← Chapters

လေဟာနယ်ကွဲကြောင်းကြောင့်သေဆုံးခြင်း

Vol. 68 Ch. 679

လေဟာနယ်ကွဲကြောင်းကြောင့်သေဆုံးခြင်း

Vol. 68 Ch. 679

စုချန်း၏ ဓားချက်ထွက်ပေါ်လာသည်နှင့် အလင်းရောင်များ ဝင်းလက်သွားပြီး မီးပွင့်မီးဖွားများ ပြန့်ကျဲသွား၏။

မူလစွမ်းအင်ကို အမြင့်ဆုံးအနေအထားထိ နှိုးဆွလိုက်ရာမှ ထွက်ပေါ်လာသော ရလဒ်ပေတည်း။ ​ပြင်းထန်သော အားလှိုင်းများနှင့် စွမ်းအင်များ ပေါင်းစပ်မှုကြောင့် နေရာအနှံ့တွင် ကြယ်စုံခသည့် ညသဖွယ် ဖြစ်သွားလေသည်။

အဆိုပါ ကြယ်စုံမြစ်သည် ဟေးစု၏ ဦးခေါင်းဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။ ဟေးစု၏ မျက်လုံးများ ပြာဝေသွားလေပြီ။

"မလုပ်နဲ့"

ချီမင်းင်းဖန် သွေးရူးသွေးတန်းနှင့် ထအော်လိုက်သည်။

သို့သော် သူ့ခမျာ အော်ရုံမျှသာ တတ်နိုင်ရှာ၏။ အလင်းရောင်သည် မြန်ဆန်လှသည် မဟုတ်ပါလား။

ဓားချက်ကား တချက်တည်းပင်။

ဟေးစု၏ ဦးခေါင်းကား ဓားတချက်တည်းနှင့် သူ့ကိုယ်ခန္ဓာဆီမှ ခွဲခွာသွားခဲ့လေသည်။

သို့သော် ဟေးစု၏ ကြမ္မာဆိုးကို ချီမင်းင်းဖန် အနည်းငယ်မှ မအံ့သြမိ။ အကြောင်းမှာ ထိုဓားချက်မျိုးသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၏ ဓားချက်မဟုတ်ပဲ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ဓားချက်မျိုး ဖြစ်နေကြောင်း သူ သဘောပေါက်လိုက်ခြင်းကြောင့်ပင်။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ အင်အားပြည့်တိုက်ခိုက်မှုမျိုးကို ဟေးစု မခုခံနိုင်သည်မှာ ဘာမှမဆန်း။ သာမာန်သာ ဖြစ်သည်။

ဤနေရာတွင် အံ့သြစရာဟူ၍ တခုသာရှိသည်။ ၎င်းမှာ စုချန်းတယောက်က် ဤဓားချက်မျိုးကို မည်သို့ ဖော်ထုတ်နိုင်သနည်းဟူသော အချက်ပင်။

သို့သော် စုချန်းဟူသည် အံ့သြစရာအများအပြားကို ဖန်တီးပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ချီမင်းဖန်အနေနှင့် အထူးတလည်လုပ်၍ အံ့သြမနေတော့။

ဟေးစု၏ ခေါင်းမပါသော ကိုယ်ခန္ဓာအတ္တဘောကြီးကား ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲပြိုသွားလေသည်။ ဟေးစု အသက်ပျောက်သွားသည့့်ခနမှာပင် စုချန်းသည် ၎င်းလက်ထဲမှ မူလလက်စွပ်ကို လုယူထားပြီး ဖြစ်သည်။

"အာဝူး"

ထိုအခိုက်မှာပင် အပြင်ဘက်ဆီမှ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာ၏။ သိုလှောင်ခန်းအား စောင့်ကြပ်နေသော ကြံ့ကြီး၏ အော်သံပေတည်း။

တကယ်တော့ ဟေးစုသည် အော်ချိန်ပင် မရလိုက်။ စုချန်း၏ ဓားချက်မှ ထွက်ပေါ်လာသော မူလစွမ်းအင်များ လေထဲအတွင်း ပျံ့နှံ့သွားခြင်းကြောင့် အပြင်ဘက်မှ ကြံ့ကြီး အာရုံခံမိသွားခြင်းပင်။

အော်သံသည် အချက်ပေးခေါင်းလောင်းတခုသဖွယ် နန်းတော်အနှံ့သို့ စက္ကန့်ပိုင်းတခုအတွင်းမှာပင် ပျံ့နှံ့သွား၏။

စုချန်းကား ၎င်းကို မသိသယောင်ပြုပြီး ချီမင်းဖန်ဆီသို့ လျှောက်သွားကာ လက်ဝါးဖြန့်လိုက်လိုက်သည်။

