← Chapters

ဂူသခင်များ၏ကန့်သတ်ချက်ကို ချိုးဖျက်ခြင်း

Vol. 1 Ch. 6

ဂူသခင်များ၏ကန့်သတ်ချက်ကို ချိုးဖျက်ခြင်း

Vol. 1 Ch. 6

"ပေါင်းစပ်လိုက်..."

လီယွမ်က သူ့စိတ်ထဲ၌ တိုးတိုးလေးရေရွတ်လိုက်သည်။

(ယခုတစ်ကြိမ်ပေါင်းစပ်ရန်အတွက် ပထမအဆင့်ဂူကောင်အကြွင်းအကျန် ၃၀ကိုတွေ့ရှိထားပါသည်)

(ပေါင်းစပ်နေပါသည်...)

(သင်သည် ပထမအဆင့်သာမန်ဂူဖြစ်သော အနှစ်သာရအားဖြည့်ခြင်းဂူကောင်ကို ရရှိခဲ့ပါသည်။)

"အကြွင်းအကျန်ဂူကောင်တွေကို ပေါင်းစပ်တာက ကောင်းမွန်တဲ့ဂူကောင်ကို ရရှိစေတာလား"

လီယွမ်သည် တစ်စုံတစ်ခုအား စဉ်းစားနေပုံရပြီး ဆက်လက်ပေါင်းစပ်ရန် ရွေးချယ်ခဲ့သည်။

(ကျေးဇူးပြု၍ အနက်ရောင်အိုးကိုအဆင့်မြင့်တင်ပါ...ထို့နောက် ပို၍မြင့်မားသောဂူသခင်အဆင့်သို့ တက်လှမ်းရန်ကြိုးစားပါ)

မအောင်မြင်ဘူးပေါ့...ငါမျှော်လင့်ထားသလိုပဲ...

လီယွမ်သည် စိတ်လောနေခြင်းမရှိဘဲ သူ၏အခြေအနေပြဇယားကို ဆင့်ခေါ်ခဲ့သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - ပထမအဆင့် 4-30)

(အဆင့် - ပထမအဆင့်ဂူသခင်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်)

(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်)

"ငါရရှိနိုင်တဲ့ ဂူကောင်အရေအတွက်ကို ကန့်သတ်ထားတာမရှိဘူးလား"

လီယွမ်သည် ခန့်မှန်းချက်တချို့ပြုလုပ်ရင်း အိုးနောက်တစ်လုံးအားဖွင့်ကာ ပေါင်းစပ်မှုလုပ်ဆောင်ခဲ့သည်။

(ယခုတစ်ကြိမ်ပေါင်းစပ်ရန်အတွက် ပထမအဆင့်လိပ်ခွံဂူကောင်အကြွင်းအကျန် ၃၀ကိုတွေ့ရှိထားပါသည်)

(ပေါင်းစပ်နေပါသည်...)

(သင်သည် ပထမအဆင့်သာမန်ဂူဖြစ်သော မချေမှုန်းနိုင်သည့် လိပ်ခွံဂူကောင်ကို ရရှိခဲ့ပါသည်။)

(လိပ်ခွံဂူကောင်ကို ပင်မဂူအဖြစ်သန့်စင်ပြီးနောက် ဂူသခင်၏အရေပြားမာကျောမှုကို သိသိသာသာတိုးမြင့်ပေးနိုင်သည်...အကယ်၍လက်အောက်ခံဂူအနေဖြင့်အသုံးပြုမည်ဆိုပါက ၎င်းသည်ဓာတ်ကူပစ္စည်းတစ်မျိုးမျိုးကိုထိတွေ့၍ တိုက်ခိုက်နေစဉ်အတွင်း အရေပြားမာကျောမှုကို ယာယီတိုးမြင့်ပေးနိုင်သည်)

လီယွမ်သည် ဤဂူကောင်အကြောင်းကို ဂူသခင်လက်စွဲ၌ ဖတ်ရှုဖူးပေသည်။

ပင်မဂူ၏လုပ်ဆောင်ချက်သည် အမြဲတမ်းအတွက်ဖြစ်ကာ လက်အောက်ခံဂူများက ယာယီအတွက်သာ စွမ်းဆောင်နိုင်ပေသည်။အခြေခံအားဖြင့် အသက်သွင်းနိုင်သောဂူကောင်ဖြစ်ကာ မိမိကိုယ်တိုင်ဖြစ်စေ ရန်သူအပေါ်ဖြစ်စေ ရေတိုအကျိုးသက်ရောက်နိုင်ပေသည်။

