← Chapters

ရှီဝူလီ၏အဆုံးသတ်

Vol. 1 Ch. 15

ရှီဝူလီ၏အဆုံးသတ်

Vol. 1 Ch. 15

လီယွမ်သည် စန်းဂူမျှော်စင်ထဲသို့ အလျင်စလိုပြေး၀င်သွားခြင်းမရှိပေ။သူသည် မျှော်စင်အတွင်းရှိ အဆိပ်ရှိဂူကောင်များကို အတွေးတစ်ချက်ဖြင့်ထိန်းချုပ်ကာ မြွေငယ်အား စတင်တိုက်ခိုက်ခဲ့သည်။

"ရွှီး..."

‌မြွေလေးသည် ၎င်း၏လျှာကို ထုတ်ချည်သိမ်းချည်လုပ်နေကာ ရက်စက်ကြမ်းကြုတ်ပုံပေါ်နေသော်လည်း လူတစ်ယောက်ကဲ့သို့ အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

ထို့ကြောင့် လီယွမ်တစ်ယောက် အံ့ဩသွားခဲ့ရသည်။

ထိုမြွေငယ်သည် ရှီဝူလီ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်လား...

"ဒါဆိုရင်တော့ ငါကိုယ်တိုင် သူ့ကိုနှုတ်ပိတ်မှရတော့မယ်..."

လီယွမ်၏အမြင်တွင် ထိုရက်စက်ကြမ်းတမ်းပုံရသော မြွေငယ်လေးသည် အလွန်ပင်လျင်မြန်လှပေသည်။ထို့ပြင် သူတစ်ချက်ကိုက်လိုက်ရုံဖြင့် အဆိပ်ဂူကောင်တစ်ကောင်အား သတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်နေခဲ့သည်။

သို့သော်လီယွမ်မှ အကြိမ်ကြိမ်စမ်းသပ်ပြီးနောက်တွင် ထိုမြွေလေးသည် အလွန်သန်မာခြင်းမရှိကြောင်း တွေ့ရှိလိုက်သည်။

ထို့ကြောင့် လီယွမ်က ကိုယ်တိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ပြန်လည်ရှင်သန်ခြင်းဂူကောင်က သူ့အားကာကွယ်ပေးထားသည့်အတွက် သူသည်ထိုမြွေကိုကြောက်ရွှံခြင်းမရှိပေ။

…

တချိန်တည်းမှာပင် စန်းဂူမျှော်စင်အတွင်း၌ ဟွမ်ဖူနန်၏လျှို့ဝှက်နည်းစနစ်ဖြင့် ချိတ်ပိတ်ခံလိုက်ရသော ရှီဝူလီသည် အလွန်ပင်ဒေါသထွက်နေခဲ့သည်။

သူသည် ဟွမ်ဖူနန်၏လှည့်စားခြင်းကိုခံရပြီး ဆိုးရွားသောအခြေအနေဖြင့် အဆုံးသတ်ခဲ့ရသည်။

အဆုံးသတ်၌ ဟွမ်ဖူနန်နှင့်မယှည်နိုင်မှန်းသိသည့်အတွက်ကြောင့် ရှီဝူလီသည် ဒဏ်ရာပြင်းထန်စွာရရှိထားသော ပင်မဂူကို သူ၏ခန္ဓာကိုယ်တွင်းမှ ထွက်ခွာသွားစေခဲ့သည်။

ရှီဝူလီသည် မြွေပျံဂူအား သူနှင့်တစ်သားတည်းဖြစ်သည်ထိ ပြုပြင်ထားပြီးဖြစ်သည်။သူ၏မူလခန္ဓာကိုယ်သေဆုံးသွားလျှင်တောင်မှ မြွေပျံဂူ၏အကူအညီဖြင့် ပြန်လည်မွေးဖွားလာနိုင်ပေသည်။

