← Chapters

ပိုင်မျိုးနွယ်သို့ ချူကျီယန် ရောက်လာသည်။

Vol. 2 Ch. 20

ပိုင်မျိုးနွယ်သို့ ချူကျီယန် ရောက်လာသည်။

Vol. 2 Ch. 20

ခမ်းနားလှသည့် ဇိမ်ခံ သင်္ဘောပျံသည် ကောင်းကင်ယံတွင် ပျံဝဲကာ  ပိုင်မျိုးနွယ်၏ ခမ်းနားသော အိမ်ရာဆီသို့ ဆင်းလာခဲ့သည်။

သင်္ဘောသည်  ကောင်းကင်အင်ပါယာတွင် တန်ခိုးအကြီးဆုံး စွမ်းအားရှင် မိသားစုများထဲမှ တစ်ခုဖြစ်သည့် ချူမျိုးနွယ်၏ အမှတ်တံဆိပ်နဲ့ပင်

သင်္ဘောကုန်းပေါ်တွင် ချူကျီယန်သည် အောက်ဘက်ရှိ ပိုင်မျိုးနွယ်၏ ကျယ်ပြောလှသော  ခြံဝင်းကြီးကို စိုက်ကြည့်ရင်း နီရဲနေသော မျက်လုံးများက တည်ငြိမ်သော်လည်း အနည်းငယ် သဘောကျနေလေသည်။

လေပြေသည် သူမ၏ ၀တ်ရုံကို လွင့်စေကာ သူမက အနက်ရောင် ဆံနွယ်ရှည်များသည် သူ့နောက်တွင် တဖျပ်ဖျပ်လွင့်နေသည်။

(ငါဒီကိုရောက်ခဲ့တာ  နှစ်တွေအတော်ကြာခဲ့ပြီ… အခု ငါက ပိုင်ကျီဟန်ရဲ့ စေ့စပ်ထားသူအဖြစ် ပြန်ရောက်လာရပြီ… ဒါကို ဘယ်သူက ထင်မှာလဲ။)

သူမက ပြုံးပြလိုက်သည်။

ဖြစ်နိုင်ခြေအားလုံးထဲမှ  ဤအရာသည် သူမ မမျှော်လင့်ထားခဲ့သော အရာတစ်ခုဖြစ်သည်။

ပိုင်ကျီဟန်နဲ့ ပထမဆုံးတွေ့ဖူးတာကို အမှတ်ရမိတော့ သူမ၏လက်ချောင်းတွေသည် သူမခါးမှာရှိသည့် ဓားကို ကိုင်လိုက်မိသည်။

မာနကြီးလွန်းပြီး အသိနည်းလွန်းသည့်အပြင် စိတ်အနှောက်အယှက်ဖြစ်စေသည့် ကိုးနှစ်သားအရွယ် ကလေးတစ်ဦးသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟုထင်နေခဲ့သည်။

(ကောင်းပြီ၊ သူက အရုပ်ကောင်းလေးပဲ)

ရယ်သံတစ်ခုသည် သူမနှုတ်ခမ်းမှ လွတ်ထွက်သွားသည်။

သူ့ကို သူ့နေရာနဲ့သူ ဖြစ်အောင် နည်းနည်းလေးပဲ ရိုက်ခဲ့ရသည်။

သူမသည် ကိုယ့်ကိုကိုယ်အထင်ကြီးနေသော သခင်လေးကို လက်ပါးစေတစ်ဦးလို လက်ဖက်ရည်ဆက်သခိုင်းပြီး အမိန့်နဲ့  အကုန်ခိုင်းသည်ကို သတိရမိသည်။

နှစ်ပတ်ကြာသည်အထိ သူသည် သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စလုပ်ပေးရသည့် ကောင်လေးပင်။

ထိုအချိန်ကပင် သူမသည် သူ့ထက်ပင် ပို၍ သန်မာခဲ့သည်။

ယခုလည်း?

