စေ့စပ်ညှိုနှိုင်းခြင်း ၂
Vol. 68 Ch. 673
ဒန်ဘာ၏ တုံ့ပြန်မှုကို ကြားသောအခါ စုချန်း ခေါင်းခါလိုက်၏။
"ဒီလိုတော့ မဟုတ်သေးဘူးကွ မင်းတို့နယ်မြေကို သိမ်းပြီး မင်းတို့ကို ရှင်းပစ်လ်ိုက်ရင် ငါတို့ အင်အားတိုးလာမယ်ဆိုတာ မှန်သလိုလိုတော့ ရှိတယ် ဒါပေမဲ့ ဒီလို အင်အားတိုးလာတယ်ဆိုတာ အရေအတွက်သက်သက်ပဲ တကယ့်တကယ် အင်အားတိုးလာတာတော့ မဟုတ်ဘူး သတ်ဖြတ်သူတွေဆိုတာ လူသားတွေနဲ့ မတူဘူး မင်းတို့ဟာ မွေးကတည်းက ရုပ်ပိုင်းဆိုင်ရာအင်မတန်ကြံ့ခိုင်ပြီး အကြောက်အလန့်မရှိတဲ့ စစ်သည်တော်တွေ ဖြစ်တယ် မင်းတို့နဲ့ယှဥ်ရင် တောင်ရိုးကမ်းပါးမျိုးစိတ်တွေတောင် ဘာမှမဟုတ်တော့ဘူး ကျုပ်တို့လူသားတွေအနေနဲ့ ဘယ်လောက်ပဲ ကျင့်ကြံအားထုတ်ပါစေ မင်းတို့ကို ရုပ်ပိုင်းဆိုင်ရာမှာ တသက်လုံး ယှဥ်နိုင်စရာအကြောင်းမရှိဘူး ဒါဟာ သဘာဝတရားကြီးက ကျုပ်တို့ကို ပေးထားတဲ့ အခြေခံခြားနားချက်ပဲ ဒါကြောင့် အဆင့်တူ သတ်ဖြတ်သူတဦးနဲ့လူသားတဦး ပေါင်းစပ်ခြင်းဟာ သတ်ဖြတ်သူနှစ်ဦး ဒါမှမဟုတ် လူသားနှစ်ဦး ပေါင်းစပ်တာထက် သာလွန်တယ် ဒီသဘောတရားကိုတော့ မင်း သိထားပြီးသားပဲ မဟုတ်ဘူးလား"
ဒန်ဘာ ဒုတိယအကြိမ် တွေဝေသွားပြန်သည်။
မျိုးစိတ်တိုင်းတွင် ထူးခြားသော ဝိသေသလက္ခဏာများနှင့် အစားထိုးမရသော အရည်အချင်းများ ကိုယ်စီ ရှိကြ၏။ ညဏ်ရည်မြင့်မျိုးစိတ်များသည်လည်း သားရဲများကို တွန်းလှန်ရန် အချင်းချင်း မဟာမိတ်ပြုကြသော အစဥ်အလာ ရှိဖူးလေသည်။
ထိုအတွက် အကြောင်းပြချက်ကလည်း ရှင်းနေ၏။ မည်သည့်ညဏ်ရည်မြင့်မျိုးစိတ်မှ မျိုးစိတ်တစိတ်တ်တည်း၏ အင်အားနှင့် သားရဲများအား တွန်းလှန်နိုင်စွမ်း မရှိသောကြောင့်ပင်။
စုချန်း၏ စကားသည် အကြောင်းအကျိုးသင့်နေ၏။ သို့သော် ဒန်ဘာကား ခေါင်းခါနေဆဲပင်။
"မင်းပြောတာ မှန်တယ်လို့ ကျုပ် လက်ခံတယ် ဒါပေမဲ့ တဖက်မှာလဲ စေတနာဆိုတယ် အဆိပ်ဖြစ်နေတတ်တယ်လို့ ကျုပ် ယုံကြည်ထားတယ် ဒီမူလကမ္ဘာကြီးတခုလုံး သားရဲတွေရဲ့ တိုက်ခိုက်မှုကို မခံရမခြင်း လူသားတွေအနေနဲ့ သတ်ဖြတ်သူတွေအပေါ် အကြောင်းမဲ့သက်သက် စေတနာထားမှာမဟုတ်တာ သိပ်သေချာတယ် ခုဆိုရင် မူလသားရဲကြီးတွေအကုန်လုံး