← Chapters

ကပ်ဘေးအား ဖိတ်ခေါ်ခြင်း ၁

Vol. 68 Ch. 675

ကပ်ဘေးအား ဖိတ်ခေါ်ခြင်း ၁

Vol. 68 Ch. 675

မြက်ခင်းပြင်အား ဖြတ်ကျော်ပြီးနောက် သူတို့အားလုံး နန်းတော်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိသွား၏။

နန်းတော်၏ အဝင်ပေါက်တံခါးတွင်တော့ အလယ်အလတ်အဆင့့် နတ်ဆိုးသားရဲနှစ်ကောင် စောင့်ကြပ်လျက်ရှိသည်။

အဆိုပါ နတ်ဆိုးသားရဲနှစ်ကောင်အား မြင်တွေ့လိုက်သောအခါ ချီမင်းင်းဖန် ခေါင်းမွေးထောင်သွား၏။ သို့သော် လက်ရှိတွင် လေးညို့မှ မြားအား ပစ်လွှတ်လိုက်ပြီး ဖြစ်သည်။ သူ ဘာမှမတတ်နိုင်တော့။ စုချန်းလုပ်သည့်အတိုင်း မီးစဥ်ကြည့်ကရတော့မည်သာ။

သို့သော် စုချန်းကား ဘာကိုမှ ဂရုစိုက်ဟန်မတူ။ အစောင့်ဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားရင်း အောက်ပါအတိုင်း ပြောလိုက်၏။

"အရှင်မင်းကြီးရဲ့အမိန့်အရ ကျုပ် ဒီကို စစ်ပွဲကရတဲ့ ရတနာတွေ လာပို့တာ"

စကားဆုံးသည်နှင့် သူက မူလလက်စွပ်ကို ဖွင့်ပြလိုက်၏။ လက်စွပ်ထဲတွင်တော့ အမျိုးမျိုးသော ရတနာများနှင့် ပြည့်နှက်နေလေသည်။

ထိုရတနာများမှာ သတ်ဖြတ်သူများထံမှ ကောင်းကင်ဘုံလက်သီးတပ်ရင်း လုယက်ထားသည့်ရတနာများပင် ဖြစ်သည်။ စုချန်းသည် ထိုရတနာများအား သူသယ်ယူလာသည့် ရိက္ခာများနှင့် လှဲယူခဲ့ခြင်းပင်။ တကယ်တော့ ချီမင်းဖန်၏ အကြံအစည်အား ယခင်ကတည်းက စုချန်းတယောက်က် အကောင်အထည်ဖော်ပြီးခဲ့လေပြီ။

ယခုတော့ စုချန်းသည် သူရရှိထားသော ရတနာများအားလုံးကို ထုတ်သုံးလိုက်ပြီ ဖြစ်သည်။

တခုလိုချင်လျင် တခုတော့ပြန်ပေးရမည် မဟုတ်ပါလား။

ငါးကြီးကြီးအားမျှားရန် ငါးစာများများသုံးရန် မတွန့်တိုသင့်ပေ။

များပြားလှသော ရတနာများအား မြင်လိုက်ရသောအခါ သားရဲနှစ်ကောင် မျက်လုံးပြူးသွား၏။ သူတို့အနေနှင့် မည်သည့့်သံသယမှ ရှိဟန်မတူပဲ ချက်ချင်း ပြန်ပြောလိုက်သည်။

"ခနစောင့် ခေါင်းဆောင်ကို အကြောင်းကြားလိုက်အုံးမယ်"

သိပ်မကြာမီ အိုမင်းရင့်ရော်နေဟန်ရှိသော သင်းခွေချပ်ကြီးတကောင် သူတို့ရှိရာသို့ ဦးတည်လာ၏။

ထ်ိုသင်းခွေချပ်ကြီး၏ တကိုယ်လုံးတွင် ရွှေရောင်အကြေးခွံများနှင့် ဖုံးအုပ်နေပြီး ခြေထောက်နှစ်ချောင်းဖြင့် မတ်တပ်ရပ်နေလေသည်။ ၎င်းက စုချန်းအား ခြေဆုံးခေါင်းဆုံးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းတို့က အရှင်မင်းကြီးလွှတ်လိုက်တဲ့ အစေအပါးတွေလား ကျုပ် မင်းတို့ကို တခါမှ မမြင်ဖူးပါလား"

