← Chapters

ချူကျီယန်နဲ့ဇာတ်လမ်း

Vol. 2 Ch. 18

ချူကျီယန်နဲ့ဇာတ်လမ်း

Vol. 2 Ch. 18

( အဖေက ငါ့ကို ဘာလို့ ခေါ်တာလဲ။)

ပိုင်ကျီဟန် အံ့သြသွားသည်။

(ဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်တွေကြောင့်လား။)

ဒါက သူလုပ်ခဲ့သည့် လတ်တလော ပြဿနာဖြစ်ပေမဲ့ ထိုအရာဖြစ်နိုင်မည်တော့ မထင်ပေ။ အများစုက ဖြေရှင်းပြီးသွားပြီပင်။

သိရသလောက် ကောင်းကင်ဓားဂိုဏ်းသည် သူ့ကို  ဘာမှ မလုပ်နိုင်ချေ။

(အဲဒါက ငါအရင်က လုပ်ခဲ့တာ တစ်ခုခုလား။)

သူရှာခဲ့သည့် ပြသနာအားလုံးကို ရေးမှတ်ထားလျှင်တောင် စာရွက်လေးတစ်ရွက်နဲ့တင် မရပေ။

"ကောင်းပြီ၊ ဟိုကျ သိလိမ့်မယ်။"

ဘာပဲဖြစ်​ဖြစ်​ သူ ဒါကို ဖြေရှင်းနိုင်​မည် ထင်သည်။

ပိုင်ကျီဟန် ပင်မခန်းမကိုရောက်သောအခါ သူ့ဖခင်သည် မျိုးနွယ်စုခေါင်းဆောင်၏ ရာဇပလ္လင်ပေါ်တွင် ပုံမှန်အတိုင်း လေးနက်သောအမူအရာဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ပိုင်ကျီဟန်သည် ပျင်းရိစွာနဲ့ ရှေ့သို့ တိုးပြီး သူ့လက်များကို ခေါင်းနောက်သို့ ထားလိုက်သည်။

"ကျွန်တော်ကို ခေါ်တယ်ဆို အဖေ"

ပိုင်ကျီဟန်သည် သူ့သားကို ကြည့်ပြီး သူ့မျက်လုံးတွေက နားမလည်နိုင်လောက်အောင်ပင်။

ခဏလောက်ထိ သဘာမှမပြောပေ။

ထို့နောက်

ပိုင်ထျန်းဟမ်သည် သူ့ကုလားထိုင် လက်မောင်းကို လက်နဲ့ ပုတ်လိုက်သည်။

"မင်း မျိုးနွယ်စုအတွင်းက နိုင်ငံရေးအခြေအနေကို  သိတယ်မလား"

ပိုင်ကျီဟန်၏ မျက်လုံးများသည် အနည်းငယ် စူးရှလာသည်။

( ဒါက ငါ့ရဲ့ အမွေဆက်ခံသူ ရာထူးပဲမလား)

သူသည် ဘေးသို့ အနည်းငယ် စောင်းကြည့်လိုက်သည်။

"အနည်းနဲ့အများတော့ သိပါတယ်”

ပိုင်ကျီဟန်အနေနဲ့ မျိုးနွယ်စုက သူ့ကို အမွေဆက်ခံသူအဖြစ် မလိုလားဘဲ သူ့နေရာကို အစားထိုးရန် ကြိုးပမ်းခဲ့ကြောင်း ကောင်းကောင်းသိသည်။

သူကတော့ ထိုစိုးရိမ်မှုတွေကို လျစ်လျူရှုပြီး သူ့နေရာကို အစားထိုးဖို့ ဖြစ်နိုင်ခြေအများဆုံးရှိသည့် ပိုင်ကျန့်အပါအဝင် တခြားပါရမီရှင်တွေကို အနိုင်ကျင့်နေခဲ့သည်။

ပိုင်ထျန်းဟမ်သည် ပိုင်ကျီဟန်၏အပြုအမူနှင့်ပတ်သက်၍ အမွေဆက်ခံသူအဖြစ် သူ့ရာထူးကို မည်သည်အရာတွေက ထိခိုက်လွယ်စေသည်ကို  အကြိမ်ကြိမ်သတိပေးသော်လည်း သူကတော့ ဂရုမစိုက်ပေ။

