← Chapters

ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းကို ကျင့်ကြံခြင်း

Vol. 2 Ch. 24

ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းကို ကျင့်ကြံခြင်း

Vol. 2 Ch. 24

ပိုင်ကျီဟန်သည်  ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းကို ကျင့်ကြံရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို စုဆောင်းဖို့ သူ့အစေခံများကို အမိန့်ပေးထားပြီးဖြစ်သည်။

လိုအပ်သောပစ္စည်းများသည် အလွန်ရှားပါးပြီး အဖိုးတန်လှသည်။ တစ်ခုစီသည် အစွမ်းထက်သော ကျင့်ကြံသူများကိုပင် မနာလိုဖြစ်စေမည့် ရတနာတစ်ခုဖြစ်သည်။

နဂါးသားရဲများ၏ အရိုးများမှ ထုတ်ယူထားသည့် အဆင့်(၃) နဂါးသွေးခြင်ဆီ၊၎င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သံမဏိထက် ပိုမို တောင့်တင်းခိုင်ခံ့စေနိုင်သည်။

အဆင့် (၄) မရဏမီး အနှစ်သာရ ၊ မီးလျှံပါ၀င်သော သတ္တုဓာတ်သည် ခန္ဓာကိုယ်၏ စွမ်းအင်လမ်းကြောင်းများကို  မြင့်တင်ပေးနိုင်စွမ်းရှိပြီး ၎င်းတို့၏ ခံနိုင်ရည်နှင့် စွမ်းအင်စီးဆင်းမှုကို တိုးမြင့်စေသည်။

အဆင့် (၄) ဝိညာဉ်မြက်—ခန္ဓာကိုယ်၏ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး အံ့ဩဖွယ်ရာနှုန်းဖြင့် ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာစေနိုင်သည့်  ဆန်းကြယ်သောဆေးဖက်ဝင်အပင်ဖြစ်သည်။

ပြီးတော့ အခြားပါဝင်ပစ္စည်း (၂၀) နီးပါးလိုအပ်ပြီး ၎င်းတို့အားလုံးသည် အဆင့်(၂) အထက်ဖြစ်သည်။

ဤပစ္စည်းများတစ်ခုစီသည် ရရှိရန် အလွန်ခက်ခဲသော်လည်း ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ကျောထောက်နောက်ခံရှိသည်။

ပိုင်မျိုးနွယ်အတွင်း၌ လိုအပ်သည့် ထို ပါဝင်ပစ္စည်းတွေအားလုံးကို ရနိုင်သည်။

သူ့ပိုင်တာမဟုတ်သည့်အတွက်  သူလိုချင်တာမှန်သမျှကို အလွယ်တကူယူနိုင်မည်ဟု  မဆိုလိုပေ

အမွေဆက်ခံသူ  ပိုင်ကျီဟန်အဖို့ အခွင့်ထူးများစွာရှိသော်လည်း အဆင့်(၃)နှင့်အထက် ပါဝင်ပစ္စည်းများလို မျိုးနွယ်စု၏အရင်းအမြစ်များကို  အကြောင်းပြချက်မ

ရှိဘဲ ရယူရန် ခွင့်မပြုပေ

သို့သော် သူသည် ဤအခက်အခဲကို ကြိုတင်မျှော်လင့်ထားပြီး သူ့အဖေထံမှ ခွင့်ပြုချက်ရခဲ့သည်။

သူ့အဖေကို ဘယ်လိုယုံကြည်အောင်လုပ်ခဲ့လဲဆိုလျှင်  

သူ့၏ လေ့ကျင့်ရေးတစ်ခုတည်းအတွက်သာ

ဖြစ်ပြီး စေ့စပ်ပွဲကို မဖျက်စီးဘူးဟုလည်း ကတိပြုခဲ့ရသည်။

စေ့စပ်ပွဲကို ဖျက်စီးပစ်ဖို့ ခက်ခဲပုံပေါက်တဲ့အတွက် သူ မလုပ်ချင်ပေ။  ရနိုင်လျှင်တော့ လက်မထပ်ချင်ပေ

