နောက်ဆုံးတော့ စလာပြီဘဲ
Vol. 1 Ch. 14
လီယွမ်သည် အပေါ်ထပ်သို့ တချက်ကြည့်လိုက်ရာ မည်သူ့ကိုမှမတွေ့ရတော့ပေ။
အပေါ်ထပ်ရှိတံခါးကမူ ပြန်ပိတ်သွားခဲ့ပြီဖြစ်သည်။
"လင်းဝေဝေက အစားခံလိုက်ရတာလား..."
လီယွမ်က အံ့ဩသွားခဲ့ရသည်။
လင်းဝေဝေသည် ၀တ်စုံနက်၀တ်အမျိုးသားမဟုတ်ပေ။၀တ်စုံနက်သည် စန်းဂူမျှော်စင်အတွင်းသို့ခိုး၀င်လာသူဖြစ်ပြီး ရန်သူလားမိတ်ဆွေလားမသဲကွဲသည့်အတွက်ကြောင့် ထိုကိစ္စကိုမသိဟန်ဆောင်နေခြင်းက ပြဿနာမရှိပေ။
သို့သော်လည်း လင်းဝေဝေပမူ ပုံမှန်အတိုင်းအလုပ်လုပ်နေရင်း ရုတ်တရက်ဆွဲခေါ်ခံရပြီး အစားခံလိုက်ရခြင်းဖြစ်သည်။
ထိုအရာသည် တပည့်များကိုထိခိုက်စေသည့်အတွက် အလွန်ပင်ဆိုးရွားနေခဲ့ပြီဖြစ်သည်။
"ဒါမျိုးအရင်ကမဖြစ်ဖူးပါဘူး...ခုကျမှဘယ်လိုဖြစ်ရတာလဲ..."
လီယွမ်က အနည်းငယ်ကြောက်ရွှံသွားခဲ့သည်။
ထိုလူသည် တနေ့ထက်တနေ့ပိုမိုရူးသွပ်လာကာ သူ့ကိုပင်စားရန်ကြံစည်လာမည်ကို သူစိုးရိမ်လာမိသည်။
သေခြင်းတရားနှင့်ရင်ဆိုင်လာရသည့်အချိန်တွင် လီယွမ်၏နှလုံးသားက ကြောက်မက်ဖွယ်ကောင်းစွာတုန်ခါလာခဲ့သည်။
လီယွမ်သည် အသိစိတ်၀င်လာသည်နှင့် ပြတင်းပေါက်မှ ချက်ချင်းခုန်ဆင်းလိုက်ကာ မြှားတစ်စင်းအား ကောင်းကင်ပေါ်ပစ်လွှတ်လိုက်သည်။
ရွှီး...ဒိုင်း...
ကောင်းကင်ပေါ်ပစ်လွှတ်လိုက်သောမြှားသည် လေထုထဲ၌ပေါက်ကွဲသွားခဲ့ပေသည်။
"အစ်ကိုယွမ်...ဘာတွေဖြစ်နေတာလဲ..."
ဝါးတောထဲ၌ လေ့ကျင့်နေသော ၀မ်ကျောက်ကျောက်သည် ထိုအသံကိုကြားကြားချင်း ချက်ချင်းပြေးထွက်လာခဲ့သည်။
"တစ်ခုခုဖြစ်သွားတယ်...အပေါ်ထပ်ကလူက လင်းဝေဝေကို ရုတ်တရက်ကြီးအထဲဆွဲခေါ်သွားခဲ့တယ်"
လီယွမ်၏မျက်နှာအမူအရာက လေးနက်နေခဲ့သည်။
"အပေါ်ထပ်ကစီနီယာ...သူကတကယ်ကြီးလူသားစားနေတာလား"
၀မ်ကျောက်ကျောက်၏ လှပသောမျက်နှာလေးက အထိတ်တလန့်ဖြစ်သွားခဲ့ရသည်။
"လူအိုကြီး၀မ်ကိုသွားရှာပြီး နောက်ဆုတ်လိုက်...အချိန်မရွေးထွက်ပြေးဖို့ အသင့်ပြင်ထားစေချင်တယ်..."
