← Chapters

အတိတ်ရဲ့အရိပ်

Vol. 2 Ch. 28

အတိတ်ရဲ့အရိပ်

Vol. 2 Ch. 28

ပိုင်ကျီဟန်အသံကိုကြားတော့ အားလုံးက အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။

ပိုင်ကျီဟန်သည် ပန်းခြံအဝင်ဝမှာ ရပ်နေပြီး သူ့အမူအရာက ဒေါသထွက်နေသည်။

ပိုင်မျိုးနွယ်အဖွဲ့ဝင်များသည် သူ့စေ့စပ်ထားသူဆီ ချဉ်းကပ်မှုကြောင့် ဒေါသထွက်နေသည်ဟု  ထင်ကြပေမယ့် တကယ်တမ်းမှာတော့  ပိုင်ကျီဟန်သည် ချူကျီယန်ကို ကူညီဖို့ ဒီကိုလာခဲ့ရတာကြောင့် ဒေါသထွက်နေခဲ့တာပင်

အထူးသဖြင့် ဒီလို ဖိနှိပ်ချုပ်ချယ်မှုမရှိဘဲ ဒေါသထွက်မှုသည်  သူ၏ ပုံမှန် သဘောထားမျှသာ ဖြစ်သည်ကို သူ့ကို သိသူတိုင်း နားလည်ကြမည်ပင်

ချူကျီယန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ အမူအရာက နားမလည်နိုင်အောင်ဖြစ်သွားသည်

(ဒါနဲ့ နောက်ဆုံးတော့ သူပေါ်လာဖို့ ဆုံးဖြတ်လိုက်ပြီ)

ပိုင်ကျီဟန် လုံးဝပေါ်လာမှာမဟုတ်ဘူးဟု ချူကျီယန် သေချာပေါက်သိသော်လည်း  သူ့အစ်မ၏ အတင်းအကြပ်ခိုင်းစေမှုကြောင့် လာတာဖြစ်မည်ဟူသော သူမ၏ထင်မြင်ယူဆချက်အချို့ကို ထပ်ဖြည့်ခဲ့သည်။

ပိုင်မျိုးနွယ်အဖွဲ့ဝင်များသည် ပိုင်မျိုးနွယ်၏ ပြဿနာရှိသော ကလေးနှင့် မဆက်ဆံချင်တာကြောင့် အချို့က  နေရာမှ ထွက်သွားကြသည်။

အခြားသူများလည်း အလားတူလုပ်ဆောင်ရန် စီစဉ်ခဲ့ကြသည်။

(သူဟာ ပလိပ်ရောဂါ တစ်မျိုးမျိုးလိုပဲ)

သူမအား နှောင့်ယှက်နေသော လူများစွာသည် အလင်းလို အရှိန်ဖြင့် ပြေးသွားသည်ကို မြင်သောအခါ ချူကျီယန်အနေနဲ့ တွေးလိုက်မိသည်။

သူမ နှင်ထုတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့သူတွေသည်  ပိုင်ကျီဟန် ရှေ့တွင် ချက်ချင်း ထွက်ခွါသွားကြသည်။

ပိုင်ကျီဟန်၏ နာမည်နဲ့ ကိုယ်ရည်ကိုယ်သွေးသည် ဘယ်လောက်ဆိုးဝါးလဲဆိုတာကို သိနိုင်ပေမယ့် အခုအချိန်မှာတော့ သူမသည် သူ၏စရိုက်လက္ခဏာကို ကောင်းကောင်းခံစားခဲ့ရသည်။

ပိုင်ကျန့်သည် သူ့မျက်လုံးများကို အနည်းငယ် ကျုံ့လိုက်သည်။

"ကျီဟန်၊ ငါ မင်းရဲ့ စေ့စပ်ထားသူနဲ့ စကားပြောနေတာ” ပိုင်ကျန့်သည် ပြုံးပြီး ပြောလိုက်သည်။

သူအနေနဲ့ ပိုင်ကျီဟန်ကို ဆက်ဆံရတာမကြိုက်သည့်တိုင် ဒီနေ့မှာတော့ အလွယ်တကူ နောက်ပြန်ဆုတ်နိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပေ။

"ဟား?"