ပိုင်ကျီဟန်သည် ရှေ့သို့ အနည်းငယ် ငုံ့ကာ စူးစူးဝါးဝါး အကြည့်ဖြင့် သူ့သားကို ကြည့်လိုက်သည်။

"အဲ့တော့ ငါတည့်တည့်ပဲပြောမယ်။ မင်း ချူမျိုးနွယ် ရဲ့ ချူကျီယန်နဲ့ ​စေ့စပ်​ရမယ်​။"

တိတ်ဆိတ်နေ၏

ပိုင်ကျီဟန်၏ အပြုံးသည် အေးခဲသွားသည်။

"ဘာလဲ?"

ပိုင်ကျီဟန်သည် လုံးဝ ငြိမ်သက်စွာ ပြန်ထိုင်လိုက်သည်။

"စေ့စပ်ကြောင်းလမ်းမှုကို ရက်အနည်းငယ်အတွင်း တရားဝင်ကြေငြာမှာ။ ပိုင်မျိုးနွယ်နဲ့ ချူမျိုးနွယ်တို့က သဘောတူညီချက်တစ်ခု လုပ်ပြီးပြီ”

ပိုင်ထျန်းဟမ်သည် အရာအားလုံးကို ဆုံးဖြတ်ပြီးသလို  ပြောလိုက်သည်။

ပိုင်ကျီဟန်သည် သူ့ကို စိုက်ကြည့်နေပြီး  စိတ်ထဲတွင် စကားလုံးများကို ဖြည်းညှင်းစွာ စီမံနေသည် ။

ပါးစပ်ကိုဟပြီး ပြန်ပိတ်လိုက်သည်။

ထို့နောက်

"ဖူး—ဟားဟား”

သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ပိုင်ထျန်းဟမ်ကတော့  မျက်နှာတစ်ချက်မပျက်ပေ။

ပိုင်ကျီဟန်သည် သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက်ကို သုတ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"အဖေ နောက်နေတာလား?"

နေရာသည် တိတ်ဆိတ်သွားပြန်၏

ပိုင်ကျီဟန်ရယ်သံတွေ ရပ်တန့်သွားသည် ။

"အဖေ တကယ်ပြောနေတာလား"

ပိုင်ထျန်းဟမ်သည် ခေါင်းညိတ်လိုက်သည်။

ပိုင်ကျီဟန် အပြုံးသည် လုံးဝပျောက်ကွယ်သွားချေသည် ။

ချူကျီယန် - ချူမျိုးနွယ်စု၏ ပါရမီရှင်နှင့် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတစ်ခုလုံးရှိ ထိပ်တန်းအလှလေးများထဲမှ တစ်ယောက်

အခြားသူများကတော့ သူမအား ကြင်နာတတ်ပြီး အရည်အချင်းရှိသည့် နတ်သမီးကဲ့သို့ မြင်နိုင်သော်လည်း  ပိုင်ကျီဟန်အတွက်မူ သူမသည် သူ့ထက် ကြီးမားသောအနိုင်ကျင့်သူထက် မပိုပေ။

ချူကျီယန်သည်  ပိုင်ရွှယ်ချင်း၏စီနီယာအစ်မဖြစ်သလို အရင်းနှီးဆုံးသူငယ်ချင်းဖြစ်

သောကြောင့် သူမတွေ့ဖူးဘဲ မနေပေ။

ပိုင်ရွှယ်ချင်းသည်   ကောင်းကင်ဘုံဂိုဏ်းသို့ ဝင်ပြီး တစ်နှစ်အကြာ အားလပ်ရက် အပန်းဖြေခရီးပြန်လာတော့ ချူကျီယန်ကို အိမ်သို့ခေါ်လာခဲ့သည်။

ထိုအချိန်တွင် ပိုင်ကျီဟန်သည် ကိုးနှစ်သာရှိသေးပြီး  ချူကျီယန်သည် ဆယ့်တစ်နှစ်ရှိနေချေသည် ။

