← Chapters

စေ့စပ်ညှိုနှိုင်းခြင်း ၁

Vol. 68 Ch. 672

စေ့စပ်ညှိုနှိုင်းခြင်း ၁

Vol. 68 Ch. 672

ရန်သူတော်ကြီးနှစ်ဦးကား ထိပ်တိုက်ရင်ဆိုင်မိကြလေပြီ။ သူတို့သည် တယောက်က်ကို တယောက်က် စိုက်ကြည့်နေကြ၏။ သူတို့၏ မျက်လုံးအစုံတွင်ကား ခါးသီးသော အမုန်းတရားများနှင့် ပြည့်နှက်နေလေသည်။

အတန်ကြာမှ ဒန်ဘာက ဟက်ခနဲ ရယ်မောရင်း ပြောလိုက်၏။

"မတွေ့ရတာ အတော်ကြာသွားပြီပဲ စုချန်း ရွှေရေအပျက်အစီးသိုက်ကိစ္စကြီး ပြီးသွားကတည်းက ကျုပ် မင်းအကြောင်းကိုပဲ တချိန်လုံး စဥ်းစားနေမိတယ် မင်းဟာ အရင်ကထက် ပိုပြီး သန်မာလာတယ် ရင်ဆိုင်ဖို့ပိုခက်လာတယ်"

စုချန်း ပြုံးလိုက်၏။

"ကျုပ်လဲ မင်းလိုပါပဲ မင်းဟာ ကျုပ် ရင်ဆိုင်ဖူးသမျှထဲမှာ ညဏ်အကောင်းဆုံး သတ်ဖြတ်သူစစ်သားပဲ မင်းတို့မျိုးစိတ်အနေနဲ့ မင်းကို ရထားတာ အင်မတန် ကုသိုလ်ကံကောင်းတယ်လို့ ဆိုရမယ်"

သူတို့နှစ်ယောက်သည် တယောက်က်နှင့်တယောက်က် ရန်စကားမဆိုပဲ အထက်ပါအတိုင်း အပြန်အလှန် ချီးမွမ်းနေကြ၏။

အလွန်ထက်မြက်သူနှစ်ဦး တယောက်က်နှင့်တယောက်က အပြန်အလှန် ချီးမွမ်းခြင်းမှာ ဖြစ်ရိုးဖြစ်စဥ်ပင်။ နှိမ့်ချခြင်း၏ နောက်ကွယ်မှ မာနနှင့် အာဃာတကို သူတို့ အလွယ်တကူပင် ဖုံးကွယ်ထားနိုင်ကြလေသည်။

သို့သော် သာမာန်လုပ်ရိုးလုပ်စဥ်လုပ်ငန်း ပြီးသွားသည်နှင့် ၎င်းတို့အကြား ပြိုင်ဆိုင်မှုသည် ပြန်လည်အစပျိုးလာပြန်၏။ သူတို့နှစ်ဦးအနက် တဦးသည် ရှေ့တိုးရန်လိုအပ်ပြီး ကျန်တဦးကတော့ လဲကျသွားရန် လိုအပ်ပေသည်။ ပို၍ ရက်စက်ကြမ်းကြုတ်သူသာ ပို၍ ရှေ့တိုးလာနိုင်ပေလိမ့်မည်။

