← Chapters

လွတ်လမ်းမရှိသော

Vol. 2 Ch. 26

လွတ်လမ်းမရှိသော

Vol. 2 Ch. 26

ပိုင်ကျီဟန်သည် သူ့၏ခွန်အားသစ်ကို စမ်းသပ်ပြီးနောက် နေရာကနေ ထသွားခဲ့သည်။

သူ့ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက်  တခါးပိတ်ကျင့်ကြံမှုလုပ်တာ တစ်ရက် ကုန်ဆုံးသွားခဲ့သော်လည်း သူမရှိချိန်အတွင်း 

ပိုင်မျိုးနွယ်တွင် ကြီးကြီးမားမား အဖြစ်အပျက်များ ဖြစ်ပျက်သွားပုံရသည်။

ချူကျီယန်နဲ့ စေ့စပ်ဖို့အတွက် ပြင်ဆင်မှုတွေ အပြည့်ရှိနေခဲ့သည်။  သို့သော် ၎င်းသည် သူ့ကို စောင့်မျှော်နေသည့် အကြီးမားဆုံးအံ့ဩစရာ  မဟုတ်ပေ။

သူထွက်လာသည့်အခိုက်တွင် လောင်ချင်းသည် မျက်နှာပေါ်တွင် စိုးရိမ်တကြီး အမူအရာဖြင့် အလျင်အမြန်ချဉ်းကပ်လာသည်။

"သခင်လေး”

သူမ အမြန်အော်လိုက်သည်။

ပိုင်ကျီဟန်သည် သူမ ဘာကြောင့် အလျင်စလိုဖြစ်နေလဲတွေးကာ စိုက်ကြည့်နေမိသည်

"ဘာဖြစ်တာလဲ?"

"မမလေး ပိုင်ရွှယ်ချင်းက လိုက်ရှာနေပါတယ် ။ သူက သခင်လေးနဲ့ စကားပြောချင်နေတာပါ။ သခင်လေးကို အမြန်ဆုံး အကြောင်းကြားဖို့ ညွှန်ကြားလိုက်လို့ပါ" ဟု လောင်ချင်းက ပြောသည်။

(ဘာလဲ၊ ငါ အခု ဘာလုပ်လိုက်လို့လဲ)

သူ့အမ လိုက်ရှာနေသည်ဟု ပြောသောအခါ   ပိုင်ကျီဟန်သည် ချက်ချင်းအတွေးဝင်သွားသည်။

ပိုင်ရွှယ်ချင်းသည် သူ့ပြသနာရှာသည့်အခါမှ လိုက်ရှာတတ်သည်။

သူမခေါ်သည့်အခါတိုင်း  ကောင်းကင်ဓားဂိုဏ်း တပည့်တွေနဲ့ အချိန်တွေလိုပင် သူပြသနာအချို့ ရှာမိသည်ကို  သူသိသည်။

"သူက ဘာလို့​လို့ ပြောလဲ"

ပိုင်ကျီဟန်က မေးသည်။

"မမလေး ပိုင်ရွှယ်ချင်းက အကြောင်းပြချက်ကို မပြောဘဲ သခင်လေးကို အကြောင်းကြားဖို့ပဲ ညွှန်ကြားထားပါတယ်" ဟု  လောင်ချင်းက စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။

ပိုင်ရွှယ်ချင်း၏ အကြံအစည် သို့မဟုတ် ရည်ရွယ်ချက်များကို မှန်းဆဝံ့ခြင်းမရှိသော်ငြားလည်း  သူမသည် ဘာဖြစ်လာနိုင်သည်ကို  တွေးမိပုံရသည်။

ပိုင်ကျီဟန်သည်လည်း အသေးစိတ်ကိုမသိပေ။

ပိုင်ရွှယ်ချင်းမှာ အရေးကြီး ပြောစရာရှိလျှင် မကြာခင်မှာ သိလာလိမ့်မည်ပင်။

အချိန်မဖြုန်းဘဲ သူ့အစ်မ၏ နေအိမ်ဆီသို့ လျှောက်သွားခဲ့သည်။

ဒေါက် ဒေါက်

"ဘယ်သူလဲ?"

