← Chapters

ချူကျီယန်အတွက် တိုက်ပွဲ

Vol. 2 Ch. 23

ချူကျီယန်အတွက် တိုက်ပွဲ

Vol. 2 Ch. 23

ပိုင်ကျီဟန်သည် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ကြောင်း သိပြီးနောက် ရွေးချယ်စရာ မရှိတောပေ။

“ ငါ ပိုသန်မာလာတဲ့အခါ သူလုပ်လိုက်တဲ့ အမှားကြီးကို သူသိလိမ့်မယ်”

ပိုင်ကျီဟန်သည် ဒေါသတကြီးနဲ့ ရေရွတ်လိုက်သည်။

ဒါက သူ့အစီအစဥ် ပျက်ပြယ်သွားပြီးနောက် သူ့ကိုယ်သူ ဖြေသိမ့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပင်။

"ငါ့ကို ကူညီပေးနိုင်တဲ့သူရှိရင်။"

သို့သော် သူ့မသိလိုက်ခင်မှာပဲ  သူ၏ရန်သူအများအပြားဖြစ်သော ပိုင်ကျီဟန်ကို အမွေဆက်ခံသူမှ ဖြုတ်ချချင်သည့် ပိုင်မျိုးနွယ်၏  အကြီးအကဲများသည် သူ့ရည်မှန်းချက်လက်တွေ့ ဖြစ်လာစေရန် ကြံစည်နေကြပြီဖြစ်သည်။

ချူမျိုးနွယ် ပါဝင်လာမှုကြောင့်  ချူကျီယန်၏ စေ့စပ်ထားသူအဖြစ် ကြေညာခံရသရွေ့  ပိုင်ကျီဟန်ကို အမွေဆက်ခံသူအဖြစ် ဖယ်ရှားခြင်းမှာ  မဖြစ်နိုင်ကြောင်း သူတို့သိကြသည်။

သို့သော် ဤမျှလောက် လွယ်လွယ်နှင့် ခွင့်မပြုခဲ့ပေ။

"ဂိုဏ်းထဲမှာ ဘာတွေဖြစ်နေလဲ သိလား"

ပိုင်ဖန်းက မေးသည်။

ပိုင်ကျန့်သည် ခေါင်းညိတ်လိုက်သည်။

သူသိနေသည်။

သူ ဒေါသထွက်နေသည်— ပိုင်ကျီဟန်၏ အမွေဆက်ခံသူ ရာထူးကို ခိုင်မာစေရုံသာမက  ချူကျီယန်ကိုလည်း ၎င်း၏ စေ့စပ်ထားသူအဖြစ်လည်း ရရှိခဲ့သည်။

 ချူကျီယန်သည် ပိုင်မျိုးနွယ်သို့ရောက်ရှိပြီး သုံးရက်အကြာတွင် အင်ပါယာတစ်ခုလုံးတွင် လူသိများလာမည့် စေ့စပ်ကြောင်းလမ်းမှုကို တရားဝင်ကြေငြာမည်ဖြစ်သည်။

"စိတ်မပူပါနဲ့ မင်းမှာ အခွင့်အရေးရှိသေးတယ်”

ပိုင်ဖန်းသည် ပြုံးပြီး ပြောလိုက်သည်။

"ဘာလဲ?"

ပိုင်ကျန့်သည် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

သူ့အဖေအစီအစဉ် ပျက်သွားကာ ပိုင်ကျီဟန်အား အမွေဆက်ခံသူအဖြစ် ရာထူးမှ ပြောင်းလဲဖို့ နည်းလမ်းမရှိဘူးဟု သူထင်ခဲ့သည်။

"ဟာဟား...ပိုင်ကျီဟန် ၊ ချူကျီယန်ကိုလက်ထပ်ဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ?ချူကျီယန်လည်း အဲ့ဒီအကြံအစည်ကို လုံးဝ စက်ဆုပ်မှာပဲ။"

ပိုင်ကျန့်သည် သူ့အဖေ၏ စကားကြောင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"အဖေဆိုလိုတာ…?"

