← Chapters

အချိန်ပိုင်းအလုပ်သမား

Vol. 70 Ch. 693

အချိန်ပိုင်းအလုပ်သမား

Vol. 70 Ch. 693

မူလစွမ်းအင်ကျောင်းတော်သည် ဂေါလန်ရဲတိုက်၏ အနောက်ခြမ်း ကီတီလူနန်းတော်နှင့်ကောင်းကင်အလင်းနတ်ဘုရားကျောင်းတော်တို့၏ မျက်နှာချင်းဆိုင်တွင် တည်ရှိ၏။

အတိအကျပြောရလျင် ၎င်းသည် ကောင်းကင်အလင်းနတ်ဘုရားကျောင်းတော်၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။

ကောင်းကင်အလင်းနတ်ဘုရားကျောင်းတော်အား အစိတ်အပိုင်းကြီး သုံးပိုင်းနှင့် တည်ဆောက်ထား၏။ အနှီအစိတ်အပိုင်းကြီးများမှာ နေမင်းကျောင်းတော်၊ ကောင်းကင်အသုံးအဆောင်ပစ္စည်းနန်းဆောင်နှင့် မူလစွမ်းအင်ကျောင်းတော်တို့ပင် ဖြစ်သည်။

နေမင်းကျောင်းတော်ကို သတ်ဖြတ်သူများအနေနှင့် ဝတ်ပြုရန် အဓိက အသုံးပြုကြ၏။ နေမင်းကျောင်းတော်တွင်လည်း ယဇ်ပူဇော်ခန်း၊ ဝတ်ပြုခန်းနှင့် လေကျင့်ရေးခန်းမဆောင်ဟု ထပ်မံပိုင်းခြားထားလေသည်။ ကောင်းကင်အသုံးပစ္စည်းနန်းဆောင်တွင်တော့ မူလအရိုး၊ စောင့်ရှောက်သူဆေးမင်စသည့်ရတနာများကို သိမ်းဆည်းထား၏။ ထိုမျှသာမကသေး အရိုးနတ်ဆရာများ၊ ဝိညာဥ်မဲ့များနှင့် ကာကွယ်စောင့်ရှောက်သူများအား ဤနေရာမှာပင် လေ့ကျင့်ပေးလေသည်။ မူလစွမ်းအင်ကျောင်းတော်တွင်တော့ မူလစွမ်းအင်နှစ်ခြင်းခံခြင်းအား အဓိကထားပြုလုပ်သည်။ ၎င်းသည် သတ်ဖြတ်သူများ မူလစွမ်းအင်ကို လေ့ကျင့်ရန် တခုတည်းသော နည်းလမ်းလည်း ဖြစ်၏။

မည်သို့ဆိုစေ မူလစွမ်းအင်ကျောင်းတော်သည် နတ်ဘုရားကျောင်းတော်စနစ်ကြီးတခုလုံးတွင် အရေးအကြီးဆုံး နေရာပင်တည်း။

ကျောင်းတော်သည် ပေပေါင်း၂၀၀ခန့်ထိ ရှည်လျားပြီး လျို့ဝှက်ဆန်းကြယ်၏။ ကျောင်းတော်တခုလုံးအား တူညီသော သတ္တုတမျိုးတည်းနှင့်သာ တည်ဆောက်ထားပြီး ကျောင်းတော်၏ အုတ်မြစ်ကိုတော့ ရွှေနက်သတ္တုနှင့် တည်ဆောက်ထားလေသည်။ အဆိုပါ ရွှေနက်သတ္တုသည် မူလစွမ်းအင်ကို တားဆီးနိုင်သောအာနိသင်ရှိလေရာ မူလစွမ်းရည်များအား ခုခံနိုင်သည့် သံချပ်ကာဝတ်စုံများ ဖန်တီးရာတွင် အဓိကအသုံးပြုရသည့် ကုန်ကြမ်းတမျိုးပင်။ ရွှေနက်သတ္တုနှင့် ပြုလုပ်ထားသည့် ဝတ်စုံအပိုင်းအစတခုကို မူလကျောက်တုံး သန်းချီတန်ကြေးရှိလေရာ ကျောင်းတော်၏ အုတ်မြစ်အား ရွှေနက်သတ္တုနှင့် ဖန်တီးထားခြင်းမှာ မြေကြီးထဲသို့ မူလစွမ်းအင်များ စိမ့်ထွက်မသွားစေရန် ရည်ရွယ်မှန်း သိသာနေ၏။

