← Chapters

အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်း

Vol. 70 Ch. 697

အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်း

Vol. 70 Ch. 697

"မူလစွမ်းအင်ကျောင်းတော်ဟာ ချက်က္ကရတွေကို ဖျက်ဆီးလိုက်ရင်တောင် မင်း ဒါတွေကို ပြန်တည်ဆောက်နိုင်တယ် ပြန်ပြီးလေ့ကျင့်နိုင်တယ်လို့ မင်း ပြောခဲ့တယ်မလား အဲဒါဆို ဘယ်လိုဖြစ်လို့ ဒီလောက် စမ်းသပ်မှုတွေအများကြီး လုပ်ဖို့လိုနေရတာလဲ"

အခန်းတခန်းထဲတွင် စုချန်းနှင့်ဒန်ဘာတို့သည် စမ်းသပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးနေကြ၏။

အလယ်အလတ်အဆင့် မူလသလင်းကိုသုံးကာ ကြွက်တကောင်အပေါ် ဆက်လက်စမ်းသပ်နေသော စုချန်းက ပြန်ဖြေလိုက်သည်။

"စကားနဲ့ပြောရင်လွယ်သလိုရှိပေမဲ့ လက်တွေ့မှာ ထင်သလောက် မရိုးရှင်းဘူးဟ မင်းလဲသိသားပဲ သတ်ဖြတ်သူတွေဟာ မူလစွမ်းအင်ကို အာရုံမခံနိုင်တဲ့အတွက် မူလစွမ်းရည်တွေကို လေ့ကျင့်လို့မရဘူး ဒါပေမဲ့ မင်းတို့ရဲ့ကိုယ်ခန္ဓာကတော့ မူလစွမ်းအင်ကို သက်စောင့်အားအဖြစ် ပြောင်းပေးနိုင်တယ် ဒါကြောင့် မင်းတို့ဟာ အလွန်ကြံ့ခိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်လာကြတယ် ကျုပ်ဖန်တီးနေတဲ့ နည်းလမ်းကတော့ မင်းတို့ရဲ့ ဒီမွေးရာပါစွမ်းအားကို မူလစွမ်းအင်အဖြစ် ပြောင်းလဲပစ်ဖို့ပဲ ဒီလိုနည်းလမ်းနဲ့ မင်းတို့ရဲ့ကိုယ်ထဲမှာ သန့်စင်တဲ့မူလစွမ်းအင်ကို စုဆောင်းလာနိုင်လိမ့်မယ်"

ဒန်ဘာကား မည်သို့မှာ နားမလည်နိုင်ပဲ ဖြစ်နေလေသည်။

"ဒီတော့ ဘာဖြစ်သလဲ"

"ဒီတော့ ကျုပ်နည်းလမ်းက သတ်ဖြတ်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို လျော့ချပစ်လိမ့်မယ် ဒီလိုလျော့ချတဲ့အတွက် တဖက်ကလဲ ထိုက်သင့်သလောက် အကျိုးရှိလာမယ် ဥပမာကွာ သတ်ဖြတ်သူတယောက်က်ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားဟာ ၁၀၀ပဲဆိုပါစို့ ဒါကို ၂၀လျော့လိုက်မယ် ဒီအတွက် သူဟာ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းရှိလာမယ် သူဟာ လေ မီး မိုးကြိုး အလင်း ဒါတွေက်ို ထိန်းချုပ်လာနိုင်တဲ့အတွက် အမျိုးမျိုးသော နည်းစနစ်တွေကို အသုံးချလာနိုင်လိမ့်မယ် သက်စောင့်အားတခုတည်းများနေတာထက်စာရင် ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပေါင်းစပ်လိုက်တာ ပိုပြီးအကျိုးရှိတယ်လေကွာ"

"ဒီသဘောတရားကို ကျုပ် နားလည်ပါတယ်"