ဆောင်းခိုနေကြတယ် ဒါကြောင်း အချိန်တခုကြာတဲ့အထိ ဒီလောက်ကြီးမားတဲ့ သားရဲလှိုင်းတွေ ပေါ်ပေါက်လာအုံးမှာ မဟုတ်ဘူး ဒါကြောင်း သားရဲတွေကို အကြောင်းပြုပြီး လူသားတွေနဲ့သတ်ဖြတ်သူတွေအကြား မဟာမိတ်ပြုစရာအကြောင်း မရှိသေးဘူး လူသားတွေကလဲ သားရဲတွေကို စတင်ထိုးစစ်ဆင်ဖို့ဆိုပြီး သတ်ဖြတ်သူတွေကို မဟာမိတ်ပြုမှာမဟုတ်တာ သိပ်သေချာတယ်"
"ဘာကြောင့် စပြီးထိုးစစ်မဆင်ရမှာလဲ"
စုချန်းက ချက်ချင်းပင် ပြန်ပြောလိုက်၏။
"အရင်တုန်းက ကျုပ်တို့ဖက်က စမတိုက်ခိုက်ခဲ့ဘူးဆိုတာ ကျုပ်တို့မှာ အင်အားမလုံလောက််လ်ို့ မသန်မာသေးလို့ပဲ ကျုပ်တို့သာ သန်မာလာရင် အင်အားလုံလောက်လာရင် ကျုပ်တို့က သူတို့ကို ဘာကြောင့် စပြီး ထိုးစစ်မဆင်ရမှာလဲ"
"ကံမကောင်းအကြောင်းမလှစွာပဲ အဲဒီထိုးစစ်ကြီး စတင်မဲ့နေ့ရောက်ရင် သတ်ဖြတ်သူတွေအားလုံး မင်းလက်ချက်နဲ့ ပြုတ်ပြုတ်ပြုန်းကုန်ရောပေါ့ ကျုပ်တို့ကို ကျွန်ပြုတာဟာ ကျုပ်တို့ရနိုင်မဲ့ အကောင်းဆုံးအခွင့်အရေးလို့ မင်း တွေးနေတယ်မလား"
ဒန်ဘာက အေးစက်စက်လေသံနှင့် ရယ်မောရင်း ပြောလိုက်၏။
အောင်မြင်မှု၏ အသီးအပွင့်များအား မဆွတ်ခူးပဲ ဥပေက္ခာပြုနိုင်သူဟူ၍ အဘယ်မှာ ရှိအံ့နည်း။
လူသားမျိုးစိတ်များ၏ အင်အားဟူသည် သတ်ဖြတ်သူများအတွက် ဘယ်တုန်းကမှ ရင်ဆိုင်ရလွယ်ခဲ့သည့် အရာတခုမဟုတ်။ ၎င်းမှာ အမှန်တရား ဖြစ်သည်။ စုချန်း စကားရောဖောရောလုပ်လိုက်ရုံနှင့် ထိုအမှန်တရားသည် ပျောက်ပျက်မသွားနိုင်။
လက်ရှိတွင် သားရဲများ၏ ခြိမ်းခြောက်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သော်လည်း ၎င်းတို့အား မိမိဘက်မှ စတင်ထိုးစစ်ဆင်ရန် ဒန်ဘာ ဘယ်တော့မှ မစဥ်းစား။ အကြောင်းမှာ ထို ထိုးစစ်ကြီးကို အောင်မြင်အောင် စွမ်းဆောင်နိုင်မည့်စွမ်းရည် မိမိတွင် မရှိကြောင်း ဒန်ဘာ ကောင်းကောင်းသဘောပေါက်ထားသောကြောင့်ပင်။
သို့သော် တဖက်မှ စုချန်းကား ပါရမီရှင် ဖြစ်သည်။ ၎င်းတွင် ထိပ်ဆုံး၌ရပ်တည်ရမည့် ကံတရားပါလာ၏။ ၎င်းတွင် အောင်မြင်မှု၏ အသီးအပွင့်များကို ဆွတ်ခူးနိုင်သော အရည်အချင်း ရှိနေ၏။ ၎င်းတွင် စိမ်ခေါ်မှုများအား ရင်ဆိုင်နိုင်မည့် အစွမ်းမျိုး ပိုင်ဆိုင်ထား၏။
