ပြန်လည်ရှင်သန်ခြင်းဂူကောင်
Vol. 1 Ch. 7
လီယွမ်သည် ဒုတိယထပ်သို့ တက်ရောက်လာခဲ့သည်။
ဂူအကြွင်းအကျန်များအား ကိုင်တွယ်နေသည့်၀မ်လင်းသည် လီယွမ်ကိုတွေ့မြင်လိုက်ရချိန်၌ မျက်မှောင်ကြုတ်လိုက်မိသည်။
"လီယွမ်...မင်းဘာလို့ဒီကိုရောက်နေတာလဲ...ဒီမှာနတ်ဆိုးချီတွေအများကြီးရှိနေတာမသိဘူးလား...မြန်မြန်အောက်ဆင်း"
"လူအိုကြီး၀မ်...ငါဒုတိယအဆင့်ကိုရောက်နေပြီ..."
လီယွမ်က တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။
"ဒုတိယအဆင့်...ဘာ...မင်းဘာပြောလိုက်တယ်...ပြန်ပြောလိုက်စမ်း"
အစောပိုင်းတွင် ၀မ်လင်းသည်လီယွမ်၏စကားကို သတိမမူမိလိုက်သော်လည်း ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။
"ခုဆိုရင် ကျနော်က ဒုတိယအဆင့်ဂူသခင်ဖြစ်နေပြီ..."
လီယွမ်က ပြန်ပြောလိုက်သည်။
"သေစမ်း..."
၀မ်လင်း၏မျက်လုံးများက အဆမတန်ပြူးကျယ်နေခဲ့ကာ သူနှင့်အရင်းနှီးဆုံးဖြစ်နေသော စကားလုံးများအားထုတ်ပြောရန် အချိန်အတော်ကြာယူခဲ့ရသည်။
သို့သော် သေချာစဉ်းစားကြည့်မည်ဆိုပါက ၄ရက်အတွင်း မိမိ၏ပင်မဂူကိုပြုပြင်နိုင်သည့် ပါရမီရှင်တစ်ယောက်အတွက် တစ်လအတွင်း ဒုတိယအဆင့်ဂူသခင်ဖြစ်လာစေရန်မှာ အလွန်အံ့ဩစရာကောင်းနေသောအရာမဟုတ်ပေ။
"ဟားဟားဟား...ငါကဘာမှမဟုတ်တဲ့လူအိုကြီးတစ်ယောက်ဖြစ်နေတာတောင် ပါရမီရှင်တစ်ယောက်ကို သတိမမူဖြစ်နေတာလား"
၀မ်လင်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။
ယခုတစ်ကြိမ်တွင်သူသည် ဤလူငယ်လေးမှတဆင့် န၀မနန်းတော်၏အတွင်းစည်းထဲသို့ ၀င်ရောက်သွားနိုင်မည့် မျှော်လင့်ချက်ကို အမှန်တကယ်တွေ့မြင်လိုက်ရသည်။
"လူအိုကြီး၀မ်...မင်းကျန်းမာရေးကအရင်လိုမဟုတ်တော့ဘူး...ခုကစပြီးတော့ ဒုတိယထပ်ကို ငါကိုယ်တိုင်လုပ်ဆောင်ပါရစေ"
လီယွမ်က ပြတ်ပြတ်သားသားပြောဆိုလာခဲ့သည်။
"ကောင်လေး...မင်းကဒီလူအိုကြီးကို ဂရုစိုက်နေတုံးပဲလား..."
၀မ်လင်းက ပြုံးလိုက်မိသည်။
လီယွမ်၏အမြင်တွင် ၀မ်လင်းမှဂူအကြွင်းအကျန်များအား ကိုင်တွယ်နေသည်မှာ အရင်းအမြစ်များအား ဖြုန်းတီးနေသကဲ့သို့ဖြစ်သည်။
ဤဂူကောင်အကြွင်းအကျန်များက သူ့အတွက်ရတနာများသဖွယ်ဖြစ်ကာ စစ်နတ်ဘုရား၏ရတနာသိုက်ထက်ပင် အဖိုးတန်ပေသည်။
"ဒါဆို ခုချိန်ကစပြီး ဒုတိယထပ်က မင်းအပိုင်ဘဲ..."