"မူလစွမ်းအင်ကျောင်းတော်ရဲ့နည်းလမ်းကျတော့ များပြားလှတဲ့မူလစွမ်းအင်တွေက်ို သတ်ဖြတ်သူတယောက်ကိုယ်ထဲ အတင်းကာရော ထိုးသိပ်ပြီး မူလစွမ်းအင်ပင်လယ်ပြင်ကို ဖန်တီးလိုက်တာပဲကွ ဒီနည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းလွန်းတယ် ပြီးတော့ ဒီနည်းလမ်းက မင်းတို့ရဲ့ သက်တမ်းကိုပါ သက်ရောက်မှုရှိနေတယ်ကွ ဒီလိုအနေအထားမှာ မင်းက ခွဲစိတ်ခံမယ် ချက္ကရတွေ ပြန်တည်ဆောက်မယ် ကျုပ်နည်းလမ်းအတိုင်း ပြန်လေ့ကျင့်မယ်ဆိုရင် မင်းဟာ...."

"အသက်တိုသွားမယ် ဟုတ်သလား"

တစုံတရာကို နားလည်သွားဟန်ဖြင့် ဒန်ဘာက ပြောလိုက်သည်။

စုချန်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ် အသက်တိုသွားမယ်"

"ဘယ်လောက်ထိ တိုသွားနိုင်သလဲ"

"ဒါကတော့ သုတေသနအပေါ်မှာ မူတည်နေတယ် ဘယ်အရာမှာမဆို နည်းလမ်းတွေ ရှိနေတတ်တယ် ပိုကောင်းတဲ့နည်းလမ်းကို ရှာတွေ့လေလေ မင်းအပေါ် သက်ရောက်မှုနည်းလေလေပဲ"

"ကျုပ်မှာ အချိန်သိပ်မရှိဘူး"

"ကျုပ်လဲ အတူတူပါပဲကွ"

စုချန်းက ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့ သိပ်မကြာပါဘူး"

"ဘာကြောင့်မှန်းတော့မသ်ိဘူး မင်းပြောတာ နားထောင်ပြီး ကျုပ် ပိုစိတ်ပူလာတယ် မင်း ကျုပ်အပေါ် တခုခု ဖုံးကွယ်ထားသလို ကျုပ် ခံစားနေရတယ်"

စုချန်း ပုခုံးတွန့်ပြလိုက်သည်။

"မင်းက သိပ်ပြီး သံသယများတာပဲကိုး အေးလေ ညဏ်ကောင်းသူတိုင်း သံသယများတတ်တာပဲကိုး"

"တကယ်လား ဒါဆိုလဲ သတ်ဖြတ်သူမျိုးစိတ်အပေါ် ဘယ်လိုဖြစ်လို့ ဒီလောက်ထိ ဂရုစိုက်တာတုန်း ကျုပ်ကို အဲဒါလေး ရှင်းပြပေးစမ်းပါအုံး"

ဒန်ဘာက ရုတ်တရက် မေးလိုက်သည်။

"နောင်အနာဂတ်မှာ သတ်ဖြတ်သူတွေဟာ မင်း ထိန်းချုပ်လို့ရမဲ့ ခွေးတွေမဟုတ်မှန်း မင်း သိထားပြီးသားပဲ မဟုတ်ဘူးလား ပြီးတော့ မင်းနဲ့ကျုပ် အတူတွဲနေတယ်ဆိုတာ အပေးအယူသက်သက်ပဲလေ ဒီလိုအနေအထားမှာ ကျုပ် အသက်တိုမတို မင်း ဘယ်လိုဖြစ်လို့ ဒီလောက် ဂရုစိုက်နေတာပါလိမ့်"

"ကျုပ်က ကျုပ်ပေးထားတဲ့ကတိကို တည်အောင် အတတ်နိုင်ဆုံး ကြိုးစားပေနေတာ ဒီလောက်ပဲ"

"ဘုရားကျောင်းစစ်သည်တော်ဖြစ်နေတဲ့ ကျုပ်အတွက် ကျင့်ကြံခြင်းကန့်သတ်ချက်တွေကို ချိုးဖျက်ပေးဖို့ ဒါ မင်း ကျုပ်အပေါ် ပေးထားတဲ့ကတိ ဒီအတွက် ကျုပ် ဘာတွေပြန်ပေးဆပ်လိုက်ရမလဲ ဒါကို မင်း စိတ်ပူနေစရာမှမလိုတာပဲ ကျုပ်သာ မင်းနေရာမှာဆိုရင် ဒါမျိုးကို....."