ပိုင်ကျန့်သည် ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက လိမ္မာပါးနပ်စွာ တောက်ပနေသည်။

“ အခြားအကြီးအကဲတွေလည်း ဒါကိုသဘောပေါက်ကြတယ်။

စေ့စပ်ကြောင်းလမ်းမှုကို မကြေညာခင် ချူကျီယန် နှလုံးသားကိုအနိုင်ရသူက အမွေဆက်ခံသူရာထူးကိုရရှိမှာ သိသာပါတယ်”

ပိုင်ကျန့်သည် သူ့လက်သီးများကို ဆုပ်ထားသည်။ ဒါက ပြီးပြည့်စုံသည်။

ချူကျီယန်ကိုယ်တိုင်က  ပိုင်ကျီဟန်ကိုငြင်းပယ်လျှင် စေ့စပ်ပွဲ ပျက်သွားလိမ့်မည်။

ချူမျိုးနွယ်၏ ကျောထောက်နောက်ခံမှု မရှိလျှင် ပိုင်ကျီဟန်၏ အမွေဆက်ခံသူရာထူးသည် နောက်တစ်ကြိမ် အားနည်းလာမည် ဖြစ်သည်။

 ချူကျီယန်နဲ့ လက်ထပ်ထိမ်းမြားဖို့ ပိုင်မျိုးနွယ်အတွက် လိုအပ်သည်ကို သိသော်လည်းသတို့သားကိုသာ အစားထိုးရန် လိုအပ်သည်။ အခြားအရာအားလုံးက မပြောင်းလဲဘဲ ရှိနေမည်ကို ၎င်းတို့လည်း သိထားသည်။

ပိုင်ဖန်းသည် အနားကို တိုးလာကာ အသံကို လျှော့လိုက်သည်။

"ချူကျီယန်က ပိုင်ကျီဟန်ကို လိုချင်တယ်လို့  ပိုင်ထျန်းဟမ်က ဘာလို့တစ်ထစ်ချ ပြောနိုင်လဲ မသိဘူး၊ ဒါပေမယ့် ဒါက အစီအစဥ်တစ်ခုပါပဲ၊ ဒါပေမယ့် ပိုကောင်းတဲ့ ရွေးချယ်မှုကို သူမ

တွေ့ရင် ဘယ်လိုလုပ်မလဲ၊ ပိုသန်မာပြီး စွမ်းဆောင်နိုင်သူ တစ်ယောက်ယောက်က သူ့အနားမှာ တကယ်ရပ်တည်နေထိုက်သူ တစ်ယောက်မလား။"

ပိုင်ဖန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

"သူမက တခြားတစ်ယောက်နဲ့ ချစ်မိသွားပြီး ပိုင်ကျီဟန်နဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ပိုင်မျိုးနွယ်ခေါင်းဆောင်မပြောနဲ့ ။ ဘယ်သူမှ ဝင်စွက်

ဖက်နိုင်မှာ မဟုတ်ပါဘူး"

ဘာပဲဖြစ်ဖြစ်  ပိုင်ကျန့်သည် ချူကျီယန်စိတ်ကို ပြောင်းလဲတာ ဒါမှမဟုတ် စေ့စပ်ပွဲကို ဖျက်သိမ်းပြီး တခြားတစ်ယောက်ကို ရွေးချယ်ဖို့ သူမကို သွေးဆောင်နိုင်နေသရွေ့ ပြဿနာရှိမှာ မဟုတ်ဘူးဟု ပိုင်ဖန်းသည် ယုံကြည်ခဲ့သည်။

ပိုင်ထျန်းဟမ်ပင်လျှင် မကန့်ကွက်နိုင်ပေ၊ မဟုတ်ပါက မျိုးနွယ်စု၏ အကျိုးစီးပွားကို ဆန့်ကျင်သွားမည်ဖြစ်သည်။

"မင်းနဲ့ ရွယ်တူတွေထဲမှာ မင်းက အလားအလာအရှိဆုံး ကိုယ်စားလှယ်လောင်းပဲ။ အကြီးအကဲတွေတောင် မင်းရဲ့အရည်အချင်းကို အသိအမှတ်ပြုတယ်။ မင်းသူ့ကို အနိုင်ယူနိုင်ခဲ့ရင်”

ပိုင်ကျန့်သည် သူ့နှလုံးခုန်သံကို ခံစားလိုက်ရသည်။

အမှန်ပင် မျိုးဆက်သစ်လူငယ်များကြားတွင် သူသည် အရည်အချင်းအရှိဆုံးနှင့် ချူကျီယန်၏ အထိုက်တန်ဆုံးသူ ဖြစ်သည်။

"အမွေဆက်ခံသူရဲ့ အနေအထားက ငါနဲ့ပဲ အဆင်ပြေတာပဲ..."

