအပေါ်   စိန်ခေါ်တာ  ဒါမှမဟုတ် တောင်းဆိုဝံ့တာမျိုး ရှိမှာမဟုတ်ကြောင်း သူမသိသည်။

ထို့အပြင် အခြားသောသူတွေနှင့် မတူတာက ပိုင်ကျီဟန်သည် သူမ၏ အလှကြောင့်ဖြစ်စေ သို့မဟုတ် ဆွဲဆောင်မှု ရှိသောအရာကြောင့်ဖြစ်စေ ငမ်းငမ်းတက် ကြည့်တာမျိုး လုပ်မည် မဟုတ်ပေ

ဘာပဲဖြစ်ဖြစ်  ပိုင်ကျီဟန်နဲ့ လက်ထပ်လိုက်ခြင်းအားဖြင့် သူမမျိုးနွယ်စု၏ အိမ်ထောင်ရေး မဟာမိတ်ကို အာမခံချက်ရှိမည်ဟု ခံစားခဲ့ရပြီး နောက်ဆုံးမှာတော့ သူမသည် အိမ်ထောင်ရေး ဝန်ထုပ်ဝန်ပိုးမှလည်း လွတ်မြောက်တော့မှာ ဖြစ်သည်။

ပိုင်ကျီဟန်ကိုတော့ သူမ အထူးဂရုမစိုက်ပေ။

"နင်နဲ့အတူဆို ငါဘာမှမဆုံးရှုံးဘူး"

ပိုင်ကျီဟန်သည်  သူ့ခန္ဓာကိုယ်မှ ဝိညာဉ် ထွက်သွားသလို  ခံစားလိုက်ရသည်။

(ဒီမိန်းမ…)

သူမသည် ဒါကို သေချာတွေးခဲ့ပြီး သူ့ကိုလက်ထပ်ချင်တာက အချစ်ကြောင့်မဟုတ်ဘဲ သူက လွယ်ကူသည့် ပစ်မှတ်ကြောင့်ဆိုတာ သဘောပေါက်ခဲ့သည်။

ထိုအရာကို တန်ပြန်ပြောဖို့ နည်းလမ်းရှာရင်း သူ့နှုတ်ခမ်းတွေ တုန်လှုပ်သွားသည်။

"ဒါပေမယ့်... ငါငြင်းရင် ဘာဖြစ်မလဲ၊ ငါက ဘာဖြစ်လဲ..."

"နင် မလုပ်နိုင်ဘူး။"

ချူကျီယန်သည် သူ့ကို စကားစ ဖြတ်တောက်လိုက်ပြီး သူမ၏ ယုံကြည်မှုတွေ မယိမ်းယိုင်ပေ။

"နင်မှာ ရွေးချယ်ခွင့် မရှိဘူး။  ဦးလေးပိုင်က နင့်ကို သေချာပေါက် ခွင့်မပြုဘူး။"

သူမသည် လက်ဖက်ရည်ကို သက်တောင့်သက်သာ သောက်လိုက်သည်။

ပိုင်ကျီဟန်သည် ပါးစပ်ကိုဖွင့်ပြီးမှ ပိတ်လိုက်သည်။

သူမပြောတာ လုံးဝမှန်သည်။

စေ့စပ်ပွဲမှ လွတ်မြောက်ရန် သူ၏ အစီအစဉ် တစ်ခုလုံးသည် မစတင်မီ ပြိုပျက်သွားခဲ့သည်။

(ချီးပဲ အဖေသိပြီးသားနေမှာ။ စေ့စပ်ကြော င်းလမ်းမကြေညာခင်မှာ သူယုံကြည်ချက်ရှိပြီး ချူကျီယန် နဲ့တွေ့ဖို့ မကန့်ကွက်ခဲ့တာ အံ့သြစရာမရှိပါဘူး။)

ချူကျီယန်သည် သူ့ခွက်ကို ချလိုက်ပြီး ပြုံးလိုက်သည်။

"ကဲ ဒါဆို စေ့စပ်ကြောင်းလမ်းတာကို ဘယ်တော့ကြေညာမလဲ ဆိုတာ ပြောကြရအောင်။"

ပိုင်ကျီဟန်သည် ငိုချင်လာသည်။

(ငါ ချောင်ပိတ်မိသွားပြီ)

"ဒါ-ဒါပေမယ့် ပိုကောင်းတဲ့ရွေးချယ်စရာမရှိဘူးလား။

  ပိုင်ကျန့်ဆိုရင်ကော ဘယ်လိုလဲ။"

ပိုင်ကျီဟန်သည် လက်မလျှော့ဖို့ တွေးလိုက်သည်။

ထိုသို့ပြုလုပ်ခြင်းသည် နောက်ဆုံးတွင် အမွေဆက်ခံသူရာထူး ဆုံးရှုံးသွားမည်ဖြစ်ကြောင်း သိရှိသော်ငြား ၎င်းသည် သူဆန္ဒရှိသည့် သေးငယ်သောစွန့်လွှတ်အနစ်နာခံမှုတစ်ခု ဖြစ်သည်။

