← Chapters

တတိယအဆင့်ဂူသခင်

Vol. 1 Ch. 10

တတိယအဆင့်ဂူသခင်

Vol. 1 Ch. 10

"မဟုတ်ဘူး...မဟုတ်ဘူး...ငါ့ကိုဘယ်သူမှအမိန့်ပေးတာမဟုတ်ဘူး...စွင်းမန်ကိုငါမသတ်ဘူးကွ...အား...အား"

၀မ်လင်းက နာကျင်စွာ အော်ဟစ်နေခဲ့သည်။

ဟွန်ဖူနန်သည် ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။

"တကယ်ပဲ အဲအရူးကောင်လုပ်ခဲ့တာလား..."

သူပြောသည့်အရူးကောင်သည် န၀မနန်းတော်အတွင်းစည်းမှ သူ၏စီနီယာအစ်ကိုဖြစ်သည်။ထိုလူသည် စန်းဂူမျှော်စင်ရဲ့အပေါ်ထပ်များကို တာ၀န်ယူထားသူဖြစ်သည်။

"သူမဟုတ်ဘူးဆိုမှတော့ သူ့ကိုလွှတ်ပေးလိုက်တော့..."

ဟွန်ဖူနန်က သူ၏အကျီလက်စကိုဝှေ့ယမ်း၍ လှည့်ထွက်လာခဲ့သည်။

ချီ၀မ်သည် ၀မ်လင်း၏အနားသို့ချဉ်းကပ်သွားခဲ့ကာ အမှန်တရားဂူကောင်ကိုဝါးမြိုရန်အတွက် မီးပိုးကောင်ကိုစေလွှတ်လိုက်သည်။ထို့နောက် ပြန်လည်ကုသခြင်းဂူကောင်ကို အသုံးပြုကာ ၀မ်လင်းကို ကုသပေးခဲ့သည်။

သို့သော်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ၀မ်လင်းသည် နာကျင်မှုဒဏ်ကြောင့် သတိမေ့သွားခဲ့သည်။

……

သုံးရက်ခန့်ကြာပြီးနောက်...

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ၀မ်လင်းအား စန်းဂူမျှော်စင်ရှိရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

"လူအိုကြီး၀မ်..."

လီယွမ်သည် အပြင်မှလာသောအသံများကိုကြားလိုက်၍ နှုတ်ဆက်ရန်ထွက်လာခဲ့သည်။

"လူအိုကြီး၀မ်...မင်းအဆင်ကောပြေရဲ့လား"

၃ရက်ခန့်ကြာပြီးနောက် လူအိုကြီး၀မ်က အလွန်ပင်အားနည်းလာခဲ့သည်။သူ၏ပုံစံက လေတိုက်လျှင် လွှင့်ပါသွားတော့မည့် သစ်ရွက်လေးသဖွယ်ဖြစ်နေကာ သေမင်း၏အရိပ်က သူ့အားကြီးစိုးနေခဲ့သည်။သူ၏ပုံစံကိုကြည့်ရုံဖြင့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၌ ပြင်းထန်သောပြစ်ဒဏ်အား ခံစားခဲ့ရကြောင်း သိသာနေခဲ့သည်။

"ဒါက ကိစ္စသေးသေးလေးပါ...တကယ်တော့ငါနည်းနည်းကံမကောင်းခဲ့ဘူး...စွင်းမန်ကဘာကြောင့်သေဆုံးသွားရတယ်ဆိုတာမသိပေမဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမက ငါ့လက်ချက်လို့ သံသယဖြစ်နေတာလေ"

၀မ်လင်းက ပြုံး၍ပြောလိုက်သည်။

"သူတို့က ဘာကိုမှမစဉ်းစားတတ်ကြတော့ဘူးလား...ငါကမြေကြီးထဲတစ်၀က်‌၀င်နေတဲ့ လူအိုတစ်ယောက်ပါ...အဲလိုကိစ္စမျိုး ငါဘယ်လိုလုပ်နိုင်မှာလဲ...ဒီတစ်ကြိမ်တော့ ငါသေလုနီးနီးဖြစ်သွားတာပဲ..."