ကျောင်းတော်၏ ပင်မကိုယ်ထည်ကိုကား တိမ်တိုက်ကြယ်၊ ငွေချဥ်ဆီနှင့် သက်တန့်ဖန်တို့ဖြင့် တည်ဆောက်ထား၏။ အဆိုပါကုန်ကြမ်းသုံးမျိုးလုံးမှာ မူလစွမ်းအင်လျပ်ကူးသတ္တုများ ဖြစ်လေသည်။ တိမ်တိုက်ကြယ်သည် အလွန်မာကျောပြီး လေးလံသော လက်နက်များ ဖန်တီးရာတွင် အသုံးပြုသည်။ ငွေချဥ်ဆီမှာကား ပျော့ပြောင်းပြီး ပုံစံပြောင်းလဲနိုင်သည့် လက်နက်များ ပြုလုပ်ရာတွင် သုံးကြ၏။ စုချန်း၏ တောင်ခွဲဓားသည်ပင် ငွေချဥ်ဆီသတ္တုနှင့် ဖန်တီးထားခြင်း ဖြစ်သည်။ သက်တန့်ဖန်မှာကား အထက်ပါ ကုန်ကြမ်းသုံးမျိုးတွင် စျေးအကြီးဆုံးဖြစ်ပြီး အကောင်းဆုံး မူလစွမ်းအင်လျပ်ကူးသတ္တု ဖြစ်သည်။ အာကင်နာပညာရှင်ကြီးများ သဘောအကျဆုံး သတ္တုတမျိုးလည်း ဖြစ်၏။ ဤယနေ့ခေတ်တွင်တော့ သက်တန့်ဖန်မှာ အလွန်ရှားပါးသွားခဲ့လေပြီ။

စုချန်းသည် မူလစွမ်းအင်ကျောင်းတော်အား စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ သူ့စိတ်ထဲတွင်လည်း ကျောင်းတော်၏ အစိတ်အပိုင်းတချို့အား ဖဲ့ယူသွားလိုစိတ်များ ပေါ်ပေါက်နေ၏။

ကျောင်းတော်၏ ထိပ်တွင်တော့ ဝင်းဝင်းတောက်နေသော စက်လုံးကြီး ရှိနေ၏။ အဆိုပါ စက်လုံးသည် နေကဲ့သို့ ထွန်းလင်းတောက်ပလျက်ရှိသည်။

၎င်းမှာ မူလစွမ်းအင်စုစည်းရေးကိရိယာပေတည်း။

စုချန်းသည် မူလစွမ်းအင်ကျောင်းတော်အား အတိုင်းသား ငေးကြည့်နေမ်ိ၏။ သူ့နှလုံးသားထဲတွင်တော့ အကြိမ်ကြိမ် သက်ပြင်းချနေမိလေသည်။

အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်သည်ပင်လျင် ရွေနက်သတ္တုအများအပြားနှင့် တည့်ဆောက်ထားသည့် ဤအရာကြီးအား ရွေ့လျားအောင် စွမ်းဆောင်နိုင်မည်မဟုတ်။ သမိုင်းကြောင်းတလျှောက် အရူးနှမ်းဆုံး ဗိသုကာလက်ရာတခုအား တည်ဆောက်နိုင်ခဲ့သည် သတ်ဖြတ်သူများသာလျင် မူလစွမ်းအင်ကျောင်းတော်အား ရွေ့လျားအောင် စွမ်းဆောင်နိုင်ပေလိမ့်မည်။

