← Chapters

စည်းကမ်းထိန်းသိမ်းရေးခန်းမ

Vol. 1 Ch. 9

စည်းကမ်းထိန်းသိမ်းရေးခန်းမ

Vol. 1 Ch. 9

"ဂျူနီယာညီလေးစွင်း...မင်းတောင်းဆိုထားတဲ့ဂူကောင်တွေ အဆင်သင့်ဖြစ်နေပါပြီ"

၀မ်လင်းသည် ဂူကောင်များပါသည့်ဖန်ဘူးလေးအား စွင်းမန်ဆီသို့လှမ်းပေးလိုက်ရင်း ခခယယပြုံးပြလိုက်သည်။

"မဆိုးဘူး...ငါပြောခဲ့သလိုပဲ ခုလိုအချိန်ရတုံး မင်းကောင်လေးကို ကောင်းကောင်းသင်ပေးသင့်တယ်...နောက်တကြိမ်ဒီလိုထပ်မဖြစ်စေဖို့ ငါမျှော်လင့်တယ်"

စွင်းမန်က မာနကြီးသောလေသံဖြင့် ပြောလိုက်သည်။

၀မ်လင်းကပြုံး၍ပြောလိုက်သည်။

"သူ့အမှားကိုသူသဘောပေါက်နေပါပြီ...နောက်ထပ်တစ်ကြိမ် ဒီလိုအမှားမျိုးရှိလာမှာမဟုတ်ဘူး"

"မဆိုးဘူး လူအိုကြီး၀မ်...မင်းရဲ့စွမ်းဆောင်ရည်က ကောင်းမွန်နေတုံးပဲ...ငါ့ဦးလေးကိုပြောပြီး မင်းအတွက်အနားယူဖို့ ‌အေးအေးဆေးဆေးရာထူးလေးတစ်ခု စီစဉ်ပေးထားမယ်...မင်းလက်ရှိတာ၀န်ထမ်းဆောင်နေတဲ့ စန်းဂူမျှော်စင်မှာအစားထိုးဖို့ အခြားတစ်ယောက်ကိုရှာလိုက်မယ်"

စွင်းမန်သည် လူအိုကြီး၀မ်အား အစားထိုးချင်နေသည်မှာ ကြာလှပြီဖြစ်သည်။အကြွင်းအကျန်ဂူကောင်များကို ပြုစုရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်သော်လည်း လူစားထိုးရန်မခက်ခဲပေ။အကယ်၍ သူ့အပေါ်ကျိုးနွံသူဖြင့် အစားထိုးလိုက်နိုင်ပါက သူ့အတွက်ဂူကောင်များ ပိုရလာနိုင်ပေသည်။

စွင်းမန်၏အမြင်တွင် လူတိုင်းအား ဖားယားကာ လူတိုင်းလိုလိုကို ဂူကောင်များပေးအပ်နေသော လူအိုကြီး၀မ်ကဲ့သို့ တစ်စုံတစ်ယောက်သည် သူ၏ကိုယ်ပိုင်အရင်းအမြစ်များအား အခြားသူများကိုသွယ်ဝိုက်စွာ ပေးအပ်နေသည်နှင့်ဆင်တူပေသည်။

သူ့အတွက် ဂူကောင်များသည် ကျင့်ကြံမှုအရင်းအမြစ်များဖြစ်ကြသည်။

စွင်းမန်၏စကားကြောင့် ၀မ်လင်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

"ဂျူနီယာညီလေးစွင်းရဲ့ ကြင်နာတတ်တဲ့ရာ်ရွယ်ချက်တွေကို ငါကောင်းကောင်းနားလည်ပါတယ်...ဒါပေမဲ့ ငါ့ကိုနေရာရွေ့ပေးစရာမလိုပါဘူး...ငါ့ရဲ့ပင်မဂူကောင်က ရေခဲပိုးဂူကောင်မလို့ ဒီအလုပ်ကငါနဲ့တော်တော်လေးသင့်တော်ပါတယ်"

"ငါကမင်းကို ဒုက္ခပေးဖို့ ကြိုးစားနေတယ်လို့ ဆိုလိုချင်တာလား..."

စွင်းမန်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"မဟုတ်ပါဘူး...အဲလိုပြောချင်တာမဟုတ်ဘူး..."

