ပန်းဝတ်မှုံမဲ့တံခါး ၂
Vol. 68 Ch. 671
ပန်းဝတ်မှုံမဲ့တံခါးဟူသည်ကား ဆိုးသွမ်းညစ်ညမ်းပြီး ကြောက်စရာကောင်းကာ အမျိုးအမည်မသိ ထူးဆန်းသော နေရာတခု၏ အဝင်ပေါက် ဖြစ်သည်။
နွံအိုင်၏ အောက်ခြေတွင် ဤတံခါးပေါက်ရှိနေကြောင်း မည်သူမှမသိ။ တံခါးပေါက်ပွင့်သွားသည်နှင့် အထဲမှာ မိစ္ဆာများ လွတ်မြောက်သွားပေလိမ့်မည်။
ဝဲဂယက်၏ လှည့်ပတ်မှုသည် ပို၍ မြန်ဆန်လာကာ မှောင်မဲနေသော အပေါက်ကြီးသည် ပို၍ ကျယ်ပြန့်လာလေသည်။ ထို့နောက် အေးစက်ပြီး ကြောက်မက်ဖွယ်အရှိန်အဝါတခုသည် ဝဲဂယက်၏ အလယ်ဆီမှ တစိမ့်စိမ့် ထွက်ပေါ်လာနေ၏။
အဆိုပါ အမှောင်စွမ်းအင်သည် သေခြင်း၏ အငွေ့အသက်များနှင့် ပြည့်နှက်နေလေသည်။ ထို့နောက် ၎င်းသည် ရှေ့ဆုံးတန်းမှ သတ်ဖြတ်သူစစ်သားများအား စတင်ရစ်ပတ်လာတော့သည်။ အတော်အသင့်အင်အားကောင်းသော စစ်သားတချို့မှာ ဝဲဂယက်၏ ဆွဲငင်မှုကို ခံရချိန်တွင် ကြောက်လန့်တကြားနှင့် အော်ကြဟစ်ကြကုန်၏။
သို့သော် အနှီကြောက်စရာစွမ်းအင်မှာ ၎င်း၏ ချဲ့ထွင်မှုကို ရပ်တန့်သွားမည့်ပုံမရှိ။ ၎င်းသည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကားသွားပြီး ၎င်းနှင့် ထိတွေ့သိသမျှ အရာတိုင်းအား ဝဲဂယက်ဆီသို့ ဆွဲခေါ်သွားတော့သည်။ ထိုအခိုက်ဝယ် ချီမင်းင်းဖန်ကား ထ်ိုစက်ကွင်းမှ လွတ်သောနေရာသို့ ဆုတ်ခွာပြီးသွားလေပြီ။ ဖြစ်ပေါ်လာမည့် အခြေအနေကို သူ ကြိုတင်သိရှိထားသည် မဟုတ်ပါလား။
"ဆုတ်ကြ အမြန်ဆုံး ဆုတ်ကြ"
ဘာရန်း ငယ်သံပါအောင် အော်ဟစ်အမိန့်ပေးလိုက်၏။ လက်ရှိတွင် သူ အကြောက်တရား ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ အရဲရင့်ဆုံးဟူသော စစ်သည်တော်သည်ပင် အနိုင်ယူရန် မဖြစ်နိုင်သည့်ဖြစ်တည်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့တတ်ကြပေ၏။
"မင်းတို့ လွတ်မှာမဟုတ်ပါဘူးလေ"
ပြောပြောဆိုဆို ချီမင်းင်းဖန်သည် လက်တဖက်ကို ဝေ့ယမ်းကာ ကျောက်သားနံရံကြီးများအား ဖန်တီးလိုက်၏။ အဆိုပါ နံရံများမှာ ကျောက်သားသက်သက် မဟုတ်။ ပြင်းထန်သောဖိအားများ ထွက်ပေါ်နေပြီး ၎င်းအပေါ်မှ ကျော်လွှားပျံသန်းနိုင်ခြင်း မရှိစေရန် အထူးဖန်တီးထားသော နံရံများ ဖြစ်သည်။