လီယွမ်သည် ထိုကောင်မလေး၏ပုခုံးကိုပုတ်ရင်း ပြောလိုက်သည်။ယခုလိုအချိန်မျိုးတွင် အသက်ထက်ပိုအရေးကြီးသော အရာမရှိပေ။
လက်ဖက်ရည်တစ်အိုးဆူချိန်အတွင်း ငွေမျက်နှာဖုံးများကို၀တ်ဆင်ထားသော တပည့်၁ဒါဇင်ခန့်သည် ဝါးတောကိုဖြတ်သန်းရောက်ရှိလာခဲ့သည်။
ထိုလူများသည် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်များဖြစ်ကြသည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမ၏တပည့်များသည် လီယွမ်၏အနားသို့ရောက်လာချိန်၌ လီယွမ်တစ်ယောက်မျက်မှောင်ကြုတ်ထားမိလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ..."
စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ခေါင်းဆောင်က မေးမြန်းလိုက်သည်။
"စန်းဂူမျှော်စင်ရဲ့ ပဉ္စမထပ်နဲ့စတုတ္ထထပ်ကိုစောင့်ကြပ်နေတဲ့ စီနီယာကတစ်ခုခုဖြစ်သွားပုံရတယ်...ပုရှီခန်းမဆောင်ရဲ့ဂျူနီယာညီမလေးလင်းဝေဝေကို သူအခန်းထဲဆွဲခေါ်သွားခဲ့တယ်..."
လီယွမ်က အမှန်အတိုင်းပြောပြလိုက်သည်။
"အဲ့အရူးလုပ်တာလား"
ခေါင်းဆောင်က ထိတ်လန့်သွားခဲ့ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သောစီနီယာသည် မဟာဂူသခင်နှင့် မျိုးဆက်အတူတူဖြစ်သည်။ထိုလူသည် ပဉ္စမအဆင့်မဟာဂူသခင်တစ်ယောက်ဖြစ်ပေရာ သူ့ကဲ့သို့စတုတ္ထအဆင့်ဂူသခင်တစ်ယောက် ယှဉ်ပြိုင်နိုင်သူမဟုတ်ပေ။
"သွားပြီးတော့...ခန်းမသခင်ကိုခေါ်လာခဲ့လိုက်..."
သူသည် အမိန့်ပေးလိုက်ပြီးနောက် ကင်းထောက်ဂူကောင်ကို ပုလွေသံဖြင့်ထိန်းချုပ်၍ စန်းဂူမျှော်စင်သို့ပျံသန်းရန် ညွန်ကြားခဲ့သည်။
သို့သော်လည်း စန်းဂူမျှော်စင်အနီးသို့ရောက်လာသည်နှင့် ကင်းထောက်ဂူကောင်က ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။
"မကောင်းတော့ဘူး...ပြေးကြ"
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာအမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့ကာ အော်ဟစ်လိုက်သည်။
ခေါင်းဆောင်အော်ဟစ်လိုက်သည်နှင့် လီယွမ်ကထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
ရွှီ...ရွှီ...ရွှီ...
နောက်အခိုက်အတန့်လေးတွင် စန်းဂူမျှော်စင်မှနေ၍ မြွေအကြေးခွံအမြောက်အများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ တပည့်များကို လာရောက်ထိမှန်ခဲ့သည်။
"လိပ်ခွံဂူ..."
လီယွမ်သည် လိပ်ခွံဂူအား ချက်ချင်းပင်အသက်သွင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏အရေပြားသည် ချက်ချင်းပင်မာကျောလာခဲ့ပြီး ပြန်လည်ရှင်သန်ခြင်းဂူကောင်၏ စွမ်းအားတို့ကြောင့် မြွေအကြေးခွံတို့၏တိုက်ခိုက်ခြင်းကို တောင့်ခံလာနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လူအိုကြီး၀မ်နှင့်ရှောင်ကျောက်တို့သည် သူ၏ညွန်ကြားချက်အတိုင်းလိုက်နာကာ ဝါးတောမှထွက်ခွာသွားခဲ့သည့်အတွက်ကြောင့် အသက်ဘေးအန္တာရယ်မှ လွတ်မြောက်ခဲ့ရပေသည်။
"ထွက်သွား...ဒီကနေထွက်သွားကြ..."