ထို့ပြင် ပင်မဂူကို မိမိ၏စိတ်ဖြင့်ထိန်းချုပ်နိုင်သော်လည်း လက်အောက်ခံဂူအားထိန်းချုပ်ရန် ပြင်ပအရာ၀တ္ထုများ၏ အကူအညီလိုအပ်ပေသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် တိုက်ပွဲတွင်း၌လက်အောက်ခံဂူကောင် သေဆုံးခြင်းက ပင်မဂူကောင်ထိခိုက်ခြင်းကဲ့သို့ ဂူသခင်ကို မထိခိုက်စေနိုင်ပေ။

လီယွမ်သည် သူ၏လက်အောက်ခံဂူစာရင်းကို ကြည့်လိုက်မိချိန်တွင် ပြောင်းလဲမှုကိုသတိထားမိလိုက်သည်။

(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်၊လိပ်ခွံဂူကောင်)

"‌ဒါကမယုံနိုင်စရာပဲ မဟုတ်လား..."

ထို့နောက်တွင် လီယွမ်သည် တစ်ညလုံးအလုပ်များနေတော့သည်။သူသည် အဆိပ်ရှိဂူကောင်အကြွင်းအကျန်များအား အရူးအမူးစတင်ပေါင်းစပ်ခဲ့သော်လည်း ဂူကောင်တိုင်းလိုလိုကို မပေါင်းစပ်နိုင်ပေ။သူသည် များပြားလှသည့်ဂူကောင်အကြွင်းအကျန်များထဲမှ လူများသတိမထားမိနိုင်သော ပမာဏကိုသာရွေးချယ်ပေါင်းစပ်နေခြင်းဖြစ်သည်။

မကြာမှီတွင် လီယွမ်သည် ပြသနာအသစ်တစ်ခုအား ရှာ‌ဖွေ‌တွေ့ရှိခဲ့သည်။

သူသည် တစ်ညလုံး ကြိုးစားအလုပ်လုပ်ပြီးနောက် ထူးဆန်းသောဂူကောင်စာရင်း၌ပါရှိသည့် ရှားပါးဂူကောင်များကိုပင်မဆိုနှင့် သာမန်ရှားပါးသည့် အဆိပ်ရှိဂူကောင်များကိုပင် ပေါင်းစပ်နိုင်ခြင်းမရှိကြောင်း တွေ့လိုက်ရသည်။

"လောလောဆယ်တော့ အခြေခံလောက်ပဲရမယ်ထင်တယ်...ထူးဆန်းတဲ့ဂူကောင်တွေကို ပေါင်းစပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး...တစ်နေ့နေ့တော့ ကံကောင်းမှုက ငါ့ဆီရောက်လာမှာပါ"

…

အချိန်ကတဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လီယွမ်တစ်ယောက် စန်းဂူမျှော်စင်ရောက်လာသည်မှာ တစ်လခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

လီယွမ်သည် သူ၏လက်ရှိအခြေအနေကို သဘောကျနေခဲ့သည်။သူသည် ပရမ်းပတာဖြစ်နေသော ပြင်ပလောကထက် လက်ရှိနေရာကိုသာ ပိုမိုသဘောကျပေသည်။

ရက်အနည်းငယ်အတွင်း သူ၏အနက်ရောင်အိုးက ဒုတိယအဆင့်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

"လီယွမ်...ပြင်ပလောကမှာ ကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့တယ်"

နေ့လည်စာစားချိန်တွင် ၀မ်လင်းက ကျိုးကုန်းတောင်အပြင်၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတချို့ကို ပြန်ပြောပြခဲ့သည်။

"ဘာဖြစ်သွားတာလဲ..."

လီယွမ်သည် စန်းဂူမျှော်စင်၌တစ်ချိန်လုံးရှိနေသည်ဖြစ်ရာ ပြင်ပလောက‌နှင့် အဆက်အသွယ်ပြတ်နေခဲ့သည်။သူသည် တစ်ချိန်လုံးကျိုးကုန်းတောင်ပေါ်၌သာနေထိုင်သည့် ၀မ်လင်းထက်စာလျှင် ပြင်ပအတွေ့အကြုံများပြားသော်လည်း လက်ရှိအချိန်၌ ပြင်ပလောက၏သတင်းပြတ်တောက်နေခဲ့သည်။

"သိုင်းနတ်ဘုရားရဲ့ ရတနာကိုကြားဖူးလား"

၀မ်လင်းက မေးမြန်းလိုက်သည်။

လီယွမ်ကခေါင်းခါပြလိုက်သည်။သူသည် ထိုအကြောင်းကို မကြားဖူး‌သော်လည်း မှန်းဆချက်အချို့ ပြုလုပ်ခဲ့သည်။