ထို့နောက်တွင် သူယခုလိုပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်မှာ အမှန်တရားဂူကောင်၏လက်ချက်ဖြစ်ကြောင်း ညည်းညူပြောဆိုခဲ့သည်။

၀မ်လင်း၏စကားကိုကြားပြီးနောက် လီယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။

"သူတို့က မင်းကိုနှိပ်စက်ပြီး အတင်းအကြပ်၀န်ခံခိုင်းတာလား"

"စည်းကမ်းထိန်းသိမ်းရေးခန်းမက အဲလောက်ထိမရက်စက်ပါဘူး...ဒါပေမဲ့ မဟာဂူသခင်ဟွန်ဖူနန်က တရားလွန်တယ်...သူကငါ့ကိုအမှန်တရားဂူကောင်နဲ့ စစ်မေးခဲ့တယ်လေ"

၀မ်လင်းက သက်ပြင်းချလိုက်မိသည်။

"အမှန်တရားဂူကောင်..."

လီယွမ်သည် လက်သီးကိုခပ်တင်းတင်းဆုပ်ထားမိသည်။သူသည် အမှန်တရားဂူကောင်အကြောင်း သိရှိထားပေသည်။ထိုသို့သောဂူကောင်မျိုးသည် လူတစ်ဦးအားအသက်ရှင်သန်လိုစိတ်ပျောက်ကွယ်သွားရလောက်သည်ထိ နှိပ်စက်မေးမြန်းနိုင်သော အဆင့်၄ဂူကောင်ဖြစ်ပေသည်။

"ထားလိုက်ပါတော့...ပြီးခဲ့တာတွေလည်း ပြီးသွားပြီလေ...လူတွေရှိနေသရွေ့ ဒီလိုဖြစ်ရပ်မျိုးရှိနေမှာပဲ...ခြွင်းချက်ရှိတာမျိုးမရှိဘူး...ကောင်လေးဒါကိုသင်ခန်းစာအနေနဲ့မှတ်ယူထား"

"လီယွမ်...နောက်နောင်ပိုသတိထားပါ...လူတိုင်းကို အမှတ်မဲ့မစော်ကားမိစေနဲ့...လောကမှာမင်းမစော်ကားနိုင်တဲ့သူတွေရှိတယ်...မင်းဒေါသထွက်နေရင်တောင်မှ မင်းသည်းခံတတ်ရမယ်...နောက်ဆုံးတော့ မင်းမှာလုံလောက်တဲ့အစွမ်းအစပိုင်ဆိုင်ထားရင် မင်းလက်စားချေလို့ရတယ်..."

၀မ်လင်း၏စိတ်သဘောထားက အလွန်ပွင့်လင်းပေရာ လီယွမ်တစ်ယောက် သူ့လိုအမှားမျိုးကို ထပ်ခါတလဲလဲမပြုလုပ်မိစေရန် မျှော်လင့်ထားပေသည်။

"နားလည်ပါပြီ..."

ဤကိစ္စနှင့်ပတ်သက်၍ လီယွမ်က အနည်းငယ်အပြစ်ရှိသလိုခံစားခဲ့ရသည်။မည်သို့ပင်ဆိုစေ ဤကိစ္စကိုသူကိုယ်တိုင်လုပ်ခဲ့ခြင်းဖြစ်ကာ လူအိုကြီး၀မ်က သူ့အစားအပြစ်ခံယူရခြင်းဖြစ်သည်။

သူသည် ဟွန်ဖူနန်၏အမည်ကို စိတ်ထဲတွင် တိတ်တဆိတ်မှတ်သားထားလိုက်ပြီဖြစ်သည်။ထိုလူသည် အငြိုးအတေးဖြင့် တစ်ဖက်လူကို ညှဉ်းပန်းနှိပ်စက်တတ်ပေသည်။

၀မ်လင်းသည် လီယွမ်၏စိတ်ဓာတ်ကျနေသော အမူအရာကိုကြည့်၍ ပြုံးလိုက်မိသည်။

"စွင်းမန်သေဆုံးသွားရတာ သူ့ကံနဲ့သူပဲ...ကံကြမ္မာဆိုတဲ့အရာက တကယ့်ကိုဆန်းကြယ်လွန်းတယ်...သူသာမသေသွားရင် မင်းဒုက္ခရောက်လိမ့်မယ်..."

