ပုန်ကန်မှု
Vol. 69 Ch. 683
သားရဲတပ်တော်ကြီးကား အရှိန်ပြင်းပြင်း ရှေ့သို့ချီလာပြီ ဖြစ်သည်။
ထိုသတင်းသည် ပလိပ်ရောဂါပမာ ဒေသတခုလုံးသို့ ပျံ့နှံ့သွားတော့၏။
အပြောင်းအလဲမှာ မြန်ဆန်လှသောကြောင့် သတ်ဖြတ်သူများမှာ မည်သည့်ပြင်ဆင်ချိန်မှပင် မရလိုက်။ ယုတ်စွအဆုံး အခြေခံအကျဆုံး ခံစစ်လိုင်းများကိုပင် အသက်မသွင်းလိုက်ရလေရာ ဤတချီမှာ ၎င်းတို့အဖို့ အထိနာလှတော့သည်။
တိုက်ပွဲအတွင်းဝယ် သတ်ဖြတ်သူစစ်သားအများအပြား သေဆုံးကုန်၍ ၎င်းတို့၏ ရှေ့တန်းစခန်းများကိုပါ နောက်သို့ ဆုတ်ပေးလိုက်ရ၏။
နတ်ဆိုးသားရဲများသည် သတ်ဖြတ်သူများအား အရပ်ရှစ်မျက်နှာမှ ဝိုင်းဝန်းတိုက်ခိုက်ကာ မြင်လေသမျှ အရာရာကို ဖျက်ဆီးပစ်ကြကုန်၏။ မြေပြင်တခွင်သည်ကား သွေးပင်လယ်ကြီး ဖြစ်သွားခဲ့လေပြီ။
သားရဲလှိုင်း စတင်လာသည်နှင့်တပြိုင်နက် ဒန်ဘာသည် ကျောက်တုံးပုတ်သင်စစ်တပ်အား အခြေစိုက်စခန်းသို့ ဦးတည်စေလိုက်၏။
နှင်းများတဖွဲဖွဲကျဆင်းနေသည့်ပမာ တလဟောရောက်ရှိနေသော အရေးကြီးအစီရင်ခံစာများကို ဖတ်ရှုရင်း ဒန်ဘာ အချိန်အတော်ကြာအောင် နှုတ်ဆိတ်လျက်ရှိသည်။
"စုချန်း နန်းတော်ထဲရတနာတွေ ဝင်ခိုးတဲ့လုပ်ရပ်ကြောင့် နတ်ဆိုးဧကရာဇ် အကြီးအကျယ် ဒေါသထွက်သွားတယ်ဆိုတာ သေချာသွားပြီ အနီရောင်နှလုံးသားက သားရဲတိုင်းကို မီးကုန်ယမ်းကုန် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီ ဒီတခေါက် သူတို့ တော်တော်နဲ့ ရပ်တော့မှာမဟုတ်ဘူး"
ကူဘရစ်က အစီရင်ခံစာကို ကိုင်ရင်း ဒန်ဘာအား ရှင်းပြလိုက်၏။
"ဟိုလူသားတွေလုပ်တာကို ကျုပ်တို့ဘာကြောင့် အသလွတ်ခံရတာတုန်း အနီရောင်နှလုံးသားက သူ့ရတနာတွေကို ခိုးသွားတာ ဘယ်သူမှန်း မသ်ိဘူးလား"
ဒန်ဘာ၏ ကိုယ်ရံတော် လိုင်ချိက မေးခွန်းထုတ်လိုက်သည်။
ရှာလွှာက ဝင်ပြောလိုက်ပြန်၏။
