နာကျင်မှုများမှ ပြန်လည်မွေးဖွားခြင်း
Vol. 2 Ch. 25
ပိုင်ကျီဟန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို သိရှိနိုင်ဖို့ ကြိုးစားသော်လည်း သူ့အမြင်အာရုံတွင် အာရုံမစိုက်နိုင်တော့ပေ။
သည်းမခံနိုင်သော ဝေဒနာသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသော်လည်း သူ့ခန္ဓာကိုယ်သည် နာကျင်နေဆဲဖြစ်သည်။
သူသည် အချိန်အတော်ကြာအောင် အိပ်ပြီး မျက်နှာကျက်ကို စိုက်ကြည့်ကာ သူ့စိတ်တွေနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်နေသည်။
သူ အသက်ရှင်ခဲ့သည်။
ခက်ခက်ခဲခဲနဲ့ပင်
"ဟား...ဟား..."
အသက်ရှုသံများ ထွက်လာကာ ရင်ဘတ်ကမြင့်လိုက် တက်လိုက်နဲ့ သူ့ဘာသာ တည်ငြိမ်အောင် ကြိုးစားနေသည်။
နာကျင်မှုသည် သူတွေးဖူးသမျှထက် ကျော်လွန်နေခဲ့သည်။ အရူးတစ်ယောက်သာ ဒုတိယအကြိမ် ဖြတ်ကျော်လောက်သည့် သည်းမခံနိုင်လောက်သောအရာပင်။
သူသိမျှ အရာအားလုံးတွင် ဒါက အစသာဖြစ်သည်။
ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းသည် တစ်ကြိမ်တည်း လုပ်ဆောင်ရမည့်အရာ မဟုတ်ပေ။ သူ ထိူဒုက္ခကို ထပ်ပြီး ခံရည်နိုင်ရမည်။ နောက်ထပ်ပြီးလည်း နောက်ထပ်ပင်
အတွေးတစ်ခုတည်းက သူ့ကို ထိတ်လန့်သွားစေသည်။
"...ဒါကို ဒုတိယအကြိမ် ထပ်မလုပ်ချင်ဘူး"ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဒါပေမယ့် သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ လူတိုင်းအထက်မှာ ရပ်တည်ဖို့ ခွန်အားလိုချင်လျှင် သည်းခံရမည်။
တစ်ကြိမ်လုပ်နိုင်ရင် နှစ်ကြိမ်လုပ်နိုင်ရမည်ပင်။
အသက်ပြင်းပြင်းရှူရင်း ပိုင်ကျီဟန်သည် ထိုအတွေးများကို ဘေးဖယ်လိုက်ကာ သူ့ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သည်။
ထိုနည်းစနစ်ကို မကျင့်ကြံမီ အလွန်ရက်စက်မှုက ကိုယ်ခန္ဓာကို မသန်မစွမ်းဖြစ်စေကာ စွမ်းအင် လမ်းကြောင်းကွဲအက်သွားပြီး အခြေခံအုတ်မြစ်ကို ပျက်စီးသွားစေသည်။
ယခုမူ သူသည် ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းကို ကျင့်ကြံရာတွင် ဘေးထွက်ဆိုးကျိုးမရှိခဲ့ပေ။
တကယ်တော့… သူ ပိုသန်မာလာသလို ခံစားရသည်။
ပိုအားကောင်းလာ၏
လက်သီးကို တင်းတင်းဆုပ်ထားရင်း သွေးကြောတွေတစ်လျှောက် ပြင်းထန်သည့် စွမ်းအားတွေ တဟုန်ထိုး စီးဆင်းနေသလို ခံစားရသည်။
သူ့ကြွက်သားတွေ ပိုထူလာသည့်အပြင် အရိုးတွေ ပိုတောင့်တင်းလာပြီး သူ့အသားက ပိုသန့်စင်သွားပုံရသည်။
သူ့ခန္ဓာကိုယ်အတွင်းပိုင်းကနေအားဖြည့်ထားသလိုပင် ..သူ့အစိတ်အပိုင်းတိုင်းများသည် အရင်ကထက် ပိုသန်မာလာသည်။
"ဒီလိုကျတော့ နာကျင်မှုက ထိုက်တန်သလိုပဲ"
သူ ခံနိုင်ရည်ရှိခဲ့သော နာကျင်မှုသည် ပိုသန်မာစေမည်ကိုသိတောင် လူတိုင်း ခံနိုင်ရည်ရှိဖို့ မလွယ်ပေ။