စုချန်းက ပြန်ဖြေလိုက်၏။

"ခေါင်းဆောင်က်ို အစီရင်ခံပါတယ် ကျုပ်နာမည် အမဲလိုက်အိပ်မက်ဆိုးလို့ ခေါ်ပါတယ် ကျုပ်ကို အရှင်မင်းကြီးကိုယ်တိုင် တလောကမှ ရာထူးတိုးပေးထားတာပါ ဒါကြောင့်မို့ ခေါင်းဆောင် ကျုပ်တို့ကို မမြင်ဖူးတာပေါ့"

သင်းခွေချပ်ကြီးသည် စုချန်းအား စူးစမ်းဟန်ဖြင့် စိုက်ကြည့်နေ၏။

"အရှင်မင်းကြီးက ဒီကို တခါမှမမြင်ဖူးတဲ့ကောင် လွှတ်လိုက်တယ်ပေါ့ ဟုတ်လား အမဲလိုက်ဘုရင်တို့ အနီရောင်နတ်ဆိုး အနက်ရောင်မီးတောက်တို့ ဘယ်ရောက်နေသလဲ သူတို့ ဘာလို့မလာတာလဲ မင်းက အသေးစားအလယ်အလတ်အဆင့်သားရဲပဲဟာ မင်းလိုကောင်မျိုးကို အရှင်မင်းကြီးက ကိုယ်တိုင်ရာထူးတိုးပေးလိုက်တယ်ပေါ့လေ"

သင်းခွေချပ်ကြီး၏ ဝါကျတကြောင်းစီတိုင်းသည် ချီမင်းင်းဖန်၏ နှလုံးသားကို ပြင်းစွာ တုန်လှုပ်စေ၏။

သင်းခွေချပ်ကြီးသည် ကြည့်လိုက်လျင် ဘာမှမဟုတ်ဟု ထင်ရသော်လည်း အဆင့်ငါးနတ်ဆိုးအရှင်သခင်အဆင့် သားရဲဖြစ်သည်။ ၎င်း၏ လက်တဖက်တည်းနှင့် ချီမင်းဖန်တို့လူသိုက်အား ရှင်းပစ်နိုင်၏။

သို့တိုင်အောင် စုချန်းက ရယ်မောရင်း ရှင်းပြလိုက်သည်။

"ခေါင်းဆောင်သံသယဖြစ်တာက ဖြစ်သင့်ပါတယ် ဒါပေမဲ့ ခေါင်းဆောင်သိတဲ့အတိုင်း စစ်ပွဲတွေမှာ ရာထူးတိုးဖို့ဆိုတာ လွယ်လွယ်လေးပဲလေ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော်ဟာ သတ်ဖြတ်သူအသိုက်ခေါင်းဆောင်ကို သတ်လိုက်နိုင်တဲ့အပြင် ဝိညာဥ်မျိုးစိတ်ဝင်အကျဥ်းသားတယောက်ကိုပါ ရှာတွေ့ခဲ့တယ် ကျွန်တော်က အဲဒီအကျဥ်းသားကို အရှင်မင်းကြီးလက်ထဲ ဆက်သလိုက်တယ် ဒီမှာတင် ကျွန်တော် ရာထူးတိုးသွားတာပဲ"

"ဝိညာဥ်မျိုးစိတ်ဝင်အကျဥ်းသား ဟုတ်လား ထူးဆန်းလှပါလား ဘယ့်နှယ်ကြောင့် ဒီကောင်တွေ ဝိညာဥ်မျိုးစိတ်ဝင်တွေက်ို ဖမ်းထားရတာပါလိမ့်"

သင်းခွေချပ်ကြီးကား စိတ်ဝင်စားလာဟန်တူသည်။

ထိုအခါ စုချန်းလည်း မိုးသောက်ပန်းမြို့တွင် ဖြစ်ပွားခဲ့သည့် အ​ဖြစ်အပျက်များအား ရှင်းပြလိုက်၏။

စုချန်း ပြောပြလိုက်သည့်အဖြစ်အပျက်များမှာ လူသားများ၏ တိုက်ခိုက်မှုနေရာတွင် သားရဲများ၏ တိုက်ခိုက်မှုကို အစားထိုးထားသည်မှအပ အားလုံး အမှန်အတိုင်းပင် ဖြစ်သည်။