၀မ်လင်းသာ စန်းဂူမျှော်စင်မှ ထွက်ခွာသွားရမည်ဆိုပါက အသစ်ရောက်ရှိလာမည့်ကြီးကြပ်သူသည် လီယွမ်အားသေဆုံးသွားသည်ထိ ညှဉ်းပန်းနှိပ်စက်မှာသေချာပေသည်။

စန်းဂူမျှော်စင်၌ တပည့်တစ်ဦးမတော်တဆသေဆုံးရသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပေသည်။

……

ဤသို့ဖြင့် နွေဦးကတရွေ့ရွေ့ကုန်ဆုံးလာကာ ဆောင်းဦးကာလသို့ ရောက်ရှိလာခဲ့သည်။

စွင်းမန်သေဆုံးသွားသည့် သတင်းကပျံ့နှံ့လာသည့်အတွက်ကြောင့် စန်းဂူမျှော်စင်ရှိရာသို့ ဂူကောင်များကိုတောင်းခံရန်အတွက် မည်သူမှရောက်မလာကြတော့ပေ။

ထို့ကြောင့် ၀မ်လင်းက မကြာခဏဆိုသလို အရွန်းဖောက်လေ့ရှိသည်။

"ငါအရိုက်ခံရတာတွေက အလကားမဟုတ်ခဲ့ဘူး...အဲ့ခွေးကောင်စွင်းမန်က သေချိန်တန်လို့ သေသွားခဲ့ရတာပဲ...ကံကြမ္မာက လူဆိုးတွေကိုလုံး၀မျက်နှာသာမပေးဘူးဆိုတဲ့ ရှေးစကားပုံတွေက တကယ်ကြီးမှန်နေတာပဲ..."

" မင်းစန်းဂူမျှော်စင်ကိုရောက်လာတာ ဘယ်လောက်ကြာပြီလဲ..."

၀မ်လင်းသည် အသက်ကြီးလာပြီဖြစ်၍ အချိန်များက မြန်ဆန်စွာကုန်ဆုံးလာသလို ခံစားလာရသည်။စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ပြန်ရောက်လာပြီးနောက် သူ၏ခန္ဓာကိုယ်က တနေ့ထက်တနေ့ပို၍အားနည်းလာသလို ခံစားလာရသည်။

"ဒီနေ့က ၉၆ရက်မြှောက်နေ့ပဲ"

လီယွမ်က ပြုံး၍ပြောလိုက်သည်။

"မင်းရှင်းရှင်းလင်းလင်း မှတ်မိနေသေးတာပဲ...လူငယ်တွေရဲ့မှတ်ညဏ်က တကယ်ကောင်းတာပဲ...ငါကတော့အဲလိုမဟုတ်တော့ဘူး...ငါ့ရဲ့မိန်းမနဲ့သားသမီးတွေက ဘယ်လိုပုံစံလဲဆိုတာတောင် ငါမေ့သွားပြီ"

"ခုချိန်က သူတို့ကိုတွေ့ရတော့မည့်အချိန်ရောက်ပြီထင်တယ်...နတ်ဘုရားတွေက ငါ့ကိုသတိပေးနေတာပဲ..."

မကြာသေးခင်က လူအိုကြီး၀မ်သည် စိတ်ကူးယဥ််ဆန်သော စကားလုံးများကို မကြာခဏပြောခဲ့ပြီး အတိတ်ကိုသတိရလွမ်းဆွတ်သကဲ့သို့ လုပ်ဆောင်နေခဲ့သည်။

လီယွမ်သည် သူ့အားမည်သို့နှစ်သိမ့်ရမည်ကို မသိသေးပေ။

သိုင်းနတ်ဘုရားများသည်တောင်မှ တနေ့၌အသက်အရွယ်ကြီးရင့်ကာ သေဆုံးရမည်ဖြစ်သည်။

လူအိုကြီး၀မ်သည် သူ၏အခြေအနေ တဖြည်းဖြည်းဆိုးဝါးလာသည်နှင့်အမျှ စန်းဂူမျှော်စင်၏ လုပ်ငန်းဆောင်တာကိစ္စများအပြင် အသေးအဖွဲ့ကိစ္စမှန်သမျှကို လီယွမ်ထံသို့လွဲပြောင်းပေးခဲ့သည်။

"လီယွမ်..."