သူလိုအပ်သောအရာမှာ လုံလောက်သောစွမ်းအားပြည့်၀သည်အထိ ဝါးမြိုရန်သာဖြစ်သည်။

စန်းဂူမျှော်စင်အတွင်းရှိ အဆိပ်ရှိဂူကောင်များ၊သွေးချီဓာတ်ကြွယ်၀သောကောင်လေးနှင့် အဖိုးတန်သွေးမျက်လုံးဂူကောင်ပိုင်ရှင် ကလေးမလေးတို့က သူ့အတွက်အစွမ်းထက်ဖြည့်စွက်စာများဖြစ်ကြသည်။

သူသာ ဟွမ်ဖူနန်၏ပစ်မှတ်ထားခံရမည်ကို စိုးရိမ်နေခြင်းမရှိပါက သူသည်ဟိုးယခင်ကပင် အကုန်လုံးကိုရှင်းလင်းပြီးဖြစ်သည်။

ယခုအချိန်တွင် သူသည်ဖော်ထုတ်ခံလိုက်ရပြီဖြစ်၍ အကြောက်တရားလုံး၀မရှိတော့ပေ။

"ဟမ်..."

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရှီဝူလီခံစားမိလိုက်သည်။

"စန်းဂူမျှော်စင်ထဲမှာ ဘာလို့အဆိပ်ဂူကောင်တွေအများကြီးရှိနေရတာလဲ...ပြီးတော့သူတို့အကုန်လုံးက ငါ့ကိုအတူတူတိုက်ခိုက်နေကြတာလား...ကြည့်ရတာတစ်စုံတစ်ယောက်က နောက်ကွယ်ကထိန်းချုပ်နေတာထင်တယ်"

ဂူကောင်ကို အတွေးတစ်စဖြင့်ထိန်းချုပ်နိုင်သူတိုင်းသည် အနည်းဆုံးသူနှင့်အဆင့်တူရမည်ဖြစ်သည်။ယခုအချိန်၌ သူ့အားသတ်ဖြတ်လိုပါက ထိုလူအတွက်လက်ကလေးလှုပ်ရုံလောက် လွယ်ကူပေလိမ့်မည်။ယခုလိုဒုက္ခခံစရာပင် မလိုအပ်ပေ။

"ဘာတွေဖြစ်နေတာလဲ..."

သူ့အံ့ဩသွားသည့်အချိန်၌ ပုံရိပ်တစ်ခုက သူ့မျက်စိထဲထွက်ပေါ်လာခဲ့သည်။

"အဲ့ကောင်လေးက သွေးချီတွေအများကြီး ပိုင်ဆိုင်ထားတဲ့ကောင်လေးမဟုတ်လား"

ရှီဝူလီတစ်ယောက် အလွန်ပင်ပျော်ရွှင်သွားခဲ့သည်။သူ၏အမြင်တွင် ထိုကောင်လေးသည် ပြန်လည်မွေးဖွားရန်အတွက် အလျင်စလိုဖြစ်နေသော သူ့အတွက် နတ်သုဒ္ဒါသဖွယ်ဖြစ်ပြီး ယခုအခါသူ့ထံသို့ တည့်တည့်ပြေး၀င်လာခဲ့သည်။

"သူရယ် ထူးခြားဂူကောင်ပိုင်ရှင်ကလေးမလေးရယ်ကို စားပြီးသွားလို့ရှိရင် ငါ့အခြေအနေက အတော်လေးသက်သာလာလိမ့်မယ်"

"အဲလိုဆိုရင် ဒဏ်ရာအပြင်းအထန်ရနေတဲ့ ဟွမ်ဖူနန်ကို အသေသတ်ပစ်နိုင်ဖို့ အခွင့်အရေးရလာလိမ့်မယ်"

ရှီဝူလီသည် ထိုအကြောင်းကိုတွေးမိလေလေ ပိုမိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။

လီယွမ်သည် ရှေ့သို့အမြန်ပြေးထွက်လာသည့်အချိန်တွင် အဆိပ်ဂူကောင်တစ်ကောင်က ရုတ်တရက်သူ့ရှေ့သို့ ထွက်ပေါ်လာခဲ့သည်။

"သေလိုက်တော့..."