(ငါသိချင်တာက... သူ လုံးဝ ပြောင်းလဲသွားပြီလား?)

သူမအနေနဲ့ သံသယတော့ဝင်မိသည်။

ကောင်းကင်ဓားဂိုဏ်းထဲတွင်  ပိုင်ကျီဟန်ကဲ့သို့သော လူများစွာကို သူမြင်ဖူးသည်။ ၎င်းတို့အားလုံးထဲတွင် အားနည်းသူဖြစ်သော်လည်း အမှန်တကယ်မရှိသည့် စွမ်းအားကို ယစ်မူးနေခဲ့သည်။

သင်္ဘောသည် ပိုင်မျိုးနွယ်၏ ခြံဝင်းအတွင်း ချောမွေ့စွာ ဆင်းသက်ခဲ့သည်။ ပိုင်မျိုးနွယ် အကြီးအကဲများနှင့် အစောင့်အရှောက်များစွာသည် သူမကို ကြိုရန် စောင့်ဆိုင်းနေပြီဖြစ်သည်။

ကျက်သရေရှိသော လှုပ်ရှားမှုများဖြင့် ချူကျီယန်သည်  သင်္ဘောပေါ်မှ ဆင်းသွားသည်။

သူမရောက်ရှိနေခြင်းသည် အားစိုက်ထုတ်စရာ မလိုသည့် ငြင်းမရသော ယုံကြည်မှုနှင့် ခွန်အားများကို ခံစားရစေသည်။

အကြီးအကဲများက ရိုသေစွာ ဦးညွှတ်ကြသည်။

"ချူမိန်းကလေး ပိုင်မျိုးနွယ်က ကြိုဆိုပါတယ်"

သူမ အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။

"ဧည့်ဝတ်ကျေပွန်မှုကို တန်ဖိုးထားပါတယ်။"

အစေခံတစ်ယောက်က ရှေ့တိုးလာသည်။

"ချူမိန်းကလေး ဒီမှာ နေထိုင်ဖို့ နေအိမ်ပြင်ဆင်ပြီးပါပြီ။ အရင်အနားယူချင်လား ဒါမှမဟုတ် သခင်လေးနဲ့တွေ့ချင်လား။"

သူမက လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

"နောက်မှ အနားယူမယ်။ လောလောဆယ် ပိုင်ရွှယ်ချင်းဆီကို ခေါ်သွားပေးပါ။"

အစေခံက တုံ့ဆိုင်းသွား၏

"သခင်မ ရွှယ်ချင်းက လောလောဆယ် လေ့ကျင့်နေပါတယ်။ သူနဲ့တွေ့ချင်တာလား။"

"တွေ့မယ်”

အစေခံသညါ ခေါင်းညိတ်ပြီး ရှေ့ကဦးဆောင်သည်။

တခြားသူသာဆို ပိုင်ရွှယ်ချင်း ကျင့်ကြံနေသည်ကို အနှောင့်အယှက်ပေးဖို့ ခွင့်မပြုပေမယ့် မေးတဲ့သူက မတူတော့ပေ။

ချူကျီယန်သည် ကောင်းကင်ဓားဂိုဏ်း၏ ပါရမီရှင် ပိုင်ရွှယ်ချင်း ဓားရေးလေ့ကျင့်နေသော လေ့ကျင့်ရေးအခန်းသို့ ရောက်လာသည်။

ပိုင်ရွှယ်ချင်း၏ လှုပ်ရှားမှုတိုင်းသည်  ပြတ်သားသည်။ တိကျသည်။ ထို့အပြင်  သေစေနိုင်သည်။

သူမ၏ဓားသည် လေထဲကိုထိုးဖောက်ကာ  ပိုးထည်များကို စုတ်ဖြဲသည့်အသံနှင့်တူပြီး ဓားသွားလိုသည့်ဆန္ဒ အရိပ်အယောင်များ ကျန်ရစ်ခဲ့သည်။