၀မ်လင်းက မျက်နှာကြီးရှုံ့မဲ့လျက် ပြောလိုက်သည်။

"အဲ့ဒါကောင်းတယ်...လူအိုကြီး၀မ်...မင်းလည်းအရင်တုံးက ရက်စက်တဲ့လူတစ်ယောက်ဖြစ်ခဲ့တာပဲ...ခုတော့မင်းပြောင်းလဲသွားခဲ့ပြီ မင်းနဲ့မသက်ဆိုင်တဲ့တပည့်အသစ်တွေကိုတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာပဲ"

စွင်းမန်သည် ဟန်ဆောင်ပြုံးလိုက်ကာ ၀မ်လင်း၏ပုခုံးကိုလှမ်းဖက်၍ တိုးတိုးလေးပြောလိုက်သည်။

"စိတ်မပူပါနဲ့...မင်းကိုပြောင်းရွှေ့ပြီးသွားပြီဆိုရင် မင်းကိုယ်စားဒီကောင်လေးကို ငါကိုယ်တိုင်ကြည့်ရှုပေးလိုက်ပါမယ်...ဒါမှသူ့ကိုယ်သူတန်ဖိုးထားတတ်လာမှာပေါ့...ဟားဟားဟား..."

စွင်းမန်သည် ကျေနပ်အားရစွာရယ်မောလိုက်ကာ ဂူကောင်များပါ၀င်သည့် ဖန်ပုလင်းကိုယူ၍ ထွက်ခွာသွားခဲ့သည်။

……

အပြန်လမ်း၌...

အကြောင်းတစ်စုံတစ်ရာကြောင့် သူ့လက်ထဲ၌ကိုင်ထားသောအိုးသည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားသလို ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ...အဲ့ဒီလူသစ်ကောင်က ငါ့ကိုတမင်တကာလက်တုံ့ပြန်ချင်နေတာလား...သူကအသုံးမ၀င်တဲ့ဂူကောင်တွေကိုသုံးပြီးတော့ ငါ့ကိုလှည့်စားချင်နေတာလား...ဒီကောင်အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်"

စွင်းမန်က မျက်မှောင်ကြုတ်၍ရေရွတ်လိုက်သည်။

စွင်းမန်သည် ထိုသို့တွေးမိလေလေ သူ၏အတွေးတို့ မှန်ကန်လေလေဟုခံစားလာရသောကြောင့် ဗူးအဖုံးအား ဆတ်ခနဲ့ဆွဲဖွင့်လိုက်သည်။

ခဏအကြာတွင် ဗူးအတွင်းမှနေ၍ အဆိပ်ငွေ့များ စတင်ထွက်ပေါ်လာခဲ့သည်။

"အဆိပ်ပြင်းဂူကောင်တွေ..."

စွင်းမန်သည် သူ၏နှာခေါင်းကို အမြန်ဖုံးအုပ်လိုက်ပြီး သူ၏ပင်မဂူကောင်ကို အသက်သွင်းခါနီးတွင် သူ၏လက်မောင်းများထုံကျင်လာခဲ့ကာ သူ၏အမြင်အာရုံက အမှောင်အတိဖုံးလွှမ်းသွားခဲ့သည်။

"လူသတ်ပျားတွေ..."

ကြောက်မက်ဖွယ်ကောင်းသည့်အချက်မှာ ဤဂူကောင်များကို လက်လွတ်စပယ်ထည့်သွင်းထားခြင်းမဟုတ်ဘဲ သူ့အားသတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် တမင်တကာထည့်သွင်းထားခြင်းဖြစ်သည်။

ကြည့်ရတာတစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ထိန်းချုပ်နေပြီထင်တယ်...

သူသည် ချီနှင့်သွေးဂူကောင်ကို အသက်သွင်းကာ သူ၏အသိစိတ်ကိုအတင်းထိန်း၍ ပတ်၀န်းကျင်အား အထပ်ထပ်အခါခါစစ်ဆေးလိုက်သော်လည်း မည်သည့်အော်ရာကိုမှ မခံစားမိပေ။

"ဒါက အတွေးတစ်ချက်နဲ့ဂူကောင်တွေကို ထိန်းချုပ်တဲ့နည်းလမ်းမဟုတ်ဘူးလား..."