ပိုင်ကျီဟန်သည် ဘေးပတ်လည်ကိုကြည့်ရင်း စိတ်တိုသွားသည်။

"ပြီးတော့ မင်းတို့အားလုံး ဒီကို အကြောင်းပြချက်တစ်ခုတည်းနဲ့ ရောက်နေတာလို့ ငါထင်တာပဲ"

ပိုင်ကျီဟန်သည် သူတို့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူတို့ ဘာပြောရမှန်းမသိဘဲ ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူလိုက်ကြသည်။

ဟူး!

သူတို့အဖြေကြောင့် သူသက်ပြင်းချတာ မဟုတ်ပေ ။  ဤနေရာတွင် လူအများအပြား စုဝေးနေကြတာတောင် ၎င်းတို့ မအောင်မြင်ကြောင်း ပိုင်ကျီဟန်သိသည်။

ချူကျီယန်၏ မျက်နှာကိုကြည့်ရုံဖြင့်  အချိန် သုံးနှစ်ပေးရင်တောင် သူမကို ဖြားယောင်းသွေးဆောင်ဖို့ ဘယ်တော့မှ မအောင်မြင်နိုင်ကြောင်း ပိုင်ကျီဟန်သိလိုက်သည် ။

သူမသည် လွန်ခဲ့သည့် နှစ်များက သူ့ကို ရိုက်နှက်ခဲ့သည့်အတိုင်း ၎င်းတို့ကို အနိုင်ယူရန် အဆင်သင့်ဖြစ်နေပုံရသည်။သူမသည် အချစ်မှာ ကျရှုံးသွားသည့် သူတစ်ယောက်ထက် ပိုနေပုံရသည်။

(အသုံးမကျလိုက်တာ)

သူတွေးလိုက်မိသည်

"ဒါဆို မင်းအားလုံး ထွက်သွားသင့်ပြီ”

ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်ဥယျာဉ်ကို ပိုင်ဆိုင်သလိုပင် ထိုအုပ်စုအား တိုက်ရိုက် အမိန့်ပေးလိုက်သည်

ပိုင်ကျန့်သည် ပြုံးပြုံးရွှင်ရွှင်နဲ့ ပိုင်ကျီဟန်ဘက်ကို လှည့်လိုက်သည်။

"အာကျီဟန်၊ အရမ်းရန်လိုနေစရာ မလိုပါဘူး" ပိုင်ကျန့်က ချောမောစွာ ပြောလိုက်သည်။

"ငါတို့က ဖော်ဖော်ရွေရွေ စကားစမြည်ပြောနေကြတာပဲလေ။ နောက်ဆုံးတော့  မိန်းကလေးချူက ငါတို့ပိုင်မျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ။  သူမကို ပိုသိလာအောင် ကြိုးစားရတာက ငါတို့အတွက် သဘာဝပဲ မလား"

အခြားပိုင်မျိုးနွယ်မှ  ပါရမီရှင်အချို့သည်လည်း အပြစ်ကင်းကြောင်း ဟန်ဆောင်ကာ ခေါင်းညိတ်ကြသည်။

"အရူးစကားတွေပြောတာ ရပ်လိုက်ကျန့်" ပိုင်ကျီဟန်သည် အေးစက်စွာပြောသည်။

"မင်းဘာတွေတွေးနေလဲဆိုတာ ငါသေချာသိတယ်။"

