← Chapters

ချဲ့ထွင်ခြင်း

Vol. 69 Ch. 682

ချဲ့ထွင်ခြင်း

Vol. 69 Ch. 682

တာလာရဲတိုက်။

တာလာရဲတိုက်ကား တခြားသတ်ဖြတ်သူမြို့တော်များနှင့်မတူပဲ အရင်းအမြစ် ပေါကြွယ်ဝသော မြို့တော်ဖြစ်သည်။ ဤမြို့တော်မှ အမြောက်အများ ထုတ်လုပ်လျက်ရှိသော ငွေကြယ်ပန်းပွင့်များမှာ များပြားသော အရင်းအမြစ်များအနက် တခုဟု ဆိုနိုင်ပေသည်။ နှစ်စဥ်နှစ်တိုင်းလိုလိုတွင် ဤဒေသမှ လူသားနှင့် ဝိညာဥ်မျိုးစိတ်နယ်မြေများအပါအဝင် အခြားနယ်မြေများသို့ ငွေကြယ်ပန်းပွင့်များအား လှေကြီးများဖြင့် တင်ပို့လေ့ရှိ၏။ အပြန်အလှန်အနေနှင့် အသက်ရှင်သန်ရန် မရှိမဖြစ်လိုအပ်သည့့်အရင်းအမြစ်များကို ဤကုန်သွယ်မှုမှ သတ်ဖြတ်သူများ ရရှိကြလေသည်။

မျိုးစိတ်ကြီးများအကြား ဆက်ဆံရေးကား အထက်ပါနည်းအတိုင်း အမြဲတမ်းလိုလို မီးစတဖက် ရေမှုတ်တဖက်သာပင်တည်း။

စစ်ဖက်ရေးရာမြို့တော်မဟုတ်ခြင်းကြောင့် တာလာရဲတိုက်တွင် မည်သည့်အကာအကွယ်မှမရှိ။ သို့သော် မြို့တော်ကို အားကောင်းသော အခြားသတ်ဖြတ်သူမြို့တော်များက ဝန်းရံထားလေသည်။ ထိုမြို့တော်များအနက်မှ ထင်ရှားသောမြို့တချို့မှာကား မီးလျံအသိုက်၏ သံမဏိမြို့တော်၊ ငွေဝံပုလွေအသိုက်၏ နက်ချ်မြို့တော်နှင့် အနက်ရောင်ရေအသိုက်၏ လေမြို့တော်တို့ပင် ဖြစ်သည်။

အဆိုပါ သတ်ဖြတ်သူအသိုက်ကြီးများသည် အချင်းချင်း အပြန်အလှန် စောင့်ရှောက်ခြင်းအားဖြင့် တာလာရဲတိုက်အား ထူးခြားသာလွန်သော မြို့တော် ဖြစ်လာစေ၏။ တာလာရဲတိုက်၏ ကြီးမားသော ကုန်သွယ်ရေးကြောင့် သူတို့အနေနှင့် ငွေကြေးအမြောက်အများ ရရှိခံစားကြရသည်မဟုတ်ပါလား။

မည်သို့ဆိုစေ တာလာရဲတိုက်သည် သတ်ဖြတ်သူမျိုးစိတ်၏ အကြွယ်ဝဆုံးမြို့တမြို့ ဖြစ်နေသည်ကတော့ အမှန်ပင်။ ဤမြို့မှ သတ်ဖြတ်သူများသည် အ​ခြားဒေသမှ သတ်ဖြတ်သူများ မပိုင်ဆိုင်နိုင်သည့် အရင်းအမြစ်များကို ပိုင်ဆိုင်နိုင်ကြကုန်၏။ သူတို့သည် ဇိမ်ခံရထားများကို သုံးစွဲနိုင်ကြ၏။ မြို့တော်မှ အဆင်းရဲဆုံးဟု ဆိုနိုင်သောသူသည်ပင် ဇိမ်ခံဝံပုလွေရထားတစင်းတော့ ပိုင်ဆိုင်ကြလေသည်။ ဤမြို့တော်မှ ငယ်ရွယ်နုပျိုသူသတ်ဖြတ်သူများမှာ အလုပ်လုပ်ရန်ပင် မလိုအပ်။ အလုပ်အများစုအား အခြားဒေသမှ ရွှေ့ပြောင်းလာသူ သတ်ဖြတ်သူများက လုပ်က်ိုင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် မြို့တော်၏ သတ်ဖြတ်သူဦးရေရှစ်ဆယ်ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းလုပ်သားများနှင့်သာ ပြည့်နှက်နေလေသည်။ ကျန်သတ်ဖြတ်သူဦးရေ နှစ်ဆယ်ရာခိုင်နှုန်းမှာကား ဒေသခံများဖြစ်ပြီး စည်းစိမ်ချမ်းသာခံစားရင်း ငြိမ်းချမ်းစွာ နေထိုင်ကြကုန်၏။

