← Chapters

ငွေနှလုံးသားတောင်ကြား

Vol. 69 Ch. 684

ငွေနှလုံးသားတောင်ကြား

Vol. 69 Ch. 684

လမင်းစန္ဒာလွန်းပျံယာဥ်သည် မြေပြင်ပေါ်မဆင်းသက်မီ လေပေါ်တွင် အကြိမ်အနည်းငယ်ခန့့် လှည့်ပတ်ပျံသန်းနေ၏။

ဘူလာသည် ယာဥ်ပျံပေါ်မှ ခုန်ထွက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်သည်။ ထိုအခါကျမှ သူသည် တောင်ကြောတခု၏ အလယ်သို့ ရောက်နေကြောင်း သိလိုက်ရ၏။

"ကောင်းကင်ဘုံလက်သီးတပ်ရင်းက ဒီမှာ မဟုတ်ပါလား"

ဘူလာ အံ့သြသင့့်ဟန်ဖြင့် ရေရွတ်လိုက်သည်။

"သတ်ဖြတ်သူမျိုးစိတ်ဝင်တယောက်က်ကို ကောင်းကင်ဘုံလက်သီးတပ်ရင်း ရှိတဲ့နေရာကို ခေါ်လာမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

စုချန်းက ယာဥ်ပေါ်မှ ဆင်းသက်ရင်း ပြောလိုက်သည်။ သူ့နောက်မှ စက္ကူဖြူအရုပ်၊ ချီမင်းင်းဖန်နှင့် ညတစ္ဆေတို့ လိုက်ပါလာ၏။

သူတို့ရောက်ရှိနေသောနေရာသည် သတ်ဖြတ်သူနယ်မြေမြောက်ပိုင်းရှိ တောင်ကြောတခု ဖြစ်သည်။ စုချန်းသည် သားရဲနယ်မြေမှ ထွက်လာသော်လည်း ကောင်းကင်ဘုံလက်သီးတပ်ရင်းဆီသို့ မပြန်သေး။ ထိုအစား သူက ဤနေရာတွင် စမ်းသပ်မှုများ ပြုလုပ်ရန် ရည်ရွယ်ထား၏။

"ကျုပ် ဒီကနေ အသက်ရှင်လျက် ပြန်ရမယ်လို့ လုံးဝ မျှော်လင့်မထားဘူး"

သတ်ဖြတ်သူတဦးပီသလှသော ဘူလာက ဒဲ့ဒိုးပင် ပြောလိုက်သည်။

သူ့စကားအတိုင်းပင် ဒန်ဘာ အမိန့်ပေးလိုက်ကတည်းက သူ့ကိုသူ သေသူအဖြစ် ဘူလာ သတ်မှတ်ထားပြီးသားပင်။

"ခက်တာက ကျုပ်ကလဲ ကျုပ်နဲ့မင်းသခင်အကြားက သဘောတူညီမှုကို ချိုးဖောက်ဖို့ အစီအစဥ်မရှိဘူးကွ ကဲ ကျုပ်နောက်လိုက်ခဲ့"

ထိုသို့ပြောပြီးသည်နှင့် စုချန်းသည် တောင်ကြားဆီသို့ ဦးတည်လိုက်၏။

"ကျွန်မတို့ ဘယ်ရောက်နေတာလဲ"

ညတစ္ဆေက စုချန်းနောက်မှ လိုက်ပါလာရင်း မေးခွန်းထုတ်လိုက်သည်။

"ဟဲမာတောအုပ်နဲ့ ကပ်လျက်မှာ ရှိနေတဲ့ ငွေနှလုံးသားတောင်ကြား"

"ကျွန်မတို့ ဘာလို့ ဒီကိုလာတာလဲ"

ညတစ္ဆေက ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။ လူတိုင်းတွင် မေးခွန်းကိုယ်စီ ရှိနေသော်လည်း စုချန်းအား ရဲရဲတင်းတင်း မေးဝံ့သူဟူ၍ ညတစ္ဆေသာလျင် ရှိပုံပေါ်၏။

"မင်း မြင်ရင် အလိုလိုသိသွားလိမ့်မယ်"

စုချန်းသည် ထိုသို့ပြောပြီး တောင်ကြားအတွင်းပိုင်းဆီသို့ တစိုက်မတ်မတ်သာ လျှောက်နေ၏။ ပထမဆုံးအကြိမ် ဖြစ်နေသည့်တိုင် အကြိမ်ပေါင်းများစွာ ရောက်ဖူးနေသကဲ့သို့ ဤလမ်းကြောင်းကို စုချန်းတယောက် ရင်းနှီးနေပုံပေါ်သည်။ ၎င်းကိုမြင်သည်နှင့်ချီမင်းင်းဖန်၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သူ့ခေါင်းထဲတွင်လည်း မေးခွန်းများ အစီအရီ ပေါ်ပေါက်လာတော့သည်။