ခဏတာ တိတ်ဆိတ်သွားမှုသည် အဖွဲ့အပေါ် ကျရောက်သွားသည်။

ပိုင်ကျီဟန်သည် ခပ်တိုးတိုးရယ်လိုက်သည် ။

"မင်းတို့ စိတ်ကူးယဉ်ထားတာတွေကို ငါဂရုမစိုက်ပါဘူး၊ ဒါပေမယ့် မင်းတို့ကို အကြံဉာဏ်လေး တစ်ခုပေးပါရစေ- ငါစိတ်ကောင်းဝင်နေတုန်း ထွက်သွားလိုက်ပါ”

ပိုင်ကျီဟန်သည် သူတို့နဲ့ မဆက်ဆံချင်တော့ပေ။  ချူကျီယန်ကို နှောင့်ယှက်နေတုန်းမှာ မကူညီဘူးဆိုလျှင် ပိုင်ရွှယ်ချင်းသည် သူ့ကို ထပ်ခေါ်မည်ဆိုတာ သူသိနေသည်။

အသုံးမကျသည့် လူမိုက်တွေအနေနဲ့ ဒီလိုကိစ္စမှာ  မည်သို့မျှ အောင်မြင်မည် မဟုတ်ပေ။ သူတို့ကို အချိန်မဖြုန်းစေချင်ဘဲ ရှောင်ထွက်သွားစေချင်ပြီ

"ဘာလဲ? မသွားသေးဘူးလား"

ပိုင်ကျီဟန်သည် ထိုလူတွေ၏ နာခံမှု ကင်းမဲ့ခြင်းကြောင့် သိသိသာသာ စိတ်ဆိုးသွားကာ မေးလိုက်သည်။

ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်တွင် အမြဲလွှမ်းမိုးတတ်သူဆိုတာ သိထားသင့်ပြီး ဘယ်လောက်ပဲ သန်မာတဲ့သူဖြစ်ပါစေ သူ့စကားကို နားထောင်ရမှာပင်။

(ငါ့ရဲ့ နေရာက မတည်မငြိမ်ဖြစ်မှာလို့ ထင်ပြီး မနာခံချင်တာလား)

ပိုင်ကျီဟန်သည် တွေးလိုက်သည်။

"ဟား! ဒီရက်တွေမှာ ငါက ကောင်းကောင်း နေနေပြီဆိုတော့ ငါ့ကို ဆန့်ကျင်လို့ရပြီ ထင်နေတာလား။"

(လိမ်တာ)

ပိုင်ကျီဟန်သည် သူ့၏အကောင်းဆုံးအပြုအမူကို အံတုပြီး လိမ်ညာနေသည်ဟု လူတိုင်းက ထင်နေကြသည်။

သူသာ အကောင်းဆုံးသော အပြုအမူကို အမှန်တကယ် ကျင့်သုံးခဲ့မည်ဆိုလျှင် ထိုကောင်းကင်ဓားဂိုဏ်း၏ တပည့်များအတွက် ဒုက္ခဖြစ်စေမည်မဟုတ်ပေ။

"အထူးသဖြင့် ပိုင်ကျန့်။ မင်းမေ့သွားပြီလို့တော့ ငါမထင်ဘူး?"

ပိုင်ကျန့်၏ လက်ချောင်းများသည် အနည်းငယ် ကွေးကောက်သွားသော်လည်း သူ့မျက်နှာကို တည်ငြိမ်အောင် ထိန်းထားသည်။

"မင်းဘာတွေပြောနေတာလဲ ငါမသိဘူး" ပိုင်ကျန့်သည် စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။

"အိုး? ငါ မင်းကို သတိပေးသင့်တာပေါ့’’ ပိုင်ကျီဟန်သည်  သူ့ခေါင်းကို ငြိမ့်ပြလိုက်သည်။

"မင်း ငါ့ကို အသနားခံခဲ့တာကို မမှတ်မိဘူးလား။ ငါပြောသမျှကို နာခံတဲ့ အခြေအနေဖြစ်အောင် ငါလုပ်ခဲ့တာလေ ။ ဘာလဲ၊ မင်း မေ့နေပြီလား။"