၀မ်လင်းက ရုတ်တရက်လှမ်းအော်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ...လူအိုကြီး၀မ်..."

လီယွမ်က မေးမြန်းလိုက်သည်။

"ငါ့ရဲ့ဇနီးနဲ့သားသမီးတွေ အသက်ရှင်နေသေးလားဆိုတာ သိချင်တယ်...ဒါကြောင့် ငါ့ရဲ့ဇာတိမြို့ကိုခရီးထွက်ဖို့အတွက် စီစဉ်ထားတယ်"

၀မ်လင်းသည် သူ၏အချိန်ကတဖြည်းဖြည်းကုန်ဆုံးလာ၍ နောင်တတရားကို စတင်ခံစားလာရသည်။

"မင်းထွက်သွားတော့မှာလား..."

လီယွမ်က မည်သို့ပြန်ပြောရမည်ကိုမသိတော့သော်လည်း လူအိုကြီး၀မ်အတွက် စိတ်မကောင်းဖြစ်မိပေသည်။

နှစ်ပေါင်းများစွာကုန်လွန်သွားပြီးနောက် လူအိုကြီး၀မ်သည်ပင် နောက်ဆုံးအချိန်နှင့်နီးကပ်လာပြီဖြစ်သည်။သူ၏မွေးရပ်မြေသည်လည်း ယခင်လိုရှိနေတော့မည်မှာ မသေချာသလို သူ၏ဇနီးသည်ပင် အသက်ရှင်လျက်ဆက်ရှိနေရန် မသေချာတော့ပေ။

သူနှင့်သက်ဆိုင်သူများသည် အငတ်ကပ်ဘေး၌ သေဆုံးသွားနိုင်ပေသည်။

မည်သို့ပင်ဆိုစေ လီယွမ်ကသူ့အား မဖျောင်းဖြ‌နိုင်တော့ပေ။လူအိုကြီး၀မ်သာ ဤကိစ္စကိုမဖြေရှင်းနိုင်ပါက အေးချမ်းစွာအနားယူနိုင်မှာမဟုတ်ချေ။

"ခုတော့ မင်းကိုယ်တိုင်ရပ်တည်နိုင်နေပြီ...အကြွင်းအကျန်ဂူကောင်တွေကို ပျိုးထောင်တဲ့နေရာမှာလည်း မင်းရဲ့အရည်အချင်းက ငါ့ထက်အများကြီးသာတယ်...မင်းကကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုရထားတာပဲ"

၀မ်လင်းက ချီးကျူးလိုက်သည်။

လီယွမ်ကလည်း ပြုံး၍ပြောလိုက်သည်။

"လူအိုကြီး၀မ်...မင်းကလည်းပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်လာတာပဲ"

၀မ်လင်းက လီယွမ်အား လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။

"စန်းဂူမျှော်စင်ကို မင်းပထမဆုံးရောက်လာတုံးကတော့ မင်းရဲ့အရည်အချင်းတွေကိုဖြုန်းတီးမိပြီလို့ ငါထင်ထားခဲ့တာလေ...ဒါပေမဲ့ခုတော့ မင်းကဒီနေရာနဲ့အရမ်းသင့်တော်တယ်လို့ ငါခံစားနေရပြီ"

"ဒါက ကံကြမ္မာရဲ့လမ်းညွန်မှုလို့ပဲဆိုနိုင်မလား...ဒီတစ်ခါ မွေးရပ်မြေအပြန် ငါ့မိန်းမနဲ့ကလေးတွေကို ပြန်ပြီးတွေ့နိုင်မယ်ထင်လား..."

၀မ်လင်းသည် ထိုစကားများကိုပြောနေချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။

"ဒါဆိုလည်း ကံကောင်းပါစေလို့ ဆုဝောာင်းပေးလိုက်ပါတယ်..."

လီယွမ်သည် ကံကြမ္မာကိုမယုံကြည်သော်လည်း လူအိုကြီး၀မ်ကို မတားဆီးခဲ့ပေ။

……

နောက်တစ်နေ့...