ထိုအရာသည် သူ့၏အပြင်းထန်ဆုံး ဝှက်ဖဲတစ်ခုဖြစ်သည်။ပဉ္စမအဆင့်အောက် ဂူသခင်တစ်ယောက်သာ ထိုအဆိပ်ဖြင့်တိုက်ခိုက်ခံရပါက ချက်ချင်းပင်ခွန်အားဆုံးရှုံးသွားကာ သူ့လက်ထဲ၌ သတ်ဖြတ်ခံရရန် လည်စင်းပေးနေရမည်ဖြစ်သည်။

ပျံသန်းနေသောမြွေငယ်သည် သူ၏အစွယ်များကိုထုတ်ဖော်လိုက်ကာ လီယွမ်၏လည်ပင်းအား ပြင်းပြင်းထန်ထန်ကိုက်ခဲလိုက်သည်။

"မိပြီကွ..."

ထိုအချိန်တွင် လက်တစ်ဖက်က မြွေငယ်၏အရေးကြီးသောအစိတ်အပိုင်းများကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ထို့ပြင် ကျန်လက်တစ်ဖက်က မြွေလေး၏ဦးခေါင်းကို တိတိကျကျဆုပ်ကိုင်ထားခဲ့သည်။

ရှီဝူလီသည် အလွန်ပင်အံ့ဩသွားခဲ့သည်။

ငါ့အဆိပ်က ဘာဖြစ်သွားတာလဲ...ဘာကြောင့် အလုပ်မဖြစ်ရတာလဲ...

ရှီဝူလီသည် ထိတ်လန့်တုန်လှုပ်ရာမှ သတိ၀င်လာခဲ့သည်။ယခုအခါ သူ့အားဝိုင်းရံတိုက်ခိုက်နေသော အဆိပ်ဂူကောင်များသည် ထိုကောင်လေး၏အနား၌ စုရုံးနေကြောင်း သူတွေ့လိုက်ရသည်။

ထိုဂူကောင်များသည် သူတို့၏အရှင်သခင်ကို ခစားနေသကဲ့သို့ပြုမူနေကြသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

ထိုကောင်လေး၏ပတ်လည်တွင် အဆိပ်ရှိဂူကောင်များ ထူထပ်စွာရှိနေပြီး အနည်းဆုံးအကောင်ရေ ၇၀ခန့်ရှိနေပေသည်။ဤနေရာတွင် န၀မနန်းတော်သခင်ရောက်လာလျှင်တောင်မှ အကုန်လုံးကိုထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ဤအရာသည် ဂူအင်မော်တယ်တစ်ယောက်သာ လုပ်နိုင်စွမ်းရှိသောအရာဖြစ်ပြီး ဂူသခင်တစ်ယောက် လက်လှမ်းမီသောအရာမဟုတ်ပေ။

ရှီဝူလီသည် လုံး၀ထိတ်လန့်နေခဲ့ကာ လီယွမ်၏လက်ထဲမှလွတ်မြောက်ရန် ကြိုးစားလိုက်သည်။သူသည် မြွေပျံဂူအားအစွမ်းကုန်ထိန်းချုပ်ကာ ရုန်းကန်လိုက်သည်။

"ဝိုး...တော်တော်အားကောင်းတာပဲ..."

လီယွမ်သည် ပို၍အားစိုက်ထုတ်လိုက်ကာ မြွေပျံ၏အဓိကအစိတ်အပိုင်းများအား ဖိချထားလိုက်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး..."

လီယွမ်အဆိပ်မမိကြောင်း သေချာသွားပြီးနောက် သေခြင်းတရားကပိုမိုနီးကပ်လာကြောင်း ရှီဝူလီခံစားမိလာခဲ့သည်။

"ရွှီး...ရွှီး..."

မြွေပျံ‌သည် စူးရှစွာအော်သံပေးလိုက်ကာ လီယွမ်၏ချုပ်ကိုင်ထားမှုမှ လွတ်မြောက်ရန် အစွမ်းကုန်ရုန်းကန်ခဲ့သည်။ထို့နောက် သူ၏ခေါင်းကိုနောက်လှည့်ကာ လီယွမ်၏လက်မောင်းကို ကိုက်ခဲလိုက်သည်။

လီယွမ်သည် ထိုအသံကိုကြားလိုက်ချိန်၌ သူ၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။

"မင်းက လူတစ်ယောက်ပဲလား..."