"အရန်အစီအစဥ် မရှိပဲ မလုပ်ဘူး"

စုချန်းက ဝင်ထောက်ပေးလိုက်၏။

ဒန်ဘာ ခေါင်းညိတ်လိုက်သည်။

"မှန်တယ် ကျုပ် တွေးနေတာ အဲဒီအတိုင်း အတိအကျပဲ"

ထိုအခိုက်မှာပင် မူလစွမ်းအင်သလင်းမှ အလင်းတန်းသည် ကြွက်အပေါ်သို့ ကျရောက်သွားလေရာ ကြွက်မှာ ရုတ်တရက် ထအော်လိုက်၏။

စုချန်း သက်ပြင်းချလိုက်သည်။

"မင်းကို လှည့်စားဖို့ဆိုတာ တကယ်မလွယ်တာပါလား"

"ဒီတော့ မင်းမှာ တကယ်ပဲ အရန်အစီအစဥ် ရှိနေသေးတယ်ပေါ"

စုချန်း ဘာမှပြန်မပြောပဲ လက်တဖက်ကို လှုပ်ရှားလိုက်ရာ မူလစွမ်းအင်အလင်းမှုန်များသည် ကြွက်အပေါ် ထိုးကျလာ၏။ ထို့နောက် ကြွက်ကိုယ်ထဲရှိ မူလစွမ်းအင်များသည် ထူထည်းသိပ်သည်းလာပြီး ပုံစံပြောင်းသွားလေသည်။

"ဒါ...."

ဒန်ဘာ မျက်မှောင်ကုတ်သွား၏။

"မင်းမြင်တဲ့အတိုင်းပဲ...အဲဒါ ကြာပန်းအုတ်မြစ်လေကွာ"

စုချန်း ပြန်ဖြေလိုက်သည်။

ဒန်ဘာ စုချန်းအား ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်၏။

ခွေးမသား...ဒီကောင် တကယ်ပဲ လှည့်ကွက်လုပ်နေတာကိုး...

နောက်ဆုံးတော့ စုချန်းသည် သတ်ဖြတ်သူများ၏ သက်တမ်းရှည်စေမည့် နည်းလမ်းကို ရှာဖွေနေခြင်းမဟုတ်မှန်း ဒန်ဘာ သိလိုက်ရလေပြီ။ စုချန်းသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းအား ရှာဖွေနေခြင်းသာ။ သူ ဒန်ဘာအား လိမ်နေခြင်းမှာ ဘာမှမထူးဆန်း။ လက်စသတ်တော့ ဒန်ဘာသည် စုချန်း၏ အလုပ်အား ဝင်ရောက်ကူညီပေးမိနေခြင်းပေတကား။

ထိုအခါ ဒန်ဘာက မေးလိုက်ပြန်၏။

"ဒီတော့ သက်တမ်းတိုမယ်ဆိုတာလဲ မဟုတ်ဘူးပေါ့"

စုချန်း ပြန်ဖြေလိုက်သည်။

"ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါးတော့ ရှိမှာပေါ့ကွာ ဒါပေမဲ့ ခုနက မင်းပြောသလိုပဲ ကျုပ် ဂရုမစိုက်ဘူး ပြီးတော့ မင်းကိုယ်တိုင်လဲ ဘယ်ဘေးထွက်ဆိုးကျိုးမှ ဂရုမစိုက်ဘူးမလား"