ကျောင်းတော်၏ ပတ်ပတ်လည်တွင်တော့ အစောင့်အများအပြား ရှိနေ၏။ ထို့ပြင် များပြားလှသော ဘုန်းတော်ကြီးများ၊ ဘုရားကျောင်းစစ်သည်တော်များ၊ စစ်သားများ ဤနေရာတွင် စုဝေးနေကြလေသည်။

သို့သော်ငြားလည်း ဒန်ဘာ၏ ကျေးဇူးကြောင့် မူလစွမ်းအင်ကျောင်းတော်သို့ သူတို့ အလွယ်တကူပင် ရောက်လာနိုင်ခဲလေသည်။

"တနေ့ကျရင် ခုနှစ်ပြည်ထောင်ကို စုစည်း လူသားမျိုးနွယ်တွေကို ဦးဆောင်ပြီး သမိုင်းဝင်မူလစွမ်းအင်ကျောင်းတော်ဆီ ရောက်အောင်သွားမယ်လို့ ကျုပ် စိတ်ကူးယဥ်ခဲ့ဖူးတယ် ဒါပေမဲ့ ကျုပ်စိတ်ကူး တဝက်မှန် တဝက်မှား ဖြစ်လိမ့်မယ်လို့တော့ လုံးဝ မျှော်လင့်မထားခဲ့ဖူးဘူး"

"ကျန်တဲ့ စိတ်ကူးတဝက် မှန်ဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်ပါတယ်လေ"

ဒန်ဘာက ပြန်ပြောလိုက်၏။

"ကျုပ်အပေါ် သိပ်အများကြီးလဲ မျှော်လင့်မထားနဲ့အုံး ကျုပ်အနေနဲ့ ဒါကြီး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားလည်ဖို့ လိုအပ်နေသေးတယ် အတွင်းပိုင်းတည်ဆောက်ပုံတွေကိုလဲ သိထားဖို့လိုတယ် ကျုပ်မျက်စိနဲ့ တပ်အပ်မြင်ရရင်တော့ အကောင်းဆုံးပဲ"

ဒန်ဘာက ချက်ချင်းပင် ခေါင်းခါလိုက်သည်။

"ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ကျုပ်အနေနဲ့ မင်း မူလစွမ်းအင်ကျောင်းတော်ရှေ့မှာ မတ်တပ်ရပ်နိုင်အောင် ကူညီပေးနိုင်တယ် ယုတ်စွအဆုံး မင်း နှစ်ခြင်းခံချင်ရင်တောင် ကျုပ် ကူညီပေးလို့ရသေးတယ်"

"ဒီတော့ မင်းဆိုလိုတာ ကျုပ် ကျောင်းတော်ထဲမှာ နှစ်ခြင်းခံလို့ရတယ် စောင့်ကြည့်လို့တော့ မရဘူးပေါ့ ဟုတ်လား"

"အမှန်ပဲ"

ဒန်ဘာက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

စုချန်း ခေါင်းကုတ်လိုက်၏။ မမျှော်လင့်သော အခက်အခဲကြောင့် သူ ခေါင်းကိုက်လာသည် မဟုတ်ပါလား။

ထိုအခိုက်မှာပင်...

"ဟေး မင်းတို့ ဒီမှာ ဘာရပ်လုပ်နေတာလဲ"

အစောင့်တဦးက သူတို့ရှိရာသို့ လျှောက်လာပြီး အော်ဟစ်မေးမြန်းလိုက်သည်။

ဒန်ဘာ မျက်မှောင်ကုတ်လိုက်၏။

"ကျုပ် ကျောင်တုံးပုတ်သင်အသိုက်ခေါင်းဆောင်ပါ ဘာလဲ ကျုပ်တို့ ဒီနားမှာ ခနတဖြုတ်တောင် မတ်တပ်ရပ်လို့ မရဘူးလား"