"ဒါက ကမ္ဘာတစ်ဝှမ်းမှာကျော်ကြားခဲ့တဲ့ ဒါယန်းမင်းဆက်ရဲ့တည်ထောင်သူ ဧကရာဇ်သိုင်းနတ်ဘုရားချန်ရစ်ခဲ့တဲ့ ရတနာတစ်ပါးဘဲ"

"ဒါဟာ ဒါယန်းမင်းဆက်ပြန်လည်နိုးထလာနိုင်တဲ့ အခြေခံအုတ်မြစ်လို့ ဒဏ္ဍာရီတွေကဆိုကြတယ်"

"ခုချိန်မှာတော့ ဒါယန်းမင်းဆက်ရဲ့မင်းသားတွေနဲ့နတ်ဆိုးတွေက စစ်နတ်ဘုရားရဲ့ရတနာကို အသည်းအသန်ရှာဖွေနေကြတယ်လေ...ဒါကြောင့်ကမ္ဘာကြီးက ကမောက်ကမဖြစ်နေတာပေါ့"

၀မ်လင်းက ပြောလိုက်သည်။

"ပြည်သူတွေကတော့ ဒုက္ခရောက်နေကြတုံးပဲ"

လီယွမ်က တိတ်တခိုးသက်ပြင်းချလိုက်မိသည်။

သူသည် တော်၀င်မိသားစုသို့ပြန်မသွားနိုင်ပေ။သူ၏အထောက်အထားအမှန်မှာ ဒါယန်းမင်းဆက်၏မင်းသားတစ်ပါးဖြစ်သော်လည်း သူပြည်နှင်ဒဏ်ခံထားရသည်မှာ ၁၆နှစ်ပြည့်ပြီဖြစ်သည်။သူခံစားခဲ့ရသော ဆင်းရဲဒုက္ခကို တောင်၀င်မိသားစုမှ စာနာရန်မဖြစ်နိုင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူသည်လူ့အဖွဲ့အစည်းအောက်ခြေမှ လူများ၏ဘ၀မည်မျှခက်ခဲကြောင်း နားလည်လာခဲ့သည်။

သို့သော်လည်း ယခုအချိန်၌ သူမည်သို့မှမလုပ်ဆောင်နိုင်ခဲ့ပေ။

"ကျိုးကုန်းတောင်တန်းက ရှင်းကျန်းတောင်ပိုင်းရဲ့ အစွန်ဆုံးနေရာမှာတည်ရှိ‌တာကြောင့် စစ်ပွဲဒဏ်ကိုမခံစားရဘူးလေ...ဒါပေမဲ့ တလောကလုံးဒုက္ခရောက်နေတာဆိုတော့ တစ်နေ့မှာငါတို့လည်း ဒီပြဿနာထဲဆွဲသွင်းခံရလိမ့်မယ်"

"ဒါယန်းတော်၀င်မိသားစုက စစ်နတ်ဘုရားရဲ့ရတနာကိုရှာတွေ့ပြီး လူသားတွေရဲ့စိတ်ဆင်းရဲဒုက္ခကို အမြန်ဆုံးအဆုံးသတ်နိုင်ပါစေ...ဖရိုဖရဲဖြစ်နေတဲ့ ဒီကမ္ဘာကြီးကိုအမြန်ဆုံးငြိမ်းချမ်းအောင်လုပ်ဆောင်နိုင်ပါစေလို့ ငါဆုတောင်းပါတယ်"

"နှမြောဖို့ကောင်းတာက အဲလိုမဖြစ်နိုင်တော့တာပဲ..."

၀မ်လင်းကသက်ပြင်းချလိုက်သည်။

"ဘာကြောင့်လဲ..."

လီယွမ်က အပြင်လူတစ်ယောက်သဖွယ် ပေါ့ပေါ့ပါးပါးစကားပြောနေခဲ့သည်။ဤနေရာတွင် ဂူကောင်များနှင့်အဖော်လုပ်နေရသည်မှာ ပျင်းစရာကောင်းလှပေရာ ပျင်းရိမှုကြောင့် ရူးသွပ်မသွားစေရန် ပြင်ပလောကအကြောင်း သိရှိဖို့ရာလိုအပ်လာသည်။

"ဘာဖြစ်လို့လဲဟုတ်လား...ဒါယန်းဧကရာဇထိုက်ဇူရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တွေအားလုံး အသတ်ခံလိုက်ရပြီလေ...ဘယ်သူကမှအသက်မရှင်ကျန်ရစ်ခဲ့ဘူး"

၀မ်လင်းက သူ၏လက်များကိုဖြန့်ပြရင်း ပြောလိုက်သည်။

"အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တာပဲ..."