အဖြေမှာ မြန်မြန်ဆန်ဆန်ပင် ပေါ်ပေါက်လာလေသည်။

အကြောင်းမှာ ကမ်းပါးစောက်တခု၏ မျက်နှာပြင်ဆီသို့အရောက်မှာပင် အသင့်စောင့်ဆိုင်းလျက်ရှိသော လူသားစစ်သည်တစုကို သူတို့ မြင်တွေ့လိုက်ရသောကြောင့်ပင်။

စစ်သည်အုပ်စု၏ ခေါင်းဆောင်သည် စုချန်းကို မြင်သည်နှင့် အရိုအသေပြုရင်း မေးလိုက်သည်။

"ခေါင်းဆောင်စု ပြန်လာပြီ အားလုံးချောချောမောမောပဲမလားခင်ဗျာ"

"ဒါပေါ့ ဒါနဲ့ တပ်မှုးကော အခြေအနေဘယ်လိုရှိသလဲ"

"အားလုံးကောင်းပါတယ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းရတယ် သားရဲလှိုင်း ပိုပြီး ကြီးမားလာသတဲ့ ဒီသတင်းကိုကြားတာနဲ့ ခေါင်းဆောင်စုရဲ့ အစီအစဥ် အောင်မြင်သွားပြီဆိုတာ ကျုပ်တို့ သိလိုက်တယ်"

စစ်သည်အုပ်စု၏ ခေါင်းဆောင်က ဝမ်းသာအားရနှင့် ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ဘူလာ မကျေမနပ်ပ်နှင့် အသံပြုလိုက်သည်။

ထိုစဥ် စစ်သည်ခေါင်းဆောင်က ဘူလာတို့အုပ်စုကို ကြည့်ရင်း မေးလိုက်သည်။

"ခေါင်းဆောင်စု သူတို့တွေက..."

ကံကောင်းသည်မှာ ဤအုပ်စုကို ခေါင်းဆောင်လာသူသည် စုချန်း ဖြစ်နေခြင်းပင်။ တခြားလူသာဆိုပါက ဘူလာကိုတွေ့သည်နှင့် ဝိုင်းဝန်းတိုက်ခိုက်ကြမည်သာ။

ထိုအခါ စုချန်းက အောက်ပါအတိုင်း မိတ်ဆက်ပေးလိုက်၏။

"သူက ချီမင်းင်းဖန် ရှင်သန်ခြင်းကျောင်းတော်ရဲ့ နယ်မြေခံခေါင်းဆောင် သူက ညတစ္ဆေ ကျုပ်ရဲ့သူငယ်ချင်း သူကတော့ သေခြင်းရဲ့အရိပ်လို့ခေါ်တယ် ကျုပ်ရဲ့ ကျေးကျွန်အသစ်...သူကတော့"

စုချန်းက ဘူလာကိုကြည့်ရင်း စကားကို ခေတ္တရပ်တန့်လိုက်၏။ ပြီးမှ သူက ဆက်ပြောလိုက်သည်။

"သူကတော့ ကျုပ်လုပ်ထားတဲ့ အလောင်းအစားရဲ့ အလှဲအထပ်ပစ္စည်းတခုပဲ ဆိုပါတော့ ကျုပ် သူ့ကို သတ်ဖြတ်သူတွေလက်ထဲ အသက်ရှင်လျက် ပြန်ထည့်ပေးရမယ် ဒါကြောင့် သူ များများမသိလေ ကောင်းလေပဲ"

"ကောင်းပါပြီခင်ဗျာ"

စစ်သည်ခေါင်းဆောင်က ရိုသေစွာ နာခံလိုက်သည်။

ထို့နောက် စုချန်းသည် ဘူလာနှင့် ကျန်လူများအား လှိုဏ်ဂူဆီသို့ ခေါ်ဆောင်သွား၏။

လှိုဏ်ဂူအတွင်းရှိ အခြေအနေများကို မြင်လိုက်သည်နှင့် ဘူလာ၏ သံသယများ လုံးဝ လွင့်စင်သွားလေသည်။ အကြောင်းမှာ လှိုဏ်ဂူအတွင်းဝယ် သတ်ဖြတ်သူမျိုးစိတ်ဝင်များနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။

စုချန်း သတ်ဖြတ်သူတယောက်က်ို ခေါ်လာသည့့်တိုင် စစ်သားများ အဘယ်ကြောင့် မအံ့သြသည်ကို ဘူလာ သဘောပေါက်သွားလေပြီ။