ပိုင်ဖန်းစကား ဆုံးသွားတော့ သူ့မျက်လုံးတွေက ရည်မှန်းချက်တွေနဲ့ တဖျပ်ဖျပ်ဖျပ်ခတ်သွားသည်။

"ဟုတ်တယ်”

ပိုင်ကျန့်သည် ခေါင်းညိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် စေ့စပ်ကြောင်းလမ်းကို တရားဝင်မကြေငြာခင်မှာ  ချူကျီယန်ကို မင်းအပိုင်ဖြစ်အောင် လုပ်ရမယ်။"

ပိုင်ကျီဟန်သည် အသက်ပြင်းပြင်းရှူလိုက်သည်။

ချူကျီယန်...

 ၎င်းတို့မျိုးဆက်၏ အထူးခြားဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ အရည်အချင်း၊ အလှတရားနဲ့ သူမ၏ ဂုဏ်

သတင်းကြောင့် သူမကို အမြဲလေးစားခဲ့သည်။

သို့သော်လည်း သူမသည် အသုံးမဝင်သော အရူးကောင် ပိုင်ကျီဟန်ဆီမှာ ဖြုန်းတီးပစ်တော့မည်။

ပိုင်ကျန့်နှုတ်ခမ်းများသည် ပြတ်ပြတ်သားသား ပြုံးလိုက်သည် ။

"သူမက မကြာခင်မှာ ပိုကောင်းတဲ့လူက ဘယ်သူလဲဆိုတာ သိလာလိမ့်မယ်။"

ပိုင်ဖန်းသည် သူ့သားပခုံးကို ပုတ်လိုက်သည်။

“ ကောင်းတယ်။ ချူကျီယန်က  အခု ပိုင်မျိုးနွယ်နေအိမ်မှာ အချိန်တစ်ခုအထိ  တည်းခိုမှာ။ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချ။  ဘာပဲဖြစ်​ဖြစ်​ မင်း သူ့စိတ်ကိုပြောင်း​အောင်​လုပ်​ရမယ်​။"

ပိုင်ကျန့်သည် ခေါင်းညိတ်လိုက်သည်

ဘာပဲဖြစ်​ဖြစ်​...သူ့အနေနဲ့ ပိုင်ကျီဟန်ကို ဒီအချိန်​မှာ နိုင်​ခွင့်​​ပေးမှာ မဟုတ်​ပေ။

ထိုသို့သော အကြံအစည်များသည် ပိုင်ဖန်းမှာသာ ရှိတာ မဟုတ်ပေ ။ အခြားသော အကြီးအကဲများသည်လည်း သူတို့၏သားများကို အလားတူ ညွှန်ကြားချက်များ ပေးကြသည်။

ပိုင်ထျန်းဟမ်ကို ထောက်ခံပြီး ပိုင်ကျန့်ကို အမွေဆက်ခံရန် ကူညီပေးလိုသော်လည်း ၎င်းတို့၏စိတ်ထဲတွင် သူတို့သားသမီးများမှ လွဲလျှင်  အခြား ကိုယ်စားလှယ်လောင်းကို သာ စိတ်ထဲတွင် ရှိသည်ဟု မဆိုလိုပေ။

ပိုင်ကျန့်သည် အမှန်တကယ်ပင် အရည်အချင်းအရှိဆုံးဖြစ်ပြီး ၎င်းတို့၏သားများသည် စွမ်းဆောင်ရည် အားနည်းသော်လည်း ၎င်းတို့အနက်မှတစ်ဦးသည် ချူကျီယန်၏နှလုံးသားကို အနိုင်ယူနိုင်သရွေ့ အမွေဆက်ခံမည့်ရာထူးအတွက် အခွင့်အရေးရှိမည်ကို သူတို့သိသည်။

