← Chapters

ဂူနန်း၁၂ခု၏အဖွဲ့၀င်ဖြစ်လာခြင်း

Vol. 1 Ch. 4

ဂူနန်း၁၂ခု၏အဖွဲ့၀င်ဖြစ်လာခြင်း

Vol. 1 Ch. 4

(ပေါင်းစပ်ရန်အတွက် ကျန်ရှိသောဂူကောင်များ - သာမန်သွေးဂူကောင်၇ကောင်)

(ပေါင်းစပ်နေသည်...)

(ပေါင်းစပ်မှုပြီးဆုံးပါသည်...သင်သည်ပထမအဆင့်သာမန်သွေးနှင့်ချီဂူကောင် ၂ကောင်ကိုရရှိပါသည်)

"ဆက်ပြီးတော့ပေါင်းစပ်..."

လီယွမ်က သူ၏အတွေးထဲ၌ ဆက်ပြောလိုက်သည်။

(ကျေးဇူးပြုပြီးတော့ အနက်ရောင်အိုးကိုဦးစွာအဆင့်မြင့်ပါ...ထို့နောက်ပိုမိုအဆင့်မြင့်သော ဂူသခင်ဖြစ်စေရန် လမ်းကြောင်းကိုရှာဖွေပါ...)

"အမ်..."

လီယွမ်က အနည်းငယ်အံ့ဩသွားခဲ့သည်။

"တကယ်ကြီး ကန့်သတ်ချက်တွေရှိနေတာလား..."

ဒါကဖြစ်နိုင်တာပဲ...အဲလိုကန့်သတ်ချက်တွေသာမရှိဘူးဆိုရင် ငါသာဂူအသိုက်မှာ တစ်ညလောက်နေပြီးသွားလို့ရှိရင် နောက်တစ်နေ့မှာ ငါကလောကကြီးတစ်ခုလုံးကို အနိုင်ယူပြီးဖြစ်‌နေမှာပေါ့...

ထို့နောက် ပုံရိပ်ယောင်မျက်နှာပြင်က တဖန်ပြန်ပေါ်လာခဲ့သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - ၄/၃၀)

(အဆင့် - ပထမအဆင့်အသွင်ပြောင်ခြင်း)

(မွေးရာပါဂူ - သွေးနှင့်ချီဂူကောင်)

(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်)

ထိုအချိန်မှသာ လီယွမ်သည် အနက်ရောင်အိုး၏နောက်တွင် ၀ မှ ၄အထိ တိုးလာကြောင်း သတိပြုမိလာသည်။

"ဒါက အတွေ့အကြုံဘားတန်းလား"

"နေ့တိုင်း နည်းနည်းချင်းတိုးလာတာထင်တယ်..."

လီယွမ်တစ်ချက်စဉ်းစားကြည့်ပြီးနောက်တွင် သူသည်ဂူပေါင်းစပ်ခြင်းစနစ်အား စတင်ရရှိခဲ့သည်မှာ ၃ရက်ရှိခဲ့ပြီဖြစ်သည်။စတင်အသုံးပြုသည့်ရက်ကိုပါ ထည့်တွက်လိုက်ပါက ၄‌ရက်မြောက်နေ့ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

"သေချာပြောရမယ်ဆိုရင် ငါ့ရဲ့အနက်ရောင်အိုးသာ အမြင့်ဆုံးအဆင့်ကိုရောက်တဲ့ထိ ကျိုးကုန်းဂူအသိုက်မှာ ရှိနေနိုင်မည်ဆိုရင် ငါကပြိုင်ဘက်ကင်းပြီပေါ့..."

ထိုအရာသည် တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းကို အစပြုရသည့်မည်သည့်မစ်ရှင်မျိုးထက်မဆို ပိုမိုကောင်းမွန်ပေသည်။

"ဒါက တကယ့်ကိုကောင်းတာပဲ..."

လီယွမ်သည် အလွန်ပင်ကျေနပ်သွားခဲ့သည်။

"ခုတော့ ငါစာမေးပွဲအောင်ပြီလို့ သတ်မှတ်လို့ရပြီမဟုတ်လား..."