"မင်း တော်တော်အကျင့်မကောင်းတဲ့ကောင်ပဲကွ"

"စိတ်မဆိုးစမ်းပါနဲ့ကွာ ဒါ ကျုပ်အတွက် ဘယ်လောက်ထိ အရေးကြီးမှန်း မင်းလဲသိနေတာပဲ"

"အေးပေါ့လေ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းပါဆိုမှ အရေးမကြီးပဲ နေပါ့မလား"

ပြောရင်းနှင့် ဒန်ဘာက သက်ပြင်းချလိုက်၏။

"ကြည့်ရသလောက် အောင်မြင်ဖို့ နီးစပ်နေပြီနဲ့တူတယ် ဟုတ်သလား"

"တကယ်တော့ ကျုပ် အောင်မြင်သွားပြီကွ"

ဒန်ဘာ ပက်လက်လန်သွားလေပြီ။

ဘာ...ဘာ...ဘယ်လို...အောင်မြင်သွားပြီ ဟုတ်လား....

မရေမတွက်နိုင်သော လူသားပါရမီရှင်များ နှစ်ပေါင်းသောင်းချီ မက်လာခဲ့သည့်အိပ်မက် ယခုတော့ အောင်မြင်သွားပြီ ဆိုပါကလား...

ထိုအခိုက်မှာပင် ဒန်ဘာ၏ ခေါင်းထဲတွင် အတွေးတချက် ဝင်းလက်သွား၏။

"မူလစွမ်းအင်ပုံစံကွက်ကို မင်း ဆိုလိုတာလား"

စုချန်း ခေါင်းညိတ်ပြလိုက်လေသည်။

အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းတရပ် ဖန်တီးရာတွင် စုချန်းသည် အဓိကပြသနာကြီးနှစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ပထမပြသနာမှာ မူလစွမ်းအင်များအား သိပ်သည်းအောင်ပြုလုပ်ရန် ဖြစ်သည်။ ထိုပြသနာကို ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကိုသုံး၍ စုချန်း ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ဒုတိယပြသနာမှာကား အဆိုပါ သိပ်သည်းပြီးမူလစွမ်းအင်များအား အရည်ပုံစံမှ အခဲပုံစံအဖြစ် ပြင်းထန်သော ပြင်ဖဖိအားတခုကိုသုံးပြီး ပြောင်းလဲပစ်ရန် ဖြစ်သည်။ ထိုပြသနာ၏ အဖြေကိုတော့ မူလစွမ်းအင်ကျောင်းတော်၏ နည်းစနစ်က ဖြေရှင်းပေးလိုက်၏။

ကြာပန်းအုတ်မြစ်ဖန်တီးရာတွင်အသုံးပြုရမည့် ပြင်ပဖိအားအတွက် မူလစွမ်းအင်ကျောင်းတော်လောက် သင့်တော်မည့်အရာ လောကတွင် မရှိနိုင်တော့။

"လက်စသတ်တော့ ဒီလိုကိုး"

စုချန်း ရှင်းပြသည်ကို နားထောင်ရင်း ဒန်ဘာ ချက်ချင်းသဘောပေါက်သွားလေသည်။

"ဒီတော့ မင်းအနေနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ သွေးဗီဇမသုံးပဲ ဝင်နိုင်ဖို့ဆိုရင် မူလစွမ်းအင်ကျောင်းတော်ကို ဖြတ်သန်းဖို့ပဲ ရှိတော့တာပေါ့"

"အနည်းဆုံးတော့ ကျုပ်အတွက်ပေါ့ကွာ ကျုပ်ရဲ့ခြောက်ပစ်ကင်းနည်းစနစ်ကြောင့် ကျုပ်ကိုယ်ထဲက မူလစွမ်းအင်တွေက ဘယ်လိုလူများထက်မဆို များနေခဲ့ပြီ သာမာန်နည်းလမ်းနဲ့ ကျုပ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့မဖြစ်နိုင်တော့ဘူး မူလစွမ်းအင်ကျောင်းတော်ရဲ့ ပြင်းထန်လှတဲ့ မူလစွမ်းအင်ကပဲ ကျုပ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တော့မယ်"

