မနာခံခြင်းရဲ့ အကျိုးဆက်
Vol. 2 Ch. 29
ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်ကာ ပိုင်ကျန့်စကားကို ကြားသောအခါတွင် သူ့နှုတ်ခမ်းများက ပြုံးလိုက်သည်။
"မင်းပြောင်းလဲသွားပြီလား။ စိတ်ဝင်စားစရာပဲ”
ပိုင်ကျီဟန်အသံသည် ရွှင်မြူးမှုနဲ့ပြည့်နေပြီး ပိုင်ကျန့်၏ သူ့အပေါ်အာခံပုံကို ရယ်စရာအဖြစ် ထင်နေခဲ့သည်။
ပိုင်ကျန့်တွင် မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိပြီး ယခင်က တိုက်ပွဲတွင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်သည်ကို ပိုင်ကျီဟန်သိရှိခဲ့သော်လည်း ယခုအခါတွင် သူသည် ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုသန့်စင်ခြင်းနည်းကို ကျင့်ကြံနေသည့် မတူညီသော ဇာတ်လမ်းတစ်ပုဒ် ရှိနေချေပြီ
အဲဒီလိုမဟုတ်ရင်တောင် ပိုင်ကျန့်သည် သူ့ကို အန္တရာယ်ပြုဖို့ သတ္တိရှိမည်ဟု မထင်ထားပေ။
သူ့တွင် ပိုင်ကျန့် နာခံရန် လုပ်လို့ရသည့် နည်းလမ်းပေါင်း တစ်ထောင်ရှိသည်။ သို့သော် သူ့တွင် အစွမ်းထက်သည့် ခန္ဓာကိုယ်ရှိနေခြင်းကြောင့် ဒါမျိုးတွေက အခု မလိုအပ်တော့ပေ
ခဏလောက်တော့ ပန်းခြံတစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထဲတွင် တင်းမာမှုများ ထူထပ်သွားသည်။
ပိုင်မျိူးနွယ်အဖွဲ့ဝင်တိုင်းသည် သူတို့နှစ်ယောက်လုံးကို စော်ကားဖို့ မတတ်နိုင်မှန်းသိတာကြောင့် ငြိမ်နေလိုက်သည်။
တစ်ချိန်တည်းမှာပင် လူအများသည် ၎င်းတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတိုက်ခိုက်ဖျက်ဆီးကြရင်း အမွေဆက်ခံမည့်နေရာအတွက် အခွင့်အရေးရဖို့ လျှို့ဝှက်မျှော်လင့်ခဲ့ကြသည်။
ပိုင်ကျီဟန်နဲ့ ပိုင်ကျန့်တို့ ပတ်ပတ်လည်ရှိ အခြားသူများသည် ထိုရာထူးအတွက် သူတို့ကိုယ်သူတို့ အားကိုးနိုင်ဖို့ မျှော်လင့်ချက်မရှိပေ။
"ဒါဆို မင်းငါ့ကို ဆက်မနာခံဖို့ ကြံနေတာလား ကျန့်”
ပိုင်ကျန့်ရဲရဲတောက်ဖြေသလိုမျိုး သူကလည်း ပြတ်သားစွာ မေးလိုက်သည်။
ပိုင်ကျန့် သည် လက်သီးတွေကို ဆုပ်ထားလိုက်သည် ။
သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်ဖို့ သူ့စိတ်ကို မြဲမြံအောင် သတိပေးလိုက်သည်။
သို့တိုင် ပိုင်ကျီဟန်အကြည့်များ သူ့အပေါ် ကျဆင်းလာချိန်တွင် သူ့အလိုလို တစ်စိတ်တစ်ပိုင်း လျော့ကျသွားခဲ့သည်။
သူသည် ထိုလူ၏ အနိုင်ကျင့်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး အရှက်ကွဲရပေါင်းလည်း မနည်းပေ ။ ထိုအဖြစ်အပျက်တွေကို ဖျောက်ဖျက်ပစ်ဖို့က သိပ်မလွယ်ပေ။