၀မ်လင်းက ကျေနပ်အားရနေသောလေသံဖြင့်ပြောလိုက်သည်။
"မင်းဟာသဘာ၀အတိုင်းမွေးဖွားလာတဲ့ မြင်းရိုင်းတစ်ကောင်ပဲ...တစ်နေ့တာလုံးစန်းဂူမျှော်စင်မှာ အလုပ်လုပ်နေတာတောင်မှ မင်းရဲ့သွေးနဲ့ချီစွမ်းအင်တွေ ဆုတ်ယုတ်သွားတာမျိုးမတွေ့ရဘူး...ဒါ့ပြင် မင်းရဲ့ယန်စွမ်းအင်ကလည်း တနေ့ထက်တနေ့ပိုပြီးတော့ကြွယ်၀လာသေးတယ်"
"လူအိုကြီး၀မ်အတွက် ပိုပြီးအနားရတာပေါ့...ငါသာတတိယအဆင့်ဂူသခင်ဖြစ်လာခဲ့ရင် ဒီအလုပ်တာ၀န်တွေအကုန်လုံးကို ငါ့အတွက်ထားခဲ့လိုက်ပါ..."
လီယွမ်က ပြုံး၍ပြောလိုက်သည်။
"ကောင်လေး...မင်းကအသိတရားရှိတာပဲ..."
၀မ်လင်းက လက်မထောင်ပြလိုက်သည်။
၀မ်လင်းသည် အဘိုးဖြစ်သူ၏အလောင်းကို တောင်ပေါ်သယ်ဆောင်လာသည့် လူငယ်၏ပုံရိပ်ကို ပထမဆုံးအကြိမ်တွေ့မြင်စဉ်ကပင် ခံစားချက်ကောင်းများရှိနေခဲ့သည်။
သူသည်လီယွမ်နှင့်စကားခဏတာပြောဆိုပြီးနောက် အနားယူရန်ထွက်ခွာသွားခဲ့သည်။ထို့နောက်တွင် လီယွမ်က ဒုတိယထပ်ရှိစာရင်းစာအုပ်ကိုကောက်ကိုင်လိုက်သည်။
ထိုစာရင်းစာအုပ်ထဲတွင် ဒုတိယထပ်၌သိမ်းဆည်းထားသော လက်ကျန်ဂူကောင်များစာရင်းကို မှတ်တမ်းတင်ထားပေသည်။
လီယွမ်သည် စေ့စေ့စပ်စပ်လိုက်လံရှာဖွေပြီးနောက် မကြာမှီရှားပါးဂူကောင်တစ်ကောင်ကို တွေ့ရှိလိုက်ရသည်။
(ဒုတိယအဆင့်သာမန်ဂူ - အသက်၁၀၀၀ရှိသောကင်းခြေများ)
"အဲ့ဒါပဲ..."
လီယွမ်သည် အိုးတစ်လုံးကိုယူ၍ ဆွဲဖွင့်လိုက်သည်။ထိုအိုးအတွင်း၌ ခန္ဓာကိုယ်တစ်၀က်ခန့်ပျောက်ဆုံးနေသော ကင်းခြေများတစ်ကောင်ရှိနေကော ၎င်း၏ခန္ဓာကိုယ်အား အဆက်မပြတ်တွန့်လိမ်နေခဲ့သည်။
"ဒီကောင်က ခန္ဓာကိုယ်အပြည့်အစုံမရှိတော့တာတောင်မှ သူ့ခန္ဓာကိုယ်ကအားမာန်အပြည့်နဲ့ လှုပ်ရှားနေတုံးပဲ...ဒီကောင့်မှာခွန်အားတွေအများကြီးရှိတယ်"
(ပေါင်းစပ်ရန် ဂူကောင်များကိုရွေးချယ်ပါ...)
(ဒုတိယအဆင့် ချီနှင့်သွေးဂူကောင်၊ဒုတိယအဆင့်အနှစ်သာရဖြည့်တင်းခြင်းဂူကောင်၊ဂူအကြွင်းအကျန် အသက်၁၀၀၀ရှိသောကင်းခြေများ)
(ကင်းခြေများ၏ခန္ဓာကိုယ်၌ အင်မော်တယ်မြက်၏ဆေးစွမ်းများ ကျန်ရှိနေသေးသည်)
"အင်မော်တယ်မြက်က ဘာကြီးလဲ..."