ကျိုးကုန်းဂူအသိုက်တွင် လက်တစ်ဆုပ်စာခန့်ရှိသောလူများသာ အတွေးတစ်ချက်ဖြင့် ဂူကောင်ကိုထိန်းချုပ်နိုင်ပေသည်။

သူ့လိုအရေးမပါသည့် ဂျူနီယာလေးအား မည်သူကလာရောက်သတ်ဖြတ်မည်နည်း။

ထိုအခိုက်အတန့်တွင် စွင်းမန်သည် လုံး၀စိတ်ဓာတ်ကျဆင်းသွားခဲ့သည်။

လူသတ်ပျားများ၏အဆိပ်သည် သူ့အားအဆက်မပြတ်တိုက်စားနေခဲ့ကာ သူ၏နှလုံးသားက စူးရှသောနာကျင်မှုဝေဒနာကို ခံစားလာခဲ့ရသည်။

"နှလုံးတိုးဖောက်ဂူကောင်လည်း ပါနေသေးတာလား..."

ဤအချိန်သည် သူ့ဘ၀၏အဆုံးသတ်ဖြစ်ကြောင်း သူနားလည်လိုက်ကာ စွင်းမန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ထို့နောက် သူ၏ရှင်သန်လိုစိတ်ကုန်ဆုံးသွားကာ မြေကြီးပေါ်လဲကျသွားခဲ့သည်။

သူသေဆုံးခါနီးအချိန်တွင် စန်းဂူမျှော်စင်၌ တွေ့ဆုံခဲ့ရသော လူသစ်တစ်ယောက်အကြောင်း သတိရလိုက်သည်။

"သူဖြစ်နေတာလား..."

"မဖြစ်နိုင်ဘူး...ဒါပေမဲ့ သူပြောခဲ့သလိုပဲ နောက်တစ်ကြိမ်ဆိုတာ ရှိလာတော့မှာမဟုတ်ဘူး..."

……

ရက်အနည်းငယ်ခန့်အကြာတွင်...

၀မ်လင်းနှင့်လီယွမ်တို့ စားသောက်နေကြစဉ် ငွေရောင်မျက်နှာဖုံးများအား ၀တ်ဆင်ထားသည့် လူတစ်စုသည် စန်းဂူမျှော်စင်သို့ ရုတ်တရက်ရောက်ရှိလာခဲ့သည်။

၀မ်လင်းသည် ထိုလူများကိုကြည့်ရင်း သူ၏မျက်လုံးများက ကြောက်ရွှံ့မှုကြောင့် တုန်ခါသွားခဲ့သည်။

"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့..."

"သူတို့ကဘာလို့ ဒီကိုရောက်လာတာလဲ..."

သူစကားမပြောနှိင်မှီ ငွေရောင်မျက်နှာဖုံးတပ်လူများအနက် တစ်ယောက်က အေးစက်စက်အော်ရာများကိုထုတ်လွှတ်လျက် ရှေ့သို့တိုးလာခဲ့သည်။

"စန်းဂူမျှော်စင်ရဲ့ တာ၀န်ခံ၀မ်လင်း ဘယ်မှာလဲ..."

"ကျနော်ပါ..."

၀မ်လင်းက ရိုရိုကျိုးကျိုးပြန်ဖြေလိုက်သည်။

"၀မ်လင်း...မင်းကတပည့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ငါသံသယရှိတယ်...ငါတို့နဲ့လိုက်ခဲ့..."

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တပည့်များသည် ရှေ့သို့တက်လာခဲ့ပြီး ၀မ်လင်းကိုတားဆီးလာခဲ့သည်။

"လီယွမ်မကြောက်နဲ့...ငါအဆင်ပြေတယ်..."

၀မ်လင်းသည် လက်ရှိအခြေအနေကို နားမလည်သော်လည်း စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်သည်။

"ငါ့ကိုစိတ်မပူနဲ့...ငါမရှိတုံး စန်းဂူမျှော်စင်ကို ကောင်းကောင်းဂရုစိုက်...ငါမကြာခင်ပြန်လာခဲ့မယ်"

ထိုသို့ပြောပြီးပြီးချင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၀မ်လင်းကိုခေါ်ဆောင်သွားခဲ့သည်။

လီယွမ်သည် ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ဤကိစ္စ၏ အကြောင်းရင်းကို သူခန့်မှန်းမိပေသည်။စွင်းမန်သေဆုံးရခြင်းမှာ သူနှင့်ဆက်စပ်နေသည့်အတွက် ၀မ်လင်းအားအပြစ်ပုံချရန် မလုံလောက်ပေ။

တစ်ဖက်တွင်...