သူသည် ၇-၈မီတာခန့်အမြင့်ရှိသော တွင်းအပေါ်အား မော့ကြည့်လိုက်သည်။

ယခုအချိန်တွင်မူ ထိုအမြင့်ရှိသောတွင်းပေါက်သည် သူ့အတွက်အချိန်မရွေးအ‌ပေါ်သို့ခုန်တက်နိုင်သော နေရာတခုဖြစ်လာခဲ့သည်။

လီယွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး ကျောက်တုံးတစ်ခုအား အမြင့်၃မီတာခန့်ထိရောက်အောင် ပစ်တင်လိုက်သည်။ထို့နောက်တွင် ကျောက်နံရံပေါ်စိုက်၀င်နေသည့် ကျောက်တုံးပေါ်သို့ခုန်တက်ကာ အပေါ်သို့ထပ်မံခုန်တက်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက်တွင် လီယွမ်သည် တွင်းပေါက်အပြင်သို့ အောင်အောင်မြင်မြင်ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် လက်ခုပ်သံများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

"ဂူကောင်ကိုပြုပြင်မွမ်းမံဖို့ ၄ရက်ပဲလိုတာဆိုတော့ တကယ်မြန်တာပဲ...ဂူ‌တာအိုမှာ ဒီလိုပါရမီရှိတဲ့သူမျိုး မတွေ့ရတာတောင် တော်တော်ကြာလှပြီ"

လေထုအခြေအနေက ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။လီယွမ်သည် အသံလာရာဘက်လှည့်ကြည့်လိုက်ရာ လူနှစ်ယောက်က သူ့ထံသို့ချည်းကပ်လာကြောင်း တွေ့လိုက်ရသည်။

ထိုလူနှစ်ယောက်အနက် တစ်ယောက်သည် သူ့အားစာမေးပွဲဖြေရန် ခေါ်ဆောင်လာသည့် ချီလင်းဖြစ်ကာ အခြားသောတစ်ယောက်မှာ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။

"ညီလေး...မင်းကောင်းကောင်းစွမ်းဆောင်ခဲ့တာပဲ..."

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ကြင်နာသောမျက်နှာအမူအရာကို ဖော်ပြထားပေသည်။

"ငါ့နာမည်က ချီရှန်း...ငါကဂူအသိုက်အမြုံရဲ့ နန်းဝောာ်၉ခု ဂူနန်း၁၂ခုထဲက ပုရှီခန်းမကဖြစ်တယ်"

"ဆရာ...ငါစာမေးပွဲအောင်သွားပြီလို့ ပြောလို့ရလား..."

လီယွမ်သည်‌ သေခြင်းရှင်ခြင်းစမ်းသပ်မှုအား ရင်ဆိုင်ခဲ့ရပြီးနောက်တွင် ဤလူများ၏ပုံစံကို အမှန်တကယ်ကြိုက်နှစ်သက်ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ဤသို့စမ်းသပ်မှုနည်းလမ်းသည် ဂူကောင်များကိုပြုစုပျိုးထောင်ရန်အတွက် လိုအပ်ချက်များနှင့် အမှန်တကယ်ကိုက်ညီပေသည်။

"သေချာတာပေါ့...ငါဂူနန်းသခင်ကိုသတင်းပို့ပြီးတော့ အပြင်စည်းတပည့်တစ်ယောက်ရဲ့ သင်္ကေတကို တောင်းခံထားပြီးပြီ...မင်းဟာဂူသခင်တစ်ယောက်ဖြစ်လာတဲ့ ပါရမီရှိတဲ့အတွက် လှိုဏ်ဂူ၁၂ခုထဲက မင်းကြိုက်ရာတစ်ခုကို ရွေးချယ်၀င်ရောက်နိုင်တယ်"

ချီရှန်းက ပြုံး၍ပြောလိုက်သည်။

"လှိုဏ်ဂူတွေကို ဘယ်လိုခွဲထားတာလဲ"

လီယွမ်ကမေးမြန်းလိုက်သည်။

"ကိုယ့်ဘာသာကိုယ်ကြည့်လိုက်..."