ဒန်ဘာသည် အသိုက်ခေါင်းဆောင်မှန်း သိလိုက်ရ၍ အစောင့်၏လေသံမှာ ပို၍ယဥ်ကျေးသွား၏။

"မူလစွမ်းအင်ကျောင်းတော်အနားမှာ ရပ်ချင်တိုင်း ရပ်နေလို့မရပါဘူးခင်ဗျာ နှစ်ခြင်းခံမယ်ဆိုရင် အချိန်ဇယားအတိုင်း ဆောင်ရွက်ပေးပါ ဒီလိုမှမဟုတ်ရင်တော့ ချက်ချင်း ထွက်သွားပေးရပါလိမ့်မယ်"

မူလစွမ်းအင်ကျောင်းတော်အစောင့်များ၏ အဆင့်အတန်းမှာ မြင့်မားလှ၏။ ဒန်ဘာပင်လျင် ၎င်းတို့နှင့် ပြသနာမတက်လို။

ထိုအခါ သူက စုချန်းအား ခေါ်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် စုချန်းက မေးလိုက်၏။

"ဟိုတယောက်က်ကျတော့ ဘာဖြစ်လို့ ကျောင်းတော်ထဲ ဝင်ခွင့်ရတာလဲ"

ရေပုံးတပုံးဆွဲလျက် ကျောင်းတော်အတွင်း ဝင်ရောက်သွားသော သတ်ဖြတ်သူတဦးကို လက်ညိုးထိုးရင်း စုချန်းက မေးလိုက်ခြင်း ဖြစ်သည်။

"ကျောင်းတော်ရဲ့ အစေခံတွေလေ သူတို့ ကျောင်းတော်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးရတယ်"

စုချန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့ ထိုနေရာမှ ထွက်ခွာလာခဲ့ကြ၏။

ခပ်လှမ်းလှမ်းသို့ ရောက်သည်နှင့် စုချန်းက စကားစလိုက်သည်။

"မင်းမှာ နည်းလမ်းတခုခုများ မရှိ....."

"ဘာလဲ အစေခံယောင်ဆောင်ပြီး ကျောင်းတော်ထဲခိုးဝင်ဖို့လား"

စုချန်း တဟဲဟဲနှင့် ရယ်မောလိုက်သည်။

"ညဏ်ကောင်းတဲ့သူတွေနဲ့ စကားပြောရတာ တကယ်လွယ်တာပဲ အစတုန်းကတော့ ကျုပ် အစောင့်ယောင်ဆောင်ဖို့ စဥ်းစားထားတာ ခုတော့ အစေခံယောင်ဆောင်ပြီး ဝင်တာက ပိုကောင်းလိမ့်မယ် ပြီးတော့ သန့်ရှင်းရေးလုပ်ရမယ်ဆိုတော့ ကျောင်းတော်ရဲ့ အစိတ်အပိုင်းတိုင်းကို ကျုပ် ထိတွေ့ခွင့်ရလိမ့်မယ်"

ဒန်ဘာ ခေါင်းညိတ်လိုက်သည်။

"ကျုပ်လဲ အဲဒီလိုပဲ တွေးနေတာပဲ တခုတော့ရှိတယ် ဒီလိုလုပ်လို့ အနာဂတ်မှာ ပြသနာတစုံတခု ဖြစ်လာခဲ့သည်ရှိသော် ဒီလုပ်ရပ်အတွက် တာဝန်ရှိသူဟာ ကျုပ်မှန်း သူတို့ သိမသွားဖို့တော့ လိုတယ်"

_____________×××_______________×××____________

ကောင်းကင်အလင်းကျောင်းတော်၏ မနက်ခင်းတိုင်းသည် အလွန်ပင် အလုပ်ရှုပ်၏။

မနက်ခင်း နေထွက်သည်နှင့် များပြားလှသော ယုံကြည်သူများသည် ပူဇော်ပသစရာ ပစ္စည်းများ အသီးသီးယူဆောင်ကာ ကျောင်းတော်တွင် လာရောက်စုဝေးလေ့ရှိကြသည်။

