← Chapters

စွမ်းအား ထုတ်ဖော်ပြသမှု

Vol. 2 Ch. 30

စွမ်းအား ထုတ်ဖော်ပြသမှု

Vol. 2 Ch. 30

ဒေါသထွက်နေချိန်မှာ ပိုင်ကျန့်သည်  သူ့စွမ်းအားကို ထိန်းချုပ်ဖို့ မေ့ပြီး ရှိသမျှခွန်အားနဲ့ ပိုင်ကျီဟန်ကို တိုက်ခိုက်လိုက်သည်။

နောက်ဆုံးစက္ကန့်မှာသာ သူဘာလုပ်နေသလဲ ဆိုတာသိလာသည်။

(အိုး…မဟုတ်ဘူး)

ပိုင်ကျန့်သည် စွမ်းအားကို ထိန်းချုပ်ဖို့ ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့သည်။

ရွှေဗဟိုနယ်ပယ်အဆင့် ချီပါဝင်သည့် လက်သီးသည် တစ်လက်မမျှ မရွေ့သော ပိုင်ကျီဟန်ဆီ ဦးတည်နေသည်။

ကြည့်နေသမျှ လူတိုင်း အသက်ရှုဖို့ မေ့ပြီး ပိုင်ကျီဟန်သည်  လေထဲသို့လွှင့်ကာ နေရာတွင်ပင် ဖျက်ဆီးခံရမည်ဟု ထင်နေကြသည်။

သို့သော်

ဘုန်း 

လက်တစ်ဖက်ထွက်လာပြီး လက်ချောင်းတွေသည်  ပိုင်ကျန့်လက်သီးကို အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။

အားနည်းသည်ဟုထင်ခဲ့သော ပိုင်ကျီဟန်သည် ပိုင်ကျန့် စွမ်းအားအပြည့်နဲ့တိုက်မှုကို အလုံးစုံတားလိုက်နိုင်ခဲ့သည်။

ဥယျာဉ်တစ်ဝိုက် တိတ်ဆိတ်မှုနဲ့ ပြည့်နှက်သွားသည်။

ပိုင်မိသားစုဝင်တိုင်း အံ့အားသင့်မှုနဲ့ မယုံနိုင်စွာ ကြည့်နေကြသည်။

သူမစိတ်ထဲသံသယကြောင့်  ဝင်ရောက်မစွက်ဖက်ခဲ့သော  ချူကျီယန်သည်လည်း သူမနှလုံးခုန်သံကို ခံစားခဲ့ရသည်။

(ဘာလဲ?)

သူမသည် ပိုင်ကျီဟန်၏ ခွန်အားကို အများစုထက် ပိုသိသည်။

သူသည် အားနည်းသည်။

သူ၏ ကျင့်ကြံမှုသည် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေပြီး သူ၏ ခန္ဓာကိုယ်သည် ပို၍ပင် အားနည်းနေသည်။ သူသည်  ကိုယ်ခန္ဓာကျင့်ကြံမှုနည်းစနစ်ကို တစ်ခါမျှ မလေ့ကျင့်ဖူးပေ။

ပိုင်ကျန့်သည် ရွှေဗဟိုနယ်ပယ်မှာ ရှိနေသည့်တိုင် သူ၏ ပြင်းထန်သည့် ထိုးချက်တွေကို ရပ်တန့်ခံလိုက်ရချေပြီ။

 ထိုးနှက်မှုကို ခံနိုင်ရည်ရှိခြင်း သို့မဟုတ် ရိုက်ခတ်မှုကို ရှင်သန်နိုင်ခြင်းသည်  ခက်ခဲသော အရာတစ်ခုပင်။  သို့တိုင် ပိုင်ကျီဟန်သည် အဓိကဖွဲ့စည်းမှုအဆင့်၌သာ  ရှိနေသော်လည်း နောက်ပြန်ဆုတ်ဖို့ ခြေတစ်လှမ်းတောင် မရွေ့ခဲ့ပေ

၎င်းတို့ကြားတွင် အဓိကနယ်ပယ်နှစ်ခု ကွာခြားခဲ့သည်။

အဓိကပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူပင်  ပိုင်ကျန့်ထိုးသတ်မှုကို မရပ်တန့်နိုင်ခဲ့ပေ။

