← Chapters

ကပ်ဘေးအား ဖိတ်ခေါ်ခြင်း ၂

Vol. 68 Ch. 676

ကပ်ဘေးအား ဖိတ်ခေါ်ခြင်း ၂

Vol. 68 Ch. 676

စုချန်းသည် သင်းခွေချပ်ကြီးနောက်မှနေ၍ နန်းတော်အတွင်းသို့ လိုက်ပါသွား၏။ အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ကြီးမားသောဟောခန်းတခုသို့ ရောက်ရှိသွားလေသည်။

တံခါးပေါက်၏ ရှေ့တွင် ကြံ့ကြီးတကောင် လဲလျောင်းအိပ်စက်လျက်ရှိ၏။ သာမာန်ကြံ့တော့မဟုတ်။ နတ်ဆိုးအရှင်သခင်အဆင့်ကြံ့ပေတည်း။

သင်းခွေချပ်ကြီးက ကြံ့ကြီးအား ဦးညွတ်ရင်း ပြောလိုက်သည်။

"အိမ်တော်ထိန်း ဝင်ခွင့်တောင်းခံပါတယ်"

ကြံ့ကြီးက သင်းခွေချပ်ကြီးအား လှမ်းကြည့်ရင်း မေးလိုက်သည်။

"အိုး လက်စသတ်တော့ အိမ်တော်ထိန်းကြီး ရောက်လာတာကိုး တခုခုလိုတာများ ရှိလို့လား"

"ရှေ့တန်းကနေ ရတနာတွေအများကြီး ပို့လာလို့... အရှင်မင်းကြီး ပို့ခိုင်းလိုက်တာ"

သင်းခွေချပ်ကြီးက ပြန်ဖြေလိုက်၏။

"အိုး ဒီလိုလား ကြွပါခင်ဗျာ ကြွပါ"

ပြောပြောဆိုဆို ၎င်းက ဘေးသို့ဖယ်ပေးလိုက်သည်။

တံခါးသည် ကျွီခနဲ ပွင့်သွား၏။ တံခါး၏ အလွန်တွင်တော့ မှောင်မည်းနေသော လမ်းရှည်ကြီး ရှိနေသည်။

"ကျုပ် ခြေလှမ်းတဲ့အတိုင်း လှမ်း နည်းနည်းလေးမှ မလွဲစေနဲ့"

သင်းခွေချပ်ကြီးက စုချန်းအား သတိပေးလိုက်လေသည်။

"ကောင်းပါပြီခင်ဗျာ"

ထို့နောက် သင်းခွေချပ်ကြီးသည် လမ်းအတိုင်း အထဲသို့ လျှောက်ဝင်လိုက်၏။ စုချန်းလည်း သင်းခွေချပ်ကြီးနောက်မှ ထပ်ချပ်မကွာ လိုက်ပါလိုက်လေသည်။ အချိန်အတန်ကြာသော် သူတို့နှစ်ယောက်သည် ထူးဆန်းပြီး အမျိုးမျိုးသော ရတနာများနှင့် ပြည့်နှက်နေသည့် သိုလှောင်ခန်းတခုသို့ ရောက်ရှိလာ၏။

"ဒီလမ်းမှာ အင်မတန်အန္တရာယ်များတဲ့ မူလပုံစံကွက် ၁၈မျိုးထိ ရှိနေတယ်ကွ တခုမှားသွားတာနဲ့ မင်းကို ကျုပ် မကယ်နိုင်တော့ဘူး ရတနာတွေကို လုံခြုံအောင်ထားဖို့ဆိုတာကလဲ ဒီလိုမှ ဖြစ်မှာလေကွာ ဒီကိုရောက်ရင်တော့ မင်း လုံခြုံသွားပါပြီ"

ရတနာများအား ခိုးထုတ်ရန် အတော်ပင် ခက်ခဲနေသောကြောင့် စုချန်း ကြိတ်၍ကျိန်ဆဲလိုက်သည်။