ပိုင်ရွှယ်ချင်းမရှိတုန်း ပိုင်ကျီဟန်သည် ဘေးဘီအကုန်ကို ပြသနာရှာခဲ့သည်။  သူ့ကို တားမယ့်သူမရှိတာလည်း ပါပေ၏

ထို့ကြောင့်  ပိုင်ရွှယ်ချင်းသည် ချုကျီယန်ကို အိမ်သို့ ခေါ်ဆောင်လာသောအခါတွင် သူမသည် သူ့၏နောက်ထပ် လွယ်ကူသော ပစ်မှတ်ဖြစ်လာမည်ဟု သူထင်ခဲ့သည်။

ပိုင်မျိုးနွယ်မှ လူတွေပင် သူ့ကို မလွန်ဆန်နိုင်သောကြောင့်  ပိုင်မျိုးနွယ် စွမ်းအားကို ကြောက်ရွံ့သည့် ဧည့်သည်တွေအတွက်ဆို ပိုဆိုးသည်။

ထိုအချိန်တွင် ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်တွင် ညီမျှမှုမရှိသော မာနကြီးသည့်  ဒုက္ခပေးသူ တစ်ဦးသာ ဖြစ်သည်။

သူသည် အစေခံများအပေါ် ရိုင်းစိုင်းပြီး မျိုးဆက်သစ်လူငယ်များကို အနိုင်ကျင့်ကာ အသက်ကြီးသူများကို နောက်ပြောင်ဖို့ပင် သတ္တိရှိခဲ့သည်။

ဘယ်သူကမှ သူ့ကိုမတားနိုင်သလို သူတို့လုပ်ချင်ရင်တောင်မှ သတ္တိမရှိကြချေ။

ဘာကြောင့်လဲ?

ဘာကြောင့်ဆိုလျှင် သူသည် ပိုင်မျိုးနွယ်၏ သခင်လေးဖြစ်သည်။ ကောင်းကင် အင်ပါယာရှိ တန်ခိုးအကြီးဆုံး မျိုးနွယ်စု သုံးခုအနက်မှ တစ်ခု၏ တိုက်ရိုက်ဆက်ခံသူဖြစ်သည်။

တစ်ယောက်ယောက်အနေနဲ့ သူ့ကို အပြစ်ပေးရဲသည့် သတ္တိရှိရင်တောင် သူ့အဖေက မျိုးနွယ်စုကိစ္စတွေကို ကိုယ်တိုင်ဝင်စွက်ဖက်ဖို့ အရမ်းရှုပ်နေချိန်မှာ သူ့အမေက သူ့ကို အကာအကွယ်ပေးမှာပင်။

သူ့ကို ဆုံးမမည့်သူမရှိတာကြောင့် ပိုင်ကျီဟန်သည်  သူနှစ်သက်သည့်အတိုင်း လုပ်နေခဲ့သည်။

ပြီးတော့… ချူကျီယန် ရောက်လာခဲ့သည်။

ပိုင်ကျီဟန် သူမကို ပထမဆုံး မျက်လုံးကျတာကတော့ နေ့လယ်ခင်းတစ်ခုမှာပင်

သူ့အစ်မ ပိုင်ရွှယ်ချင်းသည် လေ့ကျင့်ရေး တစ်နှစ်ပြည့်ပြီးနောက် ကောင်းကင်ဓားဂိုဏ်းမှ ပြန်လာခဲ့သည်။

သာမာန်အားဖြင့် ပိုင်ကျီဟန်သည် သူ့အစ်မကို ပလိပ်ရောဂါကဲ့သို့ ရှောင်ရှားလေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်တွင် သူမနှင့်အတူ တစ်စုံတစ်ယောက် ပါလာခဲ့သည်။

သူမသည် သစ်သားလေ့ကျင့်ရေးဓားကို ကျောပေါ်တွင် လွယ်ထားကာ သူမ၏ ကိုယ်ဟန်အနေအထားက မာကျောပြီး ဖြောင့်မတ်သော ကိုယ်ခံပညာရှင်ကဲ့သို့ပင်။