"ကဲ မိုးသခင်ကြီး"

ချီမင်းင်းဖန် ကယောင်ကတန်းနှင့် မူလလက်စွပ်အား စုချန်းလက်သို့ထည့်ပေးရင်း ပြောလိုက်၏။

"မင်း ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ကျုပ်သိချင်လို့ပါ ကျုပ် မင်းကို အတိုက်ုက်အခံလုပ်ဖို့ မရည်ရွယ်ပါဘူးကွာ"

ချီမင်းင်းဖန်က ရှင်းပြရန်ကြိုးစားလိုက်၏။

တကယ်တော့ ထိုသို့ ရှင်းပြရန် ကြိုးစားလိုက်ခြင်းမှာ ချီမင်းဖန်တယောက်က် စုချန်း၏ သနားညှာတာမှုကို တောင်းခံလိုက်သည်နှင့် အတူတူသာ။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဖြစ်သော ချီမင်းဖန်ကား စုချန်း၏ ရှေ့မှောက်တွင် ခေါင်းငုံ့လိုက်ပေပြီ။

"ကျုပ် သိပါတယ်"

စုချန်းက မည်သည့်ခံစားချက်မှမရှိသော လေသံနှင့် ပြောလိုက်၏။

ထိုအခိုက်မှာပင် ညတစ္ဆေနှင့် စက္ကူဖြူအရုပ်တို့ကလည်း ၎င်းတို့လက်ထဲရှိလက်စွပ်များကို စုချန်းလက်ထဲသို့ ထည့်ပေးလိုက်ကြလေသည်။

ထိုအခိုက်မှာပင် အပြင်ဘက်မှ သားရဲများ၏ ဆူဆူညံညံအသံများ ထွက်ပေါ်လာ၏။

သားရဲကြံ့ကြီးများ၏ အသံပေတည်း။

စုချန်းအနေနှင့် အချိန်ဖြုန်း၍ မရတော့။ တဖက်တွင်လည်း ကျီးနက်ဘုရင်အမွေးတောင်၏ လေဟာနယ်စွမ်းအင်များ ကုန်ခန်းစပြုလာ၍ ဝဲဂယက်သည် မတည်မငြိမ်ဖြစ်စပြုလာပြီ မဟုတ်ပါလား။

ထိုအခါ စုချန်းသည် ရှေ့သို့တလှမ်းတိုးပြီး လေဟာနယ်ဝဲဂယက်၏ အပြင်သို့ တိုးထွက်လိုက်၏။ စုချန်း၏ နောက်မှ ညတစ္ဆေနှင့် စက္ကူဖြူအရုပ်တို့ လိုက်ပါလာကြလေသည်။

ချီမင်းဖန်လည်း နောက်မှလိုက်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် စုချန်းသည် သူ့ရှေ့တွင်ဓားကိုင်လျက် မတ်တပ်ရပ်နေကြောင်း ချီမင်းဖန် မြင်တွေ့လိုက်ရသည်။

ထို့နောက် စုချန်းက မူလပုံစံငွေပြားအား ညွှန်ပြလိုက်၏။

ချီမင်းဖန်၏ လှုပ်ရှားမှုများ ရုတ်ချည်းပင် တုံ့ဆိုင်းသွား၏။ သူ စုချန်းအား လှမ်းကြည့်လိုက်သည်။

စုချန်းက ပြောလိုက်၏။

"တနေရာက တနေရာကို ပို့ဆောင်နေတဲ့အချိန်မှာ ဒီဧရိယာပျက်စီးသွားရင် ဘာဖြစ်တတ်သလဲ ခင်ဗျား သိသလား"

ချီမင်းဖန် မျက်လုံးပြူးသွား၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ကျုပ်တော့ မသ်ိဘူး ဒါကြောင့် ကျုပ် အခုသိချင်နေတယ် လေဟာနယ်ပို့ဆောင်နေတုန်း ပို့ဆောင်ခြင််းဧရိယာပျက်စီးသွားရင် အထဲက သက်ရှိ ဘာဖြစ်သွားသလဲဆိုတာကိုပေါ့"

ချီမင်းဖန်၏ နဖူးပေါ်မှ ချွေးများစီးကျလာ၏။ သူ စုချန်းအား အော်ဟစ်တောင်းပန်လိုစိတ်များ ပေါ်ပေါက်လာသည်။ သို့သော် သူ ဘာမှမပြောနိုင်။ စုချန်းကိုသာ အတိုင်းသား စိုက်ကြည့်နေမိ၏။