"သူ ကောင်းကောင်းသိပါတယ် စုချန်းအတွက် လူသိရှင်ကြား ဆုငွေတောင် ထုတ်ထားတာပဲလေ ဒါပေမဲ့ သားရဲလှိုင်းက ရှေ့တက်လာနေတုန်းပဲ ဒါ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး ဒါကြောင့်မ်ို့လို့လဲ ဧကရာဇ်အနူဘီက သံတမန်တဦးစေလွှတ်ပြီး ဘာကြောင့် ဒီလိုတိုက်ခိုက်နေရသလဲ မေးခိုင်းလိုက်တယ် အဲဒီသံတမန် ဘာဖြစ်သွားသလဲ အပိုင်းပိုင်းအပြတ်ပြတ် အစားခံလိုက်ရတာပဲ အဖတ်တင်တယ် သူ့အပြောအရတော့ သတ်ဖြတ်သူတွေ အသုံးမကျလို့သာ လူသားတွေ သူ့နယ်မြေထဲ ဝင်နိုင်တာတဲ့ ပိုပြီးအရေးကြီးတာက သူ့အနေနဲ့ ဆုံးရှုံးမှုတွေကို အစားပြန်ရဖို့ အရေးကြီးနေတယ်လေ ဒီတော့ အလွယ်တကူ ဝင်တိုက်လို့ရတဲ့ ကျုပ်တို့ကို ဝင်တိုက်ပြီး သူ့ဆုံးရှုံးမှုကို အစားပြန်ယူတဲ့သဘောပဲ ရှင်းရှင်းပြောရရင်တော့ သူ့ဆုံးရှုံးမှုအတွက် ကျုပ်တို့မှာ တာဝန်ရှိတယ်ပေါ့ကွာ"
"တော်တော်အကြောင်းအကျိုး မခိုင်လုံတဲ့ ခွေးသားကြီး"
ကူဘရစ် ဒေါသတကြီးနှင့် ဆဲဆိုလိုက်သည်။
ရှာလွှာ အေးစက်သော လေသံနှင့် ရယ်မောလိုက်၏။
"သားရဲတွေသာ အကြောင်းသင့်အကျိုးသင့်လုပ်တတ်ရင် သားရဲ ဘယ်ဖြစ်တော့မလဲ ဒီကောင်တွေက ကျုပ်တို့မျိုးစိတ်ထက်တောင် ပိုဆိုးတဲ့ကောင်တွေ"
သတ်ဖြတ်သူခေါင်းဆောင်တိုင်း အံတင်းတင်းကြိတ်လိုက်မိကြ၏။
"ခုအရေးကြီးတာက ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ဆိုတာပဲ"
ကူဘရစ်က မေးခွန်းထုတ်လိုက်ပြန်သည်။
ထိုမေးခွန်းကို ကြားသောအခါ သတ်ဖြတ်သူတိုင်း ဒန်ဘာကို လှည့်ကြည့်လိုက်ကြ၏။
ဒါသည်ပင်လျင် သတ်ဖြတ်သူများ၏ စရိုက်ဖြစ်သည်။ သူတို့အထဲမှ စဥ်းစားညဏ်ရှိသူ တဦးစ နှစ်ဦးစ ပေါ်ထွက်လာနိုင်သော်လည်း အများစုက ခေါင်းမသုံးတတ်ကြပေ။ သူတို့တွင် ကိုယ်ပိုင်အမြင်များ ရှိနေနိုင်သော်လည်း နောက်ဆုံးတွင် ခေါင်းဆောင်လုပ်သူကသာ အတည်ပြုဆုံးဖြတ်ပေးရ၏။
ဒန်ဘာအတွက်တော့ ၎င်းအချက်မှာ အကောင်းနှင့်အဆိုး တဝက်စီပင်။
ဆိုးသောအချက်မှာ သူသည် အရာရာတိုင်းကို တဦးတည်းသာ စီမံခန့်ခွဲရ၏။ သူ့ဘေးနားတွင် မည်သည့်အကြံပေးမှ မရှိ။
ကောင်းသောအချက်မှာကား သူ့အား ပုခုံးချင်းယှဥ်မည့်သူ ပေါ်လာမည်ကို ဒန်ဘာ ဘယ်သောအခါမှ စိတ်ပူစရာ မလိုခြင်းပင်။
ဒါပေမဲ့ ဒီတခါရော ဒီအတိုင်းပဲလား...
