← Chapters

အရူးဘုရင်

Vol. 69 Ch. 688

အရူးဘုရင်

Vol. 69 Ch. 688

ဂေါလန်ရဲတိုက်။

လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းငါးထောင်ခန့်က ဤနေရာသည် ဝင်ရိုးစွန်းဒေသ၏ ပကတိကျတ်တီးမြေသာ ဖြစ်ခဲ့၏။

ကြယ်စုနှစ်သစ် သက္ကရာဇ် ၄၁၈၉ခုနှစ်တွင် လူသားလွတ်မြောက်ရေးမဟာမိတ်အဖွဲ့ ပြိုလဲသွားပြီး အလင်းနတ်ဘုရားနိုင်ငံတော်ကြီး ပေါ်ထွန်းလာခဲ့လေသည်။

၎င်းကိုအခွင့်အရေးယူပြီး သွေးဆာသူတိုင်ရွန်းသည် သတ်ဖြတ်သူများကို ဦးဆောင်ပြီး အသစ်ပေါ်ထွန်းလာသော အလင်းနတ်ဘုရားနိုင်ငံတော်ကို ဝင်တိုက်တော့၏။ ၎င်းတို့၏ ရည်ရွယ်ချက်မှာကား သွေးဗီဇထုတ်ယူကိိရိယာကို အပိုင်စီးနိုင်ရန်ပင်။ သို့သော် ကုယူဟွန်း၏ ခြုံခိုမှုကြောင့် ၎င်းတို့သည် အလဲတကွဲဲနှင့် ရှုံးနိမ့်ပြီး ခြေကုန်သုတ်ကာ ထွက်ပြေးကြရတော့၏။ ထိုတိုက်ပွဲတွင် သတ်ဖြတ်သူတပ်ပေါင်းစု၏ ရှစ်ဆယ်ရာခိုင်နှုန်းထိ ပြုတ်ပြုတ်ပြုန်းသွားပြီး ကျန်သတ်ဖြတ်သူများမှာ ဟာဗေးလွင်ပြင်ဆီသို့ တလကြမ်းဆုတ်ခွာသွားရလေသည်။ ကုယူဟွန်းသည် တပ်ဖွဲ့များကို ဦးဆောင်ပြီး လိုက်စစ်ဆင်လေရာ သတ်ဖြတ်သူများသည် ဟာဗေးလွင်ပြင်က်ို စွန့်ခွာပြီး မြောက်စူးစူးသို့ ထွက်ပြေးကြရပြန်၏။

သတ်ဖြတ်သူများ ဆုတ်ခွာသွားသည့့်နယ်မြေသည် မည်သည့်ရိက္ခာမှ မရနိုင်သော ကျတ်တီးမြေကြီး ဖြစ်သည်။ သတ်ဖြတ်သူများအဖို့ကား မျှော်လင့်ချက်မရှိတော့သော အခြေအနေပင်။ သူတို့အနေနှင့် အသက်ရှင်သန်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။

ထိုအခိုက်မှာပင် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တခု ပေါ်ပေါက်လာတော့၏။

၎င်းမှာကား...

သတ်ဖြတ်သူစစ်သည်တဦးသည် အမှတ်မထင် မြေအောက်လှိုဏ်ခေါင်းတခုကို တူးဖော်မိ၏။ လှိုဏ်ခေါင်းတလျှောက် ရှည်လျားမှောင်မဲသော ဥမင်ကြီး၏ အဆုံးတွင်တော့ တနှစ်ပတ်လုံး နွေဦးသဖွယ် ပူနွေးနေသော ရာသီဥတုရှိသည့် နေရာတခုကို ၎င်း တွေ့လိုက်ရလေသည်။