မနေ့ညက သူ၏ဇနီးနှင့်သားသမီးများကို တွေ့ဆုံခဲ့သည်ဟု အိပ်မက်မက်ပြီးနောက် ၀မ်လင်းသည် စိတ်အားထက်သန်စွာဖြင့် သတင်းကောင်းစောင့်ဆိုင်းရန် လီယွမ်ကိုပြောကာ ထွက်ခွာသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လီယွမ်ကအနည်းငယ်အထီးကျန်သလို ခံစားလိုက်ရသည်။

လူအိုကြီး၀မ်ထွက်သွားပြီးနောက် စန်းဂူမျှော်စင်တွင် သူတစ်ယောက်တည်းသာကျန်ရှိခဲ့သည်။ဤနေရာတွင် သူနှင့်အတူစားသောက်ရန်၊စကားပြောရန် မည်သူမှမရှိတော့၍ အနည်းငယ်အထီးကျန်သလိုခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏နှလုံးသားထဲ၌ မျှော်လင့်ချက်အပြည့်ဖြင့် ပန်းတိုင်တစ်ခုကျန်ရှိနေပေသေးသည်။

ဖောက်ထွင်းမြင်နိုင်သော မျက်နှာပြင်တစ်ခုက လီယွမ်၏ရှေ့၌ လွှင့်မျောနေခဲ့သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - တတိယအဆင့် ၀-၃၀၀)

(အဆင့် - တတိယအဆင့်ဂူသခင်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်)

(လက်အောက်ခံဂူ - သွေးနှင့်ချီဂူကောင်၊အနှစ်သာရအားဖြည့်ခြင်းဂူကောင်၊လိပ်ခွံဂူကောင်၊သွေးဆာသောခြင်ဂူကောင်၊အဆိပ်ရှိအနံ့ပြင်းဂူကောင်၊လေလိပ်ပြာဂူကောင်...)

တတိယမြောက် ပင်မဂူကောင်ကို ငါသန့်စင်နိုင်ပြီ...

လီယွမ်သည် ဤကိစ္စနှင့်ပတ်သက်၍ အလျင်မလိုခဲ့ပေ။အချိန်ကန့်သတ်ချက်ကြောင့် သူပထမဆုံးရွေးချယ်ခဲ့ရသော သွေးနှင့်ချီဂူကောင်မှလွဲ၍ ကျန်ပင်မဂူများကို သူ့စိတ်တိုင်းကျရွေးချယ်နိုင်ပေသည်။

"ချီနဲ့သွေးဂူကောင်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုထိန်းသိမ်းပေးတဲ့ ဂူကောင်အမျိုးအစားဖြစ်တယ်...ဒီကောင်အဆင့်မြင့်လာတဲ့အခါမှာ သန္ဓေပြောင်းလဲတာမျိုးမဖြစ်ခဲ့ရင် ဒီဂူကောင်ရဲ့တိုက်ခိုက်ရေးစွမ်းအားက လျစ်လျူရှုထားလို့ရတယ်"

"ပြန်လည်မွေးဖွားခြင်းဂူကောင်က ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့အသက်ကယ်နိုင်စွမ်းကို အပြည့်အ၀တိုးတက်စေနိုင်တယ်"

"ဒါဆိုရင် ငါ့ရဲ့တိုက်ခိုက်နိုင်စွမ်းကို တိုးမြင့်ဖို့အချိန်ရောက်လာပြီပဲ..."

လီယွမ်၏ရည်မှန်းချက်မှာ အဘက်ဘက်မှပြီးပြည့်စုံသော စစ်သည်တော်တစ်ယောက်ဖြစ်လာရန်ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်တွက် အရေးအကြီးဆုံးအချက်၃ချက်မှာ ခွန်အား၊ခုခံမှုနှင့်အရှိန်တို့ဖြစ်ကြသည်။ထိုအချက်၃ချက်ထဲမှ တချက်လိုအပ်နေပါက ပြီးပြည့်စုံနိုင်ခြင်းမရှိပေ။

ဤသို့ဖြင့် တတိယထပ်သို့ သူရောက်ရှိလာခဲ့သည်။

ပထမထပ်နှင့်ဒုတိယထပ်တို့နှင့်ယှဉ်လိုက်ပါက တတိယအဆင့်ဂူကောင်အရေအတွက်သည် အလွန်နည်းပါးပေသည်။