တိုက်ပွဲ၏ အစောပိုင်းကာလကတည်းက ချီမင်းဖန်တယောက်က် သူ၏ လျှို့ဝှက်တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုတာဝန်မှာကား ပန်းဝတ်မှုံမဲ့တံခါး၏ ပတ်ပတ်လည်တွင် မူလပုံစံကွက်ကြီးတခုအား ဖန်တီးပြီး သတ်ဖြတ်သူစစ်သားများအား ကျုံးသွင်းထားရန်ပင်တည်း။
ကျောက်သားနံရံကြီးများ ပတ်ပတ်လည် ထွက်ပေါ်လာသည့်ခနမှာပင် အမှောင်စွမ်းအင်သည် ပို၍ ပြန့်ကားလာပြီး နွံအိုင်တခုလုံးအား အမှောင်ထုများနှင့် ဖုံးလွှမ်းသွားတော့သည်။
"အား"
သတ်ဖြတ်သူစစ်သားများကား တယောက်ပြီးတယောက် အမှောင်ဝဲဂယက်၏ ဆွဲငင်သွားခြင်းကို ခံနေကြရ၏။
ထိုအခါ ဘာရန်းသည် ဝုန်းခနဲ ခုန်ထွက်ပြီး သူတို့အား ကာဆီးနေသည့့် ကျောက်သားနံရံကြီးအား ပုဆိန်ဖြင့် ခုတ်ချလိုက်တော့သည်။
သို့သော် နံရံကြီးအား ဖန်တီထားသည့် ကျောက်တုံးကြီးများမှာ ရွှေရေခံတပ်မှ ကျောက်တုံးများကဲ့သို့ပင် လွန်စွာ မာကျောလှ၏။ သို့သော် ဘာရန်း၏ ပြင်းထန်လှသော ခုတ်ချက်ကို ကျောက်တုံးကြီးများ မခံနိုင်။ အက်ကွဲကုန်ပြီး မြေကြီးပေါ်သို့ တဝုန်းဝုန်းနှင့် ပြုတ်ကျကုန်တော့သည်။
သို့သော်ငြားလည်း ထိုအခိုက်မှာပင် အမှောင်ဝဲဂယက်၏ အလယ်ဗဟိုဆီမှ ဖြန့်ကျက်လာသော လက်တံများသည် ပို၍ ထူထဲလာပြီး ပိုက်ကွန်တခုပမာ ဘာရန်းအား ဖမ်းဆွဲရန်ဟန်ပြင်လာ၏။
ဘာရန်း ကြောက်လန့့်တကြားနှင့် အော်ဟစ်ပြီး လက်တံများအား ပုဆိန်နှင့် ခုတ်ဖြတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဘာရန်း၏ ကြိုးစားအားထုတ်မှုကား အချည်းနှီးသာတည်း။ သူ၏ ပုဆိန်သွားများသာ ခွေလိပ်ကုန်ကြ၏။
သို့သော် ထိုအခိုက်မှာပင် ကက်စ်ပါသည် ရှေ့သို့ ခုန်ဝင်လာပြီး ဘာရန်းအား ဘေးသို့တွန်းထုတ်လိုက်တော့သည်။ ထိုအခါ အမှောင်လက်တံများသည် ဘာရန်းအစား ကက်စ်ပါက်ိုသာ ဖမ်းချုပ်မိသွားတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကက်စ်ပါသည် ဝဲဂယက်၏ အလယ်ဗဟိုသို့ စုပ်ယူခြင်းခံလိုက်ရရှာ၏။
"မင်း ကျုပ်အတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကွာ"