၎င်းတို့မျိုးဆက်၏ ဒုတိယ အင်အားအကြီးဆုံး ပိုင်ကျန့်သည် အေးခဲနေပြီး သူ့လက်များ တုန်ရီနေသည်။

သူ့စိတ်သည် စောနက ဖြစ်ပျက်ခဲ့သည့် အရာတွေကို မတွေးနိုင်တော့ပေ

(သူ... ဖမ်းလိုက်တာလား)

လွန်ခဲ့သည့် တစ်စက္ကန့်ကပင်  ပိုင်ကျန့်သည် ပိုင်ကျီဟန်ကို သတ်ပစ်မိမည်ကို  စိုးရိမ်ခဲ့သည်။

ယခုတော့ သူသည် တုန်လှုပ်ချောက်ချားစွာဖြင့် ထိုအရာကို လုံးလုံး မေ့သွားခဲ့ချေပြီ။ အလုံးစုံ တိုက်ခိုက်ခြင်းကို  ပိုင်ကျီဟန်သည် အားမစိုက်ထုတ်ဘဲ ရပ်တန့်ခဲ့သည်။

(မဟုတ်ဘူး…မဖြစ်နိုင်ဘူး)

ပိုင်ကျန့်သည် သူ၏ ထိတ်လန့်မှုမှ  အပြည့်အဝ အသိမဝင်ခင်မှာပဲ   ပိုင်ကျီဟန်သည် လက်သီးတစ်ဝိုက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"ဒါပဲလား?"

ပိုင်ကျီဟန် မေးလိုက်သည်။

သူ့အမူအရာက မပြောင်းလဲဘဲ  သူ့ခန္ဓာကိုယ်သည် ဘယ်လောက်တောင် အစွမ်းထက်လာလဲဆိုတာကို စိတ်လှုပ်ရှားနေပြီး ကျေနပ်နေခဲ့သည်။

ထိုအချိန်တွင် သူ ခံနိုင်ရည်ရှိခဲ့သော နာကျင်မှုအားလုံးသည် ထိုက်တန်သည်ဟု ခံစားမိသည်။

ပိုင်ကျန့်နဲ့ ဆက်ဆံဖို့ လိုအပ်နေသေးသည့်အတွက် သူ့မျက်နှာတွင် ကျေနပ်မှုအရိပ်အယောင်ကို မပြခဲ့ပေ။

ပိုင်ကျန့်၏ မျက်လုံးများသည် အခြေအနေအဖြစ်မှန်တွင် နစ်မြုပ်သွားသည်။  သူ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ထင်သည့် ပိုင်ကျီဟန်သည် သူ၏တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တားဆီးထားသည်။

နောက်တခဏမှာတော့

ဘုန်း

ပြင်းပြင်းထန်ထန် ကန်ချက်သည် ပိုင်ကျန့် ဗိုက်ကို တိုက်ရိုက် ထိသွားသည်။

"အာ”

ပိုင်ကျန့်၏ ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်သွားကာ မြေပြင်မှ လွင့်တက်သွားသည်။

ဝမ်းဗိုက်တွင် နာကျင်မှုကြောင့် ချောင်းဆိုးရင်း ကျောက်တုံးကြီးပေါ်သို့ လဲကျသွားသည်။

သာမာန်အားဖြင့် သူသည် ထိုတိုက်ခိုက်မှုကို အချိန်မှီ ရှောင်တိမ်းနိုင်သော်လည်း အခြေအနေ၏ အဓိပ္ပါယ်မဲ့မှုကြောင့်  စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်သွားခဲ့သည်။

ပိုင်ကျီဟန်ကန်ချက်သည် နာကျင်သော်လည်း ပိုင်ကျန့်သည် ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်တာကြောင့် ပြင်းထန်သည့် ဒဏ်ရာတွေ မရရှိခဲ့ပေ။

အခိုးအငွေ့များသည် လူအုပ်ကြားတွင် တဟုန်ထိုး ပျံ့နှံ့သွားသည်။

ပိုင်မျိုးနွယ်၏ ထက်မြက်သော ပါရမီရှင် ပိုင်ကျန့်သည် အင်းဆက်ကဲ့သို့ မြေပြင်ပေါ်သို့ ကန်ချခြင်း ခံလိုက်ရသည်။