"ဟားဟားဟား...မြွေပျံဂူကောင်က ငါနဲ့ပေါင်းစပ်ထားခဲ့တာ ကြာပြီ...ဒီဂူကောင်ကငါနဲ့တသားတည်းဖြစ်နေခဲ့ပြီကွ...မင်းသေဆုံးရတာ မတရားသလိုတော့မဖြစ်ပါဘူး"

မြွေပျံဂူကောင်က လူသားတစ်ယောက်လို ပြောလာခဲ့သည်။

ထိုကောင်လေးထံတွင် လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိနေကြောင်း သူခံစားမိပေသည်။

ထိုလျှို့ဝှက်ချက်သည် ဂူသခင်များ၏လမ်းကြောင်း၌ အဆုံးစွန်ဆုံးသော ပြောင်းလဲခြင်းကိုဖော်ဆောင်လာပေးမည့် အရာဖြစ်သည်။ယခုအခါတွင် ထိုအရာအားလုံးက သူ့အပိုင်ဖြစ်လာတော့မည်ဖြစ်သည်။

သူသည် အတတ်နိုင်ဆုံး ကံကြမ္မာအားပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ထိုအချိန်တွင် သူသည်ကောင်းကင်ပေါ်သို့ တက်လှမ်းနိုင်မည့်လမ်းကြောင်းကို အမှတ်မထင်ရှာတွေ့လိုက်ရသည်။

ရှီဝူလီသည် သူ၏ချွန်ထက်သောအစွယ်များမှတဆင့် ကောင်လေး၏ခန္ဓာကိုယ်ထဲသို့ အဆိပ်များကို ထိုးသွင်းလိုက်သည်။

"ဒီတစ်ခါတော့ သူလဲကျသင့်နေပြီ..."

ထိုအခိုက်အတန့်တွင် ရှီဝူလီ၏အတွေးများက ရုတ်တရက်ရပ်တန့်သွားခဲ့သည်။လီယွမ်သည် ခွန်အားဂူကောင်ကို ချက်ချင်းအသက်သွင်းလိုက်ကာ မြွေ၏ဦးခေါင်းကိုဖိနှိပ်ထားသော သူ၏လက်ကိုပို၍ပင် တင်းတင်းကြပ်ကြပ် ဖိချလိုက်သည်။

ထိုအခိုက်အတန့်တွင် မြွေငယ်၏အရိုးများ ချက်ချင်းကျိုးပဲ့သွားခဲ့သည်။

"မဟုတ်ဘူး...ဒါမဖြစ်နိုင်ဘူး..."

သူထိုးသွင်းလိုက်သော မြွေဆိပ်ပမာဏသည် ဆဌမအဆင့်မဟာဂူသခင်တစ်ယောက်ကိုပင် သတ်ဖြတ်ရန် လုံလောက်ပေသည်။အဘယ်ကြောင့် သူ့ရှေ့မှကောင်လေးကို သက်ရောက်မှုမရှိရသနည်း။

ရှီဝူလီ၏အသိစိတ်က ပို၍မှုန်ဝါးစပြုလာခဲ့သည်။

သူသေခါနီးသည့် အခိုက်အတန့်တွင် ‌ကောင်လေး၏မျက်လုံးများသည် အရောင်အမျိုးမျိုးပြောင်းလာခဲ့သည်။အစောပိုင်းတွင် ထိုကောင်လေး၏မျက်လုံးများက အနီရောင်မှအပြာရောင်သို့ ပြောင်းလဲသွားကာ တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။

ထို့ပြင် ကင်းခြေများနှင့်ဆင်တူသော ပုံစံတစ်ခုကိုလည်း သူတွေ့မြင်လိုက်ရသည်။

ထိုကင်းခြေများ၏ပုံစံသည် ရှေးဟောင်းဆန်းကြယ်သောသံကြိုးတစ်ချောင်းက ခန္ဓာကိုယ်အစိတ်အပိုင်းများအား ချိတ်ဆက်ထားသကဲ့သို့ ဆင်တူနေခဲ့သည်။

"ထူးခြားဆန်းကြယ်တဲ့ ပြန်လည်ရှင်သန်ခြင်းဂူကောင်..."