ဒါပေမယ့် သူ့အဖေကတော့ ဒါကို မသိတဲ့အတွက်  အခွင့်ကောင်းယူလို့ ရခဲ့သည်။

ပိုင်ကျီဟန်၏ အတိတ်က အပြုအမူတွေကြောင့် မဆင်မခြင် တစ်ခုခုလုပ်မှာကို ပိုင်ထျန်းဟမ်အနေနဲ့ စိုးရိမ်နေခဲ့သည်။

ထိုကတိကြောင့် ပိုင်ကျီဟန် စေ့စပ်ပွဲအား ဝင်ရောက် စွက်ဖက်မည်ကို ပိုင်ထျန်းဟမ်အနေနဲ့ စိုးရိမ်မှုနည်းပါးသော်လည်း ကလန်ကဆန်လုပ်ပါက ခါးပတ်သည် သူ့ဖင်ကို ရိုက်ဖို့ စောင့်နေသည်။

ထို့အပြင် လေ့ကျင့်မည်ကို ကြားသိရသောအခါ  ပိုင်ထျန်းဟမ်သည် ပို၍ ကျေနပ်သွားသည်။

ထိုပါဝင်ပစ္စည်းများသည် အဖိုးတန်သော်လည်း ပိုင်ထျန်းဟမ်အတွက် ၎င်းတို့သည် ပိုင်ကျီဟန်၏ အနာဂတ်လောက် တန်ဖိုးမရှိပေ။

ပိုင်ကျီဟန်သည် အဂ္ဂိရတ်ပညာရှင်ကို ဆေးပြား ဒါမှမဟုတ် တစ်ခုခုကို သန့်စင်ပေးဖို့ တောင်းဆိုမည်ဟု ပိုင်ထျန်းဟမ်က  ယူဆခဲ့သည်။ ပိုင်ကျီဟန်သည် ခန္ဓာကိုယ် သန့်စင်ဖို့အတွက် ထိုပါဝင်ပစ္စည်းတွေကို တိုက်ရိုက်သုံးတော့မယ်ဆိုတာ သူမသိခဲ့ချေ

ဒီလိုမှမဟုတ်ရင် အဆင့်(၄)နဲ့ အဆင့်(၃)ပါဝင်ပစ္စည်းတွေကို တိုက်ရိုက်သုံးစွဲတာ ဒါမှမဟုတ် သန့်စင်တာက ဘယ်လောက်အစွမ်းထက်လဲဆိုတာကို သိရုံနဲ့ အလွယ်တကူ သဘောတူနိုင်မှာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန်သည် ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ပါဝင်ပစ္စည်းများကို စုဆောင်းရယူရာတွင် ဝေးဝေးလံလံရှာဖွေရမယ့် ဇာတ်ကောင်နဲ့မတူတာကြောင့် ဒါက ပြဿနာမရှိပေ။

ဤအရင်းအမြစ်များကို လက်ထဲတွင်ကိုင်ဆောင်ထားခြင်းဖြင့် 

ပိုင်ကျီဟန်သည် ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းကို ကျင့်ကြံရန် အဆင်သင့်ဖြစ်နေချေသည်။

သို့သော်လည်း  ထိုလုပ်ငန်းစဉ်သည် လွယ်ကူမည်မဟုတ်ကြောင်း ပိုင်ကျီဟန်သိသည်။

နာကျင်မှုကို မခံနိုင်လျှင် သူသေဖို့ အခွင့်အလမ်းများသည်။ ဒါက ဆိုးရွားသည့် သေဆုံးမှုတစ်ခု ဖြစ်လာမည်ပင်။

ဒါပေမယ့် အနည်းဆုံးတော့ သူအဆင်သင့်ဖြစ်နေပြီဟု ထင်ခဲ့သည်။

သူသည်  တံခါးပိတ် ကျင့်ကြံသွားမည်ဖြစ်ပြီး အစေခံများအား  မနှောင့်ယှက်ဖို့ ဒါမှမဟုတ် အခြားမည်သူ့မှ  ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ ညွှန်ကြားထားမည် ဖြစ်သည်။