ချူကျီယန်သည် ရှေ့သို့မလှမ်းမီ ခဏမျှ စောင့်ကြည့်နေခဲ့သည်။

"အရင်ကလို ထက်မြက်နေတုန်းပဲလို့ မြင်တယ်”

ပိုင်ရွှယ်ချင်းသည် ဓားလေ့ကျင့်ရေးအလယ်တွင်  ရပ်လိုက်ပြီး သူမအကြည့်များက ရင်းနှီးသောအသံဆီသို့ ကူးပြောင်းသွားသည်။

ချူကျီယန်ကိုတွေ့သောအခါ ရှားရှားပါးပါး အပြုံးတစ်ခုသည် သူမ၏ အေးစက်သော မျက်နှာကို ဖြတ်ကျော်သွားခဲ့သည်။

"ကျီယန်”

သူမ ဓားကို ချပြီး လမ်းလျှောက်လာခဲ့သည်။

"နင်လာမယ်လို့ ငါကြားတယ် ဒါပေမယ့် ဒီလောက်စောစော ရောက်လာမယ်လို့ ငါမမျှော်လင့်ထားဘူး"

ချူကျီယန်သည် ပခုံးတွန့်လိုက်သည်။

"ဟုတ်တယ် ၊ ငါ့တို့ အကြီးအကဲတွေက ငါ့ကို ပိုင်မျိုးနွယ်နဲ့ အလုပ်ကို အမြန်ဆုံး အကောင်အထည် ဖော်စေချင်တယ်လေ”

ပိုင်မျိုးနွယ်သည် ချူမျိုးနွယ်နှင့်မဟာမိတ် ဖြစ်ဖို့ ခိုင်လုံသောအကြောင်းပြချက်တစ်ခုရှိသော်လည်း ချူမျိုးနွယ် အတွက်မူ အလားတူပဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

၎င်းတို့၏ ပြိုင်ဖက်များသည် အခြားသော အပြင်းထန်ဆုံး မျိုးနွယ်စု သုံးခုအနက် နှစ်ခုထံမှ ထောက်ခံမှု ရရှိပြီး ၎င်းတို့၏ စျေးကွက်ဝေစုသည် ကျုံ့သွားခဲ့သည်။

ထို့ကြောင့် ချူကျီယန်သည် အခြေအနေဆိုးမလာခင် ပိုင်ကျီဟန်နှင့် သူမ၏ စေ့စပ်ကြောင်းလမ်းမှုကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဖို့ မျှော်လင့်ခဲ့ကြသည်။

ပိုင်ရွှယ်ချင်း၏ စူးရှသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"နင့်မှာ ဘာကိစ္စရှိလို့လဲ"

ပိုင်ရွှယ်ချင်းသည် စိတ်ရှုပ်စွာနဲ့ မေးလိုက်သည်။

ချူကျီယန်သည်  ချူနဲ့ ပိုင်မျိုးနွယ်စုကြား အရေးကိစ္စများတွင် ပါဝင်နိုင်လောက်အောင် ရင့်ကျက်လာမည်ဟု သူမ မထင်ခဲ့ပေ။

ဒီလိုလုပ်ဖို့ သူမကတော့ အရည်အချင်းမပြည့်မီသေးပေ။

ချူကျီယန်က ပြုံးလိုက်သည်။

"ဘာလဲ? ငါ့ကိုမယုံဘူးလား"

ပိုင်ရွှယ်ချင်းသည် လက်ပိုက်လိုက်သည်။

"ငါ့အထင်... နင်ဒီမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုမရှိရင် မလာလောက်ဘူး"

ချူကျီယန်သည်  ရယ်မောလိုက်သည်။

"အင်း... ဖြစ်နိုင်တယ်”

သူမ ရှေ့ကို လှမ်းပြီး ပိုင်ရွှယ်ချင်း၏ ပုခုံးပေါ် လက်ကို တင်လိုက်သည်။

"ငါ နင့်အတွက် သတင်းကောင်းရှိတယ်။"

ပိုင်ရွှယ်ချင်းသည် မျက်ခုံးပင့်လိုက်သည်။

"ဘာသတင်းလဲ?"