ပိုင်ရွှယ်ချင်းအခန်းထဲမှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွန်တော်ပါ အမ”

ပိုင်ကျီဟန်က ဖြေသည်။

“ဝင်ခဲ့”

ပိုင်ကျီဟန် အခန်းထဲကို ချက်ချင်းဝင်သွားတော့ သူ့အစ်မသည် ကုလားထိုင်ပေါ်မှာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူ့ကို ငုံ့ကြည့်နေသည့် စူးရှသော အကြည့်များသည်  သူ့ကို အကဲဖြတ်နေတာပင်။

ပိုင်ကျီဟန်နဲ့ ပတ်သတ်ပြီး မတူညီတော့သည့် အရာတစ်ခု ရှိခဲ့ပေမယ့် အဲဒါက ဘာလဲဆိုတာ သူမ မသိပေ။ သူမလည်း ထိုအရာကို မတွေးတော့ပေ။

"အမ ဘာလို့ကျွန်တော်ကိုခေါ်တာလဲ"

ပိုင်ကျီဟန်သည် အချိန်မဖြုန်းချင်တာကြောင့် ချက်ချင်းမေးလိုက်သည်။

"မင်းနဲ့ ငါ စကားတွေ အများကြီး မပြောချင်တော့ဘူး။ ပထမဆုံးပြောချင်တာကတော့ ချူကျီယန်နဲ့ မင်းရဲ့ စေ့စပ်ပွဲက သေချာသွားပြီ။ ဒါက မင်းအတွက် ကောင်းပါတယ်။"

"..."

ပိုင်ကျီဟန်သည် ပြန်ပြောချင်သော်လည်း နှုတ်ဆိတ်နေခဲ့သည်။ ဒါက သူ့အတွက် ဘယ်လို ကောင်းတာမလို့လဲ။

သို့သော် ညည်းညူခြင်းသည် ရလဒ်ထွက်ပေါ်မည် မဟုတ်ပေ။ ယင်းအစား သူ့အဖေလိုပဲ သူရထိုက်တာထက် ပိုရလာတဲ့အပေါ်  ဘာကို မကျေမနပ်ဖြစ်ရတာလဲဟု မေးနိုင်သည်။

ပိုင်ရွှယ်ချင်းသည် သူ့ထက်  ချူကျီယန်ကို ပိုဂရုစိုက်ကြောင်း သူကောင်းကောင်း သိသည်။ သူမကျေမနပ်ဖြစ်နေရင်တောင် သူမသေချာပေါက် ဂရုမစိုက်ပေ။

ဒါက အခြားတစ်ခုကြောင့်ဖြစ်နိုင်ပြီး ချူကျီယန်သည် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်လိုပါကပိုင်ရွှယ်ချင်းအနေနဲ့ ထိုဆုံးဖြတ်ချက်ကို ထောက်ခံလိမ့်မည်ဖြစ်သည်။

"နင် သူ့ကို ကောင်းကောင်းမဆက်ဆံရင် ဘာဖြစ်မယ်ဆိုတာ ငါပြောဖို့ မလိုဘူးမလား “ ပိုင်ရွှယ်ချင်းက သတိပေးသည်။

ပိုင်ကျီဟန်အတိတ်မှ အမူအကျင့်တွေကို သိထားတာကြောင့် ပြသနာရှာမည့်အခွင့်အလမ်းက မြင့်မားနိုင်တာကို သူမကောင်းကောင်းသိသည်။

ချူကျီယန်ကို ညှဉ်းပမ်းနှိပ်စက်ခြင်း၊  အငယ်အနှောင်းတစ်ဦး ရှာဖွေခြင်း သို့မဟုတ် အခြားအဓိပ္ပာယ်မရှိသော ကိစ္စတစ်ခုလုပ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။

ထို့ကြောင့်  တခြားတစ်ယောက်အပေါ် စိတ်မယိုင်ဖို့နဲ့ သူ့ကို ကောင်းကောင်းဆက်ဆံဖို့ ပိုင်ရွှယ်ချင်းက သတိပေးခဲ့သည်။

ချူကျီယန်၏ ကျင့်ကြံမှုသည်  ပိုင်ကျီဟန်နှင့် ယှဉ်လျှင် သူမ ပါဝင်ရန်ပင် မလိုအပ်ပေ။

ပိုင်ကျီဟန်အနေနဲ့ သူမကို နှိပ်စက်ဝံ့ရင် ချူကျီယန်သည် သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