အဆိုပါနေရာတွင် ကြည်လင်သောရေကန်ကြီးနှင့်အတူ သစ်ပင်ပန်းမန်များလည်း ဝေဝေဆာဆာ ပေါက်ရောက်နေကြ၏။ အမျိုးမျိုးသော တောရိုင်းတရိစ္ဆာန်များလည်း ဘာသာဘာဝအလျောက် သွားလာလှုပ်ရှားနေကြလေသည်။ တကယ့် နိဗ္ဗာန်ဘုံကြီးပေတည်း။

ထိုနေ့မှစ၍ သတ်ဖြတ်သူများ၏ ကံကြမ္မာမှာ အလုံးစုံ ပြောင်းလဲသွားတော့သည်။

ထိုနေရာအား ရှေးဟောင်းသစ်ခွဟု သတ်ဖြတ်သူများ နာမည်ပေးလိုက်ကြ၏။ ထိုစကားလုံးမှာ သတ်ဖြတ်သူများ ဘာသာစကားတွင် မြင့်​မြတ်သောမြေဟု အဓိပ္ပာယ်ရလေသည်။

ထိုကနေ့မှစ၍ ယနေ့တိုင် ဂေါလန်သည် သတ်ဖြတ်သူများ၏ မြင့်မြတ်သောမြေ၊ အနှိုင်းမဲ့နိဗ္ဗာန်ဘုံ ဖြစ်လာတော့၏။

ဂေါလန်သို့ရောက်ရှိပြီးနောက် သတ်ဖြတ်သူများသည် နှစ်ပေါင်းများစွာ ကြာမြင့်မည့် ၎င်းတို့၏ မြို့တော်တည်ဆောက်ရေးကို စတင်ခဲ့ကြလေသည်။ တည်ဆောက်ရေးကာလမှာ နှစ်ပေါင်း၁၈၀၀တိုင် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ယနေ့ တွေ့မြင်နေရသည့် ဂေါလန် ဖြစ်လာလေသည်။

ကြယ်စုနှစ်သစ် ၄၂၁၂ခုနှစ်တွင်တော့ သတ်ဖြတ်သူဗိုလ်ချုပ်တဦးဖြစ်သည့် တာရစ်သည် ဂေါလန်၏ သံဘုရင်ကို သတ်ပစ်ပြီး ပလ္လင်ကို အရယူလိုက်၏။ ထိုဖြစ်ရပ်အား ဂေါလန်ဆူပူမှုကို ခေါ်ကြလေသည်။

ကြယ်စုနှစ်သစ် ၇၉၀၀တွင်တော့ ချာနာသည် တာရစ်အား ရှင်းပစ်ပြီး သူမကိုယ်သူမ ဂေါလန်၏ ဘုရင်မဟု ကြေငြာလိုက်ပြန်၏။ ၎င်းကိုမကျေနပ်သော သံမဏိအရိုးမိသားစုမှ ဘားနတ်သည် သူ့တပ်ဖွဲ့များအား ဦးဆောင်ပြီး ဂေါလန်မှ ထွက်ခွာကာ သွေးကျတ်တီးမြေအတွင်းသို့ ဝင်ရောက်သွားတော့၏။ နောက်ဆုံးတွင် သူတို့သည် ဘိုးဘေးများ ယခင်နေထိုင်ခဲ့သည့့် မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိသွားပြီး သံမဏိအရိုးအသိုက်အား တည်ထောင်လိုက်လေသည်။

သံမဏိအရိုးအသိုက် ပေါ်ထွန်းလာပြီး သိပ်မကြာမီ ကျန်သတ်ဖြတ်သူဗိုလ်ချုပ်များသည်လည်း ဘားနတ်လမ်းစဥ်အတိုင်း လိုက်ပါကုန်ကြတော့၏။

ဤနည်းအားဖြင့် သွေးလက်အသိုက်၊ မိုးကြိုးဓားအသိုက်၊ အနက်ရောင်နေအသိုက်၊ ဟာရီကိန်းအသိုက်စသဖြင့် သတ်ဖြတ်သူအသိုက်အများအပြား ပေါ်ပေါက်လာတော့သည်။