လီယွမ်သည် ဆေးဖက်၀င်အပင်များအကြောင်းကို များများစားစားမသိရှိသည့်အတွက်ကြောင့် အင်မော်တယ်မြက်အကြောင်းကိုမသိရှိပေ။
ထို့ကြောင့် ဆက်လက်ဂရုမစိုက်တော့ဘဲ ပေါင်းစည်းရန်ရွေးချယ်ခဲ့သည်။
(ဤပေါင်းစပ်မှုတွင် အဆိပ်ရှိသောဂူကောင်များပါ၀င်နေပြီး ရှားပါးသည့်ဂူကောင်အချို့လည်းတွေ့ရှိရသည့်အတွက်ကြောင့် နောက်ဆုံးရရှိလာမည့်ဂူကောင်သည် မည်သည့်လမ်းကြောင်းသို့ ဦးတည်မည်ကိုမှန်းဆမရနိုင်ပါ)
"အဆင်ပြေတယ်...ငါ့အတွက်ပေါင်းစပ်လိုက်တော့..."
ထိုသို့မသိနိုင်ခြင်းကပင် လီယွမ်အားပိုမိုစိတ်လှုပ်ရှားစေခဲ့သည်။အနက်ရောင်အိုးသည် ဂူကောင်၃မျိုးကိုထည့်သွင်းပြီးနောက် ပြင်းထန်စွာလှုပ်ခါလာခဲ့သည်။
အချိန်အတော်ကြာပြီးမှသာ အိုးထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ပေါင်းစပ်မှုအောင်မြင်တာလား..."
လီယွမ်၏မျက်လုံးများက တောက်ပလာခဲ့သည်။
(ပေါင်းစပ်မှုပြီးဆုံးပါသည်)
(သင်သည် ဒုတိယအဆင့်ထူးဆန်းဂူကောင် ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို ရရှိခဲ့ပါသည်)
(ပြန်လည်ရှင်သန်ခြင်းဂူကောင် - သေဆုံးခြင်း၏အစွန်းတဖက်တွင်ရှိနေသောဂူကောင်ဖြစ်သည်။ဂူသခင်သာ ထိုဂူကောင်ကိုပင်မဂူအဖြစ်သန့်စင်လိုက်ပါက သေဆုံးလုနီးနီးဖြစ်နေသောဂူသခင်အား သေရာမှပင်ပြန်လည်ရှင်သန်လာစေနိုင်သည်။ဂူသခင်၏နှလုံးသားနှင့်စိတ်ဝိညာဉ်မပြိုကွဲသရွေ့ ဂူသခင်အားရှင်သန်စေနိုင်သည်။၎င်းကိုလက်အောက်ခံဂူအဖြစ်မထားရှိနိုင်ပါ)
"ငါအတော်ကံကောင်းနေပါလား..."
