← Chapters

ပိုင်ကျီဟန်၏ ဒုက္ခပေးမှု

Vol. 2 Ch. 27

ပိုင်ကျီဟန်၏ ဒုက္ခပေးမှု

Vol. 2 Ch. 27

ချူကျီယန်သည် ရှေးဟောင်းအဆောင်များနှင့် သေးငယ်သော ရေကန်အတုများဖြင့်ဝန်းရံထားသည့် ပိုင်မျိုးနွယ်၏ ဥယျာဉ်တွင် ရပ်နေခဲ့သည်။

ပွင့်နေသော ဝိညာဉ်ကြာပန်းများ၏ ရနံ့သည် လေထဲတွင် ပျံ့လွင့်နေသော်လည်း သူမ၏ ခံစားချက်သည် ဘာမှမရှိဘဲ အေးချမ်းမှုသာ ရှိနေသည်။

ဤနေရာသည် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနေရာဖြစ်နိုင်သည်။ သို့သော် လူများစွာရှိနေခြင်းကြောင့် ထိုအေးချမ်းတည်ငြိမ်မှု ပျက်ပြားသွားသည်။ အဓိကအားဖြင့် ပိုင်မျိုးနွယ်၏ ပါရမီရှင်များနှင့် ၎င်းတို့၏အစေခံများသည် အနီးအနားတွင် စုရုံးနေကြချေသည်။

ပိုင်ကျီဟန်နဲ့ စကားပြောပြီးကတည်းက သူမကို ပိုင်မျိုးနွယ်၏ ပါရမီရှင် အသီးသီးက ချဉ်းကပ်ခဲ့ကြသည်။ 

အများစုသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို သိမ်မွေ့စွာ ဖော်ပြကြသည်။  လေးစားမှုကို ဖော်ပြခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အားသာချက်များအကြောင်း အရိပ်အမြွက် ထုတ်ဖော်ခြင်းနဲ့   ပိုင်ကျီဟန်နှင့် သူမ၏ စေ့စပ်ကြောင်းလမ်းမှုကို ပယ်ဖျက်ရန် ကြိုးစားခြင်းများ လုပ်ကြသည်။

သို့သော် ၎င်းတို့အနက်မှ တစ်ဦးသည် ယဉ်ကျေးခြင်းမရှိပေ။

အဲ့တာကတော့ ပိုင်ကျန့်ပင်

ပိုင်မျိုးဆက်၏ အရည်အချင်းအရှိဆုံး အမျိုးသား ပိုင်ကျန့်သည် အရပ်ရှည်ပြီး ချောမော၏  သူ့အသက်အရွယ်ရှိ အားလုံးနီးပါးထက် သာလွန်ကြောင်း သိထားသဖြင့် မွေးရာပါ မာနကိုပါ ပိုင်ဆိုင်ထားသည်။

ဆယ့်ခုနစ်နှစ်အရွယ်တွင်  ရွှေဗဟိုနယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ပိုင်မျိုးနွယ်၏ အနာဂတ်ဒေါက်တိုင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

အခြားသူတွေလို စူစမ်းရုံတင်မကဘဲ ပိုင်ကျန့်သည်  သူ၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာပြောပြခဲ့သည်။

"ချူမိန်းကလေး မင်းက အဲ့ထက် ပိုထိုက်တန်ပါတယ်။"

ပိုင်ကျန့်သည် သေချာစွာပြောလေ၏ ။ သူ့အသံက အမှန်တရားကိုပြောနေသည့်အတိုင်း ယုံကြည်မှုအပြည့်နဲ့ပင်

ချူကျီယန်သည် မျက်ခုံးပင့်လိုက်ကာ သူမ၏အမူအရာက ခန့်မှန်းလို့မရနိုင်ပေ။

သူမအနေနဲ့  မနေ့ကကတည်းက  ပိုင်ကျီဟန်နဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့ ဆွဲဆောင်ရန် ကြိုးစားသည့် ကိစ္စကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။