အသစ်တွေ့ရှိသောခွန်အားကို သူခံစားခဲ့ရသော်လည်း ၎င်းသည် သူဖြတ်သန်းခဲ့သည့် အရာများနှင့် ကိုက်ညီမှုရှိမရှိ လုံးဝမသေချာပေ
ထိုသို့မပြောမီ ၎င်းကို စမ်းသပ်ရန် လိုအပ်သည်။
အဓိကဖွဲ့စည်းပုံနှောင်းပိုင်းအဆင့်ကိုလည်းဖြတ်သွားပုံရသည်။
"စနစ်၊ ငါ့အဆင့်ကိုပြပေး”
[အိမ်ရှင်အချက်အလက်]
အိမ်ရှင်- ပိုင်ကျီဟန်
အသက်: ၁၆
ကျင့်ကြံမှုနယ်ပယ်- အဓိကဖွဲ့စည်းပုံ(နှောင်းပိုင်း)
ကျင့်ကြံရေးစနစ် - မရှိပါ။
ကိုယ်ခံပညာ- အရိပ်ကိုးခု စီးဆင်းနေသော အလင်းဓား (အသေးစားကျွမ်းကျင်မှု)
သူစားသုံးခဲ့သော အဆင့်မြင့် ပါဝင်ပစ္စည်းများအားလုံးကို စဉ်းစားကြည့်လျှင် သေးငယ်သောနယ်ပယ်ကို ဖြတ်ကျော်သွားသည်မှာ အံ့သြစရာမဟုတ်ပေ။
မမျှော်လင့်ထားသည့် အမြတ်တစ်ခုဖြစ်ပေမယ့် အဆင်ပြေသည်။
မည်သို့ပင်ဆိုစေကာမူ ခွန်အား အဓိက တိုးလာခြင်းသည် သူ၏ ကျင့်ကြံမှုတွင် မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ကာ သူမည်မျှ သန်မာလာသည်ကို သိချင်နေမိသည်။
စူးစမ်းချင်စိတ်ကြောင့် သူသည် ဖြည်းညှင်းစွာထရပ်ပြီး ခြေလက်များကိုဆန့်ကာ ပခုံးကို ကားလိုက်သည်။
သူ့ခန္ဓာကိုယ်သည် မမြင်ရတဲ့ အတားအဆီးတွေကနေ ကင်းလွတ်သွားသလိုမျိုး လှုပ်ရှားမှုတွေက ချောမွေ့ပေါ့ပါးသလို ခံစားရသည်။
လက်ချောင်းတွေကို ကွေးလိုက်ဆန့်လိုက်နဲ့ သူ့လက်ကို ဆုပ်ထားလိုက်သည်။
သူ၏ကြွက်သားများအတွင်း လှုပ်ရှားမှုနဲ့ သူ့အကြောသွားရာ လမ်းကြောင်းရှိ အရာအားလုံး ကွဲပြားသွားသည် ။
ထပ်မံစမ်းသပ်ကြည့်ဖို့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူမျှော်လင့်ထားသည်ထက် ပိုမြန်စွာ ရွေ့လျားလာနိုင်ခဲ့သည်။
သူ့အရှိန်က တိုးလာချေသည်။
သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုကလည်း ပြောင်းလဲသွားခဲ့သည်။
အပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ် ရောက်လာသည်။
"ဒါ...မဆိုးဘူး"
လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်နှင့် ပိုင်ကျီဟန် အပြုံးသည် ပိုကျယ်ပြန့်လာကာ သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော ပင်ပန်းနွမ်းနယ်မှုနေရာကို စိတ်လှုပ်ရှားမှုက အစားထိုးဝင်ရောက်လာသည် ။
သူသည် စိတ်ကူးမယဉ်နိုင်သော ဝေဒနာကို ခံနိုင်ရည်ရှိခဲ့ပြီး ယခုအခါ ထိုဝေဒနာသည် အမှန်တကယ် ထိုက်တန်ခြင်း ရှိ၊ မရှိ သိမြင်ရမည့် အချိန်ဖြစ်သည်။
မျက်လုံးကိုမှိတ်ထားရင်း အသက်ပြင်းပြင်းရှူလိုက်ကာ
သူ့ခန္ဓာကိုယ်အတွင်း စွမ်းအင်စီးဆင်းမှုကို ခံစားလိုက်သည်။
သူ၏သွေးများသည် တဟုန်းဟုန်းတောက်နေသော မြစ်ကဲ့သို့ စီးဆင်းသွားကာ ကြွက်သားများသည် သံမဏိကြိုးများ ကဲ့သို့ တင်းမာနေပြီး သူ၏အရိုးများသည် ခိုင်ခံ့စွာ ဖြာထွက်နေသည်။
ထို့နောက် သူ ရွေ့လျားသည်။
ဘုန်း!
