ပြန်လည်ညှိုနှိုင်းခြင်း
Vol. 69 Ch. 681
လမင်းစန္ဒယာဥ်သည် သတ်ဖြတ်သူနယ်စပ်ဆီသို့ ဦးတည်ပြီး ကောင်းကင်ပေါ်တွင် ငှက်တကောင်ပမာ ပျံသန်းနေ၏။
သားရဲနယ်မြေတွင် အနီရောင်နှလုံးသား၏ ရတနာများကို ခိုးယူနိုင်ခဲ့ပြီ ဖြစ်၍ စုချန်းတယောက် မူလနေရာသို့ ပြန်ရန် အချိန်ကျရောက်လာခဲ့လေပြီ။
လမင်းစန္ဒာယာဥ်သည် အထက်ပါအတိုင်း မည်သည့်အန္တရာယ်နှင့်မှ မကြုံရပဲ ချောချောမောမောပင် ခရီးဆက်နေ၏။ အကြောင်းမှာ လမင်းစန္ဒာယာဥ်ထက် ပိုမိုမြန်ဆန်သော နတ်ဆိုးသားရဲဟူ၍ များများစားစား မရှိသောကြောင့်ပင်တည်း။
ကောင်းကင်တခွင်သည်လည်း ကြည်လင်ပြီး တိမ်ကင်းစင်နေ၏။
ယာဥ်ပျံသည် တရိပ်ရိပ်နှင့် ပြေးလွှားနေ၏။ သူတို့အောက်ဘက်တွင်တော့ ကျယ်ပြောလှသော ကွင်းပြင်ကြီး။ မြင်ကွင်းမှာ လွမ်းမောစရာကောင်းပါဘိတောင်း။
ယခုအချိန်တွင် သူတို့နောက်မှ လိုက်လာသူမရှိတော့၍ စုချန်းသည် စိတ်အေးလက်အေးနှင့်ပင် သဘာဝအလှကို ခံစားရင်း ယာဥ်ပျံကို မောင်းနှင်နေလေသည်။
ထိုအခိုက်မှာပင် သူ့အောက်ရှိ မြေပြင်ဆီမှ လှုပ်ရှားမှုတချို့ကို စုချန်း မြင်တွေ့လိုက်ရသည်ည်။ အနီးကပ်ကြည့်လိုက်မှ ၎င်းမှာ သတ်ဖြတ်သူမျိုးစိတ်များဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်၏။
သတ်ဖြတ်သူမျိုးစိတ်ဝင်များ၏ အနေအထားကို မြင်သည်နှင့် ၎င်းတို့သည် ပြင်းထန်လှသော တိုက်ပွဲကြီး ဆင်နွှဲလာရကြောင်း စုချန်း ချက်ချင်းပင် သိလိုက်သည်။ ၎င်းတို့၏ အသေအပျောက်ကလည်း နည်းလှပုံမရ။ ထိုအထဲမှတချို့သည်လည်း ဒဏ်ရာရှိထားကြောင်း တွေ့နေရသည်။
၎င်းမှာ အနက်ရောင်လေ၏ လက်ချက်ကြောင့်ပင်ဖြစ်ကြောင်း စုချန်း တထစ်ချ ယူဆလိုက်၏။
၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့်သားရဲဖြစ်သော်လည်း သောင်းနှင့်ချီသော သတ်ဖြတ်သူစစ်သားများကိုတော့ ယှဥ်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့် တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို စုချန်း ကြိုတင်ခန့့်မှန်းထားပြီးသားပင်။
တဖက်တွင်လည်း အနက်ရောင်လေ အသက်ရှင်မရှင်ကို စုချန်း သိလိုနေ၏။ အနက်ရောင်လေသည် အသက်ရှင်နေခဲ့သေးပါက ၎င်း အနှေးနှင့်အမြန် ပြန်လာပေလိမ့်မည်။ ထိုအခါ သတ်ဖြတ်သူများ ခက်ခက်ခဲခဲ ရုန်းကန်ရပေတော့မည်။