ဤနေရာတွင် အကြွင်းအကျန် ဂူကောင်အရေအတွက် ၁၀၀၀အောက်သာရှိပေသည်။စန်းဂူမျှော်စင်အတွက် လစဉ်တာ၀န်မှာ တစ်လလျှင် အဆင့်၃ဂူကောင်၁၀ကောင်ကို မွေးမြူ၍ ပုရှီခန်းမဆောင်သို့ ပြန်လည်ပို့ဆောင်ပေးရန်ဖြစ်သည်။

"ခုတလော ကောင်းမွန်တဲ့အခြေခံပစ္စည်းတွေ ကောင်းကောင်းမရသေးတာ နှမြောစရာပဲ..."

ပြန်‌တွေးကြည့်မည်ဆိုပါက အင်မော်တယ်မြက်ကို စားသုံးခဲ့သော အသက်၁၀၀၀ကင်းခြေကို တွေ့ရှိခဲ့ရသည်မှာ မည်မျှပင်ကံကောင်းခဲ့သနည်း။

"ကဲပါ...တိုက်ခိုက်ရေးစွမ်းအားကောင်းတဲ့ ဂူကောင်တွေကို ရွေးချယ်ပေါင်းစပ်လိုက်ရအောင်..."

(ပေါင်းစပ်ရန် ဂူကောင်များကိုရွေးချယ်ပါ...)

(အကြွင်းအကျန်ဂူ‌ကောင်များဖြစ်သော တတိယအဆင့် ဓားချီဂူကောင်၊တတိယအဆင့် အစွန်းဓားသွားဂူကောင်၊တတိယအဆင့် ဗာဂျရာဂူကောင်)

(ပေါင်းစပ်...)

(သင်သည် တတိယအဆင့်သေမျိုးဂူကောင်ဖြစ်သော ဓားသွားဂူကောင်ကို အလိုအလျောက်ရရှိခဲ့ပါသည်။)

(ဓားသွားဂူကောင် - ၎င်းကိုပင်မဂူကောင်အဖြစ် သန့်စင်ပြီးပါက ဓားသွားဂူကောင်သည် ဂူသခင်အား သူ၏လက်ချောင်းထိပ်၌ ဓားစွမ်းအင်ကိုစုစည်း၍ တိုက်ခိုက်နိုင်ရန်ကူညီပေးသည်...အကယ်၍ လက်အောက်ခံဂူကောင်အဖြစ်ပြောင်းလဲလိုက်ပါက ထိုဂူကောင်သည် ဓားသို့မဟုတ် ဓားသွားပုံစံအဖြစ် ယာယီပြောင်းလဲကာ ရန်သူအားတိုက်ခိုက်ရာ၌ အသုံးပြုနိုင်သည်)

(ပင်မဂူကောင်အဖြစ် ပြောင်းလဲလိုပါသလား...)

လီယွမ်သည် တစ်ချက်ကြည့်လိုက်မိသည်။ဓားသွားဂူကောင်သည် သေးသွယ်ပြီး ငွေရောင်တောက်ပနေခဲ့သည်။သေချာကြည့်မည်ဆိုပါက ဂရုတစိုက်ပွတ်တိုက်ထားသော ငွေရောင်သတ္တုချောင်းနှင့် တူညီနေခဲ့သည်။

၎င်းသည် လက်ချောင်းတစ်ချောင်းစာမျှသာ ရှိသည်ဟုထင်ရသော်လည်း ပေါ့ပေါ့ပါးပါးဆွဲဆန့်လိုက်ပါက ၃ပေကျော်ထိဆန့်ထုတ်နိုင်ပေသည်။

ထိုဂူကောင်ကို လက်ထဲကိုင်ထားပါက ဓားတစ်ချောင်းလို ဖြစ်နေမှာဖြစ်သည်။

"ဒါက တကယ့်ကိုအံ့ဩဖို့ကောင်းတာပဲ...မဆိုးပါဘူး..."

လီယွမ်က ချီးကျူးလိုက်မိသည်။

"ဒါပေမဲ့ ငါမျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ နည်းနည်းတော့လိုနေသေးတယ်..."

"ကဲ...ဆက်ပြီးတော့ ပေါင်းစပ်လိုက်..."

……

All Chapters