မင်းသားလေးသည်တောင်ပိုင်းရှင်းကျန်းသို့ ထွက်ပြေးခဲ့သည်
Vol. 1 Ch. 1
ထျန်းယွမ်ပြက္ခဒိန်၏ ၃၉၃၇ခုနှစ်မြောက်...
ဒါယန်းဧကရာဇ်ကွယ်လွန်သွားပြီးနောက် နတ်ဆိုးများက တိုင်းပြည်အား၀င်ရောက်ကျုးကျော်ခဲ့သည်။လူသားများသည် နတ်ဆိုးများကြောင့်သေကြေပျက်စီးခဲ့ရကာ နေရာတိုင်း၌ဘေးဒုက္ခများကို ရင်ဆိုင်ခဲ့ကြရသည်။
အစာရေငတ်မွတ်ခေါင်းပါးမှုကြောင့် လူသားတိုင်းက အချင်းချင်းပြန်၍စားသောက်ကုန်ကြသည်။
၁၆နှစ်ကြာပြီးနောက် တောင်ဘက်ရှင်းကျန်းနယ်၏ ကျိုးကုန်းတောင်အစပ်၌...
"ယွမ်အာ...မင်းသေချာမှတ်ထား...မင်းကငါ့မြေးတစ်ယောက်မဟုတ်ဘူး...လွန်ခဲ့တဲ့၁၆နှစ်လောက်က မင်းဟာ ဒါယန်းတိုင်းပြည်ကမင်းသားတစ်ပါးဖြစ်တယ်...မင်းရဲ့အမေဟာလည်း အာတိတ်ရေခဲပြင်မျိုးနွယ်စုရဲ့ အငယ်ဆုံးနတ်ဆရာမတစ်ယောက်ဖြစ်တယ်...ဒါပေမဲ့ ဒါယန်းဧကရာဇ်က ကိုယ်လုပ်တော်အဖြစ်ကောက်ယူခဲ့တယ်"
"မင်း...ကျိန်းသေပေါက်အသက်ရှင်ရမယ်"
"ဒီကျောက်စိမ်းဆွဲသီးထဲမှာ ထိုက်ဇူဧကရာဇ်မင်းမြတ်ရဲ့သွေးတစ်စက်ပါ၀င်တယ်...ဒါကိုအစွမ်းထက်တဲ့ဆေးနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းဆုံးရှုံးသွားတဲ့ သိုင်းနတ်ဘုရားအရိုးတွေကို ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်..."
"ယွမ်အာ...မင်းနတ်ဆိုးအားလုံးကိုသတ်ဖြတ်ရမယ်...ပြီးတော့ဒါယန်းတိုင်းပြည်ကို ပြန်လည်တည်ထောင်ပြီး မိဖုရားတွက်လက်စားပြန်ချေပေးရမယ်"
တီးတိုးရေရွတ်သံများအဆုံးတွင် အမှောင်ထုကမ္ဘာထဲ၌ အဖြူရောင်အလင်းတန်းများ စတင်ထွန်းတောက်လာခဲ့သည်။လီယွမ်သည် မျက်လုံးများကျိန်းစပ်နေခဲ့ကာ မျက်လုံးဖွင့်ရန်အသည်းအသန်ကြိုးစားနေခဲ့သည်။
"ငါကူးပြောင်းလာသူတစ်ယောက် ဖြစ်နေတာလား"
လီယွမ်သည် အချိန်အတော်ကြာသည်ထိ အံ့ဩတုန်လှုပ်နေပြီးနောက် အသိစိတ်ပြန်၀င်လာခဲ့သည်။
အတိအကျပြောရမည်ဆိုပါက သူသည်အချိန်ခရီးသွားခဲ့ခြင်းမဟုတ်ဘဲ သူ၏စိတ်ဝိညာဉ်က အခြားသောကမ္ဘာတစ်ခုမှ လူတစ်ယောက်ဆီပြန်လည်၀င်စားခဲ့ခြင်းဖြစ်သည်။ထို့နောက် သူ၏ဖုန်ထနေသောမှတ်ညဏ်များကို ယခုမှပြန်လည်ရရှိလာခြင်းဖြစ်သည်။
သူအောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် ပိန်ပိန်ပါးပါးအဘိုးအိုတစ်ယောက်၏ ခန္ဓာကိုယ်က သူ၏မြင်ကွင်းထဲ၌ ထွက်ပေါ်လာခဲ့သည်။
လီယွမ်သည် သူ၏မှတ်ညဏ်အား ပြန်လည်စစ်ဆေးကြည့်ပြီးနောက်တွင် သူ၏ကလေးဘ၀မှမှတ်ညဏ်များကို ပြန်လည်သတိရလာခဲ့သည်။
သူသည် လွန်ခဲ့သော၁၆နှစ်ခန့်က ဒါယန်းနန်းတော်၌ မွေးဖွားခဲ့ပေသည်။
ထိုနေ့ညဘက်တွင်ပင် နတ်ဆိုးများ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး နန်းတော်တစ်ခုလုံးပိတ်ဆို့ခံရကာ မင်းသားနှင့်မင်းသမီးများ သတ်ဖြတ်ခံခဲ့ရသည်။