ပြီး​တော့ လုပ်​တဲ့သူက

ပိုင်ကျီဟန်ပင်

အများအခေါ် အမှိုက် 

“ ဒီလိုမျိုး နောက်တစ်ကြိမ် မကြိုးစားခင် နှစ်ကြိမ်လောက်တော့ စဉ်းစားသင့်တယ်။"

ပိုင်ကျီဟန်သည် မောက်မာစွာပြောပြီး သူ့အ၀တ်တွေကို ဖုန်ခါလိုက်သည်

သူ၏ သွေးနီရောင်မျက်လုံးများသည် စုရုံးနေသော မျိုးနွယ်စုဝင်များကို ဖြတ်ကျော်ကာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် လေသံဖြင့် ပြောလိုက်သည်။

"ဘာတွေကြည့်နေကြတာလဲ?"

သူက ပြတ်ပြတ်သားသား မေးလိုက်သည်။

သူတို့ကို ထွက်သွားဖို့ အမိန့်ပေးခဲ့တာ တော်တော်ကြာနေပြီ ဖြစ်ပေမယ့် သူ၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်ရင်း  ထိုနေရာမှာ ရှိနေဆဲပင်

ပိုင်ကျီဟန်ကို ဒေါသမထွက်စေချင်တာကြောင့် တခြား ပိုင်မျိုးနွယ်အဖွဲ့ဝင်တွေသည် မြန်မြန်နာခံပြီး လူစုခွဲလိုက်ကြသည်။

သို့သော်လည်း ထိုအချိန်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ၎င်းတို့စိတ်ထဲတွင်စွဲနေ၏  ပိုင်ကျန့်၏ လက်သီးချက်အား ရပ်တန့်လိုက်သော ပိုင်ကျီဟန်၏မြင်ကွင်းကို မမေ့နိုင်ခဲ့ကြပေ။

ပိုင်ကျီဟန်သည် သူ့ကိုယ်ပိုင်အစွမ်းအစကို အားကိုးတာလား ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းပစ္စည်းအချို့ကို အသုံးပြုခဲ့သလားဆိုတာကို လူအများက ထင်ကြေးပေးခဲ့ကြသည်။

အများစုသည် အဓိပ္ပါယ်ရှိသည့်  တစ်ခုတည်းသော ရှင်းလင်းချက်ဖြစ်သည့်  ဒုတိယတစ်ခုကို ယုံကြည်ကြသည်။

ချူကျီယန်ကဲ့သို့ အစွမ်းထက်မည်ဆိုပါက  ပိုင်ကျီဟန်သည် သူ့ကိုယ်ပိုင် စွမ်းအားသက်သက်ကို သုံးတာဖြစ်ပြီး မည်သည့်ပစ္စည်းမှ အသုံးမပြုကြောင်း ၎င်းတို့ သိကြမည်ဖြစ်သည်။

ပိုင်ကျန့် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ချိန်မှာတော့ ပိုင်ကျီဟန်နဲ့ ပိုင်မျိုးနွယ်၏အခြားအဖွဲ့ဝင်တစ်ယောက်ပဲ ကျန်တော့သည်။

ပိုင်ကျန့်သည် ပိုင်ကျီဟန်ကို ရောထွေးနေသော  အကြည့်နဲ့ စိုက်ကြည့်နေသည်။

သို့သော် သေချာတာက သူသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် သတ္တိမရှိတော့ချေ။

နှစ်ကြိမ်မြောက် မအောင်မြင်လျှင် တိုက်ခိုက်ရတာ အရှက်ရလိမ့်မည်ပင်။

ထိုအရာထက်  အတိတ်မှ ဒဏ်ရာတွေကို ကျော်လွှားပြီး ပိုင်ကျီဟန်ကို ဆန့်ကျင်ဖို့ စုဆောင်းထားသည့် ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ချေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ထိုရင်းနှီးသော အကြောက်တရားသည် သူ့နှလုံးသားထဲသို့ ပြန်ဝင်လာသည်။