ကြယ်စုနှစ်သစ် ၈၄၀၀တွင် ချာနာသည် ဂေါ်ဘလင်သို့ သွားရောက်ပြီး ဂေါ်ဘလင်ဘုရင်နှင့် သွားရောက်တွေ့ဆုံ၏။

ကြယ်စုနှစ်သစ် ၈၅၀၀တွင်တော့ ချာနာသည် ကွဲထွက်နေသော အသိုက်များအား သူမလက်အောက်သို့ သိမ်းသွားရန် စစ်ပွဲကြီး စတင်လိုက်လေသည်။

ကြယ်စုနှစ်သစ်၈၉၀၀တွင်တော့ ချာနာ၏ အနီရောင်သိမ်းငှက်အသိုက်သည် ကျန်အသိုက်များ ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်မိတော့သည်။ တိုက်ပွဲအစတွင် အနီရောင်သိမ်းငှက်အသိုက်မှ အသာရသော်လည်း ချာနာမူကား ဒဏ်ရာအပြင်းအထန် ရသွား၏။ မဟာမိတ်အဖွဲ့သည်လည်း သွေးကျတ်တီးမြေသို့ တပ်ဆုတ်ပေးလိုက်ရလေသည်။

ကြယ်စုနှစ်သစ်၉၄၀၀တွင်တော့ ဘိုဘက်အနီရောင်သိမ်းငှက်သည် သူ့တပ်ဖွဲ့များနှင့့်အတူ သွေးကျတ်တီးမြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြန်၏။ သို့သော် ၎င်းသည်လည်း ခြုံခိုက်တိုက်ခိုက်ခြင်းခံလိုက်ရပြီး တပ်ဆုတ်ပေးလိုက်ရလေသည်။

ကြယ်စုနှစ်သစ်တသောင်းတွင်တော့ တာဂျစ်သည် သတ္တုဒိုင်းကာအသိုက်အား တည်ထောင်ပြီး အနီရောင်သိမ်းငှက်အသိုက်မှ ခွဲထွက်လိုက်၏။

ကြယ်စုနှစ်သစ်၁၁၀၀၀တွင်တော့ မဟာမိတ်အဖွဲ့သည် သူတို့၏ တန်ပြန်တိုက်စစ်အား စတင်လိုက်တော့၏။ တိုက်ပွဲတွင် အနီရောင်သိမ်းငှက်အသိုက် ရှုံးနိမ့်သွားပြီး ဘိုဘက် သေဆုံးသွားကာ အနီရောင်သိမ်းငှက်ခေတ်လည်း ကုန်ဆုံးသွားတော့သည်။ ကျန်မဟာမိတ်အဖွဲ့အသိုက်များလည်း အသီးသီး ကွဲထွက်သွားပြီး ဆက်လက်စစ်ဖြစ်ကြ၏။ တိုက်ပွဲ၏ အောင်နိုင်သူမှာ နုယန်ဖြစ်လာပြီး သတ်ဖြတ်သူမျိုးစိတ်သည်လည်း နုယန်ခေတ်အတွင်းသို့ ချည်းနင်းဝင်ရောက်သွားတော့သည်။

ကြယ်စုနှစ်သစ် ၁၁၂၀၀ခုနှစ်တွင် သတ်ဖြတ်သူများသည် ဟားပီးမျိုးစိတ်များ၏ ထိုးစစ်နှင့် ရင်ဆိုင်ရပြီး အလဲအကွဲ ရှုံးနိမ့်သွားပြန်၏။ ထိုတိုက်ပွဲကြောင်း ကွဲပြားနေသော အသိုက်များ မဟာမိတ်ပြုသင့်ကြောင်း သတ်ဖြတ်သူများ သင်ခန်းစာရသွားကြလေသည်။