၀မ်လင်းအား စစ်ဆေးရေးခန်းမရှိရာသို့ ‌ခေါ်ဆောင်လာခဲ့သည်။

၀မ်လင်းသည် အနည်းငယ်စိုးရိမ်နေသော်လည်း ဆယ်စုနှစ်များစွာကြာအောင် ရင်ဆိုင်ဖြတ်သန်းလာသူတစ်ယောက်အဖို့ ယခုလိုအခြေအနေမျိုးကို များစွာကြုံတွေ့ဖူးရာ ကြောက်လန့်နေခြင်းမရှိပေ။

"စွင်းမန်သေပြီ..."

အားကောင်းသည့်အော်ရာများကို ထုတ်လွှတ်နေသည့် စည်းကမ်းထိန်းသိမ်းရေးခန်းမသခင် ချီ၀မ်သည် ၀မ်လင်းအားစိုက်ကြည့်၍ မေးမြန်းလာခဲ့သည်။

"ဂျူနီယာညီလေးစွင်းမန် သေပြီလား..."

၀မ်လင်းက ထိုသတင်းကိုကြားချိန်၌ အံ့ဩသွားခဲ့သည်။

"လွန်ခဲ့တဲ့၅ရက်က စန်းဂူမျှော်စင်ကနေ ကျန်းဝေခန်းမကိုပြန်တဲ့လမ်းမှာ စွင်းမန်သေသွားခဲ့တယ်...သူမသေဆုံးခင်နောက်ဆုံးတွေ့ခဲ့တဲ့ တစ်ယောက်ကမင်းပဲ..."

ချီ၀မ်က တည်ငြိမ်သောလေသံဖြင့် ပြောလာခဲ့သည်။

"ဂျူနီယာညီလေးစွင်းကို ငါကသတ်လိုက်တယ်လို့ပြောချင်တာလား...ငါ့မှာအဲလိုအစွမ်းမျိုးရှိတယ်လို့ ခန်းမသခင်ကပြောချင်တာလား"

၀မ်လင်းက ကူကယ်ရာမဲ့စွာဖြင့် ပြုံး၍ပြောလိုက်သည်။

"မဟုတ်ဘူး...ဒါပေမဲ့ မင်းကသံသယဖြစ်စရာအကောင်းဆုံးပဲ..."

ချီ၀မ်က ခေါင်းခါပြလိုက်ကာ စွင်းမန်သေဆုံးသွားရသည့် အကြောင်းရင်းကို အသေးစိတ်ဖော်ပြထားသော စာလိပ်တစ်စောင်အား ထုတ်ယူလိုက်သည်။

"စွင်းမန်က ဂူကောင်တွေဝိုင်းတိုက်ခံရလို့သေဆုံးသွားခဲ့ရတယ်...အဲ့ဂူကောင်တွေထဲမှာ ဒုတိယအဆင့်ဂူကောင်တွေဖြစ်တဲ့ အဆိပ်ပျားဂူကောင်၊နှလုံးတူးဖောက်ဂူကောင်နဲ့ အခြားအဆိပ်ပြင်းဂူကောင်တွေအများကြီးပါတယ်...စွင်းမန်က အဆိပ်ပြင်းဂူကောင်တွေဝိုင်းတိုက်ခံရလို့ အဲနေရာမှာပဲပွဲချင်းပြီးသေသွားခဲ့ရတယ်..."

"ဒီဂူကောင်တွေအားလုံးက စန်းဂူမျှော်စင်က မြစ်ဖျားခံလာတာပဲ...မင်းက အဲ့ဂူကောင်တွေကိုပေးလိုက်တာမဟုတ်လား..."

ချီ၀မ်က မေးမြန်းလိုက်သည်။

"ဟုတ်တယ်...ငါကိုယ်တိုင်သူ့ကိုပေးခဲ့တာပဲ...သူကဂူသခင်ရဲ့တူတော်လေ...ငါသူ့ကိုမဆန့်ကျင်ဝံ့ပါဘူး..."