မြွေအကြေးခွံများ၏ တိုက်ခိုက်မှုကိုခံရအပြီးတွင် အမျိးအမည်မခွဲခြားနိုင်သော စူးရှသည့်အသံလှိုင်းတစ်ခုက စန်းဂူမျှော်စင်ထဲမှထွက်ပေါ်လာခဲ့ကာ မမြင်နိုင်သောစွမ်းအင်လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
"ဟွမ်ဖူနန်...မင်းငါ့ကိုချိတ်ပိတ်ရဲတယ်ပေါ့...မင်းဘ၀ကို သနားစရာကောင်းတဲ့ထိ ငါချေမွပစ်မယ်..."
"အား..."
လီယွမ်သည် အရေးကြီးသောအချက်အလက်အချို့ကို ရရှိလိုက်သည်။
ဟွမ်ဖူနန်...
ယခင်က ၀တ်စုံနက်များကို အကြိမ်ကြိမ်စေလွှတ်ခဲ့သူမှာ ဟွမ်ဖူနန်ဖြစ်ပုံရပေသည်။သူသည် ထို၀တ်စုံနက်များ၏ခန္ဓာကိုယ်အတွင်းသို့ အစွမ်းထက်သည့်အရာတစ်ခုကို ထည့်သွင်းပေးလိုက်ပုံရပြီး ထိုအရာကပင် မြွေတစ်ပိုင်းလူတစ်ပိုင်းအား ရူးသွပ်သွားစေပုံရပေသည်။
ဒိန်း...ဒေါင်...
ထိုအချိန်တွင် ခေါင်းလောင်းသံက စတင်ထွက်ပေါ်လာခဲ့သည်။
"စီနီယာအစ်ကိုရှီ...မင်းကဂူကောင်ကိုသန့်စင်တာမအောင်မြင်ခဲ့ဘူးပဲ...မင်းကိုနတ်ဆိုးကအပိုင်စီးသွားခဲ့ပြီ..."
ထိုအခိုက်အတန့်၌ လွှမ်းမိုးနိုင်သောအသံတစ်ခုထွက်ပေါ်လာကာ ပုံရိပ်တစ်ခုက ကောင်းကင်ယံ၌ ရောက်ရှိလာခဲ့သည်။
"ဟွမ်ဖူနန်...မင်းငါ့ကိုအကွက်ချရဲတယ်ပေါ့..."
စန်းဂူမျှော်စင်မှလူသည် တစ်စုံတစ်ခုအားဖိနှိပ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးကြိုးစားနေပုံရသည်။
"ဂူကျင့်စဉ်ကြောင့် မင်းကိုနတ်ဆိုးကအပိုင်စီးသွားခဲ့ပြီ...မင်းကတပည့်တွေကိုသတ်ဖြတ်ရုံတင်မက စည်းကမ်းထိန်းသိမ်းရေးခန်းမကလူတွေကိုပါသတ်ဖြတ်ရဲတယ်...န၀မနန်းတော်ကအကြီးအကဲတွေတောင်မှ မင်းကိုခွင့်လွှတ်တော့မှာမဟုတ်ဘူး..."
ဟွမ်ဖူနန်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"သေစမ်း..."
မျှော်စင်ထဲမှလူသည် ဒေါသတကြီးအော်ဟစ်လိုက်ကာ မရေမတွက်နိုင်သောမြွေပျံများက စန်းဂူမျှော်စင်ထဲမှပြေးထွက်လာပြီး ဟွမ်ဖူနန်အားတိုက်ခိုက်ခဲ့သည်။
"မင်းကကယ်တင်လို့မရနိုင်တော့ဘူး...ဒီနေ့ မဟာဂူသခင်ဖြစ်တဲ့ငါက မင်းလိုလူတပိုင်းသားရဲတစ်ပိုင်းကို ဓါးနဲ့အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်..."