ထို့နောက် သူက ပြောလိုက်၏။

"ခေါင်းဆောင် ဒီကျီးနက်ဘုရင်ရဲ့ အမွေးတောင်ဟာ အင်မတန်တန်ဖိုးကြီးတဲ့ ရတနာဖြစ်လို့ အလုံခြုံဆုံးနေရာမှာ ထားဖို့ အရှင်မင်းကြီးက မှာလိုက်ပါတယ်"

"အိုး ရတာပေါ့ကွ မင်း ဟိုဖက် ခနလှည့်နေစမ်း"

သင်းခွေချပ်ကြီး၏ စကားအတိုင်း စုချန်း နာခံလိုက်၏။ ထိုအခါ သင်းခွေချပ်ကြီးသည် အခန်း၏ ထောင့်သို့လျှောက်သွားပြီး တစုံတခုကို ပြုလိုက်လိုက်ဟန်တူသည်။ ကျွီခနဲမြည်သံနှင့်အတူ တံခါးတချပ်ပွင့်သွားပြီး လျှို့ဝှက်အခန်းငယ်တခန်း ပေါ်လာ၏။

ထိုအခါ သင်းခွေချပ်ကြီးက ပြောလိုက်သည်။

"ကဲ မင်းပစ္စည်းကို ဒီမှချထားလို့ရပြီ"

"ကောင်းပါပြီခင်ဗျာ"

စုချန်းလည်း သင်းခွေချပ်ကြီး၏ စကားအတိုင်း ကျီနက်ဘုရင်၏ အမွေးတောင်ကို အောက်သို့ချလိုက်၏။ သို့သော် သူက အမွေးတောင်အား အောက်သို့ချသည်နှင့်မပြီးပဲ တစုံတခု ပြုလုပ်လိုက်ရာ ငွေရည်သည် အရောင်တောက်ပလာပြီး ပျောက်ကွယ်သွားလေသည်။

သင်းခွေချပ်ကြီးက အံ့သြသင့်ဟန်ဖြင့် မေးလိုက်၏။

"မင်း ဘာတွေလုပ်နေတာတုန်း"

တကယ်တော့ သူသည် နတ်ဆိုးအရှင်သခင်အဆင့်သားရဲဖြစ်သော်လည်း အရှင်မင်းကြီး၏ တိုက်ရိုက်ခန့်အပ်ခြင်းခံရသူဖြစ်ပြီး သူ့ဘဝတလျှောက်လုံး မင်းကြီး၏ထံပါးတွင်သာ တာဝန်ထမ်းဆောင်ခဲ့ရ၏။ ထို့ကြောင့် သူသည် အတွေ့အကြုံမရှိ။ ဗဟုသုတအရာတွင် အားနည်း၏။ သူ သိသည်မှာ အိမ်မှုကိစ္စများ စီမံခန့်ခွဲရန်သာ ဖြစ်သည်။ လေဟာနယ်ဆိုင်ရာနည်းစနစ်များနှင့် ပတ်သက်၍ သူ နကန်းတလုံးမှပင် မသ်ိ။

စုချန်းက တရိုတသေပင် အစီရင်ခံလိုက်၏။

"ဒီအလင်းငွေရည်ဟာ လေဟာနယ်အက်ကွဲကြောင်းတွေကို ဖုံးကွယ်ထားပေးနိုင်တဲ့အတွက် စစ်မြေပြင်မှာ အလွန်အသုံးဝင်တယ် ဒါကြောင့် အရှင်မင်းကြီးက ဒါကို ပြန်ယူလာဖို့ ညွှန်ကြားထားပါတယ်ခင်ဗျာ"

"ဟင် ဒါဆို ကျီးနက်ဘုရင်ရဲ့အမွေးတောင်ကျတော့ ဘယ်လိုလုပ်မလဲ"

စုချန်းက ရှင်းပြလိုက်ပြန်၏။

"အမွေးတောင်ကို ထိန်းသိမ်းထားဖို့ လုံလောက်တဲ့ ငွေရည်ပမာဏတချို့ ချန်ထားခဲ့ပါတယ် ဒီအတောအတွင်း သူ့ကို သွားမထိသရွေ့ အဆင်ပြေပါတယ် ခေါင်းဆောင် အရှင်မင်းကြီး ပြန်လာတာနဲ့ ဒီကိစ္စကို ကိုင်တွယ်ပါလိမ့်မယ်"