လီယွမ်သည် ဂူသခင်လက်စွဲစာအုပ်၌ ပြန်လည်ရှင်သန်ခြင်းဂူကောင်အကြောင်းကို ဖတ်ရှုထားဖူးပေသည်။
ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို ပြုစုပျိုးထောင်ရခြင်းနှင့်သန့်စင်ရသည့်လုပ်ငန်းစဉ်သည် အလွန်ပင်ခက်ခဲလှပေသည်။ဂူသခင်သည် ပြန်လည်ရှင်သန်ခြင်းဂူကောင်ကိုပျိုးထောင်ရန် ၎င်း၏ကိုယ်တွင်းအစိတ်အပိုင်းများကိုအသုံးပြုရမည်ဖြစ်ကာ ကိုယ်ပိုင်အသွေးအသားဖြင့် ၁၀နှစ်ကြာကျွေးမွေးရမည်ဖြစ်သည်။
ထိုလုပ်ငန်းစဉ်သည် သေသည်ထက်ပိုမိုဆိုးဝါးပေရာ လီယွမ်တစ်ယောက် ပြန်လည်ရှင်သန်ခြင်းဂူကောင်အား ပိုင်ဆိုင်ရခြင်းကို မယုံနိုင်ဖြစ်နေရခြင်းဖြစ်သည်။
"အသက်၁၀၀၀ကင်းခြေများက ရှားပါးတဲ့ဂူကောင်မျိုးစိတ်တစ်ခုဖြစ်ပေမဲ့ ချီနဲ့သွေးဂူကောင်နဲ့အနှစ်သာရဖြည့်တင်းခြင်းဂူကောင်တွေက သာမန်ဂူကောင်တွေပဲမဟုတ်လား...ဒီကောင်တွေကိုအတူပေါင်းစည်းလိုက်တာက အထူးဂူကောင်ကိုရရှိစေတာလား"
"ဒါက အင်မော်တယ်မြက်နဲ့သက်ဆိုင်နေတာလား...ကံတရားကတကယ်ဆန်းကြယ်တာပဲ"
အသက်၁၀၀၀ကင်းခြေများသည် အင်မော်တယ်မြက်ကို မတော်တဆစားမိသွားသည်ဟု ခန့်မှန်းရပေမည်။အသက်၁၀၀၀ကင်းခြေများကို မွေးမြူခဲ့သောဂူသခင်သည် ထိုအချက်ကိုသတိမပြုမိခဲ့သည်ဖြစ်ရာ လီယွမ်ကထိုအခြေအနေအား အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်က လီယွမ်အားအကြံအစည်သစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ရှားပါးရတနာများအား ဂူကောင်များကိုကျွေးမွေးကာ ထိုဂူကောင်များအားပေါင်းစပ်မည်ဆိုပါက ရှားပါးသော သို့မဟုတ် ထူးခြားသောအဆင့်အတန်းရှိသည့်ဂူကောင်များကို ရရှိရန်အခွင့်အလမ်းပိုများနေသည်လား...
(ပြန်လည်ရှင်သန်ခြင်းဂူကို ပင်မဂူအဖြစ်ထားရှိလိုပါသလား...)
စနစ်က ထပ်မံမေးမြန်းလာခဲ့သည်။
"သေချာတာပေါ့"
ထိုအကြောင်းကို မေးနေစရာပင်မလိုအပ်ပေ။
ခဏအကြာတွင် လီယွမ်သည် သူ၏ခန္ဓာကိုယ်က စတင်ပူလောင်လာကြောင်း ခံစားမိလိုက်သည်။အထူးသဖြင့် သူ၏သွေးများနှင့်ကိုယ်တွင်းအစိတ်အပိုင်းများက လောင်ကျွမ်းနေပုံရပေသည်။
ဂူသခင်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေတိုးတက်ခြင်းအများစုမှာ သူရရှိထားသောပင်မဂူကောင်များ၏ တုံ့ပြန်မှုကြောင့်ဖြစ်ပေသည်။
အထူးဂူကောင်တစ်ကောင်အနေဖြင့် ပြန်လည်ရှင်သန်ခြင်းဂူသည် လီယွမ်အတွက် အကျိုးကျေးဇူးများစွာကို ယူဆောင်လာပေးခဲ့သည်။လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်ခွန်အားက အပြည့်အ၀တိုးတက်လာခဲ့ကာ စစ်သည်တော်တစ်ယောက်သဖွယ် ဖြစ်လာခဲ့သည်။
"ခုတော့ င့ါရဲ့ခန္ဓာကိုယ်ဟာ အဆင့်တူချင်းမှာရှိနေတဲ့ စစ်သည်တော်တွေထက် ပိုပြီးအားနည်းတယ်ဆိုတာ မဖြစ်နိုင်တော့ဘူး"
လီယွမ်၏စိတ်အခြေအနေက စတင်ကောင်းမွန်လာခဲ့သည်။
ဤသည်မှာ ပင်မဂူမျိုးစုံထားရှိနိုင်ခြင်း၏ ကောင်းကျိုးတရပ်ဖြစ်ပေသည်။
ရုပ်ပိုင်းဆိုင်ရာခွန်အားတိုးတက်မှုသည် သေးငယ်သောကိစ္စတရပ်သာဖြစ်သော်လည်း ပြန်လည်ရှင်သန်ခြင်းဂူ၏ အသက်ကယ်နိုင်စွမ်းက အဓိကဖြစ်ပေသည်။
"ငါ့ရဲ့နှလုံးသားမကွဲကြေ့သရွေ့ ငါကသေခြင်းရဲ့အစွန်းကိုရောက်နေရင်တောင် ပြန်လည်ရှင်သန်လာနိုင်တယ်...ပုံမှန်တိုက်ပွဲတွေမှာဆိုရင် ငါကမသေမျိုးတစ်ယောက်လိုပဲ"
ပြန်လည်ရှင်သန်ခြင်ဂူကောင်ကို ပိုင်ဆိုင်ပြီးနောက်တွင် လီယွမ်သည် ရန်သူတိုက်ခိုက်မှုကြောင့် ရုတ်တရက်သေဆုံးသွားမည်ကို မစိုးရိမ်တော့ပေ။ဤဂူကောင်သည် ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမရှိဘဲ ဂူသခင်ကိုအကျိုးကျေးဇူးသာ ပေးစွမ်းပေသည်။
"ကောင်းလိုက်တာ..."