သူထွက်လာချိန်အထိသူ့လေ့ကျင့်မှုကိုမည်သူမျှ  အနှောင့်အယှက်ပေးလို့ မဖြစ်ပေ။

"ဟူး…"

ပိုင်ကျီဟန်သည် သူ၏ ကိုယ်ပိုင် လေ့ကျင့်ရေးခန်းထဲသို့ ဝင်ရောက်လာစဉ် အသက်ပြင်းပြင်းရှူလိုက်သည်။

အခန်းသည်  စွမ်းအင်အတက်အကျများကို ဖိနှိပ်ရန် ဖွဲ့စည်းပုံများဖြင့် အားဖြည့်ထားပြီး သူဘာလုပ်မည်ကို မည်သူမှ နားလည်မည်မဟုတ်ကြောင်း သေချာစေသည်။

ပါဝင်ပစ္စည်းများကို ပို့ဆောင်ထားပြီး တစ်ခုစီတိုင်းသည် စွမ်းအားဖြင့် တောက်ပနေသည်။

အဆင့်နိမ့်ပါဝင်ပစ္စည်းများသည် အားနည်းသောစွမ်းအင်များကို ထုတ်လွှတ်ပြီး  အဆင့်မြင့်ပစ္စည်းများသည် ကြီးမားသောဖိအားများကို ဖြာထွက်စေသည်။

ပထမအဆင့်ကတော့ အရိုးတွေကို သန်မာစေမည့် အဆင့်-၂  သံသစ်သားအမြစ်ကို ယူဖို့ပင်

"စကြရအောင်”

သူသည်  သံသစ်သားအမြစ်ကို မျိုချလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခိုက်တွင် နှေးကွေးပြီး စည်းချက်ကျစွာ ခုန်နေသော အရိုးစုတစ်ခုကဲ့သို့  မိန်ပျပျဖိအားတစ်ခု ပျံ့နှံ့သွားသည်။

သူ၏အရိုးများသည် တုန်ခါကာ အမြစ်၏အနှစ်သာရအောက်တွင် ၎င်းတို့ကို အားဖြည့်ပေးသည်။ ဒါက အဆင်မပြေပေမယ့် သည်းမခံဘဲ နေလို့မရပေ။

သူ့အနေနဲ့ တိတ်တိတ်လေး ခံနိုင်ရည်ရှိအောင် နေခဲ့ရသည်။

နောက်တစ်ခုကတော့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် ခန္ဓာကိုယ်ကို ပိုတုံ့ပြန်မှုဖြစ်စေသည့် အဆင့်(၂) မိုးကြိုးသစ်

ရွက်နွယ်ပင်ပင်။ 

အနှစ်သာရကို စုပ်ယူလိုက်သည့်အခိုက်တွင်  တုန်တုန်ယင်ယင် ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ ပြေးဝင်သွားပြီး သူ့အာရုံကြောများ အလိုအလျောက် လှုပ်ရှားလာသည်။

သူ၏ ကြွက်သားများ တောင့်တင်းလာကာ သူ့အရေပြားအောက်တွင် မရေမတွက်နိုင်သော ဆေးထိုးအပ်များ ထိုးထွင်းခံရသည့် ခံစားမှုမျိုး ပျံ့နှံ့သွားသည်။

လက်ချောင်းတွေသည် အနည်းငယ်တုန်နေပေမယ့် အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

သို့သော် သူ အသံမထွက်ခဲ့ပေ။

ထို့နောက် အဆင့်-၃ ရှိသော  သွေးကျောက်တုံးအဆီအနှစ်သည် သွေးပြန်လည် မွေးဖွားမှုနှင့်တက်ကြွမှုကို မြှင့်တင်ပေးနိုင်သည့် ရလဒ် ရှိသည်။