သူ၏အမေဖြစ်သူ ကိုယ်လုပ်တော်အန်သည် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသည်နှင့် သူ့အားနန်းတော်ထဲမှခေါ်ထုတ်သွားရန် တော်ဝင်သမားတော်ကို အကူအညီတောင်းခဲ့သည်။
သို့သော်လည်း သူကိုယ်တိုင်က နတ်ဘုရားအရိုးများကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် နတ်ဆိုးများထံမှ လွတ်မြောက်နိုင်စွမ်းမရှိပေ။
ထို့ကြောင့် တော်၀င်သမားတော်သည် သူ၏အသက်ကိုကယ်တင်နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရိုးကိုတူးထုတ်ကာ မြေးဖြစ်သူထံသို့လွဲပြောင်းပေး၍ မြေးဖြစ်သူကိုစွန့်လွှတ်ခဲ့သည်။
ထိုအချိန်မှစ၍ တော်၀င်သမားတော်သည် ဇာတ်မြုပ်ကာ နေထိုင်ခဲ့သည်။
"ဘေးကင်းတဲ့ခရီးလမ်းဖြစ်ပါစေ...ဘိုးဘိုး..."
လီယွမ်၏အနားတွင် လဲလျောင်းနေသောအဘိုးအိုမှာ တော်၀င်သမားတော်သာဖြစ်ပေသည်။
၁၆နှစ်ကြာမြင့်ပြီးနောက်တွင် အချိန်အတော်ကြာလှည့်ပတ်သွားလာပြီးနောက်တွင် လီယွမ်သည်လည်း ယခင်ကထက်တည်ငြိမ်ရင့်ကျက်လာပြီဖြစ်သည်။သို့သော်လည်း ရံဖန်ရံခါ၌ သူ၏ပုံစံအမှန်ဖြစ်သော မင်းသားလေး၏ အသွင်အပြင်ကို ခံစားကြည့်လိုခဲ့သည်။
"ဟေ့ကောင်လေး...မင်းကဒီနေရာကမဟုတ်ဘူးမလား..."
ရုတ်ချည်းဆိုသလို လီယွမ်၏နားထဲသို့ ကျယ်လောင်သောအသံတစ်ခု တိုး၀င်လာခဲ့သည်။
လီယွမ်သည် အသံလာရာဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် နက်ပြာရောင်ရှပ်အကျီကြမ်းကို၀တ်ဆင်ထားသော အမျိူးသားတစ်ယောက်က သူ့အားသတိထား၍စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ငါထွက်ပြေးတိမ်းရှောင်ရင်း ဒီနေရာကိုရောက်လာခဲ့တာပဲ..."
လီယွမ်သည် သူ၏အဘိုးဖြစ်သူတော်၀င်သမားတော်မသေဆုံးမှီ ပြောသွားခဲ့သည့်စကားများကို ပြန်လည်သတိရသွားခဲ့သည်။
"ခုရောက်နေတဲ့နေရာကို ကျိုးကုန်းတောင်လို့ခေါ်တယ်...ဒီနေရာဟာ ရှင်းကျန်းတောင်ပိုင်းနဲ့ဒါယန်းနယ်မြေတစ်ခုလုံးထဲမှာတောင် လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးနေရာတစ်ခုလည်းဖြစ်တယ်...ပြီးတော့ဒီနေရာက ဂူသခင်တွေရဲ့မူလအစနေရာလည်းဖြစ်တယ်"
သူခိုးဓားပြများနှင့်နတ်ဆိုးများကြောင့် ဖြစ်ပေါ်လာရသည့် ကပ်ဘေးများမှလွတ်ကင်းနိုင်စေရန်အတွက် သူ၏အဘိုးဖြစ်သူတော်၀င်သမားတော််သည် လီယွမ်အားဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ပြင်ပလောကနှင့်နှိုင်းယှဉ်မည်ဆိုပါက ဤနေရာသည် မြင့်မြတ်သောနယ်မြေတစ်ခုသဖွယ် ဆိတ်ငြိမ်အေးချမ်းနေခဲ့သည်။
"ကျိုးကုန်းတောင်ဟာ အပြင်လူတွေကိုလက်မခံဘူး...ကျေးဇူးပြုပြီးတော့ ထွက်သွားပေးပါ..."