သူ့နောက်မှ ကျယ်လောင်လှသော ခြေသံများမှာလည်း ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်သည်။ တဆက်တည်းမှာပင် အခန်းတံခါးအား ကြံ့ကြီး၏ ဦးခေါင်းနှင့် ဆောင့်ဖွင့်သံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

တံခါးသည် လွန်စွာမာကျောသည့် သတ္တုနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် ကြံ့ကြီး၏ အကြီးပေါင်းများစွာ ဆောင့်တိုက်မှုကိုတော့ မခံနိုင်။ ဤအတိုင်းဆိုလျင် သိပ်မကြာမီ တံခါးပွင့်သွားပေတော့မည်။

ချီမင်းဖန် အကြီးအကျယ် ကြောက်လန့်လာ၏။ အဆိုပါသားရဲကြီး၏ အင်အားကို သူ မည်သို့မှ ယှဥ်နိုင်ဖွယ်ရာ မရှိ။

ထိုအခါ သူက စကားစလိုက်သည်။

"စုချန်း ကျုပ်......"

"သစ္စာဖောက်ရင် ဘယ်လိုခံစားရသလဲ ခင်ဗျား အခုသိပြီလား"

ချီမင်းင်းဖန် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင် ဒီအချိန်ပိုင်းလေး ဒီခံစားချက်ကို တသက်က်လုံး မမေ့အောင် ခင်ဗျား မှတ်ထားပါ နောက်နောင် ဒီအမှားမျိုး ဘယ်တော့မှ မလုပ်မိစေနဲ့"

ထိုအချိန်မှာပင် အုန်းခနဲမြည်သံနှင့်အတူ အခန်းတံခါးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ကြောက်စရာကောင်းလှသော သားရဲကြံ့ကြီး တဟုန်ထိုး ပြေးဝင်လာ၏။ ၎င်းထံမှ ကြီးမားသော အားလှိုင်းကလည်း ချီမင်းင်းဖန်ထံသို့တိုင် ရိုက်ခတ်လာလေသည်။

ထိုအခါကျမှ စုချန်းက ဓားကိုပြန်သိမ်းပြီး ချီမင်းင်းဖန်အား သတိပေးလိုက်၏။

"မြန်မြန်ထွက်လာခဲ့တော့"

စုချန်း၏ အသံထွက်ပေါ်လာသည်နှင့် ချီမင်းဖန် လေဟာနယ်ဝဲဂယက်အတွင်းသို့ အားကုန်ခုန်ဝင်လိုက်၏။ ချက်ချင်းဆိုသလို သူ တောအုပ်ငယ်အတွင်းသို့ ရောက်ရှိသွားလေသည်။

အပြင်ဘက်သို့ရောက်သည်နှင့် ချီမင်းဖန်တယောက်က် ပတ်ဝန်းကျင်ကို ပြူးတူးပြဲတဲနှင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ စုချန်းသည် ယခုတိုင် ဝဲဂယက်ရှေ့တွင် မတ်တပ်ရပ်နေပြီ အခန်းတွင်းရှိ အဖြစ်အပျက်များအား ပြုံးစေ့စေ့နှင့် ကြည့်ရှုနေကြောင်း သူ တွေ့လိုက်ရသည်ည်။

"မြန်မြန် ဝဲဂယက်ကို ပိတ်လိုက်တော့"

ချီမင်းင်းဖန် သွေးရူးသွေးတန်းနှင့် အော်လိုက်သည်။ သားရဲကြံ့ကြီးသာ ဝဲဂယက်ကိုသုံးပြီး သူတို့နောက်သို့ လိုက်လာပါက အားလုံး ဒုက္ခများသွားနိုင်သည် မဟုတ်ပါလား။

ထင်သည့်အတိုင်းပင် ကြံ့ကြီးသည် ဝဲဂယက်အတွင်းသို့ ခုန်ဝင်လာ၏။ ထိုအချိန်မှာပင် စုချန်းက မူလပုံစံငွေပြားအား ဓားနှင့် ခုတ်ချလိုက်လေသည်။

ကျယ်လောင်သောအသံတချက်ထွက်ပေါ်လာပြီး ငွေပြား ပျက်စီးသွား၏။ လေဟာနယ်ဝဲဂယက်မှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် ကြံ့ကြီး၏ ဦးခေါင်းမှာ ဝဲဂယက်အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအခိုက်ဝယ် ကြမ်းတမ်းသောလေဟာနယ်စွမ်းအင်သည် အတွင်းရှိ အရာအားလုံးကို ဓားသွားတခုပမာ ခုတ်ဖြတ်ပစ်လိုက်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရ၏။ ထို့နောက် ကြံကြီး၏ ကြီးမားလှသော ဦးခေါင်းပြတ်ကြီးသည် စုချန်းရှေ့သို့ ဖုတ်ခနဲ ပြုတ်ကျလာတော့သည်။