သတ်ဖြတ်သူများသည် ဝိညာဥ်မျိုးစိတ်ဝင်များအား အသုံးပြုပြီး စိတ်ဝိညာဥ်သလင်းများ ဖန်တီးနေကြောင်း ကြားရသည့်အခါ သင်းခွေချပ်ကြီး အတော်ပင် အံ့သြသွားပုံရ၏။

စိတ်ဝိညာဥ်သလင်းများဟူသည် ဖန်တီးရန် အလွန်ခဲယဥ်း၏။ ၎င်းတို့သည် နတ်ဆိုးဧကရာဇ်များအတွက်ပင် တန်ဖိုးကြီးသော ရတနာများ ဖြစ်ကြသည်။ စုချန်း ရာထူးတိုးမြှင့်ခြင်းခံရသည့် အကြောင်းပြချက်မှာ ဤအတိုင်းဆိုလျင် ခိုင်လုံနေခဲ့လေပြီ။ ထိုအခါ သင်းခွေချပ်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။

"လက်စသတ်တော့ ဒီလိုကိုး အရှင်မင်းကြီးဟာ စိတ်ဝိညာဥ်ကွဲထွက်ခြင်းနည်းစနစ်ကို ကျင့်ကြံနေတာကွ မင်းဆသလိုက်တဲ့ ရတနာက သူ့အတွက် သိပ်ပြီးတန်ဖိုးကြီးနေတာပေါ့ ဒါကြောင့်မို့လို့ သူ မင်းကို ဒီလိုအရေးကြီးတဲ့တာဝန်ပေးလိုက်တာပေါ့လေ အိုး ဒီမှာလဲ ရတနာတွေအများကြီးပါလားကွ အေးအေး ဟုတ်ပြီ ကျုပ် လက်ခံလိုက်ပါမယ်"

များပြားလှသည့် ရတနာများအား မြင်တွေ့လိုက်ရသည့်နောက်တွင်တော့ သင်းခွေချပ်ကြီး၏ ရင်ထဲမှ သံသယများ လွင့်ပျယ်သွားပြီဖြစ်သည်။ ဆိုးယုတ်သော ဆန္ဒရှိသူတဦးသည် ဤမျှများပြားသော ရတနာများကို လွယ်လင့်တကူတော့ တပါးသူလက်ထဲသို့ အလကားထည့့်ပေးလိမ့်မည်မဟုတ်။

သင်းခွေချပ်ကြီး၏ စဥ်းစားတွေးခေါ်ပုံသည် အကြောင်းသင့်အကျိုးသင့်နိုင်၏။ သို့သော် ထိုစဥ်းစားပုံကြောင့်ပင် စုချန်း၏ ထောင်ချောက်အတွင်းသို့ သူ ကျရောက်သွားရတော့သည်။

"ကောင်းပါပြီခင်ဗျာ"

ထို့နောက် စုချန်းသည် မူလလက်စွပ်အား သင်းခွေချပ်ကြီးလက်ထဲသို့ ထည့့်ပေးလိုက်၏။ ထို့နောက် သူက ပြောလိုက်ပြန်သည်။

"ပြီးတော့ ခေါင်းဆောင်ခင်ဗျာ ကျုပ် လက်စွပ်ထဲမထည့်ပဲ သပ်သပ်သယ်လာတဲ့ ရတနာတွေလဲ ရှိနေသေးတယ်ခင်ဗျ"

"အိုး ဘာများလဲကွ"

စုချန် တစုံတခုကို ဆွဲထုတ်ပြီး သင်းခွေချပ်ကြီးအား ပြသလိုက်၏။ ၎င်းမှာ ခရမ်းနက်ရောင်အမွှေးတောင်တခုဖြစ်ပြီး ငွေကဲ့သို့သောအရည်တမျိုးထဲတွင် အပေါ်အောက် ရွေ့လျားလျက်ရှိသည်။