ထိုလူက အော်ဟစ်သတိပေးခဲ့သည်။
"ငါ...ကျိုးကုန်းတောင်ထဲ၀င်ချင်တယ်..."
တော်၀င်သမားတော်သည် သူ့အားကျိုးကုန်းတောင်သို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။သို့ဖြစ်ရာ မည်သည့်ကန့်သတ်ချက်များရှိပါစေ လီယွမ်အတွက် ကျိုးကုန်းတောင်ပေါ်တက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
သူ ဤနေရာမှထွက်ခွာခဲ့ရပါက သူ၏အရိုးများပျက်စီးနေမှုကြောင့် နတ်ဆိုးများနှင့်ရင်ဆိုင်ရလျှင် သေလမ်းမှလွဲ၍ အခြားသောရွေးချယ်စရာမရှိတော့ပေ။
"မင်းမှာ တုံကင်ရှိလား"
ထိုလူကမေးမြန်းလိုက်သည်။
"ရှိတယ်..."
လီယွမ်သည် သူ၏အဘိုးဝောာ်၀င်သမားတော်ပေးအပ်လာခဲ့သည့် သစ်သားသေတ္တာကို ထုတ်ယူလိုက်သည်။
"ဒါကအရမ်းကိုရှေးကျတဲ့ အမှတ်အသားတစ်ခုပဲ..."
ထိုလူသည် သစ်သားသေတ္တာကိုတစ်ချက်ကြည့်လိုက်ပြီး လီယွမ်ကိုပြောလိုက်သည်။
"ဒီသင်္ကေတနဲ့ မင်းကကျိုးကုန်းတောင်ပေါ်ချက်ချင်းတက်လို့မရသေးဘူး...ဂူသခင်တစ်ယောက်ဖြစ်လာဖို့ စစ်ဆေးချက်ကိုအောင်မြင်မှရမယ်"
"ဂူသခင်စစ်ဆေးချက်ဆိုတာ ဘာကိုပြောတာလဲ"
လီယွမ်က မေးမြန်းလိုက်သည်။
"ဒါက သေခြင်းရှင်ခြင်းဆိုင်ရာစမ်းသပ်မှုတစ်ခုပဲ...မင်းတကယ်ပါ၀င်ချင်ရင်တောင်ပေါ်တက်လာခဲ့...မဟုတ်ရင်လှည့်ပြန်သွားလိုက်တော့..."
ထိုလူက စကားကိုခတ်ပြတ်ပြတ်ပြောရင်း လှည့်ထွက်သွားခဲ့သည်။
"ငါ..."