"အာဝူး"

သို့တိုင်အောင် သားရဲကြံကြီး၏ ခေါင်းပြတ်ကား ယခုအချိန်ထိ အော်ဟစ်နေသေး၏။ ထို့နောက် ဘယ်နေရာက ပေါ်လာမှန်းမသိသော သားရဲကြံ့ကြီး၏ ပုံရိပ်ယောင်သည်လည်း ဘွားခနဲ ပေါ်ထွက်လာလေသည်။ ပုံရိပ်ယောင်၏ ထိန်းချုပ်မှုအောက်ဝယ် ကြံခေါင်းပြတ်ကြီးမှ ပန်းထွက်လာသော သွေးများသည် သံမဏိမြားများသဖွယ် စုချန်းဆီသို့ ဦးတည်လာ၏။

သားရဲများဟူသည် နတ်ဆိုးအရှင်သခင်အဆင့်ရောက်သွားသည်နှင့် လွယ်လင့်တကူ မသေနိုင်တော့။ ဦးခေါင်းမရှိသည့်တိုင် ပြန်လည်ရှင်သန်နိုင်စွမ်းရှိကြ၏။ အကြောင်းမှာ ၎င်းတို့၏ စိတ်ဝိညာဥ်စွမ်းအားသည် မြင့်မားလွန်း၍ အရာဝတ္တုများအား စိတ်ဝိညာဥ်စွမ်းအားနှင့် ထိန်းချုပ်နိုင်သောရှိသောကြောင့်ပင်။ တနည်းအားဖြင့် စိတ်ဝိညာဥ်စွမ်းအား မပျက်စီးမချင်း ၎င်းတို့အနေနှင့် ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။

သို့သော် ထိုစွမ်းအင်သည်လည်း အနှိုင်းမဲ့တော့မဟုတ်။ ကန့်သတ်ချက်များ ရှိနေ၏။

ကြံ့ကြီးသည် ၎င်း၏ စိတ်ဝိညာဥ်စွမ်းအားကို ၎င်းကိုယ်ခန္ဓာတည်ဆောက်ရန် အသုံးပြုလိုက်ပါက ၎င်းသည် တကြိမ်သာ ပြန်လည်ရှင်သန်လာနိုင်တော့မည် ဖြစ်သည်။ သို့သော် ထိုအစား ၎င်း၏ စ်ိတ်ဝိညာဥ်စွမ်းအားများအားလုံးကို စုချန်းအား တိုက်ခိုက်ရာတွင်လည်း သုံးလိုကသုံးနိုင်၏။

မည်သို့ပင်ဖြစ်စေ အရှင်သခင်၏ ရတနာများအား ခိုးယူသွားသည့့် အနှီ ခွေးမသားကိုတော့ သတ်ဖြစ်အောင်သတ်ရပေလိမ့်မည်။

ကြံ့ကြီး၏ ဆုံးဖြတ်ချက်ကား ပြတ်သားသွားလေပြီ။

ကံမကောင်းအကြောင်းမလှသည်မှာကား ထိုစွမ်းအားသည် စုချန်းအား တိုက်ခိုက်ရာတွင် အသုံးမကျခြင်းပင်။

အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအားများ ဝုန်းခနဲ ပေါ်ထွက်လာ၏။ ကြံ့ကြီး၏ စိတ်ထဲတွင် နတ်ဆိုးဘုရင်တပါးနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရလေသည်။

"မဟုတ်ဘူး"

ကြံ့ကြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ သို့သော် စုချန်း၏ အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအားကို သူမခံနိုင်။ တခနအတွင်းမှာပင် ၎င်း၏ စိတ်ဝိညာဥ်စွမ်းအားသည် ပါးလျားကုန်ပြီး ၎င်း၏ ကိုယ်ခန္ဓာမှာ ပြာကျသွားတော့သည်။

၎င်း၏ ကိုယ်ခန္ဓာမှ ကြွင်းကျန်ရစ်သောပစ္စည်းဟူ၍ နတ်ဆိုးအရှင်သခင်မူလသလင်းသာ ကျန်ရစ်၏။ ထိုသလင်းကို စုချန်း သိမ်းဆည်းထားလိုက်လေသည်။

၎င်းသည်လည်း ရနိုင်ခဲသောရတနာတပါးဖြစ်၍ သူ့ဟာနှင့်သူ တန်ဖိုးကြီးမားသည်ပင်။

***

All Chapters