ထို့နောက် ခေါင်းလောင်းသံများမြည်လာခဲ့ကာ ဖုတ်ကောင်များစွာစတင်ပြေးထွက်လာခဲ့သည်။
လီယွမ်သည် လုံခြုံသောနေရာတစ်ခုသို့ပြေးသွားကာ တိုက်ပွဲဖြစ်စဉ်အား အဝေးတစ်နေရာမှစောင့်ကြည့်နေခဲ့သည်။
"အလောင်းရုပ်သေးဂူကောင်လား...ဒီရုပ်သေးတွေက စန်းဂူမျှော်စင်ထဲခိုး၀င်တဲ့ ၀တ်စုံနက်တွေနဲ့ ဘာလို့တူနေရတာလဲ..."
ထိုသို့တွေးမိလိုက်ချိန်၌ လီယွမ်သည် ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်းနားလည်သွားခဲ့သည်။လွန်ခဲ့သော၆လက ထိုလူစားသုံးခဲ့သောလူများသည် သက်ရှိများမဟုတ်ဘဲ ဟွမ်ဖူနန်၏ အလောင်းကောင်ရုပ်သေးများသာဖြစ်ကြပေသည်။
ထိုအချိန်တွင် လီယွမ်သည် ရှီဝူလီ၏အသွင်အပြင်အား ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။
ထိုလူသည် မြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေကာ သူ၏လက်များကပင် မြွေများအဖြစ်သို့ စတင်ပြောင်းလဲနေခဲ့ပြီဖြစ်သည်။လီယွမ်သည် ထူးဆန်းသောဂူကောင်စာရင်းထဲမှနေ၍ မြွေများနှင့်ပတ်သက်သောဂူကောင်တစ်ကောင်ကို သတိရလိုက်သည်။
ကောင်းကင်နဂါးဂူကောင်...
ကောင်းကင်နဂါးဂူကောင်ကို သန့်စင်ရန်လိုအပ်သော အခြေအနေများက ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို သန့်စင်သည်ထက် ပိုမိုခက်ခဲပေသည်။
ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို အတွင်းအင်္ဂါများ၌ ပြုစုပျိုးထောင်ရမည်ဖြစ်ကာ နှလုံးသွေးဖြင့် နေ့ရောညပါကျွေးမွေးရမည်ဖြစ်သည်။ထိုသို့သေသည်ထက်ဆိုးဝါးသောဝေဒနာကို ၁၀နှစ်ကျော်ကြာခံစားရပြီးမှသာ အောင်မြင်စွာသန့်စင်နိုင်မည်ဖြစ်သည်။
ကောင်းကင်နဂါးဂူကောင်သည်ကား ပြန်လည်မွေးဖွားမှု၉ခုကို ဖြတ်သန်းရမည်ဖြစ်သည်။
"ပြန်လည်မွေးဖွားခြင်း"ဟူသော စကားလုံးနှင့်ပတ်သက်၍ "ဂူသခင်လက်စွဲ"၌ တိကျသောမှတ်တမ်းတင်ထားခြင်းမရှိပေ..."မွေးဖွားခြင်း"ဟုသာသတ်မှတ်ထားသော်လည်း "သေဆုံးခြင်း"ဟူသောစကားလုံးက ပိုမိုသင့်တော်ပေသည်
၉ကြိမ်တိုင်တိုင်ပြန်လည်မွေးဖွားခြင်းက အဆိပ်မရှိသောမြွေတစ်ကောင်ကိုပင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
"ရှီဝူလီက ပြန်လည်မွေးဖွားတာ ဘယ်နှစ်ကြိမ်အောင်မြင်သွားပြီလဲ..."
လီယွမ်က ထိုအကြောင်းကိုမသိသော်လည်း ရှီဝူလီအောင်မြင်ခြင်းမရှိသေးကြောင်း သူသိထားပေသည်။
အဘယ်ကြောင့်ဆိုသော် ဟွမ်ဖူနန်နှင့်တိုက်ခိုက်နေစဉ် ရှီဝူလီသည် အားနည်းနေကြောင်း ရှင်းရှင်းလင်းလင်းတွေ့မြင်နေရပေသည်။ကောင်းကင်နဂါးဂူကောင်သည် အလောင်းကောင်ထိန်းချုပ်ခြင်းဂူကောင်ကို လုံး၀မယှဉ်နိုင်ပေ။
"အစ်ကိုယွမ်...အဲ့ဒါဘယ်သူတွေလဲ..."