လီယွမ်သည် စိတ်ပိုင်းဖြတ်လိုက်ပြီး တော်၀င်သမားတော်၏အလောင်းကို သူ၏နောက်ကျော၌သယ်ပိုးကာ ထိုလူနောက်လိုက်သွားခဲ့သည်။ဤသည်မှာ သူ၏တစ်ခုတည်းသော အသက်ကယ်နည်းလမ်းပင်ဖြစ်သည်။
သူသည်ဤနေရာ၌ သေခြင်းတရားကိုရင်ဆိုင်ရမည့် စမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်ပါက အသက်ရှင်နိုင်မယ့် အခွင့်အလမ်းရှိနေပေသည်။သို့သော် ပြင်ပလောက၌ သူ့အတွက်အသက်ရှင်နိုင်ခြေမရှိပေ။
လီယွမ်သည် ဆာလောင်မှုကြောင့် အမြင်အာရုံဝေဝါးနေသော်လည်း အံကိုတင်းတင်းကြိတ်ကာ ဇွဲမလျော့ခဲ့ပေ။ကံကောင်းထောက်မစွာဖြင့် သူ့ရှေ့မှလူသည် ဂူပေါက်တစ်ခုရှေ့၌ ရပ်သွားခဲ့သည်။
"ငါ့နာမည်က ချီလင်း...ငါဟာဂူအသိုက်အမြုံရဲ့ ကိုးခုမြောက်နန်းတော်...၁၂ခုမြောက်လှိုဏ်ဂူရဲ့ ဘဏ္ဍာထိန်းဖြစ်တယ်"
ထိုလူက သူ့ကိုယ်သူမိတ်ဆက်လာခဲ့သည်။
ကျိုးကုန်းဂူအသိုက်အမြုံသည် ကျိုးကုန်းတောင်တန်း၏ မြင့်မြတ်နယ်မြေဖြစ်ကာ ဂူသခင်များအတွက် အမြင့်မြတ်ဆုံးသောနယ်မြေတစ်ခုလည်းဖြစ်သည်။
ချီလင်းသည် မှောင်မည်းနေသောဂူပေါက်၀ကို ညွန်ပြလိုက်သည်။
"မင်းအဆင်သင့်ဖြစ်ရင်၀င်လိုက်တော့...စမ်းသပ်မှုအောင်မြင်ရင် ကျိုးကုန်းတောင်ထဲ၀င်လို့ရပြီ"
လီယွမ်သည် တော်၀င်သမားတော်၏ရုပ်အလောင်းကို အောက်ချလိုက်သည်။
"အဘိုးရဲ့အလောင်းကို အရင်ဆုံးမြုပ်နှံလို့ရမလား..."
ချီလင်းက ထူးခြားသည့်အမူအရာကို မပြခဲ့ပေ။
"မင်းဘာတွေစိတ်ပူနေတာလဲ...ဒီတုံကင်ကြောင့် မင်းမတော်တဆသေဆုံးသွားရင်တောင် ငါကမင်းအဘိုးကို မြုပ်နှံပေးမှာပါ"
လီယွမ်သည် သူ၏နှလုံးသားတစ်ခုလုံး အေးစက်သွားသလိုခံစားလိုက်ရသည်။
ချီလင်းကိုယ်တိုင်က လီယွမ်တစ်ယောက် စာမေးပွဲအောင်မြင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပုံရသည်။
လီယွမ်အားကြည့်ရသည်မှာ ဂူအကြောင်းနှင့်ပတ်သက်၍ လုံး၀နားလည်မှုမရှိကြောင်းသိသာနေပေရာ ဤစစ်ဆေးမှုအားအောင်မြင်ရန် ယုံကြည်မှုကင်းမဲ့နေခဲ့သည်။
"ကျေးဇူးအများကြီးတင်ပါတယ်..."
လီယွမ်သည် ချီလင်းကိုဦးညွတ်လိုက်ကာ ရွေးချယ်စရာမရှိဘဲ ရှေ့ဆက်သွားလိုက်သည်။
သူသည် အသက်ကိုခပ်ပြင်းပြင်းရှုရှိက်လိုက်ကာ မှောင်မည်းနေသောဂူပေါက်၀ထံသို့ လျှောက်သွားခဲ့သည်။လီယွမ်သည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏ခြေထောက်အောက်မှမြေပြင်သည် ရုတ်တရက်နိမ့်ကျသွားခဲ့သည်။
ထို့နောက်တွင် လီယွမ်တစ်ယောက် အောက်သို့အတားအဆီးမရှိ ပြုတ်ကျသွားခဲ့ရသည်။
ဘန်း...