လီယွမ်သည် စန်းဂူမျှော်စင်အား ပို၍နှစ်သက်လာခဲ့သည်။ဤနေရာသည် ထူးခြားသောရတနာသိုက်ဖြစ်ရန် ထိုက်တန်လှပေသည်။
ဆက်လက်ရှင်သန်ခြင်း...ဤအရာကသာ လီယွမ်၏ တစ်ခုတည်းသောရည်မှန်းချက်ဖြစ်ပေသည်။
လူအများသည် နတ်ဘုရားအားကိုးကွယ်သကဲ့သို့ အင်မော်တယ်များကိုကြောက်ရွှံ့ကြမယ်ဆိုလျှင် သူသည်လည်းတနေ့ထိုသို့ဖြစ်လာမည်ဖြစ်သည်။
…
နောက်တစ်နေ့...
မနက်စာစားနေစဉ် ၀မ်လင်းကလီယွမ်အားစိုက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းရဲ့သွေးနဲ့ချီစွမ်းအင်က သန်မာလာတယ်လို့ ငါဘာလို့ခံစားမိနေတာလဲ..."
"ငါပဲ တရက်ထက်တရက်ပိုပြီး အားနည်းလာတာလား..."
စန်းဂူမျှော်စင်၌ နှစ်ပေါင်းများစွာအလုပ်လုပ်ပြီးသည့်နောက်တွင် နတ်ဆိုးချီများ၏တိုက်စားခံရမှုကြောင့် သူ၏အခြေအနေက ပို၍ဆိုးဝါးလာသည်ဟု ၀မ်လင်းခံစားမိလာခဲ့သည်။ထိုသို့မဟုတ်လျှင် သူသည်အနောက်ဘက်တောင်၌ သူ၏ခေါင်းတလားကို ကြိုတင်ပြင်ဆင်ထားမည်မဟုတ်ပေ။
"လူအိုကြီး၀မ်...မင်းကိုကြည့်ရတာစိတ်ရှုပ်နေသလိုပဲ...ငါ့ရဲ့သွေးနဲ့ချီဂူကောင်က ဒုတိယအဆင့်ကိုရောက်သွားပြီလေ...ခွန်အားတိုးလာတာက ပုံမှန်ပဲမဟုတ်လား"
လီယွမ်က ခပ်ပြုံးပြုံးလေးပြောလိုက်သည်။
"ဟုတ်သားပဲ...ဒါဆိုရင် မင်းရဲ့ဂူကောင်ထိန်းချုပ်ခြင်းလျှို့ဝှက်နည်းစနစ်က အခြေအနေဘယ်လိုရှိလဲ..."
၀မ်လင်းက သူ့နဖူးသူပြန်ရိုက်ကာ နောက်ထပ်မေးမြန်းလိုက်သည်။
"အဆင်ပြေပါတယ်..."
လီယွမ်က ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်သည်။
"မင်းဒါကိုပေါ့ပေါ့တန်တန်တွေးထားလို့မရဘူး...ဂူကောင်ကိုထိန်းချုပ်တာက ဂူသခင်ရဲ့တကယ့်တိုက်ခိုက်ရေးစွမ်းအားပဲ...အထူးသဖြင့် စစ်သည်တော်တွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာပေါ့...ဂူကောင်ထိန်းချုပ်ခြင်းကိုသာ အပြည့်အ၀မလုပ်ဆောင်နိင်ဘူးဆိုရင်တော့ ဂူကောင်တွေက ရန်သူကိုလုံး၀ခြိမ်းခြောက်နိုင်စွမ်းရှိလာမှာမဟုတ်ဘူး..."