"ဘာလဲ၊ ထပ်လုပ်ချင်သေးတာလား"

ပိုင်ကျီဟန်သည်  ဒေါသလေသံနဲ့ မေးလိုက်သည်။

သူသည် ပိုင်ကျန့်ကို အခုပဲဖြစ်ဖြစ် အတိတ်မှာ ဖြစ်ဖြစ် ဂရုမစိုက်ပေ။

ပိုင်ကျန့်သည် သူ့ကို သတ္တိရှိရှိ အံတုဝံ့တာကို ဒေါသထွက်သော်လည်း သူ့ကို ချမ်းသာပေးခဲ့သည်။

အမှန်တော့ ဒါကလည်း ပိုင်ကျီဟန်အဖို့ မာနကြီးသည့် စကားသက်သက်ပင်

အခြားသူများအတွက်မူ ဤအရာသည် သူ့ကံတစ်ဖန် ပြန်လည်လာသည်ဟု ပြောကြမည်ပင်။ ကောင်းစွာမလုပ်ဆောင်နိုင်သော်လည်း သူ၏အတိတ်မှ ရက်စက်ကြမ်းကြုတ်မှုများသည် သူ့အား ကိုက်ရန် ပြန်ရောက်လာသည်ဟု ဆိုနိုင်သည်။

ပိုင်ကျီဟန်သည် သူ့ကိုယ်သူ သူတော်စင်ဖြစ်ကြောင်း ကြွေးကြော်နေသည့် မာရ်နတ်နှင့်တူနေသည်။

သို့သော် ရှုထောင့်သည် မည်သို့ပင် ဖြစ်စေကာမူ အမှန်တရားတစ်ခု ကျန်နေခဲ့သည်။  ပိုင်ကျန့် သည် ယခု ဘာမှ မလုပ်နိုင်တော့ပေ။

အထူးသဖြင့် ချူကျီယန်၏ရှေ့တွင် နောက်ထပ်အရှက်ကွဲခြင်းမှ လွတ်မြောက်ရန် သူသည် ထွက်ခွာမသွားမီ နောက်ဆုံးတစ်ကြိမ် ပိုင်ကျီဟန်ကို စိုက်ကြည့်နေခဲ့သည်။

ပိုင်ကျီဟန်သည် ပိုင်ကျန့်၏ နောက်ပြန်ဆုတ်သွားသောပုံကို ကြည့်ပြီး နောက်ဆုံးတွင် သူ့အား စိုက်ကြည့်နေဆဲ  ချူကျီယန်ဆီ အကြည့်ကို လွှဲလိုက်သည်။

သူမ၏ ပြင်းထန်သော အကြည့်များသည် သူ့ကို အနည်းငယ် တုန်လှုပ်သွားစေသည် ။

"ဘာလဲ?"

ပိုင်ကျီဟန်က မေးလိုက်သည်။

"နင် နင်ဘယ်တုန်းက ဒီလို သန်မာလာတာလဲ။"

ချူကျီယန်သည် သံသယစိတ်ဖြင့် မေးလိုက်သည်။

"ဟင်? ငါလေ့ကျင့်လို့မရဘူးလား။  နင်တို့လိုပါရမီရှင်တွေကပဲ ပိုသန်မာလာရမယ်လို့ ထင်နေတာလား"

ပိုင်ကျီဟန်က လှောင်ပြောင်လိုက်သည်။

သူ့ခွန်အားကို ရှင်းပြဖို့ လိုမည် မထင်ပေ။

သူ့၏တိုးတက်မှုသည် သိသာထင်ရှားလာသည့်တိုင် လူတွေ သံသယတွေ လွန်ကဲသွားစေမည့် အဆင့်ထိ မရှိပေ။

သူ့မိဘများသည် ဆေးဖက်ဝင်ဆေးများကို အသုံးပြုပြီး ခန္ဓာကိုယ် ကြံ့ခိုင်စေရန် အဖိုးတန် အရင်းအမြစ်များကို သုံးစွဲပေးခဲ့သည်ဟု အများစုက ရိုးရိုးရှင်းရှင်း ယူဆကြပေမည်။

All Chapters