" အဲ့တော့ ရှင်​က ပို​ကောင်းတဲ့​ရွေးချယ်​မှုဖြစ်​တယ်​လို့ ယုံကြည်​တာလား"

ချူကျီယန် လေသံမှာ ဘာမှမထူးခြားသလို မေးလိုက်သည်။

"ဟုတ်တယ်”

ပိုင်ကျန့်သည် မဆိုင်းမတွ ပြန်ဖြေသည်။

" ပိုင်ကျီဟန်က ပိုင်မျိုးနွယ်ရဲ့  ရှက်စရာဆိုတာ လူတိုင်းသိပါတယ်။ သူက အခွင့်အရေးတွေအားလုံးကို ဖြုန်းတီးပစ်တဲ့ ပျင်းရိပြီး မာနကြီးတဲ့ အရူးတစ်ယောက် ။ သူ့က အရည်အချင်းမရှိဘူး။ စည်းကမ်းမရှိဘူး။ အနာဂတ်ဆိုတာလည်း ဘာမှမရှိပါဘူး။"

သူ့နားကို လှမ်းလာပြီး အသံကို လျှော့လိုက်သည်။

"သူလိုလူက မင်းကို ကာကွယ်နိုင်မယ်လို့ မင်းထင်လား? သူက မင်းရဲ့ဘေးမှာ ရပ်တည်နိုင်ပါ့မလား၊ တစ်ခုခုဖြစ်ခဲ့ရင် မင်းဘဝရဲ့ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်။"

ချူကျီယန်သည် ပိုင်ကျီဟန်ပြောတာကို သိပ်စိတ်မဝင်စားသလိုပင်

ပိုင်ကျန့်လို တစ်ယောက်ယောက်ထက်စာရင် ပိုင်ကျီဟန်ကိုလက်ထပ်ရတာ ပိုပြီးစိတ်သက်သာရာရနိုင်သည်။

ပိုင်ကျန့်က ပြုံးလိုက်သည်။

"ငါကမှ မင်းရဲ့ လက်တွဲဖော်အစစ်ပါ။ မင်းအနားမှာ ရပ်တည်ရမဲ့လူ ။ မင်းနဲ့ငါ နှစ်ယောက်စလုံးက အရည်အချင်းရှိပြီး ကြီးမြတ်မှုတွေရှိတယ်။ ပိုင်ကျီဟန်ကတော့ အတားအဆီးတစ်ခုပဲ။ အဲ့ဒီစေ့စပ်လမ်းကြောင်းမှုကို ငြင်းဆန်ပြီး ငါ့ကိုရွေးချယ်ရင် မင်းအနေနဲ့ အင်အားကြီးတဲ့ မဟာမိတ်ကို ရရုံတင်မကဘဲ  ပိုင်မျိုးနွယ်အကြီးအကဲတွေကပါ မင်းဆုံးဖြတ်ချက်ကို ထောက်ခံပါလိမ့်မယ်။ လူတိုင်းက မင်းကို ထိုက်တန်တဲ့သူနဲ့ပဲ ရစေချင်ကြတာပါ။"

ပိုင်ကျန့်သည် ပိုင်ကျီဟန်မရှိစဉ်တွင် သူ၏ ကြီးမြတ်မှုနှင့်မတူ ချူကျီယန်၏ ထိုက်တန်သူ တစ်ဦး ဖြစ်ပုံကို ဆက်လက် ပြောဆိုခဲ့သည်။

ပိုင်ကျန့်သည် ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ဖြစ်ပြီး  ပိုင်ရွှယ်ချင်းပြီးလျှင် ပိုင်မျိုးနွယ်ရှိ သူ့မျိုးဆက်တွင် အကြီးကျယ်ဆုံး အရည်အချင်းရှိသူလို့ ပြောလို့ရသည်။