စုချန်း၏ သတ်ဖြတ်သူသုတေသနသည် လျှို့ဝှက်ချက်မဟုတ်။ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ စစ်သည်တိုင်းလိုလိုသည် ထိုအကြောင်းကို ကောင်းစွာ သိထားကြ၏။

"စုချန်း ကျုပ်ကို အမှန်အတိုင်း ပြောစမ်းပါ အပြစ်ကင်းတဲ့ သတ်ဖြတ်သူဘယ်နှစ်ယောက်လောက်ကို မင်း သတ်ပစ်ပြီးပြီလဲ"

ဘူလာက ဒေါသတကြီးနှင့် မေးလိုက်၏။

"ကျုပ် မမှတ်မိတော့ဘူး သားရဲလှိုင်းကြောင့် သေသွားတဲ့ သတ်ဖြတ်သူတွေကိုပါ ထည့်တွက်ရင် သန်းနဲ့ချီလောက်ရောပေါ့ ဒါနဲ့ မင်းက ဘာလို့ ဒီကိန်းဂဏန်းတွေကို ဂရုစိုက်နေတာလဲ"

"ဒါ မတူဘူးကွ"

ဘူလာက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"ဘာမတူစရာရှိသလဲ လူသားတွေ မင်းတို့အပေါ် ဘယ်လိုမြင်သလဲဆိုတာ မင်းသိအောင် ပြောထားရအုံးမယ် လူသားတွေရဲ့အမြင်မှာ ဘယ်သတ်ဖြတ်သူမှ အပြစ်မကင်းဘူးကွ မင်းတို့ကောင်တွေဟာ မွေးကတည်းက သတ်ဖြတ်လုယက်နေကြတာပဲ မဟုတ်ဘူးလား မင်းတို့ဟာ ကိုယ်တိုင်မစိုက်ပျိုးဘူး သူများ စိုက်ပျိုးပြီးသား အသီးအနှံတွေကိုသာ လုယက်လေ့ရှိတယ် မင်းတို့ဟာ ပင်က်ိုဗီဇအရကိုက အလွန်ရိုင်းစိုင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ မျိုးစိတ်တွေပဲ မင်းတို့ကြောင့် လူတွေသေတယ် ဒါပေမဲ့ မင်းတို့ကိုမင်းတို့ အပြစ်ကင်းတယ်လို့ ထင်တယ် ဒါပေမဲ့ မင်းတို့သိထားဖို့က ကိုယ့်လက်မှာ သွေးစွန်းရပြီဆိုရင် ဘယ်လူသားမှ အပြစ်ကင်းတယ်လို့ မခံစားရဘူးကွ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက မင်းတို့ဟာ ရန်လိုသူတွေဆိုတာ မင်း မမေ့ပါနဲ့"

"ဒါကတော့ မင်းတို့လူသားတွေကိုယ်နှိုက်က မြေသြဇာကောင်းတဲ့မြေတွေကို အပိုင်စီးထားတာကိုးကွ ကျုပ်တို့မြေက ဘာမှစိုက်ပျိုးလို့မရဘူး ဒီတော့ မလုလို့ ဘာလုပ်ရမှာလဲ မင်းတို့သာ ဒီမြေတချို့ကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ရင်"

"မင်းတို့ကို နယ်မြေနည်းနည်းပေးလိုက်ရင် မင်းတို့က ဒီထက်ပိုပြီး လိုချင်လာအုံးမှာပဲ မင်းတို့ရဲ့ လောဘဟာ ဘယ်တော့မှ အတောသတ်မှာမဟုတ်ဘူး ဒီတော့ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ ငမိုက်သား မင်းတို့လိုကောင်တွေကို သနားညှာတာလို့ အလကားပဲ မင်းတို့ကောင်တွေအတွက် သတ်ပစ်တာဟာ အကောင်းဆုံး ရွေးချယ်မှုပဲ"

စုချန်း၏ စကားတွင် သနားဂရုဏာဟူ၍ အလျင်းမှပင် မရှိ။

"ဒါပေမဲ့ မင်း ကျုပ်တို့နဲ့ ပူးပေါင်းခဲ့တယ်လေ"

ဘူလာက ရုတ်တရက် မေးလိုက်လေသည်။

"ဒီလိုပူးပေါင်းတယ်ဆိုတာ ခွေးနဲ့လူ ပေါင်းသလိုမျိုးပဲကွ ကျုပ်က အရိုးကျွေးမယ် ခွေးက အမြီးလေးနှံ့ပြီး ကျုပ်ခြေထောက်ကို လာလျက်မယ် သတ်ဖြတ်သူတွေဟာ အဆင့်မရှိလှဘူးဆိုပေမဲ့ တဖက်ကကြည့်ရင်တော့ ခွေးတကောင်တောင် ကျုပ်အတွက် အသုံးဝင်နိုင်သေးတာပဲကွာ"