ထိုအခါ ဒန်ဘာက စကားစလိုက်၏။

"ဒန်ဘာဟာ ကျောက်တုံးပုတ်သင်အသိုက်ရဲ့ ဒန်ဘာပါပဲလေ သတ်ဖြတ်သူမျိုးစိတ်တခုလုံးရဲ့ ကံကြမ္မာကို ထားအုံး အသိုက်ရဲ့ ကံကြမ္မာကိုတောင် ကျုပ် ပြောင်းလဲနိုင်စွမ်းမရှိဘူး ဒါပေမဲ့ စုချန်းကတော့ လူသားမျိုးစိတ်တခုလုံးရဲ့ စုချန်းပဲ မင်းရဲ့ဖြစ်တည်မှုဟာ လူသားမျိုးစိတ်တခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်တယ် မင်းဟာ သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်နဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို ဖန်တီးနိုင်ခဲ့တယ် ဒါတင်မကဘူး သွေးနီဥပြိုကွဲဆေးမင်ကိုပါ မင်း ဖန်တီးနိုင်ခဲ့တယ် ဒီတွေ့ရှိမှုတွေကြောင့် လူသားမျိုးစိတ်တခုလုံးရဲ့ အင်အားဟာ သိသိသာသာကိုပဲ တိုးပွားလာခဲ့ပြီ"

စုချန်းက ပြန်ပြောလိုက်၏။

"မင်း မှားနေပြီ ဒန်ဘာ သွေးဆူပွက်ခြင်းနယ်ပယ်နဲ့ယန်ဖွင့်လှစ်ခြင်းနယ်ပယ်က ကျုပ်ဆရာ တီထွင်ခဲ့တာ ကျုပ် မဟုတ်ဘူး ကျုပ်အနေနဲ့ ဒီတီထွင်မှုကနေ ရလာတဲ့ အကျိုးအမြတ်တွေကိုပဲ ရယူခဲ့တာ အဲ..သွေးနီဥပြိုကွဲဆေးမင်ကိုတော့ ကျုပ်ရဲ့ တီထွင်မှုလို့ ပြောရင်ပြောနိုင်သပေါ့"

"ဒါပေမဲ့ မင်းဟာ ဒီသုတေသနလမ်းကြောင်းပေါ်မှာ ဆက်ရှိနေတုန်းပဲမလား မင်းပြောခဲ့သလို မင်းဆရာတီထွင်ပဲ ထားပါ ကျုပ်ကတော့ သူ့ထက်ကောင်းတဲ့ တီထွင်မှုတွေ မင်းလုပ်နိုင်မယ်လို့ ယုံကြည်နေတယ် အလင်းတုန်ခါခြင်းနယ်ပယ်ဆိုတာ လူသားမျိုးစိတ်ရဲ့ အင်အားကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ နယ်ပယ်မျိုးပဲ မင်းသာ ဒီနယ်ပယ်ထဲ သွေးဗီဇမလိုပဲ ဝင်နိုင်တဲ့နည်းလမ်းကို ရှာတွေ့သွားရင် ဒါက ရှေ့ကလူတွေအားလုံး ပေါင်းစပ်ထားသမျှထက် ကျော်လွန်သွားလိမ့်မယ် မင်းအနေနဲ့ ဒါက်ို လုပ်ချင်လုပ်နိုင်မယ် မလုပ်ချင်မလုပ်နိုင်ဘူး ဒါပေမဲ့ ဖြစ်နိုင်ချေရှိတယ်ဆိုတာတော့ ကျုပ် သိတယ် သတ်ဖြတ်သူမျိုးစိတ်ဝင်တဦးဖြစ်တဲ့ ကျုပ်အနေနဲ့ ဒီဖြစ်နိုင်ချေတွေကို ဖျက်ဆီးပစ်ရလိမ့်မယ် ဒါ ကျုပ်ရဲ့ တာဝန်ပဲ"

"ဒီတော့ ကျုပ်ကို ဖမ်းဖို့အတွက် မင်းက ရှိသမျှ စစ်သားအားလုံးကို ဒီခေါ်လာတာပေါ့လေ"

"မှန်တယ်"

ဒန်ဘာ၏လေသံမှာ ပြတ်သားနေ၏။

"သတ်ဖြတ်သူမျိုးစိတ်တခုလုံးရဲ့ ကံကြမ္မာအတွက် မင်း သေကိုသေရမယ်"