မည်သို့ဆိုစေ တာလာရဲတိုက်သည် အတော်ပင် ငြိမ်းချမ်းလှသော သတ်ဖြတ်သူမြို့တော်ဟု ဆိုနိုင်သည်။

ကမ္ဘာကြီးသည်ပင် ယခင်နှင့်မတူတော့သောအခါ တာလာရဲတိုက်၏ အနေအထားမှာလည်း အထူးတလည် အံ့သြနေစရာ မဟုတ်တော့။

သို့သော် လွန်ခဲ့သော တလခန့်က စတင်ခဲ့သည့်သားရဲလှိုင်းသည် တာလာရဲတိုက်အား အကြီးအကျယ် ထိတ်လန့့်သွားစေခဲ့၏။ သံမဏိမြို့တော်၊ နက်ချ်မြို့တော်နှင့် လေမြို့တော်တို့သည် သားရဲလှိုင်းများကြောင့် ညက်ညက်ကြေသွားခဲ့ပြီး စစ်သားအများအပြားမှာလည်း ဆုတ်ခွာပေးလိုက်ရလေသည်။

ထို့နောက်တွင်တော့ သားရဲလှိုင်းသည် ရုတ်ချည်းပင် ရပ်တန့်သွားခဲ့၏။ သို့သော် မီးလျံအသိုက်၏ စစ်သားစုဆောင်းမှုကြောင့် တာလာရဲတိုက်အတွင်း နေထိုင်သူများအဖို့ ရတက်မအေးစရာ ဖြစ်လာပြန်သည်။ တာလာရဲတိုက်ရှိ ငယ်ရွယ်သူ သတ်ဖြတ်သူများသည် တသက်က်လုံး မင်းညီမင်းသားများသဖွယ် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့ဘဝတွင် တကြိမ်တခါမှပင် စစ်မတိုက်ဖူး။ ထို့ကြောင့် သားရဲများနှင့် တိုက်ခိုက်ရန် စစ်သားအဖြစ် စုဆောင်းခြင်းခံ၍ သူတို့ကြောက်ကြသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အမှန်တရားတခုပင်။

သို့သော် ၎င်းမှာ အဆိုးဆုံးအပိုင်းတော့ မဟုတ်သေးချေ။

အကြောင်းမှာ သိပ်မကြာခင် ကြီးမားသော ထိုးစစ်နှင့် သူတို့ ရင်ဆိုင်လိုက်ရသောကြောင့်ပင်။

ဤတကြိမ် ထိုးစစ်ဆင်သူများက သားရဲများမဟုတ်။ လူသားများ ဖြစ်နေ၏။

သနားညှာတာမှုကင်းမဲ့လှသော ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် တာလာရဲတိုက်အား ချိန်သားကိုက် အလစ်ဝင်ရောက်တိုက်ခိုက်လာကြ၏။ သားရဲလှိုင်း၏ လက်ချက်ကြောင့် တာလာရဲတိုက်အား ကာရံထားသော အဓိကမြို့ကြီးများ ပျက်စီးသွားချိန်တွင် ကောင်းကင်ဘုံလက်သီးတပ်ရင်းက တာလာရဲတိုက်အား ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းပင်။

လူသားများ၏ ကြောက်မက်ဖွယ်ထိုးစစ်ကြောင့် နေတဝက်အတွင်းမှာပင် တာလာရဲတိုက်တခုလုံး ပြိုလဲသွားရရှာသည်။ ထို့နောက်တွင်တော့ အစုအပြုံလိုက် သတ်ပွဲကြီး ပေါ်ပေါက်လာတော့၏။ ကောင်းကင်ဘုံလက်သီးတပ်ရင်းကား သနားညှာတာမှု အလျင်းမှ မရှိ။ တွေ့သမျှ သတ်ဖြတ်သူတိုင်းကို လက်စတုံး၏။ ရနိုင်သမျှ အရင်းအမြစ်များအား ယူငင်ကြကုန်၏။

ရဲတိုက်တခွင်ရှိ အရင်းအမြစ်တိုင်းအား ပြောင်သလင်းခါအောင် သိမ်းယူပြီးသည်နှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် စနစ်တကျပင် ပြန်လည်ဆုတ်ခွာသွားလေသည်။ လူသားများဆုတ်ခွာသွားပြီးနောက် ရဲတိုက်တဝက်ခန့်သည် မီးလောင်ပြင်ကြီးအဖြစ်သာ ကျန်ရစ်ခဲ့၏။