"အိုး ဒီလိုကိုး"

သင်းခွေချပ်ကြီး နားလည်သဘောပေါက်သွားဟန်တူသည်။ ဘာမှဆက်မမေးတော့။

ထို့နောက် စုချန်းသည် အမွေးတောင်အား ငွေရည်တချို့နှင့် ဖုံးအုပ်ပြီး တည်ငြိမ်မှုရှိစေရန် မူလပုံစံတချို့ ဖန်တီးလိုက်၏။ ပြီးမှ သူက သက်ပြင်းချရင်း ပြောလိုက်သည်။

"ပြီးပါပြီခင်ဗျာ"

ကိစ္စဝိစ္စများ ဆောင်ရွက်ပြီးသည်နှင့် စုချန်းသည် သင်းခွေချပ်ကြီးနှင့်အတူ အပြင်သို့ ထွက်လာခဲ့၏။ အပြင်သို့ရောက်သည်နှင့် သင်းခွေချပ်ကြီးက ပြောလိုက်သည်။

"အမဲလိုက်အိပ်မက်ဆိုး မင်းဟာ ခရီးရှည်ကြီးကို ဖြတ်သန်းပြီး အရှင်မင်းကြီးရဲ့ရတနာတွေကို သယ်ယူလာနိုင်ခဲ့တယ် မင်းရဲ့ကြိုးပမ်းအားထုတ်မှုကတော့ တကယ်ကို ချီးကျူးလောက်စရာပဲ ဒီတော့ ဒီမှာ ရက်နည်းနည်းလောက်နေပြီး အနားယူသွားပါအုံးလား"

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။

"အရှင်မင်းကြီးက အလင်းငွေရည်ကို သူ့ဆီပြန်ယူလာဖို့ စောင့်နေပါတယ်ခင်ဗျာ ဒါကြောင့် ကျွန်တော် ပြန်မှရမှာပါ"

"ဒါဆိုလဲ ကျုပ် မတားတော့ပါဘူးကွာ"

စုချန်းလည်း သင်းခွေချပ်ကြီးအား နှုတ်ဆက်ပြီး သူ့ခြေလှမ်းများကို ချီမင်းဖန်တို့ရှိရာသို့ ဦးတည်လိုက်သည်။ ချီမင်းဖန်တို့ကား နန်းတော်နောက်ကျောရှိ ပန်းဥယျဥ်ထဲတွင် ရှိနေပြီး တခြားသားရဲများနှင့် စကားလက်ဆုံကျလျက်ရှိသည်။

ပုံပြင်ကို ဦးဆောင်နေသူကား ညတစ္ဆေပင် ဖြစ်ပုံရ၏။

"ကျုပ်လဲ ချက်ချင်းဆိုသလို ကျုပ်ရဲ့ ငွေဓားကိုဆွဲထုတ်ပြီး သတ်ဖြတ်သူစစ်သားကို သတ်ပစ်လိုက်တာပေါ့ အဲဒီမှာပင်..."

ထိုအခါ ညတစ္ဆေ၏ စကားကို နားမလည်ဟန်ဖြင့် တချိုက ဝင်မေးကြလေသည်။

"ဟင် အနီရောင်မြေခွေးရဲ့ အဓိကစွမ်းရည်ဟာ ညှို့ငင်ဖမ်းစားခြင်းပဲ မဟုတ်လား ဘယ်လိုဖြစ်လို့ ငွေဓားကို သုံးရတာလဲ"

ညတစ္ဆေ ပါးစပ်ပြဲသွား၏။ ထို့နောက် သူမက ဘာဆက်ပြောရမှန်း မသိတော့ပဲ ချီမင်းဖန်ကို လှမ်းကြည့်လိုက်သည်။