လီယွမ်သည် မြွေလေး၏ဦးခေါင်းကိုဖိချလိုက်သည့်အချိန်တွင် ဟွမ်ဖူနန်၏စံအိမ်တော်အတွင်းမှ ရှီဝူလီ၏အစစ်အမှန်ခန္ဓာကိုယ်သည်လည်း လုံး၀သေဆုံးသွားခဲ့ပြီဖြစ်သည်။

သူသေဆုံးသွားချိန်၌ ဟွမ်ဖူနန်ကရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။

"ဘာဖြစ်လို့ သူကသေသွားရတာလဲ..."

ဟွမ်ဖူနန်၏မျက်နှာအမူအရာက အလွန်ပင်ဆိုးဝါးသွားခဲ့သည်။

သူသည် ရှီဝူလီ၏လက်ချက်ကြောင့် လက်တစ်ဖက်အား ဆုံးရှုံးလိုက်ရသည့်တိုင်အောင် ဆဌမအဆင့်အား တက်လှမ်းနိုင်ရန် အခွင့်အရေးရရှိခဲ့သည်။ထို့ကြောင့်သူသည် ရှီဝူလီအား သတ်ဖြတ်နိုင်ရန်အတွက် ကြီးမားသည့်တန်ဖိုးကို ပေးချေခဲ့ခြင်းဖြစ်ပေသည်။

သူသည်စံအိမ်တော်သို့ပြန်ရောက်ပြီးနောက် ရှီဝူလီ၏အာရုံငါးပါးနှင့် လှုပ်ရှားနိုင်စွမ်းအား တားဆီးရန်အတွက် လျှို့ဝှက်နည်းလမ်းအား အသုံးပြုခဲ့သည်။

ထိုသို့သောအခြေအနေမျိုးတွင် တစ်ဖက်လူသည် သူ၏လက်ချက်ကြောင့်မဟုတ်ဘဲ အဘယ်ကြောင့်သေဆုံးသွားရသနည်း။

"ဒဏ်ရာက အတော်လေးပြင်းထန်သွားလို့လား..."

ဟွမ်ဖူနန်သည် ဒေါသကြောင့် ရူးသွပ်လုမတတ်ဖြစ်သွားခဲ့ရသည်။အသက်ရှင်သန်နေသော ပဉ္စမအဆင့်ပင်မဂူကောင်သည် သူ့အတွက် အလွန်ပင်အသုံး၀င်လှသော ဆေးစွမ်းကောင်းတစ်ရပ်ဖြစ်သည်။သို့သော် ထိုပင်မဂူကောင်သာသေဆုံးသွားပါက ရရှိမည့်အကျိုးကျေးဇူးများ လျော့ကျသွားမည်ဖြစ်သည်။

"ဒါက အတုအယောင်သေဆုံးတာမဟုတ်ဘူးလား..."

ဟွမ်ဖူနန်သည် လက်ရှိအခြေအနေကို လက်မခံလိုခဲ့ပေ။

သူသည် ရှီဝူလီ၏အလောင်းကို ဂရုတစိုက်စစ်ဆေးခဲ့ပြီးနောက်တွင် ဟွမ်ဖူနန်ထံ၌ အဓိကအရေးပါသော မြွေပျံဂူရှိမနေကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူတွေ့ရှိခဲ့ရသည်မှာ သာမန်မြွေပျံဂူကောင်များသာဖြစ်သည်။

"ထွက်ပြေးသွားတာပေါ့...ဒီကောင်ကသေဟန်ဆောင်ပြီး ထွက်ပြေးသွားခဲ့တာပေါ့"

"ရှီဝူလီ..."

ဘန်း...