မြေပြင်တွင်တော့ မည်သည့်အားကောင်းသည့့် သားရဲအသေကောင်မှ မတွေ့ရ။ ၎င်းကိုမြင်သည်နှင့် သတ်ဖြတ်သူများ၏ ကြိုးပမ်းအားထုတ်မှုမှာ အရာမရောက်လိုက်မှန်း စုချန်း သိလိုက်သည်။ ထိုခနမှာပင် စုချန်း၏ ခေါင်းထဲ၌ စိတ်ကူးစိတ်သန်းတခု ပေါ်ပေါက်လာ၏။ ထိုအခါ သူက ညစ်တိညစ်ပတ်လေသံနှင့် ရယ်မောလိုက်ပြီး စုချန်းက ယာဥ်ကို အောက်သို့နှိမ့်ဆင်းလိုက်သည်။
ချီမင်းင်းဖန် အံ့သြသွား၏။
"ဟေ့ ဟေ့ မင်း ဘာလုပ်တာတုန်း"
"မိတ်ဆွေဟောင်းတွေကို နှုတ်ဆက်မလို့လေဗျာ"
စုချန်းက ပြန်ဖြေလိုက်သည်။
ချီမင်းင်းဖန် ထအော်လိုက်၏။
"မင်း ရူးနေတာလား ဒါ သတ်ဖြတ်သူတွေကွ"
"ခင်ဗျား ကျုပ်ကို ဆရာလုပ်နေတာလား"
စုချန်း၏ လေသံကလည်း ခတ်ပြတ်ပြတ်ပင်။ ချီမင်းဖန် ပါးစပ်ပိတ်သွား၏။ ပြီးမှ သူက ရှင်းပြလိုက်သည်။
"မဟုတ်ဘူး ကျုပ်က မင်းကို သတိပေးရုံပါ သတ်ဖြတ်သူတွေဟာ ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်တယ် သူတို့ကို ရန်စတာ သိပ်ကောင်းတဲ့စိတ်ကူးမဟုတ်ဘူး"
"ဒီကောင်တွေ လူသားတွေလောက် ရင်ဆိုင်ရခက်တယ်လို့တောင် ကျုပ်က ထင်မထားဘူး"
စုချန်း၏ စကားကြောင့် ချီမင်းဖန် ဘာမှမပြောတော့ပဲ သက်ပြင်းသာချလိုက်မိလေသည်။ လောဘတက်မိသည့်တခနတွင် မှားယွင်းသော ဆုံးဖြတ်ချက်ချမိရန် သူ့ကို မည်သည့့်အရာက တိုက်တွန်းခဲ့လေနည်း။
ဤအခိုက်အတန့်တွင်တော့ သူ့အနေနှင့် စုချန်း၏ ဆန္ဒအတိုင်း လိုက်လျောရုံသာ ရှိတော့သည်။
သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။ သို့သော် တဦးချင်းတိုက်ခိုက်လျင်ပင် စုချန်းကို သေချာပေါက်အနိုင်ရလိမ့်မည်ဟု သူ ယုံကြည်မှုမရှိပဲ ဖြစ်နေ၏။
လမင်းစန္ဒာလွန်းပျံယာဥ်သည် စက်ဝိုင်းပုံအတိုင်း လှည့်ပတ်ပြီး အောက်သ်ို့နှိမ့်ဆင်းကာ သတ်ဖြတ်သူများ၏ ခေါင်းပေါ်တွင် ဝဲပျံလျက်ရှိသည်။
သတ်ဖြတ်သူစစ်သားများသည် ၎င်းတို့၏ ရန်သူကို မြင်သည်နှင့် ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။ ထိုအချိန်တွင် အဝေးဆီမှ အဆိပ်နဂါးပျံအုပ်စုတစုသည် စုချန်းတို့ရှိရာသို့ ပျံသန်းလာ၏။