ထိုအရာကို မြင်သည်နှင့် သင်းခွေချပ်ကြီး၏ မျက်လုံးအစုံ ပြူးကျယ်ဝိုင်းစက်သွားတော့၏။

"ဟာ ဒါ ကောင်းကင်ဆုတ်ဖြဲအမွှေးတောင်နဲ့ အလင်းငွေရည်ပဲ ဘယ်လိုဖြစ်တာတုန်း ဒါကောင်းကင်ဆုတ်ဖြဲကျီးနက်ဘုရင်ရဲ့အမွှေးတောင်နဲ့ အရိုးမဲ့ဘုရင်ရဲ့လျှို့ဝှက်ရတနာမလား"

ကောင်းကင်ဆုတ်ဖြဲကျီးနက်ဘုရင်ဟူသည် လူသိများထင်ရှားသော နတ်ဆိုးဘုရင်ဖြစ်ပြီး ၎င်း၏ လေဟာနယ်စွမ်းရည်မှာ အထူးပင် နာမည်ကြီးလှ၏။ ထိုစွမ်းရည်အရ ၎င်းသည် မည်သည့်လေဟာနယ်မျိုးကိုမဆို သဲလွန်စမချန်ပဲ ဝင်ထွက်သွားလာနိုင်လေသည်။

အဆိုပါကျီးနက်ဘုရင်သည် နှစ်တရာကြာတိုင်း အမွှေးကျွတ်တတ်၏။ ၎င်း အမွှေးတခါကျွတ်တိုင်း သက်စောင့်မွှေးတပင်စီ ချန်ထားခဲ့တတ်လေသည်။ ထိုသက်စောင့်မွှေးကိုသာ အသုံးပြုခွင့်ရပါက သင်သည် ကျီးနက်ဘုရင်၏ လေဟာနယ်စွမ်းရည်များအား ပိုင်ဆိုင်သွားမည် ဖြစ်သည်။ ထို့ကြောင့် သက်စောင့်မွှေးသည် ကျီးနက်ဘုရင်၏ တန်ဖိုးအကြီးဆုံး ရတနာဟု ဆိုနိုင်၏။

ထ်ို့ကြောင့် နတ်ဆိုးသားရဲများသည် ကျီးနက်ဘုရင်၏ သက်စောင့်မွှေးအား ပိုင်ဆိုင်နိုင်ရန် အမြဲတစေ အာသီသရှိနေကြ၏။ သို့သော် သက်စောင့်မွှေးသည် ကျီးနက်ဘုရင်၏ စွမ်းအားနှင့် ဆက်စပ်နေသဖြင့် အလွယ်တကူ ရယူရန်တော့ မလွယ်လှ။ ထို့ကြောင့် အနီရောင်နှလုံးသားကိုယ်တိုင် ကျီးနက်ဘုရင်၏ သက်စောင့်မွှေးကို လိုချင်စိတ်ရှိသော်လည်း ယခုတိုင် ထိုဆန္ဒကို မဖြည့်ဆည်းနိုင်သေး။ ယခုတော့ စုချန်းက ကျီးနက်ဘုရင်၏ သက်စောင့်မွှေးတောင်အား ကိုယ်တိုင် ယူဆောင်လာခဲ့လေပြီ။

စုချန်းအဖို့တော့ သူ တတ်ကျွမ်းထားသော စွမ်းရည်များကြောင့် သက်စောင့်မွှေးတောင်အား ရယူရန်မှာ ခက်ခဲလှသည့် ကိစ္စမဟုတ်။

ကျီးနက်ဘုရင် မရှိခိုက်တွင် စုချန်းသည် စက္ကူဖြူအရုပ်၏ လမ်းညွှန်မှုဖြင့် ကျီးနက်ဘုရင်၏ အသိုက်တွင်းသို့ အဆင့်မြှင့်တင်ထားသော အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အားသုံးကာ ခိုးဝင်ခဲ့၏။ ထို့နောက် သူသည် ထ်ိုနည်းစနစ်နှင့်ပင် အသိုက်တွင်းမှ အလွယ်တကူ ပြန်ထွက်လာနိုင်ခဲ့လေသည်။ စုချန်း၏ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကြောင့် ဒန်ဘာ၏ စစ်တပ်သည်ပင် သူ့အား မဖမ်းမိခဲ့ကြောင်းကြည့်လျင် ထိုနည်းစနစ်၏ စွမ်းအားကို မြင်သာပေသည်။