၀မ်လင်းက သေချာရှင်းပြလိုက်သည်။
"ငါကြိုးစားမှာပါ..."
လီယွမ်သည် ထိုအရာကိုမလေ့ကျင့်လိုခြင်းမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ဂူကောင်ထိန်းချုပ်ခြင်းကျင့်စဉ်က သူ့အတွက်အသုံးမ၀င်၍ဖြစ်သည်။
ဂူကောင်ကိုထိန်းချုပ်ခြင်း၌ အဆင့်၃ဆင့်ရှိပေသည်။
ပထမအဆင့်မှာ ဂူကောင်ကိုအစာဖြင့်သွေးဆောင်ရခြင်းဖြစ်သည်။ဆိုလိုသည်မှာ ဂူကောင်များကိုသွေးဆောင်ရန် သွေးနှင့်ဂူကောင်ကြိုက်နှစ်သက်သည့် အခြားသောအရာများကို အသုံးပြုရန်ဖြစ်သည်။
ထိုအရာသည် အနိမ့်ဆုံးသောနည်းလမ်းဖြစ်ကာ သူတို့၏လက်အောက်ခံဂူများကိုထိန်းချုပ်ရန်အတွက် အဆင့်နိမ့်ဂူသခင်များက အများဆုံးအသုံးပြုလေ့ရှိသော နည်းလမ်းလည်းဖြစ်သည်။
ဒုတိယအဆင့်မှာ ဂူကောင်ကိုထိန်းချုပ်ရန် အရာ၀တ္ထုပစ္စည်းများအား အသုံးပြုရန်ဖြစ်သည်။
ထိုသို့ပြုလုပ်ရာတွင် ပုလွေ၊စန္ဒယား၊ကုချင်းအစရှိသည့်တူရိယာများပါ၀င်ပြီး ဂူကောင်များကိုထိန်းချုပ်နိုင်သည့် ထူးခြားသောနည်းလမ်းတစ်ခုလည်းဖြစ်သည်။
တတိယအဆင့်မှာ ဂူကောင်ကိုအတွေးတစ်ချက်ဖြင့် ထိန်းချုပ်ရန်ဖြစ်သည်။
ထိုအဆင့်သို့ရောက်ရှိလာချိန်တွင် ဂူသခင်သည် လက်အောက်ခံဂူကောင်များ၏လှုပ်ရှားမှုကို အတွေးဖြင့်ထိန်းချုပ်လာနိုင်သည်။
ဂူသခင်သည် မိမိ၏လက်အောက်ခံဂူများကို စိတ်အတွေးဖြင့် မိမိ၏ခြေလက်များသဖွယ်ထိန်းချုပ်နိုင်ပေရာ ရန်သူများအားတိုက်ခိုက်ရာတွင် လွန်စွာထိရောက်မှုရှိပေသည်။
အဆုံးသတ်တွင် မည်သည့်ဂူသခင်ကမှ မိမိ၏ပင်မဂူကို တိုက်ခိုက်ရန်အတွက် အလွယ်တကူစေလွှတ်ခြင်း ပြုလုပ်မည်မဟုတ်ပေ။
အမှန်အတိုင်းဆိုလျှင် ဂူကောင်ထိန်းချုပ်ခြင်းနည်းစနစ်က လီယွမ်အတွက်အသုံးမ၀င်လှပေ။
"စကားမစပ်...မင်းကခုဆိုရင် စန်းဂူမျှော်စင်ရဲ့ပထမထပ်နဲ့ဒုတိယထပ်ကို တာ၀န်ယူထားပြီဆိုတော့ မင်းကိုငါပြောစရာတစ်ခုရှိတယ်...ဒါကအရမ်းကိုအရေးကြီးတယ်...မင်းသေချာမှတ်ထား..."
၀မ်လင်းက တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် အရေးတကြီးပြောဆိုလိုက်သည်။
…