"ဒီအတိုင်းဆိုရင် မင်းဖန်တီးတဲ့နည်းလမ်းက မပြည့်စုံသေးဘူးပေါ့ မင်းအနေနဲ့ လူတိုင်းကို မူလစွမ်းအင်ကျောင်းတော်ဆီ ခေါ်လာလို့ မရနိုင်ဘူးလေကွာ"

ဒန်ဘာ၏ စကားမှာ အကြွင်းမဲ့ မှန်ကန်နေ၏။ စုချန်း၏ နည်းလမ်းသည် လူတိုင်း အသုံးပြုနိုင်သည့့် နည်းလမ်း ဖြစ်မလာသေး။

စုချန်း ခေါင်းညိတ်လိုက်သည်။

"မင်း ပြောတာ မှန်တယ် ဒါပေမဲ့ ကျုပ် အလင်းတုန်ခါခြင်းနယ်ပယ်ထဲရောက်ရင် ဒီပြသနာကို ဖြေရှင်းလာနိုင်လိမ့်မယ် ဘာကြောင့်လဲဆိုတော့ အဲဒီကျရင် ကြာပန်းအုတ်မြစ်အကြောင်းကို ကျုပ် ပိုနားလည်လည်လာမှာမို့လို့ပဲ ကျုပ်ပြသနာကို အရင်င်ဆုံး ဖြေရှင်းပြီးမှ သူများပြသနာကို ကျုပ် ဂရုစိုက်နိုင်မှာပေါ့"

"ဒါ မင်းကိစ္စ ကျုပ်နဲ့မဆိုင်ဘူး"

စုချန်း ရယ်မောလိုက်၏။

"မင်း ပါးစပ်ကသာ ပြောနေတာ စိတ်ထဲမှာတော့ ကျုပ်ကို ကူညီချင်နေတယ်မလား"

"ကျုပ်မှာ ရွေးစရာကောရှိလို့လား"

"မင်း ကျုပ်ကို အမြင့်ရောက်အောင် ကူညီရင် ကျုပ်ကလဲ မင်းကို အမြင့်ရောက်အောင် ပြန်ကူညီမှာပေါ့ကွာ"

ထို့နောက် သူတို့နှစ်ယောက်သည် တယောက်က်ိုတယောက်က်ကြည့်ရင်း ဟားတိုက်ရယ်မောလိုက်ကြလေသည်။

____________××××____________×××_______________

စုချန်းအနေနှင့် မူလစွမ်းအင်ကျောင်းတော်အတွင်းဝင်ရောက်၍ နှစ်ခြင်းခံရန်မှာ ခိုးကြောင်းခိုးဝှက် စောင့်ကြည့်ခြင်းထက် များစွာ လွယ်ကူ၏။ သူ့အနေနှင့် လုပ်စရာဟူ၍ သတ်ဖြတ်သူတဦးအဖြစ် ပုံစံပြောင်းလဲထားရန်နှင့် ဒန်ဘာက သူ့အား ထောက်ခံပေးရန်သာ လိုအပ်ပေသည်။

သုံးရက်မြောက်နေ့တွင်တော့ စုချန်းတယောက် မူလစွမ်းအင်ကျောင်းတော်အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တံခါးပိတ်သွားသည်နှင့် သူ့ခေါင်းပေါ်မှ မြင်ဖူးနေကျ အလင်းတန်းကို စုချန်း နောက်တကြိမ် တွေ့မြင်လိုက်ရလေသည်။