ချီရှန်းသည် စာအုပ်ငယ်လေးတစ်အုပ်ကိုထုတ်ယူလိုက်ရာ လီယွမ်ကဂရုတစိုက်ဖတ်ရှုလိုက်သည်။

"ပုရှီခန်းမဟာ လူသစ်စုဆောင်းတာ၊အကဲဖြတ်တာ၊သတင်းပို့တာ၊တပည့်သစ်လက်ခံတာနဲ့အခြားသောအထွေထွေကိစ္စရပ်များကို ဖြေရှင်းဖို့အတွက်တာ၀န်ယူထားတယ်"

"ဂူပိုးကောင်ဥယျာဉ်က ဂူပိုးကောင်တွေနဲ့ဂူသားရဲအမျိုးမျိုးကို မွေးမြူပြုစုဖို့တာ၀န်ယူထားတယ်"

"ဂူပျိုးပင်ဥယျာဉ်က ဂူပိုးကောင်တွေကို ပျိုးထောင်ဖို့အတွက် လိုအပ်တဲ့ဝိညာဉ်ပျိုးပင်မျိုးစုံကို စိုက်ပျိုးပြုစုဖို့အတွက် တာ၀န်ယူထားတယ်"

"ဂူအသိုက်အမြုံတစ်ခုလုံးက ပြုစုပျိုးထောင်ပေးဖို့ ကျရှုံးခဲ့ပြီးနောက်မှာ စွန့်ပစ်ခံထားရတဲ့ မပြည့်စုံတဲ့ဂူပိုးကောင်တွေရှိတယ်...အဲ့ဒါတွေကိုကိုင်တွယ်ဖို့အတွက် စန်းဂူအဆောက်အဦးမှာ တာ၀န်ရှိတယ်"

လီယွမ်၏မျက်လုံးများက ချက်ချင်းတောက်ပသွားခဲ့သည်။

ဒါအကောင်းဆုံးပဲ...မပြည့်စုံတဲ့အဆိပ်ဂူကောင်တွေဆိုပေမဲ့ ပေါင်းစည်းဖို့အတွက်တော့ အသုံးပြုနိုင်မယ်ထင်တာပဲ...

ဂူပေါင်းစပ်ခြင်းစနစ်သည် တူညီသောအဆင့်ရှိသော ဂူကောင်၃ကောင်ကို ပေါင်းစပ်မှုပြုလုပ်ရန်အတွက် သတ်မှတ်ပေးထားပေသည်။

"ဆရာ...ကျနော်က စန်းဂူမျှော်စင်ကိုရွေးချယ်ပါတယ်..."

"စန်းဂူမျှော်စင်...မင်းစဉ်းစားပြီးတာသေချာလား...ဂူအကြွင်းအကျန်တွေကို လုပ်ဆောင်ရတာက တကယ်ကို့ညစ်ပတ်ပြီးတော့ ပင်ပန်းတဲ့အလုပ်တစ်ခုပဲ...ပြီးတော့စွန့်စားရတာလည်းမနည်းဘူး..."

ချီရှန်းက လီယွမ်အား ထူးဆန်းသောအကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။

"စန်းဂူမျှော်စင်ဟာ ခန်းမအမျိုးမျိုးမှာ ဆက်လက်မွေးမြူလို့မရတဲ့ ပြည့်စုံမှုမရှိတဲ့ဂူကောင်တွေအားလုံးကို စွန့်ပစ်တဲ့နေရာပဲ...ဒီနေရာမှာလုပ်ရတာ အခက်အခဲတွေအများကြီးရှိတယ်"

ချီလင်းကလည်း ၀င်ရောက်ပြောဆိုလိုက်သည်။

လီယွမ်သည် ပို၍ပင်စိတ်လှုပ်ရှားလာခဲ့သည်။ထိုအရာသည် သူ့အတွက်အံ၀င်ခွင်ကျဖြစ်နေသည်မဟုတ်လော...

ဂူပိုးကောင်ဥယျာဉ်လို နေရာမျိုးတွင် မွေးမြူထားသောဂူကောင်များသည် အရည်အသွေးကောင်းမွန်သော်လည်း ထိုဂူကောင်များသည် ဂူအသိုက်အမြုံ၏အရင်းအမြစ်များဖြစ်ကြသည်။ထိုဂူပိုးကောင်များအား လစဉ်စာရင်းပြုစုကာ အထက်သို့တင်ပြရမည်ဖြစ်သည်။

သူသည် ထိုဂူပိုးကောင်များကို ပေါင်းစပ်မှုအတွက်အသုံးပြုလိုပါက ကျိန်းသေပေါက်တာ၀န်ယူရမည်ဖြစ်သည်။

စန်းဂူမျှော်စင်၌ ထိုသို့စိုးရိမ်စရာကိစ္စမရှိပေ။အခြားသူများ မလိုအပ်သောမပြည့်စုံသည့် အမှိုက်ဂူကောင်များက သူ့အတွက်ရတနာများဖြစ်ကြသည်။

"‌ငါသေချာစဉ်းစားပြီးပြီ..."