"ဂူအသိုက်ရဲ့ပိုင်ဆိုင်မှုကို အလွဲသုံးစားလုပ်ဝံ့တယ်ပေါ့...မင်းရဲ့အပြစ်က တဖြည်းဖြည်းပိုကြီးလာပြီ..."

ပုံမှန်အားဖြင့် လူတိုင်းလိုလိုပင် ဤအကြောင်းကို သိရှိထားကာ မျက်ကွယ်ပြုထားကြသော်လည်း ယခုလိုအခြေအနေမျိုးတွင် မတူတော့ပေ။

၀မ်လင်းသည် ထိုအကြောင်းကိုသိသော်လည်း ယခုအခါ၌ ၀န်ခံရုံသာတတ်နိုင်ပေသည်။မည်သို့ပြင်းထန်သောပြစ်ဒဏ်ဖြစ်ပါစေ သေဆုံးရသည်ထက်သာလွန်ပေသည်။

"မင်းက ဂူကောင်တွေကိုထိန်းချုပ်ထားတာလား"

ချီ၀မ်က ခြိမ်းခြောက်လိုက်သည်။

"ခန်းမသခင်...ငါကအဆင့်၃ဂူသခင်တစ်ယောက်ပါဘဲ...အတွေးတစ်ချက်နဲ့ ဂူကောင်တွေကိုထိန်းချုပ်နိုင်တဲ့ နယ်ပယ်ကိုမရောက်နိုင်သေးဘူး...ငါဘယ်လိုစွမ်းဆောင်နိုင်မှာလဲ"

၀မ်လင်းက သူ့ကိုယ်သူကာကွယ်ပြောဆိုလိုက်သည်။

"ဒါ့အပြင် ငါ့ရဲ့ပင်မဂူကောင်က ရေခဲပိုးဂူကောင်ဖြစ်တယ်...ငါ့ရဲ့လက်အောက်ခံဂူကောင်တွေက ချီနဲ့သွေးဂူကောင်၊ချီဖြည့်တင်းခြင်းဂူကောင်နဲ့ဓားသွားဂူကောင်တွေဖြစ်တယ်...ဂျူနီယာညီလေးစွင်းကို သတ်ဖြတ်ခဲ့တဲ့ဂူကောင်တွေနဲ့ ဘာမှမဆိုင်ဘူး"

"အကုန်လုံး စစ်ဆေးလို့ရပါတယ်...ငါဘာမှအမှားမလုပ်ခဲ့ပါဘူး ခန်းမသခင်..."

၀မ်လင်းက ရှိုက်ကြီးတငင်လေသံဖြင့် ပြောလိုက်သည်။

ချီ၀မ်သည် ထိုအချက်အလက်များကို သိရှိထားပြီးဖြစ်သော်လည်း မည်သို့မည်ပုံဖြစ်သွားသည်ကို ရှာမတွေ့နိုင်သောကြောင့် သဲလွန်စများရလိုရငြား ၀မ်လင်းကိုဦးစွာ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒီကိစ္စက ၀မ်လင်းနဲ့တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတာဖြစ်နိုင်တယ်...

"မင်းရဲ့စန်းဂူမျှော်စင်မှာ အသစ်၀င်ရောက်လာတဲ့ တပည့်လီယွမ်က မင်းနဲ့အတူ စွင်းမန်ကိုလုပ်ကြံတဲ့ထဲ ပူးပေါင်းဆောင်ရွက်ခဲ့တာလား"

ချီ၀မ်က ထပ်မံမေးမြန်းလိုက်သည်။

"မဟုတ်ဘူး...သူကတပည့်အသစ်တစ်ယောက်ပဲလေ...ဘာမှနားလည်မှာမဟုတ်ဘူး"

၀မ်လင်းသည် လီယွမ်အား သူနှင့်အတူဆွဲခေါ်သွားရန် ဆန္ဒမရှိသောကြောင့် ချက်ချင်းငြင်းဆန်ခဲ့သည်။

ချီယွမ်သည် မေးခွန်းများစွာမမေးခဲ့ပေ။သူသည် လီယွမ်၏အချက်အလက်များကို တွေ့မြင်ဖူးပေသည်။သူသည် ငယ်ရွယ်သောဂူသခင်တစ်ယောက်ဖြစ်သော်လည်း သူ၏ပင်မဂူသည် ချီနှင့်သွေးဂူကောင်ဖြစ်သည့်အတွက် စွင်းမန်အားတိုက်ခိုက်သတ်ဖြတ်ရန် လုံး၀မစွမ်းဆောင်နိုင်ပေ။