"ဒါဆိုရင်တော့ မင်း စိတ်ပျက်သွားမှာကိုတောင် ကျုပ် စိတ်ပူလာပြီ ဒီကနေ့မှာတော့ မင်း ကျုပ်ကို ဖမ်းဆီးနိုင်အုံးမယ် မထင်ဘူး"

စုချန်းက ပြုံးရင် ပြောလိုက်၏။

"မင်းမှာ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိလိမ့်မယ်ဆိုတာ ကျုပ် သိတယ် ဒါပေမဲ့ ကျုပ်ကတော့ ကြိုးစားကြည့်ရမှာပဲ"

​စကားဆုံးသည်နှင့် ဒန်ဘာသည် လက်တဖက်ကို မြောက်လိုက်၏။ ထိုအခါ များပြားလှသော သတ်ဖြတ်သးစစ်သားများသည် ၎င်းတို့၏ စစ်သုံးပုဆိန်များဖြင့် စုချန်းအား ပစ်ပေါက်ရန် ပြင်ဆင်လိုက်ကြသည်။

ထိုအခါ စုချန်းက အေးစက်သောလေသံနှင့် ပြောလိုက်ပြန်၏။

"မင်း တကယ်ပဲ ဒီလို လုပ်ချင်တာလား ကျုပ်နဲ့ ညှိုနှိုင်းဖို့ မင်းအနေနဲ့ ပိုလိုလားလိမ့်မယ်လို့ ကျုပ်က တွေးနေတာ"

ဒန်ဘာက ခေါင်းခါပြလ််ိုက်သည်။

"ညတာတွေ အရမ်းရှည်လာရင် အိပ်မက်အများကြီး မက်တတ်တာ ဓမ္မတာပါပဲကွာ"

ဤနေရာတွင် ဒန်ဘာ၏ အနေအထားသည် ဗီလိန်ဇာတ်ရုပ်ဟု ဆိုနိုင်သည်။ သို့သော် သူလုပ်သမျှသည်ကား သူမျိုးစိတ်အတွက် ဖြစ်နေ၏။ ယခုလည်း ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် တိုက်ပွဲစတင်ရန် သူ အသင့်ဖြစ်နေခဲ့လေပြီ။ တိုက်ပြီးစပြီးမှ စုချန်း၏ အခြားအစီအစဥ်များအကြောင်းကို သူ သိရလျင်လည်း ပြသနာတော့မရှိ။

စုချန်း သက်ပြင်းချလိုက်သည်။

"ကျုပ် ပြီးတဲ့အထိ ခနလေး စောင့်ပေးလို့မရဘူးလားကွာ"

ဒန်ဘာ ခေါင်းခါလိုက်၏။

"ခုချိန်မှာ ကျုပ်ကို တားနိုင်တာ ဘာမှမရှိတော့ဘူး"

ထို့နောက် ဒန်ဘာက အမိန့်ပေးရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ကြားဖြတ်ပြောလိုက်ပြန်၏။

"တကယ်လို့ ကျုပ်မှာ သတ်ဖြတ်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပိုအားကောင်းလာစေပြီး သူတို့ရဲ့ မူလစွမ်းအင်အာရုံခံနိုင်စွမ်းကို ပိုမြင့်မားလာစေနိုင်မဲ့ နည်းလမ်းတခု ရှိနေတယ်ဆိုရင်ကောကွာ"

ဒန်ဘာ၏ လက်သည် လေထဲမှာပင် ရပ်တန့့်သွား၏။ ထို့နောက် သူက စုချန်းအား အံ့သြတကြီးနှင့် စိုက်ကြည့်လိုက်သည်။

"ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"ဒီကမ္ဘာလောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးကွ"