ချူကျီယန်၏ အပြုံးသည် ပိုကျယ်ပြန့်လာသည်။

"ငါ အခု နင့် အစ်မကြီး ဖြစ်တော့မယ်။"

တိတ်ဆိတ်နေ၏

ပိုင်ရွှယ်ချင်းသည် မျက်တောင်ခတ်ပြီး ပထမတော့ သိပ်နားမလည်ပေ

ထို့နောက်

သူမအမူအရာ မဲမှောင်သွားသည် ။

"...နင်ပြောချင်တာက”

ချူကျီယန်သည် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ငါ နင့်မျိုးနွယ်က  နင့်ရဲ့ချစ်လှစွာသောမောင်လေးကို လက်ထပ်ဖို့စီစဉ်ထားတာ။"

သူမသည် အနည်းငယ်ခါးညွတ်လိုက်ပြီး သူမမျက်လုံးထဲတွင် ပျော်ရွှင်မှုများ ကခုန်နေသည်။

"ဒါဆို အခုကစပြီး ငါ့ကို အစ်မကျီယန်လို့ ခေါ်သင့်တယ်”

ပိုင်ရွှယ်ချင်း၏ နှုတ်ခမ်းများသည် ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။

ခဏတာတော့ သူမ စကားလုံးဝမပြောနိုင်ပေ။

သူမစိတ်ထဲ ပြောဖို့ မျှော်လင့်ထားသမျှထဲမှာ ထိုစကားက မျှော်လင့်ချက်နောက်ဆုံးပင်

ပိုင်ရွှယ်ချင်း သို့မဟုတ် ထိုအစည်းအဝေးပြင်ပ မှ အခြားမည်သူမဆို ပိုင်ကျီဟန်နဲ့ ချူကျီယန် မကြာမီ စေ့စပ်တော့မည့်အကြောင်းကို မသိခဲ့ပေ။

စေ့စပ်ကြောင်းလမ်းမှု တရားဝင်မကြေငြာခင်အထိ ထိုကိစ္စကို လျှို့ဝှက်ထားဖို့ လိုသည်။

ပိုင်ရွှယ်ချင်းသည်  ပိုင်မျိုးနွယ်သို့ ချူကျီယန် အလည်အပတ်ရောက်ရှိလာမည်ထက်ပို၍ ဘာမှမသိပေ။

အကြောင်းရင်းကို ယခုအချိန်အထိ သူမ မသိချေ။

"နောက်နေတာလား။"

"မဟုတ်ဘူး”

"တကယ်ကြီးလား"

"တကယ်”

ပိုင်ရွှယ်ချင်းသည် အသက်ပြင်းပြင်းရှူပြီး နားထင်ကိုလက်နဲ့ ပွတ်လိုက်သည်။

ပိုင်ကျီဟန်သာ သူ့မောင်မဟုတ်ရင် ချူကျီယန် သူ့မောင်နဲ့လက်ထပ်မှာကို သူမပျော်နေမှာပင်။

သူမ၏ အသံမှာ တိုးနေ၏

"တကယ် စိတ်ရှုပ်စရာကောင်းတဲ့ကောင်နဲ့ လက်ထပ်တော့မှာလား။"

ချူကျီယန်သည် ပြုံးလိုက်သည်။

"ငါလက်ထပ်မှာ”

ပိုင်ရွှယ်ချင်းသည် သူမ၏ သူငယ်ချင်းကို အကြာကြီး စိုက်ကြည့်ရင်း တုံ့ဆိုင်းနေသည့် အရိပ်အယောင်ကို ရှာဖွေနေသည်။

မရှိခဲ့ပေ။

"ဘာလို့လဲ?"

ချူကျီယန်သည် ခေါင်းညိတ်လိုက်သည်။

"ဘာလို့ သူနဲ့ မယူရမှာလဲ”

ပိုင်ရွှယ်ချင်း၏ မျက်နှာ တုန်လှုပ်သွားသည်။

"သူက ပိုင်ကျီဟန်မလို့လေ?"