လီယွမ်က တိုးတိုးလေးပြောလိုက်သည်။

"ငါမျှော်လင့်ပါတယ်...ဘာပဲဖြစ်ဖြစ် စစ်နတ်ဘုရားရဲ့ရတနာသိုက်ကို ဖွင့်လှစ်ချင်တယ်ဆိုရင် ဧကရာဇ်ထိုက်ဇူရဲ့တိုက်ရိုက်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားဖို့လိုအပ်တယ်လေ"

၀မ်လင်းကပြောလိုက်သည်။

လီယွမ်က အပြုံးမပျက် ပြောဆိုလိုက်သည်။

"တကယ်လို့ ဧကရာဇ်ထိုက်ဇူရဲ့ တိုက်ရိုက်သားမြေးတွေ အသက်ရှင်နေသေးတယ်ဆိုရင် ခုထွက်မလာနိုင်တာတောင်မှ နောင်တစ်ချိန်မှာ ရတနာသိုက်ကိုဖွင့်လှစ်ဖို့ အခွင့်အရေးရှိလာနိုင်တယ်"

"အမှန်ပဲ...ဒါယန်းကနာမည်ပဲကျန်တော့တာပါ...တကယ်တမ်းကျ ကြီးကျယ်တဲ့စည်းလုံးညီညွတ်မှုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်သူ အတော်လေးရှားပါးသွားပြီ"

"နတ်ဆိုးတွေက နန်းတော်ထဲကိုတောင်ခိုး၀င်နိုင်တာပဲ...သူတို့ကအချိန်အတော်ကြာအောင် ကြိုတင်စီစဉ်ထားခဲ့တာလေ...သူတို့ကကွယ်လွန်သူဧကရာဇ်ကို နှိမ်နင်းဖို့အထူးနည်းလမ်းတွေအသုံးပြုခဲ့ပြီးတော့ တော်၀င်သွေးမျိုးဆက်ကိုဖြည်းဖြည်းချင်း ဖျက်ဆီးဖို့လုပ်ဆောင်ခဲ့ကြတာပဲ"

လီယွမ်သည် သူ၏ဘ၀နှစ်ခုစာမှတ်ဉာဏ်များကို ပြန်လည်တမ်းတမိပြီးနောက် ထိုအရာများကို နားလည်သိရှိလာခဲ့သည်။

ဒီသတင်းကိုဘယ်ကောင်ဖြန့်တာလဲ...မင်းရဲ့အစစ်အမှန်ရည်ရွယ်ချက်က ဘာဖြစ်မလဲ...

ထိုအရာသည် သူ၏အမေနှင့်တော်၀င်သမားတော်တို့ကြားမှ လျှို့ဝှက်ချက်များဖြစ်ရာ ဂရုမစိုက်ဘဲနေရန် မဖြစ်နိုင်ပေ။

၀မ်လင်းက ထိုအကြောင်းကို မည်သို့သိနေသနည်း...

"ဒီအကြောင်းကို လူတိုင်းသိနေတာပဲလေ...လူတချို့ပြောတာကြတော့ ဧကရာဇ်ရဲ့အချစ်ဆုံးကိုယ်လုပ်တော်က နတ်ဆိုးတစ်ပါးတဲ့...ဧကရာဇ်က အောက်လမ်းပညာနဲ့ချုပ်ကိုင်ခံရပြီး ကျဆုံးခဲ့ရတာလို့ပြောကြတယ်"

"မဟုတ်ရင် သူ့ရဲ့အဌမအဆင့်သိုင်းသူတော်စင်ကျင့်ကြံမှုရယ် နိုင်ငံတစ်ခုရဲ့ကံကြမ္မာနဲ့ကောင်းချီးတွေရယ်ကြောင့် နတ်ဆိုးတစ်ကောင်က ဘာလို့သူ့ကိုအလွယ်တကူထိန်းချုပ်နိုင်မှာလဲ..."

"သူရဲကောင်းတွေဟာ အလှတရားရဲ့အောက်မှာ ကျဆုံးခဲ့ရတာပဲမဟုတ်လား..."