ထိုဖြစ်ရပ်သည် သတ်ဖြတ်သူများအား အရှိုက်ထိုးခံရသည့်သဖွယ် အထိနာသွားစေလေသည်။

သို့သော် ထိုထက်ပိုဆိုးသော ကပ်ဘေးကြီး လာတော့မည်ကိုတော့ ထိုအချိန်ထိ သတ်ဖြတ်သူများ မသိကြသေးချေ။

တာလာရဲတိုက်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် နတ်ဆိုးသားရဲအများအပြားသည် အနားယူလျက်ရှိကြသည်။

သားရဲအုပ်ကြီး၏ အလယ်ဗဟို ကောင်းကင်ပေါ်တွင်တော့ ကြီးမားသော အနီရောင်နန်းတော်ကြီးတဆောင် ပေါလောပေါ်လျက်ရှိ၏။

အဆိုပါ မိုးပျံနန်းတော်ကြီးအား ကြီးမားသော မိကျောင်းရှစ်ကောင်က ထမ်းပိုးထားလေသည်။ မိကျောင်းများ၏ အရွယ်အစားမှာကား တောင်ပူစာတလုံးစာခန့်ပင် ကြီးမားသော ၎င်းတို့၏ အမြီးများမှာ နဂါးတကောင်သဖွယ် လေပေါ်တွင် လှုပ်ယမ်းလျက်ရှိ၏။ အဆိုပါ မိကျောင်းတကောင်သည် လူသားမြို့တော်တမြို့အား စက္ကန့်ပိုင်းအတွင်းမှာပင် ချေမွပစ်နိုင်၏။ သို့သော် ဤနေရာတွင်တော့ ၎င်းတို့သည် အင်အားအနည်းဆုံး စစ်သည်တော်အဆင့်သာ ရှိကြလေသည်။

အနီရောင်နန်းတော်အား သွေးကဲ့သို့ ရဲရဲနီနေသည့်မြူခိုးများ ကာရံထား၏။ တခါတရံတွင်တော့ မြူခိုးများအတွင်းမှ ထိတ်လန့်စရာ အရှိန်အဝါများ တိုးထွက်လာတတ်သည်။ ထိုမြူခိုးများအကြား အမှတ်တမဲ့ ဖြတ်သန်းသွားမိသည့် သတ္တုငှက်တကောင်သည် နာကျင်စွာ အော်ဟစ်ပြီး ပြာကျကုန်ကြောင်း သားရဲတိုင်း မြင်တွေ့လိုက်ရ၏။

၎င်းသည် သားရဲများအား ပို၍ ထိတ်လန့်သွားစေ၏။ သူတို့အားလုံး အနီရောင်မြူခိုးများအနီးသို့ ကပ်ပင်မကပ်ဝံ့တော့။

အချိန်အများစုတွင် မိုးပျံနန်းတော်သည် ငြိမ်သက်လျက်ရှိသည်။ တခါတရံတွင်တော့ နတ်ဆိုးသားရဲတချို့သည် နန်းတော်အတွင် ဝင်လိုက်ထွက်လိုက်လုပ်နေကြ၏။

ဤယနေ့တွင်ကား အခြေအနေမှာ တမျိုးတဖုံ ကွဲပြားနေ၏။

"ဝူး"

နန်းတော်အတွင်းမှ ကျယ်လောင်လှသော အော်သံသည် မဟာပထဝီမြေကြီးအား တုန်ဟီးသွားစေ၏။

"ခွေးမသား တယ်သတ္တိကောင်းပါလားကွ"

ဆဲဆိုသံနှင့်အတူ အနီရောင်နန်းတော်ဆီမှ သွေးဆာသော အငွေ့အသက်များ ပျံ့လွင့်လာ၏။ သိပ်မကြာမီ ကောင်းကင်တခွင်လုံး သွေးရောင်တိမ်ထုများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် အဆိုပါ အနီရောင်တိမ်များသည် အရပ်ရှစ်မျက်နှာသို့ ကွဲထွက်သွားလေသည်။

၎င်းထံမှ ထွက်ပေါ်လာသည့့် သွေးဆာသော ခံစားချက်ကို ကီလိုမီတာပေါင်းများစွာ ဝေးကွာသောနေရာမှ သတ်ဖြတ်သူများပင် ခံစားမိကြကုန်၏။

ဘာတွေများ ဖြစ်ကုန်သနည်း။

သတ်ဖြတ်သူစစ်သားများ စိတ်ရှုပ်ထွေးကုန်ကြလေသည်။

သို့သော် စက္ကန့်ပင်မဆိုင်းပဲ မြင်လိုက်သော ထိတ်လန့်စရာမြင်ကွင်းက ၎င်းတို့မျက်လုံးများအား ပြူးကျယ်ဝိုင်းစက်သွားစေတော့၏။

တူ!!! တူ!!!