ကြယ်စုနှစ်သစ်၁၂၀၀၀ခုနှစ်တွင်တော့ နုယန်သည် သတ်ဖြတ်သူများအား ဟဲမာတောအုပ်ဆီသို့ ခေါ်ဆောင်သွားပြီး ထိုပတ်ပတ်လည်နယ်မြေအား သိမ်းယူလိုက်တော့၏။

ကြယ်စုနှစ်သစ် ၁၇၄၀၀တွင် ဘာဟန်းသည် နုယန်အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့၏။ သို့သော် ကြံစည်မှုမှာ မအောင်မြင်ခဲ့ချေ။

ကြယ်စုနှစ်သစ် ၁၉၀၀၀တွင်တော့ လူသားများ သတ်ဖြတ်သူနယ်မြေအတွင်း စတင်ထိုးဖောက်ဝင်ရောက်လာကြလေသည်။

တိုက်ပွဲတွင် ဘာဟန်း သေဆုံးသွား၏။ ထိုအခါ ကလီယိုသည် ဟားပီးစ်များနှင့် မဟာမိတ်ပြုပြီး လူသားများအား ပြန်လည်တိုက်ခိုက်၏။

ကြယ်စုနှစ်သစ်၂၀၀၀၀တွင် အနီရောင်ဝံပုလွေအသိုက်နှင့် ကျောက်တုံးပုတ်သင်အသိုက်တို့ စတင်တော်လှန်ကြ၏။

ကြယ်စုနှစ်သစ်၂၃၉၀၀၀တွင် အလက်စန်းဒါးသည် သူ့တပ်ဖွဲ့များအား မြောက်ဘက်သ်ို့ ဦးဆောင်သွားပြီး နောင်တွင် ၎င်းသည် ဘုရင် ဖြစ်လာလေသည်။

သတ်ဖြတ်သူများ၏ သမိုင်းကြောင်းသည်ကား အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စစ်ပွဲများ၊ သတ်ဖြတ်မှုများ၊ အာဏာလုပွဲများနှင့်သာ ပြည့်နှက်နေ၏။

သို့သော်ငြားလည်း မည်မျှပင် အုပ်ချုပ်သူများ ပြောင်းလဲသွားစေကာမူ သတ်ဖြတ်သူများ၏ မြို့တော်သည်ကား အမြဲတစေ ဂေါ်လန်ရဲတိုက်သာတည်း။

၎င်းသည် သတ်ဖြတ်သူများ၏ သမိုင်းကြောင်း ဖြစ်သလို သူတို့၏ မျှော်လင့်ချက်ဟုလည်း ဆိုနိုင်သည်။ ၎င်းသည် သတ်ဖြတ်သူများ၏ ပုန်းအောင်းနေသော အလှတရားလည်း ဖြစ်ပေသည်။

ရဲတိုက်၏ အလယ်ဗဟိုတွင် လှပသော အဖြူရောင်အဆောက်အဦးကြီး ရှိနေ၏။ ထိုအဆောက်အဦးမှာ သတ်ဖြတ်သူမျိုးစိတ်၏ ကီတီလူနန်းတော်ပေတည်း။

ကီတီလူနန်းတော်သည် သတ်ဖြတ်သူအဆောက်အဦးများ၏ ဝိသေသလက္ခဏာများကို အပြည့်အဝ ဖော်ကျူးနေ၏။ နန်းတော်၏ ပုံစံမှာ ရိုးရှင်း၏။ ကြည်လင်၏။ ကောင်းကင်ပေါ်သို့ ရှည်လျားစွာ ထိုးတက်နေဟန်လည်း ရှိပေသည်။

အနူဘီသည် တကယ်တော့ ကီတီလူနန်းတော်၏ ပုံစံကို မကြိုက်။ ဖြစ်နိုင်လျင် သူ မနေချင်။

သို့သော် သူ့အနေနှင့် မြို့တော်ကို ရွေးချယ်ခွင့်မရှိ။ ထို့ကြောင့် သူ့ စိတ်ကြိုက်နန်းတော်ကိုလည်း သူ မရွေးချယ်နိုင်။