၀မ်ကျောက်ကျောက်သည် တိုက်ပွဲအခြေအနေကို မတွေ့မြင်နိုင်သော်လည်း စွမ်းအားကြီးသောလူများဖြစ်ကြောင်း ခံစားမိနိုင်ပေသည်။
"သူတို့ကလူကောင်းတွေမဟုတ်ဘူး...အချင်းချင်းကိုက်နေကြတဲ့ခွေးတွေပဲ..."
၀မ်လင်းက ခေါင်းခါပြလိုက်ကာ ကျိန်ဆဲလိုက်သည်။
ဟွမ်ဖူနန်သည် သူ့အပေါ် အမှန်တရားဂူကောင်ကို အတင်းအကျပ်အသုံးပြုပြီးနောက်တွင် ၀မ်လင်းသည် ဂူအသိုက်၏ထိပ်တန်းခေါင်းဆောင်များကို အယုံအကြည်မရှိတော့ပေ။
"အိုး...အဲ့ဒါမဟာဂူသခင်လား..."
သူမ၏အဘိုးဖြစ်သူ ပျော်ရွှင်နေခြင်းမရှိကြောင်း တွေ့လိုက်ရပြီးနောက်တွင် ၀မ်ကျောက်ကျောက်က ချက်ချင်းမှန်းဆလိုက်သည်။
၀မ်လင်းက သူ၏မျက်လုံးများကို မှိတ်ထားရင်းရေရွတ်လိုက်သည်။
"ဒါက ငါ့ဘ၀မှာ ပဉ္စမအဆင့်မဟာဂူသခင်တွေအကြား တိုက်ပွဲကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ...တကယ်အံ့ဩဖို့ကောင်းတယ်"
ဂူသခင်တစ်ယောက်တွင် ပင်မဂူကောင်တစ်ကောင်သာ ထားရှိနိုင်သော်လည်း လက်အောက်ခံဂူကောင်များကိုမူ မည်သို့အသုံးပြုရမည်ကို ကန့်သတ်ထားခြင်းမရှိပေ။
တိုက်ပွဲ၀င်သည့်အချိန်တွင် ဂူသခင်တိုင်းက သူတို့၏စွမ်းအားကို ပြသကြပေသည်။
သို့ဖြစ်၍ အဆိပ်ရှိသောဂူကောင်များစွာသည် အပြန်အလှန်အားဖြည့်ပေးကာ တိုက်ခိုက်မှုကိုမြင့်တင်ပေးသည်။အဆိပ်ကိုအသုံးပြုသော မဟာဂူသခင်တိုင်းသည် အဆိပ်ရှိဂူကောင်များကို ကျွမ်းကျင်စွာထိန်းချုပ်ကာ တိုက်ခိုက်ရန်မဖြစ်မနေ သင်ယူထားရပေသည်။
"အဆင့်တူစစ်သည်တော်နဲ့ဂူသခင်တစ်ယောက်ဆိုရင် ဘယ်သူကပိုပြီးတော့ပိုအစွမ်းထက်တာလဲ အဘိုး"
၀မ်ကျောက်ကျောက်က မေးမြန်းလိုက်သည်။
"လူတိုင်းမှာ သူ့အားသာချက်နဲ့သူရှိတယ်"
၀မ်လင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံများများစားစားမရှိသောကြောင့် ချဲ့ကားပြောဆိုရန်သာ တတ်နိုင်ပေသည်။
"ပုံမှန်အားဖြင့်ဆိုရင် ထျန်းယွမ်တိုက်ကြီးရဲ့သမိုင်းတလျှောက်မှာ သိုင်းနတ်ဘုရားတွေအများကြီးရှိခဲ့တယ်ဆိုပေမဲ့ ဂူအင်မော်တယ်ကတော့ တစ်ယောက်ပဲရှိတယ်"
အချိန်အတော်ကြာပြီးနောက်...