စုချန်းက စကားဆက်လိုက်၏။

"မင်းအနေနဲ့ ကျုပ်အကြောင်းကို သိထားရင် ကျုပ် ဘာလုပ်န်ိုင်သလဲ မင်း သဘောပေါက်ထားရမှာပေါ့ ကျုပ် လူသားမျိုးနွယ်ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်က ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်ရင် သတ်ဖြတ်သူတွေအတွက်ကော ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ကျုပ် ဒီနယ်မြေထဲ ရောက်နေတာ အတော်ကြာပြီ မင်းတို့မျိုးစ်ိတ်ဝင်တချို့ကိုလဲ ကျုပ် ဖမ်းဆီးပြီး စမ်းသပ်ပြီးသွားပြီ မင်းတို့ရဲ့ မူလစွမ်းအင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးဖို့ဆိုတာ ကျုပ်အတွက် ဘာမှမဟုတ်တော့ဘူး ဒါတင်မက သွေးဗီဇမလိုတဲ့ နည်းစနစ်တွေ လူသားတွေအတွက် ကျုပ် ရှာဖွေထားတဲ့ နည်းစနစ်တွေကို သတ်ဖြတ်သူတွေအတွက်လဲ ကျုပ် လုပ်ပေးလို့ရတယ် ဒါ ဘာကိုဆိုလိုမှန်းတော့ မင်းကောင်းကောင်းသိပါတယ်လေ ဟုတ်တယ်မလား ဒန်ဘာ"

ဒန်ဘာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေပြီ။

ဤနေရာသို့ သူ လာခဲ့စဥ်က သူ့တွင် ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့၏။ ယခုတော့ စုချန်း၏ စကားကြောင့် သူ ယုံကြည်မှု ပျက်ပြားသွားခဲ့လေပြီ။ သူ ဘာဆက်လုပ်ရမှန်း မသ်ိတော့။

စုချန်းသည် စကားအနည်းငယ်နှင့် သူတို့မျိုးစိတ်၏ လှပသော အနာဂတ်ကို ပုံဖော်ပြနေခဲ့လေပြီ။ သူ စိတ်လှုပ်ရှားလာသည်ကတော့ အမှန်ပင်။

လူသားများ၏ မျှော်လင့်ချက်သည် သတ်ဖြတ်သူများ၏ မျှော်လင့်ချက် ဘာကြောင့် မဖြစ်နိုင်ရမည်နည်း။

တနေ့နေ့တွင် သူတို့အနေနှင့် လူသားများကိုပါ ကျော်တက်သွားနိုင်သေး၏။

ထိုအခါ ဒန်ဘာက အသက်က်ို ဝအောင်ရှုရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ပထမတချက်အနေနဲ့ မင်း ဒါက်ို လုပ်နိုင်မယ်လို့ ကျုပ် ဘာကြောင့် ယုံကြည်သင့်တာလဲ ဒုတိယတချက်အနေနဲ့ မင်း လုပ်နိုင်တယ်ပဲထားအုံး ဘာကြောင့် ကျုပ်တို့ကို ပေးရမှာလဲ ကျုပ်တို့နဲ့ မင်းတို့ဟာ နှစ်ပေါင်းထောင်သောင်းချီ ရန်သူတွေ ဖြစ်ခဲ့ကြတာမလား ကိုယ့်ရန်သူတွေရဲ့ အင်အားက်ို သ်ိသိသာသာ တိုးပွားလာစေမဲ့ နည်းလမ်းတခုကို မင်း ဘာကြောင့် ပေးရမှာလဲ"