သတ်ဖြတ်သူမျိုးစိတ်ကား သတ်ဖြတ်ခြင်းနတ်ဘုရားလူဘစ်အား ကိုးကွယ်ကြသူများ ဖြစ်သည်။ လူဘစ်တွင် ကိုယ်ရံတော်နတ်ဘုရားကိုးပါးရှိ၏။ ဆိုလိုသည်မှာ ဆေးမင်အမျိုးအစား ကိုးမျိုးထိ သတ်ဖြတ်သူမျိုးစိတ်ဝင်များ ပိုင်ဆိုင်ထားသည့်သဘောပင်။

သတ်ဖြတ်သူများသည် ရိုးရိုးရှင်းရှင်းသာ စဥ်းစားတတ်သူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာအယူဝါဒများမှာလည်း ဟားပီးစ်များ သို့်မဟုတ် လူသားများကဲ့သို့ ရှုပ်ထွေးခြင်းမရှိလှ။

ဥပမာအားဖြင့် လူသားတို့၏ ကမ္ဘာတွင် လောကီရေးရာသည် ပို၍အရေးပါနေပြီး ကိုးကွယ်ယုံကြည်မှုဆိုင်ရာအယူဝါဒများမှာကား အားနည်းနေတတ်၏။ လူသားများ ကိုးကွယ်သည့် နတ်ဘုရားများသည် စိတ်ကူးယဥ်များသာ ဖြစ်နေတတ်ပြီး လောကီနယ်ပယ်တွင် နေရာမရလှ။ သို့သော် သတ်ဖြတ်သူများ၏ ကမ္ဘာတွင်တော့ နတ်ဘုရားကျောင်းတော်သည် အရေးပါလှပြီး ၎င်း၏ အဆင့်အတန်းမှာ အကြီးအကဲတဦးထက် မနိိမ့်ချေ။

ဒန်ဘာသည်ပင် ကျောက်တုံးပုတ်သင်အသိုက် နတ်ဘုရားကျောင်းတော်၏ အထောက်အပံ့က်ို ရရှိခဲ့ခြင်းကြောင့် ယခင်အသိုက်ခေါင်းဆောင်အား ဖယ်ရှားပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နှစ်စဥ်နှစ်တိုင်းလိုလိုပင် သတ်ဖြတ်သူမျိုးစိတ်ဝင်များသည် ကောင်းကင်အလင်းကျောင်းတော်သို့ လာရောက်ပြီး ပူဇော်ကြ၏။ ပသကြ၏။

ယခုလည်း သတ်ဖြတ်သူမျိုးစိတ်ဝင်အများအပြားသည် ကျောင်းတော်အတွင်း ဝင်လိုက်ထွက်လိုက်လုပ်နေကြ၏။ တန်ဖိုးကြီး နို့များ၊ ပျားရည်များမှာ နေရာအနှံ့တွင် မြစ်တခုသဖွယ် စီးကျလျက်ရှိသည်။ သားရဲအရေခွံများမှာ တောင်ပုံရာပုံ ဖြစ်နေ၏။ ခေါင်းလောင်းသံများ၊ ရွတ်ဖတ်သရဇ္ဇါယ်သံများမှာလည်း သာယာနာပျော်ဖွယ်အတိ ဖြစ်နေ၏။

သို့သော် နေရာတိုင်းတွင် ခြွင်းချက်တချို့တော့ ရှိနေတတ်လေသည်။

ဖယ်ကြစမ်း ခွေးမသားတွေ ဘေးကိုဖယ်နေစမ်း ကျုပ် အရှင်လွန်ဘော့နဲ့ တွေ့ချင်တယ် သူ့ကိုမြင်ချင်လို့ ကျုပ် ဒီကိုလာတာ"

စူးရှသော အော်သံတသံံက ဝတ်ပြုဆုတောင်းနေသူတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။

တယ်အတင့်ရဲလှပါလား...