အထက်ပါအတိုင်း ရေရွတ်ပြီး ဘာရန်းသည် နံရံပေါက်အား ပုဆိန်ဖြင့် ဆက်လက်ချဲ့ထွင်လိုက်၏။
နောက်ဆုံးတွင်တော့ ဘာရန်း၏ ကြိုးစားအားထုတ်မှုကြောင့် ကျောက်တုံးများ ဝုန်းခနဲ ပြိုကျပြီး အလယ်တွင် အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာလေသည်။
ဘာရန်း အကြီးအကျယ် စိတ်လှုပ်ရှားသွားပြီး အပေါက်မှ တိုးထွက်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် သူ့တကိုယ်လုံး အေးခဲသွား၏။
အကြောင်းမှာ သူ့တကိုယ်လုံး လေပေါ်သို့လွင့်သွားပြီး ဝဲဂယက်၏ အလယ်သို့ ဆွဲခေါ်ခြင်း ခံနေရသောကြောင့်ပင်။ ဘာရန်းတယောက် ဆွဲငင်အားမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေ၏။
ထိုအချိန်မှာပင် ဝဲဂယက်အလယ်ဗဟိုမှ အနက်ရောင်လက်တံများ ပြန်လည်ထွက်ပေါ်လာပြန်သည်။ ထို့နောက် အနှီလက်တံများသည် ဘာရန်းအား ရစ်ပတ်လိုက်တော့၏။
ဘာရန်း ပြင်းပြင်းထန်ထန်ပင် ရုန်းကန်လိုက်သည်။ ပါးစပ်မှလည်း "ငါ့ကို လွှတ်ပေးပါ"ဟု ကြောက်လန့်တကြားနှင့် တောင်းပန်နေလေသည်။
သို့သော်ငြားလည်း ဘာရန်း၏ ကြိုးပမ်းအားထုတ်မှုမှာ အချည်းနှီးသာတည်း။ သူ့ခွန်အားမှာ ဤနေရာတွင် အသုံးမဝင်တော့။
နောက်ဆုံးတွင်တော့ ဘာရန်းတယောက်က် ရုန်းကန်းရင်းနှင့်ပင် ဝဲဂယက်၏ အလယ်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဘာရန်းမရှိသည့်နောက် သတ်ဖြတ်သူစစ်သားများမှာ ဖွဲ့စည်းပုံပျက်ကုန်ကြ၏။ နောက်ဆုံးတွင် စစ်သားများ တယောက်က်ပြီးတယောက်က် ဝဲဂယက်၏ စုပ်ယူခြင်းကို ခံလိုက်ကြရတော့သည်။
တိုက်ပွဲပြီးဆုံးသွားသည့်နောက် ပတ်ဝန်းကျင်တခုလုံး ယခင်အတိုင်း တိတ်ဆိတ်သွား၏။
"အင်း နောက်ဆုံးတော့ ပြီးသွားပြီပေါ့လေ"
ချီမင်းင်းဖန် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
သေစမ်း...ဒီကောင်တွေ စုချန်းကို ဒုက္ခပေးဖို့ ရောက်လာတယ်...ခုကျတော့ ဒီကောင်တွေက်ို ဒိုင်ခံပြီး တိုက်ခိုက်ပေးနေရတာ ငါ ဖြစ်နေပါပေါ့လား...
စုချန်း...
သူ ဘယ်ကိုရောက်နေသနည်း...ညတစ္ဆေနှင့် ဟေးစုတို့ကို စုချန်း ဘယ်ကိုခေါ်သွားသနည်း...