ထိုအခါ စုချန်းသည် ယာဥ်ပျံနှင့် သူတို့ကြားအကွာအဝေးကို ထိမ်းသိမ်းထားပြီး ၎င်းအိပ်ထဲမှ အဖြိုက်သလင်းကို နှိုးဆွကာ အောက်သို့ ပစ်ချလိုက်လေသည်။
အဖြိုက်သလင်းဟူသည် အလွန်ရှားပါးသော သလင်းဖြစ်သည်။ ၎င်းသည် တစုံတယောက်၏ ပုံရိပ်ကို ပွားပေးနိုင်သည့့်အပြင် အဝေးဆီမှ တစုံတယောက်၏ စကားသံကို သယ်ဆောင်ပေးနိုငိလေသည်။ ဒန်ဘာနှင့် ကနဦးတိုက်ပွဲတွင် ၎င်းသလင်းကို စုချန်း အသုံးပြုခဲ့သေး၏။
အဖြိုက်သလင်း၏ အစွမ်းကြောင့် စုချန်း၏ ပုံရိပ်ယောင်သည် ကောင်းကင်မှ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာ၏။ ထို့နောက် စုချန်းက ပြောလိုက်သည်။
"သတ်ဖြတ်သူတွေရဲ့ ဧည့်သည်ကို ကြိုဆိုနှုတ်ဆက်ပုံက တယ်သင်းတာကိုးကွ"
"လူသား"
သတ်ဖြတ်သူစစ်သားများ ကျယ်လောင်စွာ အော်ဟစ်ပြီး ရှေ့သို့ခုန်ဝင်ရန် ဟန်ပြင်လိုက်ကြသည်။
"အားလုံး ရပ်ထားစမ်း"
ဒန်ဘာ၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် စစ်သားများ၏ လှုပ်ရှားမှု ချက်ချင်းပင် ရပ်တန့်သွားသည်။ ထို့နောက် ဒန်ဘာသည် ရှေ့သို့ထွက်လာ၏။
သူက ကောင်းကင်က်ို မော့ကြည်ရင်း ပြောလိုက်သည်။
"မင်း တော်တော်အံ့သြစရာကောင်းတာပဲ ဒီလိုအခြေအနေမှာတောင် ပေါ်လာရဲသေးတယ်ပေါ့လေ"
"ကျုပ်က ဘာကြောင့်မလာရဲရမှာလဲ"
စုချန်းက ပြန်ပြောလိုက်သည်။
"မင်းရဲ့အသုံးမကျျတဲ့ နဂါးပျံတွေကြောင့်လား အနက်ရောင်လေကို မင်း ဘာမှလုပ်မရသလို ကျုပ်ကိုလဲ ဘာမှလုပ်မရပါဘူးကွာ"
"ဒီတော့ မင်း ထွက်လာပြီး ကျုပ်နဲ့ တိုက်ခိုက်တော့မှာပေါ့ ဟုတ်လား"
"ကျုပ် ဒီလောက်တန်ဖိုးကြီးတဲ့ အဖြိုက်သလင်းကို ထုတ်သုံးတာ မင်းနဲ့ တိုက်ခိုက်ရုံလောက်ပဲ ထင်နေတာလား"
"ဒါဆို ဘာအတွက်လာတာလဲ"
"နောက်ဆုံးတခေါက်က ကျုပ် ကမ်းလှမ်းချက်ကို မင်း မှတ်မိသေးလား"
ဒန်ဘာ မျက်မှောင်ကုတ်သွား၏။
စုချန်း၏ ကမ်းလှမ်းချက်ကို သူ ကောင်းစွာ မှတ်မိ၏။ သူ မမှတ်မိပဲ အဘယ်မှာ နေပါမည်နည်း။
စုချန်း၏ စကားကို အရိုးကို လှိုက်စားတတ်သော အဆိပ်နှင့် တူ၏။ ၎င်းအဆိပ်သည် သူ့နှလုံးသားသို့တိုင် ထိုးဖောက်ဝင်ရောက်သွားလေသည်။ ထိုစကားကို သူ ဘယ်တော့မှ မမေ့နိုင်တော့။
သတ်ဖြတ်သူများရဲ့ မူလစွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းကို တိုးပွားလာစေမတဲ့လား...