သို့သော် ချူကျီယန် အတွက်တော့ ဒါက တန်ဖိုးမရှိခဲ့ပေ။

ပိုင်ကျန့်ကဲ့သို့သော အရည်အချင်းများ ရှားပါးသော်လည်း  ပါရမီရှင်များစုရုံးရာ ကောင်းကင်ဓားဂိုဏ်းတွင် ရှာဖွေရန် မခဲယဉ်းပေ

ထို့အပြင်  ပိုင်ကျန့်သည် သူမ၏ကိုယ်ပိုင်အရည်အချင်းနှင့် နှိုင်းယှဉ်ပါက မှတ်လောက်စရာ မရှိပေ။ သူမသည် ဆယ့်ခုနစ်

နှစ်တွင် ဝိညာဉ်အခြေတည်ကာစ  အဆင့်သို့ရောက်ရှိနေပြီ

ဖြစ်သည်။

"သခင်လေးပိုင် "ချူကျီယန်သည် နောက်ဆုံးတော့ ပြောလိုက်သည်။

" ရှင် ပြောခဲ့တဲ့စကားတွေကို လျှို့ဝှက်ထားပေးပါမယ် ..ဒါပေမယ့် ကျွန်မရဲ့အနာဂတ်ခင်ပွန်းကိုတော့ စော်ကားခွင့်မပေးနိုင်တော့ ဘူး။ နောက်တစ်ခါ ထပ်မပြောတော့ဘဲ ထွက်သွားလိုက်ပါတော့”

ပိုင်ကျီဟန်ကို စော်ကားတာနဲ့ပတ်သက်ပြီး သိပ်စိတ်မပူပေမယ့် အနှောင့်အယှက်တွေကို ပြေပျောက်ဖို့ အကြောင်းပြချက်တစ်ခု အနေနဲ့ အသုံးချချင်မိသည်။

ပိုင်ကျန့်သည် မျက်မှောင်ကြုတ်လိုက်သည်။

ဤကဲ့သို့ ငြင်းပယ်ခံရမည်ဟု မမျှော်လင့်မိတာကြောင့် လက်ခံရန် ငြင်းဆန်ခဲ့သည်။

ပိုင်မျိုးနွယ်၏ ပါရမီရှင် ပိုင်ကျန့်အနေနဲ့ အညစ်အကြေးသက်သက်ဖြစ်သည့် ပိုင်ကျီဟန်ကိုသာ ချုကျီယန် လက်ခံထားချိန်မှာ သူ ဘယ်လို လက်ခံနိုင်မလဲ။

" ချုကျီယန် ၊ နောက်နေတာကို ရပ်လိုက်ပါ၊ မင်းရဲ့ အနာဂတ် ခင်ပွန်း၊ ဒီအမှိုက်ကို လက်ထပ်ဖို့  တကယ် စဉ်းစားထားတာလား။"

ပိုင်ကျန့်က လှောင်ပြောင်လိုက်သည်။

“ မိန်းကလေး ချုကျီယန် ၊ မင်းကတော့ မသိနိုင်ပေမယ့်  ပိုင်ကျီဟန်က မင်းနဲ့ စေ့စပ်မှပဲ သူ့နေရာကို ထိန်းထားနိုင်မှာ။  သူနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ငါနဲ့ စေ့စပ်ဖို့ သဘောတူလည်း ရလဒ်က အတူတူပါပဲ။  ငါတို့လက်ထပ်သရွေ့ ချူမျိုးနွယ်နဲ့ ပိုင်မျိုးနွယ်က  စည်းလုံးနေမှာပါ။"

ပိုင်ကျန့်က ရှင်းပြသည်။

အခြားသူများကဲ့သို့ပင် ချူကျီယန်သည် ပိုင်ကျီဟန်နှင့် စေ့စပ်ကြောင်းလမ်းမှုကို လက်ခံခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ  ချူမျိုးနွယ်နဲ့ ပိုင်မျိုးနွယ် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းခဲ့ခြင်းကြောင့်ဟု သူယုံကြည်ခဲ့သည်။