လီယွမ်သည် အနည်းငယ်စိတ်မရှည်စပြုလာခဲ့သည်။

"ကောင်းပြီလေ..."

ချီရှန်းသည် လီယွမ်အား ဆက်လက်ဆွဲဆောင်ရန် မကြိုးစားတော့ပေ။သူသည်အခြားသူများကို ကူညီလိုသော်လည်း သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များအား လေးစားသူတစ်ယောက်ဖြစ်သည်။

"စကားမစပ် မင်းနာမည်ဘယ်လိုခေါ်လဲကောင်လေး..."

အချိန်အတော်ကြာအောင် စကားစမြည်ပြောပြီးသည့်နောက်တွင်ပင် သူသည်ထိုကောင်လေး၏အမည်ကို မသိသေးကြောင်း သတိရလိုက်သည်။

"မင်းရဲ့ကိုယ်ပိုင်နာမည်ကို အသုံးပြုချင်လည်းရတယ်...ဒါမှမဟုတ် မင်းရဲ့အတိတ်ကိုစွန့်လွှတ်ချင်တယ်ဆိုရင် နန်းတော်၉ခုက မင်းကိုနာမည်အသစ်တစ်ခုပေးနိုင်တယ်"

ချီရှန်းက ပြောလိုက်သည်။

"လီယွမ်...ရွှေအိုးထဲကယွမ်..."

မည်သို့ပင်ဆိုစေ လီယွမ်က သူ၏အမည်ကိုကြိုက်နှစ်သက်ဆဲဖြစ်သည်။

"ကောင်းပြီ...အပြင်စည်းတပည့်သင်္ကေတကို ၃ရက်အတွင်းထုတ်ပေးမယ်...ချီလင်း...လီယွမ်ကို သတင်းပို့ဖို့အတွက် စန်းဂူမျှော်စင်ကိုခေါ်သွားလိုက်"

ချီရှန်းက အမိန့်ပေးလိုက်သည်။

"ငါနဲ့အတူလိုက်လာခဲ့..."

ချီလင်းက ထိုနေရာမှလှည့်ထွက်လာခဲ့သည်။လီယွမ်သည် သမားတော်အိုကြီး၏အလောင်းကို ကျော၌တင်ဆောင်၍ ချီလင်းနောက်သို့လိုက်လာခဲ့သည်။လီယွမ်သည် အဝေးရှိတောင်တန်းပေါ်၌ တည်ဆောက်ထားသော ခမ်းနားကြီးကျယ်သည့်အဆောက်အဦးများကို တွေ့မြင်နေရပေသည်။

လမ်းတလျှောက်တွင် ချီလင်းက ကျိုးကုန်းဂူအသိုက်အမြုံ၏အကြောင်းကို အတိုချုံးရှင်းပြခဲ့သည်။

ရှင်းကျန်းတောင်ပိုင်းရှိ ကျိုးကုန်းတောင်တန်းသည် မျိုးဆက်ပေါင်းများစွာ အမြစ်တွယ်နေထိုင်လာခဲ့သော နေရာတစ်ခုဖြစ်သည်။ထိုနေရာသည် ရှေးခေတ်ဂူသခင်များ၏ မွေးရပ်မြေဟုဆိုနိုင်ရုံသာမက ရှင်းကျန်းတောင်ပိုင်းဒေသ၏ အငြင်းပွားဖွယ်မရှိသော လျှိ့ဝှက်အုပ်စိုးရှင်းတစ်ပါးလည်းဖြစ်သည်။

ကျိုးကုန်းဂူအသိုက်အမြုံတွင် နန်းတော်၉ခုတည်ရှိပြီး နန်းတော်တစ်ခုစီ၏လက်အောက်၌ သက်ဆိုင်ရာလှိုဏ်ဂူများထားရှိပေသည်။