ထိုအကြောင်းပြချက်တစ်ခုတည်းဖြင့် လူအများစုသည် သူနှင့်လက်ထပ်ခြင်းကို ရှောင်ရှားရန် လုံလောက်သင့်သည်။

ချူကျီယန်သည် ခပ်ပါးပါးလေး ရယ်မောလိုက်သည်။

"ဟုတ်တယ် ။ သူက အရူးပဲ"

"ဒါဆို ဘာလို့လဲ?"

"နင့် အစ်မကြီးဖြစ်ရမှာက ပျော်စရာကောင်းမှာမလို့"

ပိုင်ရွှယ်ချင်းသည်  မျက်လုံးတွေကိုမှိတ်ထားပြီး နှာခေါင်းကနေ အသက်ရှူထုတ်လိုက်သည်။

သူ့စိတ်ထဲမှာပြောချင်သည့် တစ်စိတ်တစ်ပိုင်းက  "ဒီစေ့စပ်ပွဲကို ငါကိုယ်တိုင် ဖျက်သိမ်းလိုက်မယ်”

ဒါပေမယ့် ဒီလောက်မရိုးရှင်းတာ သူမသိသည်။

လက်ထပ်မှုသည်  ပိုင်ကျီဟန်နဲ့ ချူကျီယန်တို့အတွက်သာ မဟုတ်ဘဲ ၎င်းတို့ မျိုးနွယ်စုနှစ်ခုကြား မဟာမိတ်အတွက်ပင်။

ထို့အပြင်  ၎င်းသည် ပိုင်ကျီဟန်၏ အမွေဆက်ခံသူအဖြစ် ရပ်တည်မှုကိုလည်း တည်ငြိမ်စေနိုင်သည်။

သူ့ကို သိပ်သဘောမကျပေမယ့် သူ့မောင်ဖြစ်နေတုန်းပင်။ ဒီအိမ်ထောင်ရေးမဟာမိတ်သည် သူ့အတွက် အများကြီး အကျိုးရှိမည်ဆိုတာ သိသည်။

သို့တိုင် ကျီယန်က  တကယ်အဆင်ပြေရဲ့လား

ပိုင်ရွှယ်ချင်းသည် ခေါင်းခါလိုက်သည်။

သူမ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

"ဘာပဲဖြစ်​ဖြစ်​ နင်တကယ်​လုပ်​ချင်​ရင်​ ငါ မတားပါဘူး”

ချူကျီယန်သည်  ပြုံးလိုက်သည်။

"ကောင်းပြီ ဒါဆို ပြော"

ပိုင်ရွှယ်ချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလဲ”

"ဘာလဲဆိုတာ နင် သိပါတယ်”

"မသိဘူး"

ချူကျီယန်၏ မျက်လုံးများသည် စူးစူးဝါးဝါး တောက်ပသွားသည်။

"ငါ့ကို အစ်မကြီးလို့ ခေါ်”

ပိုင်ရွှယ်ချင်း၏ အမူအရာ မဲမှောင်သွားသည်။

ချူကျီယန်သည် ရယ်မောလိုက်သည်။

"အိုး.. စိတ်မပူနဲ့။ နောက်ကျ ပြောဖို့ အချိန်အများကြီး ရှိပါသေးတယ်။ နောက်ဆုံးတော့ ငါတို့က မိသားစုဖြစ်သွားပြီ”

ပိုင်ရွှယ်ချင်းသည်  ပိုင်ကျီဟန်ကို လက်ထပ်ရန် 

စိတ်ပိုင်းဖြတ်ထားပုံရသည့်  ချူကျီယန်ကို စိုက်ကြည့်နေသည်။

"ငါ မကြာခင် စေ့စပ်ထားသူနဲ့ သွားတွေ့မယ် ညီမလေး”

All Chapters