ထိုအခိုက်မှာပင် စကားသံတသံံ ထွက်ပေါ်လာ၏။
ချီမင်းဖန် ထိတ်လန့်သွားလေသည်။ အကြောင်းမှာ ထိုအသံသည် ဘာရန်း ဖြိုချထားသည့် ကျောက်တုံးပေါက်အတွင်းမှ ထွက်ပေါ်လာသောကြောင့်ပင်။
အသံသည် ပြတ်သားကြည်လင်နေ၏။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိဟန် ပေါ်နေ၏။
"သိပ်ကောင်းတဲ့ ပရိယာယ်ပဲ နောက်ဆုံးတော့ စုချန်းဟာ စုချန်း ဖြစ်နေတုန်းပဲကိုး ဒီကောင့်ကို အနိုင်ရဖို့ မလွယ်ဘူးဆိုတာ ကျုပ် သိထားပြီးသားပဲ"
"ဘယ်သူလဲ"
ချီမင်းဖန်က အော်ဟစ်မေးမြန်းလိုက်၏။
"မင်း သိချင်ရင် မင်းလုပ်ထားတဲ့ နံရံကို ကိုယ်တိုင်ဖြိုပြီး ရှာလေကွာ"
ချီမင်းဖန် ဟက်ခနဲ ရယ်မောလိုက်သည်။ သူ လုပ်ထားသော နံရံကို တကယ်တော့ သူကိုယ်တိုင်လည်း မဖြိုနိုင်။
နံရံတဖက်ခြမ်းရှိ အသံရှင်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ကြည့်ရတာ ဒီနံရံကို မင်းကိုယ်တိုင်လည်း ဖြိုနိုင်ပုံမရဘူး ဒီတော့ ကျုပ်ကပဲ ကူညီပေးရတာပေါ့"
စကားဆုံးသည်နှင့် မရေမတွက်နိုင်သော လေးလံသည့်အရာများ နံရံအား ထိမှန်သွားပြီး အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ထို့နောက် နံရံမှာ အက်ကွဲပြီး ပြိုကျသွားတော့သည်။
ပေါက်ကွဲသံသည် ချီမင်းင်းဖန်၏ နှလုံးသားသို့တိုင် ပဲ့တင်ထပ်သွားသကဲ့သို့ ထင်မှတ်ရ၏။
ကျောက်သားနံရံကြီး ပြိုကျသွားခြင်းကြောင့် ပတ်ဝန်းကျင်တခုလုံး ဖုန်မှုန့်များနှင့် ပလူပျံသွားလေသည်။ ဖုန်မှုန့်များအလွန်တွင်တော့ မရေမတွက်နိုင်အောင် များပြားလှသော သတ်ဖြတ်သူစစ်တပ်ကြီးကို ချီမင်းဖန် မြင်တွေ့လိုက်ရတော့၏။
၎င်းတို့အားလုံး၏ လက်တွင် စစ်သုံးပုဆိန်ကိုယ်စီနှင့် ဖြစ်သည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ ရက်စက်ကြမ်းကြုတ်သော အပြုံးကိုယ်စီ ဆင်မြန်းထား၏။
စစ်သားများ၏ ရှေ့ဆုံးတန်းတွင်တော့ ခေါင်းဆောင်များ ဖြစ်သည်။ ခေါင်းဆောင်များ၏ အလယ်တွင် နီရဲရဲဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်အားဖြင့် မကြီးလှသေးသည့် သတ်ဖြတ်သူမျိုးစိတ်ဝင်တဦး ရှိနေ၏။ နီရဲရဲဝတ်စုံသည် ရာထူးအမြင့်ဆုံးသူများသာ ဝတ်ဆင်ခွင့်ရှိ၍ ထိုသူသည် သတ်ဖြတ်သူစစ်တပ်၏ နံပါတ်တစ်ခေါင်းဆောင်ဖြစ်မည်မှာ ယုံမှားသံသယ ဖြစ်နေစရာမလိုတော့။
"ဒန်ဘာ"
အခြေအနေကို ချီမင်းင်းဖန် ချက်ချင်း နားလည်သွား၏။
ကောင်းကင်ဘုံလက်သီးတပ်ရင်းအား အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့သော ကျောက်တုံးပုတ်သင်အသိုက်၏ဒန်ဘာကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့လေပြီ။
ဒန်ဘာ ပြုံးလိုက်၏။
"မှန်တယ် ကျုပ် ဒန်ဘာပဲ"
"မင်း ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"