ဒန်ဘာ အထက်ပါအတိုင်း တွေးလိုက်မိသည်။
သို့သော် သူ့အတွေးကိုသူ ချက်ချင်းပင် ရပ်တန့်ပစ်လိုက်၏။
တခါတရံတွင် လိုအပ်သည်ထက် ပိုမိုတွေးတောနေခြင်းသည် မကောင်းတတ်ပေ။
သတ်ဖြတ်သူခေါင်းဆောင်အနေနှင့် နောက်ဆုံးဆုံးဖြတ်ချက်ကို သူ ချမှတ်ပေးရမည်သာ။
ထိုအခါ သူက အေးဆေးတည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။
"ဘုရင်ကြီးအနူဘီက သားရဲလှိုင်းကို ပူးပေါင်းခုခံဖို့ သတ်ဖြတ်သူတိုင်းကို ဆင့်ခေါ်လိုက်ပြီ"
ဒန်ဘာ၏ စကားကြောင့် သတ်ဖြတ်သူတိုင်း တယောက်မျက်နှာကို တယောက်က် စိုက်ကြည့်လိုက်ကြသည်။
သူတို့သည် လူသားများကဲ့သို့ ခုနှစ်နိုင်ငံအထိ ကွဲထွက်နေသည်တော့မဟုတ်။ သို့သော် သူတို့အကြား ပဋပက္ခမှာ အတိုင်းအတာတခုအထိ ကြီးမားနေသည် မဟုတ်ပါလား။
ယေဘုယျအားဖြင့် မီးလျံအသိုက်သည် သတ်ဖြတ်သူမျိုးစိတ်၏ အုပ်ချုပ်သူဖြစ်ပြီး အင်အားအကြီးမားဆုံး အသိုက်လည်း ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မီးလျံအသိုက်၏ သြဇာအာဏာမှာ ကျဆင်းလာ၏။ သံနှင့်သဲနိင်ငံတို့၏ နိုင်ငံရေးမှာလည်း ရှုပ်ထွေးလာခဲ့လေသည်။ သို့သော် သူတို့တွင်လည်း ဘုံရန်သူ ရှိနေ၏။ ဘုံရန်သူအား ရင်ဆိုင်ရန် အတူတကွ စုရုံးမည့်အချိန် ကျရောက်လာခဲ့လေပြီ။ သို့သော် ထိုသို့ပူးပေါင်းတိုင်း တဖက်အသိုက်ထံတွင် လက်အောက်ခံလုပ်တော့မည်ဟုတော့ မဆိုလိုပေ။
အထက်တွင် ဖော်ပြခဲ့သည့့် အခြေအနေများကြောင့် ကူဘရစ်တို့တသိုက်သည် ဆင့်ခေါ်စာအား ဂရုမပြုမိကြချေ။
ယခုတော့ ဒန်ဘာ၏ နှုတ်ဖျားမှ ဆင့်ခေါ်စာအကြောင်းကို ပြောဆိုလာခဲ့ပေပြီ။
သတ်ဖြတ်သူတိုင်းသည် နဝေတိမ်တောင် ဖြစ်နေကြ၏။
ဒန်ဘာက စကားဆက်လိုက်ပြန်သည်။
"ကျုပ် ဆင့်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ် တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မြောက်ပိုင်းကို ချီတက်မယ် သားရဲတွေကို ခုခံမယ်"
"ဟင်"
သတ်ဖြတ်သူတိုင်း အံ့သြသွား၏။
"ဒီလိုလုပ်ဖို့ တကယ်ပဲ သေချာသွားပြီလား ခေါင်းဆောင်လေး မီးလျံအသိုက်အတွက် ကိုယ့်အင်အားကို တကယ်ပဲ ဖြုန်းတီးတော့မလို့လား"