နောက်ဆုံးတွင် သူသည်မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။
မူလက မှောင်မည်းနေသောပတ်၀န်းကျင်သည် တဖြည်းဖြည်းတောက်ပလာကာ နေအလင်းရောင်ကလည်း တစွန်းတစဖြာထွက်လာခဲ့သည်။
လီယွမ်ပြုတ်ကျလာသည့်တွင်းပေါက်သည် ၇မီတာ၈မီတာခန့်အနက်ရှိကာ တွင်းပေါက်ပတ်ချာလည်ကို ချောမွေ့သောကျောက်သားနံရံဖြင့်ကာဆီးထား၍ သာမန်လူများအတက်အဆင်းမလုပ်နိုင်ပေ။
"စုစုပေါင်း၁၀ယောက်ရှိတယ်ဆိုတော့ စမ်းသပ်မှုကိုတရား၀င်စလို့ရပြီ"
တွင်းအပေါ်ဘက်မှနေ၍ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ဟေး...လှိုဏ်ဂူ၁၂ခုကလူတွေ...ငါတို့ဒီစမ်းသပ်ချက်ကိုအောင်မြင်ဖို့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ ပြောအုံးလေ"
တွင်းရဲ့တစ်ဖက်စွန်းမှနေ၍ တစ်စုံတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်သည်။
လီယွမ်သည် ပတ်၀န်းကျင်အား သေချာစူးစမ်းလိုက်ရာ တွင်းပေါက်ထဲတွင် ယောကျာ်းမိန်းမလူကြီးလူငယ်များ စုပြုံရောက်ရှိနေကြောင်း သတိထားမိလိုက်သည်။
လီယွမ်အပါအ၀င်ဆိုပါက တွင်းပေါက်ထဲ၌ လူ၁၀ယောက်တိတိရှိပေသည်။
လီယွမ်သည် ချီလင်းပြောသည့်စကားကို ရုတ်တရက်သတိရသွားခဲ့သည်။
"သေခြင်းရှင်ခြင်းစမ်းသပ်မှုလား..."
ဆိုလိုသည်မှာ လူ၁၀ယောက်တွင်၁ယောက်သာ အသက်ရှင်လျက်ထွက်လာနိုင်မည်ဟု ဆိုလိုသည်မဟုတ်လော...
တွင်းထဲ၌ အခြားမည်သူကမှ တုံ့ပြန်မှုမရှိခဲ့ပေ။
စမ်းသပ်မှုတွင်ပါ၀င်ကြသော အခြားသူများသည်လည်း ထိုစကားလုံးများ၏အဓိပ္ပါယ်ကိုသိသာထင်ရှားစွာ နားလည်ထားကြပေသည်။သူတို့၏မျက်လုံးများ၌ ပြင်းထန်သောကြောက်ရွှံမှုအရိပ်အယောင်များ ဖြစ်တည်လာသော်လည်း မည်သူကမှကလန်ကဆန်မလုပ်ဝံ့ကြပေ။
လီယွမ်သည် နေရောင်ခြည်မကျရောက်နိုင်သော အမှောင်ရိပ်တစ်နေရာထံ ဆုတ်ခွာသွားပေရာ သူ၏အမူအရာကိုမည်သူမှမမြင်တွေ့နိုင်ပေ။
သူသည်၁၆နှစ်ကြာ ခက်ခက်ခဲခဲရှင်သန်လာပြီးနောက် တော်တော်များများကို သိရှိနားလည်နေပြီဖြစ်သည်။
ယခုလိုအချိန်မျိုးတွင် အားနည်းသူများက အနိုင်ကျင့်ခံရမည်ဖြစ်သည်။
ယခုအချိန်တွင် လူတိုင်းဆာလောင်ငတ်မွတ်နေကြမည်ဆိုပါက ဇာတ်တူသားကိုပင်စားသောက်ဝံ့ကြမည်ဖြစ်သည်။
ဤသည်မှာ စကားလုံးချည်းသက်သက်မဟုတ်ပေ။သူကိုယ်တိုင်မြင်တွေ့ခဲ့ရသော အနိဌာရုံမြင်ကွင်းများဖြစ်သည်။
အမှောင်ရိပ်ထဲတွင်ထိုင်နေသောလီယွမ်သည် ပတ်၀န်းကျင်အား ထပ်မံစူးစမ်းလိုက်သည်။
ဤနေရာရှိလူ၉ဦးတွင် အမျိုးသား၃ဦးနှင့်အမျိုးသမီး၆ယောက်ပါ၀င်ပေသည်။
အမျိုးသမီး၆ယောက်လုံးသည် ဖြူဖျော့သောမျက်နှာသွင်ပြင်နှင့် ပိန်လှီသောခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပေသည်။အသက်အကြီးဆုံးမှာ ၄၀ခန့်ရှိသော်လည်း အငယ်ဆုံးမှာ ဆယ်ကျော်သက်အရွယ်ခန့်သာရှိပေသည်။
အမျိုးသား၃ယောက်မှာ အသက်ကြီးကြီးတစ်ယောက်၊လူ၀ကြိးတစ်ယောက်နှင့်ပိန်ပိန်ပါးပါးတစ်ယောက်ဖြစ်ပေသည်။
လူ၀ကြီးသည် ရှင်ကျန်းတောင်ပိုင်းအ၀တ်အစားကို ၀တ်ဆင်ထားသောကြောင့် သူသည်ဒေသခံတစ်ယောက်ဖြစ်နိုင်ပေသည်။
လူတိုင်းသည် ခပ်ပိန်ပိန်လူနှင့် ခပ်ဝေးဝေးနေကြသော်လည်း လီယွမ်၏စိတ်ထဲတွင် လူ၀ကြီးကသာ အကြီးမားဆုံးသောခြိမ်းခြောက်မှုဖြစ်ပေသည်။
"ဟေး...လူသစ် ငါ့ကိုစိုက်ကြည့်မနေနဲ့"
လီယွမ်၏အကြည့်ကိုသတိပြုမိသည်နှင့် လူ၀ကြီးက သတိပေးလှမ်းအော်လိုက်သည်။
"ဒါက ဂူသခင်စမ်းသပ်မှုဖြစ်တယ်...လူတွေကိုသတ်ဖြတ်ရမယ့်စမ်းသပ်မှုမဟုတ်ဘူး...ဦးနှောက်မပါတဲ့သူလိုမျိုး လူတွေကိုသတ်ဖို့ပဲစဉ်းစားမနေနဲ့..."