(လောလောဆယ် ဂူအသိုက်အမြုံရဲ့ဖွဲ့စည်းပုံက ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး...နန်းတော်၉ခုကပုံသေပေမဲ့ လှိုဏ်ဂူဘယ်နှစ်ခုလဲဆိုတာ ခုထိအတိအကျမဖော်ပြသေးပါ)

အစောပိုင်းကာလများက ဂူသခင်မျိုးရိုးများမှ ဆင်းသက်လာသည့်လူတစ်စုသည် ကျိုးကုန်းတောင်ပေါ်ရှိ ဂူများတွင်စတင်နေထိုင်ခဲ့ကြသည်။ထိုမှတဆင့် သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် လှိုဏ်ဂူများကို ခွဲခြားသတ်မှတ်ခဲ့ကြသည်။

‌ယနေ့အခါ သူတို့နေထိုင်လာရာနေရာများစုပေါင်း၍ ကျိုးကုန်းဂူအသိုက်အမြုံဟု ဖြစ်တည်လာခြင်းဖြစ်သည်။

အဆုံးသတ်တွင် ကျိုးကုန်းဂူအသိုက်၏လက်အောက်ရှိ မည်သည့်လှိုဏ်ဂူမဆို ပြင်ပလောကရှိ တတိယအဆင့်ကျင့်ကြံခြင်းဂိုဏ်းတစ်ခုနှင့် ယှဉ်ပြိုင်ရန်လုံလောက်ပေသည်။

အမှန်မှာ၊ ကိုးနန်းတော်ဂူသိုက်ရှိ မည်သည့်ဂူ၏အတိုင်းအတာပမာဏသည် ပြင်ပကမ္ဘာရှိ တတိယအဆင့် ကိုယ်ခံပညာဂိုဏ်းတစ်ခုနှင့် ယှဉ်ပြိုင်ရန် လုံလောက်သည်။

လီယွမ်သည် ထိုအကြောင်းကို စိတ်ဝင်တစား နားထောင်ပြီးနောက် အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။ဤနေရာသည် သူအင်အားကြီးထွားလာရန်အတွက် အမှန်တကယ်သင့်တော်ရာနေရာဖြစ်သည်။

မကြာမှီသူတို့၂ယောက်သည် ငါးခုမြှောက်အထပ်သို့ရောက်ရှိလာခဲ့ကြသည်။ထိုနေရာတွင် ကြီးမားသောမျှော်စင်တစ်ခုရှိကာ "စန်းဂူမျှော်စင်"ဟူသော ရှေးကျသည့်ကမ္မည်းဆိုင်းဘုတ်ကို တွေ့မြင်နေရသည်။

"၀မ်အိုကြီး...ငါမင်းဆီလူသစ်တစ်ယောက် ယူလာပေးတယ်"

ချီလင်း၏စကားအဆုံးတွင် ဆံပင်ဖြူနေသောအဘိုးအိုတစ်ယောက်က စန်းဂူမျှော်စင်မှ ထွက်လာခဲ့သည်။

"နောက်ဆုံးတော့ စန်းဂူမျှော်စင်ကို လူသစ်တွေရောက်လာပြီဘဲ"

အဘိုးအိုက သူတို့၂ယောက်အား ပြုံးပြလိုက်သည်။

"လီယွမ်...သူကစန်းဂူမျှော်စင်ရဲ့ တာ၀န်ခံဖြစ်တဲ့ လောင်၀မ်ပဲ...ခုချိန်ကစပြီး မင်းကသူ့လက်အောက်မှာ အလုပ်လုပ်ရလိမ့်မယ်"

ချီလင်းက စတင်မိတ်ဆက်ပေးလိုက်သည်။

"ငါ့နာမည်အရင်းက ၀မ်လင်း...ဒါပေမဲ့မင်းငါ့ကို လောင်၀မ်လို့ခေါ်လို့ရတယ်"

အဘိုးအိုက ပြုံး၍ပြောလိုက်သည်။

"နားလည်ပါပြီ...လောင်၀မ်"

လီယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။

"လူအိုကြီး၀မ်...လီယွမ်မှာ အရည်အချင်းကောင်းတွေရှိတယ်...မင်းသူ့ကိုကောင်းကောင်းဂရုစိုက်သင့်တယ်...သူသာနန်းတော်၉ခုရဲ့ အတွင်းစည်းကို၀င်နိုင်ခဲ့ရင် မင်းလည်းအကျိုးကျေးဇူးတွေရလာလိမ့်မယ်"

ချီလင်းက ထပ်ဆောင်းပြောဆိုလိုက်သည်။

"ဒီကောင်လေးက ပါရမီရှိတာလား...ဘာလို့မင်းလိုပါရမီရှင်က စန်းဂူမျှော်စင်ကို‌ရောက်လာရတာလဲ..."