ပိုင်ကျီဟန် ဘာပြောနေမှန်း အားလုံးသိသွားတော့ ပတ်ဝန်းကျင်ရှိ ပိုင်မျိုးနွယ် အဖွဲ့ဝင်တွေ တောင့်တင်းသွားသည်။

ချူကျီယန်ပင်လျှင် ဤမျှစိတ်ဝင်စားစရာကောင်းသော အရာကို သတိထားမိကာ  မျက်ခုံးပင့်လိုက်သည်။

ပိုင်ကျန့်၏ မျက်လုံးများ မှေးမှိန်သွားသော်လည်း  သူ့ကိုယ်သူ တည်ငြိမ်အောင် နေနေသည်။

“အဲဒါက ကြာပါပြီ”

ပိုင်ကျန့်သည် လက်တွေ တုန်နေပြီး အော်လိုက်သည်။

"ဟုတ်လား? အခုက မင်းက နည်းနည်း ပိုသန်မာတဲ့ ကလေးလေးပါပဲ။ အခု မင်းငါ့ကို လွန်ဆန်နိုင်မယ်ထင်လား"

ပိုင်ကျီဟန်သည် ပိုင်ကျန့်နဖူးကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

ပိုင်ကျန့်သည် မေးရိုးကို တင်းလိုက်သည်။

အမှန်တော့ သူသည် တစ်ချိန်က ပိုင်ကျီဟန်၏ အနိုင်ကျင့် အရှက်ခွဲတာခံခဲ့ရသော ကောင်လေးတစ်ယောက်မျှသာ ဖြစ်သည်။

သူတင်မကပေ။ သူ့မျိုးဆက်၏  မျိုးနွယ်အဖွဲ့ဝင်တိုင်းနီးပါးသည် ပိုင်ကျီဟန် ၏လက်တွင် အနည်းဆုံး တစ်ကြိမ်တော့ ခံစားဖူးကြပေမည်။

မကျင့်ကြံခင်မှာ  ပိုင်ကျီဟန်သည် တခြားသူတွေထက် အများကြီး သန်မာပြီး သူတို့အားလုံး မကျင့်ကြံနိုင်သေးတာကြောင့် အရည်အချင်းကလည်း သိပ်အရေးမကြီးပေ

သို့သော်  ပိုင်ကျီဟန်သည် အမွေဆက်ခံသူဖြစ်သောကြောင့် အခြားသူများထက် အခွင့်အာဏာများစွာကို ကိုင်စွဲထားသည်။

အမွေဆက်ခံသူဖြစ်ခြင်းကြောင့် ကောင်းစွာကျင့်ကြံနိုင်အောင် မွေးကတည်းက အရင်းအနှီးများကို နှမြောတသခဲ့ခြင်း မရှိသော သူ၏ မိခင်ကြောင့်လည်းပါသည်။

ပိုင်မျိုးနွယ်၏ မျိုးဆက်သစ်တွေအဖို့  ပိုင်ကျီဟန်သည် အမွေဆက်ခံသူဖြစ်ပြီး သူတို့ နားထောင်ရမည့် သူတစ်ယောက်ဆိုတာ သိထားသည်။

ထို့ကြောင့် ပိုင်ကျီဟန်သည် သူအလိုရှိသမျှကို လုပ်နိုင်ခဲ့ပြီး ထိုအချိန်အတွင်း ပိုင်ကျီဟန်ကို  အမှန်တကယ်ပင် ကြောက်ရွံ့နေသေးသည့်အတွက် မဆန့်ကျင်ဝံ့ဘဲကူကယ်ရာမဲ့ ဖြစ်ခဲ့ရသည်။