သူမသည် ငယ်ရွယ်သော်လည်း သူမ၏ တည်ရှိမှုသည် လူအများစု ချို့တဲ့နေသည့် ယုံကြည်မှုနှင့် အခွင့်အာဏာကို သယ်ဆောင်ထားသည်။

ဤသည်မှာ ပိုင်ရွှယ်ချင်း၏ အရင်းနှီးဆုံးသူငယ်ချင်း ချူကျီယန်ဖြစ်ပြီး ကောင်းကင်ဓားဂိုဏ်း၏ ပါရမီရှင်ဖြစ်သည်။

ပိုင်ကျီဟန်သည် သူတို့ကို အဝေးကနေ ကြည့်နေခဲ့ပြီး စိတ်ဝင်စားသွားသည်။

ထိုအချိန်တွင် သူမသည် မည်သူမည်ဝါဖြစ်သည်ကို မသိခဲ့၊ ဂရုမစိုက်ခဲ့ပေ။

သူ့အတွက် သူမသည် အခြားဧည့်သည်တစ်ဦးသာဖြစ်ပြီး ဧည့်သည်များသည် သူ၏နောက်ပြောင်မှုများအတွက် ပြီးပြည့်စုံသောပစ်မှတ်များဖြစ်သည်။

ယုတ်မာသော အပြုံးဖြင့် ပိုင်ကျီဟန်သည် အစီအစဉ်ကို အမြန်ရေးဆွဲခဲ့သည်။

ပိုင်ကျီဟန်သည် ပြီးပြည့်စုံသော အခိုက်အတန့်ကို စောင့်နေခဲ့သည်။

ထိုညနေခင်းတွင်  ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်တို့သည် ခြံဝင်းထဲတွင် အတူလေ့ကျင့်နေကြပြီး ပိုင်မျိုးနွယ် အစေခံအနည်းငယ်သည် ဘေးမှကြည့်နေကြသည်။

သူ့အစ်မ အလုပ်များနေတာကို မြင်တော့  ပိုင်ကျီဟန်က လှုပ်ရှားလိုက်သည်။

ပိုင်ရွှယ်ချင်း၏ အခန်းထဲကို ခိုးဝင်ပြီး သူ့အဖေဆီမှ လက်ဆောင်ဖြစ်သည့် သူမ၏ကိုယ်ပိုင်လက်ဖက်ရည်ခွက်ကို ရှာဖွေခဲ့သည်။

သူသည်  ထူးဆန်းသော အမှုန့်တမျိုးဖြစ်သည့် သောက်သူ၏ပါးစပ်ကို မီးလို ပူစေသော်လည်း အန္တရာယ်မရှိသည့် စပ်သောအပင်ကို ဂရုတစိုက်ထည့်ခဲ့သည်။

(ဒီကောင်မလေး ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင်။)

ထောင်ချောက် ဆင်ပြီးသည်နှင့် ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းဆီသို့ လက်ဖက်ရည်ပို့ပေးရန် အစေခံတစ်ဦးအား အမိန့်ပေးခဲ့သည်။

ထို့နောက် ချူကျီယန်၏ဝေဒနာခံစားရတာကို မြင်ရဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်ရင်း အနီးနားတွင် ပုန်းနေလိုက်သည်။

ချူကျီယန်ခွက်ကိုမြှောက်လိုက်သည့်အခိုက်တွင် 

ပိုင်ကျီဟန်သည် စိတ်လှုပ်ရှားမှု မြင့်တက်လာသလို ခံစားလိုက်ရသည်။

(ဒီမှာပဲ)

သူမ တစ်ငုံသောက်လိုက်သည်။

ထို့နောက်

ဘာမှမဖြစ်ချေ။

ချူကျီယန်၏အမူအရာမှာ လုံးဝပြောင်းလဲခြင်းမရှိပေ။

(ဟင်?)