ထိုအတောအတွင်း ပိုင်ကျီဟန်သည် ပူးပေါင်းကြံစည်မှုများကို လုံးဝသတိမထားမိခဲ့ပေ။

စေ့စပ်ပွဲကို ဖျက်သိမ်းရန် ပျက်ကွက်ခဲ့သည့် ကြိုးပမ်းမှုအပေါ် စိတ်ပျက်မိသော်လည်း ချူကျီယန်အပေါ် မျက်လုံးဘယ်နှစ်လုံး ရှိနေပြီလဲဆိုတာကို ပိုင်ကျီဟန် မသိခဲ့ပေ။

သို့သော် ဤအခြေအနေတွင် သူအကြာကြီးနေရန် ရည်ရွယ်ထားသည်ဟု မဆိုလိုပေ

သူသည် အားနည်းလွန်းသည်။

စေ့စပ်ပွဲသာ ဆက်သွားရင် သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး ဆိုတာ သူသိသည်။

ချူကျီယန်ကို သိရသလောက် အနာဂတ်တွင် သူမ၏ ကြီးစိုးမှုကို တွန်းလှန်ဖို့ မဖြစ်နိုင်ရုံသာမက သူမလို အထင်ကြီးခံရသူတစ်ဦးသည် တစ်နေ့တွင် သူ့ကိုစိန်ခေါ်ရန် ထကြွလာမည့် အလားအလာအတွက်ပါ ပြင်ဆင်ထားရမည် ဖြစ်သည်။

နောက်ဆုံးတော့  ဒါက ပုံမှန် ဇာတ်လမ်းမဟုတ်ပါလား။

စွမ်းအားရှိသည့် လူငယ်ပါရမီရှင်တစ်ဦးသည် မိသားစုရေးရာကြောင့် သူတို့မချစ်သောသူများနှင့် စေ့စပ်ဖို့ အတင်းအကျပ်ခိုင်းစေခံရသည့်အခါ တစ်ဖက်ချစ်သူက

မိန်းကလေး၏မိသားစုမှ အသိအမှတ်ပြုခံရဖို့ ကြိုးစားရင်း နောက်ဆုံးတွင် မလိုချင်ခဲ့သော စေ့စပ်ထားသူနဲ့ စစ်ပွဲကြီးတွင် အနိုင်ရသွားသကဲ့သို့ ဇာတ်လမ်းမျိုးလည်း ဖြစ်နိုင်သည်။

ချူကျီယန်သည် သူမတွင် ချစ်သူမရှိတာကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းရန် ငြင်းဆိုခဲ့သော်လည်း  ပိုင်ကျီဟန်သည် အလားတူဇာတ်လမ်းတွင် ဗီလိန်အဖြစ် အလွယ်တကူအဆုံးသတ်နိုင်သည်ကို သူ၏ကိုယ်ပိုင် အခြေအနေအရ ကောင်းစွာသိသည်။

အဲဒီလိုမဟုတ်ဘဲ ချူကျီယန်ကို အထင်ကြီးလေးစားသူတွေ အများကြီးရှိခဲ့ပြီး သူမကို  အတင်းအကြပ် ဖိအားပေးခဲ့သည်ဟု  ယူဆတာကြောင့် သူ့ကိုသတ်ဖို့ကြိုးစားသူ တချို့လည်း ရှိကောင်းရှိနိုင်သည်။

ဒါကလည်း ဒီစေ့စပ်ကြောင်းလမ်းမှုကို အရင်ဆုံး မလိုချင်ခဲ့းသည့် နောက်ထပ်အကြောင်းရင်းတစ်ခုပင်။

"ဘာဖြစ်ဖြစ်”

နောက်ဆုံးတွင် သူသည် အားနည်းလွန်းလှသည်။

သူသာ သန်မာတယ်ဆိုရင်  ချူကျီယန်နဲ့ လက်ထပ်ရင်တောင် ဒါက ပြဿနာရှိမှာ မဟုတ်ပေ။

ထို့အတွက်အရေးကြီးဆုံးအဆင့်မှာ -  ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းကို ကျင့်ကြံရန် ဖြစ်သည်။

All Chapters