သူ့ခန္ဓာကိုယ်နှင့် အနှစ်သာရ ပေါင်းစပ်လိုက်သည့်အခိုက်တွင် သူ့နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွားသည်။

"ဂူး”

စွမ်းအားများသည် သူ၏ သွေးကြောများမှတဆင့် တဟုန်ထိုး ပေါက်ထွက်ကာ ရေလွှမ်းမိုးသလို အရှိန်မပြတ်စီးဆင်းနေသည် ။

သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရ၏  သူ့အရေပြားသည် နီရဲလာပြီး သူ့ကိုယ်တွင်းအင်္ဂါများသည် ပြင်းထန်လွန်းသော တွန်းအားကြောင့် ကွဲထွက်သွားသည်။

သူ့အသက်ရှူသံတွေ ကြမ်းတမ်းလာချေသည်။ မေးရိုးကို တင်းတင်းစိထားသော်လည်း ညည်းညူသံများသည် သူ့နှုတ်ခမ်းများမှ ထွက်သွားသည်။

"မဟုတ်ဘူး... မဟုတ်ဘူး! ငါခံနိုင်ရည်ရှိရမယ်”

ဝေဒနာက သူ့စိတ်ကို ကြေကွဲလုမတတ် ဖြစ်နေသော်ငြားလည်း  ပိုင်ကျီဟန်သည် သူ့ဘာသာ တည်ငြိမ်အောင် ထိန်းထားရသည်။

သူစားသုံးလိုက်သည့်   အရွက်များနဲ့အတူ နာကျင်မှုတွေ တိုးလာပေမဲ့ နောက်ပြန်မဆုတ်တော့ပေ။

သူရပ်လိုက်လျှင် သေခြင်းတရားသည် သူ့အား စောင့်မျှော်နေသည့် တစ်ခုတည်းသောရလဒ်ဖြစ်သည်။ သူ့ရှင်သန်ခြင်း၏ တစ်ခုတည်းသော လမ်းကြောင်းမှာ အဆုံးအထိ ဆက်ပြီး ခံနိုင်ရည်ရှိဖို့ပင်။

မိနစ်တွေ ကုန်ဆုံးသွားချေသည်။

သန့်စင်ထား သောပါဝင်ပစ္စည်းတစ်ခုစီဖြင့် သူ၏ခန္ဓာကိုယ်သည် ယခင်ကနှင့်မတူဘဲ နာကျင်ကိုက်ခဲမှု မျိုးစုံကို ခံစားခဲ့ရသည်။ အလွန်ပင် ဝေဒနာပြင်းထန်ပြီး သေဖို့ကိုပဲ တောင့်တခဲ့သည်။

သို့တိုင် ပိုင်ကျီဟန်ကတော့ ဆက်လက် ရပ်တည်နေဆဲပင်။

ဤဝေဒနာသည် သူခံနိုင်ရည်ရှိရမည့် ယာယီသာဖြစ်သည်ကို သူသိသည်။ ဒီလိုမှမဟုတ်လျှင် သူ့အခြေအနေအရ သေခြင်းတရားသည် သူ့ကို အချိန်မရွေး လွှမ်းမိုးသွားနိုင်သည်။

"ဆက်- ဆက်လုပ်ရအောင်..."

ယခုအချိန်သည် အဆင့်-၃ နဂါးသွေးခြင်ဆီ အချိန်ဖြစ်သည်။

သူသည် အရည်ပျစ်ပျစ်များကို မျိုချလိုက်ပြီး ချက်ချင်းပင် သူ၏ သွေးကြောများမှတဆင့် တက်ကြွခြင်း လှိုင်းလုံးများ ပျံ့နှံ့သွားသည်။

"ဂါးးးး”