ပိုင်ကျီဟန်သည်  စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် ။

သူမ သေက်ခဲ့တာ မဟုတ်ဘူးလား။

ထိုအပူအစပ်သည် လူတွေကို အော်ဟစ်ငိုယိုအောင် လုပ်နိုင်သည်။

ယင်းအစား ချူကျီယန်သည်  ခွက်ကို အေးအေးဆေးဆေး ချလိုက်ပြီး ပိုင်ရွှယ်ချင်း နဲ့ စကားဆက်ပြောနေသည်။

သူမ မျက်တောင်တောင် မခတ်ပေ။

ပိုင်ကျီဟန်အနေနဲ့ တစ်ခုခုမှားနေပြီဟု ခံစားမိသည်။

ခဏအကြာတွင် ပိုင်ရွှယ်ချင်းသည်လည်း တစ်ငုံသောက်လိုက်သည် ။

ပိုင်ရွှယ်ချင်းသည် လက်ဖက်ရည်ကို ချက်ချင်း ထွေးထုတ်လိုက်ပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။

"ဘယ်သူလဲ။ ဒါကို ဘယ်သူက ငါ့လက်ဖက်ရည်ထဲမှာ ထည့်ထားတာလဲ။"

ပိုင်ကျီဟန်အေးခဲသွားသည်။

(သေပြီပဲ)

ပိုင်ရွှယ်ချင်းသည် အနီးဆုံး အစေခံဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများသည် ဒေါသနှင့် တောက်လောင်နေသည်။

"ဒီလက်ဖက်ရည်ကို ဘယ်သူလုပ်တာလဲ။"

ကြောက်လန့်နေသော အစေခံသည် ဒူးထောက်လိုက်၏

" ကျွန်မ ကျွန်မက အဲဒါပဲ ပို့ပေးတာပါ” တခြားဘာမှ မသိပါဘူး”

ချူကျီယန်သည် သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။

ပိုင်ကျီဟန်ပုန်းနေသည့် ချုံပုတ်တွေပေါ်မှာ အနီရောင်မျက်လုံးတွေက စိုက်ကြည့်နေ၏

ပထမဆုံးအကြိမ် ပိုင်ကျီဟန်သည် ကျောရိုးထဲ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

"ထွက်လာခဲ့”

သူမ၏ အသံသည် တည်ငြိမ်သော်လည်း ငြင်းခုံလို့ရတာမျိုးတော့ မဟုတ်ပေ။

ပိုင်ကျီဟန်သည် အံကြိတ်လိုက်သည်။

ဒါပေမယ့် သူ လွတ်မြောက်ဖို့ မစဉ်းစားခင်

အေးစက်စက် အသံတစ်ခုက ဖြတ်ဝင်သွားသည်။

"သူက ဟိုမှာ။"

အဲ့တာက ချူကျီယန်ပင်။

ပိုင်ရွှယ်ချင်းနဲ့ မတူတာက သူမဟာ ဒေါသမထွက်ပေ။

သူမက စိတ်ဝင်စားနေသည် ။

သားကောင်ကို ရှာတွေ့တဲ့ မုဆိုးတစ်ယောက်လိုပင်။

ပိုင်ရွှယ်ချင်း ဒေါသထွက်သည့်အခါ ကြောက်စရာကောင်းမှန်း ပိုင်ကျီဟန် သိသည်။

သို့သော် အကြောင်းတစ်ခုခုကြောင့် ချူကျီယန်၏ ငြိမ်သက်သောအကြည့်သည် သူ့ကို ပိုကြောက်လာစေသည်။

သို့တိုင် ပိုင်ကျီဟန်သည် နောက်ပြန်လှည့် အမျိုးအစားမဟုတ်ပေ။

သူ့၏ မာနအရှိဆုံး အပြုံးနဲ့ရဲဝံ့စွာ ထွက်လာခဲ့သည်။

"ဒါကို ငါလုပ်တာဆို ဘာဖြစ်လဲ။  ငါပျော်ချင်လို့”

သူ့လေသံသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း သူပြောပြီးသည်နှင့် ချူကျီယန်ကို ငုံ့ကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ သူသည် ကြောက်ရွံ့ပြီး အထိခိုက်မခံနိုင်သည့် သခင်ငယ်လေးပင်။

ထိုမိန်းကလေးက သူ့နေရာကို သိမည်ဟု ဘယ်သူထင်မလဲ။

သို့သော်-

သူ အမှားလုပ်မိခဲ့သည်။

ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် ငုံ့ထားသည်။

"အိုး.. ပျော်စရာလား?"

သူမသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူ့အင်္ကျီလက်များကို ဖုန်ခါလိုက်သည်။

"ကျီယန် ၊နင် သူ့ကို  ထိန်းနိုင်ပါတယ်” ပိုင်ရွှယ်ချင်းသည်  သူမနေရာကနေ ထွက်သွားလေသည်။

ပိုင်ကျီဟန်သည် သူ့အမ ထွက်သွားသော်လည်း ရုတ်တရက် အန္တရာယ်ရှိသလို ခံစားလိုက်ရသည် ။

ဒါပေမယ့် သူ မတုံ့ပြန်ခင်မှာ

ဘုန်း

ချူကျီယန် လက်ဆစ်က သူ့ခေါင်းကို ထိသွားပြီး ကွဲလုမတတ်ပင်။

"ဂါး”

ပိုင်ကျီဟန်သည် မြေပြင်ပေါ်သို့ လူးလိမ့်ပြီး  သူ့ခန္ဓာကိုယ်အနှံ့ နာကျင်မှုများ ပေါက်ကွဲသွားသလို သူ့လက်များက ခေါင်းကို တင်းတင်းဆုပ်ထားသည်။

ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး ဖြစ်ပျက်ခဲ့တာတွေကို မတွေးနိုင်တော့ပေ

(သူမ...ငါ့ကိုရိုက်ခဲ့တာလား)

မတ်တပ်တောင် မထနိုင်ခင်မှာပဲ-

ဘန်း

နောက်ထပ်ရိုက်ချက်တစ်ခု—ဒီတစ်ကြိမ်မှာတော့ သူ့နောက်ကျောကို ရိုက်ချခံရပြီး သူ့မျက်နှာက ဗွက်ထဲထိုးကျသွားသည်။

ပိုင်ကျီဟန်သည် သွားတွေကို အံကြိတ်ရင်း ဒေါသတွေ ပွက်ပွက်ဆူလာသည်။

"မင်း- ငါဘယ်သူလဲဆိုတာ သိလား?"

ချူကျီယန်သည် သူ့ကို စိုက်ကြည့်နေ၏။

"နင်က ဘယ်သူလဲ?"

သူမက မောက်မာစွာမေးသည်။

"ဟမ် နားမလည်တဲ့ မိန်းကလေး။ ငါက တစ်နေ့မှာ မျိုးနွယ်ကိုဦးဆောင်မဲ့ ပိုင်မျိုးနွယ်ရဲ့ သခင်လေး”

ချူကျီယန်သည် သူမအမှားကြီးကို သိရှိပြီး သူ့ရှေ့တွင် ကြောက်ရွံ့နေမည်အချိန်ကို ပိုင်ကျီဟန်က  စောင့်ဆိုင်းခဲ့သည်။

သို့သော် သူမျှော်လင့်ထားသည့်အရာက ဖြစ်မလာပေ။ သူမ သူ့ကိုပဲ ဆက်ကြည့်နေသည်။

"အဲ့တော့ရော”

သူမလေသံသည် လေးစားမှု လုံးဝမရှိ၊ အကြောက်တရား လုံးဝမရှိပေ။

ချူကျီယန်သည် သူကိုယ်တိုင် မိတ်ဆက်ခြင်းမပြုမီတွင် သူ မည်သူဖြစ်သည်ကို သိနိုင်ဖွယ်ရှိသည်။

ဘုန်း

ထို့နောက် သူ့ခေါင်းကို တစ်ချက် ထပ်ရိုက်လိုက်သည်။

"မင်း မင်း! မင်းနောင်တရလိမ့်မယ်”