၀မ်လင်းသည် ပြင်ပလောက၌ပျံ့နှံ့နေသော ကောလဟာလများကို ပုံပြင်ပြောသူတစ်ယောက်သဖွယ် ပြန်လည်ပြောပြနေခဲ့သည်။

လီယွမ်သည် ၀မ်လင်း၏စကားများအနက် တစ်၀က်ကိုသာယုံကြည်ခဲ့သည်။

သိုင်းသူတော်စင်နယ်ပယ်သို့ ရောက်ရှိလာသူတစ်ယောက်ကို ရိုးရှင်းသောအလှတရားဖြင့် ဆွဲဆောင်ရန်မဖြစ်နိုင်တော့ပေ။အခြားသောနည်းလမ်းများ မဖြစ်မနေလိုအပ်လာမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ အစစ်အမှန်အကြောင်းရင်းကိုမူ မည်သူကမှမသိကြပေ။

လီယွမ်သည် အရာအားလုံးကိုနှလုံးသားထဲ၌ မြုပ်နှံလိုက်ကာ သူ့စိတ်သူတည်ငြိမ်စေလိုက်သည်။သူသာဆက်လက်ရှင်သန်ကြီးထွားလာပါက မည်သည့်အရာကမှ သူ့ကိုတားဆီးနိုင်မည်မဟုတ်ပေ။

…

နေ့ရက်များက တဖြည်းဖြည်းကုန်လွန်လာခဲ့သည်။

ယခုအခါ လီယွမ်သည် စန်းဂူမျှော်စင်သို့ရောက်သည်မှာ ၂၇ရက်မြှောက်ဖြစ်ပြီး အနက်ရောင်အိုးကိုစတင်အသက်သွင်းသည်မှာ ရက်ပေါင်း၃၀ပြည့်မြှောက်ခဲ့ပြီဖြစ်သည်။

လီယွမ်သည် သူ၏အခြေအနေပြဇယားကို ဆင့်ခေါ်လိုက်သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - ဒုတိယအဆင့် 4-30)

(အဆင့် - ဒုတိယအဆင့်ဂူသခင်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်)

(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်၊လိပ်ခွံဂူကောင်၊သွေးဆာသောခြင်ဂူကောင်၊အဆိပ်ရှိအနံ့ပြင်းဂူကောင်၊လေလိပ်ပြာဂူကောင်...)

"တကယ်ကြီး...ငါဒုတိယအဆင့်ကို ဒီတိုင်းပဲရောက်သွားတာပေါ့"

ခဏအကြာတွင် စနစ်ကနောက်ထပ် အချက်ပေးချက်ကို ပို့ပေးခဲ့သည်။

(သင့်ထံတွင် လက်အောက်ခံဂူများစွာရှိနေကြောင်းတွေ့ရှိရသည်...လက်အောက်ခံဂူများအနက်မှ အဆင်ပြေရာဂူကောင်များကိုရွေးချယ်၍ သင်၏ပင်မဂူအဖြစ်ပြုပြင်နိုင်သည်)

ထိုအရာသည် လီယွမ်လိုအပ်နေသောအရာဖြစ်သည်။

"ဆိုလိုချင်တာက ငါဟာဂူသခင်မျိုးရိုးရဲ့ အစဉ်အလာကန့်သတ်ချက်ကိုချိုးဖောက်ပြီး ပင်မဂူတွေနဲ့လက်အောက်ခံဂူတွေ အများကြီးမွေးနိုင်တယ်လို့ပြောချင်တာပေါ့"

ဂူသခင်တစ်ယောက်သည် သူ၏ပင်မဂူကောင်ဝိညာဉ်နှင့် ချိတ်ဆက်ထားရပေသည်။အကယ်၍ ပင်မဂူကောင်သေဆုံးသွားလျှင် လွန်စွာရှားပါးသည့်အခြေအနေမျိုးမှလွဲ၍ ဂူသခင်သည် သေခြင်းတရားမှလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လီယွမ်က ပင်မဂူကောင်မျိုးစုံကို လိုချင်နေခြင်းဖြစ်သည်။

သေခြင်းတရားကို လူတိုင်းကြောက်ရွှံကြသလိုပင် သူသည်လည်းကြောက်ရွှံပေသည်။

"အင်း...ဒုတိယပင်မဂူကို ကြုံရာကျပန်းရွေးလို့မဖြစ်ဘူး"

လီယွမ်သည် ဒုတိယထပ်သို့လှမ်းကြည့်လိုက်သည်။

"ထူးဆန်းတဲ့ဂူကောင်စာရင်းက ဂူကောင်ကိုမရနိုင်ရင်တောင်မှ အနည်းဆုံးတော့ရှားပါးဂူကောင်တစ်ကောင်ရမှဖြစ်မယ်"

…

All Chapters