မေးနေရင်းနှင့်ပင် အခြေအနေ အလွန်ဆိုးဝါးသွားပြီမှန်း ချီမင်းင်းဖန် နားလည်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"မင်း သူတို့နောက်က တချိန်လုံး လိုက်လာတာပေါ့လေ ကိုယ့်အချင်းချင်းကို ငါးစာအဖြစ် မင်း သုံးလိုက်တာပေါ့ ဟုတ်လား"
ဤနည်းဗျူဟာမျိုးကို သတ်ဖြတ်သူများနှင့် လူသားများ၏ ပဋိပက္ခတလျှောက်တွင် ချီမင်းဖန် ကြားပင်မကြားဖူး။
ဤနည်းဗျူဟာမျိုးမှာ သတ်ဖြတ်သူများအကြားဝယ် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည်။ ခေါင်းဆောင်လုပ်သူ ဤနည်းဗျူဟာမျိုးကို သုံးပါက ငယ်သားများ၏ အထင်သေးမှုနှင့် ရင်ဆိုင်ရနိုင်၏။
သို့သော် ဒန်ဘာကား ထ်ိုနည်းဗျူဟာကို အတိအကျပင် အသုံးပြုလိုက်လေပြီ။ သို့သော် သူ့လက်အောက်ငယ်သားများမှာ သူ့အပေါ် အထင်သေးဟန် စိုးစဥ်းပင်မရှိ။
ထိုအတွက် ဖြစ်နိုင်ဖွယ်ရာ နှစ်ချက်ရှိ၏။ ပထမတချက်မှာ စစ်သားများအကြားဝယ် ဒန်ဘာ၏ အဆင့်မှာ မြင့်မားလွန်းနေ၍ သူက တခြားသူတဦးအပေါ် သစ္စာဖောက်ခြင်းကို ငယ်သားများအနေနှင့် လက်သင့်ခံပေးထားကြခြင်းပင်။ ဒုတ်ိယတချက်မှာကား သေဆုံးသွားသူသည် စစ်သားများအတွက် အရေးမကြီးသူ ဖြစ်နေခြင်းကြောင့်ပင်။
ချီမင်းင်းဖန်ကတော့ နှစ်ချက်စလုံးမှာ ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု တွေးတောမိ၏။
ဒန်ဘာက ခံစားချက်မရှိသည့့် လေသံနှင့် ပြန်ဖြေလိုက်၏။
"ကျုပ်က ကျုပ်လူကို ငါးစာအဖြစ် ပြန်သုံးတာမဟုတ်ဘူး ဘာရန်းကိုယ်တိုင်က ခေါင်းမာပြီး တစွတ်ထိုးနိုင်တယ် သူ သူ့သဘောနဲ့သူ ကျုပ်အမိန့်ကို မနာခံာခံပဲ ထွက်သွားတာ ကျုပ်အနေနဲ့ အချိန်မီ စစ်ကူလိုက်နိုင်ဖို့ ကြိုးစားခဲ့တယ် ဒါပေမဲ့ ကျုပ်တို့ နောက်ကျသွားတယ် ခေါင်းဆောင်လေးဘာရန်းဟာ အဲဒီအချိန်မှာ မင်းနဲ့စုချန်းတို့ရဲ့ လုပ်ကြံမှုကြောင့် အသက်ပျောက်သွားရှာပြီ ဒီတော့ ကျုပ်အနေနဲ့ မင်းတို့ကို ပြန်သတ်ပြီး ကျုပ်အမှားအတွက် ခေါင်းဆောင်ကြီးဆီမှာ ပြန်တောင်းပန်ရတော့မှာပဲ"
"ခေါင်းဆောင်လေး ဟုတ်လား"
ဒန်ဘာ၏ စိတ်ရင်းကို ချီမင်းင်းဖန် ချက်ချင်းပင် နားလည်လိုက်၏။
ဒန်ဘာကား ချီမင်းင်းဖန်နှင့် စကားဆက်ပြောလိုတော့ဟန် မရှိ။ ထို့နောက် သူက ပြောလိုက်၏။
"ကျုပ်အနေနဲ့ ပြောသင့်တာ ပြောပြီးပြီး ကဲ စုချန်း မင်း ထွက်လာလို့ရပြီ"
"ကျုပ် ဒီမှာ တချိန်လုံး ရှိနေပါတယ်လေ"
စုချန်း၏ အသံသည် လေနှင့်အတူ လွင့်ပျံ့လာ၏။
ဒန်ဘာက အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သည်။ စုချန်းသည် ခပ်လှမ်းလှမ်းရှိ သစ်ပင်အိုကြီး၏ အောက်တွင် မတ်တပ်ရပ်နေ၏။ သူနှင့်အတူ ဟေးစု၊ ညတစ္ဆေတို့လည်း ရှိနေလေသည်။
***