၀မ်လင်းက အနည်းငယ်အံ့ဩသွားခဲ့သည်။

"သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပဲလေ"

ချီလင်းက တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။

၀မ်လင်းက အံ့ဩသွားကာ တိုက်တွန်း‌စကားဆိုလိုက်သည်။

"လီယွမ်...မင်းသေချာစဉ်းစားသင့်တယ်...စန်းဂူမျှော်စင်မှာဆိုရင် မင်းအတွက်အနာဂတ်မရှိနိုင်ဘူး"

"‌ခုလိုအကြံပေးလို့ ကျေးဇူးတင်ပါတယ်လောင်၀မ်...မင်းကတကယ်ကြင်နာတတ်တာပဲ...ငါ့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းတော့ပါဘူး"

လီယွမ်က အပြုံးမပျက်ပြန်ပြောလိုက်သည်။

"ဟားဟားဟား...မင်းတို့စကားကောင်းကောင်းပြောနှင့်...ငါအရင်သွားနှင့်တော့မယ်"

ချီလင်းက ရယ်ရယ်မောမောဖြင့် နှုတ်ဆက်လိုက်သည်။

"ကောင်းပြီလေ...မင်းဒီကိုရောက်လာပြီဆိုမှတော့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ရတော့မှာပေါ့...ငါမင်းကို ဘယ်လိုအကြံညဏ်မှပေးနိုင်မှာမဟုတ်ဘူး...လောလောဆယ် မင်းစန်းဂူမျှော်စင်ထဲမ၀င်ခင် ဂူသခင်တစ်ယောက်ရဲ့ကျင့်ကြံမှုလမ်းစဉ်အကြောင်း အရင်ပြောပြမယ်"

သူသည် ထိုသို့စကားပြောနေစဉ်အတွင်း လီယွမ်သယ်ဆောင်လာသော အလောင်းကိုတစ်ချက်ကြည့်လိုက်သည်။

"ဒါက မင်းရဲ့အသက်ဂူလား..."

(အသက်ဂူ-ပင်မဂူ-မွေးရာပါဂူဆိုပြီး အမျိုးမျိုးသုံးခဲ့ပါတယ်...ရှေ့လာမဲ့အပိုင်းတွေကစပြီး ပင်မဂူအနေနဲ့ပဲပြောင်းသုံးပါတော့မယ်)

"မင်းပထမဆုံးရွေးချယ်လိုက်တဲ့ အသက်ဂူက တကယ့်ကိုရှားပါးတဲ့အလောင်းဂူဖြစ်နေတာလား"

"မဟုတ်ဘူး...ဒါကငါ့အဘိုးရဲ့အလောင်းပါ..."

လီယွမ်တစ်ယောက် စကားမပြောနိုင်အောင် ဆွံ့အသွားခဲ့ရသည်။

"စိတ်မရှိပါနဲ့...ငါအထင်လွဲသွားခဲ့တယ်...မင်းမှာပါရမီရှိတယ်ဆိုတဲ့စကားကြားလိုက်ရတော့ မင်းဟာပထမဆုံးဂူကို အလောင်းဂူအဖြစ်အသုံးပြုထားတဲ့ ရက်စက်တဲ့ဂူသခင်တစ်ယောက်လို့ ငါထင်ထားခဲ့တာလေ"

၀မ်လင်းက အနည်းငယ်ရှက်ရွှံနေသည့်လေသံဖြင့် ပြောလိုက်သည်။

၀မ်လင်း၏စကားက လီယွမ်၏စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။

"၀မ်အိုကြီး...အလောင်းတွေကို ဂူကောင်အနေနဲ့ သန့်စင်လို့ရတာပဲလား..."

…

All Chapters