သို့သော် ချူကျီယန်၏ သူငယ်ချင်းကောင်း တစ်ယောက်အနေဖြင့်  ပိုင်ရွှယ်ချင်းသည် သူမ၏မောင်အား သင့်လျော်သောခင်ပွန်းဖြစ်လာစေဖို့  သူမတွင် တာဝန်ရှိသည်ဟု ထင်မြင်ခဲ့သည်။

"ပိုအရေးကြီးတာက ဒီစေ့စပ်ပွဲက ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူအဖြစ် နင့်ရဲ့နေရာကို လုံခြုံစေတယ်"

အကျိုးကျေးဇူးများကို ပိုင်ကျီဟန်နားလည်စေရန် ပိုင်ရွှယ်ချင်းကပြောကြားခဲ့သည်။

"ဒါပေမယ့် အဲဒါကို အားရကျေနပ်မနေနဲ့၊ နင် သူမနဲ့ ထိုက်တန်ဖို့ လိုနေသေးတယ်”

ဒါကိုကြားတော့  ပိုင်ကျီဟန် အမူအရာက ခန့်မှန်းမရနိုင်အောင်ပင်။

(ဘယ်သူက သူမနဲ့ထိုက်တန်ချင်လိုလဲ။ ငါတကယ်ကို မထိုက်တန်ပါဘူး။ ကျေးဇူးပြုပြီး စေ့စပ်ပွဲကို ဖျက်လိုက်ပါ)

ပိုင်ကျီဟန်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

"နင်သေချာ ကြိုးစားပါ"  ပိုင်ရွှယ်ချင်းသည် ဆက်ပြောသည် ။ " နင် သူ့အနားမှာ နေချင်ရင် နင့်ကိုနင်  သက်သေပြရမယ်။"

ပိုင်ကျီဟန်အနေနဲ့ သူမအနားမှာ မနေချင်သလို ဘာမှ သက်သေမပြချင်ဘူးဟု ညည်းညူချင်ပါသေးသည်။

(အကြောင်းပြချက်ချင်းအတူတူကို ဇာတ်ဆောင်ရဲ့ စေ့စပ်ပွဲကျ ဖျက်သိမ်းလိုက်ရပြီး ငါ့လို အရည်အချင်းမရှိတဲ့လူကျမှ  ဘာလို့ စေ့စပ်ပွဲ အောင်မြင်ရတာလဲ။)

ပိုင်ကျီဟန်အနေနဲ့ သူ့ဘဝသည် ဇာတ်ကောင်နဲ့ ယှဉ်ရင် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။

(ငါ့အမရဲ့ ရည်းစားဟောင်းကလည်း စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ရလို့ စိတ်သက်သာရာ ရသွားမလား။)

ပိုင်ကျီဟန် သံသယဝင်လာသည်။

ပိုင်ရွှယ်ချင်းကဲ့သို့ ပြင်းထန်သော တစ်စုံတစ်ဦးနှင့် စေ့စပ်ရမည်ဆိုပါက ၎င်းကို ဖျက်သိမ်းလိုက်ရသည့်အတွက် သူသည်လည်း အလွန်ဝမ်းသာမိမည်ပင်။

ဒါကလည်း ပိုင်ကျီဟန်အဖို့  စေ့စပ်ပွဲ ပျက်သွားခြင်းသည်  သူ သို့မဟုတ် ပိုင်မျိုးနွယ်အပေါ် သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်သည့်အတွက်ပင် 

ပိုင်ရွှယ်ချင်း၏ စေ့စပ်ထားသူဟောင်းနဲ့ မတူတာက ပိုင်ကျီဟန်သည် သူလက်စားချေရန် သေချာပေါက် ပြန်လာမည်ကို သိထားလို့ပင်

ပိုင်ရွှယ်ချင်းသည် နောက်အကြောင်းအရာတစ်ခုကို မပြောပြမီ သူမ၏စကားများကို ရပ်တန့်ခဲ့သည်။

"ဒုတိယအနေနဲ့  ကောင်းကင်ဓားဂိုဏ်းထဲကို ၀င်နိုင်အောင်လုပ်”

ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

(ဘာလဲ၊ အဲဒါက မဖြစ်နိုင်ဘူး)

ကောင်းကင်ဘုံဓားဂိုဏ်းသို့ဝင်ရောက်ရန် အသက်ဆယ့်ငါးနှစ် မတိုင်မီ  အဓိကပေါင်းစည်းခြင်းအဆင့်သို့ရောက်ရှိရမည်ဖြစ်သည်။

အသက်ဆယ့်ငါးနှစ်တွင် အဓိကဖွဲ့စည်းပုံအဆင့်တွင်သာရှိခဲ့သည့် ပိုင်ကျီဟန်သည် မည်သည့်လိုအပ်ချက်များနှင့်မျှ မကိုက်ညီပေ။

ကောင်းကင်ဓားဂိုဏ်းမှ တန်ဖိုးထားသော အရာနှစ်ရပ်စလုံး ဖြစ်သည့်  ကျင့်ကြံခြင်း စွမ်းရည်နှင့် ကြိုးစားအားထုတ်မှု နှစ်ခုစလုံး မရှိခဲ့ပေ။

"ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပါ" ဟု  ပိုင်ရွှယ်ချင်းက ပြောသည်။

"ခဏ... ဘာလဲ"

ပိုင်ကျီဟန်သည် အစကတော့ သူ့အစ်မစကား နားထောင်ပြီး ပြေလည်အောင်လုပ်ဖို့ စီစဉ်ပေမယ့် ကြားဖြတ်ပြောလိုက်သည်။

မမျှော်လင့်ထားသည့်သတင်းက သူ့ကို မေးခွန်းထုတ်စရာ ဖြစ်သွားသည်။

သူ့ကို တပည့်အဖြစ် လက်ခံဖို့ ကောင်းကင်ဓားဂိုဏ်းက ဘယ်လိုဆေးမျိုးကျွေးခံလိုက်ရတာလဲ။

"အစ်မ ကောင်းကင်ဓားဂိုဏ်းကို ဝင်ခွင့်ရဖို့ဆိုတာ  ဘာကိုဆိုလိုတာလဲ။"

ပိုင်ကျီဟန်က မေးလိုက်သည်။

သူ၏ ပင်ကိုယ်စွမ်းရည်နှင့် ပင်ကိုယ်စရိုက်အရ ကောင်းကင်ဓားဂိုဏ်းသည့် သူ့ကို လက်ခံနိုင်မည့် နည်းလမ်းမရှိကြောင်း သူသိသည်။

"ဒါကြောင့်လေ… ကျီယန်နဲ့ စေ့စပ်ပြီးရင် ငါတို့နဲ့အတူ ကောင်းကင်ဓားဂိုဏ်းကို လာရမယ်။ နင် အဲဒီမှာ ကိုယ်တိုင် တိုးတက်အောင် လုပ်မယ်လို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် အဖေတောင် နင့်ကို ပြစ်ဒဏ်ကနေ ကာကွယ်နိုင်မှာ မဟုတ်ဘူး။"

ပိုင်ရွှယ်ချင်းက ပြောသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ ငါက ကောင်းကင်ဓားဂိုဏ်းရဲ့ လိုအပ်ချက်တွေကို မပြည့်မှီဘူးလေ”

ပိုင်ကျီဟန်က ပြောလေသည်။

"နင့်မှာ ချွင်းချက်အနေနဲ့ တာအိုအရိုးရှိတယ်။"

ပိုင်ရွှယ်ချင်းသည် စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေသည်။  ထိုအရာကို ပိုင်ကျီဟန်ဘယ်လိုရယူခဲ့လဲဆိုတာကို သူမသိခဲ့ပြီး သူမထင်မြင်ယူဆချက်အရ ဒါက လုံးဝအရှက်ကွဲစရာပင်။

အပြင်လူတွေသည် ထိုအရာကို မသိခဲ့ကြပေ။

ဒါကို ပိုင်မျိုးနွယ်၏ ထိပ်တန်းအဖွဲ့ဝင် အနည်းငယ်သာ သိရှိခဲ့သည်။

"ပိုအရေးကြီးတာကတော့ ချူကျီယန်ရဲ့ စေ့စပ်ထားသူဖြစ်တာက အကူအညီ ရတာပဲ။  ကောင်းကင်ဓားဂိုဏ်းရဲ့ အကြီးအကဲတွေက စေ့စပ်ကြောင်းလမ်းတာကို သိနေတော့ သူတို့နှစ်ယောက် အတူတူနေဖို့ သူတို့အဖေရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တယ်။"