ပထမတော့ သူ့လည်ချောင်းတွေ ခြောက်သွေ့သွားပေမယ့် တတ်နိုင်သမျှ သတ္တိတွေ စုစည်းပြီး "ဟုတ်တယ်၊ပိုင်ကျီဟန် ငါ ဘာလုပ်ရမယ်ဆိုတာ မင်း ဆုံးဖြတ်လို့ မရဘူး”
ပိုင်ကျန့်အသံသည် တည်ငြိမ်နေသည့်တိုင် သူ့အကြည့်တွေက ခေတ္တမျှ တုန်လှုပ်သွားသည် ။
ပထမတော့ ပိုင်ကျန့်သည် အနည်းငယ် တုန်လှုပ်သွားပြီး ကြောက်လန့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပိုင်ကျီဟန်ကို သူ အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တာက ဒါပထမဆုံးအကြိမ်ပင်။
သို့သော်ငြားလည်း သူ့ပါးစပ်က ထွက်လာတဲ့အခိုက်မှာ စိတ်သက်သာရာရမှုတစ်ခုသည် သူ့အပေါ်ကို လွှမ်းခြုံသွားပြီး ယုံကြည်မှုအသစ်တွေနဲ့ အမြန်အစားထိုးသွားသည်။
(ဟုတ်တယ် ပိုင်ကျီဟန်ကို ကြောက်စရာ မလိုပါဘူး။ သူက သူ့နေရာကို အလွဲသုံးစား လုပ်နေတာပဲ၊ ပြီးတော့ သူ့မှာ တကယ့်ရာထူး မရှိဘူး။)
သူ့ကို နှစ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့သည့် စိတ်ဒဏ်ရာသည့် နောက်ဆုံးတွင် ပြီးဆုံးသွားပြီဟု ပိုင်ကျန့်ခံစားလိုက်ရသည်။
"ဟားဟား…"
ပိုင်ကျီဟန်သည် မသေချာမရေရာမှုကို ရှာတွေ့သလိုမျိုး ရယ်မောလိုက်သည်။
"တကယ်လား?"
သူတို့ကြားက ကွာဟချက်တွေကို ဖြတ်ကျော်ပြီး သူ့ခြေလှမ်းတွေသည် ပေါ့ပေါ့ပါးပါးနဲ့ ရည်ရွယ်ချက်ရှိရှိ ရှေ့ကို တိုးသွားသည်။
ပိုင်ကျန့်နဲ့ မျက်နှာချင်းဆိုင်ရပ်နေတဲ့အချိန်မှာ ပိုင်ကျီဟန်သည် ငုံ့ကြည့်ပြီး ပြုံးပြလိုက်သည်။
"မင်းသိပါတယ်ကျန့်" သူ့မျက်လုံးတွေက တောက်ပစွာနဲ့ပြောသည် "မင်းငါ့စကားကို နားထောင်စရာ မလိုဘူးလို့ ထင်နေတာ ရယ်စရာပဲ၊ ဒါပေမယ့် အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို မင်းကို သတိပေးပါရစေ"
ပိုင်ကျန့် မတုံ့ပြန်ခင်မှာ ပိုင်ကျီဟန်လက်သည် မြန်မြန်ဆန်ဆန်နဲ့ တင်းတင်းမာမာပဲ သူ့မျက်နှာကို ရိုက်လိုက်သည်။
ဖြန်း
စူးစူးရှရှ ရိုက်ခတ်သံများသည် ဥယျာဉ်ထဲတွင် ပဲ့တင်ထပ်ကာ လေကိုပင် တိတ်ဆိတ်သွားစေသည်။
အပြောင်းအလဲတစ်ခုလုံးကို ကြည့်ရှုနေသည့် ချူကျီယန်ပင်လျှင် ပိုင်ကျီဟန်၏ မမျှော်လင့်ထားသော ပါးရိုက်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။
ပိုင်ကျန့်သည် အနည်းငယ် တုန်ခါသွားကာ ပါးပြင်သည် ရိုက်ခတ်ခဲရမှုကြောင့် နီရဲနေ၏
တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ခဏလောက်တော့ သူ အိပ်မက်မက်နေသည်လား သို့မဟုတ် တစ်ခုခုဖြစ်နေပြီလားဟု တွေးလိုက်မိသည် ။
ပိုင်ကျီဟန်သည် သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေပြီး သူ့ရှေ့မှောက်တွင် လွှမ်းခြုံထားကာ သူ့မျက်လုံးများသည် အာဏာစက်ဖြင့် တောက်ပနေသည်။
"ဒါကို မှတ်ထား ကျန့်" သူသည် အေးစက်စွာပြောပြီး ပိုင်ကျန့်ကို စိုက်ကြည့်နေသည်။
"ငါက ပိုင်မျိုးနွယ်ရဲ့ အနာဂတ်ခေါင်းဆောင်။ ပြီးတော့ ငါ့ကို နာခံစရာမလိုဘူးလို့ ထင်နေတဲ့ လူမိုက်တွေအတွက် အချိန်မရှိဘူး”
ပိုင်ကျီဟန်သည် ပိုင်ကျန့်နဲ့တခြားသူတွေအပေါ် ရှင်းရှင်းလင်းလင်း သတိပေးချက် ထုတ်လိုက်သည်။
ပိုင်ကျီဟန်၏ ရုတ်တရက် လုပ်ရပ်သည် သူတို့ကို အံ့အားသင့်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် လူအုပ်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ပါးရိုက်ခြင်းသည် ပြင်းထန်လှသည် မဟုတ်သော်ငြားလည်း ပိုင်ကျီဟန်၏ မဆိုင်းမတွ လုပ်ရပ်သည် သူ၏အတိတ်အပြုအမူကို သတိရစေသည်။
ကျင့်ကြံမှုစွမ်းရည် နိမ့်ပါးမှုကြောင့် ပိုင်ကျီဟန်သည် သူ့နေရာကို ထိပါးနိုင်သည့် ရန်သူတော်တော်များများကို ရှောင်ရှားသည်ဟု အားလုံးက တွေးခဲ့ကြသည်။
အမွေဆက်ခံသူ၏ အဆင့်အတန်းကို မကာကွယ်ဘဲ အခြားသူများကို ဆက်လက်စော်ကားခြင်းသည် သူ၏ ကျဆုံးခြင်းသို့ ဦးတည်သွားစေနိုင်သည်။
သို့တိုင် ပိုင်ကျန့်လို လူတစ်ယောက်ကို ပါးမရိုက်ခင် နှစ်ကြိမ်လောက် မစဉ်းစားဘဲ အနိုင်ကျင့်ခဲ့သည့် ပိုင်ကျီဟန်ပင်
"ဒီပါးရိုက်တာက ငါ့စကားကို နားမထောင်တာကြောင့်ပဲ မဟုတ်ဘူး။ အရူးစကားလုံးတွေ ပြောတာကြောင့်လည်း ပါတယ်" ဟု ပိုင်ကျီဟန်က မောက်မာစွာပြောသည်။
အသက်ရှုကြပ်စွာဖြင့် စောင့်ကြည့်နေသော အခြား ပိုင်မျိုးနွယ် အဖွဲ့ဝင်များသည် စုပေါင်းသက်ပြင်းချလိုက်သည်။
အနည်းဆုံးတော့ ပိုင်ကျီဟန် ပါးရိုက်တာခံရတာက သူတို့ မဟုတ်ဘဲ ပိုင်ကျန့်ပင်
သို့တိုင် ပိုင်ကျန့် ရပ်နေချိန်မှာတော့ သူ့ပါးပြင်ပေါ်ရှိ အရိုက်ခံရမှုသည် လတ်ဆတ်နေဆဲမို့ မယုံနိုင်လောက်အောင်ပင်
မမောမပန်း ကျင့်ကြံပြီး မျိုးနွယ်စုတွင် ဒုတိယ အင်အားအကြီးဆုံး ဖြစ်လာသောသူသည် "အမှိုက်" ဟုခေါ်သော သူ၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်။
ပိုင်ရွှယ်ချင်းဆိုတောင် သူလက်ခံနိုင်ပေမည် ၊ ဒါပေမယ့် ပိုင်ကျီဟန်ကတော့ ?