ချူကျီယန်က ခေါင်းယမ်းလိုက်သည်။

"ငါမလုပ်နိုင်ဘူးသိလား။ ဒီလိုလုပ်တာက ရွှယ်ချင်းနဲ့ရန်သူဖြစ်လာတာနဲ့ အတူတူပဲ။"

ချူကျီယန်သည် ရှင်းပြသည်။

ပိုင်မျိုးနွယ် အတွင်းရှိ နိုင်ငံရေးအခြေအနေနှင့် ဌာနခွဲမိသားစုများသည် လက်ရှိ မျိုးနွယ်စု၏ အကြီးအကဲနေရာကို အစားထိုးဖို့ မည်သို့ကြိုးစားနေပုံတို့ကို သူမ ကောင်းစွာသိရှိခဲ့သည်။

ပိုင်ကျီဟန်ထက် အခြားသူနှင့်လက်ထပ်ခြင်းသည် ၎င်းတို့ကို ပံ့ပိုးပေးသည်နှင့် အတူတူပင်ဖြစ်ပြီး သူမနှင့်  ရွှယ်ချင်းအကြား အကွဲကွဲအပြဲပြဲဖြစ်စေနိုင်သည်ကို သူမသိသည်။

"ပြီးတော့ အဲဒီလူက အတော်လေးကို ချုပ်ကိုင်တတ်ပြီး ကြီးစိုးလွန်းတယ်။ သူက ကိုင်တွယ်ရခက်ပုံရတယ်။"

(ဒါက သူမအတွက် တကယ့်အကြောင်းပြချက်ဖြစ်သင့်တယ်)

ပိုင်ကျီဟန်တွေးလိုက်သည်။

နောက်ဆုံးတွင် ချူကျီယန်သည် သူမနှစ်သက်သမျှကို ဆက်လက်လုပ်ဆောင်နိုင်လောက်အောင် အားနည်းပြီး လွယ်ကူသောလူတစ်ဦးကို လိုချင်တောင့်တခဲ့ကာ ပိုင်ကျီဟန်သည် ထိုသို့ ပြီးပြည့်စုံသည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။

ပိုင်ကျီဟန်သည် ခေါင်းကုတ်ရင်း ချူကျီယန်၏စိတ်ကိုပြောင်းလဲပြီး ဤစေ့စပ်ကြောင်းလမ်းမှုမှ လွတ်မြောက်ရန် အကြံဥာဏ်တစ်ခုရဖို့ ကြိုးစားနေသည်။

"တကယ်တော့ ဒါက နင့်အတွက်လည်း ကောင်းတာပဲ”

ချူကျီယန် ရုတ်တရက် ပြောလိုက်သည် ။

ပိုင်ကျီဟန်သည် သူ့ဘက်လှည့်လာပြီး  ဒီကမ္ဘာကြီးမှာ ဒါက သူ့အတွက် ဘာကောင်းနိုင်မလဲဟု ရှင်းရှင်းလင်းလင်း မေးချင်မိသည်။

"နင် ကြိုက်နေတဲ့သူရှိလား"

ချူကျီယန်က မေးသည်။

ပိုင်ကျီဟန်သည် ခေါင်းခါလိုက်သည်။

"ဒါဆို ငါနဲ့ စေ့စပ်တာက ဘာပြဿနာမှ မရှိဘူး"

(အဲဒါက ပြဿနာပဲလေ)

ပိုင်ကျီဟန်သည် အကျယ်ကြီး မပြောဘဲ တွေးနေမိသည်။

"နင် ငါ့ကိစ္စတွေကို ဝင်မစွက်ဖက်နဲ့။  ငါလည်း နင့်လုပ်ငန်းကို ဝင်မစွက်ဖက်ဘူး။"

ချူကျီယန်က ပြောသည်။

ဒါပေမယ့်  ပိုင်ကျီဟန်သည် မှုန်ကုပ်ကုပ် မျက်နှာနဲ့ ရှိနေဆဲပင်။ သူမနဲ့ စေ့စပ်ထားတာမဟုတ်ရင်တောင် သူ့တွင် ဒီကမ္ဘာ၌ လွတ်လပ်မှုအပြည့်ရှိသည်။

သူ့အပြောအဆိုကိုမြင်တော့ ချူကျီယန်သည်နောက်ထပ် "အားသာချက်" ကို ထပ်ဖြည့်လိုက်သည်။

"ဒါဆိုရင်ရော ဘယ်လိုလဲ၊ နောင်မှာ နင်ချစ်တဲ့သူကို တွေ့လို့ သူ့ကို အငယ်မယား အဖြစ်ထားရင်လည်း ငါစိတ်မဆိုးဘူး"

ချူကျီယန်က ပြောသည်။

"မယုံနိုင်စရာပဲ”

ပိုင်ကျီဟန်သည် ရေရွတ်လိုက်သည်။

သူမ စကားတွေကပင် မယုံနိုင်စရာ စကားလုံးမဟုတ်ဘဲ သူမ စိတ်ပိုင်းဖြတ်ထားသည့် လမ်းခရီးက ပိုရှည်လျားနေကြောင်း သူသိလိုက်သည်။

All Chapters