ဒါကလည်း အလုံးစုံမဟုတ်ပေ။  ပိုင်ရွှယ်ချင်းသည်လည်း ကောင်းကင်ဓားဂိုဏ်းထံသို့ လာဘ်များစွာ ပို့ခဲ့ရသည်။

ထို့အပြင် ပိုင်ရွှယ်ချင်း၏ မောင်လေးဖြစ်နေခြင်းကလည်း ကူညီပေးခဲ့သည်—သို့သော် သူမသည် ယင်းကို ဝန်ခံမည်မဟုတ်ပေ

"..."

ပိုင်ကျီဟန်အနေနဲ့  ဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။

ချုကျီယန်နဲ့ သူ့၏စေ့စပ်ကြောင်းလမ်းကြောင်းမှုကိစ္စကို သိပြီးကတည်းက သူ့အတွက် အရာရာဟာ ကျဆင်းသွားသလိုပင်

အများစုကတော့ သူ့အပြုအမူကြောင့်ဆိုတာကို ဝန်ခံမှာဆော့ မဟုတ်ပေ။ သူ့အဖေက သူ့သားအတွက် အကောင်းဆုံဟု  ယုံကြည်သည့် ဆုံးဖြတ်ချက်တွေကိုပဲ ချခဲ့သည်။

"နောက်ဆုံးတော့ ငါ နင့်ကို ဒီအကြောင်းကြောင့် ခေါ်ခဲ့တာ။"

(ဘာတွေရှိသေးလဲ)

ပိုင်ကျီဟန်သည် စိတ်ထဲတွင် သက်ပြင်းချနေ၏ ထိတ်လန့်စရာသတင်းကို သူကြားပြီးခဲ့ချေပြီ။

"ကျီယန်ကို တခြား ပိုင်မျိုးနွယ်က ကောင်လေးတွေက ချဉ်းကပ်နေတယ်။ အကြီးအကဲတွေက လှုပ်လှုပ်ရှားရှား လုပ်နေကြပုံရတယ်။"

ပိုင်ရွှယ်ချင်းက ပြောသည်။

(အိုး?)

ဒါကိုကြားတော့ ပိုင်ကျီဟန်သည် ဒေါသမထွက်ဘဲ မျှော်လင့်ချက်တွေ  အရောင်သန်းလာသလို ခံစားလိုက်ရသည်။

ပိုင်မျိုးနွယ်အတွင်းမှာ မဟာမိတ်တွေရှိမည်ဟု  သူ မမျှော်လင့်ထားပေမယ့် သူတို့ရည်ရွယ်ချက်တွေကို သူနားလည်သည်။

ဒါပေမယ့် သူတို့အောင်မြင်သရွေ့တော့ ဒီစေ့စပ်ပွဲကနေ လွတ်မြောက်မှာပင်

"နင်သူတို့ကို တားရမယ်”

ပိုင်ရွှယ်ချင်းသည် အမိန့်ပေးလိုက်သည်။

"ဟင်? ဘာလို့လဲ?"

ပိုင်ကျီဟန်က မေးလိုက်သည်။

"ဘာလို့လဲ ဟုတ်လား။ နင်က သူ့ရဲ့ စေ့စပ်ထားတဲ့သူမလား။ ဘာလဲ နင်ကမလိုချင်ဘူးလား"

ပိုင်ရွှယ်ချင်းသည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

မလိုချင်ဘူးဟု ပြောလျှင် ရှည်လျားတဲ့ ဟောပြောပွဲတစ်ခု ရောက်လာမည်ပင်

"ဟုတ်ပါပြီ။ အမပြောတဲ့အတိုင်းလုပ်မယ်။"

ပိုင်ကျီဟန်သည် သူ့အမနဲ့ ငြင်းခုံရတာထက် သွားလိုက်တာက ပိုကောင်းသည်ကို သိတာကြောင့် မြန်မြန်သဘောတူလိုက်သည်။

"ဒါပါပဲ။ နင် သွားလို့ရပြီ”

All Chapters