သို့ဖြစ်ရာ ဤလုပ်ကြံမှုထဲ၌ သူ့အားဆွဲထည့်ရန်မလိုအပ်ပေ။ယခုလိုအခြေအနေမျိုးတွင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေတော့သည်။

"မကြာသေးခင်က စန်းဂူမျှော်စင်ရဲ့ စတုတ္ထထပ်နဲ့ပဉ္စမထပ်ကို တာ၀န်ယူထားတဲ့အဲ့လူပေါ်လာပြီလား..."

ချီ၀မ်က မေးခွန်းတစ်ခုမေးမြန်းလိုက်သည်။

"မဟုတ်သေးဘူး..."

၀မ်လင်းက ချက်ချင်းခေါင်းခါပြလိုက်သည်။

စွင်းမန်သည် စန်းဂူမျှော်စင်သို့သွားရောက်ကာ ဂူကောင်များကို သွားရောက်တောင်းရမ်းသည့်အတွက် ထိုလူအားဒေါသထွက်စေခြင်းဖြစ်နိုင်ပေသည်။ထို့ကြောင့် ထိုလူ၏သတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်ကြောင်း သူခန့်မှန်းချက်ထုတ်လိုက်သည်။

အဆုံးသတ်တွင် ထိုပုဂ္ဂိုလ်သည် န၀မနန်းတော်၏ အတွင်းစည်းမှနေ၍ ဆင်းသက်လာခြင်းဖြစ်ကာ သူ၏အစွမ်းအစသည် မဟာဂူသခင်တစ်ယောက်ထက် နိမ့်ကျခြင်းမရှိပေ။

ထို့နောက်တွင် ချီ၀မ်က နောက်ထပ်မေးခွန်းအချို့ မေးလာခဲ့ကာ ၀မ်လင်းကလည်း အမှန်အတိုင်း‌ဖြေဆိုခဲ့သည်။

"ကောင်းပြီ...မင်းပြန်လို့ရပြီ"

ချီ၀မ်သည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ၀မ်လင်းအပြစ်ကင်းကြောင်း ကြေငြာလိုက်သည်။ဤကိစ္စသည် အလွန်ပင်ထူးဆန်းနေကာ ထိုလူကအမှန်တကယ် လှုပ်ရှားခဲ့ခြင်းဖြစ်နိုင်ပေသည်။

ထိုသို့ဖြစ်လာပါက သူ၏ထိန်းချုပ်မှုထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

"ငါ့ရဲ့နာမည်ကို ရှင်းလင်းအောင်လုပ်ဆောင်ပေးခဲ့လို့ ကျေးဇူးပါခန်းမသခင်..."

၀မ်လင်းသည် ကျေးဇူးတင်စကားဆိုကာ လက်နှစ်ဖက်ဆုပ်၍ ဦးညွတ်လိုက်သည်။သို့သော်လည်း သူခန်းမအပြင်ဘက်သို့ ထွက်ခွာတော့မည့်အချိန်တွင် သူ၏မျက်လုံးများက တင်းကြပ်သွားခဲ့သည်။

မဟာဂူသခင်...

"နှုတ်ဆက်ပါတယ် ဂူသခင်..."

လူတိုင်းက တညီတညွတ်တည်း အလေးပြုလိုက်ကြသည်။

"ချီ၀မ်...မင်း မန်အာသေဆုံးသွားရတဲ့ အကြောင်းရင်းကို မင်းရှာတွေ့ပြီးပြီလား..."

မဟာဂူသခင်၏အမည်မှာ ဟွန်ဖူနန်ဟုခေါ်ပြီး န၀မနန်းတော်မှ အကြီးအကဲတစ်ဦး၏ တပည့်တစ်ဦးလည်းဖြစ်ပေသည်။

"မတွေ့သေးပါဘူး..."

ချီ၀မ်က ခေါင်းခါပြလိုက်သည်။

"အဲ့ဒါ သူ့လက်ချက်မဟုတ်ဘူးလား..."