လူ၀ကြီးပြောသည်မှာ အဓိပ္ပါယ်ရှိပေသည်။
ယခုလိုပတ်၀န်းကျင်မျိုးတွင် လူတိုင်းသည် အချင်းချင်းသတိရှိနေကြမည်ဖြစ်ကာ သူတို့၏ပြိုင်ဘက်များအပေါ် အလွန်ကြီးမားသော ခြိမ်းခြောက်မှုများအဖြစ် ယူဆထားကြမည်ဖြစ်သည်။
ဘယ်သူကဂရုစိုက်နေမှာလဲ...ဘယ်သူပဲသေသေ အဓိကငါအသက်ရှင်နေဖို့လိုတယ်...
ထိုအချိန်တွင် အနီရောင်နွားချေးပိုးသဏ္ဍာန် အင်းဆက်ပိုးလေးတစ်ကောင်က လီယွမ်၏လက်ထဲသို့ပျံသန်းလာခဲ့သည်။
"ဂူပိုးကောင်လား..."
လီယွမ်က အနည်းငယ်အံ့ဩသွားခဲ့သည်။အခြားသောလူ၉ယောက်ကလည်း ယခုလိုဂူပိုးကောင်များအား လက်ခံရရှိခဲ့ကြသည်။
"လူတိုင်းနားထောင်ကြ...မင်းတို့လက်ထဲကသွေးပိုးကောင်ကို မင်းတို့ရဲ့အသက်ဂူကောင်အဖြစ် ပျိုးထောင်နိုင်သူတိုင်း စစ်ဆေးမှုကိုအောင်မြင်လိမ့်မယ်..."
တွင်းပေါ်မှလူက သတိပေးလိုက်သည်။
"ဂူကောင်ကိုပျိုးထောင်ဖို့ မင်းတို့သွေးကိုအသုံးပြုရမယ်...မင်းတို့သာဂူကောင်ကို အရွယ်ရောက်အောင် လုံလောက်တဲ့ထိ သွေးတိုက်နိုင်မယ်ဆိုရင် ဂူကောင်က မင်းပြောသမျှကိုနားထောင်လိမ့်မယ်"
ယခင်ကပင် လီယွမ်က အလားတူစကားများကို ကြားဖူးထားပေသည်။မေးစရာရှိသည်မှာ ယခုလိုပတ်၀န်းကျင်မျိုး၌ မည်သူကဂူပိုးကောင်ကိုပျိုးထောင်ရန် မိမိ၏သွေးကိုအသုံးပြုဝံ့မည်နည်း။
ထိုအရာသည် သေလမ်းကိုရှာဖွေနေခြင်းပင် မဟုတ်ပါလော...
လီယွမ်သည် ဗျူဟာတစ်ခုကို အသည်းအသန်တွေးတောနေသည့်အချိန်တွင် သူ၏စိတ်ထဲ၌ ထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ဒင်...သင်၏ပထမဆုံးသော ဂူပိုးကောင်ကိုရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်...ဂူပိုးကောင်ပေါင်းစပ်မှုစနစ်အား စတင်အသက်သွင်းလိုက်ပါပြီ..."