လိုင်ချိက မေးခွန်းထုတ်လိုက်လေသည်။
ဒန်ဘာ သက်ပြင်းချလိုက်သည်။
"မင်း နားမလည်တာတွေ အများကြီးရှိသေးတယ် ကျုပ် မင်းကို အကုန်လုံး မရှင်းးပြနိုင်ဘူး မင်း သိဖို့လိုတာက ကျုပ်တို့အားလုံးကောင်းဖို့အတွက် ဒီလိုလုပ်ရတယ် ဆိုတာပဲ"
"ဒါ မှန်တယ် ခေါင်းဆောင်လေးရဲ့ဆန္ဒဟာ ကျုပ်တို့ ဆန္ဒပဲ"
သတ်ဖြတ်သူစစ်သားများ ပြိုင်တူဟစ်ကြွေးလိုက်ကြ၏။
ထိုစဥ် ကူဘရစ်က ပြောလိုက်ပြန်သည်။
"လောလောဆယ် အရေးကြီးတာရှိတယ် အဲတာက ဘာလဲဆိုတော့ ကျုပ်တို့မှာ ရိက္ခာသိပ်မကျန်တော့ဘူး ပြီးတော့ ခုချိန်ထိ ကျုပ်တို့ဟာ ကျောက်တုံးပုတ်သင်အသိုက်ရဲ့ စစ်သည်တွေ ဖြစ်နေတုန်းပဲ မြောက်ပိုင်းကို စစ်ကူသွားမယ်ဆိုရင် ကျုပ်တို့အသိုက်ခေါင်းဆောင်ကြီးရဲ့ ခွင့်ပြုချက် လိုအပ်တယ် ဘာရန်းသေသွားတဲ့ကိစ္စကိုလဲ သူ့ကို ရှင်းပြရအုံးမယ်"
ဒန်ဘာ ခေါင်းညိတ်လိုက်သည်။
"မှန်တယ် ဒါကြောင့် ကျုပ်တို့မြောက်ပိုင်းကိုမသွားခင် အသိုက်ကို အရင်ပြန်ရမယ် အဲဒီမှာ ကျုပ်တို့ ရိက္ခာ အင်အား ပြန်ပြီးဖြည့်တင်းရမယ်"
အင်အားဖြည့်တင်းမယ် ဆိုပါလား...
ရှာလွှာက မေးလိုက်ပြန်သည်။
"ဘယ်လိုအင်အားဖြည့်တင်းဖို့များ ခေါင်းဆောင်လေး စီစဥ်ထားလို့လဲ"
ဒန်ဘာက အေးစက်စက်လေသံနှင့် ပြန်ဖြေလိုက်၏။
"ဘုရင်ကြီး ဒုက္ခရောက်နေတယ် သူ ကျုပ်တို့ကို တရားဝင်ဆင့်ခေါ်လိုက်တယ် ပုံမှန်ဆိုရင် ကျုပ်တို့ သူ့ကို စစ်ကူပေးကိုပေးရမယ် ဒါကြောင့် ကျောက်တုံးပုတ်သင်အသိုက်ရဲ့ တိုက်ပွဲဝင်အသင့်စစ်သည်မှန်သမျှကို ကျုပ် လိုချင်တယ်"
ဒန်ဘာ၏ စကားကြောင့် ကူဘရစ်တို့တသိုက်ိုက် မျက်လုံးပြူးကုန်၏။
မည်မျှပင် ရူးမိုက်သည်ဆိုစေကာမူ ဒန်ဘာ၏ ဆိုလိုရင်းကို သူတို့ နားလည်လိုက်သည်မဟုတ်ပါလား။
ရှာလွှာက ထုံးစံအတိုင်း မေးခွန်းထုတ်လိုက်ပြန်၏။
"အဲဒီစစ်သည်တွေက ခေါင်းဆောင်လေး ပိုင်တာမှမဟုတ်ပဲ အဲဒါ ခေါင်းဆောင်ကြီးရဲ့ တပ်ဖွဲ့တွေလေ"
"မဟုတ်ဘူး သူတို့ဟာ သံနိုင်ငံ သွေးနိုင်ငံနဲ့ သတ်ဖြတ်သူမျိုးစိတ်တခုလုံးနဲ့ ဆိုင်တယ်"
ဤနေရာအရောက်ာက်တွင် ဒန်ဘာ၏ လေသံမှာ အထူးပင် နူးညံ့နေ၏။