“မလိုပါဘူး”ဟု  ပြန်ဖြေလေ၏  "ကျွန်မရဲ့ စေ့စေ့ကြောင်းလမ်းမှုက ဆုံးဖြတ်ပြီးသားပါ။"

ပိုင်ကျန့်အမူအရာသည်  မည်းမှောင်သွားပေမယ့် သူ့ဒေါသကို အပြုံးနဲ့ ဖုံးကွယ်လိုက်သည်။

"ငါသိပါတယ်။ မင်းတာဝန်အရ ချုပ်နှောင်ခံထားရတာ” ဟု ချော့မော့ပြောပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။

"ဒါပေမယ့် တာဝန်က အကြွင်းမဲ့မဟုတ်ပါဘူး။ လူနှစ်ယောက်ကြားက အိမ်ထောင်ရေးက လိုက်ဖက်ညီမှု၊ ခွန်အားနဲ့ အပြန်အလှန် လေးစားမှုအပေါ်မှာ အခြေခံသင့်တယ်။ မင်းနဲ့ပိုင်ကျီဟန်မှာ အဲဒါမျိုးတွေ မရှိဘူး။"

လက်ကို လှမ်းဆွဲဖို့ လုပ်သော်လည်း ချူကျီယန်က မသိမသာ ဖယ်ရင်း  သူ့အကြည့်ကို ရှောင်လိုက်သည်။

ပိုင်ကျန့်၏ မျက်လုံးများသည် ဖတ်မရသော အရာတစ်ခုဖြင့် တဖျပ်ဖျပ်ဖျပ်ခတ်နေသည်။ အဲ့တာက စိတ်ပျက်စရာကောင်းတာ  သို့မဟုတ် ရယ်စရာကောင်းတာမျိုး ဖြစ်နိုင်သည်။

" ချူမျိုးနွယ်ရဲ့ အကျိုးစီးပွားအတွက် စိတ်ပူနေတာဆို  စိတ်ချပါ။ ပိုင်မျိုးနွယ် အကြီးအကဲတွေက ငါတို့ရဲ့ ဆက်ဆံမှုကို သဘောတူရုံတင်မဟုတ်ဘူး တက်ကြွစွာနဲ့တောင် ထောက်ခံပေးမှာပါ"

ချူကျီယန်ဘာပဲပြောပြော ပိုင်ကျီဟန်ကို လက်ထပ်ချင်တဲ့အပေါ် ပိုင်ကျန့်အနေနဲ့ လက်မခံနိုင်ပုံပင် 

သူ၏ ဇွဲလုံ့လသည် သူမ၏ အာရုံကြောများကို တင်းလာစေသလို ခံစားလာရသည်။

သူမ ဒါကို မထုတ်ပြခဲ့ပေ။

သူမ၏ မျက်နှာသည် တည်ငြိမ်နေပြီး သူမ၏ ကိုယ်ဟန်အနေအထားမှာ အေးဆေးဖြစ်နေသော်လည်း အေးစက်မှုတစ်ခုက သူမအကြည့်ထဲသို့ စိမ့်ဝင်လာသည်။

(ဘယ်လောက်ဒုက္ခပေးလိုက်လဲ။)

ပိုင်ကျန့်သာ အဆင့်တက်လာရင် ပိုင်ကျီဟန်အပေါ် သူမလုပ်ခဲ့သလို သင်ခန်းစာ ပေးနိုင်သည်။

ဒါပေမယ့် သူမလုပ်ခဲ့ပေ။

ပိုင်ကျန့်သည် သူမကို နှောင့်ယှက်နေတာပင်။ သူ့ကို ရိုက်နှက်ဖို့ အကြောင်းပြချကကောင်းကောင်းတော့ မရှိသေးပေ