ဤအနေအထားတွင် သူတို့နှစ်ယောက်အကြား စေ့စပ်ညှိုနှိုင်းနေရန်ပင် အကြောင်းမရှိ။ စုချန်းအနေနှင့် မည်မျှပင် လှည့်ဖျားရန်ကြိုးစားစေကာမူ သူတို့အကြား သံခင်းတမန်ခင်းမှာ ဖြစ်လာလိမ့်မည်မဟုတ်။
ထိုအခါ စုချန်းက ယဲ့ယဲ့မျှပြုံးရင်း ပြောလိုက်ပြန်၏။
"ကျုပ်အနေနဲ့ နောက်ထပ် အကြောင်းပြချက်တခု ထပ်ပေးရင်ကောကွာ"
"ဘာလဲ"
"ကျုပ်အနေနဲ့ သတ်ဖြတ်သူတွေ မူလစွမ်းအင်ကို ကျင့်ကြံနိုင်မဲ့နည်းလမ်းမျိုး ပေးလိုက်မယ်ဆိုရင်တောင် လူသားတွေကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ထားတယ်"
စုချန်းကား ဒန်ဘာကို ရိုးစင်းလှသည့်အကြောင်းပြချက် ပေးလိုက်ပြီ ဖြစ်သည်။ သူ့စကားမှာ ရှင်းနေ၏။ သတ်ဖြတ်သူများအနေနှင့် လူသားများထက် သန်မာသွားမည်ကို သူ ဘယ်တော့မှ ခွင့်မပြုနိုင်ဟု ဆိုလိုလိုက်ခြင်းပင်။
ဥပမာအနေနှင့် စုချန်းသည် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့့်နည်းလမ်းအား ဖန်တီးနိုင်သည့်အချိန်တွင် သတ်ဖြတ်သူများအတွက် ချီစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကိုသာ ဖန်တီးပေးမည် ဖြစ်သည်။ တီထွင်ဖန်တီးသူမှာ စုချန်းပင်် ဖြစ်လေရာ အရာအားလုံးသည် သူ့လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။ ဤနည်းအားဖြင့် သတ်ဖြတ်သူများသည် လူသားများထက် အမြဲတစေ နိမ့်ကျနေပေလိမ့်မည်။
"ဒီတော့ မင်း ဆိုလိုချင်တာကဘာလဲ"
ဒန်ဘာက မေးခွန်းထုတ်လိုက်၏။
သူ့မေးခွန်းကလည်း မှန်သည်။ စုချန်း၏ စကားအရ နောက်ဆုံးတွင် လူသားများသည် သတ်ဖြတ်သူများထက် သာနေလိမ့်မည်သာ။ ဤအနေအထားတွင် သူတို့အနေနှင့် အစွမ်းထက်သော ကျင့်ကြံခြင်းနည်းစနစ် ရလျင်လည်း ဘာထူးမည်နည်း။
ဤအနေအထားတွင် စုချန်းကို သတ်လိုက်သည်ကမှ ပိုကောင်းပေအုံးမည်။
စုချန်းက ပြန်ပြောလိုက်ပြန်၏။
"သာမာန်အခြေအနေမှာဆိုရင်တော့ ဒါက ပြသနာမရှိဘူးပေါ့ ဒါပေမဲ့ ခုချိန် မင်း ကျုပ်ကို မသတ်နိုင်ခဲ့ရင် နောင်တချိန် မင်းတို့အတွက် ဖိအားကြီးကြီးမားမားရောက်လာစရာ ရှိတယ်"
ဒန်ဘာ၏ အမူအရာသည် ချက်ချင်းပင် လေးနက်သွား၏။
စုချန်း၏ ဆိုလိုရင်းကို သူ နားလည်သွားပြီ မဟုတ်ပါလား။