"သတ်ဖြတ်သူမျိုးစိတ်တခုလုံးရဲ့ ကံကြမ္မာအတွက် ခေါင်းဆောင်ကြီး ဒီလောက် အသဲမမာာဘူးလို့ ကျုပ် ယုံကြည်တယ်"
"ခေါင်းဆောင်ကြီး သဘောမတူရင် ကျုပ်တို့ ဘာလုပ်ကြမလဲ"
ကူဘရစ်က မေးခွန်းထုတ်လိုက်ပြန်သည်။
ဒန်ဘာ ဟက်ခနဲ ရယ်မောလိုက်၏။
"ဒါကြောင့်မို့ ကျုပ်တို့ အကူအညီတောင်းခံဖို့ လိုနေတာပေါ့"
သတ်ဖြတ်သူခေါင်းဆောင်များ တယောက်မျက်နှာကိုတယောက် စိုက်ကြည့်လိုက်ကြ၏။
သို့သော် လောင်ဇီယားကား အတော်ပင် ရိုးသားပုံပေါ်၏။ ဒန်ဘာ၏ ဆိုလိုရင်းကို သူ နားမလည်ချေ။
"ဘယ်သူ့ရဲ့ အကူအညီတုန်း"
"ဘယ်သူရှိရမှတုန်း ဘုရင်ကြီးအနူဘီရဲ့ အကူအညီပေါ့ဟ"
ရှာလွှာက ဝင်ငေါက်လိုက်၏။
ထိုအခါ ဒန်ဘာက အသင့်ရေးသားထားသော စာကို ဆွဲထုတ်ရင်း ပြောလိုက်သည်။
"လိုင်ချိ...ကျင်စွမ်းကို ခေါ် ဒီစာကို ဂေါလန်ရဲတိုက်ကို အရောက်ပို့ခိုင်းလိုက် ပြန်စာကို ကျုပ် ငါးရက်အတွင်း လိုချင်တယ်"
"ကောင်းပါပြီခင်ဗျာ"
လိုင်ချိက ချက်ချင်းပင် အမိန့်နာခံလိုက်သည်။
တဆက်တည်းမှာပင် ဒန်ဘာက အမိန့်ပေးလိုက်၏။
"ကူဘရစ် တပ်ရွှေ့ဖို့ပြင် ကျုပ်တို့ ငါးရက်အတွင်း အသိုက်ကို အရောက်ပြန်ရမယ်"
"ကောင်းပါပြီ ခေါင်းဆောင်လေး"
"လောင်ဇီယာ မင်းက တပ်ဖွဲ့တဖွဲ့ကို ယူ ကျုပ် ပေးထားတဲ့တာဝန်ကို ကျေပြွန်အောင် မင်း လုပ်နိုင်ပါ့မလား"
"လောင်ဇီယာ အရိုးကျေကျေ အရေခန်းခန်း ဆောင်ရွက်ပါမယ် ခေါင်းဆောင်လေး"
နောက်ရက်တချို့တွင်တော့ ဒန်ဘာသည် သူ့တပ်ဖွဲ့များအား အသိုက်ဆီသို့ ပြန်ပို့လိုက်၏။
ဒန်ဘာ၏ တပ်ဖွဲ့အား အသိုက်ခေါင်းဆောင်ကြီးကိုယ်တိုင် လမ်းတဝက်ထိ ထွက်၍ကြိုလေသည်။
သို့သော် ဒန်ဘာ၏ တောင်းဆိုချက်နှင့် ဘာရန်း၏ အဖြစ်အပျက်ကို ကြားရသောအခါ ခေါင်းဆောင်ကြီး ပြင်းထန်စွာ ဒေါသထွက်သွား၏။ ထို့နောက် သူက ဒန်ဘာ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်လေသည်။
ခေါင်းဆောင်ကြီး အပြန်လမ်းမှာပင် လောင်ဇီယာတို့အဖွဲ့က ဝင်ရောက်လုပ်ကြံလိုက်တော့၏။
ထို့နောက် ဒန်ဘာသည် ဘုရင်ကြီးအနူဘီ၏ ဆင့်ခေါ်စာကို အတည်ပြုပြီး အသိုက်တခုလုံးမှာ စစ်သည်တော်များအား ခေါ်ဆောင်ကာ မြောက်ပိုင်းသို့ ထွက်ခွာသွားလေသည်။
***