(ပိုင်ကျီဟန်က ဘယ်မှာလဲ။ ဒီလိုပြသနာတွေကနေ ပိုင်ကျီဟန်က သူမကို ကာကွယ်ရမှာမလား)

ချူကျီယန်သည် သူမနှင့် စကားစမြည်ပြောပြီးနောက် ပျောက်ကွယ်သွားပုံရသော ပိုင်ကျီဟန်ကို သတိရလာကာ ဒေါသထွက်လာသည်။

သူရှိနေလျှင်  ထိုလူတွေ ပေါ့ပေါ့ဆဆ မချဉ်းကပ်လာတာကို  အနည်းဆုံးတော့ဟန့်တားနိုင်သည်။

ပိုင်ကျီဟန်သည် အနိုင်ကျင့်တတ်ပြီး စည်းကမ်းတွေကို ဂရုမစိုက်တဲ့သူတစ်ယောက်အဖြစ် နာမည်ကျော်ကြားကာ ပိုင်မျိုးနွယ်၏ တခြားအဖွဲ့ဝင်တွေ မဆက်ဆံချင်သည့် လူတစ်မျိုးပင်။

(သူက ငါ့ကို တမင် ရှောင်နေတာလား။)

ချူကျီယန် တွေးလိုက်သည်။

နောက်ဆုံးတော့ ပိုင်ကျီဟန်သည် သူမနဲ့ မစေ့စပ်ချင်ဘူးဆိုတာ သိသာသည်။

ပိုင်ကျန့်နဲ့ တခြားသူတွေကို သူလိုချင်တာတစ်ခုခုလုပ်နေသရွေ့ ပိုင်ကျီဟန်သည် အနှောင့်အယှက်ပေးမှာမဟုတ်ကြောင်း သိသာသည်။

စေ့စပ်ပွဲကို ဖျက်သိမ်းရန်အတွက် ဤ ပိုင်မျိုးနွယ်အဖွဲ့ဝင်များကိုပင် ပိုမိုအားပေးနိုင်သည်။

ထိုအကြောင်းကိုတွေးရင်း ချူကျီယန်၏ ဒေါသများ တိုးလာသည်။

သူမသည် လူအများ၏ ချစ်ခင်လေးစားမှုကို ခံရသောကြောင့် သူမနှင့် စေ့စပ်ကြောင်းလမ်းချင်သူတွေ ပေါများပေမဲ့  ပိုင်ကျီဟန်ကတော့ သူမကို ဝန်ထုပ်ဝန်ပိုးတစ်မျိုးအဖြစ် တွေးတောနေခဲ့သည်။

ယောက်ျားလေးတော်တော်များများသည် သူမလို လှပတဲ့သူတစ်ယောက်နဲ့ လက်ထပ်ဖို့ ဘာမဆိုလုပ်ချင်စိတ်ရှိကြပြီး ပိုင်ကျီဟန်ကိုလည်း သူတို့နဲ့ မခြားမနားဟု ထင်ခဲ့သည်။

သူမကို ဆက်နေဖို့ တောင်းဆိုမည့်အစား စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ အမှန်တကယ် စီစဉ်နေသည်ဟု ဘယ်သူက ထင်မှာလဲ။

ပိုင်ကျန့်သည်  ချူကျီယန်အား ဆက်လက် နားပူနာဆာလုပ်ပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် မဆုတ်မနစ် ကြိုးစားနေခဲ့သည်။

ချူကျီယန်သည် ပို၍ စိတ်အနှောက်အယှက်ဖြစ်လာပြီး သူမအား အနှောက်အယှက်ပေးတာကို ပြန်အရေးယူရန် အချိန်တန်ပြီဟု တွေးလိုက်မိသည်။

ထိုအချိန်တွင် ပိုင်မျိုးနွယ်၏ ဥယျာဉ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ”

အဲဒါက ပိုင်ကျီဟန်၏ အသံပင်။

All Chapters