သူတို့အနေနဲ့ ပိုင်ကျီဟန်ထက် အများကြီး ပိုအစွမ်းထက်ပေမယ့် နောက်ကွယ်မှာ အပြစ်ပြောတာ စော်ကားတာကလွဲရင် သူတို့ရခဲ့သည့် စိတ်ဒဏ်ရာတွေကြောင့် အမြဲတစေကြောက်လန့်နေခဲ့သည်။

ပိုင်ကျီဟန် လက်အောက်မှာ အနစ်နာဆုံး ခံစားခဲ့ရသူ ပိုင်ကျန့်အတွက်တော့ ဒါက အထူး မှန်ကန်သည်။

ပိုင်ကျီဟန်သည် အကြမ်းဖက်တာမျိုးကို အမြဲမလုပ်ပေမယ့် ပိုင်မျိုးနွယ်အဖွဲ့ဝင်တွေကို အစေခံတွေလို ဆက်ဆံပြီး မကြာခဏဆိုသလို တွန်းအားပေးသည်။ အထူးသဖြင့်  ပိုင်ကျန့် မလုပ်ခဲ့တဲ့အရာတွေအတွက် သူ့ကို အပြစ်တင်တတ်တာပင်။တကယ်တော့  ပိုင်ကျီဟန် လုပ်သည့်အမှားတွေသာ ဖြစ်သည်

ဤခံစားမှုသည် ပိုင်ကျီဟန်၏အနိုင်ကျင့်မှုနှင့် ၎င်းနှင့်အတူ ပါလာသောဒုက္ခများမှ လွတ်မြောက်ရန် မဆုတ်မနစ်လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့သည်။

ဒါဟာ အမွေဆက်ခံသူရာထူးကို အစွဲအလမ်းကြီးလာရသည့် အကြောင်းရင်းတစ်ခု ဖြစ်ပြီး တစ်နေ့မှာ ပိုင်ကျီဟန်သည်လည်း အရာအားလုံးဆုံးရှုံးခဲ့ရသည့် ဝေဒနာကို နားလည်လာနိုင်မှာပင်။

"ကျီဟန် ၊ မင်း ငါ့ကို အရင်လို ခြိမ်းခြောက်နိုင်မယ် မထင်နဲ့။ ငါက အဲလိုဒီလူ မဟုတ်တော့ဘူး။ ငါ ပြောင်းလဲသွားပြီ”

ပိုင်ကျန့်သည် သူ့လေသံကို ပြတ်ပြတ်သားသားနဲ့ကြေငြာလိုက်သည်။

(ဒီတစ်ခါတော့ ငါ့ဒဏ်ရာကို ကျော်ဖြတ်မယ်)

အရင်တုန်းက အရှက်ရခဲ့သည့် အမာရွတ်တွေကြောင့်  အတော်လေးကြောက်ရွံ့ခဲ့ပြီး ပိုင်ကျီဟန်ရှေ့မှာ ဦးညွှတ်ခဲ့ရသည်။

ယခု သူသည် ယခင်ကထက် ပိုသန်မာကြောင်း သိသော်လည်း သူ၏ နှိပ်စက်ညှဉ်းပန်းမှုအမှတ်တရများသည် သူ့ကို တွန့်ဆုတ်စေသည်။

ဒါပေမယ့် ဒီနေ့... ဒီနေ့တော့ တစ်ခုခုပြောင်းသွားချေပြီ။

သူသည် နှစ်အတော်ကြာ မခံစားခဲ့ရသော ရဲရင့်မှု အရှိန်အဟုန်ကို ခံစားလိုက်ရသည်။

နောက်ဆုံးတော့ သူ့အတိတ်၏ အရိပ်တွေကို ရင်ဆိုင်ပြီး သူ့ပတ်ဝန်းကျင်တွင် ပိုင်ကျီဟန်ရစ်ပတ်ထားသည့် သံကြိုးတွေကနေ လွတ်မြောက်ဖို့ အချိန်ရောက်လာချေပြီ။

All Chapters