ထိုအခါ ချီမင်းဖန်က ခပ်မြန်မြန်ပင် ဝင်ရောက်ဖာထေးလိုက်ရသည်။

"ဓားတွေလှံတွေ ပလူပျံနေတဲ့နေရာမှာ သူ့ရဲ့ ညှို့ငင်ဖမ်းစားခြင်းစွမ်းရည်က အသုံးမဝင်တော့ဘူးလေ မင်း တယောက်က်ယောက်ကို ဖမ်းစားနေတုန်း ကျန်တယောက်က ဓားနဲ့ဝင်ခုတ်သွားမှာ ဒါကြောင့် သူ ဓားကိုသုံးပြီး အနီးကပ်တိုက်ခိုက်နေရတာပေါ့"

"ဟုတ်တယ် အဲဒီအတိုင်းပဲ"

ညတစ္ဆေက ချီမင်းင်းဖန်၏ စကားကိုနင်းရင်း အာဘောင်အာရင်းသန်သန်နှင့် စကားဆက်လိုက်ပြန်သည်။

"ပထမသတ်ဖြတ်သူစစ်သားကို သတ်ပြီးတာနဲ့ နောက်ထပ် စစ်သားသုံးယောက် ကျုပ်ဆီခုန်ဝင်လာပြန်တယ် ဒါပေမဲ့ အနီရောင်ဝံပုလွေဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာပဲ ကျုပ်လဲ ရေပြင်ညီလမင်းစန္ဒာဓားနဲ့ သူတို့ကို တကြိမ်တည်း ရှင်းပစ်လိုက်တာပေါ့"

ထိုစဥ်သားရဲတကောင်က ဝင်မေးလိုက်ပြန်၏။

"ရေပြင်ညီလမင်းစန္ဒာဓား ဟုတ်လား အဲဒါ လူသားတွေအသုံးပြုတဲ့ နည်းစနစ်နဲ့ တူနေသလိုပဲနော်"

ညတစ္ဆေ ဘာပြောရမှန်းမသိ ဖြစ်သွားပြန်၏။ ချီမင်းဖန် သက်ပြင်းချရင်း ဝင်ရှင်းရပြန်သည်။

"အနီရောင်ဝံပုလွေရဲ့ ညှို့ငင်ဖမ်းစားခြင်းစွမ်းရည်ဟာ ရန်သူကို ဖမ်းစားနိုင်တဲ့အပြင် ရန်သူ့စွမ်းရည်တွေကိုပါ သင်ယူနိုင်စွမ်း ရှိတယ်လေ သူ လူတွေဆီက မူလစွမ်းရည်တချို့ကို သင်ယူထားပြီး တိုက်ပွဲမှာ အသုံးချလိုက်တာပဲပေါ့"

"အော် အဲဒီလိုကိုး"

ညတစ္ဆေက စကားဆက်ပြန်၏။

"ပြီးတာနဲ့ ကျုပ်လဲ လမ်းတလျှောက်မှာရှိတဲ့ ရန်သူတွေကို အပြင်းအထန် တိုက်ခိုက်တော့တာပဲ ကျုပ်ရဲ့ သူရဲကောင်းဆန်တဲ့ တိုက်ခိုက်ပုံကို အရှင်မင်းကြီးက သဘောကျသွားဟန်ပေါ်တယ် ဒါကြောင့်မို့ စုချန်းနဲ့အတူ ဒီကို လွှတ်လိုက်တာပဲပေါ့"

ထိုစဥ် သားရဲတကောင်က မေးလိုက်ပြန်သည်။

"ဒါနဲ့ စုချန်းဆိုတာ ဘယ်သူလဲ"

ညတစ္ဆေ ထပ်မံစကားမှားသွားပြန်၏။ အမှားသေးမဟုတ်။ တကယ့်အမှားကြီး ဖြစ်သည်။ သို့သော် ဤတကြိမ်တွင်တော့ သူမက ဘူးခံငြင်းလိုက်လေသည်။

"ကျုပ်ပါးစပ်က စုချန်းဆိုပြီး ပြောမိလို့လား"

သားရဲများအားလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

"မင်းတို့ နားကြားလွဲတာ ဖြစ်မှာပါ"