အလင်းငွေရည်မှာကား လေဟာနယ်ဆိုင်ရာပစ္စည်းများအား တံဆိပ်ခပ်နှိပ်ပေးထားနိုင်သော စွမ်းရည်ရှိ၏။ ၎င်းသာ မရှိလျင် သက်စောင့်မွှေးတောင်သည် ပိုင်ရှင်ဆီသို့ ပြန်ရောက်သွားပေလိမ့်မည်။

ထို့ပြင် သက်စောင့်မွေးတောင်သည် လေဟာနယ်ဆိုင်ရာ ရတနာဖြစ်နေ၍ မူလလက်စွပ်အတွင်း သိမ်းဆည်း၍ မရပေ။ အကယ်၍ သိမ်းဆည်းမိပါက သက်စောင့်မွေးတောင်မှ ထွက်လာသောစွမ်းအင်များကြောင့် လက်စွပ်တခုလုံး ပျက်စီးသွားပေလိမ့်မည်။

သင်းခွေချပ်ကြီးသည် ပြောပြောဆိုဆိုပင် သက်စောင့်မွေးတောင်အား လှမ်းယူလ်ိုက်၏။ ထ်ိုအခါ စုချန်းက ပြောလိုက်သည်။

"ခေါင်းဆောင် သတိထားပါ ဒီသက်စောင့်မွေးတောင်ရဲ့စွမ်းအင်က်ို အလင်းငွေရည်နဲ့ သော့ခတ်ထားပေမဲ့ ငွေရည်မှာ အထိအခိုက်နည်းနည်းရှိလို့ သက်စောင့်မွေးဟာ အချိန်မရွေး ကျီးနက်ဘုရင်ဆီ ပြန်ရောက်သွားနိုင်တယ် ဒါကြောင့် အရှင်မင်းကြီးက မှာလိုက်ပါတယ် သယ်ဆောင်သူဟာ ဒါကိုသယ်ဆောင်မယ်ဆိုရင် သီးခြားကျင့်ကြံခြင်းနည်းစနစ်တရပ်နဲ့ အားဖြည့်ပေးထားဖို့ လိုပါသတဲ့"

"ဘယ်လိုကျင့်ကြံခြင်းနည်းစနစ်များလဲကွ"

သင်းခွေချပ်ကြီးကား စုချန်း၏ စကားကို အနည်းငယ်မှ ယုံမှားသံသယဖြစ်နေခြင်းမရှိ။ သူကိုယ်တိုင်လည်း သက်စောင့်မွေးတောင်၏ စွမ်းရည်ကို ကောင်းကောင်းသိထားသည် မဟုတ်ပါလား။

စုချန်းလည်း ဘရုခ်ဖော်မြူလာကို သုံးပြီး သူ ဖန်တီးထားသော နည်းစနစ်အကြောင်းကို ကွယ်ဝှက်ခြင်းမရှိပဲ အမှန်အတိုင်းပင် ရှင်းပြလိုက်၏။

စုချန်း ရှင်းပြသည်ကိုနားထောင်ရင်း သင်းခွေချပ်ကြီး ခေါင်းပူသွား၏။ ဤမျှ ရှုပ်ထွေးသောနည်းစနစ်ကို အချိန်တိုအတွင်း လေ့ကျင့်ရန် မည်သို့မှမဖြစ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။

"ထားလိုက်တော့ မင်းပြောတဲ့နည်းစနစ်က ရှုပ်လွန်းတယ် မင်းကိုယ်တိုင်ပဲ ဒါကိုသယ်ပြီး သိုလှောင်ခန်းထဲ လိုက်ခဲ့ပေတော့"

"ကောင်းပါပြီခင်ဗျာ"

စုချန်းက ပြန်ဖြေလိုက်သည်။

စုချန်း၏ ပြောဆိုလုပ်ကိုင်နေပုံကိုကြည့်ရင်း တစုံတခုကို ချီမင်းဖန် နားလည်လိုက်၏။

လက်စသတ်တော့...ဒီကောင် ဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားတာကိုး...

တဆက်တည်းမှာပင် သူတို့အားလုံး သင်းခွေချပ်ကြီးအား ဂရုဏာသက်မိတော့သည်။

သင်းခွေချပ်အိုကြီး...ခင်ဗျားတော့ ကပ်ဘေးကို လက်ရပ်ပ်ခေါ်လိုက်မိပြီ

***

All Chapters