ခြေထောက်သည် မြေပြင်ပေါ် ဆောင့်ချလိုက်တာနဲ့ သူ့အောက်က ကျောက်တုံးတွေ အက်ကွဲသွားပြီး ပင့်ကူလို အကွဲကြောင်းတွေ ပြန့်ကျဲနေသည်။
ခန္ဓာကိုယ်သည် မှုန်ဝါးဝါးဖြစ်သွားပြီး အခန်း၏တစ်ဖက်ခြမ်းတွင် ချက်ချင်းဆိုသလို ပြန်ပေါ်လာသည်။
"…”
ပိုင်ကျီဟန်သည် အနည်းငယ် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။ အဲဒါကို သူ မမျှော်လင့်ထားပေ
သူ့အရှိန်က သုံးဆတိုးသွားချေသည်။
၎င်းသည် မြန်ဆန်ရုံသာမက ပေါက်ကွဲထွက်သလိုပင်။
သူ့လက်သီးကို ဆုပ်ထားပြီး ရှေ့ကို တွန်းထုတ်လိုက်သည်။
ဘုန်း!
သူ့ရှေ့ရှိ လေသည် ပြင်းပြင်းထန်ထန် တုန်ခါနေပြီး ဖိသိပ်ထားသော လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်ကာ ဖွဲ့စည်းပုံများဖြင့် ခိုင်ခံ့နေသည့် နံရံများကိုပင် လှုပ်ယမ်းစေသည်။
“သုံးဆ… ဒါမှမဟုတ် လေးဆလောက် ပိုအားကောင်းလာတယ်။”
ဒါဟာ သူ့၏ ကနဦး ခန့်မှန်းချက်ပင်။
သူ၏ ကာယခွန်အားသည် အနည်းဆုံး သုံးဆ တိုးလာတာ ဖြစ်နိုင်သည် ။
အကယ်၍ ၎င်းသည် ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်း ပထမပိုင်း၏ ရလဒ်ဖြစ်ခဲ့ပါက ပထမပုံစံကို အပြည့်အ၀ရရှိပြီးနောက်တွင် သူ၏စွမ်းအားသည် မည်မျှထိတ်လန့်ဖွယ်ဖြစ်လာမည်ကို စိတ်ကူးကြည့်နိုင်သည်။
ထိုအခါ လူဆိတ်ညံရာ ကောင်းကင်အင်ပါယာတွင် မည်သူမျှ သူ့ကို မသတ်နိုင်တော့ပေ။
အဲဒါက အလှမ်းဝေးနေသည့် ပန်းတိုင်ပင်။
ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကို ဖြတ်ကျော်ဖို့ဆို သူ့ခန္ဓာကိုယ်ကို ပိုမိုသန့်စင်အောင် ရှားပါးသော ပါဝင်ပစ္စည်းများကို စုဆောင်းကာ ပိုမိုကြီးမားသော နာကျင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။
သို့တိုင် သူ၏ လက်ရှိခန္ဓာကိုယ်သည် အများစုထက် သာလွန်နေပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီး
နောက်တွင်ပင် အခြားသူများ မရရှိနိုင်သည့် အရာတစ်ခုဖြစ်သည်။
သူ၏ လက်ရှိ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် အဓိကပေါင်းစည်းခြင်း
အဆင့် ကျင့်ကြံသူထက် သာလွန်နေချေပြီ။
၎င်းသည် အဓိကပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူအား အနိုင်ယူနိုင်မည်ဟု မဆိုလိုပေ။ သို့သော် ၎င်းတို့သည် ကိုယ်ခန္ဓာပိုင်းဆိုင်ရာစွမ်းရည်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ပိုင်ကျီဟန်ကို နိုင်နိုင်မည်လားဟုလည်း မသေချာချေ။
တခစ်ခစ်ရယ်ရင်း သူ့နှုတ်ခမ်းများ ကွေးသွားသည်။
"ဒါကောင်းတယ်”