သားရဲများအားလုံး ပြိုင်တူခေါင်းခါလိုက်ကြပြန်သည်။

ညတစ္ဆေ ချီမင်းဖန်အား လှမ်းကြည့်လိုက်ပြန်သည်။ ချီမင်းဖန် သက်ပြင်းချကာ ဝင်ရှင်းရပြန်၏။

"သူ ပြောတာ စုချန်းမဟုတ်ဘူး ရှုးချန်းလို့ပြောတာ ရှုးချန်းဆိုတာ လက်နက်ချသူလို့ အဓိပ္ပာယ်ရတယ်လေ ဒါပေမဲ့ တိုက်ပွဲကြီးစတော့ ရှုးချန်းဟာ သူ့နာမည်ကို အမဲလိုက်အိပ်မက်ဆိုးလို့ ပြောင်းလိုက်တယ် ကျုပ်တို့ကျတော့ သူနဲ့ နဂိုတည်းက သူငယ်ချင်းတွေလေ ဒါကြောင့် အရင်နာမည်ဟောင်းဖြစ်တဲ့ ရှူးချန်းကိုပဲ ခေါ်မိနေတာပေါ့"

ထိုအခါကျမှ ညတစ္ဆေ စိတ်သက်သာရသွားွားတော့၏။

ထို့နောက် သူမက ပြောလိုက်ပြန်သည်။

"ဟုတ်တယ် ဟုတ်တယ် အဲဒီအတိုင်းပဲ ဒါကို ခေါင်း...."

"အဟွတ် အဟွတ်"

ညတစ္ဆေ၏ ပါးစပ်မှ ခေါင်းဆောင်ချီဟူသော စကားထွက်မလာခင် ချီမင်းဖန် ကျယ်လောင်စွာ ချောင်းဟန့်လိုက်သည်။

တဆက်တည်းမှာပင် သူ ငိုချင်စိတ်ပေါက်လာ၏။

တယ် ဒီကလေးမ...ကျေးဇူးပြုပြီး ပါးစပ်ပိတ်ပါတော့လားကွာ...

ကံကောင်းသည်မှာ ထိုအချိန်တွင် စုချန်း ရောက်ရှိလာခြင်းပင် ဖြစ်သည်။

ချီမင်းဖန်တယောက်က် စုချန်းအား ကမန်းကတန်းပင် ပြေးကြိုလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"အတော်ပဲ မင်းရောက်လာတာ သူ့ကို ပါးစပ်လေးပိတ်ထားဖို့ ပြောပေးစမ်းပါကွာ တော်ကြာ ငါတို့အကုန် သေကုန်တော့မယ်"

"ဘာလဲ သူ ပြသနာရှာပြန်ပြီလား"

ထိုအချိန်မှာပင် အဝေးဆီမှ ညတစ္ဆေ၏ အသံထွက်ပေါ်လာ၏။

"ဟေး စုချန်း ပြန်လာပြီပေါ့လေ"

သူမ၏ အသံကြောင့် စုချန်း ဆံပင်မွေးများပင် ထောင်ကုန်၏။

ချီမင်းဖန်က စိတ်ပျက်လက်ပျက်နှင့် ပြန်အော်လိုက်သည်။

"အသံထွက်ကို မှန်အောင်ထွက်စမ်းပါဟ ပြီးတော့ ဆရာရှုးဟာ သူ့နာမည်ကို အမဲလိုက်အိပ်မက်ဆိုးလို့ ပြောင်းထားတယ်လို့ ကျုပ် ပြောပြီးပြီလေကွာ ကျေးဇူးပြုပြီး အဲဒီနာမည်ကြီး မခေါ်ပါနဲ့တော့လား"

တဆက်တည်းမှာပင် သူက စုချန်းဘက်သို့လှည့်ပြီး ပြောလိုက်သည်။

"ကဲ မင်းတွေ့ပြီမလား ဘယ်လောက်တောင် ပြသနာရှာနေလိုက်သလဲဆိုတာ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်ပြလိုက်၏။

***

All Chapters