၎င်းသည် သတ်ဖြတ်သူတိုင်း၏ အိပ်မက်ဟုလည်း ဆိုနိုင်သည်။
သို့သော် စုချန်း၏ ပါးစပ်မှ ထွက်လာသောကြောင့် ထိုစကားသည် ကြောက်ဖွယ်ရာကောင်းနေ၏။
အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ဒန်ဘာက ပြောလိုက်သည်။
"မင်း ဘာလိုချင်နေတာလဲ"
စုချန်း ခေါင်းခါပြလိုက်သည်။
"ကျုပ် ဘာလိုချင်သလဲဆိုတာက အရေးမကြီးဘူး အရေးကြီးတာက ကျုပ်လိုချင်တာကို မင်း အခု မပေးနိုင်သေးဘူး ဆိုတာပဲ"
"ဒါဆို မင်း ကျုပ်ကို အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာပေါ့"
"အခု မပေးနိုင်ဘူးဆိုတာ နောင်အနာဂတ်မှာ မပေးနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်ပဲ"
စုချန်းက ပြုံးရင်း ပြောလိုက်သည်။
"ကျုပ် ဒီကိုလာတာ မင်းကို အခွင့်အရေးတခု ပေးချင်လို့ပဲ ကျုပ်ပြောတာကို ဆုံးအောင်နားထောင်စမ်းပါ ဒါကို သဘောတူရင် နောင်တချိန် မင်းကျုပ်ကို လာရှာလို့ရတယ်"
"မင်း ဘာပြောချင်တာလဲ"
"ကျုပ် မီးလျံနတ်ဘုရားကျောင်းတော်က မူလအရိုးကို လိုချင်တယ်"
စုချန်းက အေးဆေးသောအမူအရာနှင့် ပြောလိုက်သည်။
"ဘာကွ"
စုချန်း၏ စကားကြောင့် ဒန်ဘာ မျက်လုံးပြူးသွားလေသည်။
သတ်ဖြတ်သူများတွင် ရတနာများရှိသည်ဆိုပါက နံပတ်တစ်ရတနာမှာ နတ်ဘုရားကျောင်းတော်ဖြစ်သည်။ ဒုတိယရတနာမှာကား မူလအရိုးပင်တည်း။
တကယ်တော့ အဆိုပါ မူလအရိုးမှာ တောက်ပခြင်းနဂါး၏ ကြွင်းကျန်ရစ်သောအရိုးပင် ဖြစ်သည်။
မူလသားရဲကြီး သေဆုံးသွားပြီးနောက် အနည်းငယ်သော ရုပ်ကြွင်းတချို့မှလွဲ၍ ကျန်တကိုယ်လုံးသည် တောင်များ၊ မြစ်များ၊ သစ်ပင်များ၊ မြက်များစသဖြင့် သဘာဝတရားအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုကြွင်းကျန်ရစ်သော ရုပ်ကြွင်းအနည်းငယ်မှာ သွေးအဆီအနှစ်၊ မူလအရိုးနှင့် ကျောက်စိမ်းအဆီအနှစ်တို့ပင် ဖြစ်သည်။
ထိုအထဲမှ သွေးအဆီအနှစ်သည် လူသားများလက်ထဲသို့ ရောက်သွားပြီး မူလသားရဲသွေးဗီဇ ဖြစ်လာ၏။
မူလအရိုးမှာကား သတ်ဖြတ်သူများလက်ထဲသို့ ရောက်သွားပြီး ၎င်းမှတဆင့် အရိုးနတ်ဆရာများ ဖြစ်လာကြ၏။ အရိုးနတ်ဆရာများသာလျင် မူလအရိုးနှင့် ဆက်သွယ်နိုင်ကြလေသည်။ တောက်ပခြင်းနဂါးဟူသည် မူလစွမ်းအင်ပေါက်ကွဲမှုမှ မွေးဖွားလာခြင်း ဖြစ်လေရာ ၎င်းသည် စွမ်းအားကြီးလှပြီး အတိတ်နှင့် အနာဂတ်ကို မြင်နိုင်စွမ်းရှိကြ၏။ ထို့ကြောင့် ၎င်းချန်ရစ်ခဲ့သည် အရိုးတွင်လည်း ထိုစွမ်းရည်၏ တချို့တဝက် ပါဝင်နေ၏။ ဤသည်မှာ သတ်ဖြတ်သူများ၏ အရိုးနတ်ဆရာများ ပေါ်ပေါက်လာပုံပေတည်း။