ဟွမ်ဖူနန်သည် ဒေါသတကြီးဖြင့် စားပွဲအားရိုက်ချလိုက်ကာ ထရပ်လိုက်သည်။

ဟွမ်ဖူနန်သည် နဂိုကပင်ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်ရာ ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သွေးများ အန်ထုတ်လိုက်ရသည်။မြွေပျံဂူ၏အဆိပ်သည် သူ၏ခန္ဓာကိုယ်ထဲ၌ ပျံ့နှံ့နေပြီဖြစ်၍ သူ၏အသက်ကိုပင်အန္တာရယ်ပြုနေခဲ့သည်။

"နောက်ထပ်ဖြစ်လာမယ့်အရာတွေအတွက် အကောင်းဆုံးဖြစ်လာဖို့ဘဲ မျှော်လင့်ရတာပေါ့..."

သေခြင်းရှင်ခြင်းအကျပ်အတည်းနှင့် ရင်ဆိုင်ရသည့်အခါတွင် ဟွမ်ဖူနန်သည် သူတတ်နိုင်သောအရာမှန်သမျှကို လုပ်ဆောင်ခဲ့သည်။

သူသည် စာတစ်စောင်ကိုရေးသားလိုက်ကာ ဆက်သွယ်ရေးဂူကောင်နှင့်တွဲချည်၍ ဂူအပြင်သို့ပျံသန်းစေလိုက်သည်။

စာပါအကြောင်းအရာကလည်း အလွန်ရိုးရှင်းပေသည်။

အဖိုးတန်ဂူကောင်ကိုရှာပြီး ငါ့လှိုဏ်ဂူထဲယူလာခဲ့...

…

တစ်ချိန်တည်းတွင်...

လီယွမ်သည် သူသတ်ဖြတ်လိုက်သော မြွေပျံဂူကောင်ကို အသေးစိတ်လေ့လာနေဆဲဖြစ်သည်။

(ပေါင်းစပ်နိုင်သောဂူကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်...၎င်းတို့အားပေါင်းစပ်လိုပါသလား...)

"ဘာတွေဖြစ်နေတာလဲ..."

လီယွမ်သည် ခဏလောက်အံ့အားသင့်သွားပြီးနောက် သူ၏လက်ကျန်ဂူကောင်များကို စစ်ဆေးလိုက်သည်။

(ပထမအဆင့် အကြွင်းအကျန်ဂူကောင် နဂါးပုံစံဂူ - ၂၉)

"နဂါးပုံစံဂူ..."

" "ဒါကမြွေပျံဂူကောင်မဟုတ်တော့ဘူးလား...ဘာလို့နဂါးပုံစံဂူဖြစ်သွားရတာလဲ..."

ထိုအကြောင်းကိုတွေးမိချိန်တွင် လီယွမ်ကအနည်းငယ်ထိတ်လန့်သွားခဲ့သည်။

သူသည် မြွေပျံဂူကောင်ကို အရေခွံနွာပြီးဖွင့်ကြည့်လိုက်သောအချိန်တွင် အထဲ၌ပုံစံမညီမညာဖြစ်နေသော မြွေဥပုံစံဂူကောင်များကို တွေ့လိုက်ရသည်။

ထိုနဂါးပုံစံဂူကောင်များသည် သာမန်ဂူကောင်များဖြစ်ကြသော်လည်း အကောင်ပေါက်ပြီးနောက် ရှားပါးဂူကောင်ဟုခေါ်ဆိုနိုင်ပေသည်။

အကယ်၍ ရှီဝူလီသာ ဤလမ်းကြောင်းအတိုင်း နောက်ထပ်၁၀နှစ်ခန့်ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက သူသည်လည်း လျှို့ဝှက်ဆန်းကြယ်သော နဂါးဂူကောင်ကို ရရှိနိုင်မည်ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက်တွင် လီယွမ်သည် တုံ့ဆိုင်းမနေတော့ဘဲ နဂါးပုံစံဂူကောင်များအား ပေါင်းစပ်ရန် ရွေးချယ်ခဲ့သည်။

"ငါ့အတွက်ပေါင်းစပ်လိုက်..."

Thank For Reading.

All Chapters