"တခါတလေကျရင် ဒီနန်းတော်ကြီးကို မီးရှို့ပြီး အိမ်အသစ်တလုံးသာ ဆောက်လိုက်ချင်တော့တယ်"

အနူဘီသည် အဖြူခေါင်းကျားဘုရင်၏ သားရေနှင့် ပြုလုပ်ထားသော အိပ်ယာပေါ်တွင် လဲလျောင်းရင်း ပြောလိုက်၏။

"အိုး ဒါပေါ့ အရှင်မင်းင်းကြီး လုပ်နိုင်တာပေါ့ အရှင်မင်းကြီးက သက်ဦးဆံပိုင်ပဲဟာကို"

အနူဘီဘေးတွင် ကပ်ထ်ိုင်နေသည့် ကိုယ်ပေါ်တွင် အရှက်လုံရုံမျှသာ ဝတ်ဆင်ထားသော ချောမောလှပသော သတ်ဖြတ်သူမျိုးစိတ်ဝင် အမျိုးသမီးငယ်က ပြောလိုက်သည်။ သူမ၏ အောက်တွင်တော့ နောက်ထပ် သတ်ဖြတ်သူမျိုးစိတ်ဝင် အမျိုးသမီး ရှစ်ယောက်ခန့် ရှိနေ၏။

အမျိုးသမီး၏ စကားကို ကြားသောအခါ အနူဘီက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒီလိုလုပ်လိုက်ပြန်ရင်လဲ ကျုပ်ဟာ ပေါကြောင်ကြောင် ဘုရင် ဖြစ်သွားမှာပေါ့"

"ဒီတော့ ဘာဖြစ်သလဲ ပေါကြောင်ကြောင်ဆိုတော့လဲ ပေါကြောင်ကြောင်ပဲပေါ့ အဓိကက ပျော်ဖို့ပဲလေ"

အနူဘီ တဟဲဟဲနှင့် ရယ်မောလိုက်သည်။

"အိုး အလီစီယာ မင်းပြောတဲ့စကားကိုသာ ကျုပ်ရဲ့ မှုးမတ်တွေ ကြားသွားရင် ဘုရင်ကို ဆွဲဆောင်ဖို့ ကြံစည်နေတယ် တိုင်းပြည်က်ို ဖျက်ဆီးနေတယ်ဆိုပြီး မင်းကို ကြိုးပေးသတ်ကြလိမ့်မယ် လူသားတွေကတော့ ကြိုးပေးပြီး ပစ်ဒဏ်ပေးတာကို အတော်လေး သဘောကျကြတာဆိုပဲ"

"အို ကျွန်မက သာမာန်အညတရမယားငယ်လေးပဲဟာ ဘယ်လိုလုပ် အရှင်မင်းကြီးကို ဆွဲဆောင်နိုင်စွမ်းရှိပါ့မလဲလို့"

အလီစီယာက သာယာညှင်းပြောင်းသော လေသံနှင့် ရယ်မောရင်း ပြောလိုက်၏။

ထိုအခိုက်မှာပင် အပြင်ဘက်ဆီမှ သတင်းပို့သံ ပေါ်လာလေသည်။

"အနောက်တောင်နယ်မြေက အရေးကြီးအစီရင်ခံစာ ဝင်လာပါတယ်ခင်ဗျာ"

"ပြော"

"တောင်ပိုင်းရဲတိုက် ကျဆုံးသွားပါပြီ ပြီးတော့ ဦးရဲတော်...ဆာချာ သေဆုံးသွားပါတယ်"

သတင်းပို့သူ၏ လေသံမှာ တုန်ယင်နေ၏။

အနူဘီ ဝုန်းခနဲ ထပ်ရပ်လိုက်သည်။ သူ့တကိုယ်လုံးမှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေ၏။