စုချန်းသည် ရိန်နာအား အကြိမ်ပေါင်းများစွာ စစ်ဆေးမေးမြန်းပြီးမှ ထိုအကြောင်းကို သိလာခြင်း ဖြစ်သည်။
မည်သို့ဆိုစေ ဒန်ဘာကား စုချန်း၏ တောင်းဆိုချက်ကို လက်မခံနိုင်။ ပို၍ အရေးကြီးသည်မှာကား ဒန်ဘာတွင် ထိုအခွင့်အရေးမျိုး ရှိပင်ရှိမနေခြင်း ဖြစ်သည်။
မူလအရိုးသည် ဗဟိုနတ်ဘုရားကျောင်းတော်တွင် သိမ်းဆည်းထား၏။ မီးလျံအသိုက်သာလျင် ၎င်းကို ကိုင်တွယ်နိုင်သော အခွင့်အရေး ရှိသည်။
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဒါ မဖြစ်နိုင်ဘူးဆိုရင်လဲ မင်းတို့မျိုးစိတ်ရဲ့ ဆေးမင်သုံးမျိုးနဲ့ ကျုပ်ကမ်းလှမ်းချက်ကို လှဲလှယ်နိုင်တယ်"
စုချန်းကား စိတ်အေးလက်အေးပင်။
"နှစ်ခုထဲက တစ်ခုကိုရွေး"
သို့သော် အဆိုပါ ဆေးမင်သုံးမျိုးသည်လည်း မီးလျံဘုရင့်နန်းတော်တွင်သာ ရှိနေ၏။ ၎င်းကို စုချန်းလက်ထဲသို့ ထည့်ပေးရန်မှာ မဖြစ်နိုင်။
"မင်း မဖြစ်နိုင်တဲ့ အလှဲဲအလှယ်ယ်ကို လာလုပ်နေတာပဲကွ"
"ခု မဖြစ်သေးတာပါကွာ"
စုချန်းက ခံစားချက်မရှိသည့့် လေသံနှင့် ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ဒန်ဘာ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွား၏။
စုချန်းက စကားဆက်လိုက်ပြန်သည်။
"မင်း သဘောမတူရင် ကျုပ် မီးလျံအသိုက်နဲ့ သွားညှိမယ် သူတို့ကတော့ သေချာပေါက် သဘောတူမှာပဲ"
"မင်း သတ်ဖြတ်သူတွေရဲ့ မူလစွမ်းအင်အာရုံခံနိုင်စွမ်းကို တိုးတက်လာစေမဲ့ နည်းလမ်းကိုတောင် မတီထွင်ရသေးဘူး အဖိုးကြီးကြီး တောင်နေပြီ ဒါ မတရားသလိုပဲကွ"
စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။
"ကျုပ် ဟုတ်လား ဒါကို ကျုပ် ဖန်တီးနိုင်တယ်ဆိုတာ မင်း သိထားပြီးသားကွာ ဟုတ်တယ်မလား"
စုချန်းက ထပ်ပြောလိုက်ပြန်သည်။
"တလ ကျုပ်ကို အချိန်တလပဲပေး မင်း ကျေနပ်လောက်မဲ့ အဖြေမျိုး ရစေရမယ် ကျုပ် မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒီကမ်းလှမ်းမှု ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ သဘောထားလိုက် ဟုတ်ပြီလား"
"ကောင်းပြီ"
ထို့နောက် ဒန်ဘာသည် သူ့စစ်သည်တယောက်က်ကို ရှေ့သိုတွန်းပို့ပြီး ပြောလိုက်၏။
"သူ့ကို မင်းနဲ့အတူ ခေါ်သွား တလအတွင်း ကျုပ်လူ မူလစွမ်းရည်တခုခု သုံးပြနိုင်ရင် မင်း ပြောတာ ကျုပ် ယုံလိုက်မယ်"
***