စုချန်းက ပြန်ဖြေလိုက်၏။

"ပထမတချက်ကို ဖြေရရင် မင်း မေးခွန်းမှားနေတယ် ဘာကြောင့်လဲဆိုတော့ အဲဒီနည်းလမ်းကို ကျုပ် ရှာတွေ့ခဲ့ပြီးပြီမို့လို့ပဲ ကျုပ်အနေနဲ့ သတ်ဖြတ်သူတွေရဲ့ ခန္ဓာဗေဒကို အတော်လေး နားလည်သွားခဲ့ပြီ ဒါကြောင့် သတ်ဖြတ်သူတွေရဲ့ မူလစွမ်းအင်အာရုံခံနိုင်စွမ်းကို တိုးမြှင့်ပေးဖို့ဆိုတာ ကျုပ်အတွက် ပြသနာကြီး မဟုတ်တော့ဘူး ဒါပေမဲ့ ဒါက်ို ပြီးအောင်လုပ်ဖို့ အကြောင်းပြချက် မရှိတော့ ကျုပ်ရှာတွေ့တဲ့နည်းလမ်းကို ပြီးပြည့်စုံအောင် ကျုပ် မလုပ်ရသေးဘူး ဒီအတွက် အချိန်တခုတော့ လိုတယ် ဒုတိယတချက်ကို ဖြေရရင်တော့ မင်းတို့နဲ့ကျုပ်တို့ ရန်သူတွေ ဖြစ်နေခဲ့ကြတာ မှန်တယ် ဒါပေမဲ့ လူသားတွေရဲ့ ပင်မရန်သူဟာ မင်းတို့မဟုတ်ဘူး သားရဲတွေပဲ ကုန်ကုန်ပြောရရင်ကွာ ညဏ်ရည်မြင့်မျိုးစိတ်အားလုံးရဲ့ ပင်မရန်သူဟာ သားရဲတွေပဲ ဒီအခြေခံစည်းမျဥ်းက ဘယ်တော့မှ မပြောင်းလဲဘူး လူသားတွေ အင်အားတိုးလာရင် သားရဲတွေကို ကြာကြာခုခံနိုင်မယ် သတ်ဖြတ်သူတွေ အင်အားတိုးလာရင်လဲ ဒီအတိုင်းပဲ"

ဒန်ဘာ တကိုယ်လုံး တုန်ခါသွား၏။ စုချန်း၏ စကားလုံးများသည် သူ့နှလုံးသားသို့တိုင် ထိုးဖောက်ဝင်ရောက်သွားသည် မဟုတ်ပါလား။

ညဏ်ရည်မြင့်မျိုးစိတ်များသည် အချင်းချင်းတိုက်ခိုက်နေကြသည့်တိုင် သားရဲများသည် သူတို့အားလုံး၏ နံပါတ်တစ်ရန်သူ ဖြစ်နေသေး၏။

ထို့ကြောင့် စုချန်း၏ စကားသည် အခြေခံအားဖြင့် မမှား။

သို့သော် ဒန်ဘာသည် ထိုအချက်ကြောင့်ပင် စုချန်းအား မယုံကြည်နိုင်ပဲ ဖြစ်နေ၏။

ထိုအခါ သူက ခေါင်းခါရင်း ပြောလိုက်သည်။

"မင်းပြောတာဟာ မှန်သလိုလိုတော့ ရှိတယ် ဒါပေမဲ့ ရာနှုန်းပြည့်တော့ မမှန်ှဘူးကွ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဟာ မင်းတို့ရဲ့ ရန်သူတွေအဖြစ် ရှိနေတုန်းပဲ မင်းတို့အနေနဲ့ ငါတို့နယ်မြေတွေကို သိမ်းယူမယ် မျိုးပွားမယ် လူဦ်းရေတိုးပွားလာအောင် လုပ်မယ် အင်အားကြီးလာအောင် ဆောင်ရွက်မယ် ဒီနည်းလမ်းနဲ့လဲ သားရဲတွေကို မင်းတို့ ရင်ဆိုင်နိုင်သားပဲ ရန်သူတွေထဲက တယောက်ကို ရင်ဆိုင်ဖို့ မင်းမှာ နည်းလမ်းရှိတယ် ဒီအခြေအနေမှာ နောက်ထပ်ရန်သူတယောက်က်ကို ချေမှုန်းပစ်နိုင်ဖို့ အခွင့်အရေးလဲ ရှိနေတယ်ဆိုရင် ဒီလိုအခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံမှာတုန်းကွ"

**

All Chapters