အရိုးတွေ အက်ကွဲကုန်ပြီး ပုံသဏ္ဍာန်ပြန်ပေါ်လာကာ  သူ့ကြွက်သားတွေ ပြင်းထန်စွာ တွန့်လိမ်နေ၏  သူ့အရေပြား ပွင့်ထွက်သွားပြီး အောက်ခံအသားစိမ်းတွေ ထွက်လာသည်။

"အားးးး”

အနီရောင်ပူပြင်းသော စွမ်းအင်များသည် ခန္ဓာကိုယ်ကို ဖြတ်ကျော်ဝင်ရောက်လာသဖြင့် သွေးပြန်ကြောများ ပေါက်ထွက်ကုန်ကာ အတွင်းပိုင်းမှ ခွဲထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခံနေရသလိုပင်

သူသည် တစ်ချိန်တည်းမှာပင်  ကွဲထွက်ကုန်ပြီး ပြန်လည်အားဖြည့်လိုက်သလို ခံစားလိုက်ရသည်။

အမြင်အာရုံထဲတွင်  အစွန်းဘက်မှာ အမဲရောင်အစက်တွေ ကခုန်နေ၏

ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်ရီနေသော်ငြားလည်း ကျော်လွန်နိုင်ဖို့ ငြင်းဆန်မိသည့်အထိ သူ့နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။

 သစ်ဥသစ်ဖုတွေ အများကြီးနဲ့ သူ့ခန္ဓာကိုယ် မပေါက်ကွဲသေးတာက အံ့ဖွယ်တစ်ခုပင်။  ဒါသိုပေမဲ့  ၎င်းတို့ ထုတ်လွှတ်လိုက်သည့် လွှမ်းမိုးနေသော စွမ်းအားကို သူ ခံနိုင်ရည်ရှိနေတုန်းပင်။

သူသည်  နဂါးသွေးခြင်ဆီကို တည်ငြိမ်အောင် ထိန်းထားရုံမျှဖြင့် အဆင့်-၄  မရဏမီးအနှစ်သာရကို ဆက်လက် စားသုံးခဲ့သည်။

စွမ်းအင်လမ်းကြောင်းများနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ့တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။

"ဂါးးးး “

ငရဲမီးတောက်များသည် သူ့အတွင်းအင်္ဂါများကို လောင်ကျွမ်းနေချိန်တွင် ပိုင်ကျီဟန်သည်  သွေးထွက်သံယို အသံနဲ့ အော်ဟစ်လိုက်သည် ။

စွမ်းအင်တွေ ဖြတ်သန်းစီးဆင်းနေချိန်မှာ သူ၏ စွမ်းအင်လမ်းကြောင်းသည် ချဲ့ထွင်လာပြီး လောင်ကျွမ်းသွားသည်။

အရေပြားသည် မီးလောင်ကျွမ်းပြီး အက်ကွဲကုန်ကာ အရိုးများမှ အပူရှိန်များဖြာထွက်နေသည်။

"အားးး”

ပိုင်ကျီဟန်သည်  ရုန်းကန်နေရပြီး သူ့ ဖြစ်

တည်မှု၏ အမျှင်များအားလုံးသည် အဆုံးမဲ့ နှိပ်စက်ညှဉ်းပန်းခြင်း ခံနေရသည်။

ဤသည်မှာ ငရဲဖြစ်သည်—ငရဲထက်ပင် ပိုဆိုးပေမည်။

(ဘာလို့လဲ...ဘာလို့ ငါက ဒီလို ဒုက္ခခံနေရတာလဲ?)