ဟွန်ဖူနန်က ၀မ်လင်းအားညွန်ပြလိုက်သည်။

"မဟုတ်ဘူး...သူ့မှာစွင်းမန်ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလေ...အစွမ်းအစလည်းမရှိဘူး...ခုရရှိထားတဲ့သဲလွန်စတွေက ၀မ်လင်းနဲ့သက်ဆိုင်နေရင်တောင်မှ သူကအပြစ်မရှိပါဘူး"

ချီ၀မ်က ရှင်းပြလိုက်သည်။

"ဘယ်သူက တပ်အပ်ပြောနိင်မှာလဲ...စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ခန်းမသခင်တစ်ယောက်အနေနဲ့ မင်းကတစ်ခါတလေကျ မလိုအပ်ဘဲ အရမ်းကြင်နာတတ်တယ်...ဒီလိုလေးနက်တဲ့ကိစ္စမျိုးက သေသေချာချာမစုံစမ်းရင် အဖြေရနိုင်မှာမဟုတ်ဘူး..."

ဟွန်ဖူနန်က လှောင်ပြောင်လိုက်သည်။

"တကယ်တော့ ဒီကိစ္စကိုဖြေရှင်းဖို့ဆိုတာ လွယ်လွယ်လေးပါ...ငါဒီနည်းလမ်းကိုမသုံးခင် မင်း၀န်ခံလိုက်တာပိုကောင်းမယ်..."

ထိုသို့ပြောပြီးသည်နှင့် ဟွန်ဖူနန်သည် သူ၏ညာဘက်လက်ကိုဆန့်တန်း၍ လက်ကိုဖြေလျော့လိုက်သည်။

"အမှန်တရားဂူကောင်..."

ချီဝမ်၏အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

စတုတ္ထအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော အမှန်တရားဂူကောင်သည် ညည်းပန်းနိပ်စက်ခြင်းနှင့် အမှန်တရားကို၀န်ခံရာတွင် အသုံးပြုနိုင်သော အထူးဂူကောင်တစ်မျိုးဖြစ်ပေသည်။အဆိုးဆုံးအခြေအနေတွင် ထိုဂူကောင်သည် လူတစ်ယောက်၏စိတ်ဝိညာဉ်ကို ဖျက်ဆီးစေကာ နှလုံးသားကိုထုံထိုင်းစေပြီး လူသေတစ်ယောက်လို ဖြစ်သွားစေနိုင်သည်။

မည်သို့ပင်ဆိုစေ အမှန်တရားဂူကောင်က ဖုံးကွယ်ထားသည့် အမှန်တရားကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

ဤသည်မှာ အမှန်တရားဂူဟု အမည်ရလာခြင်း၏ အကြောင်းတရားဖြစ်သည်။

"မဟာဂူသခင်...ဒါကအရမ်းလွန်နေပြီမဟုတ်လား..."

ချီ၀မ်က ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။

"ဘာများလွန်နေလို့လား...တပည့်တွေရဲ့လုံခြုံရေးနဲ့ယှဉ်ရင် ဒီနည်းလမ်းကအန္တရာယ်ကင်းပြီး အထိရောက်ဆုံးလည်းဖြစ်တယ်...ခန်းမသခင်ချီ၀မ်က ဒီနည်းလမ်းကိုအသုံးမပြုခိုင်းဘူးဆိုရင် အခြားတပည့်တွေကို ဆက်ပြီးတော့သေဆုံးစေချင်တာလား..."

ချီ၀မ်သည် စကားဆက်မပြောတော့ပေ။ဟွန်ဖူနန်သည် သူ၏ဂုဏ်သတင်းကို အလွန်တန်ဖိုးထားကာ သာမန်တပည့်များ၏အသက်ကို လုံး၀ဂရုမစိုက်ပေ။ယခုအခါ သူ၏တူဖြစ်သူသေဆုံးခြင်းကို မတားဆီးနိုင်ခဲ့၍ လက်စားချေလိုနေခြင်းဖြစ်သည်။

"ပြောစမ်း...စွင်းမန်ကိုလုပ်ကြံဖို့ နောက်ကွယ်ကနေပြီးတော့ မင်းကိုဘယ်သူညွန်ကြားနေတာလဲ..."

ဟွန်ဖူနန်သည် ရှေ့သို့တိုးလာပြီး ၀မ်လင်းကိုစိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

All Chapters