မရေမတွက်နိုင်သော သတ်ဖြတ်သူတိုင်း၏ စိတ်ထဲတွင် အထက်ပါအတိုင်း တွေးမိလိုက်ကြသည်။

တစုံတဦးအား ဆုတောင်းပေးနေသော သတ်ဖြတ်သူအကြီးအကဲဘိုးဘေးက အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်၏။

အသံရှင်သည် ဝတ်ပြုသူများအကြား အတင်းပင် တိုးဝှေ့ဝင်လာလေသည်။ ၎င်းသည် သားရဲအရေခွံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဝိုင်ကရားတခုကို ကိုင်ထား၏။ သူ့ခြေလှမ်းများမှာ ဒယိမ်းဒယိုင် ဖြစ်နေလေသည်။

"ငမူးတကောင်ကိုး"

အကြီးအကဲဘိုးဘေးက မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်၏။

သတ်ဖြတ်သူများသည် အလွန်အရက်ကြိုက်သူများ ဖြစ်သည်။ တချို့မှာလည်း အမူးလွန်ကာ ကျောင်းတော်အတွင်း ဝင်လာတတ်၏။

ထိုအချိန်မှာပင် ကျောင်းတော်အစောင့်တချို့သည် အဆိုပါငမူးအား ဖမ်းချုပ်ပြီး အကြီးအကဲဘိုးဘေးရှေ့မှောက်သို့ ပို့ဆောင်လိုက်ကြလေသည်။

"ဘိုးဘေးကြီးခင်ဗျာ ဒီကောင် အမူးလွန်ပြီး ပြသနာရှာနေတယ် ကျုပ်တို့ သူ့ကို ဘယ်လိုအပြစ်ပေးလိုက်ရမလဲ"

အကြီးအကဲဘိုးဘေးက အောက်ပါအတိုင်း အမိန့်ချလိုက်သည်။

"အမူးလွန်တယ် မလေးစားဘူး ပြသနာရှာတယ် စည်းမျဥ်းအတိုင်း မူလကျောက်တုံးသုံးရာပေါ့ကွာ"

အမူးသမားကလည်း မူးမူးရူးရူးနှင့် အော်ဟစ်လိုက်၏။

"မူလကျောက်တုံးသုံးရာ အောင်မလေးဗျာ ကျုပ်မှာ တပြားမှမရှိလို့ ဒီမှာ အလကားများ စားရသောက်ရမလားလို့ လာတာပါ ဒီမှာ အစားအသောက်တွေကလဲ အများကြီး ဝိုင်တွေကလဲ တပုံကြီး ကျုပ် စားချင်တယ် ကျုပ် ဝိုင်သောက်ချင်တယ်"

အကြီးအကဲဘိုးဘေး မျက်မှောင်ကုတ်လိုက်သည်။

"ပိုက်ဆံတော့မရှိဘူး ဘာမှမလုပ်ပဲ အလကားတော့ စားချင်တယ် ဒီကောင့်ကို အလုပ်ကြမ်းလုပ်ခိုင်းမှ ရတော့မယ်"

ထိုစဥ် ဘေးနားရှိ ဘိုးဘေးတဦးက ဝင်ပြောလိုက်သည်။

"မနေ့ကပဲ ကျောင်းတော်သန့်ရှင်းရေးအစေခံတယောက် ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန် ရသွားတယ်"

"အဲဒါဆိုရင်လဲ ဒီကောင့်ကို ကျောင်းတော်သန့်ရှင်းရေးလုပ်ဖို့ စီစဥ်ပေးလိုက်ကွာ"

အကြီးအကဲဘိုးဘေး၏ အထက်ပါအတိိုင်း အမိန့်ပေးလိုက်လေသည်။

***

All Chapters