မည်သို့ဆိုစေ စုချန်းအနေနှင့် ထိုအချက်ကို လွတ်မြောက်ရန် အပေးးအယူအနေနှင့် သုံးလိုလျင်လည်း ပြသနာတော့မရှိ။ သူ စုချန်းကို ရှင်းပစ်လိုက်တော့မည်။ ထိုအခါ စုချန်းဆိုလိုသည့် ဖိအားသည်လည်း လေထဲတွင် လွင့်မြောပျောက်ကွယ်သွားပေလိမ့်မည်။
ဟင်...ဒါပေမဲ့ ဒီကောင် ဒီစကားတွေက်ို ဒီနေရာက လွတ်မြောက်ချင်လို့ ပြောနေတာမဟုတ်ဘူးဆိုရင်ကော...ဒီကောင့်မှာ နဂိုကတည်းက ထွက်ပြေးဖ်ို့ အစီအစဥ် ရှိပြီးသားဆိုရင်ကော...
ဒန်ဘာ မျက်မှောင်ကုတ်သွား၏။
ဤအတိုင်းသာဆိုလျင် စုချန်း လွတ်မြောက်သွားပေလိမ့်မည်။ ထိုအခါ လူသားများ၏ အင်အားသည်လည်း ခုန်ပျံကျော်လွှားတိုးတက်လာပေလိမ့်မည်။ သတ်ဖြတ်သူများအနေနှင့် ထိုအခြေအနေသို့ ဆိုက်ရောက်သွားလျင် လူသားများကို လိုက်မှီရန် မလွယ်တော့။ သို့သော် လိုက်မှီသည်ဖြစ်စေ၊ မမှီသည်ှီသည်ဖြစ်စေ တခုခုတော့ လုပ်ဆောင်ရပေလိမ့်မည်။ ငုတ်တုပ်ထ်ိုင်နေ၍ အလကားပင် မဟုတ်ပါလား။
ထိုအခါ ဒန်ဘာသည် စုချန်းအား ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ခုချိန်ထ်ိ မင်း ဒီနေရာကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတုန်းပဲလား"
စုချန်း ခေါင်းညိတ်လ်ိုက်၏။
"ဒီအခွင့်အရေးကို သဘောတူညီချက်ရဖ်ို့ ကျုပ်တို့ဘာကြောင့် မသုံးတာလဲ"
"မင်းက ဘာကို သဘောတူညီမှု ရချင်တာလဲ"
စုချန်းက တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ဒန်ဘာက လက်တဖက်ကို မြောက်လိုက်၏။
ဒန်ဘာ၏ အချက်ပြမှုထွက်ပေါ်လာသည်နှင့် လေထဲတွင် ပုဆိန်များ ပလူပျံသွားတော့သည်။ သတ်ဖြတ်သူစစ်သားတိုင်း ပစ်လွှတ်လိုက်သော ပုဆိန်ပျံများကြောင့် မြေပေါ်တွင် အရိပ်ကြီးထိုးကျလာ၏။ ကောင်းကောင်ပေါ်တွင်တော့ ပုဆ်ိန်သွားများအား နေရောင်ဟပ်၍ အရောင်တဝင်းဝင်းထနေလေသည်။
ဒန်ဘာ ဤသို့ ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်မထား။ ချီမင်းင်းဖန်သည်ပင် ထိတ်လန့့်တုန်လှုပ်သွား၏။
"မဟုတ်ဘူး"
ဒန်ဘာကား စုချန်းကို ရည်ရွယ်ချက်ရှိရှိနှင့် စိုက်ကြည့်လျက်ရှိသည်။
ဒီကနေ လွတ်မြောက်ဖို့ ယုံကြည်ချက်ရှိတယ်လို့ မင်း အခုတော့ ပြောနိုင်သေးလား...