သူ့စိတ်ထဲတွင် သံသယဝင်လာသည်။

သူကြံ့ကြံ့ခံနေရသည့် နှိပ်စက်ညှဉ်းပန်းမှုအတွက် လုံလောက်သော အကြောင်းပြချက် ရှိပုံ မပေါ်ပေ။ ၎င်းသည် အဓိပ္ပါယ်မရှိသလို သည်းလည်း မခံနိုင်တော့ပေ။

အရှုံးပေးပြီး သေခြင်းတရားကို ရင်ဆိုင်လိုက်တာ  ပိုလွယ်မှာ မဟုတ်ဘူးလား။ ဒါက သက်သာရာရစေမှာ မဟုတ်ဘူးလား။

ဒါပေမယ့် သူက မလုပ်နိုင်ပေ။ မလုပ်ချင်ပေ။

မည်မျှပင် နာကျင်စေကာမူ လက်နက်ချခြင်းသည် ရွေးချယ်စရာ မဟုတ်ပေ။

"ငါက ပိုင်ကျီဟန်ပဲ ၊ လူတိုင်းကို နင်းချေမဲ့သူလေ။ ငါလက်မလျှော့ဘူး”

ပိုင်ကျီဟန်သည် သူရဲဘောကြောင်သူဖြစ်နိုင်ပေမယ့် လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့သူတော့ မဟုတ်ပေ။ မျှော်လင့်ချက် အမှိန်ဖျော့ဖျော့လေး ကျန်နေသရွေ့ သူ့မှာ ရှိရှိသမျှ အရာအားလုံးကို ဆုပ်ကိုင်ထားနိုင်သည်။

သူ့ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် အော်ဟစ်နေပေမယ့် နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် (၄) ဝိညာဉ်မြက်ကို သူယူခဲ့သည်။

ရေခဲလှိုင်းကြီးတစ်ခုသည်  မီးနောက်ကို လိုက်သွားပြီး လောင်ကျွမ်းနေသည့် သူ့ခန္ဓာကိုယ်ကို အေးခဲသွားစေသည်။

"ဂါးးး”

သူ့ခန္ဓာကိုယ်သည်  ဆုတ်ဖြဲခံရပြီး ပြန်လည် တည်ဆောက်ထားသကဲ့သို့ ခံစားရကာ အဆုံးမဲ့ညှဉ်းဆဲမှုသံသရာတွင် ထပ်မံကွဲကြေသွားစေသလို

ခံစားခဲ့ရသည်။

ကိုယ်တွင်းအင်္ဂါများ တုန်ခါသွားပြီး သူ၏အရိုးများသည် သဘာဝ မဟုတ်သော အတိုင်းအတာတစ်ခုအထိ မာကျော လာကာ  သူ၏အသားသည် ပြန်လည်ပေါက်ဖွားလာသည်။ အကြိမ်တိုင်း ယခင်ကထက် ပိုမိုသန်မာလာသည်။

"အားးး”

စက္ကန့်လား? မိနစ်လား? နာရီလား?  ပိုင်ကျီဟန်မသိတော့ပေ ။ ဝေဒနာ၏ နက်နဲသော နေရာတွင် ပိတ်မိနေကာ အချိန်၏အဓိပ္ပါယ် အားလုံး ပျောက်ဆုံးသွားသည် ။

သူ အော်နေရသည်။ အနှိပ်စက်ခံရသည်။ ထို့နောက် သည်းခံရသည်။

အနန္တကာလတစ်ခုလို ခံစားရကာ  သူ၏ ခန္ဓာကိုယ်နှင့် စိတ်သည် တစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားသလို အမှောင်ဘက်သို့ တွန်းပို့ခံခဲ့ရသည်။

သည်းမခံနိုင်သော ဝေဒနာသည် ပျောက်ကွယ်စပြုလာသည်။

အသက်ရှုကြပ်တဲ့ ဖိအားသည် တဖြည်းဖြည်း လျော့သွားသည်။

ကွဲအက်နေသော သူ့ခန္ဓာကိုယ်ကို သူ့အလိုလို ပြုပြင်ပေးသည်။ သူ၏ အရေပြားတင်းမာလာပြီး ကြွက်သားများသည် လူသားထက် ကျော်လွန်သော အရာတစ်ခုအဖြစ် ပြန်လည် အားဖြည့်လာသည်။

တုန်ယင်နေသော အသက်ရှုသံနှင့်အတူ  ပိုင်ကျီဟန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

"ငါ...အသက်​ရှင်​သေးတာလား”

All Chapters