အတန်ကြာမှ သူက ထိုင်ချရင်း သတင်းပို့သူအား အမိန့်ပေးလိုက်သည်။

"မင်းသွားနိုင်ပြီ"

သတင်းပို့သူ ထွက်ခွာသွား၏။

အတန်ကြာမှ အနူဘီက မေးလိုက်သည်။

"အဖြူရောင်မြွေ ဘယ်လ်ိုသဘောရသလဲ"

အနူဘီ၏ မေးသံအဆုံးဝယ် အရိပ်ထဲမှ အသံတသံံ ထွက်ပေါ်လာ၏။

"သားရဲလှိုင်းဟာ ရက်စက်ကြမ်းကြုတ်တယ်ဆိုပေမဲ့ သားရဲဧကရာဇ်အများကြီးကွပ်ကဲနေတဲ့ သားရဲလှိုင်းမျိုး မဟုတ်ဘူး အနီရောင်နှလုံးသားရဲ့ အရူးထမှုသက်သက်ပဲ ဒါကြောင့် ဒီသားရဲလှိုင်းဟာ ထင်သလောက် မကြာနိုင်ဘူး တောင်ပိုင်းရဲတိုက် ပြန်ပြီး ရှင်သန်လာနိုင်မှာပါ"

"မှန်တယ် ဒါပေမဲ့ တောင်ပိုင်းရဲတိုက် ကျဆုံးသွားတယ် ကျုပ်ကတော့ ဒီမှာ အပျော်ကျူးနေတယ် ဒါ မသင့်တော်ဘူး တခုခုတော့ ပြန်လုပ်ရမယ်မလား"

အသံရှင်က ပြန်ဖြေလိုက်သည်။

"အရှင်မင်းင်းကြီးအနေနဲ့ ဒီမိန်းကလေးတွေထဲက တချို့ကို သတ်ပစ်ပြီး ဒေါသကို ဖြေဖျောက်လို့ရသားပဲ"

"ဟာ အကြံကောင်းပဲ ကဲ အလီစီယာ ဘယ်သူ့ကို သတ်ပစ်ရမလဲ ရွေးပေးစမ်းပါအုံးကွယ်"

အလီစီယာက မိန်းကလေးများ ထဲမှတယောက်က်ကို လက်ညိုးထိုးပြလိုက်သည်။ ထိုခနမှာပင် အနူဘီ၏ လက်ဝါးက မိန်းကလေးကိုယ်ပေါ်သို့ ကျရောက်သွား၏။ မိန်းကလေးမှာ နေရာမှာပင် အသက်ပျောက်သွားလေသည်။

ထိုအခါ အလီစီယာက အနူဘီ၏ လည်ပင်းအား ရီးလေးခိုရင်း မေးလိုက်သည်။

"အရှင်မင်းင်းကြီး အဆင်ပြေသွားပြီဆိုရင် ကျွန်မတို့ အပျော်ကြူးကြမလား"

"မပြေသေးဘူး ခုဟာက တောင်ပိုင်းရဲတိုက်ကျဆုံးသွားတဲ့ ကိစ္စကိုပဲ ဖြေရှင်းရသေးတယ် ကျုပ် ဦးရီးတော်သေတဲ့ကိစ္စကို မဖြေရှင်းရသေးဘူး"

"ဒါဆို နောက်တယောက်က်လောက် ထပ်သတ်အုံးမလား အရှင်မင်းကြီး"