သူသည် အဓိကပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်ခြင်း မရှိသေးသော်လည်း သူသည် တစ်စုံတစ်ခုကို တိုက်ခိုက်ပါက အနည်းဆုံး ရှင်သန်နိုင်သည်။
ယင်းကြောင့် သူ၏ ရှင်သန်နိုင်မှုသည် သိသိသာသာ တိုးလာခဲ့သည်။
ဒါတောင် စမ်းသပ်မှု မပြီးသေးချေ။
သူ့အင်အားက ဒီအတိုင်း တိုးလာခဲ့တော့ သူ့ခံစစ်ကရော
ပိုင်ကျီဟန်သည် လက်ချောင်းတွေကို ဆန့်လိုက်ပြီး လက်သီးကို ဆုပ်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူပြီး
ဘုန်း
သူ့ ရင်ဘတ်ကို ထိုးလိုက်သည်။
အခန်းထဲတွင် ဘုန်းကနဲ အသံတွေ ပဲ့တင်ထပ်နေပေမယ့်
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ သက်ရောက်မှုကို သူခံစားခဲ့ရပေမယ့် မထိခိုက်ခဲ့ပေ။
သူအသုံးပြုသည့် စွမ်းအားသည် သူစုဆောင်းနိုင်သည့် ပမာဏ၏ ၅၀% ဖြစ်သော်လည်း တိုးမြင့်လာမှုကြောင့် အဓိက ဖွဲ့စည်းပုံအဆင့်ရှိ မည်သူကိုမဆို ဖယ်ရှားပစ်ရန် လုံလောက်သည်။
"စွမ်းအားတွေ တိုးလာပြီ”
သူသည် စွမ်းအားအပြည့်နဲ့ဆို အဓိကပေါင်းစည်းခြင်းအဆင့်ကိုပင် ပြင်းထန်စွာ ထိခိုက်နိုင်စေသည်။
ဘုန်း!
သူ့လက်သီးသည်။သူ့ရင်ခွင်ထဲကို ထိုးဝင်သွားပြီး အပြင်ဘက်ကို ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေသည်။ လေက တုန်ခါသွားပြီး အခန်းနံရံများ အနည်းငယ် လှုပ်သွားသည်။
သူ့ကိုယ်သူ ထိမိရာက အနည်းငယ် နာကျင်မှုကို ခံစားရသော်လည်း ထိုသို့သော တိုက်ခိုက်မှု ဆယ်ကြိမ်တောင်မှ ထူးထူးခြားခြား မပြောင်းလဲနိုင်လောက်ပေ။
သူခဏတာလောက် အံ့အားသင့်သွားသည်။
သူ၏ ခန္ဓာကိုယ်သည် သာမန်ခန္ဓာကိုယ် သန့်စင်သူများထက် သာလွန်နေပြီဖြစ်သည်။ထိုထက်ပင် ကျော်လွန်ခဲ့သည်။
သူ၏ ခုခံအားသည် အလွန်မြင့်မားသောကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအများစုသည် သူ့အပေါ် အသုံးမဝင်ပေ။ အစွမ်းထက်သော နည်းစနစ်များပင်လျှင် သူ၏ ခန္ဓာကိုယ်ကို ဖြိုခွင်းရန် ရုန်းကန်နေရဆဲပင်။
သူသည် ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်၏ ပထမပုံစံဖြစ်သော စွမ်းအင်အမျိုးအစားအားလုံးကို စုပ်ယူနိုင်သည့်စွမ်းရည်ကို မအောင်မြင်သေးသော်ငြားလည်း သူ၏ရုပ်ပိုင်းဆိုင်ရာခံနိုင်
ရည်သည် အားကောင်းသော တခြားဖွဲ့စည်းပုံ များထက် သာလွန်သည်။
ပိုင်ကျီဟန်သည် အသက်ပြင်းပြင်းရှူရင်း ပြုံးကာ ပြန်လာသည်။
"ဒီခန္ဓာကိုယ်က ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူနဲ့ နှိုင်းယှဉ်ပြီးသားတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။"