အရင်တုန်းကတော့ ခံနိုင်ရည်ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ အရင်နဲ့မတူပေ ။ အနည်းဆုံးတော့ ဒါက သူယုံကြည်ချင်နေသည့်အရာပင်
"ပိုင်ကျီဟန်”
ပိုင်ကျန့်သည် ပိုင်ကျီဟန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
တုန်လှုပ်ချောက်ချားမှုတစ်ခု ကျန်နေသေးပြီး သူ့အတွင်းစိတ်သည် နာခံရန် ဦးညွတ်ချင်နေသော်လည်း သူ့မျက်လုံးများတွင် ဒေါသနှင့် တောက်လောင်နေသည်။
"မင်းငါ့ကို ဘယ်လိုတောင် ပါးရိုက်ရဲတာလဲ။ မင်း အမွေဆက်ခံသူဖြစ်တာနဲ့ပဲ ဒီလိုပြီးမယ် ထင်နေလား။"
ပိုင်ကျန့်က ရိုက်ချလိုက်သည်။
"မင်းက အမွေဆက်ခံသူဖြစ်တာနဲ့ အတိတ်မှာ လုပ်ချင်သလိုလုပ်နေတာ ။ ဒါပေမယ့် အရည်အချင်းမရှိလို့ ဒီရာထူးကို မင်းအကြာကြီးထိန်းထားလို့ မရတော့ဘူး။ အရင်လို မင်းလုပ်သမျှကို ငါခံမယ်လို့ ထင်မနေနဲ့။"
ပိုင်ကျီဟန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ ပိုင်ကျန့်အရောင်အဝါသည် တောက်လောင်နေသည်။
စုရုံးနေသော ပိုင်မျိုးနွယ် အဖွဲ့ဝင်များ ရင်မောသွားကြသည်။
"ကျွန်တော်တို့ သူ့ကိုတားသင့်လား?"
"ကျီဟန်က အားနည်းလွန်းတယ်။ ကျန့်က သူ့ကို စွမ်းအားအပြည့်နဲ့ တိုက်ခိုက်ရင် သေနိုင်တယ်”
"ကျန်က တကယ်လုပ်မှာ ။ သူက ကျီဟန်ကို တကယ်လုပ်ကြံမှာ။"
စိုးရိမ်စိတ်သည် လူအုပ်ကြားထဲ ပျံ့နှံ့သွားချေသည်။
တော်တော်များများသည် ပိုင်ကျီဟန်ကို မကြိုက်ကြဘဲ ဒုက္ခရောက်နေတာကို မြင်ချင်ကြပေမယ့် မျိုးနွယ်စုဝင်ချင်း—အထူးသဖြင့် အမွေဆက်ခံသူကို သတ်ပစ်လျှင် ဆိုးရွားသည့် အကျိုးဆက်တွေ ဖြစ်လာနိုင်သည်။
သို့ပေမဲ့ ပိုင်ကျန့်ကို တားချင်ရင်တောင် သူတို့သည် အဝေးကြီးမှာ ရှိနေပြီး သူ့ထက်စာရင် အားနည်းလွန်းသည်။
ချူကျီယန်သည်လည်း စွက်ဖက်ရန် ကြံရွယ်ကာ လှုပ်ရှားခဲ့သည်။ ပိုင်ကျန့်သာ သူ၏ ရွှေဗဟိုနယ်ပယ်အဆင့်နဲ့ ပိုင်ကျီဟန်ကို တိုက်ခိုက်လျှင် ပိုင်ကျီဟန်သေနိုင်သည်။
သို့သော်လည်း သူမ ခြေလှမ်းစခါနီးတွင် ပိုင်ကျီဟန်၏ ယုံကြည်ချက်ရှိသော အပြုံးကို သူမ မြင်လိုက်ရသည် ။
သူမသည် သူမ၏လမ်းကြောင်းတွင် ရပ်သွားသည်။
(သူ့မှာ ဝှက်ဖဲတစ်ခုခု ရှိတာလား။)
ချူကျီယန် အံ့သြသွားသည်။
ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူအနေဖြင့် ပိုင်ကျီဟန်သည် အသက်ကယ်ပစ္စည်း သို့မဟုတ် အခြားလျှို့ဝှက်လှည့်ကွက်တစ်ခုခု ရှိရမည်။
ပိုင်ကျီဟန်သည် ပိုင်ကျန့်ကို ပထမဆုံး ပါးရိုက်သူဖြစ်ပြီး ပိုင်ကျန့်တုံ့ပြန်ရုံမျှဖြင့် ဝင်ရောက်မစွက်ဖက်ဖို့ ဆုံးဖြတ်ကာ ပိုင်ကျီဟန်အစီအစဉ်ကို မပျက်ပြားစေချင်တော့ပေ
ထို့အပြင် ပိုင်ကျီဟန်၏ဂုဏ်သတင်းကို သိရသလောက် ထိခိုက်မှု တစ်စုံတစ်ရာကို ခံစားခဲ့ရကြောင်း သူမ မကြားခဲ့ဖူးပေ။