စန်းဂူမျှော်စင်၌ ဆူညံသံများက တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
ဟွမ်ဖူနန်ထိန်းချုပ်ထားသော အလောင်းကောင်အများစုမှာ ပျက်စီးသွားခဲ့ကာ သူ၏လက်တစ်ဖက်သည်ပင် ကိုက်စားခံလိုက်ရသည်။တစ်ဖက်တွင် ရှီဝူလီသည်လည်း ဒဏ်ရာဒဏ်ချက်များစွာဖြင့် မြေပေါ်လဲလျောင်းနေကာ လှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။
"ဟွမ်ဖူနန်က တကယ်ကြီးနိုင်သွားတာလား..."
၀မ်လင်းက အလွန်ဒေါသထွက်နေကော အံကြိတ်ရေရွတ်လိုက်သည်။
"သူရှုံးသွားမယ်ဆိုရင် ရှီဝူလီကထွက်ပြေးသွားပြီးတော့ ဂူနန်း၁၂ခုကို ဒုက္ခပေးလိမ့်မယ်....ခုလက်ရှိအခြေအနေက အဲ့ဒါကငါတို့အတွက်ကောင်းတဲ့ကိစ္စပဲ"
လီယွမ်က ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။
၀မ်လင်းကလည်း သက်ပြင်းချလိုက်မိသည်။
"ရှီဝူလီကိုယ်တိုင်က တည်ငြိမ်နေတာမျိုးမဟုတ်ဘူး...သူ့ကိုသာစန်းဂူမျှော်စင်မှာ ဆက်ပြီးရှိနေခွင့်ပေးလိုက်မယ်ဆိုရင် သူကတစ်နေ့မှာ ငါတို့ကိုဝါးမြိုသွားလိမ့်မယ်"
လူပေါင်းများစွာ၏အကြည့်အောက်တွင် ဟွမ်ဖူနန်သည် အကောင်းအတိုင်းရှိနေသော လက်တစ်ဖက်က ရှီဝူလီအားကိုင်မြှောက်၍ အော်ဟစ်လိုက်သည်။
"ဘေးအန္တရယ်ကိုဖယ်ရှားပြီးပြီဆိုတော့ ကန့်သတ်ချက်ကိုရုပ်သိမ်းလိုက်ပြီ...ကျေးဇူးပြုပြီးတော့ နောက်ဆက်တွဲပြသနာတွေကိုကိုင်တွယ်ဖို့ ပုရှီခန်းမကကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်"
ထိုသို့ပြောပြီးနောက်တွင် ဟွမ်ဖူနန်သည် အဆိပ်ရှိဂူကောင်တစ်ကောင်ကို ပါးစပ်ထဲမှထွေးထုတ်လိုက်သည်။
စတုတ္ထအဆင့် လျှို့ဝှက်ဆန်းကြယ်သာဂူကောင်ဖြစ်သည့် ပျံသန်းနိုင်သော အတောင်ပံပါဂူကောင်သည် အတောင်ပံတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်ပြီး ဂူသခင်အား အချိန်တိုအတွင်း ပျံသန်းနိုင်အောင်လုပ်ဆောင်ပေးနိုင်ပေသည်။
ထို့နောက် ဟွမ်ဖူနန်က ရုတ်တရက်ပျံထွက်သွားခဲ့သည်။
ထိုအချိန်တွင် ကင်းထောက်ဂူကောင်၏အချက်ပေးသံကို ကြားလိုက်ရသည့်အတွက် လီယွမ်ကမျက်မှောင်ကြုတ်လိုက်မိသည်။
စန်းဂူမျှော်စင်အတွင်း၌ အကြွင်းအကျန်ဂူကောင်များအား အရူးအမူးဝါးမြိုနေသော မြွေငယ်လေးတစ်ကောင်ကို သူတွေ့လိုက်ရသည်။
"မင်းက ငါ့ရတနာတွေကိုထိရဲတယ်ပေါ့..."
လီယွမ်တစ်ယောက် ချက်ချင်းဒေါသပေါက်ကွဲသွားခဲ့သည်။
မင်းက မင်းထက်သန်မာတဲ့သူတွေကိုမနိုင်တာနဲ့ပဲ ငါ့လိုဂျူနီယာတွေကိုလာပြီး အနိုင်ကျင့်နေတာလား...
…