ကျယ်လောင်သော ဟွန်းသံသည် လွင်ပြင်တလျောက် ပဲ့တင်ထပ်သွား၏။

တိုက်ခိုက်ရေးဟွန်းသံနှင့်အတူ ထပ်မံထွက်ပေါ်လာသည်ကတော့ အကန့်အသတ်မရှိသော သားရဲလှိုင်းကြီး။ ထို့နောက် သွေးဆာနေသော အငွေ့အသက်များ။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

သားရဲလှိုင်းက နောက်တခေါက် ပြန်စအုံးမှာတဲ့လား...

သတ်ဖြတ်သူစစ်သားများ ကြက်သေသေကုန်လေပြီ။

မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် ရှေ့သို့ အပြင်းချီတက်လာကြ၏။ သူတို့၏ စိတ်အာရုံတွင် သနားညှာတာမှုမရှိ။ ငဲ့ညှာမှုမရှိ။ အဆုံးမရှိသော ထိုးစစ်သာလျင် ရှိတော့သည်။

တိုက်ခိုက်မယ်၊ စားသောက်မယ်၊ အမဲလိုက်မယ်၊ သေမယ်။

ဒါသည်ပင်လျင် သားရဲများ၏ အခြေခံသဘာဝ မဟုတ်ပါလား။

ဝူး!!!

သားရဲများသည် စိတ်လှုပ်ရှားစွာဖြင့် ပြိုင်တူဟစ်ကြွေးလိုက်ကြ၏။ ယခုဆိုလျင် သူတို့အတွက် မည်သည့်ကန့်သတ်ချက်မှ ရှိမနေတော့။ သူတို့၏ ပင်ကိုယ်သဘာဝအား အစွမ်းကုန် ထုတ်ပြခွင့်ရခဲ့လေပြီ။

သတ်ဖြတ်သူစစ်သားများသည် မိုးကုပ်စက်ဝိုင်းအလွန်တွင် တွေ့မြင်နေရသည့် ကြောက်စရာသားရဲလှိုင်းအား မှင်တွေလျက် ငေးမောနေကြ၏။

ထောင်သောင်းချီသော ခွာကြီးများ မြေပေါ်​ခြေချလိုက်ချိန်ဝယ် ပေါက်ကွဲသံကြီးသဖွယ် ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင် မဟာပထဝီမြေကြီးမှာ သိမ့်သိမ့်တုန်သွားလေသည်။ ကောင်းကင်တခွင်ကား မှောင်မည်းသွားသည်ဟု ထင်မှတ်ရ၏။

သားရဲများကား မြေပြင်တွင်သာမကာ ကောင်းကင်ပေါ်မှာပါ ပြည့်နှက်နေခဲ့လေပြီ။

၎င်းတို့ကား ဒီရေလှိုင်းကြီးပမာ ရှေ့သို့ တဟုန်ထိုး ချီတက်လာကြလေပြီ။

"ဘုရားသခင် ကယ်တော်မူပါ"

၎င်းကိုမြင်သောအခါ သတ်ဖြတ်သူစစ်သားများ အော်ဟစ်ငိုယိုကြလေသည်။

သိပ်မကြာမီ သားရဲလှိုင်းသည် တာလာရဲတိုက်အား ကျော်ဖြတ်သွား၏။ သတ်ဖြတ်သူများ၏ ဒဏ္ဍာရီမြို့တော်ကား စက္ကန့်ပိုင်းအတွင်း ရစရာမရှိအောင် ချေမွခံလိုက်ရလေပြီ။

တချိန်တည်းမှာပင် နေရာအနှံ့အပြားရှိ သတ်ဖြတ်သူများသည် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

သားရဲလှိုင်းသည် တိုး၍သာ ကျယ်ပြန့်လာ၏။ ဒေါသထွက်နေသော အနီရောင်နှလုံးသားသည် ၎င်း ဆုံးရှုံးလိုက်ရသည့်ရတနာများအတွက် သတ်ဖြတ်သူများသွေးနှင့် ခြေဆေးတော့မည်ဟု ဆုံးဖြတ်လိုက်ပြီ မဟုတ်ပါလား။

ထိုနေ့တနေ့တည်းမှာပင် သတ်ဖြတ်သူမြို့ကြီး ဆယ့်သုံးမြို့ ဘုံးဘုံးလဲသွားပြီး သတ်ဖြတ်သူစစ်သားအများအပြား ၎င်းတို့မျိုးစိတ်အတွက် အသက်ပေးလိုက်ရလေသည်။

***

All Chapters