ထိုအခိုက်မှာပင် ကျောက်သလင်းအက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ပုဆိန်များ စုချန်း၊ ဟေးစုနှင့် ညတစ္ဆေတို့ထံ ကျရောက်သွားချိန်မှာပင် ၎င်းတို့၏ ကိုယ်ခန္ဓာသည် ကျောက်သားများအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရ၏။ ထို့နောက် ၎င်းတို့၏ ကိုယ်ခန္ဓာများသည် သောင်းနှင့်ချီသော သလင်းစများအဖြစ် ကွဲအက်သွားတော့သည်။
"သွားပါပြီကွာ ကျုပ်ရဲ့အဖြိုက်သလင်းတွေတော့ ကွဲကုန်ပါပြီ"
စုချန်း၏ အသံသည် တစ္ဆေတကောင်သဖွယ် လေနှင့်အတူ လွင့်မြောလာ၏။
"ဒန်ဘာ မင်းမဆိုးဘူး ကျုပ် စ်ိတ်မပျက်အောင် စွမ်းဆောင်နိုင်သားပဲ"
"မင်း ဘယ်မှာလဲ"
ဒန်ဘာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရုပ်ဝတ္တုတစုံတရာအပေါ်တွင် ကပ်ငြိနေသည်နှင့်တူသော စုချန်း၏ အသံ ထပ်မံထွက်ပေါ်လာပြန်၏။
"မင်း ကျုပ်ကို တိုက်ခိုက်တဲ့အတွက် လက်ဆောင်တခု ချန်ထားခဲ့တယ် ကျုပ် ဘယ်လိုထွက်ပြေးသွားသလဲ မသိချင်ဘူးလား ဒန်ဘာ ကျုပ် ပြမယ် သေချာလိုက်ကြည့်ထားပေတော့"
စုချန်း၏ စကားဆုံးသည်နှင့် ရေကန်သည် အမြုပ်တစီစီထလာပြီး ဝဲဂယက်ထပ်မံ ဖြစ်ပေါ်လာပြန်၏။
"ပန်းဝတ်မှုံမဲ့တံခါး"
ဒန်ဘာ ကြောင်အန်းအန်း ဖြစ်သွားလေပြီ။
ထိုအချ်ိန်မှာပင် လေထဲမှ အလင်းတန်းတချို့သည် ပန်းဝတ်မှုံမဲ့တံခါးဆီသို့ တည့်တည့်မတ်မတ်ပင် ဦးတည်ပျံသန်းလာ၏။ ထိုအလင်းတန်းများမှာ စုချန်း၊ညတစ္ဆေ၊ ဟေးစု၊ ချီမင်းဖန်နှင့် စက္ကူဖြူအရုပ်တို့ပင် ဖြစ်သည်။
ဘာလဲဟ..ဒီကောင်တွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာလား..
ဒန်ဘာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပဲ ဖြစ်နေ၏။
စက္ကန့်ပိုင်းအတွင်းမှာပင် အရိပ်ငါးရိပ်သည် တံခါးပေါက်အတွင်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။
စုချန်းတို့လူစု တံခါးပေါက်မှ ပျောက်ကွယ်သွားချိန်တွင် ကန်ရေပြင်အား မိုးပြာရောင်လှိုင်းဂယက်တခု ဖြတ်သန်းသွား၏။
တဆက်တည်းမှာပင် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာလေသည်။
"စုချန်း မပြေးနဲ့"
အော်သံနှင့် တဆက်တည်းမှာပင် အနက်ရောင်လေထုကြီး ကန်အနီးသို့ ကျရောက်လာတော့၏။
"ဟာ နတ်ဆိုးသခင်အဆင့်သားရဲပါလား သေစမ်း"
ဒန်ဘာ ကျိန်ဆဲလိုက်မိလေသည်။ ဒုက္ခလှလှကြီးရောက်ပြီမှန်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။
***