ထိုအခါ စုချန်းသည် သတ္တုကန်အတွင်း ဝင်ထိုင်လိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့့်တန်းကာ မူလစွမ်းအင်များအား ခံယူရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် မူလစွမ်းအင်များသည် သူ့ကိုယ်တွင်းသို့ တလဟောစီးဝင်လာတော့၏။ တဆက်တည်းမှာပင် စုချန်းကိုယ်တွင်းမှ အားကောင်းသော မူလစွမ်းအင်များ ထွက်ပေါ်လာပြီး အပြင်မှတိုးဝင်လာသော စွမ်းအင်များအား ပြန်လည်ခုခံလိုက်တော့သည်။

အားလှိုင်းနှစ်ခု ဆုံတွေ့ချိန်ဝယ် မူလစွမ်းအင်ကျောင်းတော်တခုလုံး လင်းလင်းထိန်သွားလေသည်။

သို့သော် စုချန်းကား ၎င်းကို လုံးဝ ဂရုမပြုမိ။ အပြင်မှတိုးဝင်လာသော ဖိအားကိုသုံးပြီး သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များအား ပုံသွင်းနိုင်ရန်သာ အာရုံပြုနေလေသည်။ သိပ်မကြာမီ အားလှိုင်းများသည် ပုံစံပြောင်းလာပြီး အုတ်မြစ်သဏ္ဍာန် ထင်ဟပ်လာ၏။

ကြာပန်းအုတ်မြစ်ကား ပုံပေါ်စ ပြုလာခဲ့လေပြီ။

စုချန်း၏ လမ်းညွှန်မှုအောက်ဝယ် ကျောင်းတော်၏ မူလစွမ်းအင်များသည် တူကြီးသဖွယ်သဖွယ် ကြာပန်းအုတ်မြစ်အား ပုံဖော်ထုဆစ်လျက်ရှိ၏။

ကြာပန်းအုတ်မြစ်ဟူသည် တဦးနှင့်တဦး ပုံစံတူညီသော်လည်း အသေးစိတ်အချက်အလက်များတွင်တော့ ကွဲပြားနေတတ်၏။ အသုံးချပုံများစွာရှိသည့်အနက် ကြာပန်းအုတ်မြစ်၏ အရေးကြီးဆုံးအသုံးပြုသည်မှာ ၎င်းသည် မူလစွမ်းရည်များအား ပိုမိုစွမ်းရည်ထက်မြက်လာစေခြင်းပင်။

အလွန်တရာရှုပ်ထွေးသော မူလစွမ်းရည်တချို့သည် အသုံးပြုရာတွင် ခက်ခဲတတ်၏။ ထိုအခြေအနေမျိုးတွင် ၎င်းတို့အား အသုံးချရန် ကြာပန်းအုတ်မြစ်၏ အထောက်အပံ့ လိုအပ်တတ်ပေသည်။ ကြာပန်းအုတ်မြစ် သုံး၍ ဖော်ထုတ်လိုက်သော မူလစွမ်းရည်များသည် အသုံးပြုရာတွင် များစွာ လွယ်ကူသွား၏။ များစွာ အားကောင်းသွား၏။

အဆိုပါစွမ်းရည်မျိုးအား မွေးရာပါစွမ်းရည်များဟု တင်စားခေါ်ဝေါ်နိုင်ပေသည်။

ထိုအခါ မည်သည့့်စွမ်းရည်အား မွေးရာပါစွမ်းရည်အဖြစ် ရွေးချယ်မည်နည်းဟူသော အချက်မှာ များစွာ အရေးပါလာ၏။

စုချန်းက ထိုအချက်ကို ကြိုတင်ဆုံးဖြတ်ထားပြီး ဖြစ်သည်။

၎င်းမှာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းပေတည်း။

အနှီနည်းစနစ်သည် အခြားအာကင်နာနည်းစနစ်များထက် ရှုပ်ထွေး၏။ အသုံးချရန် ခက်ခဲ၏။ သို့သော် တိုက်ပွဲတွင် များစွာ အသုံးဝင်လှသည် မဟုတ်ပါလား။

***

All Chapters