"ခွေးမသား"

ဤတကြိမ်တွင်တော့ ဘူလာ ဒေါသကို မထိမ်းနိုင်တော့ပဲ စုချန်းအား ခုန်အုပ်လိုက်၏။

သို့သော် စုချန်း၏ လက်ချက်ကြောင့် ဘူလာခမျာ နောက်သို့လွင့်စင်သွားလေသည်။

"မင်း ကျုပ်ပြောတာကို လက်မခံလို့ရတယ် ဒါပေမဲ့ ဒါ အမှန်တရားပဲ ပြီးတော့ ဒါ မင်းတို့အပေါ် ကျုပ်ထားတဲ့ သဘောထားပဲ ဒါပေမဲ့ ခွေးဘဝမရောက်သေးခင်တော့ မင်းဟာ ကျုပ်ရဲ့ စမ်းသပ်ခံဝက် လုပ်ရအုံးမယ် မင်း ကျုပ်နဲ့ပူးပေါင်းဖို့ကို ငြင်းလို့ရတယ် ဒါပေမဲ့ ဒီစမ်းသပ်မှုဟာ သတ်ဖြတ်သူတွေ မူလစွမ်းအင်ကို အာရုံခံနိုင်လာစေဖို့ အခွင့်အရေးဆိုတာ မမေ့ပါနဲ့ ခွေးဖြစ်ရတာ ရှက်စရာကောင်းတယ်လို့ မင်း တွေးကောင်းတွေးနေမယ် ဒါပေမဲ့ ဒီကမ်းလှမ်းမှုကို လက်မခံရင် အနာဂတ်မှာ မင်းတို့ဟာ ခွေးတကောင်တောင် ဖြစ်ခွင့်ရှိတော့မှာမဟုတ်ဘူး ဒီထက်ပိုပြီးအရေးကြီးတာက မင်းဟာ ဒန်ဘာရဲ့ သစ္စာခံခွေးပဲ ဟုတ်တယ်မလား မင်း ကျုပ်ပြောတာကို မနာခံရင် မင်းကို မသတ်ပဲ ဒန်ဘာကို နောက်တယောက် ထပ်လွှတ်ပေးဖို့ ကျုပ် ပြောလိုက်မယ် ဒါဆိုရင် မင်းရဲ့သေဆုံးမှုဟာ ဘာတန်ဖိုးမှမရှိပဲ ဖြစ်သွားလိမ့်မယ်"

ဘူလာ လုံးဝ နှုတ်ဆိတ်သွားတော့၏။ ထို့နောက် သူသည် ကြမ်းပြင်ပေါ် ဒူးထောက်ပြီး စုချန်းအား သွေးဆာနေသော ခွေးတကောင်ကဲ့သို့ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီအတွက် မင်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"

"အဲဒါက အရေးမကြီးလှပါဘူးလေ အသက်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက စဥ်ဆက်မပြတ်တဲ့ ဖြစ်စဥ်ပဲကွ"

စုချန်း၏ လေသံမှာ တည်ငြိမ်လှ၏။ ထို့နောက် သူသည် သတ်ဖြတ်သူအကျဥ်းသားများရှိရာသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"မင်းရဲ့အနေအထားကတော့ ကောင်းတဝက်ဆိုးတဝက်ပဲ ကောင်းတာက မင်းအနေနဲ့ ရက်စက်တဲ့ခွဲစိတ်မှုတွေနဲ့ မကြုံရတော့ဘူး ဆိုးတာက မင်းအပေါ် ဘယ်လိုထပ်ပြီး စမ်းသပ်ရအုံးမလဲဆိုတာ ကျုပ် မသိသေးတာပဲ ဘာပဲဖြစ်ဖြစ် မင်း မသေမှာတော့ သေချာတယ် မသေတဲ့အပြင် ကြီးမားတဲ့ စွမ်းအားတွေကိုပါ ပိုင်ဆိုင်ခွင့်ရသွားအုံးမယ်"

"မူလစွမ်းအင်ကို ထိန်းချုပ်နိုင်မယ်လို့ ရှင်ပြောလိုက်တာလား"

ထိုအခိုက်မှာပင် ကြည်လင်သောအသံတသံံ ထွက်ပေါ်လာ၏။

အသံရှင်မှာကား အရိုးနတ်ဆရာမရိန်နာပေတည်း။

ရိန်နာကား ကံကောင်းထောက်မစွာဖြင့် ယခုအချိန်ထိ မသေသေး။

***

All Chapters