"နောက်တယောက် ဟုတ်လား ဘယ်လုံလောက်ပါ့မလဲ သူဟာ ကျုပ်ရဲ့ ဦးရီးတော်ဖြစ်သလို မီးလျံအသိုက်ရဲ့ စစ်နတ်ဘုရားလဲ ဖြစ်တယ် သူ ဘဝတလျှောက်လုံး သင်ကြားပေးခဲ့လို့လဲ ကျုပ် အခုလို ကြီးမြတ်တဲ့ စစ်သည်တော် ဖြစ်လာတာပေါ့ ကုန်ကုန်ပြောရရင် သူ့ကြောင့်သာ ဒီကနေ့ ကျုပ်ဆိုတာ ဖြစ်လာတာပဲ ခုတော့ သူ သေသွားပြီ ဒါကို သာမာန်အစေခံမိန်းကလေးတယောက်က် သတ်လိုက်ရုံနဲ့ ကျုပ် ကျေနပ်သွားမယ်လို့ မင်း ထင်နေ....."

ဤနေရာအရောက်ာက်တွင် အနူဘီက စကားကို ရပ်လိုက်ပြီး သလင်းမျက်နှာကျက်အလွန်ဆီမှ ကောင်းကင်ကို မော့ကြည့်ရင်း အော်ဟစ်လိုက်သည်။

"ကျုပ် ဘာကြောင့် မပျော်နိုင်ပဲ ဖြစ်နေရတာလဲ"

"ကျုပ် ဘာကြောင့် မပျော်နိုင်ပဲ ဖြစ်နေရတာလဲ"

"ကျုပ် ဘာကြောင့့် မပျော်နိုင်ပဲ ဖြစ်နေရတာလဲ"

မျက်နှာကျက်ဆီမှ အသံသည် ပဲ့တင်ထပ်လျက် ပြန်လည်ထွက်ပေါ်လာ၏။

အတန်ကြာမှ အနူဘီက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်ပြန်သည်။

"ခုတော့ အဖိုးကြီး သေသွားပြီ သူ့ကြောင့် ကျုပ် အများကြီး ခံစားခဲ့ရတယ် သူ့ကြောင့်ပဲ ကျုပ် ဘုရင်ဖြစ်လာခဲ့တယ် ဒါပေမဲ့ သူ့ထိန်းချုပ်မှုကြောင့်ပဲ ကျုပ် ပြီးပြည့်စုံတဲ့ ဘုရင် မဖြစ်နိုင်ခဲ့ဘူး ခု သူသေသွားပြီဆိုတော့ ကျုပ်ကို ဘယ်သူမှ မထိန်းချုပ်နိုင်တော့ဘူး"

အလီစီယာ မတ်တပ်ရပ်အရိုုအသေပြုရင်း ပြောလိုက်သည်။

"ဂုဏ်ပြုပါတယ် အရှင်မင်းကြီးရှင်"

ထိုအခါ အနူဘီက အလီစီယာ၏ မေးစေ့ကို ဆွဲမော့ရင်း ပြောလိုက်သည်။

"ဒီလိုအနေအထားမှာ အစေခံတယောက်လောက်ကို သတ်ပြီး ကျုပ် တင်းတိမ်ရမှာလား ကျုပ် ဒီထက်ပိုပြီး သတ်မှရမယ် အထူးသဖြင့် ကျုပ် မသတ်ရက်တဲ့ တယောက်ယောက်ကို သတ်ပြီးတော့ပေါ့"

အလီစီယာ၏ အမူအရာ ချက်ချင်းပင် ပြောင်းလဲသွား၏။

"မလုပ်ပါနဲ့ အရှင်မင်းကြီး"

ထိုအခိုက်မှာပင် လည်ပင်းရိုးကျိုးသံ ထွက်ပေါ်လာပြီး အလီစီယာ ပုံခနဲ လဲကျသွား၏။

တဆက်တည်းမှာပင် အနူဘီထံမှ ထွက်ပေါ်လာသော အားလှိုင်းသည် သတ်ဖြတ်သူမျိုးစိတ်ဝင် အစေခံအမျိုးသမီးငယ်တိုင်းအား ဇီဝိန်ချွေသွားလေသည်။

***

All Chapters