ဘုန်း

"ဘာကိုနောင်တရရမှာ ၊ ၉နှစ်သားက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ဘယ်လိုထင်ရဲတာလဲ။ ဒီအမက မင်းကိုသင်ခန်းစာအချို့သင်ပေးမယ်”

သူမသည် ပိုင်ကျီဟန်ကို လုံးဝဂရုမစိုက်ဘဲ သူ့ကို ဆက်လက်ရိုက်နှက်ခဲ့သည်။

ပိုင်ကျီဟန်သည် လွယ်လွယ်နဲ့ နောက်မဆုတ်တတ်ဘဲ သူမကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ခြင်း၏ အဆုံးမှာတော့ သူပဲ  ပိုအရိုက်ခံခဲ့ရသည်။

မြင်ကွင်းကိုကြည့်နေသော အစေခံများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ချူကျီယန်သည် ပိုင်မျိုးနွယ်၏ အမွေဆက်ခံသူကို နေ့ခင်းကြောင်တောင်မှာပင် ရိုက်နေသည် ။

ဒါပေမယ့် သူတို့ ဘာလုပ်နိုင်မလဲ။

ပိုင်ကျီဟန်ကို ချူကျီယန်အား ကိုင်တွယ်ခွင့်ပေးမည်ဟု ပိုင်ရွှယ်ချင်းပြောတာကို ထည့်မတွက်ရင်တောင် သူမအဆင့်အတန်းကို သူတို့သိကြသည်။

ပိုင်ကျန်ဟန်သည် လက်သီးတွေကို ဆုပ်ထားလိုက်သည် ။

သူ့ကို ဒီလိုမျိုး မည်သူမှ မပြောဖူးပေ။

မည်သူမျှ သူ့ကို လက်နဲ့မရွယ်ရဲကြပေ။

သိုသော် ထိုမိန်းကလေး- အပြင်လူသည် ဘာမှမဟုတ်သလိုပဲ သူ့ကို မြေကြီးပေါ် ရိုက်နှက်ခဲ့သည်။

ပိုင်ကျီဟန်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သူမကို အမုန်းတရားများဖြင့် စိုက်ကြည့်နေသည်။

"မင်း-"

ချူကျီယန်သည်  သူ့ကိုငုံ့ကြည့်ရင်း သူမမျက်လုံးတွေက ငြီးငွေ့လာသည်။

"ဟီးဟီး... ပိုင်မျိုးနွယ်မှာ ငါ့ရဲ့အားလပ်ရက်က သိပ်ပျင်းစရာမကောင်းပုံပဲ။"

သူမအသံသည် အရုပ်အသစ်ကို ကြည့်နေသလိုမျိုး ကြည်နူးစရာတွေနဲ့ ပြည့်နေ၏

အမှန်ပင် နောက်နှစ်ပတ်ကြာသည့်အထိ  ပိုင်မျိုးနွယ်တွင် သူမနေထိုင်ခဲ့သမျှကာလပတ်လုံး သူသည် အစေခံထက် ဆိုးရွားစွာ ဆက်ဆံခံရသည်။

သူမအတွက် လက်ဖက်ရည် ယူလာပေးရပြီး သူမအမိန့်ကို လိုက်နာရသည် မဟုတ်လျှင် ဒုက္ခတွေက စောင့်ကြိုနေ၏

ချူကျီယန်သည် သူ့အမထက် ပိုဆိုးစွာ ဆက်ဆံပြီး  ပိုင်မျိုးနွယ်မှ ကောင်းမွန်သောဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းနေသည့်  ချူမျိုးနွယ်၏ အဖိုးတန်သမီးဖြစ်သည်ကို မကြာမီတွင် သူသိလာသောကြောင့် ဘာမှလုပ်နိုင်စွမ်းမရှိပေ။

သေချာတာကတော့ သူ လက်စားချေဖို့ ကြိုးစားသည့်တိုင်  ချူကျီယန်ရိုက်တာကိုသာ အမြဲခံခဲ့ရသည်။

ယခုလည်း…

သူ့အဖေက သူ့ကို ထိုနတ်ဆိုးမိန်းမနဲ့ လက်ထပ်စေချင်ခဲ့တာလား။

All Chapters